← Chapters

အခန်း (၁၂၀)

Vol. 8 Ch. 120

အခန်း (၁၂၀)

Vol. 8 Ch. 120

"မြန်မြန် ငါနင့်ကို ခေါ်သွားပေးမယ်..."

မိုချင်း၀မ် သူမ ပုံးကြီးကို လုပ်ဖော်ကိုင်ဖက်များထံ ပေးထားလိုက်ပြီး မိတ်ကပ် နည်းနည်းပါးပါး ပုတ်၍ လင်းရီထံ လျှောက်သွားလိုက်၏။

"လင်းရီ..."

"အိုး...မင်း ခုထိ မသွားသေးဘူးလား..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"အင်း..နင့်ကို စောင့်နေတာလေ.."မိုချင်း၀မ် သူမတစ်ဘ၀လုံး ပြုံးဖူးခဲ့သည့်ထဲမှ အတောက်ပဆုံး အပြုံးကို ပြုံးပြလိုက်ပြီး သူမ လင်းရီကို မြူဆွယ်နိုင်လိမ့်မည်ဖြစ်ကြောင်း သေချာနေတော့၏။

"ဟမ်...ဘာလို့ ငါ့ကို စောင့်နေတာ..."

"ဘာလို့လဲဆိုတော့ နင့်ကို အရမ်း ပြောပြချင်နေတဲ့ အရာ တစ်ခု ရှိလို့ပဲ..."မိုချင်း၀မ် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ အကယ်၍များ လင်းရီသာ သူမ လမ်းခွဲပြီးသွားကြောင်း သိသွားပါက စိတ်လှုပ်ရှားပြီး သူမကို ဖက်လေမလား...

အဲ့လို ဆိုရင်တော့ ရှက်ဖို့ကောင်းမှာပဲ...လူတွေကလည်း အများကြီး ရှိနေတော့...

မိုချင်း၀မ်ကတော့ သူ့အတွေးနဲ့သူ ဟုတ်နေလေသည်။

"ငါခုလေးတင် ရန်ကျုံးရွှီနဲ့ လမ်းခွဲလိုက်ပြီ..."

"အိုး..ဟုတ်လား..."

ဟင်....

လင်းရီ၏ အေးစက်သည့် သဘောထားက သူမကို ကြောင်အ သွားစေ၏။

သူ ကျောင်းတုန်ူက ငါ့ကို ရည်းစားစာပေးထားတယ် မဟုတ်လား..ခု ငါ စင်ဂယ် ပြန်ဖြစ်သွားပြီဆိုတော့ ဘာလို့ ဒီလို အေးတိအေးစက်ကြီး ‌လုပ် နေတာလဲဟ...

ငါက သူ့နှလုံးသားထဲမှာ နတ်ဘုရားမလေး မဟုတ်ဘူးလား...အရမ်းတွေ အပျော်လွန်ပြီးတော့ ငါ့ကို ဖက်ရမှာလေ...အဲ့လို ဖြစ်သင့်တာ မဟုတ်ဘူးလား...

မဟုတ်မှလွဲရော..သူလည်း ငါ့လိုပဲ လူရှေ့သူရှေ့ဆိုတော့ ရှက်နေတာများလား...

၎င်းကို တွေးမိ တော့ ဖြစ်နိုင်ချေများကြောင်း ဆုံးဖြတ်လိုက်သည်။

"နင်ဒီည အားလား..ငါ စင်ဂယ် ပြန်ဖြစ်တဲ့ အနေနဲ့ အောင်ပွဲလေး ကျင်းပ မလို့..အဆင်ပြေတယ် မို့လား..."

လင်းရီ ခေါင်းခါရမ်းလိုက်ပြီး "မပြေဘူး..."

"မဖြစ်နိုင်တာ..နင်ဘာလို့ ငြင်းနေတာလဲ.."မိုချင်း၀မ်မှာ ယခုတိုင် လင်းရီ၏ အပြုအမူကို မရိပ်မိသေးဘဲ ဂုဏ်ယူစွာဖြင့် "နင်ငါ့ကို စာထဲမှာ ငါက နင့်ရဲ့ နတ်ဘုရားမလေးဆို..ခုငါနင့်ကို အခွင့်ရေးပေးနေမှတော့ တန်ဖိုးထားသင့်တယ် မဟုတ်ဘူးလား..."

လင်းရီ ကတော့ ခေါင်းကိုက်နေပြီး နားထင် ပွတ်လိုက်မိသည်။

"ငါမင်းကို အက်ကြောင်းထပ်အောင် ပြောပြီးပြီလေ..အဲ့ဒီစာက ငါ့ရဲ့ အော့ကော ကျန်းစုန့် ရေးထားတဲ့ စာပါလို့...ငါက ဒီတိုင်း သူ့ကိုယ်စား ပေးပေးတာ...ဘာလို့ ခုထိ မယုံသေးတာလဲဟ..."

ဟားဟား......

ဘေးမှ ဝိုင်းကြည့်နေသူများ အားလုံး ရယ်လိုက်ကြသည်။

"မိုချင်း၀မ်ကတော့ သူ့ကိုယ်သူ သောက်ရမ်း အထင်ကြီးနေတာပဲ...မစ္စတာလင်းကို ဥစ္စာပေါ ရုပ်ချေ တဲ့ တိုင်ကွန်းကြီးက ကျန်တာသာ ရှားရင် ရှားမယ်..မိန်းမက‌တော့ မရှားဘူး..အဲ့တာတောင်မှ မိုချင်း၀မ်က သူ့ရင်ထဲက နတ်ဘုရားမလေး လုပ်နေလိုက်သေးတယ်...."

"ဒီလို မိန်းမတွေကတော့ ဒီတိုင်းပဲ..မင်းပိုက်‌ဆံ မရှိရင် မင်းကို ပစ်သွားမယ်..အေး..မင်းပိုက်ဆံရှိလာပြီဆိုလို့ကတော့ ယင်ကောင်တွေလိုပဲ..မင်းနား တဝဲဝဲလည်နဲ့...."

"သာမန် လူတွေ အတွက်ဆိုရင်တော့ သူမက နတ်ဘုရာမလေးပေါ့ကွာ...မစ္စတာလင်းလို အရမ်းကြွယ်တဲ့ ဘူတွေ ရှေ့မှာဆိုရင်တော့ သူ(မ)က အမြီးရမ်းပြနေတဲ့ ခွေးနဲ့ ဘာမှ မခြားဘူး...ဟင်း..."

မိုချင်း၀မ်ကတော့ ပါးလေးငါးခြောက်ချက်လောက် ဆင့်ရိုက်ခံလိုက်ရသကဲ့သို့ ရှက်လွန်းပြီး နီရဲနေလေတော့သည်။

"ကောင်းပြီ မင်းအလုပ် ဆက်လုပ်....ငါသွားတော့မယ်..."

လင်းရီ သူ့ကိုယ်ပိုင် Rolls-Royce phantom ဆီသို့ လျှောက်သွားလိုက်၏။

"မျှော်လင့်ထားတဲ့ အတိုင်း မစ္စတာလင်းက Rolls-Royce ကြီး မောင်းတာပဲကွ...အဲ့ကားဈေးက ကိုးသန်းလောက် ရှိတယ် ကြားတယ်...သောက်ရမ်း ချမ်းသာတာပဲကွ.."

"ဟူး...ငါကတော့ အဲ့လိုကားကြီး မောင်းဖို့ ဘယ်တော့မှ အခွင့်ရေး ရမှာ မဟုတ်ပါဘူးကွာ..."

"မင်းလည်း ပလတ်စတစ် ဆာဂျရီ သွားလုပ်ပြီးတော့ အသက်ခြောက်ဆယ်လောက် ရှိတဲ့ အဘွားကြီး ကိုရှာလိုက်လေ..သူ့ရဲ့ စည်းစိမ်တွေကို ယူပြီးရင် မင်း Rolls-Royce မောင်းလို့ရပြီ.."

မလှမ်းမကမ်းရှိ မိုချင်း၀မ်ကတော့ လင်းရီ၏ Rolls-Royce phantom ကို မြင်တော့ သူမ၏ မျက်လုံးများ တစ်ဖန် အရောင်တောက်ပလာသည်။

သူမ ဤကဲ့သို့ အရှူံးမပေးနိုင်ချေ။

မည်သို့ပင် ဖြစ်စေ သူမ ယခု အခွင့်အရေးကို ရအောင် ယူရပေမည်။

အကယ်၍ သူမသာ လွဲချော်သွားပါက ဘီလီယမ်နာ အမျိုးသားတစ်ဦးကို လက်ထပ်နိုင်တော့မည် မဟုတ်ပေ။

"လင်းရီ...."

လင်းရီ ကားတံခါး ဖွင့်ခါရှိသေး မိုချင်း၀မ်၏ လှမ်းခေါ်သံကို ကြားလိုက်ရသည်။

"ဘာရှိသေးလဲ..."

မိုချင်း၀မ် သူမ မျက်နှာထက်ရှိ ၀မ်းနည်းမှုများကို ဖုံးကွယ်လိုက်ပြ ပျော်ရွင်နေဟန်ဖြင့် "ငါခု အလုပ်လည်း ထုတ်ခံလိုက်ရပြီ ..အတန်းဖော်တွေအနေနဲ့ နင်ငါ့ကို လိုက်ပို့ပေးလို့တော့ ရတယ်မလား။..."

ထို့နောက် လင်းရီ သဘောတူမတူ ပြန်ဖြေသည်ကို စောင့်မနေတော့ပဲ ခရီးသည်ခုံပေါ်တွင် ၀င်ထိုင်လိုက်တော့၏။

"ပြောတာ မှန်တာပဲ..ကားကောင်းတွေက တကယ်ပဲ ကွာခြားလွန်းတယ်..ငါခုလေးတင် ကားပေါ်တက်လိုက်တာ နည်းနည်းလေး အိုက်လာသလိုပဲ..."

မိုချင်း၀မ် လင်းရီကားထဲ ထိုင်လိုက်သည်ကို မြင်တော့ သူမ၏ လုပ်ဖော်ကိုင်ဖက်များအားလုံး အံ့အားသင့်သွားကြသည်။

ဟမ် ပြန်အဆင်ပြေသွားကြပြီလား...

ငါတို့တောင် နည်းနည်းလေး မနာလိုလာပြီ...

လင်းရီကတော့ သူ့ကားထဲ၀င်ထိုင်နေသည့် မိုချင်း၀မ်ကို ဆွံ့အစွာ ကြည့်လိုက်မိသည်။ ကျောင်းတုန်းက ခပ်ချေချေ မိန်းကလေးမှာ ဘွဲ့ရပြီး နှစ်၀က်ကြာမှ အဘယ်ကြောင့် ယခုကဲ့သို့ အရှက်မရှိသည့် ပုံစံ ပြောင်းသွားရသနည်း။

"ငါမင်းကို ၀င်ထိုင်ခိုင်းပြီ မို့လို့လား..."

"ဘာဖြစ်လဲ ငါတို့က အတန်းဖော်တွေပဲဟာကို နင်က ဒီလောက်လေးတောင် လိုက်မလျောပေးချင်ဘူးတဲ့လား..."

မိုချင်း၀မ် အပြုံးလေးဖြင့် ပြောလိုက်၏။

"နင်ထွက်မသွားချင်ဘူး မလား..."

"၀င်ထိုင်ပြီးမှတော့ ငါက ဘာလို့ ထွက်သွားရမှာလဲ..."

မိုချင်း၀မ် စောဒက တက်ပြလိုက်၏။

"ရတယ် အဲ့ဒါဆိုလည်း ထိုင်..."

"အိုကေ..."

မိုချင်း၀မ် တွေးထားသည်မှာ လင်းရီ ကားတံခါးဖွင့်၍ သူမပို ဆွဲထုတ်တော့မည်လားဟုပင်။ ထိုအခါ သူမ၏ အခွင့်ရေး ရလာလိမ့်မည်။

သို့သော်လည်း လင်းရီ ဖုန်းဆက်နေကြောင်း တွေ့လိုကိရ၏။

"လင်းရီ နင်ဟိုတယ် ဘွတ်ကင် လုပ်နေတာ ဆိုရင် ကြိုက်တဲ့နေရာ လုပ်လို့ရတယ်နော်..ငါက ဇီဇာမကြောင်တတ်ဘူး..."

မိုချင်း၀မ် ရှက်သွေဖြန်းလျက် ပြောလိုက်သည်။

"အင်း...ငါ မင်းအတွက် ဟိုတယ် အကြီးကြီးတစ်ခု ဘွတ်ကင် လုပ်ပေးနေတာ ..ပြီးတော့ ပလက်တီနမ် လက်ကောက်နဲ့ ခြေချင်းလေးပါ ပေးဦးမှာ.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"လင်းရီကလည်း..နင်အဲ့လို လုပ်ဖို့ မလိုပါဘူးဟဲ့..ငါက နင့်ဆီ ငွေကြောင့် လိုက်တယ်လို့များ ထင်နေတာလား...ငါက ဒီတိုင်း နင်က အရမ်းသိတတ်ပြီးတော့ မှီခိုလို့ရမယ့် ရင်ခွင်လေးတစ်ခု ဖြစ်နေလို့ပါနော် ခိခိ..နင်က ဒီလောက်မများကြီး လုပ်ပေးမယ်ဆိုတော့ ဒီက ရှက်တာပေါ့လို့..."

အမှန်တော့ မိုချင်း၀မ် အနည်းငယ် စိတ်ရှုပ်နေလေသည်။

သူက ခုနလေးတင် ငါ့ကို ခါးခါးသီးသီး ငြင်းနေတာ မဟုတ်ဘူးလား..ခုကျတော့ စိတ်ပြောင်းတာကလည်း မြန်လိုက်တာ...

ကြည့်ရတာတော့ သူငါ့ကို စွဲလမ်းသွားပြီ ထင်တယ်...

မည်သို့ပင်ဆိုစေ သူမမှာ ကျောင်း၏ အလှဘုရင်မလေး ဖြစ်ပြီး အမျိုးသားထုကြီး၏ ရင်ထဲမှ နတ်သမီးလေးဖြစ်၏။ လင်းရီ စိတ်ပြောင်းလဲ မြန်သည်ကိုလည်း နားလည်ပေး၍ ရသည်။

"အဆင်ပြေပါတယ်..ဘာပိုက်ဆံမှ မကုန်ဘူး.."လင်းရီ ပြောလိုက်၏။

"ဟမ်...ဘာပိုက်ဆံမှ မကုန်ဘူး..."

ဖုန်းခေါ်နေသောကြောင့် လင်းရီ ပြန်မဖြေခဲ့။

"ဟယ်လို လို ၁၁၀ကပါလား..ကျုပ်ကားထဲ ဘယ်ကမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်ရောက်နေပြီးတော့ ဘယ်လိုလုပ်လုပ် မဆင်းဘူးတဲ့.ကျုပ်ခု ယွမ်တုံး အဆောက်အအုံရှေ့မှာပါ လူလွှတ်ပေးဦး..."

"ဟုတ်ကဲ့ ဒါပါပဲ ဖုန်းချလိုက်တော့မယ်..."

"နင်....နင် ရဲကို ဖုန်းဆက်နေတာလား..."

"အင်းလေ..."လင်းရီ ကူကယ်ရာမဲ့နေသည့် အသွင်ဖြင့် ပြောလိုက်ပြီး "ငါမင်းကို ထွက်ဖို့ ပြောတာပဲ ထွက်မှ မထွက်တာ..ဒီတော့ ငါလည်း ရဲကို ဖုန်းဆက်ရုံကလွဲလို့ ဘာများ တက်နိုင်ဦးမှာ..."

"လင်းရီ..ရဲတော့ မခေါ်ပါနဲ့ဟယ်....ငါဆင်းဆိုလည်း ဆင်းပေးပါ့မယ်..."ထိုသို့ပြောရင်း မိုချင်း၀မ် ကားထဲမှ စိတ်ပျက်အားလျော့စွာဖြင့် ဆင်းသွားလိုက်၏။

"အဲ့လိုဆင်းမယ်မှန်း သိရင် ဖုန်းမဆက်ပါဘူးကွာ..အလကား ဖုန်းဘေကုန်တာပဲ အဖတ်တင်တယ်..."

လင်းရီ မောင်းထွက်သွားပြီးနောက် မိုချင်း၀မ်၏ အရှက်မဲ့မှုမှာ လူတိုင်း၏ ပါစပ်ဖျားတွင် ရေပန်းစားနေတော့၏။

လင်းရီ ကျောင်းသို့ တိုက်ရိုက် မပြန်ပဲ အမြွာမျှော်စင်သို့ သွားကြည့်လိုက်သည်။

ခန့်ညား ထည်ဝါသော အမြွှာ မျှော်စင်ကြီးကို ကြည့်ရင်း လင်းရီ၏ ဆုံးဖြတ်ချက်မှာ ပိုမို ခိုင်မာလာတော့၏။

ခုကစပြီး ဒီနေရာက သူ့ကုမ္ပဏီ အခြေစိုက်မယ့် နေရာပဲ။

အနာဂတ်တွင် ဤနေရာမှာ ကတစ်ကမ္ဘာလုံး အာရုံစိုက်မည့် နေရာ တစ်ခု ဖြစ်လာလိမ့်မည်လို့ အာရုံရနေလေ၏။

အမြွှာ မျှော်စင်ရှေ့၌ တခဏမျှ လျှောက်ကြည့်လိုက်၏။ နေ့လယ်ကျော်နေပြီ ဖြစ်ကျောင်း သတိထားမိတော့ လင်းရီ ပန်နီဆူလာဟိုတယ်သို့သာ ပြန်လာလိုက်လေသည်။

နေ့လည်စာ စားပြီးနောက် ကျောင်းသွားတော့မည့် အချိန်တွင် ချင်းဟန်ဆီမှ ဖုန်း၀င်လာခဲ့၏။

"လင်းကြီး...ဘာတွေလုပ်နေတာလဲဟျောင့်..."

"အေး ခုလေးတင် စားပြီးလို့ အလုပ်သွားတော့မှာ..."

"အိုက် သောက်သုံးမကျတဲ့ Didi ကြီး မောင်းမနေစမ်းပါနဲ့ကွာ..ဒီမှာ လေးငါးပတ်လောက် လာဆွဲစမ်းပါဟ.. ငါလည်း နည်းနည်း ပါးပါး မေးစရာလေးတွေ ရှိနေတာနဲ့ အတော်ပဲ ..လာပြီး ထောက်ပြပေးဦး...."

"ငါ Didi မမောင်းတော့တာ ကြာပြီ..ခု တက္ကသိုလ်မှာ ကျူတာ လုပ်နေတာ..."

"ငိုးပဲ..မင်းလိုကောင်ကလည်း ကျူတာ လုပ်လို့ ရသေးတယ်ပေါ့..."ချင်းဟန် အံ့ဩသွားခဲ့သည်။ "ဘာလို့လဲ..ကလပ်က စော်လေးတွေက ပျော်စရာ မကောင်းတော့လို့ တက္ကသိုလ်က စော်လေးတွေနဲ့ ကစားချင်လို့လား ..."

"မင်းလိုမျိုးများ မှတ်နေလား...ငါက နှလုံးသား ကြီးမြတ်တဲ့ ဆရာလင်းကွ..."

"သွားစမ်းပါကွာ..မင်းလည်း အတူတူကိုများ.."ချင်းဟန် ထိုသို့ ပြောလိုက်ပြီး "ဒါနဲ့ မင်းရဲ့ ပန်ဂနီက ဆေးပြန်တင်ပြီး သွားပြီ..ဒီလာပြီး တစ်ပတ်နှစ်ပတ်လောက် ပျော်စရာလေးတွေ ဖန်းတီးလိုက်ရအောင်..."

"ကောင်းပြီလေ..ငါ့ကို ကားပါကင်မှာ စောင့်နေလိုက်..."လင်းရီ ပြောပြီး ဖုန်းချလိုက်၏။

ကျောက်ချီ၏ သူ့အပေါ် လိုက်ဖားယားနေမှုကြောင့် လင်းရီ ကျောင်းသို့ ပြန်မည့် အကြံကို လက်လျော့လိုက်ပြီး ကားပါကင်ဆီသို့ မောင်းသွားလိုက်၏။

ကားပါကင်နေရာသို့ ရောက်သောအခါ ချင်းဟန်မှာတော့ မိနီစကတ်လေးများ ၀တ်ဆင်ထားသည့် စကီလေးတစ်သိုက်ဖြင့် ပျော်မြူးနေလေသည်။

သကောင့်သားနားတော့ မိန်းမလှလေးကို မပြတ်ချေ။

သူနှင့် အရင်‌တစ်ခေါက်က ဆုံခဲ့ဖူးသည့် လီနာ ဆိုသည့် မိန်းကလေးလည်း ရှိနေ၏။

သို့သော်လည်း သူမ၏ ၀တ်စားဆင်ယင်ပုံကတော့ ယခင်ကနှင့်မတူ တမူထားနေလေ၏။ သူမ၏ ဂျင်းပန်၊ဒေါက်မြင့်ဖိနပ်၊အဖြူ၀တ်ကလေးမှာ သူမအား မင်းသမီးလေး သဖွယ် လှပနေစေသည်။

"သခင်လေးလင်း..ရောက်လာပြီလားရှင့်..."

လင်းရီကို မြင်တော့ လီနာ ခက်သွက်သွက်ကလေးပြေးလိုက်ပြီး လင်းရီလက်မောင်းကို ဆွဲလိုက်၏။

သူမ လင်းရီလက်မောင်းကိုပင် သူမ၏ ရင်ဘက်နှင့် ပွတ်ဆွဲလိုက်သေး၏။

"မင်းက ဒီဇိုင်းတွေ ဘာတွေ ပြောင်းလိုက်တော့ ငါတောင် မမှတ်မိတော့ မလို ဖြစ်နေတာ... "

"လီနာ သိသားပဲ သခင်လေးလင်းက ဒီလို စတိုင်မျိုး ကြိုက်မယ်လို့..ဒါကြောင့် လီနာ စတိုင်ပြောင်းလိုက်တာလေ..လှတယ် မလား..."

All Chapters