← Chapters

သူက အမြွာမျှော်စင်ကို ၀ယ်လိုက်တဲ့ မစ္စတာလင်းပဲ..

Vol. 8 Ch. 118

သူက အမြွာမျှော်စင်ကို ၀ယ်လိုက်တဲ့ မစ္စတာလင်းပဲ..

Vol. 8 Ch. 118

"မင်းကျေနပ်ရင် ပြီးတာပါပဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။ ထို့နောက်သူ ဘေးဘီကိုကြည့်၍ ၀င်ပေါက်နေရာသို့ ညွှန်ပြလိုက်ပြီး "မင်းတို့ ကုမ္ပဏီက ဘာကိစ္စ ရှိလို့လဲ..ဘာလို့ လူတွေ ဒီလောက် အများကြီး အပေါက်၀မှာ ရပ်နေကြတာ..."

"ရှိတာမှ အကြီးကြီးပဲ..."မိုချင်း၀မ် လေးစားနေသည့် လေသံဖြင့်"နင် အမြွှာမျှော်စင်ကို သိတယ်မလား...

မိုချင်း၀မ် အဘယ်ကြောင့် ခေါင်းစဉ်ပြောင်းလိုက်လဲဆိုတာ လင်းရီ နားမလည်သော်လည်း ပြန်ဖြေလိုက်၏။

"ဒါပေါ့..မင်းတို့ ယွမ်တုံး အုပ်စုကပဲ တည်ဆောက်ထားတဲ့ ကျိုးဟိုင်က အထင်ကရ အဆောက်အုံကြီးမလား..."

အတိတ်တွင် လင်းရီ ထိုအကြောင်း မသိသော်လည်း သူ၏ ပိုင်ဆိုင်မှု ဖြစ်နေသောကြောင့် ရင်းနီးနေတာ သဘာ၀ပင်။

"မဆိုးပါဘူး..နင်တော်တော်လေးတော့ သိသားပဲ.."မိုချင်း၀မ် အပြုံးလေးဖြင့် "အမြွာမျှော်စင်ဆိုတာက ငါတို့ ယွမ်တုံး အဆောက်အအုံကနေပြီးတော့ ဒေါ်လာ ၁၄.၈ဘီလီယမ် အကုန်ကျခံပြီး ဆောက်ထားတဲ့ ကမ္ဘာ့ထိပ်တန်း စီးပွားရေး အဆောက်အအုံကြီးပေါ့...ဒါပေမယ့် မနေ့တုန်းကပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ တိုင်ကွန်း တစ်ဦးက ဒေါ်လာ ၁၈ ဘီလီယမ် ပေးပြီးတော့ အမြွှာမျှော်စင်ကို ၀ယ်သွားတယ်လေ..အဲ့ဒါ ငါတို့ ကုမ္ပဏီ အထက်ကြီးပိုင်းတွေလည်း ၃ဘီလီယမ်လောက် မြတ်သွားတော့ ရှော့ခ်တောင် ရသွားတယ်...."

"အဲ့တော့..."လင်းရီ မေးခွန်း အစပျိုးပေးလိုက်သည်။

"အဲ့တော့ တိုင်ကွန်းက ဒီနေ့ စာချုပ်စာတမ်း ကိစ္စ လုပ်ဖို့ လာခဲ့မယ်တဲ့..အဲ့ဒါကြောင့် ငါတို့ ကုမ္ပဏီ ဒုဥက္ကဌ လော့၀မ်နဲ့ ကျန်တဲ့ အမှုဆောင်တွေ အကုန်လုံး အတူစောင့်နေကြတာ..."မိုချင်း၀မ် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။

"တကယ်လို့ ငါတို့ ဥက္ကဌကြီးတာ အလုပ်ခရီး မသွားခဲ့ဘူးဆိုရင် သူလည်း ဒီမှာ ရှိနေမှာ အသေအချာပဲ။"

လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ယွမ်တုံး အုပ်စုမှ ယခုကဲ့သို့ ကြီးမားသည့် ရှိုးပွဲကြီး ပြင်ထားလိမ့်မည်လို့ မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း ၁၄.၈ ဘီလီယမ်တန်သော အမြွှာမျှော်စင်ကို စနစ်မှ ‌၁၈ ဘီလီယမ် ပေး၀ယ်လိုက်သည့်အတွက် သူတို့ အမြတ်ငွေမှာ သုံးဘီလီယမ်ကျော်နေပြီဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ တခမ်းတနားကြီး လုပ်နေခြင်းကို နားလည်ပေး၍ ရ၏။

"ချင်း၀မ် ..မင်းဒီမှာ ဘာလုပ်နေတာလဲ..."

သူတို့ နှစ်ယောက် စကားပြောနေတုန်း မြည်တွန်တောက်တီးသည့် အသံတစ်သံကို ကြားလိုက်ရ၏။ လှည့်ကြည့်လိုက်သောအခါ အသက်သုံးဆယ်အရွယ်ရှိ ၀တုတ်နေသော ဖက်တီးကြီး တစ်ဦးကို မြင်လိုက်ရသည်။ ထို့ပြင် မျက်နှာထက်၌ မောက်မာသည့်အသွင်ကိုလည်း ပြုလုပ်ထားသေး၏။

"ဒါလင်..ရှင်ရောက်လာပြီလား..."

သူမလူကိုမြင်တော့ မိုချင်း၀မ်၏ မျက်လုံးလှလှလေးများ မှေးသွားသည်အထိ ပြုံးလိုက်ပြီး ဖက်တီးကြီး၏ လက်မောင်းကို ဆွဲဖက်လိုက်သည်။

"ဒါလင်..ဒါက မေ့ရဲ့ ကျောင်းတုန်းက အတန်းဖော်သူငယ်ချင်း လင်းရီတဲ့...မေတို့ ခုလေးတင် ဆုံလို့ စကားပြောနေကြတာလေ..."

မိုချင်း၀မ် လင်းရီကို သူ့ဘဲကြီးနှင့် မိတ်ဆက်ပေးလိုက်၏။

"လင်းရီ..သူက ငါ့ရည်းစား ရန်ကျုံးရွှီတဲ့...ယွမ်တုံးအုပ်စုရဲ့ မားကတ်တင်းမန်နေဂျာပေါ့..တစ်လ၀င်ငွေကတော့ ယွမ်၅သိန်းအထက်ပဲ..."

လင်းရီ နှုတ်ဆက်သည့်အနေဖြင့် ၀တ်ကျေတမ်းကြေ ခေါင်းညိမ့်ပြလိုက်သည်။

"လင်းရီ ငါတို့ ဒီည ညစာ အတူစားပြီးတော့ ငါ့ကောင်လေးကို နင့်အတွက် အလုပ်စီစဉ်ပေးဖို့ ပြောလိုက်ရမလား..ဘာပဲ ဖြစ်ဖြစ် တက္ကသိုလ်မှာ ကော်မတီ၀န်ထမ်း လုပ်တာထက်တော့ ကောင်းတာပေါ့..."

မိုချင်း၀မ်ကတော့ လင်းရီ သူမ၏ ဖိတ်ခေါ်မှုကို ငြင်းလိမ့်မည် မဟုတ်ကြောင်း သေချာနေလေ၏။

ယွမ်တုံး အုပ်စုမှာ ကုမ္ပဏီအကြီးစားကြီး တစ်ခုပင်။ ထိုနေရာ၌ အလုပ်လုပ်သည်က ကျောင်းမှာ တောက်တိုမယ်ရ လုပ်သည်ထက်တော့ ပိုကောင်း၏။

လင်းရီသာ မရူးပါက သေချာပေါက် ငြင်းပယ်လိမ့်မည် မဟုတ်ပေ။

မိုချင်း၀မ်ကတော့ တိတ်တခိုးလေး ၀မ်းသာနေမိသည်။

သူမကောင်လေး၏ လုပ်ပိုင်ခွင့်နှင့် လင်းရီအတွက် အလုပ်တစ်ခု စီစဉ်ပေးရန်မှာ ဘာမျှ အပမ်းမကြီးပေ။ ဤနည်းလမ်းဖြင့် သူမနှင့် လင်းရီတို့ အနာဂတ်တွင် ပိုမို ထိတွေ့ ဆက်ဆံ နိုင်ပေလိမ့်မည်။

ဟီးဟီး ငါ့အတွက် ပိုက်ဆံဖြုန်းပေးမယ့် ကောင်လေးနဲ့ လင်းရီလို ပါပီလေး တစ်ယောက် ရှိတာလည်း မဆိုပါဘူးဟ...

"စားမယ် ဟုတ်လား..."

လင်းရီ ဘာမျှ မပြောရသေးခင် ထိုဘဲကြီးမှ ပြောလာ၏။"ငါ သူစိမ်းတွေနဲ့ စားတဲ့ အကျင့် မရှိဘူး.ပြီးတော့ ငါ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ငါနဲ့စားတဲ့သူတွေ အကုန်လုံးက သူဌေးတွေ အထွေထွေ မန်‌နေဂျာတွေ ကြီးပဲ....သူ့လိုကောင်နဲ့ အချိန်ဖြုန်းရမှာ မတန်ဘူး..."

"အိုး..အဲ့လိုလား.."မိုချင်း၀မ် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူမ၏ အကြံကတော့ ပျက်စီးသွားချေပြီ။

ကြည့်ရတာတော့ နောက်မှ အခွင့်ရေး ထပ်ရှာရမယ့်ပုံပဲ။

"ငါလည်း ခုတလောမအားဘူး..နောက်မှပေါ့..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

မိုချင်း၀မ် မျက်မှောင်ကြုတ်သွားပြီး ခေါင်းရမ်းမိလိုက်သည်။ လင်းရီကတော့ ကျောင်းတုန်းက လင်းရီ အတိုင်းပင်။

သူက ကျောင်းမှာ တောက်တိုမယ်ရတောင် လုပ်နေပြီးတော့မှ မာနလေး နိမ့်ချိုးဖို့ရာကျ မဖြစ်နိုင်ဘူးတဲ့လား...

အကယ်၍ တခြားတစ်ယောက်ဆိုပါက သူမလူဆီကနေ အကူညီ မရရအောင် တောင်းခံနေလောက်ချေပြီ။

ကျုံးရွှီကတော့ လင်းရီကို ဘာမျှမဟုတ်သည့်ကောင်ကဲ့သို့ ကြည့်လိုက်‌ပြီး သူပြောတာကို စိတ်ထဲ ထည့်မ‌နေတော့ချေ။

"သွားစို့...လျှို့ဝှက်ဆန်းကြယ်တဲ့ တိုင်ကွန်းကြီးက လာတော့မယ်..မင်းက ငါတို့ ကုမ္ပဏီရဲ့ မျက်နှာဖုံးပဲ...ဘာမှ မလွဲချော်စေနဲ့..."

"မပူပါနဲ့..ကျွန်မ လုပ်ရမယ့်ဟာတွေ မှတ်မိပါတယ်.."

ထိုသို့ ပြောပြီးနောက် လင်းရီကို ကြည့်လိုက်ပြီး "လင်းရီ ငါ့မှာ ကိစ္စလေး ရှိနေလို့ သွားတော့မယ်နော် နောက်မှ ဆက်ပြောကြတာပေါ့..."

"အိုကေ..လုပ်စရာရှိတာသာ သွားလုပ်"

ထိုစုံတွဲထွက်သွားပြီးနောက် လင်းရီ နာရီကို ကြည့်လိုက်သောအခါ ချိန်းထားသည့် အချိန်ရောက်တော့မည် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ဤသို့ဖြင့် မစ်တီးတစ်ဘူး၀ယ်၍ ဧရိယာAသို့ လျှောက်သွားလိုက်တော့၏။

မိုချင်း၀မ်နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက် အချို့ကတော့ ရှေ့ဆုံးတွင် ရပ်နေကြသည်။ အဘယ်ကြောင့် ဆိုသော် သူမတို့၏ လှပမှုကြောင့် ကုမ္ပဏီက မျက်နှာဖုံး အဖြစ်ထားထား၏။

"ငါက အဆောက်ဦး နှစ်ခုလေးတည်း ၀ယ်ခဲ့တာကို ဒီလောက်ကြီး လုပ်နေရလားဟ.."

တီးတိုး ရေရွတ်လိုက်ရင်း လင်းရီ မစ်တီးဘူးကိုင်၍ ဧရိယာAသို့ သွားလိုက်၏။

လင်းရီ သူတို့ဆီ လျှောက်လာသည်ကိုမြင်တော့ ကျုံးရွှီ ရှော့ခ်ရသွားပြီး "ချင်း၀မ်..မင်းရဲ့ အတန်းဖော်က ဘာလာလုပ်နေတာလဲဟ..ဒီနေရာက သူနဲ့ မဆိုင်ဘူး..မောင်းထုတ်ပစ်လိုက်စမ်းကွာ..."

မိုချင်းရန်လည်း စိုးရိမ်ကြောက်လန့်သွား၏။

သူမ လင်းရီကို ကုမ္ပဏီမှာ ဘာဖြသ်နေလဲဆိုတာ ရှင်းပြပြီး‌ပြီလေ..အဲ့တာကို သူက ဘာလုပ်နေတာလဲတဲ့...

ပြဿနာ လာရှာနေတာများလား...

"လင်းရီ ဘေးကိုသွား..ဒီနားက နင် လမ်းလျှောက်လို့ရတဲ့ နေရာ မဟုတ်ဘူးဟဲ့..."

ရှေ့တွင်ရပ်နေသော ချင်း၀မ် ပြောလိုက်ပြီး "လျို့ဝှက်ဆန်းကြယ်တဲ့ တိုင်ကွန်းကြီးက လာတော့မှာ ငါတို့ကို မနှောင့်ယှက်နဲ့..."

"ငါက မင်းတို့ ပြောပြောနေတဲ့ တိုင်ကွန်းကြီးကော မဖြစ်နိုင်ဘူးလား ..."

"ဘာ တိုင်ကွန်းတုန်း..နင့်အကြောင်း မသိတာ ကျနေတာပဲ..ကျောင်းတက်တုန်းကတောင် ကျောင်းကနေ ချေးငွေ‌တွေအများကြီး ထုတ်နေတဲ့သူကများ အမြွှာမျှော်စင်ကို ဘယ်ပိုက်ဆံနဲ့ ၀ယ်မှာလဲတဲ့...မြန်မြန် ထွက်သွားလိုက်တော့..."

မိုချင်း၀မ်ကတော့ ဒေါသထွက်လွန်း၍ သေချင်နေတော့သည်။ ဒီ

ကောင်ကတော့ ခေါင်းမာလှချည်လားဟ...ခုထိ ပေကပ်ကပ် လုပ်နေတုန်း

"မိုချင်း၀မ် ..မင်းဘာတွေ လုပ်နေတာလဲ..."

အေးစက်နေသော လေသံက မိုချင်း၀မ်၏ ဒေါသမီးများကို ရေခဲနှင့် လောင်းလိုက်သကဲ့သို့ ဖြစ်သံားသည်။

"ဒါရိုက်တာလော့..ကျွန်မတောင်းပန်ပါတယ်..ဒီလူက ကျွန်မရဲ့ အတန်းဖော်ပါ..ဘရိန်းက နည်းနည်းလေးချောင်နေတာမို့ စိတ်မရှိပါနဲ့နော်..ခုပဲ မောင်းထုတ်

လိုက်ပါ့မယ်..."

"ဟုတ်တယ် ဟုတ်တယ်..ဒီကောင်က ခေါင်းသိပ်ကောင်းတာ မဟုတ်ဘူး..ကျေးဇူးပြုပြီး ‌စိတ်လျှော့ပါဦးဗျ ဒါရိုက်တာလော့ရ..."

ရန်ကျုံးရွှီ ဒေါသထွက်၍ သူ၏ နှုတ်ခမ်း ကွေးညွှတ်သွားပြီး "လုံခြုံရေးတွေ လာကြစမ်း..ဒီကျပ်မပြည့်တဲ့ကောင်ကို မောင်းထုတ်လိုက်ကြစမ်းကွာ..."

ဖြန်း..

လော့၀မ် ဘာတစ်ခွမ်းမျှမဆိုပဲ ရန်ကျုံးရွှီကို ပါးပိတ်ရိုက်လိုက်သည်။

"ငိုးမသား မင်းဒီမှာ မလုပ်မလုပ်ချင်တော့ဘူးလားကွ...မလုပ်ချင်ရင်လည်း ပြောလိုက်..ခုတစ်ခါတည်း ထွက်သွား..."

အမှုဆောင်အဖွဲ့၀င်များ အားလုံး ရှော့ခ်ရသွားခဲ့ကြ၏။

စီအီးအိုလော့က သန့်ရှင်းရေး ၀န်ထမ်းနဲ့ စကားပြောရင်တောင်မှ ယဉ်ကျေးတဲ့သူလေ..ဘာလို့ ‌ဒေါသတွေ အရမ်း ထွက်နေရတာလဲဟ...ပြီးတော့ ဆဲတောင် ဆဲလိုက်သေးတယ်..

ရန်ကျုံးရွှီလည်း သူ၏ မျက်နှာကို ကြောင်အစွာ ကိုင်၍ "လော့...ဒါရိုက်တာလော့...ကျုပ်ကို ဘာလို့ ရိုက်တာလဲဗျ..."

"မေးနေသေးတာလား..."လော့၀မ် ရန်ကျုံးရွှီ၏ နှာနှာခေါင်းကို လက်ညိုး ငေါက်ငေါက်ထိုး၍ "မင်းရှေ့က လူက အမြွှာမျှော်စင်ကို ၀ယ်သွားတဲ့ မစ္စတာလင်းပဲ..မင်းက ကျပ်မပြည့်တဲ့ကောင်လို့ ခေါ်ရဲတယ်ပေါ့...ဒီမှာ အလုပ်ဆက်မလုပ်ချင်တော့ဘူးနဲ့တူတယ်...မင်း....အထုပ်တွေ ပြင်ပြီး လစ်လိုက်တော့...."

All Chapters