← Chapters

ငါနင့်ကို သရက်သီးအရသာ နှုတ်ခမ်းနီ ကို မြည်းခိုင်းဦးမယ်..

Vol. 8 Ch. 111

ငါနင့်ကို သရက်သီးအရသာ နှုတ်ခမ်းနီ ကို မြည်းခိုင်းဦးမယ်..

Vol. 8 Ch. 111

အချိန်အကြာကြီး စဉ်းစားပြီးသည့်တိုင်အောင် သူတို့ အခြေနေကို ဖြေရှင်းနိုင်မည့် အကြံကောင်းက ထွက်မလာခဲ့ချေ။

"ဒီမှာပဲ ထိုင်ပြီး သောက မနေကြနဲ့..အစ်မထျန်ကို သွားရှာကြရအောင်.."စုန့်ကျားမှ ပြောလိုက်၏။

"အင်း သွားစို့..."

နှစ်ယောက်သား ရှောင်ထျန် ရုံးခန်းထဲသို့ ဦးတည် လိုက်ကြသည်။

ရှောင်ထျန်၏ ရုံးခန်းထဲတွင်တော့ မစ်အော်ရယ်လ် ပုလင်းအလွတ် နှစ်လုံး ရှိနေပြီး တစ်ချိန်တည်းတွင် သူမ အချိန်ဖြုန်းရန် ဂိမ်းထိုင်ဆော့နေလေ၏။

၁-၈-၁ KDAဖြင့် ရှောင်ထျန်မှာ အနိမ့်ဆုံးဖြစ်နေတော့သည်။

"ဟဲ့ နင်တို့ ရုံးခန်းထဲလာရင် တံခါးမခေါက်တတ်ဘူးလား.. ဒီမှာ လန့်‌ေ-သတော့မယ်..."ရှောင်ထျန် ပြောလိုက်၏။

စုန့်ကျားတို့ နှစ်ယောက်လုံးမှာ ရှောင်ထျန် ဂိမ်းစွဲနေမှန်း သိနေသောကြောင့် အထူးအဆန်းကြီးတော့ ဖြစ်မသွားခဲ့ကြ။

"အစ်မထျန် ဂိမ်းကြီးပဲဆော့မနေနဲ့ဦး ..လင်းရီကဖြင့် ထွက်သွားတာဖြင့် ကြာလှပြီ ..ခုထိ ပြန်မလာသေးဘူး...သူ့ကို သွားပြီး ကူပြောပေးပါလား..."

"ငါလည်း ခုလေးတင် စဉ်းစားနေတာ..."ရှောင်ထျန် ပြောလိုက်ပြီး "သူ့အတွက် ပြောပေးလို့လည်း ဘာမှ မထူးဘူးဆိုတော့..ခု လင်းရီ လာတာကို စောင့်ပြီးတော့မှာ ဘယ်လိုတွေ ဖြစ်သွားလည်း ကြည့်ရမှာပဲ..နောက်မှ ဥက္ကဌကျောက်ကို သွားရှာပြီးတော့ လင်းရီရဲ့ အပြုအမူကို အကျိုးသင့် အကြောင်းသင့် သွားရှင်းပြကြတာပေါ့..."

"အယ်..ဥက္ကဌကျောက် ပါလားဗျ..."

သူမတို့ သုံးယောက် စကားပြောနေတုန်း လီရှင်းပန်း ၏ အသံမှာ အပြင်ဘက်မှ ထွက်လာခဲ့၏။

ရှောင်ထျန် ကြက်သေသေသွား၏။ သူမတို့ကျောင်းတွက် မျိုးရိုးနာမည်ကျောက်နှင့်လူမှာ ဥက္ကဌကျောက် တစ်ဦးတည်းသာ ရှိသည်။

သာမန် ဆိုလျင် ဥက္ကဌကျောက်မှာ အလုပ်များသည့် ဘူဖြစ်သောကြောင့် အစည်းအဝေး များမှ လွဲ၍ သူ့ကို မြင်ရခဲလှ၏။

ဒီနေ့ကျမှ ကော်မတီ ရုံးခန်းကို ဘာလာလုပ်ပါလိမ့်...

ရှောင်ထျန် ဖုန်းချပြီး ‌စုန့်ကျားတို့နှင့်အတူ အပြင်သို့ ထွက်လာခဲ့လိုက်၏။

သူမတို့ သုံးယောက်လုံး ထွက်လာကြသောအခါ လင်းရီကို ဥက္ကဌကျောက် နှင့်အတူ တွေ့လိုက်ရ၏။

လင်းရီက လီတဲ့ထျန်ရဲ့ ရုံးခန်းကိုသွားတာမဟုတ်ဘူးလားဟ...ဘာလို့ ဥက္ကဌကျောက်နဲ့ အတူ ရှိနေတာလဲ...

"ဘာတွေ စိုးရိမ်နေတာလဲ..ငါလမ်းလျှောက်ထွက်ရင်းလင်းရီနဲ့ ဆုံလို့ သူနဲ့အတူ လျှောက်ပတ်ကြည့်နေတာ..."ကျောက်ချီ အပြုံးလေးဖြင့် ပြောလိုက်၏။

ထိုအခါမှ ရှောင်ထျန် သက်ပြင်းချနိုင်လိုက်သည်။သူမထင်နေသည်မှာ သူမတို့ ကော်မတီ၌ တစ်ခုခု ဖြစ်တော့မည်လားဟုပင်။

"ဒါပေါ့ ကြိုဆိုပါတယ်ရှင့် ဥက္ကဌကျောက် စိတ်တိုင်းကျ လျှောက်ကြည့်လို့ရပါတယ်..."

ရှောင်ထျန် ယဉ်ကျေးစွာ ပြောလိုက်လေသည်။

ကျောက်ချီ လက်ဝှေ့ရမ်း လိုက်ပြီး "ငါဒီလာတာကတော့ မင်းတို့ကို ပြောစရာ ရှိလို့ပဲ..."

ရှောင်ထျန်နှင့် ကျန်သူများ မူလနေရာတွင် ရိုသေလေးစားသည့် အပြုအမူဖြင့် ကျောက်ချီ ပြောမည့် စကားကို နားထောင် နေကြသည်။

"ငါ လီတဲ့ထျန်နဲ့ ဖူကျားကျွင်းတို့ နှစ်ယောက်လုံးကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ...အဲ့တာမင်းတို့ ကျောင်းက တခြားသူတွေပါ သိအောင် ကြေညာလိုက်ကြ..."

"ဗျာ/ရှင်....."

"လီတဲ့ထျန်နဲ့ ဖူကျားကျွင်းတို့က ရာထူးပြုတ်သွားပြီ..."

၎င်းကိုကြားတော့ လူတိုင်း ပါးစပ်အဟောင်းစားဖြစ်သွားကြသည်။

"အမှန်ပဲ သူတို့က ရာထူး သက်တမ်း တစ်လျှောက်လုံးမှာ အာဏာအလွဲသုံးစား လုပ်မှုတွေ အကျင့်ပျက်ခြစားမှုတွေ ပြီးတော့ အကယ်ဒမီရဲ့ မျက်နှာပျက်စရာ တွေ အများကြီး လုပ်ခဲ့ကြတာ ...အဲ့လို သိုးမည်းတွေကို ငါတို့ တက္ကသိုလ်မှာ ဆက်ထားလို့ မရတော့ဘူး..."

ရှောင်ထျန်ကတော့ ရှုပ်ထွေးသွားပြီး စဉ်းတောင် မစဉ်းစားတတ်တော့ချေ။

လင်းရီက အလုပ်ထုတ်ခံရမှာ မဟုတ်ဘူးလား..ဘာလို့ လီတဲ့ထျန်တို့ တူ၀ရီးတွေက အလုပ်ဖြုတ်ခံလိုက်ရတာလဲ...

လင်းရီ က ဘယ်လိုတွေ လုပ်လိုက်လို့များလဲဟ...

"ဟုတ်ကဲ့ပါဗျ..ကျုပ်အခုပဲ ကြေညာဖို့ လုပ်ထားလိုက်ပါ့မယ်..."

"ပြီးတော့ လင်းရီရဲ့ ပါရမီကလည်း မဆိုးဘူး..မင်းတို့ ကော်မတီရုံးခန်းမှာ ဒီလို အရည်အချင်းရှိတဲ့သူ ရှိနေတာက ဖြုန်းတီးရာကျတယ်......"

ရှောင်ထျန် နှလုံးခုန် မြန်သွားပြီး "ဘာကို ဆိုလိုချင်တာလဲရှင့်..."

"ငါ ဒုကျောင်းအုပ်ရာထူးကို လင်းရီဆီ လွှဲထားခဲ့လိုက်မယ်...မင်းတို့နှစ်ယောက်က တစ်ရုံးခန်းထဲမှာပဲ အတူအလုပ်လုပ် ရမယ်...အဲ့တာဆို နောက်ကျရင် အတူတူတွဲလုပ်ဖို့ ရာ အဆင်ပြေသွားပြီ...."

"လင်းရီက ဒုကျောင်းအုပ် ဖြစ်လာမယ်..."

ရှောင်ထျန်နှင့် ရုံခန်းထဲရှိကျန်သူများ အားလုံး သူမတို့ နားကိုပင် မယုံကြည်နိုင်ကြတော့ချေ။

သူက ရောက်တာတောင် နှစ်ရက် သုံးရက်ပဲ ရှိ‌သေးတယ်လေ...ဒုကျောင်းအုပ်ကြီးတောင် ဖြစ်သွားပြီတဲ့လား....

အောင်မလေး ဘုရားရေ....

ပထမကျတော့ လီတဲ့ထျန်နဲ့ ဖူကျားကျွင်းကို အလုပ်ထုတ်လိုက်တယ်..ခုကျတော့ လင်းရီကို ဒုကျောင်းအုပ်အဖြစ် ရာထူးတိုးပေးလိုက်ပြီ...

သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဟ...

"အမှန်ပဲ.."ကျောက်ချီ ပြောလိုက်ပြီး "သွားပြီး ကြေညာလိုက်တော့..."

"နားလည်ပါပြီ နားလည်ပါပြီ..."

ပြောစရာရှိတာ ပြောပြီးနောက် ကျောက်ချီ လက်နောက်ပစ်၍ ရုံးခန်းထဲမှ ထွက်လာခဲ့၏။ သူ၏နောက်တွင်တော့ ရှောင်ထျန်တို့မှာ ရှုပ်ထွေးနေသည့်အမူအရာများဖြင့် ကျန်ရစ်နေခဲ့၏။

"လင်းလေး..ဘာတွေ အတိအကျ ဖြစ်ခဲ့တာလဲဟ..ဒါနဲ့ အလုပ်ထုတ်ခံရမယ့် သူက မင်းမဟုတ်ဘူးလား...ဘယ်လိုလုပ်ပြီး ဟိုတူ၀ရီးတွေ ဖြစ်သွားတာလဲ..."လီရှင်းပန်း သိချင်စိတ် ပြင်းပြစွာဖြင့် မေးခွန်း ထုတ်လိုက်၏။

"အစ်ကိုလီ ခင်များ လေသံနားထောင်ရတာလည်း ကျုပ်ကို တော်တော်လေး မောင်းထုတ်ချင်နေတဲ့ ပုံပဲ..."

"အဲ့လို မရည်ရွယ်ပါဘူးကွာ..ငါက ဒီတိုင်း သိချင်စိတ် ပြင်းပြသွားလို့ပါဟ..."

"ဘာမှ ထွေထူးကြီးတော့ မဟုတ်ပါဘူး...ဥက္ကဌကျောက်က အားလုံးကို မြင်လိုက်တော့ ကျုပ်နာမည်ဆိုးကြီးကိုဖြေရှင်းပေးလိုက်တယ်..ဒါလေးပဲ..."

"အဲ့လိုကိုးကွ...ဟားဟား...."လီရှင်းပန်း ရယ်မောလိုက်ပြီး "အဲ့တာဆို မင်းကို မနက်ဖြန်ကစပြီး ဒုကျောင်းအုပ်လင်းလို့ ခေါ်ရတော့မှာပေါ့..."

"အစ်ကိုလီကတော့ နောက်နေပြန်ပါပြီ..ကျုပ်က တခြားသူတွေလိုမျိုး နာမည်ကို မက်မောနေတဲ့ သူလည်း မဟုတ်ဘူး ...ကျုပ်ကို ဆရာလင်းလို့ခေါ်လည်း ရပါတယ်ဗျ ...."

ရှောင်ထျန် မျက်နှာ မည်းမှောင်သွား၏။ သူက ဘာကို ပြောချင်နေတာ...

ငါ့ကို နာမည် မက်မောတယ်ဆိုပြီးတော့ ပြောချင်နေတာလား...

သို့သော်လည်း ရှောင်ထျန် စိတ်ထဲ၌သာ သိမ်းထားလိုက်ပြီး အပြင်သို့ ထုတ်မပြောလိုက်ချေ။

‌နေပါဦး ဒါနဲ့ သူက ငါနဲ့ တစ်ရုံးခန်းထဲ နေတော့မှာဆိုတော့ ငါက ဘယ်လို ဂိမ်းခိုးဆော့ရတော့မှာလဲ...‌ေ-သစမ်းဟ...

လင်းရီ ကျိုကျုံးဗီလာသို့ ပြန်ရောက်လာသောအခါ မွန်းလွဲနေ့လည်ခင်း ဖြစ်နေပြီဖြစ်သည်။ အသစ်၀ယ်ထားသော Koenigsegg ကိုထုတ်၍ မောင်းလိုက်ပြီး ကျီချင်းရန်၏ ညီလာခံ လုပ်မည့် ဟိုတယ်သို့ သွားရန် ပြင်လိုက်သည်။

သူမ၏ ညီလာခံ အစည်းဝေးကို ရှာရီဖြင့် တက်ရောက်မည်ဆိုပါက အမြင်မတင့်တယ်ပေ။ ကားလဲပြီးနောက် လင်းရီ ပန်နီဆူလာဟိုတယ်သို့ သွား၍ နေ့လည်စာ စားလိုက်ပြီး တစ်ရေးတစ်မောအိပ်ရင်း သွားရမည့် အချိန်ရောက်အောင် စောင့်နေလိုက်၏။

ထိုအချိန်တွင်တော့ ၀မ်ထျန်းလုံမှ ဟိုတယ်ရှိ ၀န်ထမ်းအားလုံးကို ခေါ်၍ လေးနက်သည့်အမူအရာဖြင့် တစ်စုံတစ်ခုကို ပြောပြနေလေသည်။

"ဆရာ ကျုပ်တော့ နားမလည်သေးဘူးဗျ ဘာတွေ ပြောနေတာလဲ..."

"ငိုးပဲ ငါမင်းကို ဘယ်နှစ်ခါ ပြောပြီးပြီလဲ ချောင်ရန် အုပ်စုရဲ့ ဥက္ကဌကျီက ဘော့စ်ရဲ့ ကောင်မလေး..ဒီတော့ လူတိုင်း ဘော့စ်ကို မြင်ရင် မသိချင်ယောင်ဆောင်နေလို့ ပြောတာ...တကယ်လို့ မင်းသာ ဘော့စ်ရဲ့ အစီအစဉ်ကို နှောင့်ယှက်မိလို့ကတော့ အထုပ်ဆွဲပြီး လစ်ဖို့သာ ပြင်ထား..."

"နားလည်ပါပြီဗျ..."

ထို့နောက် ဟိုတယ်၀န်ထမ်းများ တစ်ယောက်ပြီးတစ်ယောက် အစည်းအဝေး ခန်းထဲမှ ထွက်သွားခဲ့ကြသည်။

သူတို့ ယနေ့ အဓိက ဦးစားပေးကတော့ ဘော့စ်မိန်းကလေးများ ပိုးပန်းသည်ကို မနှောင့်ယှက်မိစေရန်ပင်။ ကျန်သည့်အရာများကတော့ ဒုတိယ ဦးစားပေးပင်။

ကလင် ကလင် ကလင်

နှစ်ခြိုက်စွာ အိပ်ပျော်နေသော လင်းရီမှာ ဖုန်းမြည်သံ ကြားတော့ လန့်နိးလာပြီး ကိုင်ကြည့်လိုက်သောအခါ ကျီချင်းရန်မှ ခေါ်လာခဲ့ခြင်းဖြစ်၏။

"ဘာကိစ္စလဲ.."လင်းရီ အိပ်ချင်မှူးတူးဖြင့် မေးလိုက်၏။

"ဘာလို့ ခုထိ အိပ်နေတာလဲဟဲ့...ညီလာခံက ဆယ်မိနစ်ဆိုရင် စတော့မှာ..."ကျီချင်းရန်၏ စိတ်တိုနေသော အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာခဲ့၏။

"မပူနဲ့ ငါလမ်းမှာ ရောက်နေပြီ..."

"ငါက ပြောပြတာ..ဂရုစိုက်ပြီးလည်း မောင်းခဲ့ဦး..နောက်တော့ မကျစေနဲ့ပေါ့..."

"နောက်မကျစေရဘူး..နှစ်မိနစ်နေရင် ရောက်ပြီ..."

လင်းရီ ထိုသို့ ပြောရင်း သူ၏ ၀တ်စုံကို ကောက်၀တ်ကာ ‌ဓာတ်လှေကားဆီသို့ ဦးတည်လာခဲ့၏။

"ဟွန့် နင်ကတော့ လျှောက်ပြောဖို့ပဲ သိတယ်..ကိုယ့်ကိုယ်ကို စူပါမန်းများ မှတ်နေလား...ဒီကို ဘယ်လိုလုပ် နှစ်မိနစ်ထဲနဲ့ ရောက်နိုင်မှာလဲ..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။

"ကျိုကျုံးဗီလာနဲ့ ပန်နီဆူလာ ဟိုတယ်က နှစ်ဆယ် ကီလိုမီတာ လောက် ဝေးတယ်..တကယ်လို့ နင်က စူပါမန်းဆိုရင်တောင်မှ နှစ်မိနစ်ထဲနဲ့ ဒီရောက်ဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ဘူး..."

"တကယ်လို့ ငါရောက်လာခဲ့ရင်ကော..."

"ကျွတ်..နင်သာ တကယ်ကြီး ရောက်လာခဲ့ရင် ငါ့ရဲ့ သရက်သီးအရသာ နှုတ်ခမ်းနီကို နင့်မြည်းခိုင်းမယ်လေ..."ကျီချင်းရန်မှ ကစားချင်နေသည့် လေသံဖြင့် ပြောလိုက်၏။

လင်းရီမှာ သူ၏ စောက်ကျိုးနည်း ကံကြီးကြောင့် သူမကို အခွင့်ရေး ယူခဲ့သည်မှာ များလှပြီ..

သို့သော်လည်း လင်းရီ သာ ယနေ့ နှစ်မိနစ်တည်းဖြင့် ဤနေရာသို့ ရောက်လာမည်ဆိုပါက အိုင်းစက်နယူတန်ပင် ‌ေ-သရာမှ ရှင်လာပေလိမ့်မည်။

"လှည့်ကြည့်လိုက်ဦး "လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

All Chapters