အခန်း (၁၁၅)
Vol. 8 Ch. 115
"ဘာတွေ ပြောနေတာလဲဟ..သူ့ဘာသူ မိတ်ဆက်လိုက်တာနဲ့ လူတိုင်းက သူ့ကို အသိမှတ်ပြုမယ်များ ထင်နေလား မသိဘူး..."
လူတိုင်း လင်းရီကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်ကြသည်။
ဒီကောင် လွတ်များ လွတ်သွားပြီလားဟ..
"ရှင်က ဒါရိုက်တာလင်းလား..."
ကွမ်းရာ၏ ထိတ်လန့်တကြား အော်ဟစ်သံက လူတိုင်းကို အရယ်များ ရပ်တန့်သွားစေပြီး နေရာမှာတင် အေးခဲသွားစေတော့၏။
"အိုး...မှတ်ဉာဏ်ကောင်းသားပဲ..ငါ့အသံကိုတောင်မှ မှတ်မိသေးတယ်ဆိုတော့..."
"ဒါရိုက်တာလင်းကတော့ နောက်နေပြန်ပါပြီ..ကျွန်မက ဘယ်လိုလုပ် ဒါရိုက်တာလင်းရဲ့ အသံကို မေ့နိုင်မှာလဲတဲ့..."ကွမ်းရာ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။
"၀မ်းကွဲ ဘာတွေ ပြောနေတာလဲ...၀မ်းကွဲက ဒီကောင် လင်းရီကို သိလို့လား..."
ဝေ့ဇီရန် ထိတ်လန့်တကြား ဖြစ်သွားပြီး "ဒါနဲ့ သူက ဘာမှ သောက်သုံးမကျတဲ့ ကျောင်းဆရာကြီးနော်..ဘာလို့ ဒါရိုက်တာလို့ ခေါ်နေတာလဲဗျ... "
" နင်စကား ကြည့်ပြောနော်...ငါက ဘာလို့ သူနဲ့ မသိရမှာလဲ.."ကွမ်းရာမှ နေ၍ "ဒါရိုက်တာလင်းက ၀မ်ကျန်း ဆိပ်ကမ်းရဲ့ ပိုင်ရှင်..သူက မွမ်းမံ ပြင်ဆင်ဖို့ အတွက် ဆိုပြီး ငါ့ကို သန်း ၈၀၀တောင် ပေးထားသေးတယ်...ပြောကြည့် ငါက ဘာလို့ ဒါရိုက်တာလင်းကို မသိရမှာလဲ..."
"၀မ်းကွဲ ဘာ...ဘာပြောလိုက်တယ်... ၀မ်ကျန်း ဆိပ်ကမ်းက သူ့ဟာ..."
ကြားလိုက်ရသည့် လူတိုင်း အံ့အားသင့်သွားကြပြီး လင်းရီကို မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်မိသွားကြသည်။
မည်သူကမျှ သူ့ကို ၀မ်ကျန်းဆိပ်ကမ်း၏ သူဌေးကြီး ဖြစ်လိမ့်မည်လို့ ထင်မှတ်မထားကြ။
"ခုတော့ ငါက ပရောဂျက်ကို ကြိုက်တဲ့ လူလက်ထဲ ထည့်လို့ ရတယ်ဆိုတာ ယုံသွားပြီလား..."
ဖြန်း...
မျက်နှာ ဖြတ်ရိုက်သွားခြင်းပင်။
ဝေ့ဇီရန်၏ မျက်နှာမှာ ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်နေပြီး ရှက်လွန်း၍ ကျင်းတူး၍ပင် ပုန်းချင်နေမိတော့သည်။
ယွမ်သန်း ၈၀၀မှာ သူ့ဟာဖြစ်ခဲ့သော်လည်း တကယ့် သူဌေးကြီးရှေ့တွင် မိမိုက်သွားသလို သွားလုပ်ပြနေမိခဲ့သည်။
အတော်လေးကို လက်ဆပြင်းသည့် ရိုက်ချက်ဟု ခေါ်ရလောက်၏။
ကျီချင်းရန်ကတော့ လင်းရီကို လှပတော့ မျက်လုံးလေးများဖြင့် အကြောင်သား ငေးကြည့်နေမိပြီး သူမ၏ အံ့အောမှုမှာလည်း အခြားသူများအောက် မလျော့ကျပေ။
သူက ၀မ်ကျန်းဆိပ်ကမ်းကို တိတ်တိတ်လေး ၀ယ်လိုက်တာလား ...
ပြီးတော့ စိတ်တိုင်း မကျလို့ ဆိုပြီးတော့ သန်း၈၀၀ကျော်လောက် ထုတ်ပေးပြီး ပြန်ပြင် ခိုင်းလိုက်သေးတယ်ပေါ့...သူ့မှာ ပိုက်ဆံတွေက ဘယ်လောက်တောင် ပေါနေတာလဲဟ...
"ယုံပါတယ်..."
ဝေ့ဇီရန် နိမ့်ချစွာဖြင့် ခေါင်းညိမ့်လိုက်ပြီး "ဒါရိုက်တာလင်း ကျုပ်ခုလေးတင် ခင်များကို မသိလို့ ပြစ်မှားမိတာကို ဗွေမယူ ပါနဲ့ဗျာ..ကျွန်တော်နဲ့ ဒါရိုက်တာလင်းက အဆင့်အတန်းချင်း ကွာဟလွန်းပါတယ်ဗျာ..."
"အဲ့တာဆို ခုကော ငါက ကျီချင်းရန်နဲ့ အတူ ညစာစားဖို့ အဆင့်မှီသွားပြီလား..."
"ဒါပေါ့..ဒါပေါ့ဗျ.."ဝေ့ဇီရန် ခေါင်းညိမ့်၍ ပြောလိုက်ပြီး "ဒီမှာ ရှိနေကြတဲ့ လူအားလုံးထဲမှာမှ ဒါရိုက်တာလင်းလို ယောက်ျားမျိုးကပဲ ဘော့စ်ကျီနဲ့ အတူစားဖို့ ထိုက်တန်တာပါဗျ..."
ဝေ့ဇီရန်မှာ တုံးအသူ တစ်ယောက်မဟုတ်ပေ။ အခြေနေမှာ မည်မျှ အရေးကြီးနေကြောင်း နားလည်ထား၏။
သူ့ကို အပထား သူ၏ ၀မ်းကွဲအစ်မပင် လင်းရီအရှေ့၌ နိမ့်ချ၍ ဦးညွှတ်နေရ၏။
"ကောင်းပြီ မင်းတို့ကောင်တွေ ဆက်ပြောကြဦး ငါဒီနားလေး ပတ်ဝေ့လိုက်ဦးမယ်..."
လင်းရီ တံခါးဘက်သို့ ဦးတည်လိုက်ရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် မြင်ကွင်းကိုသာ ချန်ထားရစ်ခဲ့လိုက်သည်။
"သပပဲ...ငါတယ်မိုက်ပါလားနော်.."အဖြူရောင် ၀တ်စုံနှင့် အမျိုးသမီးမှာ မိမိကိုယ်ကို ကျိန်ဆဲ လိုက်ပြီး "တကယ်လို့ သူသာ ဒီလောက်ထိ ဩဇာကြီးမှန်း သိရင် အရှက်မရှိ အပိုင်ကပ်ထားပါတယ်ဟယ်..."
"နင့်ရဲ့ မဖြစ်နိုင်တဲ့ စိတ်ကူးတွေကို ဘေးချိတ်ထားလိုက်တော့..ကျီချင်းရန်လိုညမိန်းကလေးမျိုးကပဲ သူနဲ့ လိုက်ဖက်တာ..ငါတို့နှစ်ယောက်လုံးက သူ့အတွက်တော့ ဖွဲနဲ့ ဆန်ကွဲပဲ..."
"အဲ့တာဆို သူ့ကို အလကား ပေးစားလိုက်ရင်ကော..."အဖြူရောင် ၀တ်စုံနှင့် အမျိုးသမီးမှ ပြောလိုက်ပြီး "ဘာပဲ ပြောပြော သူ့လို ချမ်းသာတဲ့ ဒုတိယမျိုးဆက်ဆိုတာက အရမ်းကို ကြုံရခဲတယ်လေ..."
........
လင်းရီ ပွဲကျင်းပသည့်နေရာမှ ထွက်လာပြီးနောက် နေ့လည်တုန်းက သူနားနေသည့် ဥက္ကဌ နားနေခန်းထဲသို့ ပြန်ရင်း ကျီချင်းရန် အလာကို စောင့်နေလိုက်သည်။
တစ်နာရီ ကြာပြီးနောက် ကျီချင်းရန် ဖုန်းခေါ်လာခဲ့၏။
"နင်ဘယ်မှာလဲ..."
"အခန်း 2386မှာ အမြန်လာခဲ့..."
"အွန်း"
ဖုန်းချပြီး လေးငါး မိနစ်ခန့် ကြာသောအခါ အခန်း တံခါးခေါက်သံကို ကြားလိုက်ရသည်။
ထိုအချိန်တွင်တော့ ကျီချင်းရန် သာမန် ဂျင်းအပြာအကျပ်နှင့် အနင်ရောင် ဒေါက်မြင့်ဖိနပ်သာ စီးထား၏။ ဆံပင်ကို လည်း ခပ်မြင့်မြင့်ချည်ထားပြီး လှပကျော့ရှင်း သပ်ရပ်နေသည့် အသွင် ဆောင်နေလေသည်။
"လင်းရီ နင်က တစ်ခုခုတော့ တစ်ခုခုပဲ..အသံတစ်သံတောင် မထွက်ဘဲနဲ့ ၀မ်ကျန်း ဆိပ်ကမ်းကို ၀ယ်ပစ်လိုက်တယ်ပေါ့..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။
"အသေးမွှားလေးကိုကွာ..ဘာကိစ္စ လူတွေ သိအောင် လိုက်ကြေညာနေမှာလဲဟ..."
"ငါကတော့ တကယ်ပဲ နင့်ကို ဖောက်မမြင်နိုင်တော့ဘူး..."
ကျီချင်းရန် ပြောလိုက်ပြီး "နင်က တခြားနေရာတွေမှာ လိုက်ရင်းနှီး မြုပ်နှံပြီးတော့ ကိုယ်တိုင်ကျ သာမန်အလုပ်လေးတွေ လုပ်နေတယ်ပေါ့..နင်က အရမ်းလွန်တာပဲ.."
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးကွာ..ဒီတိုင်း သာမန် လုပ်နေကြလေးတွေပါပဲ..."
"ကျွတ်..နင်နဲ့တော့ ယှဉ်မပြောနိုင်ဘူး..."ကျီချင်းရန် ပြုံး၍"ဒါပေမယ့် မပူနဲ့..ငါတို့ နှစ်ယောက်က ရင်းနှီးတယ် ဆိုရင်တောင်မှ စီးပွားရေးက စီးပွားရေးပဲ ၀မ်ကျန်း ပရောဂျက်ကြီးကို မြန်လည်းမြန် အရည်အသွေးကလည်း ကောင်းကောင်းလေးနဲ့ သေချာလုပ်ပေးမယ်.."
"နေစမ်းပါဦး..."
"ငါ ပရောဂျက်ကို ချောင်ရန် အုပ်စုဆီ ပေးမယ်လို့ ပြောဖူးလို့လား...မင်းကတော့ အတွေးလွန်နေပြန်ပြီ..."
"နင်က ငါ့ကို မပေးဘူးပေါ့..."
"အင်း.."လင်းရီ ပြောလိုက်၏။
"ငါက ပရောဂျက်အတွက် ထောက်ပံ့ပေးတဲ့သူ ဆိုရင်တောင်မှ ကျိုးဟိုင်မှာ ကုမ္ပဏီတွေ ဒီလောက်များတာ ဘာလို့ ချောင်ရန် အုပ်စုကို ပေးရမှာလဲ.."
"ဟွန့်..နင်သာ ငါ့ကို ပရောဂျက် မပေးဘူးဆိုရင် နင်ပဲ ဆုံးရှုံးသွားမှာနော်.."
ထို့နောက်ကျီချင်းရန် လင်းရီ၏ အင်္ကျီစကိုဆွဲ၍ ခါးကို ဖက်လိုက်သည်။
"ဟေးဟေး..အဲ့ဒါ ဘာလုပ်နေတာတုန်း...ငါက မင်းကို ပရောဂျက်မပေးတာနဲ့ပဲ ခုလိုတွေ လုပ်တော့မယ်ပေါ့..လူဆိုးမလေးပဲ..."
"လုပ်တော့ကော ဘာဖြစ်လဲ .."ကျီချင်းရန် ဂုဏ်ယူနေသည့် လေသံဖြင့် ပြောလိုက်ပြီး "နင်သာ ပရောဂျက် မပေးဘူးဆိုရင် နင့်ကို ကိုက်ပစ်မှာ..."
"ကောင်မစုတ်လေး...ငါ့ကို အနိုင်ကျင့်ဖို့ စဉ်းစားရဲတယ်ပေါ့..ငါ့အကြောင်း ပြရချည်သေးရဲ့..."ဟု ဆိုကာ လင်းရီ ကျီချင်းရန် ခါးကို ဖက်၍ ကုတင်ပေါ်သို့ လှဲချလိုက်၏။
အား....
ကျီချင်းရန် ဟန်ချက်ပျက်သွားပြီ အော်ဟစ်လိုက်မိသည်။ သူမ ကုတင်ပေါ်သို့ ရောက်သွားပြီး လင်းရီမှာ သူမအပေါ်မှ တက်ဖိထား၏။
သူမတို့ နှစ်ဦးကြား အကွာအဝေးမှာ ဆယ်စင်တီမီတာခန့်လောက်တာ ရှိပြီး ၀င်သက်ထွက်သက်ကိုပင် ခံစားလို့ နေရ၏။
"ပရောဂျက်လိုချင်တယ်မလား..ပေးလို့ရတာပေါ့..ဒါပေမယ့် ပေးဆပ်သင့်သလောက်ကတော့ ပေးဆပ်ရမှာပေါ့.."
"နှာဘူးကောင်..ဆုတောင်းနေလိုက်..."
"ခေါင်းမာနေတယ်ပေါ့..ဟုတ်လား.."လင်းရီ ခြိမ်းခြောက်လိုက်ပြီး "အဲ့တာဆို ငါမထတော့ဘူးနော်.."
လင်းရီ သူမ၏ လက်များကိုပါ ချုပ်ထားလိုက်သည်။
"ဖယ်လို့...လွှတ်...နင်ငါ့ကို ဖိထားတာ..."ကျီချင်းရန် မဠန်းကြပ်နေသည့် အမူအရာဖြင့် ဖျစ်ညစ်၍ ပြောလိုက်၏။
"ကောင်းပြီလေ..ပရောဂျက်အကြောင်းကတော့ ထားလိုက်တော့..ငါတို့ အရင်ဆုံး သရက်သီးအရသာ နှုတ်ခမ်းနီလေး အကြောင်း ပြောကြတော့မလား..."
ကျီချင်းရန်၏ မျက်နှာမှာ ပို၍ပင် နီရဲသွားပြီး "နင်က ငါ့ကို တက်ဖိထားပြီးတော့ မှ ဘယ်လို ကတိတည်ပေးရမှာလဲ.."
"ဒီလိုမှပေါ့..."
လင်းရီ ထလိုက်ပြီးကျီချင်းရန်ကို ပွေ့ထူလိုက်သည်။
သူမ၏ မျက်နှာ နီနီရဲလေးကတော့ ယခုထိ မပျောက်သေးပေ။
"စကြတော့မလား..ငါက စောင့်နေတာ ကြာပြီ..."
"နင်...မျက်လုံး အရင်မှိတ်ထား..."
"ကောင်းပြီလေ....လှည့်စားမယ်တော့ မကြံနဲ့နော်..."
လင်းရီ မျက်လုံးမှိတ်လိုက်သည်။ စက္ကန့် အနည်းငယ်ခန့် ကြာပြီးနောက် သူ၏ နှုတ်ခမ်းပေါ်တွင် အေးစက်စက် ခံစားချက်ကို ရရှိလိုက်၏။
သို့သော်လည်း ထိုအရာက လင်းရီ မျှော်လင့်ထားသည့် အရာတော့မဟုတ်ချေ။
သူ မျက်လုံးဖွင့် ပြီးကြည့်လိုက်တော့ ကျီချင်းရန်မှ နှုတ်ခမ်းနီတောင့်ကို ကိုင်၍ သု့နှုတ်ခမ်းနှင့် တို့လိုက်ခြင်းဖြစ်ကြောင်း သိရှိသွား တော့သည်။
သူမျက်လုံးဖွင့်သည့် အချိန်တွင်တော့ ကျီချင်းရန်မှာ တံခါး၀နားသို့ပင် ရောက်နေပြီး ဖြစ်ပြီး
"ဟဲဟဲ နင့်ကို ကတိတည်ပြီးသွားပြီနော်....ဘယ်လိုလဲ....အရသာကောင်းရဲ့လား.."
ကျီချင်းရန်ကတော့ လှည့်စားတတ်သည့် မြေခွေးမလေး တစ်ကောင်ကဲ့သို့ လင်းရီကို အနိုင်ယူနိုင်လိုက်သည်ကို အတော်လေး ဂုဏ်ယူနေ၏။
ထို အမူအရာမှာ အတော်လေး ချစ်စဖွယ် ကောင်းနေတော့သည်။
လင်းရီလည်း စနောက်တတ်သည့် သူမကို အပစ်ပေးရန် မာန်ခဲလိုက်ပြီး တံခါး၀နားသို့ လှမ်းလာခဲ့သည်။
"ဟားဟား...ငါ့ကို ဖမ်းချင်နေတာလား..ဆုတောင်းလေ..."
ကျီချင်းရန် မျက်နှာပြောင်ပြပြီး တံခါးပေါက်မှ ထွက်ပြေးသွား၏။ လင်းရီလည်း တုံ့ဆိုင်းခြင်းမရှိ နောက်မှ လိုက်ချေတော့သည်။
လင်းရီ နောက်မှ လိုက်လာသည်ကို မြင်တော့ ကျီချင်းရန် အရှိန်တင် ခပ်သွက်သွက်ကလေး ပြေးလိုက်၏။ ပြေးရင်းနှင့် စားပွဲထိုးမလေး နှစ်ယောက်ကို တွေ့သောအခါ စိတ်ထဲတွင် အကြံ တစ်ခုပေါ်လာပြီး "ညီမတို့ အစ်မနောက်ကို လူဆိုးကြီး လိုက်ဖမ်းနေလို့ ကူပြီး တားပေးထားဦးနော်..."
စားပွဲထိုးမလေး နှစ်ဦးမှာတော့ အကြည့်ချင်း ဖလှယ်မိလိုက်ကြပြီး ...
အဲ့တာက ငါတို့ ဘော့စ် မဟုတ်လား
ဘာကို လူဆိုးကြီးတုန်းဟ