← Chapters

ထန်ရှု၏အစီအစဉ်

Vol. 73 Ch. 1009

ထန်ရှု၏အစီအစဉ်

Vol. 73 Ch. 1009

စိတ်လှုပ်ရှားနေသောအိုးရန်လဲ့အား ကြည့်ရင်း ထန်ရှုက စိတ်ထဲ၌ ကျိတ်ရယ်လိုက်သည်။ ဤအကောင်က ချီသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရုံသာ၊ အိမ်ရာမဲ့ကလေးပထမအသုတ်၏ကျင့်ကြံခြင်းအဆင့်က သူ့ထက် ပိုသန်မာသည်။ ဤအကောင်အား ယောက်သွားကျွန်းပေါ်တွင် ‌ကလေးများနှင့်အတူ လေ့ကျင့်ရန် စေလွှတ်လိုက်လျှင် နောက်ဆက်တွဲဖြစ်ပေါ်လာမည့်မြင်ကွင်းက အလွန်စိတ်ဝင်စားစရာကောင်းပေလိမ့်မည်။

"နောက်ကျနေပြီ။ ငါ ပြန်အနားယူဖို့ အချိန်ကျပြီ"

"အလျင်မလိုပါနဲ့အုံး၊ ညီလေး။ ငါ့မှာ မင်းကို ပြောစရာ တစ်ခုခုရှိသေးတယ်"အိုးရန်လဲ့က လျင်မြန်စွာ ပြောသည်။

"ပြောပါ"ထန်ရှုက ပြန်ပြော၏။

"မကြာသေးခင်က ငါ့မိသားစုက ရတနာတစ်ခုကို ရခဲ့တယ်၊ ဒါပေမယ့် ငါ့ဆွေမျိုးတွေက အဲဒါ ဘာလဲဆိုတာ မဖော်ထုတ်နိုင်ခဲ့ဘူး။ ရှေးဟောင်းပစ္စည်းအကဲဖြတ်ကျွမ်းကျင်သူတွေ၊ ကျော်ကြားတဲ့စုဆောင်းသူတွေကို ဖိတ်ခေါ်ခဲ့ပေမယ့် တစ်ယောက်မှ သဲလွန်စ မရနိုင်ခဲ့ဘူး။ လျှို့ဝှက်ဂိုဏ်းမှကျော်ကြားတဲ့ပုံရိပ်အချို့ ရောက်လာခဲ့ပေမယ့် အကြောင်းမထူးပါဘူးလေ။ အဲဒါ ဘာလဲဆိုတာ မင်း ဖော်ထုတ်ပေးနိုင်မလား"အိုးရန်လဲ့က ‌မေးသည်။

"အာ၊ ဘာလဲဆိုတာ မဖော်သေးနိုင်သေးပေမယ့် ရတနာတစ်ခုမှန်း မင်း ဘာလို့ သေချာနေရတာလဲ"ထန်ရှုက အံ့ဩစွာ မေး၏။

"ဘာလဲဆိုတာ ငါ မသိပေမယ့် အဲဒါ သေချာပေါက် ရတနာတစ်ခုပဲ။ ငါ သိတယ်"အိုးရန်လဲ့က ဂုဏ်ယူစွာ ပြော၏"အဲဒါကို ဘာပစ္စည်းနဲ့ လုပ်ထားလဲဆိုတာ မင်း သိလား။ အဲဒါကို အခြားဂြိုလ်က ဥက္ကာခဲ ဒါမှမဟုတ် တစ်ခုခုနဲ့ လုပ်ထားတယ်လို့ သိပ္ပံပညာရှင်တွေက ပြောတယ်။ ဒါ့ပြင် အဲဒါက သာမန်ဥက္ကာခဲမဟုတ်ဘဲ ကြွယ်ဝတဲ့စွမ်းအင်ဒြပ်ဝတ္ထုတွေ ပါဝင်နေတဲ့ ဥက္ကာခဲပဲ"

"ဒါက ဥက္ကာခဲတုံးတစ်တုံးလား ဒါမှမဟုတ် ဘာလဲ"ထန်ရှုက ‌မေး၏။

"အဲလိုတော့ မဟုတ်ဘူး"အိုးရန်လဲ့က ခေါင်းခါယမ်းကာ ပြောလိုက်သည်"အဲဒါက အပေါ်မှာ အဆင်ဒီဇိုင်းတွေ ထွင်းထုထားတဲ့ ဘဲဥပုံသဏ္ဍာန်သေတ္တာတစ်ခုပဲ၊ ဆန်းပြားတဲ့အက္ခရာစာလုံးအချို့နဲ့ အတော်လေးတူတယ်။ တရုတ်ရဲ့အကျော်ကြားဆုံးသမိုင်းပညာရှင်တွေကတောင် အဲဒီအက္ခရာစာလုံးတွေရဲ့အကြောင်းကို မဖော်ထုတ်နိုင်တာ ကံမကောင်းတာပဲ"

ထန်ရှု၏သိလိုစိတ်က ပြင်းပြလာပြီး သူက မေးလိုက်သည်"အဲဒါ ဘယ်နေရာမှာလဲ။ တစ်ချက်ကြည့်ကြည့်မယ်လေ"

အိုးရန်လဲ့က ပြော၏"အဲဒါက ငါ့မိသားစုရဲ့မြေတိုက်ခန်းထဲမှာ သိမ်းထားတယ်။ ဒါဆို ငါ့အိမ်ကို သွားကြမလား"

အိုးရန်တို့ဆီ မသွားချင်‌သောကြောင့် ထန်ရှုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"လုလုက ငါ့အမျိုးသမီးဖြစ်လာပေမယ့် အခုထိ ငါ သူမကို မလက်ထပ်ရသေးဘူး။ သူတို့ဆီကို ငါ့ရဲ့သားမက်ဆိုတဲ့အဆင့်အတန်းနဲ့ သွားလည်မယ်ဆိုရင် ရှက်စရာကောင်းလွန်းတယ်မဟုတ်လား"

သူက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်"အကိုလဲ့၊ ထာဝရခန်းမမှာ ငါ လုပ်စရာအရေးကြီးကိစ္စအချို့ ရှိသေးတယ်၊ ဒါကြောင့် ငါ အဲကို အရင်သွားဖို့ လိုတယ်။ ပြီးတော့ အခုက ညနက်နေပြီဆိုတော့ ဒီအချိန်ကျမှ မင်းမိသားစုအိမ်ဆီ သွားလည်ဖို့လဲ အဆင်မပြေဘူးလေ။ အဲရတနာကို ထာဝရခန်းမကို မင်း ယူလာပေးရင်ရော ဘယ်လိုလဲ။ ငါ့ကိစ္စတွေ ဖြေရှင်းပြီးရင် မင်း လာတာကို စောင့်နေမယ်လေ"

အိုးရန်လဲ့က တစ်ချက်တွေးသည်။ ညလယ်ခေါင်တွင် ထန်ရှုအနေနှင့် သူ့မိသားစုအိမ်ရာသို့ လိုက်လာသည်က မသင့်တော်လှပေ။ ထို့ကြောင့် ခေါင်းညိတ်ကာ သူ ပြော၏"ကောင်းပြီလေ၊ ငါ အဆင်ပြေပါတယ်။ နောက်ကျရင် အဲရတနာယူပြီး ထာဝရခန်းမကို ငါ လာခဲ့မယ်"

****

ကျေးလက်ဒေသလယ်တောခြံ။

အနောက်ပိုင်းစတိုင်စံအိမ်တစ်ခုထဲတွင် ကူဖူကွေ့က မိန်းမလှလေးနှစ်ယောက်အား လက်မောင်းတွင် ပွေ့ဖက်ထားလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

ကရင်း၊ ကရင်း၊ ကရင်း.....

ဖုန်းမြည်သံက ည၏တိတ်ဆိတ်မှုအား ဖျက်ဆီးသွားသလို ကူဖူကွေ့က နိုးသွားလေသည်။ မျက်နှာဆူပုတ်လျက် မိန်းကလေးနှစ်ယောက်အား တွန်းဖယ်၏။ ထို့နောက် အိပ်ရာဘေးစားပွဲပေါ်ရှိဖုန်းအား ဆွဲယူကာ ဖုန်းခေါ်သူအား ကြည့်လိုက်သည်။ ဖုန်းကိုင်ပြီးနောက် သူက ဒေါသတကြီး ကျိန်ဆဲလိုက်၏"မင်း သေချင်နေတာလား၊ ဟောင်ဇီ။ ဒီ လောက် ညနက်နေပြီကိုး။ ငါ အိမ်ပျော်နေချိန် တစ်ယောက်ယောက် နှောင့်ယှက်တာကို မကြိုက်ဘူးဆိုတာ မင်း မသိဘူးလား"

"ကိစ္စတွေ အလွဲအလွဲအချော်ချော်ဖြစ်‌နေပြီ၊ သူဌေး"တစ်ဖက်မှ တိုးတိုးလေး ပြန်ဖြေလာ၏။

ed?”

ကူဖူကွေ့က ခဏငေးကြောင်သွားသည်။ သူက အိပ်မှုန်စုံမွှားနှင့်ထထိုင်နေသောမိန်းကလေးနှစ်ယောက်အား လှည့်ကြည့်လိုက်၏။ ထို့နောက် အိပ်ရာမှ ထကာ ပြတင်းပေါက်သို့ လျှောက်သွားလျက် တိုးတိုးလေးမေးလိုက်သည်"ဘာဖြစ်လို့လဲ"

"ငါတို့တွေ ယန်ယန်နဲ့သူ့မောင်လေးယန်ဖေတို့ကို အိုးရန်တွေရဲ့ဇိမ်ခံသ‌‌င်္ဘောမှာ ဖမ်းမိသွားတယ် သူဌေး။ ဒါပေမယ့် သုခဘုံအသင်းရဲ့မန်နေဂျာဖြစ်တဲ့အိုးရန်ယွင်က ရုတ်တရက် ဝင်စွက်ဖက်ပြီး သူတို့ကို ပြန်ခေါ်သွားတယ်။ ငါတို့ အဲမှာ ရှိနေတုန်းပဲ၊ ဒါပေမယ့် အိုးရန်ယွင်က သူတို့ကို တစ်ယောက်ယောက်ဆီ ပေးခဲ့ပုံရတယ်"တစ်ဖက်ဖုန်းမှ တိုးတိုးလေးပြန်ဖြေ၏။

အိုးရန်တွေရဲ့အိုးရန်ယွင်လား။

ကူဖူ‌ကွေ့၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ခု လက်သွား၏။ အိုးရန်မိသားစုက ကျင်းမန်ကျွန်းတွင် နောက်ခံနက်ရှိုင်းသည့်အားအကောင်းဆုံးမိသားစုတစ်ခုဖြစ်သောကြောင့် သူက ကြောက်ရွံ့လေ့ရှိခဲ့သည်။ သို့သော် ယခု သူက မကြောက်တော့၊ အများဆုံး စိုးထိတ်ရုံသာ။

ဖူးခန်ခရိုင်မှ ဟွမ်မိသားစုက သူ၏နောက်ခံဖြစ်သည်။ သူ့ညီမက ဟွမ်တို့၏အရေးပါသောဂျူနီယာတစ်ယောက်နှင့် မနှစ်က လက်ထပ်ခဲ့သည်၊ ထို့ကြောင့် ယခု သူနှင့်ဟွမ်တို့က ဆွေမျိုးများ ဖြစ်နေလေပြီ။ ထို့ပြင် ယန်ယန်အား ဖမ်းရန် သူ့လူများ လွှတ်ထားခြင်းက ဟွမ်မိသားစု၏ရည်ရွယ်ချက်နှင့် ထပ်တူပင်၊ အိုးရန်များက သူနှင့် ရင်ဆိုင်မည်ဆိုလျှင် သူတို့က ငြိမ်ထိုင်နေမည်မဟုတ်။

"သူတို့ အခု ဘယ်မှာလဲ"

"သူတို့ကို ခေါ်သွားပြီ။ သူတို့နောက်ကို လူအချို့ လိုက်သွားခိုင်းတယ်၊ ဒါပေမယ့် တစ်ဖက်လူက ငါတို့ နောက်ယောင်ခံလိုက်လာတာကို ဘယ်လိုသိသွားလဲမသိ၊ ငါတို့ကို မျက်ခြေဖြတ်သွားတယ်။ ဒါနဲ့ အခု အိုးရန်တွေနဲ့ယန်မောင်နှမကိုခေါ်သွားတဲ့လူကိုပဲ စောင့်ကြည့်နေတယ်"

"အမှိုက်၊ ငါ့ကို အဲမှာ စောင့်နေ။ ငါ မကြာခင် ရောက်လာမယ်"ကူဖူကွေ့က အေးစက်စွာ ဆဲဆိုလိုက်သည်။

"ဒါပေမယ့် သူဌေး။ အိုးရန်လဲ့က အခုပဲ လာပြီး သုခဘုံအသင်းထဲကို ဝင်သွားတယ်။ မင်း ဒီကို လူကိုယ်တိုင်လာမယ်ဆိုရင်....."

အိုးရန်လဲ့လား။ သူ ဘာလို့ လာတာလဲ။ ယန်မောင်နှမကို ကယ်ချင်တဲ့ ဒီလူရဲ့အဆင့်အတန်းက အတိအကျ ဘာလဲ။ သူက အိုးရန်လဲ့ကို ညကြီးမင်းကြီး လာစေနိုင်ပုံထောက်ရင်။ သူ့နောက်ခံက အိုးရန်တွေထက် ပိုအားကောင်းတာများလား။

ကူဖူကွေ့က ခဏနှုတ်ဆိတ်သွားပြီး ပြောမည့်ဆဲဆဲ အသံက ဖုန်းမှ ရုတ်တရက် ထွက်လာသည်-

"သူဌေး၊ အိုးရန်လဲ့က လူငယ်တစ်ယောက်နဲ့ အခုပဲ ထွက်လာတယ်။ ကြည့်ရတာ သူတို့က သုခဘုံအသင်းကနေ ထွက်သွားတော့မယ်ထင်တယ်။ ငါ ဘာလုပ်ရမလဲ။ ငါတို့တွေ လူငယ်နောက်ကို လိုက်သွားသင့်မလား"

"သူတို့နောက်ကို လိုက်သွားပြီး ဘယ်သူတွေလဲဆိုတာ သေချာစုံစမ်း"

"နားလည်ပါပြီ...."

ကူဖူကွေ့က ဖုန်းချလိုက်သည်။ သူက အိပ်ချင်မပြေသေးသော်လည်း သူ့မျက်လုံးများက အတွေးများနှင့်အတူ လင်းလက်နေပြီး ဤကိစ္စရပ်အား‌ အသေးစိတ်ခွဲခြမ်းစိတ်ဖြာနေလေ၏။

ဟွမ်ခေါင်းဆောင်က သူ့အား ကျိုချင်းအား ဖမ်းပေးရန် ညွှန်ကြားခဲ့သည်။ အဆုံးတွင် ထိုအမျိုးသမီးက ယန်ယန်၏အကူအညီနှင့် ကျင်းမန်ကျွန်းမှ တိတ်တဆိတ် ထွက်ခွာသွားနိုင်ခဲ့ပြီး သူ့အနေနှင့် ဟွမ်မိသားစု၏တောင်းဆိုချက်အား အောင်မြင်အောင်မလုပ်ပေးနိုင်ခဲ့တော့ပေ။

ဤကား ယန်ယန်အား မုန်းတီးရခြင်း၏အကြောင်းရင်းပင်။ ထို့ကြောင့် သူမ၏အထောက်အထားနှင့်နောက်ခံအား လူလွှတ်စုံစမ်းခဲ့သည်။ သူမအား သတ်ဖြတ်ရန်လဲ လူလွှတ်ခဲ့၏။ ကံမကောင်းစွာနှင့် ထိုအမျိုးသမီးက လွတ်‌မြောက်သွားကာ ရက်အနည်းငယ်ကြာသည့်အထိ မဖမ်းမိခဲ့ပေ။

မနက်သုံးချက်ထိုးကျော်ကျော်တွင် ထန်ရှုနှင့်မိုအားဝူတို့က ထာဝရခန်းမသို့ ရောက်ရှိလာ၏။ အဖွဲ့ဝင်အများစုက နဂါးကိုးကောင်ကျွန်းမှ ထွက်ခွာသွားကြသဖြင့် အဖွဲ့ဝင်ဒါဇင်လောက်သာ ကျန်ရှိတော့သည်၊ ကူရှောင်ရွှယ်ကမူ ကြိုတင်ရောက်ရှိထား၏။

"မင်း ဒီမှာ နေခဲ့၊ အားဝူ"

ကားပါကင်ထိုးပြီးနောက် ထန်ရှုက အမိန့်ပေးကာ ကမ်းခြေသို့ လျှောက်သွား၏။ သူ ရောက်ရှိချိန်တွင် ကြယ်အလင်း‌အောက်၌ ပင်လယ်ပြင်‌ပေါ်ရှိလှေတစ်စင်းပေါ်တွင် ကူရှောင်ရွှယ်က တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေသည်။ ထန်ရှုက ပြုံးလိုက်ပြီး လှေဦးပေါ်သို့ လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာ၏။

"ဆရာအဘိုး"ကူးရှောင်ရွှယ်က ချက်ချင်း အော်ခေါ်လိုက်သည်။

"ဝီရီယရှိနေတာပေါ့‌လေ၊ ဒါ ကောင်းတယ်"ထန်ရှုက သူမအား ခေါင်းညိတ်ပြကာ ပြောလိုက်သည်"ဒါပေမယ့် ထန်ကွမ်းနဲ့ထန်အန်းတို့က အခု မင်းထက် ပိုသန်မာတယ်၊ ဒါကြောင့် ရွှေအမြုတေနှောင်းပိုင်းအဆင့်ကို ရောက်ဖို့ မင်း ဒီထက် ပိုအားထုတ်ဖို့ လိုမယ်"

"ငါ ပိုကြိုးစားပါ့မယ်၊ ဆရာအဘိုး"ကူရှောင်ရွှယ်က ခေါင်းညိတ်သည်။

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ အရှေ့ရှိပင်လယ်ပြင်အား ကြည့်လိုက်သည်။ သူက လျှို့ဝှက်ပညာရပ်တစ်ခုအား ချက်ချင်းထုတ်ဖော်လိုက်ပြီး ချီစီးကြောင်းတစ်ခုက ပင်လယ်မျက်နှာပြင်သို့ ဝင်ရောက်လာခဲ့၏။ တခဏအတွင်း ပင်လယ်ပြင်က ကွဲအက်ကာ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် အဖြူရောင်ဝတ်စုံနှင့်ကူးယန်အာက လျှပ်စီးအလား ခုန်ထွက်လာပြီး ထန်ရှုအရှေ့၌ ချက်ချင်း ထွက်ပေါ်လာသည်။

"ဆရာသခင်....."

ကူးယန်အာကို ကြည့်ရသည်မှာ မိန်းမပျိုလေးတစ်ယောက်နှင့် တူပြီး သူမက ထန်ရှုလက်မောင်း၌ လျင်မြန်စွာ မှီတွဲလိုက်သည်။

"ဒီနေရာကနေ ထွက်သွားဖို့ ပြင်ဆင်တော့"ထန်ရှုက ပြုံးကာ ပြော၏"နဂါးကိုးကောင်ကျွန်းအနီး ရေပြင်ထဲမှာ စေတီအတွက် သင့်တော်တဲ့အစီအရင်တစ်ခုကို ငါ စီရင်ထားပြီးပြီ"

"အနာဂတ်မှာ မင်းလဲ နဂါးကိုးကောင်ကျွန်းမှာပဲ နေမှာလား၊ ဆရာသခင်"ကူးယန်အာက ပြုံးလျက် မေးသည်။

"ငါ လုပ်စရာတွေ အများကြီး ရှိသေးတယ်၊ ဒါကြောင့် လက်ရှ်ိမှာ ငါ နဂါးကိုးကောင်ကျွန်းမှာ နေလို့မရဘူး"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်"ဒါပေမယ့် ကျွန်းကို မျက်စိကျနေတဲ့ ရန်သူ‌တွေအားလုံးကို ဖယ်ရှားဖို့ ငါ မကြာခင်ရောက်လာမှာပါ"

"သူတို့က ငါ့အတွက်တော့ အင်းဆက်တွေပါပဲ၊ ဆရာသခင်။ ရန်သူတွေ ဘယ်သူလဲဆိုတာပဲ ပြော။ ငါ သူတို့ကို အလွယ်တကူသတ်လို့ရတယ်"ကူးယန်အာက ရယ်လျက် ပေါ့ပေါ့ပါးပါးနှင့် ပြန်ဖြေသည်။

"ငါ မင်းကို အဲလိုလုပ်ခွင့်မပြုနိုင်ဘူး။ ကမ္ဘာမြေက ယနေ့‌ခေတ်မှာ ငြိမ်းချမ်းလွန်းတယ်၊ ငါတို့ရဲ့ပါရမီတွေကို လေ့ကျင့်ဖို့ အတော်လေးမသင့်တော်ဖြစ်နေတယ်"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။"ငါ ငါ့လူတွေကို ရန်သူနဲ့ ရင်ဆိုင်စေချင်တယ်၊ သေခြင်းရှင်ခြင်းနယ်နိမိတ်မှာ ရှင်သန်စေချင်တယ်။ ရှင်သန်နိုင်တဲ့သူတွေက အနာဂတ်မှာ ငါတို့နောက်ကို လိုက်ဖို့ အရည်အချင်းရှိလာလိမ့်မယ်"

"မင်း ဆန္ဒရှိသလိုပါပဲ၊ ဆရာသခင်"ကူးယန်အာက ပြုံး၍ ပြန်ဖြေသည်။

ထန်ရှုက သူမအား ဆံပင်ပွတ်သပ်ပေးလျက် ပြုံးကာ ပြောလိုက်သည်"ဒါနဲ့ ငါ ဂိုဏ်းတစ်ခု တည်ထောင်မလ်ို့၊ အဲဒါကို နာမည်ပေးဖို့ စဉ်းစားနေတယ်။ မင်းမှာ ဒါနဲ့ပတ်သက်ပြီး ထင်မြင်ချက်တစ်ခုခုများ ရှိမလား"

"ဘာလို့ အဲလိုမေးရတာလဲ၊ ဆရာသခင်။ ယန်အာမှာရှိသမျှအားလုံးက သင့်အတွက်ပါပဲ"ကူးယန်အာက တဲ့တိုးသာ ပြော၏။"ဒါ့အပြင် ငါ ထာဝရခန်းမကို တည်ထောင်ပြီး ပါရမီရှင်တစ်ဖွဲ့ကို လေ့ကျင့်ပေးခဲ့တယ်ဆိုတာ ဆရာသခင်ကို ရှာဖို့ ရည်ရွယ်ချက်အတွက်နဲ့ပဲ။ အခု ဆရာသခင် ရောက်လာပြီဆိုမှတော့ သူတို့က ငါ့အတွက် အဓိပ္ပါယ်အများကြီး မရှိတော့ပါဘူး"

"မဟုတ်ဘူး၊ သူတို့က ငါတို့လူတွေပဲ၊ ယန်အာ"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"မင်း ဘာစဉ်းစားနေလဲဆိုတာ ငါ သိတယ်၊ ဒါပေမယ့် မင်း တစ်ခုတော့ မှတ်ထားရမယ်။ တစ်ချိန်တုန်းက ငါ့ရဲ့အဆင့်အတန်းကို မင်းလဲ သိပါတယ်။ ဒါပေမယ့် ငါ တစ်ခုကို လစ်လျူရှုခဲ့တယ်၊ ငါတို့မှာ လူတွေ ပိုရှိလေလေ၊ ငါတို့က ပိုအားကောင်းလေပဲ။ ငါ့ဘေးနားမှာသာ နောက်လိုက်တွေ ရှ်ိခဲ့မယ်ဆိုရင် အဲဒီခွေးကောင်တွေက ငါ့ကို ကြံစည်ဖို့ အခွင့်အရေးတစ်ခုတောင် ရှိလိမ့်မှာ မဟုတ်ဘူး"

သူ့စကားက ကူးယန်အာ၏မျက်လုံးများအား လင်းလက်သွားစေပြီး သူမက အတွေးပေါက်သောအကြည့်တစ်ခုနှင့် တိတ်တဆိတ်ခေါင်းညိတ်ကာ ပြောလိုက်သည်"ငါ သင့်စကားတွေကို မှတ်ထားပါ့မယ်၊ ဆရာသခင်"

ထန်ရှုက ကြယ်ကောင်းကင်အား မော့ကြည့်လိုက်သည်။ သူက ကျယ်ပြောသောအင်မော်တယ်ကမ္ဘာ၏ခမ်းနား‌‌သောမြင်ကွင်းများအား မြင်နေသကဲ့သို့၊ အဆက်မပြတ်တိုးတက်နေသောသူ့ရန်သူများအား ငေးကြည့်နေသည့်အလား သူ၏နက်ရှိုင်းသောမျက်လုံးများက တိမ်လွှာများနှင့်ဟင်းလင်းပြင်အား ထိုး‌ဖောက်နိုင်သည်ဟု ထင်ရ၏။

သို့သော် ယခုထိတိုင် သူ့နှလုံးသားထဲ၌ ကြောက်ရွံ့ခြင်းအလျဉ်းမရှိ။ တစ်ချိန်က သူသည် အင်မော်တယ်ကမ္ဘာ၌ အန္တိမအရှင်ဖြစ်ခဲ့ပြီး မီလီယံချီသောအသိဗဟုသုတများစွာအပြင် သူ၏အကြီးမားဆုံးအားသာချက်အဖြစ် နတ်ဆိုးနတ်ဘုရား၏ထိပ်တန်းကျင့်ကြံခြင်းပညာရပ်ဖြစ်သောကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်အား ပိုင်ဆိုင်ခဲ့သည်။ သူက အထွတ်အထိပ်သို့ ရောက်ရန် နှစ်ပေါင်းရှစ်ထောင်ချီ ကြာခဲ့၏။ ယခု ထိုအနေအထားသို့ အချိန်တိုအတွင်း ပြန်လာနိုင်ဖို့ သူက ယုံကြည်ချက်ရှိသည်။

***

All Chapters