မျက်နှာချင်းဆိုင်
Vol. 8 Ch. 108
၎င်းကိုကြားတော့ ကျောက်ချီနှင့် ကျိုးကောကျိတို့ ရှော့ခ်ရသွားခဲ့ကြသည်။
"မစ္စတာလင်းက ကျုပ်တို့ တက္ကသိုလ်က ကော်မတီ၀င်...."
"အမှန်ပဲ..."
နှစ်ယောက်သား အကြည့်ချင်းဖလှယ်မိလိုက်ကြပြီး သူတို့ မျက်လုံးထဲတွင်တော့ အံ့အားသင့်နေမှုများကတော့ အထင်းသားပင်။
"ဆရာလင်းက လုံရှင်း သုတေသနစင်တာကြီး တစ်ခုလုံးကို ၀ယ်နိုင်ပြီးတော့ ကျောင်းကိုလည်း ခုလို ပစ္စည်းတွေ အများကြီး လှူဒါန်းနိုင်တာတောင်မှ..ဘာလို့ ကျုပ်တို့ တက္ကသိုလ်မှာ ဆရာလာလုပ်လဲဆိုတာ မေးလို့ရမလားဗျ.."
"ဘာလို့လဲဆိုတော့ အိမ်မှာဆို ဘာမှ လုပ်စရာ မရှိလေ..ဒိတော့ တက္ကသိုလ်ဘ၀ အတွေ့အကြုံလေး ခံစားကြည့်ရင် ကောင်းမလားလို့ပါ..."
ကျိုးကောကျိ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်ပြီး "ဆရာလင်းရဲ့ အေခြနေတွေကတော့ ကျုပ်တို့ ယှဉ်လို့ကို မရပါဘူးဗျာ..."
ကျိုကောကျိ၏ စကားမှာနားထောင်ကောင်းသော်လည်း လင်းရီကို မသိမသာ လှောင်ပြောင်နေခြင်းပင်။
ဒီလောက်ချမ်းသာနေတာတောင်မှ တက္ကသိုလ်မှာ ဆရာလုပ်ပြီး အတွေ့ကြုံ ခံစားချင်လို့တဲ့....မလိမ်တတ်ရင်လည်း မလိမ်နဲ့လေကွာ...
ဒါမှမဟုတ်သူက ကလပ်က စော်လေးတွေကို ကစားရတာ ငြီးငွေ့သွားလို့ ကျောင်းသူလေးတွေကို ပြောင်းကစားနေချင်လို့လား...
အင်း..အဲ့တာကတော့ ဖြစ်နိုင်လောက်တယ်...
"ဆရာကျိုးကတော့ ယဉ်ကျေးလွန်းနေပါပြီ..ကျုပ်က အဲ့လောက်ထိ ဩဇာကြီးမားနေတဲ့ ကောင်လည်း မဟုတ်ဘူး..ဒီတိုင်း သာမန်လူပါပဲ..."
"ဝိုး...ကျုပ်ကတော့ ကိုယ်တိုင်သာမကြားရရင် ယုံမှာတောင် မဟုတ်ဘူးဗျို့..."
ကျောက်ချီ ပြုံးဖြီးရင်း ပြောလိုက်ပြီး "ဒီလိုလုပ်ပါလားဗျ..ဆရာလင်းက ဒီလို ပစ္စည်းတွေ လှူဒါန်းပြီးကျောင်းကိုလည်း အများကြီး အကျိုးပြုထားတယ်ဆိုတော့ ကျောင်းကော်မတီမှာပဲ ၀န်ထမ်း ဆက်လုပ်မနေနဲ့တော့ဗျာ..ကျုပ်ဆရာလင်းကို ဒုဥက္ကဌ ရာထူးပေးမယ်.."
အမှန်တော့ ဒုဥက္ကဌရာထူးမှယ တကယ်မရှိပေ။ ကျောင်းကို လုံလောက်အောင် အကျိုးပြုထားသည့်သို့မဟုတ် လုံလောက်သည့် ဩဇာအာဏာရှိသည့်သူများကို ဒီတိုင်း ပေးအပ်သည့် ရာထူးတစ်ခုဖြစ်သည်။လက်ဆုပ်လက်ကိုင်ပြစရာ အာဏာတစ်စုံတစ်ရာတော့မရှိပေ။
"ဥက္ကဌကျောက်ကတော့ ယဉ်ကျေးနေပြန်ပါပြီ..ကျုပ် ကော်မတီမှာ အလုပ်လုပ်ရတာလည်း အဆင်ပြေပါတယ်..ပြီးတော့ ကျုပ်က နိမ့်နိမ့်ချချပဲ နေချင်တာ..."
လင်းရီ ငြင်းပယ်လိုက်၏။
"ဆရာလင်းက နိမ့်နိမ့်ချချ နေချင်မှန်း နားလည်ပါတယ်..ဒါပေမယ့် ကျုပ်ဘက်ကတော့ ခင်များကို ဒုဥက္ကဌရာထူး ပေးကိုပေးမှ ဖြစ်မှာဗျ.."ကျောက်ချီ ပြောလိုက်ပြီး "စိတ်ချပါ ကျုပ်တို့ တိုးတိုးတိတ်တိတ်ပဲ ပေးမှာပါ..မနက်ဖြန်ကျ ဂုဏ်ပြုမှတ်တမ်းလွှာကို ဆရာလင်းဆီ ပို့ပေးလိုက်ပါ့မယ် ..အပေါ်ယံမှာတော့ ကော်မတီ ၀န်ထမ်းပေါ့ဗျာ.."ကျောက်ချီ ပြောလိုက်လေသည်။
လင်းရီမှာ လုံရှင်း သုတေသန စင်တာကို ၀ယ်နိုင်ရုံတင်မက ကျောင်းကိုလည်း ဓာတ်ခွဲခန်းသုံး ပစ္စည်းအမြောက်အများ လှူဒါန်းထားသေး၏။ လင်းရီတွင် တမူထားခြားသော နောက်ခံရှိမည်မှာ အသေအချာပင်။
သူ တွေ့ထားသည့် ရွှေတွင်းကြီးကို သေချာ ထိန်းသိမ်းထားရမည်။ ထွက်ပြေးခွင့် ပြုလိုက်မည်ဆိုပါက တက္ကသိုလ်အတွက် အကြီးအကျယ် ဆုံးရှုံးသွားနိုင်၏။
"ဥက္ကဌကျောက်က ပြောနေပြီဆိုမှတော့ ကျုပ်လည်း လေးစားသမှုနဲ့ လက်ခံလိုက်ပါ့မယ်ဗျ..."
"ကောင်းပြီ ကောင်းပြီ..အတည်ဖြစ်သွားပြီနော်..."
"ဒါပေါ့ဗျ..."
ခဏတာ စကားပြောပြီးနောက် လင်းရီ အချိန်မှာ မစောတော့ကြောင်း သတိထားမိသွားသည်။ ထို့ကြောင့် ကျောင်းသို့ ပြန်မနေတော့ပဲ အိမ်ပြန် အနားယူရန်သာ စီစဉ်လိုက်၏။
ယခုတွင်တော့ သူ၏ Didi ရှယ်ယာ ပိုင်ရှင်ဟူသော ရာထူးမှ လွဲ၍ သူ၏ လက်အောက်တွင် ပိုင်ဆိုင်မှု လေးခု ရှိနေပြီ ဖြစ်၏။
ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်း၊ပန်နီဆူလာဟိုတယ်၊ ၀မ်ကျင်းဆိပ်ကမ်းနှင်ဘ လုံရှင်း သုတေသန စင်တာ တို့ပင်။
လက်ရှိတွင်တော့ ပထမ နှစ်ခုမှာ အရှုံးအမြတ်အများကြီး မရှိသော်လည်း အနာဂတ်တွင် အကြီးအကျယ် တိုးတက်ရန်တော့ အခွင့်အရေး မရှိပေ။
ထို့ကြောင့် သူ ၀မ်ကျင်း ဆိပ်ကမ်းကို ပြုပြင်ရန်နှင့်
ချစ်ပ်သုတေသန နယ်ပယ်ကိုသာ ဖွံ့ဖြိုးတိုးတက်စေရန် အဓိက အာရုံစိုက်ထားသည်။
စနစ်၏ အကူအညီနှင့် ဆိုလျင်တောင်မှ လင်းရီ ဆက်လျှောက်ရန် အဝေးကြီး လိုနေသေး၏။
ကလင် ကလင် ကလင်
အပြန်လမ်းတွင် လင်းရီ၏ ဖုန်းမြည်လာပြီး ကျီချင်းရန်မှ ခေါ်လာခြင်းပင်။
"နင်မနက်ဖြန်အားလား..."ကျီချင်းရန် မေးလိုက်၏။
"ဘာလို့လဲ..ငါနဲ့အတူ အပြင်လျှောက်လည်ချင်လို့လား.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "စဉ်းစားပေးလို့ရတယ်နော်..."
"နင်က ချောလွန်းတော့ ဒီက အပြင်တောင် ခေါ်မထွက်ရဲတော့ဘူး..."ကျီချင်းရန် နောက်ပြောင်ကျီစယ်လိုက်ပြိး "မနက်ဖြန် ငါတို့ ကုမ္ပဏီက ညီလာခံစည်းဝေးပွဲ လုပ်မှာ ..နင်အားတယ်ဆိုရင် တစ်ချက် လာကြည့်ကြည့်လေ..."
ကျီချင်းရန်ပြောသည်ကို ကြားတော့ လင်းရီ အရင်တုန်းက ကိစ္စများကိုမှတ်မိသွားသည်။
သူမ ထိုညီလာခံအတွက် S ပုံစံ ထိုင်ထတောင် လုပ်လိုက်ရ၏။ယခု တွေးကြည့်ရုံနှင့်တင် သွေးများ ဆူပွက်လာပြန်သည်။
"အဲ့တာက မင်းတို့ ကုမ္ပဏီရဲ့ ညီလာခံလေ..ငါလာလို့ ကောင်းပါ့မလားဟ"
"လာတော့ကော ဘာဖြစ်လို့လဲ..ငါဖိတ်တဲ့သူတိုင်းက လာဖို့ အခွင့်ရေး ရှိပြီးသားပဲ..."
"ကောင်းပြီလေ..ဘော့စ်ကျီကတောင် ပြောနေမှတော့ ကျုပ်အချိန်မှီ ရောက်အောက် လာခဲ့ပေးမယ်..."
"မေ့မနေနဲ့ဦးနော် မနက်ဖြန် ညနေ သုံးနာရီ..လာမယ် ပြောပြီးမှ မလာလို့ မရဘူးနော်..."
"မပူနဲ့ ."လင်းရီ ပြောလိုက်ပြီး "ငါတို့ သိလာတာတောင် ဘယ်လောက်ကြာပြိလဲ..ငါ ဘယ်လိုလူစားမျိုးလဲဆိုတာ နားမလည်သေးဘူးလားဟ.. ငါက ကိုယ့်စကားကိုယ် တည်တယ်..."
"ကောင်းပြီ ကတိနော်..."
"အေးပါ..."
ဖုန်းချပြီးနောက် လင်းရီ ကျိုကျုံးဗီလာသို့ ဦးတည်သွားလိုက်၏။
သေချာစဉ်းစားကြည့်လိုက်တော့ သူမနက်ဖြန် ညီလာခံ အစည်းဝေးသို့ တက်ကို တက်ရောက်ရပေမည်။
ညီလာခံကြောင့်တော့ မဟုတ်ပေ။ သူ့တွင် ကျီချင်းရန်ကို ပြောစရာ တစ်ခုခု ရှိနေသောကြောင့်ပင်။
ရာလော့မှ ၀မ်ကျန်းဆိပ်ကမ်းအတွက် ပထမဒီဇိုင်း ပုံစံများ ရေးဆွဲပေးပြီး ဖြစ်၏။ အကောင်ထည်ဖော် ဆောက်လုပ်ရန်သာ ကျန်တော့သည်။
ထိုပရောဂျက်အတွက် ချောင်ရန် အုပ်စုမှာ အသင့်တော်ဆုံးဆိုတာ သံသယ ဖြစ်ရန် မလိုပေ။
ဖိတ်ချင်းဖိတ်တော့ ကိုယ့်အိတ်ထဲ ဖိတ်တာက ပိုကောင်းပေသည်။
ကျိုကျုံး အဆောက်အအုံသို့ရောက်သောအခါ လင်းရီ ဗီလာ နံပါတ်တစ်သို့ မသွားပဲ ဗီလာနံပါတ်နှစ်သို့ သွားလိုက်၏။
သူ့တွင် ဗီလာကိုးခုကြီးများတောင် ရှိနေသောကြောင့် တစ်နေရာတည်း၌ ဇောက်ချ နေရန် မလိုပေ။ ဗီလာတစ်ခု၌ လေးငါးရက် နေ၍ နောက်ဗီလာတစ်ခုသို့ ပြောင်းနေသည်က ပိုကောင်း၏။
ရေမိုးချိုးပြီးနောက် လင်းရီ ဖုန်းကိုင်၍ ဂိမ်းကိုဖွင့်လိုက်သည်။
ဂိမ်းထဲတွင် မက်ဆေ့ခ်ျများကတော့ တသီတသန်းကြီး ရောက်ရှိနေ၏။
အားလုံးကတော့ စကတ်တွန့်လေးဆီမှပင်။
စကတ်တွန့်လေး : နတ်ဘုရား ငါဒီနေ့ စိတ်အခြေနေ ကောင်းဘူး အသင်းဖွဲ့ပြီး ရိုက်ရအောင်
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ပုံမှန်ပဲလေ သားကြီး လူတိုင်းမှာ ကံဆိုးတဲ့နေ့ဆိုတာ ရှိတာပဲ မဟုတ်လား...
စကတ်တွန့်လေး : ငါနင့်ကို မရေတွက်နိုင်အောင် ပြောထားပြီးသားနော် ငါက မိန်းကလေးပါလို့...
ပြိုင်ဘက်ကင်း ကြက်တောင်ပဎ : ဘာပဲဖြစ်ဖြစ် အတူတူပဲ...
၎င်းကိုမြင်တော့ ရှောင်ထျန်ကြက်သေသေသွားပြီး "သူပြောချင်တာက အကျိုးသက်ရောက်မှု အတူတူပဲလို့ ပြောချင်တာလား.."
စကတ်တွန့်လေး : အခုအဲ့တာတွေ မပြောနဲ့တော့ ဂိမ်းဆော့ရအောင် ငါစိတ်အပမ်းဖြေဖို့ ကေးတွေ အများကြီး ရဖို့လိုတယ်..
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ငါမင်းကို ကယ်ရီပေးလို့ရတယ် တစ်ခုပဲ..လေမတိုက်နဲ့...
စကတ်တွန့်လေး : အိုကေပါ...နတ်ဘုရားရေ..မွမွ
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ဖီး ငါ့ကို အန်ချင်အောင် မလုပ်စမ်းနဲ့...
နာရီ၀က်ကြာပြီးနောက် သုံးပွဲ ဆော့လို့ ပြီးသွားခဲ့သည်။ လွယ်ကူခြင်း မရှိသော်လည်း သုံးပွဲဆက်တိုက် အနိုင်ရရှိခဲ့၏။
စကတ်တွန့်လေး : နတ်ဘုရားကတော့ အံ့ဩစရာပဲ..ငါ သုံးပွဲဆက် မနိုင်တာတောင် ကြာလှပြီ..
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ရိုးရိုးသားသားပြောရရင် မင်းကို ကယ်ရီပေးနိုင်မယ့် ပရိုပလေယာတွေ သိပ်မရှိဘူး..
စကတ်တွန့်လ : နတ်ဘုရားက ပင်ပန်းသွားပြီဆိုတော့ ငါ့ကို တစ်နပ်လောက်ကျွေးခွင့်ပြုပါလား..
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ကျွေးမယ်..ငါက ဂေးေျွ စိတ်၀င်စားတယ်များ မှတ်နေလား...
စကတ်တွန့်လေး : ဘာပဲဖြစ်ဖြစ် ငါ့ကို ဒိုင်းမွန်းထိ ရောက်အောင် တင်ပေးမှတော့ ကျေးဇူးတင်ဖို့ အခွင့်ရေးလေးတော့ ပေးသင့်တယ် ထင်တယ်...
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ငါက ဂေးတွေနဲ့ မတွေ့ဘူး...
စကတ်တွန့်လေး : ငါပ မိန်းကလေးပါဆိုနေ..မယုံရင် ငါ အသံမက်ဆေ့ခ်ျပို့လိုက်မယ် နားထောင်ကြည့်လိုက်..
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ထားလိုက်တော့ ခုခေတ်က လူတိုင်း အသံပြောင်းတတ်တယ်..ငါတော့ မယုံဘူး...
စကတ်တွန့်လေး : အိုင်းယား ငါက ယောက်ျားလေးဆိုတော့ကော ဘာဖြစ်လဲ ဒီတိုင်း ထမင်းတစ်နပ်ပဲမလား..ဘာဖြစ်သွားမှာကျလို့..ငါကိုက်စားမှာ ကြောက်လို့လား...
လင်းရီ မေးပွတ်၍ စာပြန်ပို့လိုက်သည်။
"ငါခုတလော အရမ်းအလုပ်များနေတယ် နောက်မှ ပြောကြတာပေါ့..."
စကတ်တွန့်လေး : နတ်ဘုရား မင်းရဲ့ ဝီချက်အိုင်ဒီက ဘာကြီးလဲ..ငါအပ်လိုက်မယ်..ခုလို ဂိမ်းထဲမှာ စာပို့ရတာ အဆင်မပြေဘူး...
လင်းရီ : ဘာညာကွိကွ..
စကတ်တွန့်လေး : အိုကေ အိုကေ ခုပဲ အပ်လိုက်မယ်နော်...
မကြာမီ လင်းရီ ဝီချက်မှ သူငယ်ချင်းတောင်းဆိုလွှာ လက်ခံရရှိလိုက်သည်။
တကယ်ကြီး မိန်းကလေးပင်။
သူမ၏ နာမည်ပြောင်ကိုတော့ စကတ်တွန့်လေးဟု သုံးထားပြီး ချစ်စရာဘဲပုံလေးနှင့်ဖြစ်၏။
သို့သော်လည်း သူမ ပို့စ်တင်ထားသည်ကိုတော့ မမြင်ရပေ။ လင်းရီကဲ့သို့ သူစိမ်းများ ကြည့်လို့မရအောင် ကာကွယ်ထားသည်။
စကတ်တွန့်လေး : နတ်ဘုရား ငါခု မိန်းကလေးဆိုတာ ယုံပြီမလား...
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ဝီချက်အကောင့်တစ်ခုတည်းနဲ့ မင်းက မိန်းကလေးဆိုတာကို ငါက ဘယ်လို ယုံပေးရမှာ..
လင်းရီ မကြာမီ ဝီချက်ထဲ၌ ဓာတ်ပုံတစ်ပုံကို လက်ခံ ရရှိလိုက်သည်။
မိန်းကလေး၏ အောက်ပိုင်းပုံပင်။ အောက်ပိုင်းဟုဆိုသော်လည်း ရင်ဘက်အောက်ပိုင်းမှပင်။ ထိုပေါင်မုန့်ကြီးများမှာ ကျီချင်းရန်ထက်ပင် ကြီးမားနေသေး၏။
စကတ်တွန့်လေး : ခုကော ယုံပြီလား..
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : အင်း ဒါပေမယ့် နည်းနည်းလေး ရင်းနှီးနေသလားလို့...