← Chapters

အခန်း (၁၁၇)

Vol. 8 Ch. 117

အခန်း (၁၁၇)

Vol. 8 Ch. 117

မိနစ်နှစ်ဆယ်ခန့် မောင်းသွားပြီးနောက် လင်းရီ ယွမ်တုံး အုပ်စုထံသို့ ရောက်ရှိသွားခဲ့သည်။ လင်းရီ ချောင်ရန် အုပ်စုတွင် ၀န်ထမ်း ဖြစ်ခဲ့ဖူးသောကြောင့် ထိုလုပ်ငန်းစုနှင့် အနည်းငယ် ရင်းနှီးနေပြီး ဖြစ်၏။

ယွမ်တုံးအုပ်စုနှင့် ချောင်ရန် အုပ်စုတို့ နှစ်ခုလုံးမှာ ဆောက်လုပ်ရေး ကုမ္ပဏီများ ဖြစ်ကြ‌လေသည်။

သို့သော်လည်း ထို အုပ်စုနှစ်ခုကြားရှိအခြေခံ ကွာခြားချက်ကတော့ အတော်လေးကို ကြီးမားလှ၏။

အရည်အချင်းပိုင်းတွင်တော့ ယွမ်တုံး အုပ်စုမှာ ဈေးကွက် ထိပ်သီးပိုင်း၌ ရှိနေပြီး ချောင်ရန် အုပ်စုကတော့ ယွမ်တုံးနှင့် အတော်လေး အလှမ်းကွာဝေးနေသေးသည်။

သို့သော်လည်း သေချာ စိစစ် သုံးသပ်ကြည့်မည်ဆိုပါက ယွမ်တုံး အုပ်စုမှာ စီးပွားရေး ဆိုင်ရာ အဆောက်အဦးများကို အဓိကထား ဆောက်လုပ်ပြီး လူနေအိမ်ရာများ ဆောက်လုပ်သည်ကတော့ မရှိသလောက် နည်းပါး၏။

ချောင်ရန် အုပ်စုကတော့ လူနေအိမ်ရာ များကိုသာ အဓိကထား ဆောက်လုပ်သောကြောင့် နှစ်ခုကြား ကွာခြားချက်မှာ သူ့နယ်ပယ်နှင့်သူဖြစ်၍ သိပ်မကြီးမားဟု ဆို၍ ရသည်။

ယွမ်တုံး အုပ်စု၏ အဆောက်အဦးကြီးများမှာ ခန့်ညားထည်ဝါစွာဖြင့် မြို့အလယ်တွင် ရပ်တည်နေလေသည်။ အသစ်တည်ဆောက်ထားသည့် အမြွှာ မျှော်စင်လောက်တော့ ခမ်းနားခြင်းမရှိသည့်တိုင်အောင် တစ်ချိန်က တရုတ်ပင်လယ်တွင် အထင်ကရ အဆောက်အအုံကြီး တစ်ခုအဖြစ် အချိန်တစ်ခုကြာအောင် ရှိနေခဲ့သည်ကိုတော့ ၀န်ခံရပေမည်။

နှစ်စ၍် တရှိန်ထိုး တိုးတက် ပြောင်းလဲနေသော တ-ရုတ်၏ စီးပွားရေးကြောင့် ၎င်း၏ ထင်ပေါ်ကျော်စောမှုမှာ လျော့ကျ‌သွားသော်လည်း မြို့ရှိ ၎င်း၏ အဆင့်အတန်းကတော့ မပြောင်းလဲသွားချေ။

လင်းရီ သူ့ရှေ့ရှိ မြင့်မားသော ယွမ်တုံး အဆောက်အဦးကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

သူ၏ ကြီးကျယ်ခမ်းနားသော စီးပွားရေး အင်ပါယာကြီးမှ ဤနေရာမှ အစပြုရပေတော့မည်။

လင်းရီ ဘေးဘီဝဲယာကို ကြည့်ရှုပြီးနောက် ဧရိယာAသို့ ၀င်ပေါက်ကို ရှာတွေ့သွားပြီး ယွမ်တုံး၏ ဒုဥက္ကဌ လော့၀မ်နှင့် တွေ့ဆုံရန် ဦးတည်လိုက်၏။

သို့သော်လည်း ဧရိယာAအနီးသိူ့ ရောက်သောအခါ လူအုပ်ကြီးမှာ ၀င်ပေါက်၌ တန်းစီရပ်နေကြ၏။ သူတို့အားလုံး ၀တ်စုံပြည့်များ ၀တ်ဆင်ထားကြပြီး တစ်ခုခု ထူးခြားတာ ဖြစ်နေသကဲ့သို့ ပြုမူနေကြလေသည်။

"လင်းရီ..နင်မလား..."

အသံကြား၍ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့နောက်၌ မီးခိုးရောင် ၀တ်စုံနှင့် အမျိုးသမီးတစ်ဦး ရောက်နေသည်ကို တွေ့လိုက်ရ၏။

သူမ၏ လည်ပင်း တစ်ဝိုက်၌ အပြာရောင် တံဆိပ်တစ်ခု တပ်ဆင်ထားပြီး အနီးရှိ အဆောက်အအုံတစ်ခုမှ ၀န်ထမ်းဖြစ်ပုံပင်။

ထိုယူနီဖောင်း ၀တ်ဆင်ထားသည့် ထိုအမျိုးသမီးမှာ ထိပ်တန်း အလှမယ်လေး တစ်ဦးဟု ညွှန်းဆို၍ ရပြီး လူအုပ်ထဲတွင် အထင်ရှားဆုံး ဖြစ်နေတော့သည်။

"မိုချင်း၀မ်..."

တခဏမျှ စဉ်းစားပြီးနောက် လင်းရီ မှတ်မိသွားခဲ့သည်။ ထိုအလှမယ်လေးမှာ သူ၏ ကျောင်းသား နေ့ရက်တွေတုန်းက သူတို့ အတန်း၏ အလှ နတ်ဘုရားမလေးပင်။

သို့သော်လည်း မိုချင်း၀မ်မှာ အတန်း နတ်ဘုရားမလေး ဖြစ်ရုံသာမက ‌တက္ကသိုလ်၀န်း၏ အလှမယ်တစ်ပါးလည်း ဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။

ထိုအချိန်တုန်းကတော့ မိုချင်း၀မ်မှာ ကောင်းပင်၌ တောက်ပနေသည့် လတစ်စင်းပင်။သူမ ၀န်းထဲသို့ လမ်းလျှောက်ပြီဆိုတာနှင့် သူမကို မငေးကြည့်သူ မရှိသည်အထိ လှရက်ခဲ့ပေ၏။

လင်းရီ သူ၏ လေးနှစ်တာ ကာလကို ထိုကဲ့သို့ လကို ကိုးကွယ်သည့် ကြယ်ကလေးတစ်ပွင့်အဖြစ် ကုန်ဆုံးခဲ့ရသည်။ နှစ်၀က်ကြာမျှ မမြင်လိုက်ရသော‌ကြောင့်သူမ၏ အလှထဲတွင် ငယ်ရွယ်မှာတစ်ချို့ ပျောက်ရှသွားခဲ့ပြီး ရင့်ကျက်သည့် အော်ရာတို့က အစားထိုး ၀င်ရောက်နေချေပြီ။

ကျောင်းတုန်းကကဲ့သို့ ဖြူစင်ရိုးသားသည့် အလှလေးတစ်ယောက် မဟုတ်တော့။

"တကယ်ကြီး နင်ကိုး..."

မိုချင်း၀မ် သူမ မျက်နှာပေါ်တွင် အပြုံးကို မဖုံးကွယ်နိုင်ပဲ လင်းရီထံ လျှောက်လာခဲ့၏။

"မဆိုးပါဘူး..နင်က ကျောင်းတုန်းကထက် နည်းနည်းလေး ပိုချောလာသလားလို့..."

"မြှောက်နေပြန်ပါပြီ..."

"ဘာဖြစ်လို့လဲ...နင်က သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်ကျောင်းက ကောင်စုတ်လေး မဟုတ်ဘူးလား..ဘာလို့ ဒီလောက် နိမ့်ချနေတာလဲ..."မိုချင်း၀မ် စနောက်လိုက်ပြီး "နင်ကျောင်းတုန်းကတောင်မှ ငါ့ကို ရီးစားစာ ပေးလောက်တဲ့အထိ သတ္တိရှိခဲ့တာ မဟုတ်ဘူးလား..."

"အာ...."

လင်းရီ နှာခေါင်းပွတ်မိလိုက်သည်။ သူမ ယခုအချိန်ထိ ယင်းဖြစ်ရပ်ကို အထင်လွဲနေလိမ့်မည်လို့ ထင်မထားခဲ့။

"အဲ့စာက ငါပေးတာ မဟုတ်ဘူး..ငါ့ရဲ့ အော့ကော(ဒုတိယအစ်ကို)ပေးတဲ့စာ...သူက ငကြောက်လေ..အဲ့တာကြောင့် ငါသူ့ကိုယ်စား ပေးပေးတာ..."

ကျောင်းတက်စဉ်အခါတုန်းက လင်းရီမှာ အိပ်ခန်း၏ ဘော့စ်ဖြစ်ပြီး သူနှင့် အရင်းနှီး ဆုံးကတော့ သူ၏ အော့ကော ကျန်းစုန့်ပင်။

သို့သော်လည်း ဘွဲ့ရပြီးနောက် လင်းရီ ကျိုးဟိုင်၌ အခြေချစဉ် အော့ကောကတော့ ရန်ကျင်းတို့ ပြန်သွားခဲ့၏။ ယခုတော့ သူတို့ ဖုန်းနှင့် ဝီချက်မှတစ်ဆင့်သာ ဆက်သွယ်ကြ တော့သည်။

တက္ကသိုလ်တုန်းက ကျန်းစုန့်မှာ မိုချင်းဝမ်ကို အသေအလဲ ကြိုက်နေသော်လည်း စာပေးဖို့ရာ အရမ်းရှက်နေခဲ့၏။

မတတ်သာတော့သည့်အဆုံး လင်းရီကို အကူအညီတောင်း၍ ပေးခိုင်းလိုက်တော့သည်။ ထိုဖြစ်ရပ်ကို သူမ ယခုထိတိုင် အထင်လွဲနေလိမ့်ဦးမည်လို့တော့ ထင်မထားခဲ့။

"အမယ်လေး..ငါတို့ကဖြင့် ဘွဲ့ရပြီးတာတောင် ကြာပြီ ဘာလို့ ခုထိ နောက်ကြောင်းတွေ ပြန်ဖော်နေရတာလဲ..."မိုချင်း၀မ် ပြုံး၍ ပြောလိုက်လေသည်။

"ငါကျန်းစုန့်ကို သိတယ်..သူက ငကြောက် ပြီးတော့ ရုပ်ကလည်း ရွက်ကြမ်းရေကျိုနဲ့ ..ငါ့ကို စာပေးဖို့ သတ္တိရှိမှာ မဟုတ်ဘူး..အဲ့ထဲက စာတွေ အားလုံးက နင့်လက်ရေးတွေဆိုတာ ငါမှတ်မိပါတယ်နော်..ဒီတော့ သူ့ကိုပဲ ရိုးချမနေနဲ့..."

"ဟူး....သဘောပဲ ထင်ချင်သလိုသာထင်တော့..."လင်းရီ အရှုံးပေးလိုက်တော့၏။

သူတို့နှစ်ဦးမှာ ကျောင်းတုန်းကတည်းကပင် အခေါ်အပြော သိပ်မရှိခဲ့။ ယခုလည်း သူစိမ်းများပင်။ အဘယ်ကြောင့် အချိန်ကုန်ခံ၍ ရှင်းပြနေရမည်နည်း။

"ကောင်းပြီလေ..ငါတို့ ဘွဲ့ရပြီးတာ နှစ်၀က်လောက် ရှိနေပြီ‌ဆိုတော့ နင်ကော ဘာတွေ လုပ်နေပြီလဲ.."မိုချင်း၀မ် မေးလိုက်၏။

"ငါ တက္ကသိုလ်တစ်ခုမှာ အလုပ်ရထားတယ်.."လင်းရီ ပြောလိုက်သည်။

"မဖြစ်နိုင်တာ...နင်ကခု ကျူတာ ဖြစ်နေပြီပေါ့..."မိုချင်း၀မ် အံ့ဩသံသယဖြင့် မေးလိုက်၏။

ကျိုးဟိုင် နည်းပညာ တက္ကသိုလ်မှာ သာမန်ကျောင်းတစ်ကျောင်းမျှသာ။ ထို့ပြင် လင်းရီ၏ အရည်အချင်းများမှာလည်း သာမန်သာ ဖြစ်၏။ မည်ကဲ့သို့သော တက္ကသိုလ်က ထိုလိုလူမျိုးအား ကျုတာ ခန့်လိုက်သနည်း။ မေးခွန်းထုတ်စရာ ပင်။

"ကျူတာတော့ မဟုတ်ပါဘူးကွာ..ဒီတိုင်း ကော်မတီ ၀န်ထမ်းပဲ .."

"အော်..ဒီတော့ နင်က ကော်မတီ ၀န်ထမ်းပေါ့...လခတော့ သိပ်မရလောက်ဘူးမလား..."

မိုချင်း၀မ် ရုတ်ချည်း နားလည်သွားသည်။ အခြားသူများ၏ မျက်လုံးထဲတွင်တော့ ထိုအလုပ်မှာ ကောင်းမည့်ပုံပေါ်နေသော်လည်း သေချာ လေ့လာကြည့်ပါက တောက်တိုမယ်ရ အလုပ်သာသာပင်။

အလုပ်လုပ်ရသည်မှာ ပင်ပန်းပြီး လခကတော့ မဖြစ်စလောက်လေးသာ ရ၏။ တစ်ခု‌တည်းသော ကောင်းကျိုးမှာတော့ လူကြားကောင်းခြင်သာ။

"အဲ့လောက်ကြီးလည်း မဆိုးပါဘူးဟ..စားဖို့ သောက်ဖို့တော့ လောက်ပါသေးတယ်.."

"ဟင်း...ဘ၀ဆိုတာကလည်း တကယ်ကြီး ခန့်မှန်းလို့ မရပါလားနော်..."မိုချင်း၀မ် သက်ပြင်းချလိုက်၏။

"ကျောင်းမှာတုန်းကဆိုရင် နင်က အရမ်းကို နာမည်ကြီးခဲ့တာ ဒါတောင်မှ ကျောင်းကော်မတီ ၀န်ထမ်းပဲ ဖြစ်လာတယ်..ငါ့ကို ကြည့်လိုက် ..ကျောင်းမှာ ဆို စာမေးပွဲတိုင်း ဘိတ်ဆုံး..ခုကျတော့ နာမည်ကြီး လူသိများတဲ့ ယွမ်တုံး အဆောက်အဦးကြီးမှာ တစ်လလစာ ယွမ်တစ်သိန်းနဲ့ အလုပ်လုပ်နေရပြီ...ဘယ်သူမှ အနာဂတ်ကို ကြိုမမြင်နိုင်ဘူးပဲ..."

"အင်း..မင်းမှန်ပါတယ်..."

မိုချင်း၀မ်လည်း ခေါင်းအသာ ငြိမ့်လိုက်ပြီး စကားဆက်မပြောတော့ချေ။ "စကားမစပ် လင်းရီ နင်က ဒီဘာလာလုပ်တာလဲ..ဒီနေ့က ကြာသပတေး လေ...အလုပ်လုပ်နေရမှာ မဟုတ်ဘူးလား..."

"ငါဒီမှာ အိမ်လာ၀ယ်တာလို့ ပြောရင် မင်းယုံမှာလား..."

မိုချင်းရန် တဒင်္ဂမျှ တန့်သွားပြီး "လင်းရီ...နင်က အရမ်းချောတာ အပြင် နင့်ရဲ့ အားသာချက်က ဘာလဲသိလား..."

"ဘာများလဲ..."

"ရယ်ရတာလေ..."မိုချင်း၀မ် ‌ပြုံးလိုက်၏။

"ဒီမှာဆောက်လုပ်ရေး ကုမ္ပဏီက တစ်ခုတည်းရှိတာ..ငါတို့ ကုမ္ပဏီကလည်း စီးပွားရေး အဆောက်အုံတွေပဲ တာ၀န်ယူ ဆောက်လုပ်ပေးတာနော်...ဒီတိုင်း ကျပန်းဆောက်ထားတဲ့ အဆောက်အဦး တစ်ခုကတောင် ယွမ် သန်းနဲ့ချီတယ်...သာမန်လူတွေ တတ်နိုင်မယ်လို့ နင်ထင်လား...."

"ဟား...မှန်တာပေါ့..."

ထိုအခါမှသာ ရှီးဟုန်မြို့ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးဟူသော နာမည်မှာ မည်မျှအရေးကြီးကြောင်း နားလည်သွားတော့၏။

သူသာမန်လူတစ်ယောက်ပုံစံဖြင့် သူမနှင့် ရင်းနှီးချင်နေသော်လည်း ရလိုက်သည်မှာတော့ သူမ၏ အထင်သေး ရွံရှာသည့် အပြုအမူများပင်။ ထို့ကြောင့် သူဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ချေ။

"လင်းရီ နင်ဒီလိုလုပ်စရာ မလိုဘူး..."

"ဟမ်...ငါက ဘယ်လို လုပ်နေလို့လဲ..."

လင်းရီ မေးခွန်း ထုတ်လိုက်၏။

"ငါတို့က အတန်းဖော်တွေလေ..နှစ်၀က်လောက်မတွေ့ရဘူးဆိုပေမယ့် ငါတို့ တစ်ယောက်အခြေနေကို တစ်ယောက်နားလည်တယ်..နင် ဒီလို စကားလုံး အကြီးစားကြီးတွေ မပြောလည်း ရတယ်..."

မိုချင်း၀မ်ကတော့ ဆွံ့အနေ၏။ သူမတို့ ဘွဲ့ရပြီးတာ‌ ကြာတာတောင်မှ လင်းရီက သူမအကြောင်း စဉ်းစားနေတုန်းပဲတဲ့လား...

သူမတို့ နှစ်ဦးမှာ အဆင့်အတန်းခြင်း ကွာခြားလွန်း၏။ လင်းရီမှာ ကျောင်းကော်မတီ၌ တောက်တိုမယ်ရ ၀န်ထမ်းတစ်ဦးသာ ဖြစ်ပြီး သူမကတော့ အဆင့်အတန်းမြင့် ရုံး၀န်ထမ်း တစ်ဦး ဖြစ်နေခဲ့သည်။

သူမတို့ နှစ်ဦး ပေါင်းစည်းရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ဘာလို့မမှီတဲ့ပန်းကိုမှ ခူးချင်နေရလဲ လင်းရီရယ်

လင်းရီလည်း ဆွံ့အနေခဲ့၏။

ကိုယ့်ကိုယ်ကို အထင်မကြီးလွန်းဘူးလားကွ...

"ပြီးတော့ နင်မသိသေးတာ တစ်ခု ရှိသေးတယ်.."

"ဘာကြီးလဲ..."

"ငါ့မှာ ကောင်လေး ရှိပြီးသား..."

"ဂုဏ်ယူပါတယ်..."

ကျောင်းတုန်းက မိုချင်း၀မ်မှာ လေးနှစ်လုံးလုံး ရည်းစား မထားခဲ့ သောကြောင့် ဘွဲ့ ရပြီးနောက် သူမ စင်ဂယ် ဖြစ်နေလိမ့်မည်လို့လည်း မမျှော်လင့်ထားခဲ့။

"သူ့နာမည်က ရန်ကျုံးရွှီတဲ့...ဒီယွမ်တုံး မားကတ်တင်းဌာနက မန်နေဂျာပေါ့..အနိမ့်ဆုံးလစာက ယွမ် ၅သိန်လောက်ရှိတယ်...သာမန်လူထက်တော့ အများကြီး သာတယ်မဟုတ်လား..."မိုချင်း၀မ် သူ့ရည်းစား၏ အခြေနေကို ဂုဏ်ယူ၀င့်ကြွားစွာ ဖော်ပြလိုက်၏။

"ငါ တက္ကသိုလ်တုန်းက ရည်းစား မထားခဲ့တာတော်သေးတာပေါ့..သူတို့က ဘာမှ မရင့်ကျက်သေးတဲ့ ကောင်လေးတွေ လက်ရှိ ငါ့ရည်းစားကို တစ်ယောက်မှ မမှီဘူး..."

All Chapters