← Chapters

အခန်း (၁၁၉)

Vol. 8 Ch. 119

အခန်း (၁၁၉)

Vol. 8 Ch. 119

"ဘယ်...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

မိုချင်း၀မ်နှင့် ရန်ကျုံးရွှီတို့ မြေပြင်တွင် အမြစ်တွယ်နေသကဲ့သို့ ရပ်တန့်နေကြပြီး စိတ်ထဲတွင်တော့ မိုးပြိုနေသလို ခံစားနေရကာ စဉ်းစားဆင်ခြင်နိုင်စွမ်း ဆုံးရှုံးသွားတော့၏။

"ဘာကို မဖြစ်နိုင်တာလဲ.."လော့၀မ် ပြောလိုက်သည်။

"မင်းမှာ မစ္စတာလင်းလိုမျိုး အတန်းဖော်ရှိတာ ဘယ်လောက်ကောင်းလိုက်လဲ..ဒါတောင်မှ မင်းက သူ့ကို စော်စော်ကားကား လုပ်ရဲတယ်ပေါ့..မင်းတို့လို ကောင်မျိုးတွေက ငါ့ရဲ့ ယွမ်တုံးအုပ်စုမှာ အလုပ်လုပ်ဖို့ မတန်ဘူး..."

မိုချင်း၀မ် လင်းရီကို တစ်ဖန် ပြန်ကြည့်လိုက်၏။ ထိုအချိန်တွင်တော့ သူမ လင်းရီကို ဖောက်ထွင်း မမြင်နိုင်တော့ချေ။

ဘွဲ့ရပြီးတာတောင်မှ နှစ်၀က်လောက်ပဲ ရှိသေးတာလေ...သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ချမ်းသာလာတာလဲတဲ့...

ထီဆုကြီးပေါက်ရင်တောင်မှ ဒီလောက် ချမ်းသာဖို့ရာ မဖြစ်နိုင်ဘူး...

"လင်း...လင်းရီ နင်တကယ်ကြီး အမြွှာ်မျှော်စင်ကို ၀ယ်လိုက်တယ်ပေါ့...."

မိုချင်း၀မ် မယုံနိုင်စွာဖြင့် ထပ်ခါ တလဲလဲ မေးနေမိတော့သည်။

လင်းရီ ပခုံး တွန့်လိုက်ပြီး "ငါခုလေးတင် ပြောလိုက်တာပဲ မဟုတ်လား...မင်းက မယုံမှတော့ ငါလည်း ဘာတတ်နိုင်မှာ..."

လင်းရီ အမြွှာ မျှော်စင်ကို မည်သို့ ၀ယ်ခဲ့လဲဆိုတယ စဉ်းစား၍ မရသေးချေ။

သို့သော်လည်း သူ၏ အတန်းဖော်ဟောင်းကြီးမှာ အချီကြီး ထောထားသည်ကတော့ သေချာ၏။

လင်းရီမှာ ဘီလီယမ်နာ တစ်ယောက်ဖြစ်ရပေမည်။

"မစ္စတာလင်း ဒီ‌ဇာတ်ရှုပ်ကြီးကို ကြည့်စမ်းပါဦးဗျာ..နဂါးဘုရင်ရဲ့ နန်းတော်ထဲ ရေကြီးသွားသလိုပဲ..တစ်မိသားစုလုံးလည်း အချင်းချင်း မသိကြတော့ဘူး..."ရန်ကျုံးရွှီ အပြုံးလေးဖြင့်.."ခုနလေးတင် ကျွန်တော်တို့ ညစာ စားကြမယ် ပြောနေတာမလား..ဒီည အားနေတာနဲ့အတော်ပဲ..အတူသွားစားကြရအောင်လေ ချင်း၀မ်လည်း ပါမှာ...မစ္စတာလင်း ခံတွင်းတွေ့စေရမယ်လို့ အာမခံတယ်ဗျာ..."

"ဟမ့်...မင်းလိုကောင်မျိုးကတောင် အထွေထွေ မန်နေဂျာတွေနဲ့ အတူစားတယ် ဆိုရင် ငါ့လို အဆင့်နဲ့ကျ ဘယ်လိုကောင်တွေနဲ့ စားရမှာလဲ..."လင်းရီ ဖျော့တော့စွာ ပြောလိုက်ပြီး "မင်းက ငါနဲ့ ညစာ အတူစားဖို့ တန်တယ်လို့များ ထင်နေလား..."

"ဒါ....."

ရန်ကျုံးရွှီ ရှက်လွန်း၍ လည်ပင်းထိ နီရဲလာတော့သည်။

မျက်နှာ ဖြတ်ရိုက်ခြင်းပင်။ အမှန်အကန်ကြီး မျက်နှာ ဖြတ်ရိုက်သွားခြင်းပင်။

"မစ္စတာလင်း အဲ့လိုကောင်တွေနဲ့ စိတ်ရှုပ်ခံမနေနဲ့...အစည်းဝေးခန်းထဲ သွားကြရအောင် စာချုပ်စာတမ်းတွေ အကုန် ရယ်ဒီပဲ..."

လော့၀မ် ပြောလိုက်လေသည်။

"ကောင်းပြီ သွားစို့..."

လင်းရီ သူတို့ နှစ်ယောက်ကို လျစ်လျူရှု၍ လော့၀မ်နှင့်အတူ ယွမ်တုံး အဆောက်အဦးထဲသို့ ၀င်သွားခဲ့သည်။

"ငါက လျို့ဝှက်ဆန်းကြယ်တဲ့ တိုင်ကွန်းကို သက်လတ်ပိုင်းအရွယ်လောက် ဖြစ်မယ်ထင်ထားတာ ဒီလောက်ငယ်မယ်လို့တောင် ထင်မထားဘူး...ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်လဲ.."ယွမ်တုံး အုပ်စုရှိ အမျိုးသမီး ၀န်ထမ်းများမှ တီးတိုးတီးတိုးနှင့် အချင်းချင်း ပြောလိုက်ကြ၏။

"အွန်း...ငါလည်း အဲ့လိုပဲ..အစက ငါ့ကို ထိကပါးရိကပါး လုပ်မှာတောင် စိုးရိမ်နေတာ...တကယ်လို့ မစ္စတာလင်းတာ အဲ့လောက်ချောမှန်း သိလို့ကတော့ ထိရုံတင်မက အကုန်လုံးချွတ်ခိုင်းရင်တောင် မငြိုငြင်ဘူး..."

"ငါတော့သူ့ကို ချစ်မိသွားပြီ..သူက အိုင်ဒေါတွေ ထဲက အိုင်ဒေါ....အမျိုးသားတွေရဲ့ စံပြပုဂ္ဂိုလ်ကြီးပဲ..."

ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် လင်းရီ အစည်းဝေးခန်းထဲသို့ ရောက်ရှိသွား၏။

စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို မြင်တော့ လင်းရီ ရှော့ခ်ရသွားခဲ့သည်။

စာရွက် သပ်သပ်နှင့်တင် ၁၀ စင်တီမီတာခန့် ထူသောကြောင့် လက်မှတ်ထိုးမည် ဆိုပါက အချိန်တစ်ချို့လောက် ပေးရနိုင်၏။

နာရီ၀က်ခန့် ဆိုင်းထိုးပြီးနောက် လော့၀မ် သူ့အား ‌ချီးမွမ်း စကား များ ပြောကြားနေတော့သည်။

"မစ္စတာလင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွန်တော်တို့ကိုတောင် ကျော်တက်သွားပြီပဲ..ကျုပ်တကယ်ပဲ အရှက်ရမိတယ်ဗျာ..."

"ဥက္ကဌလော့က ယဉ်ကျေးလွန်းနေပြန်ပါပြီ..."

"စကားမဆက် မစ္စတာလင်းကို ကျွန်တော် တစ်ခုလောက် မေးလို့ရမလား..."

"ရတာပေါ့..မေးပါ..."

"ခု အမြွှာ မျော်စင်က မစ္စတာလင်းရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီဆိုတော့ ဒီမျှော်စင်ကို ကိုယ်စားပြု ထိန်းသိမ်းပေးမယ့် သူတွေ ရှာပြီး သွားပြီလားဗျ..."လော့၀မ် လေးနက်စွာ မေးလိုက်၏။

"အိုး...မရှိသေးဘူး...ဥက္ကဌလော့မှာ အကြံပေးစရာများ ရှိနေလို့လား..."

"ဒီလိုပါ..ကျုပ်ရဲ့ ယောက်ဖက တင်းဟွာ ကိုယ်ရေးပိုင်ဆိုင်မှု ကုမ္ပဏီကို ထောင်းထားတယ်..ကျိုးဟိုင်မှာဆို ထိပ်တန်းကုမ္ပဏီ သုံးခုထဲကပေါ့..ကျုပ်ရဲ့ ယွမ်တုံး အုပ်စုကိုလဲ သူတို့ပဲ စီမံကြီးကြပ်ပေး နေတာလေ..."

လော့၀မ် ပြုံးလိုက်ပြီး "ဒါပေါ့...တပယ်လို့ မစ္စတာလင်းဘက်ကသာ စဉ်းစားပြီးသား လူတွေ ရှိနေရင်တော့ ကျုပ်ပြောထားတာတွေ မေ့လိုက်ပေါ့ဗျာ.."

"ဟားဟား အတော်ပဲဗျ..ကျုပ်လည်း အမြွှာမျှော်စင်ကို ခုလေးတင်မှ ၀ယ်ထားတယ်ဆိုတော့ စီမံခန့်ခွဲမယ့်သူတွေ မရှာရသေးဘူး..."လင်းရီ ပြောလိုက်ပြီး "ဥက္ကဌလော့က အကြံပြုနေမှတော့ ကျုပ်သူနဲ့ စကားပြောကြည့်လိုက်တာပေါ့..."

"ကောင်းပါပြီ..ကျုပ်သူ့ကို ဆက်သွယ်ပြီးတာနဲ့ မစ္စတာလင်းကို အကြောင်းကြားလိုက်ပါ့မယ်..."

"အိုကေ..."

"မစ္စတာလင်း..ဒီဘက်ကြွပါ..."

"မလိုဘူး...ကျုပ်က တစ်ယောက်တည်း သွားတာ နေသားကျနေပြီ..တခမ်းတနားကြီးတွေ လုပ်မနေနဲ့..တအားကြီး ဧည့်၀တ်ကျေနေတာနဲ့ အသားမကျသေးဘူး..."

"ခင်များ လုပ်စရာရှိတာ သွားလုပ်လိုက်..ကျွန်တော်အရင်သွားတော့မယ်..."

"အဲ့တာဆိုလည်း ကျွန်တော် လိုက်မပို့တော့ပါဘူး..ဖြည်းဖြည်း သွားပါဗျ..."

လင်းရီ ထိုသို့ ပြောလိုက်သော်လည်း လော့၀မ် ပျူငှာစွာဖြင့် ဓာတ်လှေကားထိ လိုက်ပို့ပေးလိုက်၏။

၀မ်လော့ ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချမိလိုက်သည်။ ယခုခေတ်ကြီး၌ မစ္စတာလင်းကဲ့သို့ ဖော်ရွေသော လူငယ်များမှာ ရှားမှရှားပင်။

လင်းရီ ဓာတ်လှေကားဖြင့် ဆင်းလာပြီးနောက် ခန်းမထဲသို့ ရောက်သောအခါ လူတိုင်းက သူ့ကို အထင်ကြီး လေး‌စားနေသည့် မျက်လုံးများဖြင့် ကြည့်နေကြ၏။

လင်းရီမှာ သူတို့ထက် ချမ်းသာ ကြွယ်၀သော်လည်း သူတို့ မနာလို မဖြစ်မိပေ။

သူတို့ မည်မျှပင် ကြိုးစားကြိုးစား ထိုလယ်ဗယ်သို့ မရောက်နိုင်ကြောင်း လက်ခံ ထားသောကြောင့်ပင်။လင်းရီကဲ့သို့သော ပုဂ္ဂိုလ်ကြီးတို့‌မှာ သူတို့ အမြဲတစေ မျှော်ကြည့်နေရမည့်သူများ ဖြစ်ပေသည်။

အမျိုးသမီးအချို့ကတော့ ကံစမ်းချင်နေကြ၏။ မတော်လို့ လင်းရီမှ တော်ကောက်သွားပါက သူမတို့ တစ်ဘ၀လုံး ဘာမျှ မပူမပင်နှင့် နေနိုင်ပြီမဟုတ်ပါလော။

ယွမ်တုံး အဆောက်အအုံ၏ ၀င်ပေါက်တွင်တော့ ရန်ကျုံးရွှီနှင့်မိုချင်း၀မ်တို့ သူမတို့ ပစ္စည်းများကို သိမ်းစည်းထားသည့် ဂျက်ဖာပုံး ကိုယ်စီနှင့် အတူတူရပ်နေကြသော်လည်း တစ်ယောက်နှင့် တစ်ယောက် အတွေးများကတော့ မတူညီချေ။

ရန်ကျုံးရွှီ စိတ်ပျက်လက်ပျက် ဖြစ်နေသည့်အချိန်တွင်တော့ မိုချင်း၀မ်မှာ စိတ်ထဲမှ တိတ်တခိုးလေး ကြိတ်ပျော်နေရှာသည်။

"ချင်း၀မ် ဘာမှ စိတ်မပူနဲ့ သိလား...ကိုအလုပ်ဖြုတ်ခံရတယ်ဆိုရင်တောင်မှ ကို့အရည်အချင်းနဲ့ဆိုရင် တခြားကုမ္ပဏီမှာ စီနီယာ မန်နေဂျာ အေးဆေး လုပ်လို့ရတယ်..မေ့ကို ထောက်ပံ့ပေးဖို့ ပြဿနာ မရှိဘူး..."ရန်ကျုံးရှီံ ပြောလိုက်၏။

"နင်ကတော့ အတွေးလွန်နေပြန်ပြီ..."မိုချင်း၀မ် လေသံမာမာဖြင့် "ငါတို့ တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲ့သင့်ပြီထင်တယ်..အခြေနေတွေက မတူညီကြတော့ဘူး..."

"လမ်းခွဲမယ်...ဘာလို့လဲ..မေပဲကို့ကို လက်ထပ်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား..."ကျုံးရွှီ ဒေါသသံစွက်၍ အော်ဟစ်လိုက်၏။

သူ၏ စကားလုံးများက လိုက်ပို့နေသည့် လုပ်ဖော်ကိုင်ဖက်များအား ရှုပ်ထွေးသွားစေသည်။ သူတို့နှစ်ယောက်က တစ်ချိန်လုံး အဆင်ပြေနေတာ မဟုတ်ဘူးလားဟ...ခုမှ ဘာထဖောက်ပြီးတော့ လမ်းခွဲမယ် လုပ်နေကြတာလဲ...

"လင်းရီက ငါ့ရဲ့ အတန်းဖော်..ပြီးတော့ ငါတို့ ဆက်ဆံရေး အုတ်မြစ်ကလည်း အရမ်းကို အခြေခိုင်ပြီးသား..ကျောင်းတုန်းက သူငါ့ကို ရည်းစားစာပေးထားတာတွေတောင် ထည့်မတွက်ရသေးဘူး....ပြီးတော့ သူခုချိန်ထိလည်း ငါ့အကြောင်းတွေ စဉ်းစားနေတုန်းပဲ...ငါခုလေးတင် နားလည်လိုက်တာက ငါအတူရှိချင်နေတဲ့သူက လင်းရီ ဆိုတာပဲ..."

ကျုံးရွှမ်၏ ရှော့ခ်ရမှုမှာ ဒေါသများ အဖြစ်သို့ ပြောင်းလဲသွားပြီး "မိုချင်း၀မ် ငါမင်းကို အထင်တွေ ကြီးခဲ့မိတာ မှားတာပဲ...မင်းလည်း ဒီလို မိန်းမမျိုး ဖြစ်နေမယ်လို့ ငါတကယ် ထင်မထားခဲ့ဘူး...."

"ငါက ဒီတိုင်း..ငါ့နှလုံးသားရဲ့ ဆန္ဒနောက် လိုက်ပါချင်ရုံလေးတင်ပဲ..ငါတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းက ဒီမှာတင်ပြီးပြီပဲ..ထပ်လည်း မဆက်သွယ်နဲ့တော့..."

"ပြီးဆိုလည်း ပြီးတာပေါ့...ငါ့ရဲ့ အရည်အချင်းနဲ့ဆိုရင် မင်းထက် အများကြီးသာတဲ့ မိန်းမတွေ စိတ်ကြိုက် ယူပစ်လို့ ရတယ်ကွ..."

ထိုသို့ ကျိန်ဆဲပြီးတောက် ကျုံးရွှီ သူ၏ ဂျက်ဖာပုံးကို သယ်၍ ထွက်သွားခဲ့၏။

"ချင်း၀မ် ကျောင်းတုန်းက မစ္စတာလင်း နင့်ကို ရည်းစားစာ ပေးတယ်ဆိုတာ တကယ်လားဟင်..."မိုချင်း၀မ်၏ ကောင်မလေးများမှ အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

"ဒါပေါ့...မှတ်တာမှ သိပ်မှန်..."မိုချင်း၀မ် ရင်ကော့လိုက်ပြီး "အဲ့ဒီအချိန်တုန်းက ငါလည်း စာပဲသေချာ လုပ်ချင်တာနဲ့ ဂရုမစိုက်ခဲ့ဘူးလေ..အဲ့တာကြောင့် သူနဲ့ လွဲချော်သွားတာပေါ့..."

"အဲ့ဒါဆို နင်က သူ့အချစ်ဦးပေါ့..."မိုချင်း၀မ်၏ လုပ်ဖော်ကိုင်ဖက် တစ်ယောက်မှ စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"ဟမ့် ဒါပေါ့..."

"ငါတို့ စောန တွေ့တုန်းကတောင်မှ သူနဲ့ စကားပြောနေတုန်း ကျောင်းက နေ့ရက်တွေကိုတောင် တမ်းတလိုက်သေးတယ်..သူ့လေသံ နားထောင်ကြည့်ရင် ငါ့ကို မမေ့နိုင်သေးတာ သေချာတယ်...အဲ့အချိန်ကတည်းက ငါစိတ်တွေ နည်းနည်း ယိုင်နေပြီးသား...သူ့လို အချစ်ကြီးပြီး သစ္စာရှိတဲ့ ယောက်ျားမျိုးကိုတော့ လက်မလွှတ်ချင်တော့ပါဘူးလေ..."

"ချင်း၀မ်..ဂုဏ်ယူပါတယ်ဟယ်..နင်က ဘီလီယမ်နာ သူဌေးကြီးနဲ့ လက်ထပ်ရတော့မယ်ဆိုတော့ ငါတို့လို ဆင်းရဲတဲ့ သူငယ်ချင်းတွေကို မမေ့သွားရဘူးနော်..."

"မပူပါနဲ့...ငါက နင်တို့ ကောင်မတွေကို ဘယ်လိုလုပ် မေ့နိုင်မှာလဲဟဲ့..."

"ချင်း၀မ်...မြန်မြန် ..မစ္စတာလင်း အဆောက်အဦးထဲက ထွက်လာနေပြီ..."

All Chapters