← Chapters

ငါက လင်းရီ

Vol. 8 Ch. 114

ငါက လင်းရီ

Vol. 8 Ch. 114

ကျီချင်းရန် အမူအရာ မပျက်ဘဲ ပြုံး၍ "အဲ့တာဆို ကျွန်မတို့ ကုမ္ပဏီ ရုံးခန်းမှာ စကားပြောကြရင်ကော..ဘော့စ်ဝေ့လည်း ကျွန်မတို့ ကုမ္ပဏီအကြောင်း ကောင်းကောင်းနားလည်သွားတာပေါ့ရှင်..."

"ရုံးခန်းကြီးမှာလား...ကျုပ်တို့ စားရင်းသောက်ရင်းနဲ့ ပြောရင် ပိုမကောင်းဘူးလား..."ဝေ့ဇီရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "ပရောဂျက်အကြီးစားကြီး ဆွေးနွေးဖို့အတွက် ဘော့စ်ကျီက ညစာ စားဖို့ အခွင့်ရေးလေးတောင် မပေးချင်တော့ဘူးတဲ့လား..."

"ဒါ....."

"ဘာမှ ညစာ မစားဘူး..."

ကျီချင်းရန် တုန့်ဆိုင်းနေစဉ် လင်းရီမှ ၀င်ပြောလိုက်၏။

ဝေ့ဇီရန် နောက်လှည့်ကြည့်လိုက်သောအခါ ခန့်ညား ချောမောသည့် လူငယ်လေးတစ်ဦး သူ့နောက် ရပ်နေသည်ကို တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။

"မင်းက ဘယ်သူလဲ..."

"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး..အရေးကြီးတာက သူမက မင်းနဲ့ ညစာမစားနိုင်ဘူးဆိုတာပဲ...ဖြစ်နိုင်ရင် မင်း အဲ့ဒီအကြံကို အမြန်ဆုံး ဖျောက်ပစ်လိုက်တာ ကောင်းမယ်..."

"ဟားဟား...သူက ငါနဲ့ ညစာစားဖို့ အချိန်မရှိဘူးဆိုရင် မင်းနဲ့စားဖို့ ချိန်းထားလို့လား..."

လင်းရီကို ထိုသို့ ပြောပြီးနောက် ဝေ့ဇီရန် ကျီချင်းရန်ကို ကြည့်လိုက်သည်။

"ဘော့စ်ဝေ့ ကျွန်မလင်းရီနဲ့ ချိန်းထားတာ အမှန်ပဲ ..ရှင့်ရဲ့ ဖိတ်ကြားမှုကို လက်မခံနိုင်တာ စိတ်မရှိပါနဲ့နော်..."

ကျီချင်းရန် ယဉ်ကျေးစွာ ပြောလိုက်လေသည်။

သူမ၏ စကားများကို ကြားတော့ လူအုပ်ကြီး ရှော့ရသွားခဲ့၏။

ဤနယ်ပယ်ရှိ လူတိုင်း ချောင်ရန် အုပ်စု၏ အလှနတ်ဘုရားမလေး ကျီချင်းရန်မှာ အလွယ်တကူ ထမင်းဖိတ်စားနိုင်သည့် မိန်းမလှလေး မဟုတ်ကြောင်း လူတိုင်း သိထားပြီး ဖြစ်၏။

သို့သော်လည်း ယခု သူမ ထိုသို့ ပြောလိုက်သောကြောင့် ထိုလူငယ်လေးမှာ လုံး၀ သာမန် မဟုတ်မည်မှာ အသေအချာပင်။

"ဝေ့ဇီရန် ခေါင်းရမ်း၍ ပြုံးလိုက်ပြီး "ဘော့စ်ကျီကတော့ တကယ်ပါပဲ..သန်းရာပေါင်းများစွာ တန်ကြေးရှိတဲ့ ပရောဂျက်ကြီးကိုတောင်မှ မလိုချင်ဘူးလို့ ပြောနေတယ်ပေါ့...ကျုပ် လေးစားမိပါတယ်ဗျာ..."

"ရာလော့ရဲ့ ပရောဂျက်က မင်းလက်ထဲ ရောက်မယ်လို့ ဘယ်သူပြောတာလဲ..."လင်းရီ မေးလိုက်ပြီး "ငါ့အထင်တော့ အံဒီပရောဂျက်က ချောင်ရန် အုပ်စုရဲ့ လက်ထဲပဲ ရောက်သွားမှာ..."

"ဟားဟား...တော်တော် ရယ်ရတဲ့ ပြက်လုံး တစ်ပုဒ် ပါလားကွ..."ဝေ့ဇီရန် အူနှိပ်၍ ရယ်မောနေတော့သည်။

"ရာလော့ကုမ္ပဏီရဲ့ ဘော့စ်က ကျုပ်ရဲ့ အစ်မ ၀မ်းကွဲ...ပြီးတော့ ကျုပ်နဲ့လည်း တစ်ချိန်လုံး ပါတနာတွေ..ပြောကြည့် အဲ့ဒီ ပရောဂျက်ကြီးက နောက်ဆုံးကျုပ်လက်ထဲ မရောက်တော့ ဘယ်သူ့လက်ထဲ ရောက်မှာလဲ..."

"မင်းနဲ့ ၀မ်းကွဲတော်တော့်ကော ဘာဆန်းလဲ...အဲ့ဒီပရောဂျက်က ချောင်ရန် အုပ်စုရဲ့ လက်ထဲ ရောက်ကို ရောက်မှာ..."

လင်းရီ၏ ယုံကြည်ချက် အပြည့်နှင့် အမူအရာကို မြင်တော့ ရှိနေကြသည့် လူတိုင်း ရှုပ်ထွေးသွားကြသညါ။

ကျီချင်းရန်နှင့် ဒိတ်နိုင်တယ် ဆိုကတည်းက ထိုကောင်လေး၏ အဆင့်အတန်းမှာ မနိမ့်ကြောင်း သက်သေပြပြီးဖြစ်၏။ ယခု ဝေ့ဇီရန် ရှေ့၌လည်း ထိုကဲ့သို့ ပြောဆိုနေသောကြောင့် လင်းရီ အမှန်တကယ် စွမ်းဆောင်နိုင်သောကြောင့် ဖြစ်ရပေလိမ့်မည်။

"ဟမ့်...အဲ့လိုတာဆိုရင်တော့ ဘော့စ်ကျီက မယုံကြည်နိုင်စရာကောင်းလိုက်အောင် ထူးချွန်တဲ့ လူကို ရှာတွေ့ထားတာပဲ...သူ့မှာ ဝေ့ဇီရန် လက်ထဲက အသားတစ်ကြီးကို ရယူနိုင်တဲ့ စွမ်းရည် ရှိလို့ နေမှာ...."

"ဒါပေါ့ဗျ...သူ့မှာသာ အရည်အချင်း တစ်ချို့ မရှိဘူးဆိုရင် ဘယ်လိုလုပ် ဘော့စ်ကျီရဲ့ မျက်လုံးထဲ ၀င်နိုင်မှာလဲ...အပြောနဲ့ အလုပ် ညီမယ်လို့တော့ မျှော်လင့်ရတာပဲဗျို့..."

"ဟီးဟီး စိတ်၀င်စားဖို့တော့ ကောင်းနေပြီ ...ဝေ့ဇီရန် ဘယ်လို တုန့်ပြန်မလဲဆိုတာ ကြည့်ကြည့်ရအောင်..."

ဝေ့ဇီရန် မျင်မှောင်ကြုတ်မိသွားသည်။ သူနှင့် ၀မ်းကွဲတို့ ဆက်ဆံရေးမှာ ကောင်းမွန်သော်လည်း ငွေနှင့် ပတ်သက်လာလျင်တော့ ဆွေမျိုးချင်းလည်း အကျိုးကိုသာ ကြည့်ကြပေသည်။ သူတောင်မှ လက်ရှိ ပရောဂျက်ကြီးက သူ့လက်ထဲ ရောက်လိမ့်မည်လို့ တထစ်ကျ မပြောရဲပေ။

အကယ်၍ သူ့ရှေ့ရှိ လူငယ်လေးသာ နောက်ခံ တောင့်တင်း နေမည်‌ဆိုပါက ပရောဂျက် ရနိုင်မရနိုင်ကတော့ ခန့်မှန်းရ ခက်၏။

"နင်တို့ အားလုံး မှားတယ်..ဒီလူက ဘာမှ မဟုတ်တဲ့ ကျောင်းဆရာပဲ...ဘာချမ်းသာတဲ့ လူငယ် သခင်လေးမှမဟုတ်ဘူး..."

ပြောလိုက်သူကတော့ အနီရောင် ၀တ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ကပင်။ ထိုအမျိုးသမီးမှာ မကြာသေးမီကမှ ဒုတိယမြောက်ကလေးကို ဖွားမြင်ထားပြီး လင်းရီ ခပ်ချေချေနှင့် ဆက်ဆံ ထားခဲ့သူလည်း ဖြစ်၏။

အနီရောင် ၀တ်စုံနှင့် အမျိုးသမီးမှာ ရင်ဘက်ရှေ့ လက်ကို ပိုက်၍ လင်းရီကို အထင်သေးသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။

သူမ၏ စိတ်ထဲတွင်တော့'ဟမ့် ငါ့ကို စိတ်ပျက်အောင် လုပ်ထားမှတော့ နင်လည်း အေးဆေး နေလို့ရမယ် မကြံနဲ့...'

"မဖြစ်နိုင်တာ...ကျောင်းဆရာကြီးတဲ့လား...မဟုတ်မှ လွဲရော ပိုင်းလုံးကောင်ကြီး များလား...ဘော့စ်ကျီက ဘယ်လိုလုပ်ပြီးတော့ ဒီလိုကောင်မျိးနဲ့ ပတ်သက်နေတာလဲဟ...."

အနီရောင် ၀တ်စုံနှင့် အမျိုးသမီးမှ လင်းရီမည်သူလဲဆိုတာကို ထုတ်ပြောလိုက်တော့ကြောင့် လူအုပ်ကြီးမှာ အံ့အားသင့်သွားပြီး တစ်ယောက်တစ်ပေါက်နှင့် ပွက်ပွက်ညံသွားတော့သည်။ အဘယ်ကြောင့် ဆိုသော် လင်းရီ၏ အဆင့်အတန်းမှာ သူတို့ ထင်ထားသည်ထက် နိမ့်ကျနေသောကြောင့် ဖြစ်၏။

သူက ဘော့စ်ကျီနဲ့ မတန်ဘူး...

ထိုသို့ပြောလိုက်ကြသော်လည်း အကြောင်းအရင်းကိုသူတို့ သိလည်း သိချင်မိပြီး ရယ်လည်း ရယ်ချင်နေကြ၏။

သူက အပျော်လင်လေးမဟုတ်လား..အဲ့လိုကောင်မျိုးက ဝေ့ဇီရန်ကို စိန်ခေါ်ဖို့ ဘယ်နားက သတ္တိတွေများ ရလာပါလိမ့်

ဝေ့ဇီရန်ရဲ့ အင်အားနဲ့ဆို သူက ပုရွက်ဆိတ်လေးပဲလေ...

"ဟားဟား......"

ဝေ့ဇီရန် မထိန်းနိုင်တော့ပဲ အော်ရယ် လိုက်တော့သည်။

သူထင်ထားသည်မှာ လင်းရီက ဒုတိယမျိုးဆက် သခင်လေးဖြစ်မည်ဟု ထင်ထားသော်လည်း ဘာမျှ မဟုတ်သည့် ကျောင်းဆရာလေး ဖြစ်နေခဲ့၏။ ထိုကောင်က သူနှင့် ယှဉ်ပြိုင်ချင်နေသည်လော...

အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်...

"ညီကို မင်းက ဒီမှာ ပြက်လုံး လာထုတ်နေတာလား"

ဝေ့ဇီရန် မျက်ရည်ကျလုနီးပါး ရယ်မောလိုက်ပြီး "မင်းလို စာသင်တဲ့ကောင်ကများ ငါနဲ့ ယှဉ်နိုင်မယ် ထင်နေတာလားကွ..."

"တော်တော့..."

ကျီချင်းရန် ဆက်လက် သည်းမခံ နိုင်တော့ပဲ အေးစက်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

"လင်းရီက ကျောင်းဆရာဖြစ်နေတော့ကော ဘာအရေးလဲ..အဲ့တာက ငါတို့ရဲ့ ပတ်သက်ဆက်နွယ်မှုနဲ့ ဘာမှ မဆိုင်တာ...,"

"မဟုတ်တာ..ဘော့စ်ကျီကလည်း အထင်တွေ လွဲနေပြန်ပါပြီ ..ကျွန်တော် ခင်များတို့ရဲ့ ဆက်ဆံရေးကို သံသယ မဖြစ်ပါဘူး..ဒီတိုင်း အဲ့ကောင်က နည်းနည်းလေး သွေးရဲနေသလားလို့ပါ..."ဝေ့ဇီရန် ပြောလိုက်၏။

"ဘာမှမဟုတ်တဲ့ ကျောင်းဆရာက ရာလော့ ပရောဂျက်ကို ယူပေးမယ်လို့ ပြောနေတော့ အဲ့တာကမှ ဟာသမမြောက်ရင် ဘယ်ဟာကို ဟာသမြောက်တယ်လို့ ခေါ်ရတော့မလဲဗျ.."

ဝေ့ဇီရန်သာမက ဘေးမှ ကြည့်ရှုနေသူများလည်း ကျိတ်ရယ် မိလိုက်ကြသည်။

ဒီလူငယ်လေးက စိတ်၀င်စားဖို့တော့ အကောင်းသား။

ရုပ်လေးချောတာနဲ့ ဘာမဆို လုပ်လို့‌ရနေပြီလို့ ထင်နေတာများလား မသိဘူး...

"ကျောင်းဆရာ ဖြစ်နေတော့ကော ဘာအရေးလဲ..ငါက ကျိုးဟိုင် ပင်းချန် တက္ကသိုလ်က ကျောင်းဆရာပဲ..တခြားကျောင်းက ဆရာတွေထက် အများကြီး သာတယ်..."

"ဖူး....ဟားဟား ကျိုးဟိုင် ပင်းချန် တက္ကသိုလ် ..ငါက နာမည်ကြီး ဖူတန် ဒါမှမဟုတ် ကျောင်းထုံး တက္ကသိုလိကများလားလို့ ..."

"အေးလေ ဒီတိုင်း သာမန် တက္ကသိုလ်လေးကိုကွာ..သူမို့လို့ အကျယ်ကြီး ထုတ်ပြောရဲတယ်.."

"ဒီကောင်က ကိုယ့်ကိုယ်ကို တအားကြီး အထင်ကြီး လွန်းတယ်..ဘော့စ်ကျီရဲ့ အဆင့်အတန်းဆိုရင် ဘာလို့ များ အဲ့လိုကောင်နဲ့ သွားဆုံလဲ မသိဘူးနော်..."

"အဲ့တက္ကသိုလ်လောက်ကတော့ ငါလည်း အေးဆေး ၀င်လို့ရတယ်....ဒါပေမယ့် ငါသာ သူ့နေရာမှာ ဆိုရင်တော့ အကျယ်ကြီး ထုတ်ပြောရဲမှာ မဟုတ်ဘူး..."

"နင်တို့...."

"ကောင်းပြီ... ချင်းရန် အဲ့တာ မင်း ကိစ္စမှ မဟုတ်တာ ထားလိုက်စမ်းပါ... "

ကျီချင်းရန်မှ ကူညီပေးချင်သော်လည်း လင်းရီ၏ တားဆီးခြင်းကို ခံလိုက်ရ၏။

ဤမျှ ပြဿနာလောက်လေးကတော့ သူကိုယ်တိုင် ဖြေရှင်း၍ ရ၏။ သူမ အကူအညီကို မလိုအပ်သေးပေ။

ကျီချင်းရန်ကတော့ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်း ကိုက်လိုက်မိသည်။ ဤခြေနေသို့ ရောက်နေသည့် တိုင်အောင် လင်းရီက သူမ အကူအညီကို မယူသေးချေ။

သူတကယ်ကြီး ဘာတွေ လုပ်ဖို့ ကြံနေတာပါလိမ့်...

"ဖူတန်တို့ ကျောင်းထုံးတို့လို နာမည်ကြီး တက္ကသိုလ်တွေနဲ့ ယှဉ်မယ် ဆိုရင်တော့ ပင်းချန် တက္ကသိုလ်က သာမန်ဆိုတာ ၀န်ခံတယ်..ဒါပေမယ့် ကျုပ်တို့အားလုံးက ပရောဂျက် အကြောင်း ပြောနေကြတာ မဟုတ်ဘူးလား...ကျုပ်ရဲ့ အလုပ်အကိုင်နဲ့ ဘာမျှမှ မဆိုင်တာ..."

"ဟားဟား...ဒါပေမယ့် အသက်မွေး၀မ်းကြောင်း အလုပ်ဆိုတာက ပြဿနာ တစ်ချို့ကို သက်သေပြစရာမလိုပဲ ဖြေရှင်းပေးတယ်လေကွာ..."ဝေ့ဇီရန် ပြောလိုက်ပြီး "တက္ကသိုလ်ကျောင်းဆရာကများ ပရောဂျက် ဘယ်သူရမလဲဆိုတာ ဆုံးဖြတ်ပေးဖို့ ဘယ်လိုထူးခြားတဲ့ အရည်အချင်းတွေ ရှိလဲဆိုတာ သိချင်စမ်းပါဘိ..."

လင်းရီ ပခုံးတွန့်လိုက်သည်။ "မယုံလည်း မင်းရဲ့ ၀မ်းခွဲကို ဖုန်းခေါ်လိုက်လေ...တိုက်ရိုက် ဖြေရှင်းတာ ပိုမကောင်းဘူးလား..."

"ကောင်းပြီလေ..အလောင်းမြင်မှ မျက်ရည်ကျ၊နံရံမတွေ့မချင်း ရပ်မယ့်ကောင် မဟုတ်ဘူးဆိုတော့ စိတ်ဖြောင့်ဖြောင့်နဲ့ ဘ၀ကူးကောင်းအောင် ကူညီပေးရတာပေါ့...."

ထိုသို့ပြောရင်း ဝေ့ဇီရန် သူ၏ ဖုန်းကို ထုတ်ကာ ကွမ်းရာကို ဖုန်းခေါ်လိုက်၏။

မကြာမီ တစ်ဖက်မှ ဖုန်းကိုင်လိုက်၏။

"ဇီရန်...ဘာကိစ္စ ရှိလို့လဲ..."

"၀မ်းကွဲ..ကျွန်တော် မေးချင်လို့..၀မ်ကျန်းဆိပ်ကမ်း ပြန်လည်မွမ်းမံမဲ့ ပရောဂျက်ကို လွှဲပေဖို့ သင့်တော်တဲ့ ကုမ္ပဏီတွေ တွေ့ထားပြီ လားလို့ပါ..."

"နင်ဘာတွေ လာပြောနေတာလဲ..နင်ပဲ ငါ့ပရောဂျက်တွေ အားလုံး ကိုင်ပေးနေတာ မဟုတ်လား..ဒီလောက် ကြီးတဲ့ ‌ပရောဂျက်ကြီးကို မလိုချင်ဘူးလို့တော့ ငါ့ကို လာမပြောနဲ့..."

ကွမ်းရာ၏ စကားလုံးများကို ကြားပြီးနောက် လူတိုင်း ပြုံးမိလိုက်ကြသည်။

ဝေ့ဇီရန်မှ တခြားသူများကို အကျိုးအမြတ် ရိတ်သိမ်းခွင့် မပြုနိုင်သည်မှာ အသေအချာပင်။ သူစကား တစ်ခွန်းပင် မဟရသေးသော်လည်း ပရောဂျက်ကြီးမှာ သူ၏ လက်၀ယ်သို့ ရောက်ရှိနေပြီး ဖြစ်၏။

"ပရောဂျက်က ကျွန်တော့်လက်ထဲ ရောက်မယ်ဆိုတာ သိတယ် ဒါပေမယ့် တစ်ယောက်ယောက်က သူ့စိတ်တိုင်းကျ ပရောဂျက် လွှဲပေးလို့ ရတယ် ပြောနေလို့..."

"ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ သူ့ကိုယ်သူ ဘယ်သူလို့များ ထင်နေလဲ မသိဘူး..ငါ့ဆုံးဖြတ်ချက်ကို တားမြစ်ရအောင် ဘာအစွမ်းအစတွေ ရှိနေလို့လဲတဲ့..."

"ဟားဟား..."

လူတိုင်း ရယ်မောလိုက်ကြသည်။

ရာလော့၏ ဘော့စ်မှ စကားအကုန် ပြောလိုက်ပြီးသောကြောင့် ဘယ်သူက ဘာများ ပြောနိုင်ဦးမည်နည်း။

ကျီချင်းရန် မျက်မှောင် ကြုတ်သွားသည်။ လင်းရီက ဘာတွေ ဖြစ်ချင်နေတာလဲ...

သူဒီ ဘေးကျပ်နံကျပ် အခြေနေကနေ ဘယ်လိုများ ရုန်းထွက်မှာပါလိမ့်...

ဝေ့ဇီရန် သူ၏ ဖုန်းကို ဝှေ့ယမ်းပြလိုက်ပြီး "ကြားလိုက်လား..ငါ့၀မ်းကွဲပြောတာ..ပရောဂျက်က ငါ့ဟာပဲတဲ့...မင်းဘာပြောချင်သေးလဲဟျောင့်..."

လင်းရီ ဖျော့တော့စွာ ပြုံး၍ ဖုန်းနားသို့ လျှောက်သွားလိုက်ပြီး ..

"ခုပြောနေတာ လင်းရီ...."

All Chapters