အခန်း (၁၁၃)
Vol. 8 Ch. 113
ညီလာခံ အစည်းအဝေးမှာ သိပ်မကြာလိုက်ပဲ မကြာမီ ပြီးဆုံးသွားခဲ့၏။
သတင်းထောက်အချို့နှင့် ကော့တေးပါတီပွဲ တက်ရန် စောင့်နေသူများမှ လွဲ၍ အသီးသီး ပြန်သွားကြချေပြီ။
လင်းရီ ပတ်ပတ်လည်ကို တစ်ချက် ဝေ့ကြည့်လိုက်သောအခါ ကျီချင်းရန်မှာ သူနှင့်အတူ ၀ယ်လာခဲ့သော ပွဲတက်၀တ်စုံကို လဲထားကြောင်း တွေ့လိုက်ရ၏။
အနက်ရောင် ပွဲတက်၀တ်စုံနှင့် သူမမှာ လှပ ကျော့ရှင်းနေပြီး ကျက်သရေရှိလှ၏။ သူမ၏ လှပမှုကို ညွှန်းဆိုမည် ဆိုပါက ကဗျာဆရာတို့ပင် တင်စားစရာ စကားလုံး ရှာမရ ဖြစ်သွားပေလိမ့်မည်။
တစ်ချိန်တည်းတွင် မြောက်များစွာသော စီးပွားရေး သမားများလည်း ရောက်ရှိနေကြ၏။ ထိုအချင်းအရာက ချောင်ရန်အုပ်စုကို အသိအမှတ်ပြုသည့် သင်သင်္ကေတပင်။ မဟုတ်ပါက ထိုမျှ များပြားသည့် လူများ တက်ရောက်လာလိမ့်မည် မဟုတ်။
မနီးမဝေးရှိ ကျီချင်းရန်မှာ လင်းရီ သူမအား ကြည့်နေသည်ကို မြင်တော့ စနောက်သည့် အထာဖြင့် မျက်လုံးမှိတ်ပြလိုက်ပြီး လက်ထဲတွင် ဝိုင်ခွက်ကိုင်၍ တခြားသူများနှင့် စကားပြောနေ၏။
ညီလာခံ စည်းဝေးပွဲကြီး ပြီးနောက် လင်းရီ သူ၏ ၀တ်စုံကို ခါခပ်၍ တစ်ခုခု စားရန် ဟန်ပြင်လိုက်သည်။ သူအနည်းငယ် ဆာလောင်နေလေ၏။
"လီလီ နင်သူ့နဲ့ ရင်းနှီးချင်နေတယ်မလား...သွားပြီး စကားသွားပြောလိုက်လေ..."ကလေးမွေးထားတာ မကြာသေးသော အမျိုးသမီးမှ ပြောလိုက်သည်။
"မပူနဲ့..ငါသွားမှာပါဟ..."
ထိုသို့ပြောလိုက်ရင်း သူမ မိတ်ကပ် အနည်းငယ် ပုတ်ကာ လင်းရီထံသို့ ကျော့ရှင်းစွာဖြင့် လျှောက်လာခဲ့၏။
"ဟယ်လို ဆာ...."
လင်းရီ အသံကြား၍ နောက်လှည့်ကြည့်လိုက်သောအခါ မိတ်ကပ်အထူကြီး လိမ်းခြယ်ထားသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။
"ဘာကိစ္စ ရှိလို့လဲ..."
"ကျွန်မတို့ ဝီချက် အပ်လို့ ရမလားလို့ပါ..."အဖြူရောင် ၀တ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးမှ ပြောလိုက်၏။
လင်းရီ ပြုံးလိုက်သောအခါ အမျိုးသမီးမှာ ပျော်ရွှင်သွားပြီး သူမကို လက်ခံတော့မည်ဟု ထင်နေသည့်ပုံပင်။
"ဆောရီပါဗျာ..သိပ်အဆင်မပြေလို့ပါ..."လင်းရီ ယဉ်ယဉ်ကျေးကျေးလေး ငြင်းလိုက်သည်။
အဖြူရောင် ၀တ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးမှာ တော့အေးခဲသွားပြီး နောက်ရှိ သူမ၏ သူငယ်ချင်းများကတော့ တသိမ့်သိမ့်တုန်အောင် ရယ်မောလိုက်ကြ တော့သည်။
"ဟမ့် နင်က ဒီတိုင်း ကျောင်းဆရာလေးကိုများ ဘာတွေ ဘ၀င်မြင့်နေတာလဲ..."
လင်းရီ အနည်းကယ် ရှုပ်ထွေးသွားသည်။
သူက ဘာကို ၀င်မြင့်နေလို့လဲဟ...
ပြီးတော့ သူက ကျောင်းဆရာ ဆိုတာကကော ဘယ်လိုလုပ် သိနေတာလဲဟ...
"ရှက်ဖို့ကောင်းလိုက်တာနော် နင်က သူ့အတွက် လုံလောက်အောင် မကောင်းလို့နေမှာပေါ့ဟဲ့..."ကလေးနှစ်ယောက် မအေမှ ပြောလိုက်၏။
"ဟမ့်...ဘ၀င်မြင့်နေတဲ့ ကောင်ကများ..ငါကလည်း သူ့ကို မကြိုက်ပါဘူးတဲ့..."အဖြူရောင် ၀တ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးမှာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
"ငါ့အထင်တော့ နင့်ကို ငြင်းလိုက်တာက နင်က အရမ်းငယ်ပြီးတော့ စိတ်လှုပ်ရှားဖို့ မကောင်းလို့နေမှာပေါ့..."
"ငါက သူ့ကို စိတ်လှုပ်ရှားအောင် မလှုပ်နိုင်ဘူး ဆိုတာက ဘာသဘောလဲ..."လိလိ ဟုခေါ်သည့် အမျိုးသမီးမှာ နှုတ်ခမ်း စူလိုက်ပြီး "ငါက နင့်လောက် စိတ်လှုပ်ရှားအောင် မလုပ်ပေးနိုင်ဘူးလို့ ပြောချင်နေတာလား..."
"တော်စမ်းပါ.."ကလေးနှစ်ယောက်မအေမှ ပြောလိုက်ပြီး "ငါက ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှုအကြောင်း ပြောနေတာ.."
ထို့နောက် ကလေးနှစ်ယောက်မအေမှာ ဆံပင်ကို လက်ဖြင့် သပ်၍ "ခုခေတ် အမျိုးသားတွေက ငယ်ရွယ်တဲ့ အမျိုးသမီးတွေဆို သိပ်ပြီး ဖီးလ်မလာကြတော့ဘူး..ဆိုတော့ နင်က အဲ့ဒီနယ်ပယ်မှာ သိပ်မကျွမ်းကျင်သေးဘူး..အခု ငါသွားပြီးတော့ နင့်ကို လွယ်လွယ်လေးနဲ့ ရတယ်ဆိုတာက ဘာလဲဆိုတာ ပြပေးမယ်.."
ထိုသို့ဖြင့် ကလေးနှစ်ယောက်မအေမှာ လင်းရီထံသို့ လျှောက်သွားလိုက်ပြီး သူမ ၏လက်ကို ဟန်ပါပါဖြင့် ဆန့်ထုတ်လိုက်ကာ"ဟဲလိုဆာ...တွေ့ရတာ ၀မ်းသာပါတယ်နော်..."
"ဘယ်လောက်ထိ ၀မ်းသာတာလဲ..၀မ်းသာလွန်းလို့ ည အိပ်တောင် မပျော်တဲ့ အထိလား..."
ထိုသို့ပြောပြီးနောက် လင်းရီ ထွက်သွားလိုက်သည်။
ကမ္ဘာကြီးက အန္တရာယ် များလွန်းပေစွ။ သူကဲ့သို့ လူချောလေးမှာ တစ်ချိန်လုံး အိမ်ထဲ၌ နေနေမှသာ အန္တရာယ် ကင်းပေလိမ့်မည်။
ကလေးနှစ်ယောက် မအေမှာလည်း နေရာမှာတင် အေးခဲသွားပြီး ထိခိုက်မှု အချက် တစ်သန်းလောက် ပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
"အစ်မ ဟုန် ရှင်ပြောတော့ သူ့ကို အလွယ်လေး ချွေလို့ရတယ်ဆို..ခုတော့ ဘယ်လို ဖြစ်လာတာလဲ...ပြောစမ်းပါဦး "
လီလီ ပါးစပ်ချိတ်မတတ် ပြုံးလိုက်ရင်း "အွီး...ရှက်ဖို့ကောင်းလိုက်တာဟယ်..."
"သပပဲ...သူက ကျောင်းဆရာလေးပဲ မဟုတ်လား..ဘာတွေများ ဒီလောက်ထိ ဘ၀င်လေဟပ်နေလဲ မသိဘူး..အခွင့်ရေး ရလို့ကတော့ သူ့ကို သင်ခန်းစာ ကောင်းကောင်းကြီး ပေးပစ်လိုက်ဦးမယ်..."
ထွက်လာပြီးနောက် လင်းရီ ပွဲကျင်းပသည့်နေရာသို့ ပြန်လာခဲ့လိုက်ပြီး ကျီချင်းရန်နှင့် မနီးမဝေး စားကောင်း သောက်ဖွယ်များ ခင်းကျင်းထားသော စားပွဲ၌ တစ်ခုခု စားနေလိုက်သည်။
"ဥက္ကဌကျီတို့ သိလားတော့ မသိဘူး....ရာလော့က သန်း၈၀၀လောက်တန်တဲ့ ပရောဂျက်ကြီး တစ်ခု လက်ခံထားတယ်...ပြီးတော့ ပြင်ပ ပရောဂျက်ဆိုပဲ...အဲ့တာ ဘော့စ်ကျီတို့ သိပြီးပြီလား မသိဘူး..."၀တ်စုံပြည့်နှင့် သက်လတ်ပိုင်း လူကြီးမှ ပြောလိုက်လေသည်။
"ရာလော့..."
လင်းရီ စားသောက်နေရင်းနှင့် တီးတိုး ရေရွတ်လိုက်မိသည်။ ဘာလို့ အသံက ရင်းနှီးနေတဲ့ပုံပေါက်နေပါလိမ့်...
စက္ကန့် အနည်းငယ်လောက် စဉ်းစားပြီးနောက် ထိုကုမ္ပဏီမှာ သူ၏ ၀မ်ကျန်း ဆိပ်ကမ်းကို ပြန်လည် ပြုပြင်မွမ်းမံသည့် ဒီဇိုင်း ပရောဂျက်အတွက် သူနှင့် လက်မှတ်ထိုးထားသည့် ကုမ္ပဏီ ဖြစ်နေကြောင်း မှတ်မိသွားသည်။
သူတောင်မှ ကျီချင်းရန်ကို ပြောမလို့ဟာ မပြောရသေးဘူးလေကွာ...
ဒီငနဲက ဘာလားပဲ...
"အင်း..ကျွန်မလည်း ကြားထားတယ်..၀မ်ကျန်းဆိပ်ကမ်းကို ပြန်မွမ်းမံမယ့် ပရောဂျက်ဆိုလားပဲ..နောက်ကွယ်က သူဌေးကြီးက သန်း၈၀၀လောက်အကုန်ခံပြီးတော့ ၀မ်ကျန်းဆိပ်ကမ်းကို ဒူဘိုင်းက ဆိပ်ကမ်းတွေထက် သာလွန်တဲ့ အပမ်းဖြေ ဆိပ်ကမ်းကြီး ဖြစ်အောင် ပြောင်းလဲ ပစ်မယ်ဆိုပဲ...တော်တော်လေး ရည်မှန်းချက်ကြီးတယ် ဆိုရမယ်..."
ကျီချင်းရန် ပြောလိုက်လေသည်။
"အတိအကျပဲ..ဒါပေမယ့် အခုထိတော့ ရာလော့ဘက်က စတင်းမကြားရသေးဘူး...ကျုပ်တို့လူတွေကို သူတို့နဲ့ စာချုပ်ချုပ်ဖို့တော့ ပြောထားတယ်..ဒါပေမယ့် တိကျတဲ့ အဖြေတော့ မရသေးဘူး...သူတို့ ဘာတွေ စဉ်းစားနေကြလဲတော့ မသိဘူး..."
"အစကတော့ ကျွန်မလည်း ဒီပရောဂျက်ကြီးကို လက်တည့်စမ်းချင်နေတာ..ဒါပေမယ့် အဲ့ဒီ သူဌေးနဲ့ မရင်းနှီးတာနဲ့ပဲ လက်ရှောင်လိုက်တာ..နောက်ဆုံးကျတော့ အဲ့ပရောဂျက်ကြီးကို ဘယ်သူ နိုင်သွားလဲ မသိဘူးနော်.."
တော်တော်လေး တိုက်ဆိုင်တာပဲဟု တွေးမိရင်း လင်းရီ ပြုံးလိုက်မိသည်။ ကျီချင်းရန် ထိုမျှ သိထား လိမ့်မည်လို့ မျှော်လင့်မထားခဲ့။
ထိုအချိန်တွင် အဖြူရောင် ၀တ်စုံပြည့် လူငယ်တစ်ယောက် လက်ထဲတွင် ရှန်ပိန်တစ်ခွက်ကိုင်၍ လျှောက်လာပြီး အပြုံးလေးဖြင့် "စီအီးအိုကျီက ၀မ်ကျင်းဆိပ်ကမ်းကို ပြန်မွမ်းမံတဲ့ ပရောဂျက်ကို စိတ်၀င်စားလို့လား..."
ပြောလိုက်သူကတော့ ချင်းဖုန်း ဆောက်လုပ်ရေး ကုမ္ပဏီ လီမီတက်၏ အထွေထွေ မန်နေဂျာ ဝေ့ဇီရန်ပင်။
"စိတ်၀င်စားတာပေါ့ရှင် ..ဒါပေမယ့် အဆင်အသွယ်တွေ မရှိတော့ ပရောဂျက်ကို ရဖို့ ခက်ခဲမှာပဲ..."
"ဘော့စ်ကျီ ပြောတာ မှန်ပါတယ်ဗျ..."ဝေ့ဇီရန် ပြုံးလိုက်ပြီး "ခုခေတ် စီးပွားရေးဆိုတာက ကိုယ်ပိုင်အဆက်အသွယ်လေးတွေ ရှိနေမှ...ကိုယ်တစ်ယောက်တည်းနဲ့ စီးပွားရေး လုပ်လို့ မရတော့ဘူး..တကယ်လို့ ဘော့စ်ကျီသာ ဒီပရောဂျက်ကို ယူချင်တယ်ဆိုရင် ကျုပ်တစ်ခုခု ကြံပေးလို့ရတယ်နော..."
ဟမ်...
လင်းရီတန့်သွား၏။ငါက ရင်းနှီးထားတဲ့ သူလေ..ဆုံးဖြတ်ချက်က ငါ့လက်ထဲမှာ မဟုတ်ဘူးလား..
ဒီငနဲက ဘယ်ချောင်ကနေ ထွက်လာတာလဲဟ...
"ဥက္ကဌဝေ့ကတော့ နောက်နေပါပြီ..ရှင်တို့ ကုမ္ပဏီကလည်း တူညီတဲ့ နယ်ပယ်မှာ အလုပ်လုပ်နေတာ မဟုတ်လား..တကယ်လို့ ဒီလောက်ကောင်းတဲ့ ပရောဂျက်ကြီး ရလာရင် ချောင်ရန် အုပ်စုကို ပေးဖို့ ဆန္ဒရှိမှာလားတဲ့..."
"ဘော့စ်ကျီ ပြောတာ မှန်ပါတယ်..ဒါပေမယ့် ဒါက သန်း၈၀၀ တန်ကြေးရှိတဲ့ ပရောဂျက်ကြီးလေ..ဒီပရောဂျက်ကြီးကို ပြီးစီးဖို့ဆိုရင် လိုအပ်မယ့် ငွေပမာဏက သန်း ၅၀၀လောက်သွားကျမှာ..ကျုပ်တစ်ယောက်တည်းနဲ့ အဲ့လောက်ကြီးတဲ့ ကိတ်မုန့်ကြီးကို မစားနိုင်ဘူးလေဗျာ.."
ကျီချင်းရန်၏ မျက်လုံးလှလှလေးများ အရောင်တောက်သွားခဲ့သည်။ အဲ့လိုဆို သူမလည်း ပရောဂျက်အတွက် တိုက်ခိုက်လို့ ရနိုင်တယ် မဟုတ်လား...
သို့သော်လည်း ဝေ့ဇီရန်၏ စကားလုံးများက သူမကို သင်္ကာမကင်း ဖြစ်စေ၏။
သူ၏ ကုမ္ပဏီမှာ ဘာမျှ မကြီးမားပေ။ ယခုလို အပေးအယူကို လက်ခံဖို့ရာ လှည့်စားခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။
သူ့မှာ အဲ့လောက်ကြီးတဲ့ ငါးကြီးကို မိဖို့ ဘာအရည်အချင်းတွေများ ရှိနေလို့လဲ..
ဂုဏ်သတင်းမှာ စီးပွားရေး နယ်ပယ်တွင်တော့ အရာရာပင်။ ရာလော့၏ စီအီးအိုက ထိုကဲ့သို့ ဘာမျှ မဟုတ်သည့် ကုမ္ပဏီလေးကို တွေ့ဆုံခွင့်ပင် ပေးလိမ့်မည်လော...
ထိုအရာကို ကျီချင်းရန် သံသယ ၀င်နေခြင်းပင်။
"ကျွန်မ မေးပါရစေ..ဘော့စ်ဝေ့ ကုမ္ပဏီက လူတွေရဲ့ စွမ်းဆောင်ရည်ကလည်း အကန့်သတ်နဲ့ဆိုတာ သိမှာပါ..ဒါတောင် ကျွန်မကို ပရောဂျက်ရအောင် ကူညီမယ်ဆိုပြီးတော့ ဘာလို့များ ပြောနေပါလိမ့်..."
"ဟားဟား..."
ဝေ့ဇီရန် ပြုံးလိုက်ပြီး "ဘော့စ်ကျီ စိုးရိမ်နေတာကို ကျုပ်နားလည်တယ်..ဒါပေမယ့် ဘော့စ်ကျီတို့ မသိသေးတာ တစ်ခု ရှိသေးတယ်ဗျ..."
"အိုး...ဟုတ်ရဲ့လားရှင်..ကျွန်မတို့ သိအောင် ပြောပြပါလား..."
"တကယ်တော့ ရာလော့ ဒီဇိုင်း ကုမ္ပဏီရဲ့ ဘော့စ်၊ ကွမ်းရာက ကျွန်တော့်ရဲ့ ၀မ်းကွဲ အစ်မလေ..သု့ကုမ္ပဏီက ပရောဂျက်တော်တော်များများက ကျွန်တော်နဲ့ပဲ စာချုပ်ချုပ်တာ များတယ်..၀မ်ကျန်း ဆိပ်ကမ်းလို ကြီးမားတဲ့ ပရောဂျက်ကြီးဆိုရင်တောင်မှ နောက်ဆုံးကျရင်တော့ ကျုပ်လက်ထဲပဲ ရောက်လာမှာပဲလေ..."
၎င်းကိုကြားတော့ လူတိုင်း အံ့အားသင့်သွားကြသည်။ ဝေ့ဇီရန်နှင့် ရာလော့ ကုမ္ပဏီမှာ ထိုကဲ့သို့ ပတ်သက်မှုမျိုး ရှိနေလိမ့်မည်လို့ မျှော်လင့်မထားကြပေ။
ကျီချင်းရန်လည်း အနည်းငယ် စိတ်၀င်စားသွားခဲ့၏။ အတိတ်တွင် သူမအတွက် အခွင့်ရေး မရှိသည်က အဆင်ပြေ၏။ ယခု အခွင့်ရေးမှာ ကိုယ်တိုင် ရောက်ရှိလို့ လာသောကြောင့် သူမ တန်ဖိုးထားမိမှာ သဘာ၀ပင်။
"တကယ်လို့ ဘော့စ်ဝေ့က စိတ်၀င်စားတယ်ဆိုရင် ကျွန်မတို့ တစ်နေရာမှာ သွားပြောကြမလား..."
ဝေ့ဇီရန် ပြုံးလိုက်ပြီး "ကျွန်တော်တို့ ဆွေးနွေးဖို့က ပြဿနာမရှိဘူး..ဒါပေမယ့် ပရောဂျက်ကလဲ အရမ်းကြီးနေတယ်..ဒီမှာကလဲ လူတွေ အများကြီး ရှိနေတော့ ပျံ့သွားရင် မကောင်းဘူးလေ..တိကျတဲ့ သီးသန့်နေရာလေးတစ်ခုမှာ အသေးစိတ် ဆွေးနွေးကျရင် မကောင်းဘူးလား.."