← Chapters

တစ်ချက်တည်းနဲ့ အလဲထိုးခြင်း

Vol. 73 Ch. 1010

တစ်ချက်တည်းနဲ့ အလဲထိုးခြင်း

Vol. 73 Ch. 1010

အင်မော်တယ်ကမ္ဘာတွင် အသက်ရှင်ခြင်းဥပဒေသက အလွန်အမင်းရက်စက်ကြမ်းတမ်းပြီး အသန်မာဆုံးကသာ အသက်ရှင်နိုင်လိမ့်မည်။

ထိုကမ္ဘာမှ ထွက်လာချိန်တွင် ရှုံးဆုံးစရာ ဘာတစ်ခုမှ မကျန်ရှိသည်က အတော်လေးကံကောင်းသည်။ သူက သူ့နောက်လိုက်များနှင့် မဆက်သွယ်နိုင်၊ သူက အသက်ရှင်နေသည်ဟု သူတို့အား သတင်းမပို့နိုင်သော်လည်း သူ့တွင် တပည့်မကူးယန်အာ ရှိသေးသည်။ သူမက ဒဏ်ရာရသွားပြီး သူမ၏ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်အသစ်တစ်ယောက်ပမာအနေအထားအထိ လျော့သွားသော်လည်း အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်သည်နှင့် သူမက သူမ၏စွမ်းအားအား အလွန်မြန်ဆန်သောအရှ်ိန်နှင့် သိုလှောင်နိုင်ပေလိမ့်မည်။

ကမ္ဘာမြေသို့ မလာခင် ကူးယန်အာ၏ကျင့်ကြံခြင်းက ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး အင်မော်တယ်အဆင့်နီးပါး ရရှ်ိခဲ့သော်လည်း သူမက ထိုနေရာတွင် အသိအမှတ်ပြုစရာခွန်အား ရှိခဲ့၏။ အင်မော်တယ်ကမ္ဘာရှိအန္တိမအဆင့်တစ်ယောက်မှ သူမစွမ်းအားအား အထင်သေးလို့မရနိုင်ပေ။

"ယန်အာ၊ လက်ရှ်ိမှာ မင်းက အခြေတည်ကြေကွဲဆေးလုံးကို သန့်စင်နိုင်တယ်လို့ ထင်လား"ထန်ရှုမျက်လုံးများက ကူးယန်အာထံ ပြောင်းရွှေ့သွားလျက် မေး၏။

ကူးယန်အာက တုံ့ဆိုင်းခဲ့သော်လည်း ပြန်ဖြေသည်"အဲဆေးလုံးတင်မကဘူး၊ အင်မော်တယ်ဆေးလုံးကိုလဲ သန့်စင်နိုင်တယ်လို့ ထင်တယ်။ အခြေတည်ကြေကွဲဆေးလုံးကို သန့်စင်ဖို့ လိုအပ်တဲ့‌ပါဝင်ပစ္စည်း‌တွေကို ကမ္ဘာမြေမှာ ရှားနေလို့ပဲ။ ဒီကမ္ဘာမှာ စိတ်ဝိညာဉ်ယိုယွင်းမြက်ပဲ ရှ်ိတယ်လို့ သိထားတယ်၊ ဒါကြောင့် ဒီနေရာမှာ အခြေတည်ကြေကွဲဆေးလုံးကို သန့်စင်ဖို့က အရမ်းခက်ခဲတယ်"

"ဆေးပစ္စည်းတွေနဲ့ ပတ်သက်ပြီး မင်း စိုးရိမ်စရာမလိုဘူး။ ငါ ဒီပြဿနာကို ဖြေရှင်းပေးမယ်"ထန်ရှုက ပြော၏"နောက်ကျရင် ဟို‌‌နေရာကို ပြန်သွားမှာဆိုတော့ စည်းမျဉ်းတစ်ခု သတ်မှတ်ဖို့ ငါ တွေးထားတယ်။ ငါ့နောက်လိုက်လာချင်တဲ့သူတွေက ခွန်အားအလုံအလောက်ရှိရမယ်။ ဒါကြောင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို မရောက်သေးတဲ့သူတွေက ငါနဲ့အတူ လိုက်လာဖို့ အရည်အချင်းမမီဘူး"

"အကန့်အသတ်က အနည်းငယ်နိမ့်တယ်လို့ မင်း မထင်ဘူးလား၊ ဆရာသခင်"ကူးယန်အာက မေး၏"အင်မော်တယ်ကမ္ဘာမှာဆိုရင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ပုဂ္ဂိုလ်တွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်၊ ဒါပေမယ့် သူတို့က အဲနေရာမှာ အားနည်းတဲ့သူတွေပဲ။ ငါ့အမြင်အရဆိုရင် အကန့်အသတ်အနေနဲ့ ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်ကို သတ်မှတ်ထားတာ အကောင်းဆုံးပဲ။ အဲထက်နိမ့်တဲ့သူတွေက ငါတို့နောက်လိုက်လာခွင့်မရှိဘူးပေါ့"

"အဲလိုမရဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြောသည်"မင်းလဲ ကမ္ဘာမြေပေါ်ကကျင့်ကြံခြင်းပတ်ဝန်းကျင်ကို ကောင်းကောင်းသိတာပဲ၊ ယန်အာ။ ဒါကြောင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်က လုံလောက်တယ်လို့ ငါ ထင်တယ်။ အင်မော်တယ်ကမ္ဘာကို ပြန်ရောက်တဲ့အခါ ငါတို့တွေ ကောင်းချီးမြေတစ်ခုကို ရှာနိုင်တာပဲ။ ထိုနေရာက မြောက်များတဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ဆိုရင် သူတို့ရဲ့အလားအလာကို အကန့်အသတ်အထိ မြှင့်တင်နိုင်မယ်လို့ ငါ ယုံတယ်။ သူတို့က အင်မော်တယ်အဆင့်ကို နှစ်တစ်ရာအတွင်း ချိုးဖြတ်နိုင်မှာ သေချာတယ်"

ကူးယန်အာက တွေးကြည့်ပြီး ထန်ရှုပြောသည်အား လက်ခံလိုက်သည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ ပြော၏"ဆရာသခင်၊ စိတ်ချပါ။ ပါဝင်ပစ္စည်းလုံလောက်သရွေ့ အခြေတည်ကြေကွဲဆေးလုံးတွေကို ငါ သန့်စင်နိုင်ပါတယ်။ အဲဆေးလုံးနဲ့ဆိုရင် အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတွေ ရှိလာဖို့က မကြာတော့ဘူး"

****

ကျေးလက်ဒေသလယ်တောခြံ။

လူဒါဇင်ကျော်က အနောက်ပိုင်းစတိုင်စံအိမ်အပြင်ဘက်တွင် စုဝေးနေသည်၊ ကူဖူကွေ့မျက်နှာက သတ်ဖြတ်လိုစိတ်အပြည့်နှင့် စံအိမ်မှ ထွက်လာ၏။ သူ့နောက်မှ လူနှစ်ယောက် လိုက်ပါလာသည်။ သူ့လူများအား သာမန်မျှစွာ တစ်ချက်ကြည့်ပြီး သူက နက်ရှိုင်းသောအသံနှင့် စတင်ပြောလိုက်သည်"ငါ့ကောင်တို့၊ ထာဝရခန်းမဆိုတဲ့စား‌သောက်ဆိုင်အကြောင်း မင်းတို့ ကြားဖူးကြတယ်မလား။ ဒီစားသောက်ဆိုင်က ငါတို့ညီအကိုတွေကို သတ်ဖြတ်ခဲ့တဲ့သူကို ကာကွယ်ပေးနေတယ်၊ ဒါကြောင့် ဒီစားသောက်ပိုင်ရှင်က သေရမယ်။ တရားခံကို လက်‌လွှဲပေးဖို့ ဖိအားပေးဖို့အတွက် မင်းတို့တွေ ငါနဲ့အတူ လိုက်လာရမယ်၊ မဟုတ်လို့ကတော့ ဒင်းတို့ကို သင်ခန်းစာပေးကြရတာပေါ့"

"ဒင်းတို့ကို သင်ခန်းစာပေးကြမယ်....."

လူဆယ်ယောက်က လက်သီးလက်မောင်းတန်းလျက် ဟစ်ကြွေးလိုက်သည်။

ကူဖူကွေ့က ကျေနပ်စွာ ခေါင်းညိတ်ပြီး အနီးနားရှိ ကားတန်းဆီသို့ သုတ်ခြေတင်သွား၏။ ကားပေါ်တက်ပြီးနောက် ကားတန်းက ထာဝရခန်းမ၏ဌာနချုပ်ဆီသို့ ဦးတည်လာခဲ့သည်။

နောက်ခုံတွင် ထိုင်လျက် ကူဖူကွေ့၏မျက်လုံးများက တဖိတ်ဖိတ်တောက်ပနေ၏။ သူက ထာဝရခန်းမသို့ အကြိမ်မြောက်များစွာ ရောက်ဖူးသည်။ ဟင်းလျာများက တကယ်ကောင်းပြီး ဖျော်ဖြေမှုများနှင့် နေရာကောင်းတစ်ခု ဖြစ်၏။ သို့သော် သူ အမှတ်ရဆုံးက ကောင်းကင်ဘုံနတ်သမီးနှင့်တူသောသူဌေးမလေးကူရှောင်ရွှယ်ပင်။

သူ့ဘဝတွင် အလှလေးအများအပြား ရှိသော်ငြား လက်တစ်ဆုပ်စာလူကသာ ကူရှောင်ရွှယ်ကဲ့သို့ပြိုင်ဘက်ကင်းအလှတစ်ယောက်နှင့် ယှဉ်နိုင်သည်။ ကျင်းမန်ကျွန်းတစ်ခုလုံးတွင် မှင်တက်ဖွယ်ရာအလှလေးနှစ်ယောက်ရှိပြီး တစ်ယောက်က ကူးရှောင်ရွှယ်ဖြစ်ပြီး အခြားတစ်ယောက်က အိုးရန်မိသားစုသခင်မလေးအိုးရန်လုလုဖြစ်၏။

အိုးရန်မိသားစုက သူ့အား သုတ်သင်မည်ကို စိုးရိမ်ခဲ့သောကြောင့် အနောက်တစ်ယောက်အပေါ် သူက ဘာအတွေးမှ မရှိရဲပေ။ သို့သော် ကူရှောင်ရွှယ်က မတူညီကွဲပြားသောကိစ္စတစ်ခု ဖြစ်ပြီး သူမက နောက်ခံမရှိပုံရ၏၊ ထာဝရခန်းမထဲရှိအစောင့်များ၏အရေအတွက်ကလည်း ကြောက်စရာမလိုပေ။

****

ထာဝရခန်းမ၏ကားပါကင်တွင်။

မိုအားဝူက ကားပေါ်တွင် မှီလျက် စီးကရက်သောက်နေသည်။ သူက အတွေးနက်နေသည်။ ထာဝရခန်းမက လျှို့ဝှက်ချက်များစွာ ရှိသည်ကို သူ ကောင်းကောင်းသိ၏၊ လျှို့ဝှက်ချက်အကြီးမားဆုံးက သူဌေးကူးယန်အာပင်။ သူမက သူ့အား ပညာရပ်အချို့ သင်ကြားပေးခဲ့သော်လည်း သူက သူမအကြောင်း အများကြီးမသိပေ။

သူမ၏ဇာစ်မြစ်ဖြစ်စေ၊ အသက်ဖြစ်စေ သို့မဟုတ် စွမ်းအားဖြစ်စေ၊ သူက တစ်ခုမှ မသိပေ။ သို့သော် သူဌေးကူးယန်အာက သူနှင့်အနီးစပ်ဆုံးဆွေမျိုးဖြစ်သည်ကိုတော့ သူ သိ၏၊ ထန်ရှုသည်က သူ အလေးစားဆုံးနှင့်အကြွင်းမဲ့သစ္စာရှိသည့်လူတစ်ယောက် ဖြစ်၏။

"ကွမ်း၊ အန်းနဲ့ ကူရှောင်ရွှယ်တို့အားလုံး ‌ရွှေအမြုတေအဆင့်ကို ချိုးဖြတ်သွားပြီ။ သူတို့သုံးယောက်က ထာဝရခန်းမတစ်ခုလုံးမှာ အသန်မာဆုံးဖြစ်မယ်။ ဒါပေမယ့် ငါ့ရဲ့ကျင့်ကြံခြင်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ထိပဲ ရောက်ရှိသေးတယ်။ ဒီနေရာရဲ့အဖွဲ့ဝင်တွေအားလုံးထဲမှာ ငါက ရှေ့တန်းစာရင်းဝင်ပေမယ့် ငါ ဖြစ်ချင်တာနဲ့တော့ အများကြီးလိုသေးတယ်"

"သူတို့က အခြားကမ္ဘာရဲ့တည်ရှ်ိမှုနဲ့ ဆက်စပ်နေတာကြောင့် သူဌေးနှစ်ယောက်မှာ အလွန်ကြောက်စရာကောင်းတဲ့ဇာစ်မြစ်ရှိမယ်ဆိုတာ ငါ သိတယ်။ ကူးယန်အာအကြောင်းမပြောနဲ့အုံး၊ သူဌေးထန်ရှု၏ခွန်အားတိုးတက်မှုကပင် မြန်ဆန်လွန်းတယ်။ ငါက ရွှေအမြုတေအဆင့်ကို အချိန်တိုအတွင်း မရောက်နိုင်ရင် သူနဲ့ ပိုပိုဝေးကွာလာနိုင်တယ်၊ အနာဂတ်မှာ သူ့နောက်လိုက်ဖို့ အခွင့်အရေးကို ဆုံးရှုံးရနိုင်တယ်"

"ငါ ပိုသန်မာလာရမယ်၊ပိုသန်မာရမယ်။ သူတို့က အရင် ကျင့်ကြံခဲ့တာ‌ကြောင့် ထန်ကွမ်း၊ထန်အန်းနဲ့ ကူရှောင်ရွှယ်တို့က ငါ့ထက် ပိုသန်မာတာ။ ငါ့ရဲ့ပါရမီနဲ့အားထုတ်မှုက သူတို့ထက် နိမ့်ကျမယ်လို့တော့ ငါ မထင်ဘူး"

မိုအားဝူက လက်သီးတင်းကြပ်စွာ ဆုပ်လျက် မျက်လုံးများက ပြတ်သားမှုတို့နှင့် ပြည့်နေ၏။

ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွားပြီး သူ့ထံ လျှပ်စီးအလား ရွေ့လျားလာနေသောပုံရိပ်အား ကြည့်လိုက်သည်။ ထို့နောက် သူက မေး၏"ဘာဖြစ်လို့လဲ"

လူအချို့က မင်းနဲ့သူဌေးနောက် လိုက်လာတယ်၊ ဒါပေမယ့် သူတို့က အခုထိ ငါတို့ရဲ့ခြံဝင်းထဲကို မဝင်လာသေးဘူး၊ အနီးနားပဲ ရစ်သီရစ်သီလုပ်နေတယ်"ပုံရိပ်က တင်ပြ၏။

မိုအားဝူက မျက်မှောင်ကြုတ်ကာ ‌အေးစက်သောအသံနှင့် ပြောသည်"သူတို့ကို တစ်ချက်ကြည့်ကြတာပေါ့။ သူတို့က ငါတို့နောက်ကို ဒီထိ ခြေရာခံလိုက်လာနိုင်တယ်ဆိုတော့ ကျွမ်းကျင်သူတွေပဲ ဖြစ်ရမယ်"

မိနစ်အနည်းငယ်ကြာပြီးနောက်။

ထာဝရခန်းမအပြင်ဘက်ရှိလမ်းဆုံတွင် စိမ်းလန်စိုပြေသောအပင်တို့နှင့် ပြည့်နေသည့် မြေကွက်တစ်ခု ရှိ၏။ အမှောင်ထုကို အကာအကွယ်ပြုလျက် ချုံပုတ်များနောက်တွင် မျက်နှာအမာရွတ်လျိုဟောင်က ကြောင်တစ်ကောင်ပမာ ပုန်းနေသည်၊ လက်ထဲတွင်မူ မိုက်ခရိုစကုတ်တစ်ခုကိုင်လျက် ထာဝရခန်းမ၏အတွင်းပိုင်းအား တိတ်တဆိတ်လေ့လာနေလေ၏။

သူ့ဘေးနားတွင် လူငယ်သုံးယောက်က တောခုတ်ဓားများ ဆုပ်ကိုင်လျက် ပတ်ဝန်းကျင်အား သတိဝီရိယထားစောင့်ကြည့်နေ၏။ အသေးငယ်ဆုံးလှုပ်ရှားမှုတစ်ခုသို့မဟုတ်အသံတစ်ခုကိုပင် သူတို့က ချက်ချင်း သတိပြုမိနိုင်သည်။

"အကိုပွေး၊ သူဌေး ရောက်လာဖို့ ဘယ်လောက်ကြာအုံးမှာလဲ"လူငယ်တစ်ယောက်က တိုးတိုးလေး မေး၏။

"သူဌေးက ငါတို့ညီအကိုတွေ ခေါ်လာပြီး အခုပဲ ထွက်လာနေပြီ"လျိုဟောင်က ပြန်ဖြေ၏"ထာဝရခန်းမရဲ့အစောင့်တွေ ဘယ်လောက်များများ၊ ငါတို့အရှေ့မှာတော့ သနားငဲ့ညှာပေးဖို့ တောင်းပန်ရမှာပဲလေ။ အဲအကောင်တွေ၊ ဟမ့်။ သူတို့ကို သတိပေးမိသလိုမဖြစ်သွားစေချင်လိုသာမဟုတ်ရင် ငါတို့လေးယောက်က ဟိုနှစ်ယောက်ကို ဝင်ဖမ်းပြီးနေပြီ"

"ဟီးဟီး၊ ငါတို့က သူဌေးရဲ့လူတွေပဲလေ၊ အကိုပွေး"လူငယ်က ဂုဏ်ယူစွာ ပြော၏"ကျင်းမန်ကျွန်းတစ်ခုလုံးမှာ သူဌေးကူဖူကွေ့ရဲ့နာမည်ကို ဘယ်သူ မသိလို့လဲ။ ထာဝရခန်းမရဲ့အစောင့်တွေက ငါတို့ကို တိုက်ခိုက်ရဲမှာတဲ့လား"

သူ့စကားများအပေါ် လျိုဟောင်က ပြုံးရုံသာ။ သူက လက်ရှိဘဝအပေါ် အလွန်‌ကျေနပ်၏။ သူဌေးဖူကူကွေ့၏လက်ထောက်အနေနှင့် သူ့အား လူများစွာက လေးစားကြသည်။ ဤနှစ်များတစ်လျှောက် သူက ကောင်းမွန်သောဘဝကို စံစားခံစားရင်း ပိုက်ဆံလား မိန်းမလား သူလိုချင်တာမှန်သမျှ ရရှိခဲ့သည်သာ၊ သူ့ဘဝက မည်မျှဇိမ်ရှိသလဲကို သက်သေ‌ပြနေ၏။

"ဘယ်သူလဲ"

ရုတ်တရက် ထိတ်လန့်သောအကြည့်မျက်လုံးများနှင့် လျိုဟောင်၏မျက်နှာက အပြင်းအထန်ပြောင်းလဲသွားသည်။ သူကိုယ်၌က စွမ်းဆောင်ရည်ရှိသည့်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ပြီး စန်းရှော့အလွတ်လက်ဝှေးအား လေ့ကျင့်ခဲ့သည်မှာ နှစ်နှစ်ဆယ်ကျော်လေပြီ။ ပုံမှန်အားဖြင့် အတွေ့အကြုံရင့်ဂိုဏ်းစတားခုနှစ်ယောက်က သူ့အား အနိုင်ယူရန် မလုံလောက်ပေ၊ သို့သော် လက်ရှိတွင် အမှောင်ထဲမှ ချဉ်းကပ်လာနေသောလူအချို့အား သူက သတိမပြုမိနိုင်ပေ။

လျှပ်တစ်ပြက်အတွင်း အခြားလူငယ်သုံးယောက်က တောခုတ်ဓားများ ကိုင်မြှောက်လျက် လျိုဟောင်ဘေးနား၌ လျင်မြန်စွာ စုဝေးလိုက်ကြပြီး သစ်ပင်အရိပ်အာဝသမှလွတ်မြောက်နေသည့်အလင်းဘက်ခြမ်းသို့ ကြည့်လိုက်သည်။ သူတို့မှ ငါးမီတာအကွာရှိမီးအလင်းအောက်တွင် မိုအားဝူက လက်နောက်ပစ်လျက်၊ သူ့နောက်တွင် ထာဝရခန်းမမှကျွမ်းကျင်သူလေးယောက်နှင့်။ သူတို့၏သတ်ဖြတ်ခြင်းအရှိန်အဝါက လူလေးယောက်အား လွှမ်းခြုံထားလျက်ရှိသည်။

"မင်းက မသိဘဲနဲ့ မေးသေးတာလား။ မင်းက ငါတို့ကို ဒီနေရာထိ ခြေရာခံလိုက်လာတာလေ၊ ဒါကို ငါတို့က ဘယ်သူလဲလို့ မေးသေးတယ်။ ဒါဆို ငါ့ကို ပြောပါအုံး၊ မင်းတို့က ဘယ်သူခိုးအဖွဲ့ကလဲ။ ငါတို့ရဲ့စားသောက်ဆိုင်ကို စောင့်ကြည့်ရဲနေတာပေါ့လေ"မိုအားဝူက ပေါ့ပေါ့ပါးပါးနှင့် ‌မေး၏။

မေးခွန်းကို ကြားပြီး အထင်သေးသောမျက်လုံးများနှင့် လျိုဟောင်က စိတ်အေးသွားလေသည်။ သူက ထရပ်ကာ သစ်ပင်အမှောင်ရိပ်မှ ထွက်လာလျက် နှာခေါင်းရှုံ့လိုက်သည်"ဟမ့်၊ မင်းက တကယ်ကို ထာဝရခန်းမရဲ့လူပဲ၊ ဟိုကောင်စုတ်လေးရော၊ သူ ဘာလို့ မင်းနဲ့ မလိုက်လာတာလဲ"

"ဒီမယ် ကိုယ့်လူ၊ ကိုယ့်လူရဲ့လေသံကို နားထောင်ရတာ ကိစ္စတွေက ငြိမ်းချမ်းစွာနဲ့ အဆုံးသတ်မှာ မဟုတ်တော့ဘူး ထင်တယ်"မိုအားဝူက ခေါင်းခါယမ်းလျက် ရေးတေးတေးပြောလေ၏"ငါ့ကို ပြော၊ မင်းတို့က ဘယ်သူလဲ၊ ဘာလို့ ငါတို့နောက် နောက်ယောင်ခံလိုက်လာတာလဲ"

လျိုဟောင်က မျက်လုံးကလယ်ကလယ်နှင့် မိုအားဝူတို့ငါးယောက်အား လေ့လာလိုက်သည်။ ထို့နောက် ခေါင်းခါယမ်းကာ သူ ပြော၏"မကြာခင် မင်းတို့ သိလာမှာပါ၊ ဒါပေမယ့် အဲဒါပြီးရင်‌တော့ မင်းတို့ကို ကံဆိုးမှုကပဲ စောင့်မျှော်နေမှာနော်"

မိုအားဝူက မျက်မှောင်ကုတ်လျက် နက်ရှိင်းသောအသံနှင့် အမိန့်ပေးလိုက်သည်"သူတို့ကို ဖမ်း၊ ငါတို့ သူတို့ကို စစ်မေးရမယ်"

ဝှစ်....ဝှစ်....

သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်က လူလေးယောက်၏အရှေ့၌ လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာသည်။ သူတို့၏လှုပ်ရှားမှုများက အလွန်တိကျသပ်ရပ်ပြီး လက်ဝါးရိုက်ချက်များက လူလေးယောက်၏လည်ပင်အား ထိမှန်သွားကာ သတိလစ်သွားလေသည်။

ဤသည်ကို မြင်ပြီး မိုအားဝူက မ‌နေနိုင်တော့ဘဲ ရယ်လိုက်လေ၏"ဟမ်၊ သူတို့က မဟာ့မဟာကျွမ်းကျင်သူတွေလို့ ငါ ထင်ထားတာ။ ဒင်းတို့အားလုံးက ပုစွန်ဆိတ်လေးတွေပဲကိုး။ တစ်ချက်တည်းနဲ့ ပွဲပြီးသွားတာပဲ။ သူတို့ကို ဆွဲခေါ်လာခဲ့။ ငါနဲ့သူဌေးနောက်ကို နောက်ယောင်ခံလိုက်လာရဲတာ သူတို့မှာ ရည်ရွယ်ချက်တစ်ခု ရှိရမယ်"

***

All Chapters