← Chapters

အခန်း (၁၁၆)

Vol. 8 Ch. 116

အခန်း (၁၁၆)

Vol. 8 Ch. 116

အကယ်၍ လိုက်နေသူက တစ်ခြားတစ်ယောက် ဆိုပါက သူမတို့ ကျီချင်းရန်၏ တောင်းဆိုမှုကို ‌လိုက်လျောပေးမိလိမ့်မည်။

သို့သော်လည်း ယခုတော့ မဖြစ်နိုင်။ လိုက်နေသူမှာ သူမတို့သူဌေး ဖြစ်နေလေ၏။

ငါတို့က ဘယ်လို သတ္တိနဲ့ တားထားပေးရမှာလဲတဲ့...

မန်နေဂျာ၀မ်မှာ သူတို့ကို ပြင်းထန်စွာ သတိပေးထားပြီးဖြစ်၏။ မည်သူမျှ သူမတို့၏ ဘော့စ် မိန်းကလေး ပိုးပန်းသည်ကို ရပ်တန့်လို့ မရပေ။

မဟုတ်ပါက မလွဲမသွေ အလုပ်ဖြုတ်ခံရလိမ့်မည်ဟု ရာဇသံပေးထား၏။

ထို့ကြောင့် သူမတို့ မည်သည်ကို ရွေးချယ်ရမလဲဆိုတာ ရှင်းနေလေသည်။

စားပွဲထိုးမလေး နှစ်ယောက်ကို ထိုသို့ ပြောပြီးနောက် ကျီချင်းရန် နောက်လှည့်၍ လင်းရီကို ပြောင်ပြလိုက်ပြန်သည်။

"တားထားတဲ့ကြားက ငါ့ကို ဘယ်လို မိအောင်ဖမ်းမလဲဆိုတာ ကြည့်ကြတာပေါ့..."

လင်းရီကတော့ သူမနောက် မလိုက်တော့ပေ။ နေရာ၌သာရပ်ပြီး ကျီချင်းရန်ကို ပြုံးကြည့် ကြည့်နေလေ၏။

"အဲ့လိုလား..ငါလည်း မင်းဘယ်လို ထွက်ပြေးမလဲဆိုတာ တွေ့ချင်စမ်းပါဘိ..."

"ကြည့်နေလိုက်စမ်းပါ...နင်ငါ့ကို ဘယ်လိုမှ ဖမ်းလို့ မရ..ရ...."

ထိုသို့ပြောပြီးနောက် ကျီချင်းရန် သူမနှင့် မီတာ အနည်းငယ်သာ ဝေးသော ဓာတ်လှေကားထဲသို့ ပြေး၀င်ရန် ကြံလိုက်၏။ သူမ ဓာတ်လှေကားထဲ ရောက်သည်နှင့် တစ်ပြိုင်နက် လင်းရီမှာ သူမကို ဖမ်းမိလိမ့်မည် မဟုတ်တော့ချေ။

သို့သော်လည်း သူမ ပြေးတော့မည့် အချိန်တွင် တစ်စုံတစ်ယောက်ကမ သူမလက်မောင်းကို တင်းကြပ်စွာ ဖက်ထားကြောင်း သိလိုက်ရ၏။ ထို့ပြင် နောက်တစ်ယောက်ကလည်း သူမ၏ ခါးကို ဖက်လာပြန်သည်။

ထိုအခါမှ သူမကို ဆွဲထားသူမှာ စားပွဲထိုး မိန်းကလေးနှစ်ယောက်ဖြစ်ကြောင်း သတိထားမိသွားသည်။

"နငိတို့ ဘာလုပ်နေကြတာလဲ..."

"မစ်..ကျွန်မတို့ တောင်းပန်ပါတယ်နော်..မစ္စတာလင်းက ကျွန်မတို့ ဟိုတယ်ရဲ့ အဆင့်မြင့် အဖွဲ့၀င်ဆိုတော့ သူ့အမိန့်ကို နာခံမှ ရမှာမို့လို့ပါရှင့်..."

"ဟေးဟေး ..နင်တို့ အဲ့လို မလုပ်ရဘူးလေ..."

ကျီချင်းရန် စတင် စိုးရိမ်လာပြီး လွတ်မြောက်အောင် အတင်းရုန်းသော်လည်း အချည်းနှီးပင်။

လင်းရီ စားပွဲထိုးမလေး နှစ်ယောက်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။

တော်တော်လေး အလိုက်သိတဲ့ နှစ်ယောက်ပဲ..

ကြည့်ရတာ ၀မ်ထျန်းလုံက ကြိုသတိပေးထားတယ်တူတယ်...

ဘောနပ်စ် ကောင်းကောင်း ပေးလိုက်ဖို့ ပြီးမှပဲ အဲ့ကောင်ကို ပြောလိုက်တော့မယ်

လင်းရီ ပြုံး၍ ကျီချင်းရန်ထံ လျှောက်လာရင်း "သိပ်ပြေးချင်နေတယ်မဟုတ်လား..ဘယ်လိုပြေးမလဲ ပြေးစမ်း.."

ကျီချင်းရန် ငိုချင်နေသော်လည်း မျက်ရည်များက ထွက်မလာခဲ့။

နင်အဲ့လိုကြီး ညစ်လို့ မရဘူးလေ...

ဒါကြီးက အနိုင်ကျင့်နေတာ မဟုတ်ဘူးလား...

"သူ့ကို ငါ့အခန်းထဲ ပို့လိုက်..."

"နားလည်ပါပြီရှင့် ..."

ကျီချင်းရန် သူမ၏ ကံကြမ္မာကို လက်ခံလိုက်ရင်း လင်းရီပြုသမျှ နုပေရတော့မည်။

ငါဘာလို့ ဒီလောက်တောင် ကံဆိုးနေပါလိမ့်...

သူမထိုသို့ လုပ်ပါက စားပွဲ လှန်နိုင်လိမ့်မည်လို့ မျှော်လင့်ထားသော်လည်း လင်းရီ၏ ဝံပုလွေတွင်းထဲသို့ တစ်ဖန် သက်ဆင်းရပြန်သည်။

အဟင့် သနားဖို့ကောင်းလိုက်တဲ့ ငါလေးပါလား..

ထိုအချိန်တွင်တော့ အနီးတစ်ဝိုက် အခန်းထဲရှိ ဧည့်သည်များမှာ ဆူဆူညံညံ အသံကြား၍ တံခါးဖွင့်ပြီး စပ်စုကြည့်‌လိုက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး ရှော့ခ် ရသွားခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ချမ်းသာသည့် ဒုတိယမျိုးဆက် တစ်ဦးမှ ဆက်စီဆန် လှပသော မိန်းကလေးကို ကြိုးတုပ်၍ အခန်းထဲသို့ ခေါ်သွားနေသောကြောင့်ပင်။

"ငိုးမပဲ..ဒီလို ကစားလည်း ရတာပဲလားဟ..."

အခန်းထဲသို့ ရောက်ပြီးနောက် ကျီချင်းရန် သူမ၏ လခြမ်းကဲ့သို့ မျက်လုံးများကို တွန့်ကွေးနေအောင် ပြုံးလိုက်ပြီး "ငါက ဒီတိုင်း စနေတာလေ ..နင်နော် ဘာလို့ အတည်ကြီးတွေ လုပ်နေတာလဲ..."

"မင်းကပဲ အတည်ကြီးဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးလား..."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ငါ့ကို နှုတ်ခမ်းနီ တစ်တောင့်နဲ့ လှည့်စားချင်တယ်ပေါ့...ဒီပုံစံက ဘော့စ်ကျီရဲ့ ပုံစံ မဟုတ်သေးပါဘူး..."

"ဆောတီးပါ..."ကျီချင်းရန် အပြစ်ရှိသည့် လေသံလေးဖြင့် ပြောလိုက်၏။

"ငါတို့ အရင်တစ်ခေါက်တုန်းကလည်း နမ်းခဲ့ကြတယ် မဟုတ်ဘူးလား..ဘာတွေလာဆောတီး‌ နေတာ.."

လင်းရီ ဆွံ့အသွားတော့၏။ တယ်လည်း ထူးဆနးတဲ့ မိန်းမတွေ ..

"အရင်တစ်ခေါက်က အရင်တစ်ခေါက် ၊ ခုတစ်ခေါက်က ခုတစ်ခေါက်ပဲလေ..."

"ဒီတစ်ခါတော့ မလိမ်တော့ဘူး..ငါကတိတည်မယ်..ငါတို့နှစ်ယောက်လုံးက အဆင့်ရှိတဲ့ သူတွေ မဟုတ်ဘူးလား...နင် မဟုတ်က ဟုတ်ကတွေတော့ လျှောက်မလုပ်ပါဘူးလြိ့ ကတိပေးရမယ်နော်.."

သာမန် ရိုးရှင်းသည့် အနမ်းတစ်ပွင့်လောက်ကတော့ ကျီချင်းရန် လက်ခံနိုင်၏။ သို့သော်လည်း လင်းရီသာ လက်ဆော့ပြီး လျှောက်လုပ်ပါက သူမ ဘာလုပ်မိမယ်မှန်း မပြောတတ်တော့။

"ကောင်းပြီလေ..အဲ့တာဆိုလည်း မင်းကို အခွင့်ရေး နောက်တစ်ခေါက်လောက် ပေးလိုက်မယ်..."

"ခဏစောင့်.."

ထိုသို့ပြောရင်း ကျီချင်းရန် အိပ်ကပ်ထဲမှ မိတ်ကပ်ဖျက်သည့် တို့ဖက်ကို ထုတ်၍ နှုတ်ခမ်းနီ ဖျက်လိုက်၏။ ထို့နောက် သရက်သီး အနံ့အရသာ ရှိသည့် နှုတ်ခမ်းနီတောင့်ကို ဆိုးလိုက်လေသည်။

"လာ လာ.."

ကျီချင်းရန် ရှက်သွေးဖြန်းလျက်ပြောလိုက်၏။

"ဟီးဟီး ဒီလိုမှပေါ့..."

တဒင်္ဂမျှ တိတ်ဆိတ်သွားပြီးနောက် ကျီချင်းရန် ဖြည်းညင်းစွာဖြင့် လင်းရီ နှုတ်ခမ်းနားသို့ ကပ်ပြီး နမ်းလိုက်သည်။

သူမ လင်းရီ နှုတ်ခမ်းကို ထိမိသည့် တခဏတာတွင် အောက်ဆီဂျင် မရတော့သကဲ့သို့ ခံစားလိုက်ရပြီး နှလုံးခုန်နှုန်းကလည်း တစထက်တစ ပိုမို မြန်ဆန်လာ၏။

လင်းရီကတော့ အများကြီး မစဉ်းစားဘဲ ကျီချင်းရန်၏ ခါးကြဉ်ကြဉ်လေးကို ကိုင်လိုက်၏။ ထိုနေရာမှာ အရိုးမရှိသကဲ့သို့ ပျော့ပြောင်းနေပြီး ကိုင်ရသည်ကိုတောင်မှ အားမလို အားမရ ဖြစ်နေစေတော့သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် နှုတ်ခမ်း နှစ်ခုမှာ ခွာလိုက်ကြ၏။

ကျီချင်းရန်ကတော့ သူမ ရင်ဘက်ကို ဖိ၍ အသက်ပြင်းစွာ ရှုရှိုက်နေ‌မိတော့သည်။

ဒုတိယတစ်ခေါက် ဖြစ်သော်လည်း သူမ ကျင့်သားမရသေးချေ။

"မဆိုးဘူး..သရက်သီးက ပိုကောင်းတာ အမှန်ပဲ.."

"ဟွန့် နင်တစ်ယောက်တည်းပဲ ကောင်းနေလိုက်.."

ကျီချင်းရန် စိတ်မပါစွာ ပြော၍ "တကယ်လို့ ငါသာ ပန်နီဆူလာ ဟိုတယ်က နင့်ဟာမှန်းသိရင် အဲ့လို က‌တိပေးမိမှာ မဟုတ်ဘူး သိလား..."

"ဟားဟား ခုမှတော့ နောက်ကျသွားပြီလေ..." လင်းရီ ပြုံးလိုက်ပြီး "မှတ်ထားပေါ့..နောက်တစ်ခါကျ ငါ့ကို မရှုံးစေနဲ့..."

"ချီး...စောင့်နေလိုက်..နောက်တစ်ကြိမ် ကျ နင်မနိုင်စေရဘူး..."

"ကောင်းပါပြီဗျာ..."လင်းရီ ပြောလိုက်လေသည်။

"ဒါနဲ့ မင်းဒီည ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ..ပြန်အိပ်မှာလား..."

"ဘာပြောချင်နာ..."

"ဒီမှာလည်း အခန်းတွေ ပေါသော နေတာပဲ မဟုတ်လား..ငါ့ကို လိုက်ပို့ ခိုင်းပြီး ဒုက္ခ ပေးဦးမလို့လား..."

"သဘောရိုးမှ ဟုတ်ရဲ့လား..နင်ငါ့ကို အခွင့်ရေး ယူချင်နေပြန်ပြီမလား..."ကျီချင်းရန် နှုတ်ခမ်းဆူ၍ ချစ်စဖွယ် အနူအရာလေးဖြင့် ပြောလိုက်လေသည်။

"ငါသာ အခွင့်ရေး ယူချင်နေရင် အဲ့လိုတောင် ပြောမနေဘူး..ခုချက်ချင်း ယူလိုက်မှာပေါ့ဟ.."

"ဟမ့်..နင့်ကို နှာဘူးလို့ ခေါ်တာတောင်မှ ညှာတာရာ ရောက်နေသလိုပဲ.."

သူမထိုသို့ ပြောလိုက်သော်လည်း အိတ်ကို ချထားပြီး ဖြစ်၏။ ထွက်သွားမည့်ပုံ မပေါ်ချေ။

ထို့နောက် သူမတို့ နှစ်ယောက် တစ်ခုခု သွားစားလိုက်ကြပြီး အနားယူရန် ဟိုတယ်သို့ ပြန်လာခဲ့လိုက်ကြသည်။

"ရော့ မင်းတစ်စုံ ငါက တစ်စုံ..အထဲမှာ တစ်ယောက်အိပ် ကုတင် နှစ်လုံး ရှိပြီးသားပဲ..ညသန်းခေါင်ကြီး ကောင်းကောင်းအိပ် ဟာသတော့ လာမလုပ်နဲ့..."

ဥက္ကဌ နားနေခန်းမှာ ကျယ်၀န်းပြီး တစ်ယောက်အိပ်ကုတင် နှစ်လုံးလည်း ပါရှိပြီးဖြစ်၏။

သို့သော်လည်း ကျီချင်းရန်ကတော့ သဘောမတူ၊သူ့ကို တစ်နေရာမှာ အိပ်ခိုင်းချင်နေလေ၏။

"မရဘူး...သပ်သပ်စီပဲ..."

သူမတို့ ယ‌နေ့ လုပ်ခဲ့သည်မှာ အနည်းငယ် စည်းကျော်သလိုဖြစ်နေသော်လည်း ကျီချင်းရန် လက်ခံနိုင်သည့် အတိုင်းအတာ အတွင်း၌သာ ရှိ နေသေး၏။သို့သော်လည်း တစ်ခန်းတည်း အတူ အိပ်မည့် အကြံကိုတော့ သဘောမတူပေ။

"ရတယ်လေ..အဲ့တာဆို မင်း ဆိုဖာပေါ်အိပ် ငါက ကုတင်ပေါ် အိပ်မယ်..."လင်းရီ ပြောလိုက်ပြီး "ငါက အိပ်ရင် ကိုယ်လုံးတီးနဲ့ အိပ်ရမှ ကျေနပ်တာနော်..အဲ့တော့ တစ်ခန်းတည်း အိပ်မယ်ဆိုလည်း အဆင်ပြေမှာ မဟုတ်ဘူး...."

"ဘာ ဘာ ဘာ ငါက ဆိုဖာပေါ် အိပ်ရမယ်..."

ကျီချင်းရန် အော်ပြောလိုက်ပြီး "နင်က လူကြီးဖြစ်တော့မယ့်ဟာကို ကိုယ်တုံးလုံးနဲ့ အိပ်တုန်းပေါ့..အရှက်မရှိတဲ့ ကောင်ကြီး .."

သူမထိုသို့ ပြောလိုက်ရင်း လင်းရီကို တွန်းထုတ်လိုက်ကာ"သွားအိပ်တော့..စောစော အိပ် စောစောထ ..နင်မနက်ဖြန်ကျ ငါ့ကို လိုက်ပို့ပေးရဦးမှာ..."

ဆိုဖာပေါ်တွင်တော့ လင်းရီတစ်ယောက်တည်း ပျင်းရိစွာ ထိုင်နေပြီး စကတ်တွန့်လေးနှင့်အတူ ဂိမ်းနှစ်ပွဲလောက် ဆော့ပြီး အိပ်ရာ ၀င်လိုက်တော့၏။

လင်းရီကတော့ စကတ်တွန့်လေး ဆိုသူကို မလေးစားပဲ မနေနိုင်ပေ။ တစ်နေ့လုံး နီးပါး ဂိမ်းထဲ၌ ‌ရှိနေလေ၏။

သူ့အတွက် ဂိမ်းက ဘ၀ ကြီးများလား...

အဲ့လိုကြီးကတော့ မကောင်းဘူးလေကွာ...

....

နောက်တစ်နေ့ နံနက် လင်းရီ အိပ်ရာ နိုးလာသည့် အချိန်တွက်တော့ ကျီချင်းရန်လည်း အိပ်ရာမှ ထနေပြီး ဖြစ်၏။

နှစ်ယောက်သား စားသောက်ဆိုင်သို့ အတူသွား၍ တစ်ခုခု စားသောက်လိုက်ကြပြီး ကျီချင်းရန်ကို အလုပ်သို့ လိုက်ပို့ပေးလိုက်သည်။

"မင်း အချိန်ရရင် ကွမ်းရာနဲ့ စကားပြောကြည့်ထားလိုက်...ငါနောက်ကျမှ သူ့ကို မင်းနဲ့ ဆွေးနွေးဖို့ သပ်သပ် ပြော‌လိုက်မယ်.."

ကျီချင်းရန် ကားထဲမှ မထွက်မီ လင်းရီ ပြောလိုက်၏။

"ဟီးဟီး လင်းရီ ..ကျေးဇူးပါနော်..."ကျီချင်းရန် ချိုသာသော အပြုံးလေးဖြင့် ပြောလိုက်သည်။

"ရပါတယ်ကွ..."

မွမွ..

ကျီချင်းရန် လင်းရီပါးကို မွှေးမွှေး ပေးလိုက်၏။

" လိမ္မာလို့ ဆုချတာနော်..."

ထိုသို့ ပြောပြီးနောက် ကျီချင်းရန် နိုက်တင်ဂေး ငှက်ကလေးကဲ့သို့ သာယာသောအသံဖြင့် တခစ်ခစ် ရယ်မော၍ ကားပေါ်မှ ဆင်းသွားတော့၏။ လင်းရီပင်ဘာတစ်ခုမျှ ပြောချိန်မရ‌လိုက်။

"ပါးမှာ နှုတ်ခမ်းနီတွေ တော်တော်ပေသွားတာပဲဟ...ငါတော့ သုတ်ပစ်ရပြန်ဦးမယ်..."

စောဒက တက်ပြီးနောက် လင်းရီ ယွမ်တုံးအုပ်စုထံ မောင်းသွားလိုက်၏။

အမြွှာမျှော်စင်မှာ သူ၏ ပိုင်ဆိုင်မှု ဖြစ်လာသောကြောင့် အရင်ဆုံး သွားရောက် လက်ခံရပေမည်။

All Chapters