← Chapters

အပိုင်း(၄၈၃)

Vol. 33 Ch. 483

အပိုင်း(၄၈၃)

Vol. 33 Ch. 483

“သွားစို့.. နောက်တစ်ထပ်ကိုသွားကြမယ်”

ရှစ်ဖုန့်ကနိုးကြားမှုအပြည့်ဖြစ်နေ

သောမျက်နှာနှင့်ရှစ်ကျင်းရွှိုက်၏

ရှေ့၌ဆင်းသက်၍ ပြောလိုက်သည်။

“ကောင်းပြီ”

ရှစ်ကျင်းရွှိုက်က တည်ငြိမ်သောမျက်နှာထားဖြင့်   ပြန်လာသော  ရှစ်ဖုန့်ကိုကြည့်၍ ခေါင်းညိမ့်လိုက်သည်။

ထို့နောက် နှစ်ယောက်သား   လှေကားအတိုင်းလျှောက်လှမ်းဆင်းသွားပြီး  လှေကားအုံရှိ ဝင်ပေါက်အားကြည့်လိုက်သည်။  ရှစ်ဖုန့်ကရှေ့ကဦးဆောင်ပြီး ရှစ်ကျင်းရွှိုက်ကသူ၏နောက်မှ

လိုက်ပါလာသည်။

သို့သော်  ရှစ်ဖုန့် လှေကားတစ်ဝက်သို့ ရောက်ရှိသောအခါတွင်  မှုန်မှိုင်းပြီး အေးစက်သော လေစီးကြောင်းတစ်ခုက ရုတ်တရင်ဝင်ပေါက်အတွင်းမှ ထပ်မံဖြတ်သန်း၍ သိမ်းကျုံးတိုက်ခတ်သွားပြန်သည်။

“ဟမ်”

ရှစ်ဖုန့်မျက်မှောင်ကြုတ်လိုက်သည်။ ဤတစ်ကြိမ်တွင်သူတို့ကအနက်ပိုင်းပိုကျသောနေရာသို့သွားခဲ့ပြီး  မှုန်မှိုင်းပြီး အေးစိမ့်သောလေစီးကြောင်းမှာယခင်က ထက်ပိုသန့်စင်၍ ပိုသိပ်သည်းလာသည်။  ၎င်းကပို၍ အေးခဲက အဖျက်ဓာတ်တို့များလာ၏။

အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်၏ကိုယ်၌ သွေးနီရောင်မီးတောက်တစ်ခုထွန်းလင်းလာပြီး  မှုန်မှိုင်းအေးစက်သောလေစီး

ကြောင်းထံသို့လောင်ကျွမ်းသွားစေသည်။ ဤတစ်ကြိမ်တွင် မှုန်မှိုင်းအေးစိမ့်သောလေစီးကြောင်းက  ပြတ်တောင်းပြတ်တောင်းဖြစ်နေသေးသည်။ ရှစ်ဖုန့်က၎င်းအားခဏမျှခုခံပြီးနောက်  မှုန်မှိုင်းအေးစိမ့်သော လေစီးကြောင်းမှာ ဖျက်ခနဲ ပျောက်ကွယ်သွားသည်။

“ဒီမှိုင်းမှိုင်းအေးစိမ့်တဲ့လေစီးကြောင်းက ဘယ်လိုအရာမျိုးလဲ..

အဲ့တာတစ္ဆေသင်္ဘောရဲ့အောက်ခြေက

လာတာဖြစ်လိမ့်မယ်.. တစ္ဆေသင်္ဘောအောက်ခြေမှာ

ဘယ်လိုအရာမျိုးရှိနေတာလဲ”

ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ကိုယ်ပေါ်မှ သွေးနီရောင်မီးတောက်ကိုရုတ်သိမ်း၍ ချင့်ချိန်တွေးဆလိုက်သည်။ လေးစီးကြောင်းပျောက်ကွယ်သွားပြီးနောက် ရှစ်ဖုန့်ကအောက်ဘက်အမှောင်ထုအတွင်းဆက်လက်လျှောက်လှမ်းသွားလိုက်သည်။

“ဝူး..ဝူး.ဝူး..ဝူး..”

တတိယအလွှာသို့ရှစ်ဖုန့်ဝင်ဝင်ချင်း  လွန်စွာပရမ်းပတာနိုင်သောအော်သံတစ်ခုက  တတိယအလွှာအတွင်း၌ ပဲ့တင်ထွက်ပေါ်လာသည်။ ထို့နောက်ချက်ချင်း   သူ့ရှေ့၌လွန်စွာကြီးမားသော ဖြူဖျော့သည့်ပုံရိပ်တစ်ခုက သူ့ထံသို့ လွှားခနဲလာနေသည်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။

“ဘုရား.. အဲ့တာက ဘာကြီးတုံး”

ရှစ်ကျင်းရွှိုက်သည်လည်း  လှေကားအတိုင်းဆင်းလာခဲ့ပြီး ရှစ်ဖုန့်၏နံဘေးနား၌ရပ်လိုက်သည်။ သူကကြီးမားပြီးဖြူဖျော့သော

လူသားပုံစံသတ္တဝါကိုကြည့်၍ ပြောလိုက်သည်။

ဤအရာက ခြောက်မီတာ ခုနှစ်မီတာခန့်ပိုမိုမြင့်မား၏။ ၎င်းက လူသားတစ်ယောက်၏ ပုံသဏ္ဍန်ရှိသော်လည်း  ၎င်း၏ ကိုယ်၌ အဖြူရောင်တို့ဖုံးလွှမ်းနေပြီး   ကြမ်းကြုတ်ခက်ထန်သော တစ္ဆေမျက်နှာများရှိသည်။ ဤတစ္ဆေမျက်နှာများမှာ ၎င်းတို့၏ အသိစိတ်အားဆုံးရှုံးထားပုံရ၏။  ၎င်းတို့က ရှစ်ဖုန့်၏ ရှစ်ကျင်းရွှိုက်တို့အား သားရဲရိုင်းများကဲ့သို့ ပြင်းပြင်းထန်ထန်ဟစ်အော်နေကြသည်။

မကောင်းဆိုးဝါးများအားကြည့်၍ ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒါက အစတုံးကတော့ မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်ပဲ ဖြစ်လိမ့်မယ်.. ဒါပေမဲ့ အဲ့တာက ဝိညာဉ်တွေကို စတင်ဝါးမျိုလာခဲ့တယ်..  သူဝါးမျိုထားတဲ့ ဝိညာဉ်ပမာဏက များပြားလွန်းပေမဲ့  ဘယ်လိုကြေညက်အောင်လုပ်ရမ

လဲဆိုတာကိုမသိဘူး..

သူ့ရဲ့ကိုယ်ကပြောင်းလဲသွားရုံတင်မကဘဲနဲ့  သူ၏ အသိဉာဏ်ကလည်း ပရမ်းပတာတွေဖြစ်ကုန်တယ်.. ဒီအရာက  သားရဲရိုင်းတစ်ကောင်လိုဖြစ်လာတာ”

“အိုး…ညီလေးရှစ်..ညီလေးကတကယ်ကို ဗဟုသုတကြွယ်တာပဲ.. မင်းအရာအားလုံးကို သိနေသလိုမျိုးတောင်ငါခံစားရတယ်...မင်းကဆယ်ကျော်သက်လေးတစ်ယောက်ဆိုတာကို စိတ်ကူးကြည့်ဖို့တောင်ခက်ခက်ပဲ. “

ရှစ်ကျင်းရွှိုက်က ခံစားချက်များဖြင့် သက်ပြင်းချလိုက်ပြီး နောက်ဆက်လက်ပြောသည်။

“ငါမင်းနဲ့အတူရှိနေတဲ့အချိန်မှာ မင်းက သက်ကြားအိုကြီးတစ်ယောက်ကများဝင်ပူးထားသလားဆိုတာကို မနေနိုင်ဘဲသိချင်မိတယ်”

“ခင်ဗျားဘယ်လိုထင်လဲ”

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်၏ မေးခွန်းအားတိုက်ရိုက်မဖြေပေ။

သူ၏လက်ရှိအခြေအနေက တကယ်တမ်း၌ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်အား ဝင်စီးထားခြင်းနှင့် များစွာခြားနားခြင်းမရှိပေ။

သို့သော်ရှစ်ဖုန့်ကစကားပြောနေသော်လည်း သူ၏မျက်လုံးများက  သန္ဓေပြောင်း လူသားပုံစံသတ္တဝါ၏အပေါ်၌စူးစိုက်ထားသည်။

ဤအရာ၏ အသိဉာဏ်က ရှုပ်ထွေးနေသော်လည်း   ၎င်းက မရေတွက်နိုင်သော ယင်ဝိညာဉ်များကိုစုစည်းထားသည့် ဝိညာဉ်တစ်ခုဖြစ်သည်။ ယင်ဝိညာဉ်များ၏စွမ်းအားအား လျှော့တွက်၍မရပေ။

“ဝူး..ဝူး..အား..အား..အား..အား..အား”

မကောင်းဆိုးဝါးက နီးကပ်လာသကဲ့သို့  စိတ်မချမ်းမြေ့ဖွယ်ပရမ်းပတာ အော်ဟစ်သံများကလည်း နီးကပ်လာပြီးလူတစ်ယောက်၏စိတ်ခံစားချက်အား စိုးရိမ်ထိတ်လန့်မှုများကို ဖြစ်ပေါ်စေသည်။

ရှစ်ဖုန့်၏နံဘေး၌ရှိနေသာ ရှစ်ကျင်းရွှိုက်မှာလည်း  အနည်းငယ်စိတ်ရှုပ်ထွေးလာပြီး  ဤအော်သံများ၏အောက်၌ သည်းမခံနိုင်ဖြစ်လာသည်။

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်၏ ပြောင်းလဲမှုအားအာရုံခံမိလိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားအား အလျှင်အမြန်လှည့်ပတ်လိုက်ပြီး  ရှစ်ကျင်းရွှိုက်၏ စိတ်ကိုအော်ပြောလိုက်သည်။

“နိုးထစမ်း.. ဒီယင်ဝိညာဉ်ရဲ့စွမ်းအားက အရမ်း အားကောင်းတယ်..အဲ့ခံစားချက်တွေက ခင်ဗျားကို အလွယ်တကူအနှောက်အ

ယှက်ပေးလိမ့်မယ်.. ကိုယ့်စိတ်ကို သတိမလျော့စေနဲ့”

ရှစ်ဖုန့်၏ ကျယ်လောင်သောအော်သံနှင့်အတူ ရှစ်ကျင်းရွှိုက်တစ်ယောက်  ပရမ်းပတာဖြစ်မှုနှင့် စိတ်အခြေနေသည်းမခံနိုင်မှုတို့မှာ  ရုတ်ခြည်း အသိပြန်ဝင်လာသည်။အစောကအဖြစ်အပျက်အားတွေးမိသောအခါတွင်သူ၏နှလုံးသားထဲ၌ အကြောက်တရားတို့စွဲထင်

ကျန်ရစ်နေဆဲဖြစ်သည်။ အကယ်၍သူသာဤအခြေအနေအတိုင်း

ဆက်သွားခဲ့လျှင်  သူ၏ အသိစိတ်အား သည်းမခံနိုင်မှု၊ဒေါသအိုးပေါက်ကွဲမှုနှင့်ပရမ်းပတာဖြစ်မှုတို့ဖြစ်နေသောစိတ်က ဝါးမျိုသွားမည်ဖြစ်သည်ကို သူကောင်းစွာသိသည်ဖြစ်သည်။  အဆုံးသတ်၌ သူ့ရှေ့တွင်ရှိနေသောမကောင်းဆိုးဝါးကဲ့သို့

သူပြောင်းလဲသွားရလိမ့်မည်ဖြစ်၏။

ဤအရာအားတွေးမိသောအခါတွင် ရှစ်ကျင်းရွှိုက် ရှစ်ဖုန့်အား လွန်စွာကျေးဇူးတင်မှု

အပြည့်ဖြင့်ကြည့်လိုက်သည်။  ရှစ်ဖုန့်၏စကားအတိုင်း

အလျှင်အမြန်လိုက်နာပြီး သူ၏စိတ်အားသတိကပ်လိုက်သည်။

ဤအချိန်တွင် ဧရာမ ယင်ဝိညာဉ်ကောင် က ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်ရှိရာသို့ သားရဲရိုင်းတစ်ကောင်ကဲ့သို့ တစ်ဟုန်ထိုးဦးတည်လာ၏။

“လောင်ကျွမ်းစမ်း”

ရှစ်ဖုန့်က ကြုံးဝါးလိုက်သည်။ သွေးနီရောင်မီးတောက်တို့က သူ၏ကိုယ်မှထပ်မံဟုန်းခနဲထွက်ပေါ်လာပြီး  သူ့အားခုန်အုပ်လာသည့်လွန်စာကြီးမားသော ဖြူဖျောသည့်ကိုယ်ကြီးအား လောင်ကျွမ်းသွားစေသည်။

တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်က ဆုတ်ခွာခြင်းမပြုပေ။ထိုအစား ခုန်အုပ်လာသော ပုံရိပ်ထံသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။

“အား.အား.အား.အား..အား.”

သွေးနီရောင်မီးတောက်၏ တောက်လောင်မှုအောက်တွင်  ဧရာမတစ္ဆေကြီးပေါ်မှ ကြောက်မက်ဖွယ်ကောင်းစွာ ဖြူဖျော့သော မျက်နှာများကမချိတင်ကဲ အော်ဟစ်ကြသည်။

ပင်ကိုယ်အားဖြင့် မီးတောက်များမှာ တစ္ဆေများအတွက် ပြေးမလွတ်နိုင်သော ဝိပါတ်တစ်ခုဖြစ်၏။သို့သော်ယင်းက ယန်ဓာတ်အခြေပြုမီးတောက်များတွင်သာမှန်ကန်သည်ဖြစ်သည်။

ယင်ဓာတ်အခြေပြု သော ကောင်းကင်မီးတောက်က တစ္ဆေများနှင့်ရင်ဆိုင်ရာ၌ ယန်ဓာတ်အခြေပြုမီးတောက်များကဲ့သို့ ပူလောင်ခြင်းမရှိပေ။

သို့သော်၎င်းက အဆင့်ခုနှစ်ကောင်းကင်မီး

တောက်တစ်ခုဖြစ်သေးသည်ဖြစ်သည်။ သွေးနီရောင်မီးတောက်တို့၏ စွမ်းအားအောက်တွင်  ကြောက်မက်ဖွယ်မျက်နှာများမှာ

နာကျင်စွာဖြင့် အော်ဟစ်ငိုယိုနေသည်သာမက မီးတောက်များကြောင့် ဧရာမကိုယ်ကြီးမှာလည်း လေထဲတွင်ရပ်တန့်သွားရပြီး  ရှေသို့မတိုးနိုင်ဖြစ်နေသည်။

ဤအခိုက်အတန့်တွင် ပို၍ပြင်းထန်သောသွေးနီရောင်မီးတောက်တို့နှင့်ရှစ်ဖုန့်က ဧရာမအဖြူရောင်ပုံရိပ်ကြီး၏ ရှေ့သို့ရောက်ရှိလာ၏။ ရှစ်ဖုန့်ထံမှမီးတောက်များ အားလုံးက တလိပ်လိပ်ဖြစ်လာပြီး  နောက်ဆုံး၌ ရှစ်ဖုန့်၏ ညာလက်သီးပေါ်တွင် စုစည်းသွားသည်။

ရှစ်ဖုန့်၏ညာလက်သီးအပေါ်၌ လောင်ကျွမ်းနေသောသွေးနီရောင်မီးတောက်တို့က နှိုင်းယှဉ်၍ မရနိုင်အောင်ရဲရဲနီလွန်းပြီး ကခုန်နေသည်။

ထို့နောက်သွေးနီရောင်မီးတောက်များဖြင့်ဖွဲ့စည်းထားသော ရှစ်ဖုန့်၏ညာလက်သီးက  ငရဲဘုံကိုးခု လက်သီးအားခင်ကျင်းလိုက်ပြီး မကောင်းဆိုးဝါးတစ္ဆေထံသို့ ပြင်းထန်စွာ ထိုးနှက်ချလိုက်သည်။ ၎င်းက  ဝိညာဉ်ခန္ဓာ၏ ထိပ်ပိုင်းရှိ အကြီးမားဆုံး၊အခက်ထန်ဆုံးနှင့် အကြမ်းကြုတ်ဆုံးဖြစ်သော ဦးခေါင်းအားထိမှန်သွားသည်။

“ဝုန်း”

“ဝူး”

ရှစ်ဖုန့်၏လက်သီးချက်အောက်၌   အကြီးမားဆုံးသောဦးခေါင်းကြီးမှာ  ရုတ်ခြည်း အပိုင်းပိုင်းကြေမွပျက်ဆီးသွားသည်။ ထိုတင်မက  တစ္ဆေမျက်နှာများဖြင့် လွှမ်းခြုံနေသော ဧရာမကိုယ်ကြီးကလည်းနောက်သို့လွင့်ပျံသွား၏။

ခန္ဓာကိုယ်နောက်သို့လွင့်သွားပြီးသိပ်မကြာခင်  ဦးခေါင်းမှာရှစ်ဖုန့်၏ အပိုင်းပိုင်းခြေမွခံလိုက်ရသည်။ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံးက မီးပန်းများကဲသို့ ပေါက်ကွဲသွားပြီး များစွာသော အဖြူရောင်ဝိညာဉ်များက

ပေါက်ကွဲထွက်လာကာ မှောင်မိုက်သောနေရာတစ်ခုလုံး၌ ပျံသန်းနေကြသည်။

ဤဝိညာဉ်များက ခန္ဓာကိုယ်မှာ ပျံ့နှံ့ထွက်လာသော်လည်း  ၎င်းတို့ကယခင်ကကဲ့သို့ပင်စူးစူးဝါးဝါးဟစ်အော်နေကြသေးသည်။ ၎င်းတို့၏မျက်နှာများ

ကကြမ်းကြုတ်ခက်ထန်နေ၏။ ၎င်းတို့က ခန္ဓာကိုယ်မှာခွဲထွက်ပျံ့နှံ့လာသော်လည်း  သားရဲရိုင်းဝိညာဉ်များကဲ့သို့ အသိဉာဏ်မရှိသောဝိညာဉ်များ

ဖြစ်နေသေးဆဲဖြစ်သည်။

ဟင်းလင်းပြင်ထဲ၌ပျံသန်းနေသော တစ္ဆေများအားကြည့်၍  ရှစ်ဖုန့်၏မျက်လုံးအတွင်း၌ အဖြူရောင်တစ္ဆေများနှင့်

တစ္ဆေတို့၏မျက်နှာများက သာပြည့်နှက်နေသည်။

ဖြည်းဖြည်းချင်း သူ၏နှုတ်ခမ်းထောင့်က လှောင်ပြုံးအဖြစ်တွန့်ကွေးသွားသည်။ လွန်စွာများပြားသော တစ္ဆေများဖြင့်ဆိုလျှင်  သူ၏ဝိညာဉ်စွမ်းအားမှာထပ်မံတိုးတက်လာနိုင်လောက်သည်ဖြစ်သည်။

ရုတ်ခြည်းဆိုသလို ရှစ်ဖုန့်၏နှုတ်ခမ်းထောင့်မှ အပြုံးကပို၍ပို၍ပီပြင်လာပြီး အတွေးတစ်ချက်ဖြင့် ဝိညာဉ်စွမ်းအားကိုအဆက်မပြတ်

လှည့်ပတ်လိုက်သည်။ရှစ်ဖုန့်၏ရှေ့မှောက်တွင် မမြင်နိုင်သော  ဧရာမ ဝိညာဉ်ဝဲကြီးတစ်ခု တိတ်တဆိတ်ပေါ်လာ၏။

ဆက်ရန်……………

ဘာသာပြန်သူ-ARISE

All Chapters