← Chapters

အခန်း (၁၀၉)

Vol. 8 Ch. 109

အခန်း (၁၀၉)

Vol. 8 Ch. 109

စကတ်တွန့်လေး : ကျွတ် အဲ့လိုတော့ ပြောကြတာပဲ..ဒါမှမဟုတ် နင်က အိုလွန်းလို့ ခု မြင်ဖူးတာများလား...

လင်းရီ မေးစေ့ ပွတ်၍ စဉ်းစားလိုက်သည်။

သူ ဤစကတ်တွန့်လေးဆိုသူနှင့် ဤစီကလီ ရိုက်နေခြင်း မဟုတ်...

သို့သော်လည်း အမှန်တကယ် ရင်းနှီး နေသည်ဟု ခံစားရခြင်းပင်။

သူ ဘယ်နေရာမှာ ဒါကြီးကို မြင်ဖူးနေပါလိမ့်..

စကတ်တွန့်လေး : နင်ခုတော့ ငါက မိန်းကလေးဆိုတာယုံပြီမလား...

ပြိုင်ဘက်ကင်း ကြက်တောင်ပံ : အဲ့တော့ ဘာလုပ်ပေးရမှာ..ငါက မိန်းကလေး မမြင်ဖူးတဲ့ကောင် ကျနေတာပဲ..နောက်မှ ဆက်ပြောကြစို့...

စကတ်တွန့်လေး : နတ်ဘုရား ရှင်က အပြင်ထွက်ပြီး ကျွန်မကို လာတွေ့ဖို့တောင် ရှက်တဲ့ အိုတာခုကြီးလား...

ပြိုင်ဘက်ကင်း ကြက်တောင်ပံ : မိန်းကလေးဆိုတာနဲ့ အပြင်မှာ တွေ့ရမယ်လို့ မင်းကို ဘယ်သူ သင်ပေးလိုက်တာ...ငါခုတလော မအားသေးဘူး

စကတ်တွန့်လေး : ဟီးဟီး အဲ့တာဆိုလည်း နောက်တစ်ရက်ပေါ့..နင်ငါ့ကို ပုန်းလို့ မရဘူး‌နော်..အားတာနဲ့ ဆုံကြမယ်

ပြိုင်ဘက်ကင်း ကြက်တောင်ပံ : အေးပါဟ..နောက်ထပ် လေးငါးရက်လောက်တော့ စောင့်လိုက်ဦး

လင်းရီ ဖုန်းချ၍ အိပ်ရာ ၀င်လိုက်၏။ နောက်တစ်နေ့ နံနက်တွင်တော့ သူခုနစ်နာရီ ကျော်မှ အိပ်ရာထပြီး အလုပ်သို့ သွားလိုက်၏။

ရုံးခန်းသို့ ရောက်သောအခါ မမြင်ဖူးသည့် သူ၏ လုပ်ဖော်ကိုင်ဖက် အသစ်များကို တွေ့လိုက်ရသည်။ သို့နှင့် သူချက်ချင်း ကိုယ့်ဘာကိုယ် မိတ်ဆက်လိုက်၏။

ထိုလူများမှာ သဘောကောင်းပြီး ပေါင်းသင်းရ လွယ်ကူသည့်ပုံပင်။

"စားပွဲပေါ်က မစ်အော်ရယ်လ်‌တွေ ဘယ်ရောက်ကုန်တာလဲဟ...အားလုံး ကုန်သွားပြီလား..."

"ဟင့်အင်း..အစ်မထျန် သူမနေ့က သောက်မကုန်လို့ သူ့ရုံးခန်းထဲ သယ်သွားတယ်..."စုန့်ကျား အပြုံးလေးဖြင့် ပြောလိုက်သည်။

"မဆိုးဘူး..မဆိုးဘူး..သူက ကတိတော့ တည်သားပဲ..."လင်းရီ ပြောလိုက်လေသည်။

"ဒါပေါ့ မဟုတ်ရင် ကျွန်မတို့က သူ့ကို ဘယ်လိုလုပ် ယုံကြည်ကြတော့မှာလဲ..."စုန့်ကျား ပြောလိုက်၏။

လင်းရီ ‌ရှောင်ထျန်ကို သဘောမကျသော်လည်း သူမ၏ ကိုယ်ကျင့်တရားကိုတော့ အသိမှတ်ပြုပေသည်။

မဟုတ်ပါက ဤမျှငယ်ရွယ်သော အရွယ်တွင် ကျောင်း၏ ဒါရိုက်တာ ဖြစ်လာလိမ့်မည် မဟုတ်ချေ။

ဂျလောက်..

ရုံးခန်း တံခါး ပွင့်လာပြီး လူတိုင်း၏ အာရုံမှာ တံခါးအသံကြောင့် အပေါက်၀သို့ ကြည့်မိလိုက်ကြသည်။

၀င်လာသည့်သူမှာ အသက်သုံးဆယ် ၀န်းကျင်လောက်ရှိပြီး ပိုလိုရှပ် အဖြူရောင်နှင့် ဂျင်းအင်္ကျီကို ၀တ်ဆင်ထားသည်။ သူ၏ အ၀တ်စားများမှာ ထရန်း မဖြစ်သော်လည်း သာမန်ရိုးရှင်းသည့် ဒီဇိုင်းမျိုးလည်း မဟုတ်ခဲ့ချေ။

"ဆရာဖူပါလား..ဒါပေမယ့် အစ်မထျန်က ခုဒီမှာ မရှိသေးဘူးနော်..."

စုန့်ကျား ပြောလိုက်သူမှာ လွန်ခဲ့သည့်လကမှ တွဲဖက်ပါမောက္ခအဖြစ် ရာထူးတိုးဖြင်း ခံလိုက်ရသော ဖူကျားကျွမ်းပင်။

ကော်မတီ ရုံးခန်းထဲရှိ လူတိုင်း ဖူကျားကျွမ်း၏ အခြေ‌နေကို သိကြသည်။

ထိုဖူကျားကျွမ်းမှာ ရှောင်ထျန်နောက် အ‌မြဲတစေ လိုက်ပိုးပန်းနေသူဖြစ်၏။ သို့သော်လည်း အချိန်မည်မျှကြာပြီမှန်း မသိသော်လည်း သူတို့နှစ်ယောက်ကြား ပတ်သက်မှုမှာ ဘာမျှ တိုးတက် မလာခဲ့ချေ။

ယခု အဘယ်ကြောင့် ရုံးခန်းသို့ အရေးတကြီးနှင့် ရောက်လာသည်ကိုလည်း မသိကြ။

"ငါက ဒါရိုက်တာထျန်ကို လာရှာတာမဟုတ်ဘူး.."ဖူကျားကျွင်း၏ အကြည့်များက လင်းရီထံ ကျရောက်သွားပြီး "ငါက အဲ့ကောင်ကို လာရှာတာ.."

"ကျုပ်ကို လာရှာတယ်..."

လင်းရီ အံ့အားသင့်သွားခဲ့သည်။

"ကျုပ်ကတော့ ခင်များကို မသိဘူး ထင်တယ်တယ်နော..."

"မသိဘူး..ဒါပေမယ့် မင်းကို မေးစရာ ရှိလို့.."ဖူကျားကျွင်း အေးစက်နေသည့် အမူအရာဖြင့် ပြောလိုက်၏။

"ဘာမေးမှာ..."

"တမြန်မနေ့တုန်းက ဒါရိုက်တာထျန်ရဲ့ ကားပေါ်ကို မစ်အော်ရယ်လ် နှစ်ဖာ တင်သွားတဲ့သူက မင်းမလား‌.."

လင်းရီ ကြက်‌ေ-သ‌ေ-သသွား၏။

'အဲ့တော့ ဘာဖြစ်လဲကွ..မင်းသောက်လုပ်လားဟျောင့်..'

"ဟုတ်တယ် ငါထားလိုက်တာ..ဘာလို့လဲ မင်းလည်း လိုချင်လို့လား..."

"ငါ့ကို လာမစားနဲ့.."ဖူကျားကျွင်း အသံမြင့်လိုက်ပြီး "မင်းရဲ့ အပြုအမူတွေက ဒါရိုက်တာထျန်ရဲ့ ပုံရိပ်ကို ဘယ်လောက်တောင် ထိခိုက်သွားစေလဲဆိုတာ နားလည်လားကွ..ခု လူအများကြီး သူ့ကို လှောင်ရယ်နေကြပြီ..အဲ့တာတွေ မင်းသိလားဟျောင့်..."

ဖူကျားကျွင်း ပြောရင်းပြောရင်း စိတ်ပိုတိုလာပြီး "ဒါရိုက်တာထျန်ကို ကျောင်းဖိုရမ်မှာ တောင်းပန်ပြီးတော့ မင်းရဲ့ အပြုအမူတွေကို ဆင်ခြင်ဖို့ အမိန့်ပေးနေတာ..မဟုတ်ရင်တော့ ဒီကိစ္စက ပြီးသွားမယ် မထင်နဲ့..."

"ဘာပြောလိုက်တယ်..ငါက တောင်းပန်ပေးရမယ်...ဟုတ်လား..."လင်းရီ ဖူကျားကျွင်းကို စိတ်မနှံ့သူတစ်ယောက်အား ကြည့်နေသည့်အကြည့်ဖြင့် "မင်းပြောတိုင်း ငါက လိုက်လုပ်ပေးရမှာလား..လူတွေဖျားရင် ဆေးသောက်သာ ပုံမှန်ပဲ မဟုတ်ဘူးလား..ငါက ဘာကိစ္စ တောင်းပန်ပေးရမှာလဲကွ..."

လင်းရီ ထိုငနဲ၏ IQကိုပင် သံသယ၀င်လာသည်။ ဘယ်လိုလုပ်ပြီး ဒီလိုကောင်က ကျောင်းဆရာ ဖြစ်လာပါလိမ့်...

နောက်တံခါးပေါက်ကနေများ ၀င်ခဲ့တာလား မသိဘူး...

"ဟီးဟီး....."

ဖူကျားကျွင်း အေးစက်စွာ ရယ်မောလိုက်ပြီး "လင်းရီ ငါမင်းကို တောင်းပန်ဖို့ အမိန့်ပေးနေတာနော် မဟုတ်ရင်တော့ မင်းဒီမှာ နေရမလား မနေရဘူးလားဆိုတာ ငါဆုံးဖြတ်ပေးရလိမ့်မယ်..."

"အိုး...အလာကြီးပါလားကွ...မင်းက စိတ်တိုင်းကျ ငါ့ကို အလုပ်ဖြုတ်လို့ရတယ်ပေါ့......"

"မစ္စတာလင်း..စကားအများကြီး မပြောမိစေနဲ့..."

စုန့်ကျား လင်းရီကို ဆွဲလိုက်ပြီး "မစ္စတာဖူရဲ့ ဦးလေးက လီတဲ့ထျန်... ရှင်တော့ သိမှာ မဟုတ်ဘူး သူက ကျောင်းမှာ အာဏာအများကြီးရှိတယ်...."

ရှစ်လိလည်း လျှောက်လာပြီး လင်းရီကို တီးတိုးပြောလိုက်သည်။

"ဒါရိုက်တာထျန်ကို စိတ်၀င်စားတဲ့ ဆရာတွေအကုန်လုံးလည်း ဖူကျားကျွင်း လက်ချက်နဲ့ အလုပ်ပြုတ်ကုန်တာပဲ..."

လင်းရီ ပြောစရာ စကားကင်းမဲ့သွား၏။

"ဒီကောင်က ဘာမှားနေတာလဲဟ...ဟိုကဖြင့် သွေးတောင်ဆုံးတော့မယ်..ဒီကောင်က လိုက်နေတုန်းတဲ့လား...ဘာအတွက်လဲ..အချိန်ကုန်သက်သာအောင်လို့လား...."

ဖူး....

စုန့်ကျား မနေနိုင်ဘဲ အကျယ်ကြီး အော်ရယ်မိလိုက်သည်။

ဘာလို့ လင်းရီပြောနေတာကလည်း ဟုတ်သလိုလို ရှိနေရတာလဲဟ...

ထိုအချိန်တွင် ရုံးခန်း တံခါး ပွင့်လာပြီး ရှောင်ထျန်သူမ၏ လက်ဆွဲအိတ်ကိုင်ကာ ရုံးခန်းထဲသို့ လျှောက်လာခဲ့၏။

"ဆရာဖူ...ရှင်က ဒီဘာလာလုပ်တာလဲ..."

ရှောင်ထျန် မျက်နှာ မည်းမှောင်သွားသည်။ သူမ ဖူကျားကျွင်းကို ဒီမှာ တွေ့ရလိမ့်မည်လို့ ထင်မထားခဲ့ချေ။

စုန့်ကျား လျှောက်သွားလိုက်ပြီး ရှောင်ထျန်နားသို့ ကပ်၍ ဖြစ်ပျက်နေသည်များကို ပြောပြလိုက်သည်။

"ဆရာဖူ..ကျွန်မကပဲ လင်းရီကို မစ်အော်ရယ်လ် ၀ယ်ခဲ့ပေးဖို့ ပြောခဲ့တာ..ဒီတော့ ဆရာဖူက ဒီကိစ္စကို အကျယ်ချဲ့‌မနေဘူးလို့ မျှော်လင့်တယ်...."ရှောင်ထျန် ပြောလိုက်ပြီး "ဒီကိစ္စက ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ..."

သူမလင်းရီကို မည်မျှ သဘောမကျစေကာမူ ဖူကျားကျွင်း အတွက်ကတော့ သူမ၏ အမုန်းများမှာ လစ်မစ်ရောက်နေလေချေပြီ။

သူမကို နေ့တိုင်း လိုက်ကပ်နေသည်မှာ စိတ်ရှုပ်ဖို့ကောင်းလှ၏။

အကယ်၍ သူ၏ ဦးလေးသာ ကျောင်းတွင် အာဏာ အတန်အသင့် ရှိသူမဟုတ်ပါက သူမ အစောကြီးကတည်းကပင် ထိုငနဲကို ကန်ထုတ်ပြီး ဖြစ်၏။

"ဒါရိုက်တာထျန် အဲ့သိုးမည်းကို ကာကွယ်ပေးမနေနဲ့..."

ဖူကျားကျွင်းလင်းရီကို ကြည့်လိုက်ပြီး "ကျုပ်ကပဲ ဒါရိုက်တာထျန်ကိုယ်စား ဖြေရှင်းပေးမယ်...မင်း....ဒါရိုက်တာထျန်ကို တောင်းပန်ရင် တောင်းပန်..မဟုတ်ရင် ဒီမှာ ဆက်လုပ်ခွင့်ရဖို့ မျှော်လင့်မနေနဲ့တော့..."

အကယ်၍ ရှောင်ထျန်သာ ဤသို့ပြောလိုက်မည်ဆိုပါက ဖူကျားကျွင်း ဒေါသထွက် လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူမ ပြောလိုက်သည့် စကားလုံးများက သူမနှင့် လင်းရီကြားတွင် ပတ်သက် ဆက်နွယ်မှု တချို့ ရှိနေသည်မှာ သေချာလေသည်။

ထို့ကြောင့် သူ လင်းရီကို ကန်ထုတ်ပစ်ရမည်။

သူမည်မျှ အာဏာကြီးမားလဲဆိုတာ ထိုအကောင် နားလည်သွားအောင် လုပ်ပြရမည်။

"အဲ့လိုလား...စောင့်ကြည့်ကြတာပေါ့..."လင်းရီပြောလိုက်၏။

ဖူကျားကျွင်း နှာခေါင်းရှုံ့၍ တံခါးကို ဒုန်းကနဲမြည်အောင် ဆွဲပိတ်သွားခဲ့သည်။

ထိုအချိန်တွင်တော့ ရုံးခန်းထဲရှိ လေထုမှာ တိတ်ဆိတ်သွားပြီး စုန့်ကျားနှင့် ကျန်သူများ လင်းရီထံသို့ ဝိုင်းရံလာကာ"ဒါရိုက်တာထျန် ကျွန်တော်တို့ ခု ဘယ်လို လုပ်ကြမလဲ..ဖူကျားကျွင်းက သူ့ဦးလေးရဲ့ အဆက်အသွယ်နဲ့ဆိုရင် လင်းရီကို ခက်ခဲအောင်လုပ်ဖို့က အသာလေးပဲနော်..."

လီရှင်းပန်း ပြောလိုက်လေသည်။

ရှောင်ထျန်လည်း နှုတ်ဆိတ်နေပြီး သူမ ဖြေရှင်းချက်တစ်ခုကို စဉ်းစားနေ၏။ သို့သော်လည်း အသုံးမ၀င်ပေ။

"‌အိုကေ ထားလိုက်တော့ ..အဲ့ ကျပ်မပြည့်တဲ့ကောင်ကို အာရုံထားမနေနဲ့..သူက ဥပဒေမဲ့ ပြုမူလို့ရတယ်ဆိုတာတော့ ကျုပ်မယုံဘူး..."လင်းရီ ဘာမျှ မဟုတ်သကဲ့သို့ ပြောလိုက်၏။

"ဒါပေမယ့်..."

"ဒါပေမယ့် ဆိုတာ မရှိဘူး...အေးဆေးလွှတ်ထားလိုက်..."

ကလင် ကလင်...

နှစ်ယောက်သား ဖုန်းပြောနေတုန်း ရုံးခန်း ရှိဖုန်းသံမြည်လာခဲ့၏။

"ဟမ်..ဥက္ကဌလီရဲ့ အတွင်းလိုင်းဖုန်း နံပါတ်ကြီးဟ..."

"မဖြစ်နိုင်တာ...ဖူကျားကျွင်း အကွက်ရွေ့တာ အဲ့လောက်မြန်လားဟ...."

ရှစ်လိ ပြောလိုက်လေသည်။

"သူ ငါတို့ကို အနိုင်ကျင့် လွန်းသွားပြီ မဟုတ်လား.."လီရှင်းပန်း တုန်လှုပ်ခြောက်ခြားစွာဖြင့် မေးလိုက်၏။

"ဖြေလိုက် သူဘာပြောမလဲဆိုတာ နားထောင်ကြည့်ရအောင်..."လင်းရီ ထူးမခြားနားစွာပြောဆိုလိုက်၏။

သူမှာ ကျောင်း၏ ဂုဏ်သရေရှိ ဒုကျောင်းအုပ်ကြီးပင်။ အကယ်၍ သူသာ ထွက်သွားမည်ဆိုပါက ကျောက်ချီကပင် သူ့ကို ခယ၍ လာခေါ်ရပေဦးမည်။

မည်သည်ကို ကြောက်ရွံ့ရမည်နည်း။

စုန့်ကျား ကူကယ်ရာမဲ့စွာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်၏။ သို့သော်လည်း သူမ ဘာမျှ မပြောရသေးခင် တစ်ဖက်မှ အသံဩဩကြီး ထွက်ပေါ်လာပြီး "လင်းရီကို ငါ့ရုံးခန်းထဲ လွှတ်လိုက်..."

All Chapters