← Chapters

နောက်ထပ် တစ်လှမ်း

Vol. 61 Ch. 847

နောက်ထပ် တစ်လှမ်း

Vol. 61 Ch. 847

မိုဝူကျိက မိုးမျှော်အဆောက်အဦးဆီ လျှောက်လာလိုက်သည်။

အကယ်၍ စကြဝဠာအစွန်း သို့မဟုတ် အင်မော်တယ်လောက ဖြစ်နေလျှင် သူ့အနေနှင့် ထိုအဆောက်အဦးအတွင်း ခြေချမိမည် မဟုတ်ပေ။ ထို့အစား သူက အင်မော်တယ် သဘာဝစွမ်းအားများကို သုံး၍ တစစီ ဖြစ်အောင် ချေမွမိပေလိမ့်မည်။

သို့သော်လည်း သူက ဤနေရာတွင် မလုပ်နိုင်ပေ။ ဤသည်မှာ သူ မွေးဖွားရာ ဇာတိဂြိုဟ်ဖြစ်သည့် ကမ္ဘာမြေ ဖြစ်ပေသည်။ မိုးမျှော်အဆောက်အဦးအတွင်း အပြစ်ကင်းမဲ့သော လူများစွာ ရှိနေသေး၏။ သူ ကျင့်ကြံရေး လမ်းစဉ် စတင်လျှောက်လှမ်းလာစဉ်ကတည်းက သူ့တာအိုအကြောင်း အရေးကြီးသည့် အရာကို နားလည်သဘောပေါက်ခဲ့သည်။

သူက ယခင်က အကြင်နာမဲ့ကာ ရက်စက်ခဲ့သည်မှာ သူ့တွင် ခိုင်မာသော ထင်မြင်ယူဆချက်နှင့် အခြေခံစည်းမျည်း ရှိ၍ ဖြစ်သည်။ သူ့တာအိုက အချိန်နှင့်အမျှ ပိုမို ပြီးပြည့်စုံလာခြင်းမှာလည်း သူ့သဘောတရားများနောက်ကို လိုက်ကာ နောင်တတရားမရှိ၍သာ ဖြစ်ပေသည်။

ထို့ကြောင့် သူက အဆောက်အဦးတစ်ခုလုံးကို အမှုန့်အဖြစ် ပြောင်းပစ်ပြီး အမှား၊ အမှန် မခွဲခြားဘဲ မိုစီအား သတ်ပစ်သည့်သူများကို သတ်ပစ်ဖို့ ရောက်လာခြင်း မဟုတ်ပေ။ ထို့အစား သူက သူတို့ဆီမှ အဖြေတောင်းရန် ရောက်လာခြင်း ဖြစ်၏။

သဏ္ဍာန်မဲ့ တံခါးကြီးတစ်ချပ် ပွင့်လာပြီး မိုဝူကျိက သူ့အသိစိတ်ပင်လယ်မှာ အင်မတန် အေးခဲလာသလို ခံစားလိုက်ရသည်။  ပြန်လည်ကောင်းမွန်ဖို့ရာ အချိန်တစ်ခု ကြာမည် ဖြစ်သည့် အသိစိတ်ပင်လယ်က ရုတ်ချည်းဆိုသလို ပြန်လည် ကောင်းမွန်လာလေ၏။

“ ဂျွတ် ….” မိုဝူကျိ၏ ကျင့်ကြံဆင့်မှ အတားအဆီးမှာလည်း ကျိုးပျက်သွားဟန် ပေါ်ကာ ကမ္ဘာအသစ်တစ်ခု ရောက်ရှိလာသလို ဖြစ်၏။ ပြန်လည် ကောင်းမွန်လာသည့် အသိစိတ်ပင်လယ်မှာလည်း အဆများစွာ ကျယ်ပြန့်သွားပြီး အပြင်ဘက်သို့ ထွက်ပေါ်လာသည်။ ထို့အပြင် သူ့စိတ်စွမ်းအားက ပိုမို သိပ်သည်းလာပြီး သူ့အသိစိတ်ပင်လယ် နယ်ပယ်မှာလည်း ပို၍ တောင့်တင်းလာသည်။

မိုးမြေမှ တာအိုအငွေ့အသက်များက မိုဝူကျိကို လွှမ်းခြုံထားပြီး သူ့တာအိုအတွင်း မြောက်များစွာသော သင်္ကေတများက ပျောက်ကွယ်နေကာ သူ့အား ပို၍ သာမာန်ဖြစ်လာစေသည်။

နောက်ဆုံးတွင် အင်မော်တယ် ဧကရာဇ်အလယ်အလတ်အဆင့်သို့ ရောက်သွားလေပြီ။ မိုဝူကျိ စိတ်ထဲ တည်ငြိမ်သွားလေ၏။ သူက ကိစ္စတော်တော်များများကို ဉာဏ်အလင်းပွင့်လာခဲ့သည်။ တစ်ခါတစ်ရံ လူတစ်ယောက်၏ ကျင့်ကြံဆင့်က မိုးမြေစည်းမျည်းများ၊ အင်မော်တယ် ဝိညာဉ်စွမ်းအားများ ရှိမနေသည့်အခါမျိုးတွင်ပင် အဆင့်တက်လှမ်းနိုင်လေ၏။ သူက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်ကြားမှ အတားအဆီးကို မိုးမြေစည်းမျည်းများကြောင့် မဟုတ်ဘဲ ကိုယ်ပိုင် စည်းမျည်းဖြင့် ကျော်လွန်သွားနိုင်ခဲ့ပြီ။

ဤသည်မှာ သူ့အင်မော်တယ် မော်တယ်တာအို ဖြစ်၏။ အရာအားလုံးမှာ ကိုယ်ပိုင်ကမ္ဘာလေးပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပေသည်။

သူ့စိတ်ထဲ၌ မရှင်းပြတတ်သော စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ အလွန်ဝေဝါးနေသော်လည်း မိုဝူကျိက တစ်ရက်ကျ ထိုစိတ်ဆန္ဒမှာ ရှင်းလင်းလာပေလိမ့်မည်မှန်း သိနေသည်။

မိုဝူကျိက ရပ်တန့်လိုက်သည့်အခါ သူ့နောက်မှ ပါလာသော မိုချင်းချယ်ကလည်း ရပ်တန့်လိုက်သည်။ သူ့အား ခေါ်လာသည့် လူနှစ်ဦးက ဆူပူချင်သော်လည်း အဆုံးမဲ့အရှိန်အဝါများကို ခံစားမိလိုက်ကြသည်။ ဤသို့မျိုး အဆုံးမဲ့သော အရှိန်အဝါများက သူတို့ နားမလည်နိုင်သည့်အရာ ဖြစ်သော်လည်း သူတို့အား သေးနုတ်သွားစေသည်။ ဤအရှိန်အဝါအောက်တွင် သူတို့က ပုရွတ်ဆိတ်များသာ ဖြစ်၏။

မဟုတ်သေးဘူး …. သူတို့ကို ပုရွတ်ဆိတ်မျှပင် ယူဆ၍ မရတော့ပေ။

ထိုအရှိန်အဝါက ချက်ချင်း ပြန်ပျောက်ကွယ်သွား၍သာ တော်ပေတော့သည်။ သူတို့က မိုဝူကျိကို တစ်ခေါက် ပြန်ကြည့်လိုက်သည့်အခါ သူက ယခင်ကထက် ပို၍ သာမာန်ဆန်သွားကြောင်း ခံစားမိလိုက်ကြသည်။ ဖြတ်သွားဖြတ်လာတစ်ယောက်ပင် သူ့ထက် စွဲဆောင်မှု ရှိပေလိမ့်မည်။

“ ဖိုးဖိုး ….” မိုချင်းချယ်က အသိပြန်ကပ်လာကာ  မေးလိုက်သည်။

မိုဝူကျိက သူမခေါင်းကို ပုတ်ပေးကာ  “ ချင်းချယ် … ငါနဲ့ အတူတူသွားမဲ့ လမ်းကြောင်းက အထီးကျန်ရလိမ့်မယ်။ မင်း ထင်ထားထက်တောင် အထီးကျန်ရလိမ့်မယ် … ”

“ ဖိုးဖိုး …. သမီး မကြောက်ပါဘူး။ အထီးကျန်တာ နေသားကျနေပါပြီ ” မိုချင်းချယ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

သို့သော် မိုဝူကျိက ခေါင်းခါလိုက်၏  “ ငါ ပြောတဲ့ အထီးကျန်မှုကို မင်း နားမလည်သေးဘူး။ ငါတို့တွေ ထွက်မသွားခင် မင်းမှာ မိတ်ဆွေတွေ ရှိရင် တစ်ခါတည်း နှုတ်ဆက်ခဲ့လိုက် …. ငါတို့တွေ နောင် ဒီကို ပြန်လာဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး  …. ”

“ အပေါ်ကို ကြွပါ ” မိုဝူကျိတို့အား ခေါ်လာသည့် အမျိုးသမီးက အနည်းငယ် လေးစားမှု ပြသလာသည်။

…………..…

“ အပြင်မှာစောင့်နေ ” သူတို့တွေ ရှီကွမ်းအဆောက်အဦး၏ ထိပ်ဆုံးအလွှာသို့ ရောက်သောအခါ အမျိုးသမီးက တံခါးမခေါက်ခင် အရင်ဆုံးညွှန်ကြားလိုက်သည်။

လက်တွေ့၌ သူမ၏  သူဌေးက မိုချင်းချယ်ဆီတွင် ရှိနေသော ပစ္စည်းတစ်မျိုးကို စိတ်ဝင်စားနေသည်။ မဟုတ်လျှင် သူမအနေနှင့် ဤတစ်ကြိမ် အစည်းအဝေးအား နှောင့်ယှက်ရဲမည် မဟုတ်ပေ။

“ မလိုပါဘူး ” မိုဝူကျိက ရှေ့တိုးလာသည်။ မိုဝူကျိက သူမကို မထိလိုက်သော်ငြား  သူမက မသိမသာ နောက်ဆုတ်လိုက်မိသည်။

ထိုအမျိုးသမီးက အဖြစ်အပျက်ကို နားမလည်လိုက်ခင် မိုဝူကျိက အစည်းအဝေးခန်းမ တံခါးကို ကန်ဖွင့်ပြီးသွားလေပြီ။

“ ဘန်း  ” တံခါးက ကျိုးသွားကာ အစည်းအဝေးခန်းမရှိ လူတိုင်းက အလန့်တကြား ထခုန်လိုက်မိကြသည်။

“ မင်းလား ” စားပွဲ ထိပ်ဆုံးနေရာရှိ အမျိုးသားက မိုဝူကျိနောက်တွင် ရပ်နေသည့်  မိုချင်းချယ်ကို မှတ်မိပေသည်။ သူက ချက်ချင်း အော်ပြောလိုက်သည် “ မင်းက တော်တော် သတ္တိကောင်းနေတယ်ပေါ့ … အစောင့်တွေ လာကြစမ်း။ ဒီကောင် ခြေထောက်ကို ဖြတ်လိုက်စမ်း ”

မိုချင်းချယ်ကို ရှာရန် အမိန့်အား သူ ထုတ်ထားခြင်း ဖြစ်သော်လည်း သူမက အစည်းအဝေးတံခါးကို ကန်ဖွင့်ရဲသည့် သူကို ခေါ်လာလိမ့်မည်ဟု တစ်ခါမှ မထင်ထားမိခဲ့ပေ။

“ ရွပ် ရွပ် ” အစောင့်များက ရောက်မလာခင် သွေးမြူများက ဖြစ်ပေါ်လာလေ၏။ မိုဝူကျိ ခြေထောက်အား ဖြတ်ခိုင်းလိုက်သည့် အမျိုးသားက သူ့ခြေထောက် အဖြတ်ခံလိုက်ရပြီး  သူ့နောက်တွင် ရှိနေသော ထိုင်ခုံပေါ် လဲကျသွားသည်။

ဤသည်က အစည်းအဝေးခန်းမတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။ ဤနေရာတွင် ရှိနေသောသူများမှာ သာမာန်လူများ မဟုတ်ပေ။ တစ်ယောက်ချင်းစီက  သေချာလေ့ကျင့်ရေး ဆင်းထားသောသူများ ဖြစ်၏။ မိုဝူကျိက ဖေးယို့စီ၏ ခြေထောက်ကို မည်သို့ ဖြတ်လိုက်သည်ကို မည်သူမှ မသိကြသလို မိုချင်းချယ်ကလည်း သူတို့ဝင်လာကတည်းမှ လှုပ်ရှားခြင်း မရှိပေ။

“ မင်းက ဘယ်သူလဲ … ငါ ဖေးယို့စီက မင်းကို ဘယ်တုန်းက ရန်စမိလို့လဲ ” သူ့ခြေထောက်နှစ်ဖက်လုံးမှာ မိုဝူကျိကြောင့် အဖြတ်ခံထားရသော်လည်း ဖေးယို့စီ လက်က သေနတ်ဆီ လှမ်းနေသေး၏။

သူက မိုမိသားစု၏ ဖော်မြူလာကို အလိုရှိသော်လည်း ဘာမှမလှုပ်ရှားရသေးပေ။

“ ကြည့်ရတာ ငါက မင်းကို မမျှမတ ဆက်ဆံတာ မဟုတ်ဘူးပဲ … ငါက မင်းရဲ့တံခါးကို ကန်လိုက်ရုံလေးကို ငါ့ခြေထောက်ကို ဖြတ်ချင်တယ်ပေါ့။ မိုစီလက်ကို ဖြတ်ဖို့အမိန့်ကလည်း မင်းပေးခဲ့တာ မလား ” မိုဝူကျိက ပြောလိုက်သည်။

“မိုစီလား ” ဖြူဖျော့ဖျော့ ဖေးယို့စီက စိတ်ရှုပ်ထွေးရာမှ အသိပြန်ကပ်လာသည်။ သူက မိုစီကို စတင်မှတ်မိသွားဟန်ဖြင့် နောက်အခိုက်အတန့်လေးတွင် လက်ကိုမြှောက်ကာ သေနတ်ဖြင့် မိုဝူကျိအား အချက်ပေါင်းများစွာ ပစ်လွှတ်လိုက်သည်။

သူက အကြိမ်များစွာ ပစ်လိုက်သော်လည်း ကျည်တစ်ထောင့်သာ ထွက်သွားလေ၏။ ကျန်ကျည်များက သေနတ်ကြား ညှပ်နေပြီး ထွက်မလာနိုင်ပေ။

“ မင်းသေနတ်ကို ပြန်ကြည့်နေစရာ မလိုဘူး။ ငါက ကျည်တစ်တောင့်ကိုပဲ ခွင့်ပြုပေးထားတာ …. မဟုတ်ရင် မင်းအနေနဲ့ ကျည်တစ်တောင့်တောင် ပစ်နိုင်မှာ မဟုတ်ဘူး ”

မိုဝူကျိ စကားများကို ကြားပြီး ဖေးယို့စီက အလိုလို မော့ကြည့်မိလိုက်သည်။ သူ့ကို အံ့ဩသွားစေသည်က ထိုကျည်ဆံက မိုဝူကျိရှေ့ လွင့်မျှောနေလေ၏။

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားနေရသည်။ အားလုံးက မိုဝူကျိသည် သူတို့ရန်စနိုင်သည့်သူမျိုး မဟုတ်ကြောင်း သိလိုက်ကြသည်။

“ ကျုပ်လည်း မသိဘူး … ”

ထိုစကားများပြောပြီးနောက် ဖေးယို့စီက သူ့စိတ်ကို မထိန်းနိုင်တော့ဘဲ ထပ်ပြောလိုက်သည်  “ မိုစီရဲ့ လက်ကို ဖြတ်လိုက်တာက ဟုန်ယီပါ။ သူက မိုစီကို အိမ်ကို ပေါင်အောင်အထိ အကွက်ချခဲ့တာပါ … ပြီးတော့  …. ”

“ ထပ်ရှင်းပြနေဖို့ မလိုတော့ဘူး။ ဟုန်ယီက ဘယ်သူလဲ ” မိုဝူကျိအသံက အေးစက်လာသည်။

ကတုံးပြောင်ပြောင်နှင့် လူတစ်ယောက်က အလျှင်အမြန် ပြောလိုက်၏ “ ကျုပ်က ဟုန်ယီ … မိုစီလက်ကို ကျုပ် ဖြတ်လိုက်တာ ”

မိုဝူကျိက ကျန်ရှိနေသည့်လူအားလုံးကို ကြည့်လိုက်သည်။ သူက တစ်ယောက်ချင်းစီတွင် မကောင်းဆိုးဝါးစွမ်းအားများ လွှမ်းခြုံနေကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဤအစည်းအဝေးခန်းမအတွင်း ဝင်နိုင်ကြသည့်  လူအားလုံးမှာ သူတို့လက် သွေးစွန်းထားကြသူများသာ ဖြစ်၏။

မိုဝူကျိက သက်ပြင်းချကာ  “ သွားကြစို့  …. ချင်းချယ် သွားကြမယ် ”

မိုဝူကျိက ထိုစကားပြောပြီးနောက် မိုချင်းချယ်က သူမ အဖိုးသည် ထိုလူများကို အဘယ်ကြောင့် လွတ်ပေးလိုက်ကြောင်း ဝေခွဲမရ ဖြစ်နေမိသည်။ သို့သော် သူမက ဘာမှဆက်မပြောဘဲ သူ့အဖိုးနောက်သို့သာ လိုက်သွားလိုက်သည်။ သူမ အဖိုးဖြစ်သူမှာ မရိုးရှင်းကြောင်း သိထားလေ၏။

“ ဖိုးဖိုး အဲဒါက ဓာတ်လှေကား မဟုတ်ဘူးလေ ….” မိုဝူကျိက သူတို့အား စင်္ကြန့်အဆုံးဆီ ခေါ်လာသည်ကို မြင်၍ မိုချင်းချယ်က မြန်မြန် ထုတ်ပြောလိုက်သည်။

“ ငါ သိတယ် ” မိုချင်းချယ်က ထိုစကားနှစ်လုံးကို ကြားလိုက်သည့်အခါ သူမက မြေပြင်ပေါ် ရောက်နေပြီ ဖြစ်ကြောင်း တုန်လှုပ်တကြီး တအံ့တဩ တွေ့မြင်လိုက်ရသည်။

သူမက ထိပ်ဆုံးအထပ်ကို မော့ကြည့်မိလိုက်ပြီး သူမ အဖိုးသည် ကြင်နာတတ်လွန်းကြောင်း ခံစားမိနေသည်။ အကယ်၍ သူမသာ လုပ်နိုင်စွမ်း ရှိပါက ကိစ္စများမှာ ဖေးယို့စီ၏ ခြေထောက်ကို ဖြတ်ပစ်လိုက်ရုံဖြင့် ပြီးဆုံးသွားမည် မဟုတ်ပေ။ အနည်းဆုံးတော့ ဟုန်ယီ အမည်ရှိ လူအား ဖျက်စီးမိပေမည်။

“ ဒီလူက တကယ်အားကောင်းတာပဲ ” မိုဝူကျိ ထွက်သွားပြီးနောက် ဖေးယို့စီက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

ဟုန်ယီလည်း နဖူးမှ ချွေးများကို သုတ်လိုက်မိသည်။ စောစောလေးက  သူ့အနေနှင့် ကိုယ်တိုင်ပင် မသိလိုက်ဘဲ ထုတ်ပြောမိသွားခြင်း ဖြစ်၏။

မြန်မြန် ထွက်သွားရမယ် ….

အားလုံး၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရှိတော့သည်။

သို့သော်လည်း သူတို့ခေါင်းထဲ ထိုအတွေးပေါ်လာသည်နှင့် သူတို့ဘေးပတ်လည် နေရာတစ်ခုလုံးမှာ ကွေးကာညွှတ်ကာဖြင့် တစစီ ဖြစ်သွားတော့မည့် ခံစားချက်က ကြီးစိုးလာသည်။

“ ဖိုးဖိုး … သမီးတို့တွေ ပျံလာတာလား ” မိုချင်းချယ်က စောစောလေးက ကြောက်ရွံ့နေခဲ့သည့် အခြေအနေကို မေ့သွားကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ အဲလိုတော့ မဟုတ်ဘူး … ငါတို့တွေ တစ်လှမ်းဆင်းလာတာ။ ငါ့နောက်ကို လိုက်လာတာနဲ့ အဲဒါကို မကြာခင် သိသွားလိမ့်မယ် ” မိုဝူကျိက ပြုံးကာ ပြောလိုက်သည်။ သူ့လက်ရှိစွမ်းရည်ဖြင့် မိုချင်းချယ်သာ သူနှင့်အတူတူ ကျင့်ကြံနေပါက သူမ၏ ကျင့်ကြံဆင့်မှာ ပို၍ မြန်ဆန်လာမည် ဖြစ်၏။

မိုချင်းချယ်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး စိတ်ထဲတွင် အကြီးအကျယ် အော်ဟစ်နေမိသည်။ သူမဘဝတွင် ဤကဲ့သို့ ထူးခြားသည့်အရာများ ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မတွေးထားဖူးပေ။

ခဏအကြာတွင် သူမက စိတ်လျော့လိုက်ပြီး မေးလိုက်သည်  “ ဖိုးဖိုး …. ဟုန်ယီကို ဘာလို့ လွှတ်ပေးလိုက်တာလဲ။ သူက အဖေကို သတ်ခဲ့တဲ့သူလေ ….”

မိုချင်းချယ်က ပြောနေရင်း ထိပ်ဆုံးအလွှာကို လှမ်းကြည့်မိလိုက်သည်။ အဆောက်အဦးအပေါ်ဆုံးမှ နှစ်လွှာမှာ ပျက်စီးပျောက်ကွယ်သွားကြောင်း မြင်လိုက်ရသည့်အခါ သူမ မေးရိုးများပင် ပြုတ်ကျလုမတတ် ဖြစ်သွားလေ၏။

ထိပ်ဆုံးနှစ်ထပ်မှာ အမှုန့်အဖြစ် ပြောင်းသွားလေ၏။ ယခင်က အမြင့်တူရှိခဲ့သော အဆောက်အဦးနှစ်ခုမှာ ယခုအခါ လက်ဝဲဘက်ရှိ အဆောက်အဦးထက် အနည်းငယ် နိမ့်သွားလေပြီ။ အကယ်၍ မငြိမ်သက်သေးသည့် ဖုန်မှုန့်များကြောင့်သာ မဟုတ်လျှင် သူမ အမြင်မှားနေမိသည်ဟုသာ ထင်မိလိမ့်မည်။

မိုဝူကျိ၏ အသံက တစ်ဖန် ထွက်ပေါ်လာ၏  “ ချင်းချယ် …. ကျင့်ကြံရေးလောကက လူသားလောကထပ် အများကြီးပိုရက်စက်တယ်။ မင်းအနေနဲ့ ရန်သူအပေါ် လုံးဝညှာတာမှု မပြသင့်ဘူး။ သူတို့အပေါ် ညှာတာလိုက်တာက ကိုယ့်သေတွင်းကို  ပြန်တူးနေသလိုပဲ …. ဒါပေမဲ့ ငါ့တာအိုမှာ အခြေခံစည်းမျည်းတွေနဲ့ အခြေခံသဘောတရားတွေ ရှိတယ် ”

အကယ်၍ အင်မော်တယ်ဧကရာဇ် လွန်ချိုက်ကဲ့သို့သော ကျင့်ကြံသူသာ ဖြစ်နေလျှင် အဆောက်အဦး နှစ်လွှာနှင့်တင် ပြီးဆုံးသွားမည် မဟုတ်ဘဲ ဂြိုဟ်တစ်ခုလုံး ဖျက်စီးခံရလိမ့်မည်။

မိုဝူကျိက မိုချင်းချယ်အား မသင်ပေးနိုင်သော ကိစ္စများစွာ ရှိပေသည်။ ထိုကိစ္စများက သူမဘာသာ ကြုံတွေ့ခံစားကြည့်ရမည်သာ ဖြစ်၏။

“ ဟုတ်ကဲ့ ဖိုးဖိုး ” မိုချင်းချယ်က မြန်မြန် ပြန်ဖြေလိုက်သည်။ သူမက မိုဝူကျိ၏ ရက်စက်သည့်ဘက်အခြမ်းကို မြင်တွေ့ပြီးပြီ ဖြစ်ရာ ထိုနှစ်လွှာရှိ မည်သူမှ အသက်ရှင်နေမည် မဟုတ်ပေ။

မိုဝူကျိ၏ စိတ်စွမ်းအားကို ဖြန့်ကျက်ထားသောကြောင့် ထန်ကျန်းမန်သည် တစ်ယောက်ယောက်၏ ဝိညာဉ်ချုပ်အပ်ကြောင့် ဒဏ်ရာအပြင်းအထန် ရနေကြောင်း မြင်လိုက်ရသည်။ သို့သော်လည်း သူက ထိုအကြောင်းကို ဂရုမစိုက်ပေ။ ထို့အစား သူက ရွာအသေးလေး နောက်ဘက်ဆီ အကြည့်ရောက်သွားသည်။

မြက်ပင်များ ပေါက်ရောက်နေသည့် အုတ်ဂူတစ်ခု ရှိနေသည်။ ထိုအုတ်ဂူရှေ့တွင် “ဖွားဖွား ဝမ်ရှောင်ချီရဲ့ အုတ်ဂူ … စိုက်ထူထားသူ တာဝန်မကျေတဲ့ မြေးမလေး မိုချင်းချယ် ” ဟူ၍ ရေးထွင်းထားသည်။

“ ဖိုးဖိုး … အဖွားအုတ်ဂူဆီ ခေါ်သွားပေးမယ်လေ။ အဲဒီအုတ်ဂူကို သမီး လုပ်ပေးထားတာ …. ”

မိုချင်းချယ်က မိုဝူကျိနှင့် ပတ်သတ်ပြီး တစ်ခုခု ဖြစ်နေကြောင်း ခံစားမိလိုက်၍ ဆက်မပြောတော့ပေ။

***

All Chapters