← Chapters

အပြစ်သားများ

Vol. 73 Ch. 1012

အပြစ်သားများ

Vol. 73 Ch. 1012

"မောင်နှမနှစ်ယောက်လုံးကို ငါ ပြည်ပကို လွှတ်လိုက်ပြီ၊ ဒါကြောင့် မင်းဖင်ထပ်လှုပ်ဖို့မလိုတော့ဘူး"ထန်ရှုက ခေါင်းခါယမ်းလျက် တည်ငြိမ်စွာ မေး၏"မင်းကရော။ ဘာလို့ မင်းက ယန်ယန်ကို ဒီလောက်ကြိုးစားပမ်းစားလိုက်ဖမ်းနေရတာလဲ။ ဟွမ်တွေက ကျိုချင်းနဲ့ကျိုတာချွမ်းတို့ကို မလိုက်ဖမ်းတော့ဘူးဆိုတာရော မင်း သိရဲ့လား"

ကူဖူကွေ့က အံ့အားသင့်သွားပြီး နက်ရှိုင်းသောအသံနှင့် ‌မေးလိုက်သည်"ဟွမ်တွေနဲ့ကျိုမိသားစုကြားကိစ္စကို မင်းလဲ သိတာလား။ ဘယ်သူလဲ....မင်းက ဘယ်သူလဲ"

"မင်း ငါ့ကို သိပြီးသားမဟုတ်လား"ထန်ရှုက ပြုံးကာ ထပ်‌မေး၏"ငါက ထာဝရခန်းမရဲ့ပိုင်ရှင်ပဲ"

"မဟုတ်တာပဲ"ကူဖူကွေ့က မျက်မှောင်ကြုတ်ကာ ခေါင်းခါယမ်းလိုက်သည်"ငါ သိရသလောက် ထာဝရခန်းမရဲ့သူဌေးက ကူးရှောင်ရွှယ်ပဲ။ မင်းက ဘယ်က ရောက်လာတာလဲ"

"အဲဒါ မင်း အလုပ်မဟုတ်ဘူး၊ အခုက မင်းရဲ့ဘေးကင်းမှုကိုပဲ စဉ်းစားရမှာ"ထန်ရှုက ပြန်ပြောသည်"ငါ့ရဲ့လူတွေက ယန်မောင်နှမကို အဝေးကို လိုက်ပို့နေတယ်လို့ ငါ မင်းကို ပြောခဲ့ပြီးသား။ မင်း မကျေနပ်ရင် ငါ့ကို လာရှာနိုင်တယ်၊ ဒါပေမယ့် မင်း နောင်တရမယ်လို့တော့ ယုံထား"

"ငါက နောင်တရမယ်တဲ့လား။ မင်းတစ်ယောက်တည်းနဲ့လေ"ကူဖူကွေ့က နှာခေါင်းရှုံ့လိုက်သည်"ထာဝရခန်းမရဲ့ပိုင်ရှင်ဖြစ်ရုံလောက်နဲ့ မင်းကိုယ်မင်း ကြီးကျယ်ခမ်းနားတယ်လို့ ထင်နေတာလား။ ငါ မင်းကို ပြောမယ်....ကောင်စုတ်လေး....။ မင်းက ယန်မောင်နှမကို ကာကွယ်ခဲ့တာကြောင့် ငါ့ကိုရော ဖူခန်ပြည်နယ်ရဲ့ဟွမ်မိသားစုကိုရော မင်း ရင်ဆိုင်ရမယ်။ ဟွမ်တွေက ကျိုတာချွမ်နဲ့ ကျိုချင်းတို့ရဲ့အသက်ကို လိုချင်တယ်၊ ငါက ကျိုချွမ်းလွတ်မြောက်အောင်ကူညီပေးခဲ့တဲ့ယန်ယန်ကို သတ်ချင်တယ်။ ဒီနေ့ မင်း ငါ့ကို ဖြေရှင်းချက်တစ်ခုမပေးရင် မင်း သေရလိမ့်မယ်"

"ဟွမ်တွေနဲ့ကျိုမိသားစုကြားရန်ငြိုးတွေအားလုံးကို သင်ပုန်းချေလိုက်ပြီးလို့ ငါ ပြောခဲ့ပြီးသား။ ဟွမ်တွေက ကျိုချင်းကို ထပ်လိုက်ဖမ်းတော့မှာ မဟုတ်ဘူး။ ယန်ယန်ကတော့ သူမရဲ့သူငယ်ချင်းကို ကူညီခဲ့ရုံပဲ။ ဘာက မင်းအတွက် ကောင်းတယ်ဆိုတာ သိရင် မင်းရဲ့လူ‌တွေကို ခေါ်ပြီး ဒီ‌နေရာက ထွက်သွား။ မှတ်ထား၊ ဒါက ဟွမ်မိသားစုခေါင်းဆောင်ဟွမ်ကျင်းဖူရဲ့မျက်နှာကို ထောက်ပြီး ငါ မင်းကို ပေးတဲ့အခွင့်အရေးပဲ။ မင်း ‌ရွေးချယ်လို့ရတယ်၊ ဒါပေမယ့် နောက်ကျရင် ဟွမ်ကျင်းဖူကိုယ်တိုင် ဒီနေရာကို ရောက်လာရင်တောင် ငါ မင်းကို လွှတ်ပေးမှာမဟုတ်ဘူး"

အရူးတစ်ယောက်အား ကြည့်‌နေသလို ကူဖူကွေ့က ထန်ရှုအား ကြည့်ကာ သက်ပြင်းချလိုက်သည်"ကျွတ်၊ကျွတ်။ မင်း သိလား၊ ကောင်လေး၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ မင်းက ငါ့ကို ငတုံးတစ်ယောက်လို့ ထင်နေတာလား။ မင်းက ဟွမ်ကျင်းဖူရဲ့မျက်နှာကို ထောက်နေတာတဲ့လား။ ကမ္ဘာကြီးက ဘယ်လောက်ကြီးသလဲဆိုတာ မင်း မသိဘူးပဲ"

ထိုသို့ပြောပြီးနောက် သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ သူ့လက်အား အောက်သို့ လှုပ်ယမ်းပြလိုက်သည်။

ရုတ်တရက် လူ‌ဒါဇင်က သူတို့၏တောခုတ်ဓားများနှင့်အခြားလက်နက်များအား မြှောက်လိုက်သည်။ အချို့က ပစ္စတိုသေနတ်များအား ဆွဲထုတ်ကာ ထန်ရှုတို့အား ချိန်လိုက်လေသည်။

သို့သော် ထန်ရှုက မလှုပ်ရှားပေ။ သူ့အမူအရာက တင်းမာသွားပြီး သူက အမိန့်ပေးလိုက်သည်"ငါ့ကောင်တို့၊ မင်းတို့ ကြိုက်သလိုလုပ်၊ ဒါပေမယ့် အသေတော့မသတ်နဲ့။ အနည်းဆုံးတော့ လူကောင်းတွေအတွက် ဘေးဒုက္ခအချို့ လျော့ချပေးသလိုပေါ့ကွာ"

"ဟမ့်၊ သိပ်သူရဲကောင်းဆန်နေတာပေါ့လေ"ကူဖူကွေ့က လှောင်ပြောင်လိုက်သည်"မင်းကိုယ်မင်း ဥပဒေသဘက်တော်သားတွေလို့ ထင်နေတာလား။ ဒါ ရယ်စရာပဲ"

ထန်ရှုက ခေါင်းထပ်ခါယမ်းလိုက်ပြီး မိုအားဝူတို့အဖွဲ့က လူအုပ်ကြီးထဲသို့ ပြေးဝင်သွားသည်ကိုသာ ကြည့်နေခဲ့သည်။ သူတို့က သိုးများအပေါ် ခုန်အုပ်နေသောကျားများပမာ ရိုးရှင်းကြမ်းတမ်းသောနည်းလမ်းတစ်ခုကိုသာ အသုံးပြုလျက် ရိုက်နှက်ကြသည်။ တစ်ဖက်အဖွဲ့က ပြန်တိုက်ခိုက်ရန်ပင် အချိန်မရှိခဲ့၊ မိုအားဝူ၏ဓားမြှောင့်က ပစ္စတိုများ၊ ခြောက်လုံးပြူးများကိုင်ထားသူများ၏အကြောအား ဖြတ်တောက်သွားခဲ့လေ၏။

စက္ကန့်အနည်းငယ်အတွင်း လူဒါဇင်လောက်က မိုအားဝူတို့ငါးယောက်အဖွဲ့လက်ချက်ဖြင့် အလဲလဲအပြိုပြိုဖြစ်သွားလေတော့သည်။ နာကျင်စွာအော်ဟစ်သံများက လေထဲ၌ ပျံ့လေတော့၏။ သေချာပေါက်အောင်ပွဲရမည်ဟု တွေးထားသော ကူဖူကွေ့က မှင်တက်သွားပြီး နှလုံးသားထဲ၌ အေးစိမ့်စိမ့်ဖြစ်လာတော့သည်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူ့လူအားလုံးက သူ ကိုယ်တိုင် ရွေးချယ်ထားသည့်ပါရမီရှင်များဖြစ်ကြပြီး အားလုံးက သိုင်းပညာနောက်ခံရှိသူများပင်။

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ကားအမိုးပေါ်မှ ဆင်းကာ ထိတ်လန့်တုန်လှုပ်နေသောကူဖူကွေ့အား ကြည့်လိုက်သည်။"ငါ မင်းကို အခွင့်အလမ်းတစ်ခု ပေးခဲ့ပြီးသား။ မင်းက အဲဒါကို ဖြုန်းတီးဖို့ ရွေးချယ်ခဲ့တာ ဝမ်းနည်းစရာပဲ။ မင်းရဲ့လူတွေလို  သနားစဖွယ်အဆုံးသတ်မျိုးမကြုံချင်ရင် အခုပဲ ဒူးထောက်တောင်းပန်စမ်း"

ဒူးထောက်ရမှာလား။

ပြင်းထန်သောသတ်ဖြတ်လိုစိတ်က ကူဖူကွေ့၏မျက်လုံးများထဲ၌ ပေါက်ကွဲထွက်လာသည်။ ဤနှစ်များတစ်လျှောက် သူက ကျင်းမန်ကျွန်းတွင် အကြွင်းမဲ့ခွန်အားမရှိသော်ငြား သူက အခြားသူများအား သနားညှာတာခဲ့သည့်သူတစ်ယောက် မဟုတ်ပေ။ သူက သူရဲဘောကြောင်သူတစ်ယောက်ပမာ ပြုမူခဲ့လျှင် အနာဂတ်မှာ ကျင်းမန်ကျွန်း၌ မည်သို့ရပ်တည်နိုင်တော့မည်နည်း။ အခြားသူများအား မျက်နှာပြနိုင်အုံးမည်လော။

ရုတ်တရက် သူက ခါးမှ ပစ္စတိုအား ဆုပ်ကိုင်ကာ ‌နေုာက်ဆုတ်လျက် ထန်ရှုမျက်နှာအား ချိန်လိုက်သည်။"မင်းရဲ့လူတွေက အရမ်းအားကောင်းတယ်။ သူတို့က ငါသိတဲ့သိုင်းဆရာကြီးတွေလိုပဲ။ ဒါပေမယ့် သူတို့က ကျည်ဆံထက် ပိုမြန်သလားကိုတော့ ငါ သိချင်တယ်။ ငါ့ကို ဖိအားမပေးနဲ့။ ငါ‌ ‌သေနတ်ပစ်ပြိုင်ပွဲအမြောက်အများ အနိုင်ရခဲ့တယ်။ မင်းခေါင်းကို ပစ်ဖောက်ထုတ်ဖို့က ငါ့အတွက် အရမ်းလွယ်တယ်"

"ဝိုး...."ထန်ရှုက လက်ခုပ်တီးလျက် ရယ်လိုက်သည်။"မင်းက ကျင်းမန်ကျွန်းမှာ ဒီလိုစီးပွားရေးမျိုးရှိတာ အံ့ဩစရာမရှိဘူးပဲ။ ဒါပေမယ့် မင်း အမှားတစ်ခု လုပ်ခဲ့တယ်။ မင်းရဲ့လူတွေမှာရော သေနတ်မရှိလို့လား၊ အခု သူတို့ ဘယ်လိုအဆုံးသတ်နေပြီးလဲ"

အမူအရာက စာရွက်ပမာ ဖြူရော်သွားလျက် ကူဖူကွေ့က အော်လိုက်သည်"သူတို့က အငိုက်မိသွားလို့ပါကွာ။ ငါ မင်းကို မသတ်ချင်ဘူးနော်၊ ကောင်ကလေး။ ငါ့ကို ဖိအားမပေးနဲ့။ ဒီကိစ္စကို ဒီမှာပဲ ရပ်ကြရအောင်၊ ဒါပေမယ့် ယန်ယန်ကို သွားခွင့်ပေးတဲ့အတွက် မင်း ငါ့ကို ဖြေရှင်းချက်တစ်ခု ပေးရမယ်"

"ဟမ့်၊ မင်းက ဘယ်လောက်မျက်စိကန်းနေတာ၊ အဆင်အခြင်မဲ့တယ်ဆိုတာ မင်းကိုယ်မင်း မသိဘူးပဲ"ထန်ရှုက ခေါင်းခါယမ်းလျက် နှာခေါင်းရှုံ့လိုက်သည်။

ဝှစ်.....

မိုအားဝူ၏ပုံရိပ်က ကူဖူကွေ့၏အရှေ့၌ ချက်ချင်း ထွက်ပေါ်လာသည်။ သူ့လက်များက ကူဖူကွေ့၏လက်ထဲရှိသေနတ်အား လျှပ်စီးအလား ဖမ်းယူလိုက်ပြီး အခြားလက်တစ်ဖက်က ကူဖူကွေ့အား ပါးရိုးချိုင့်ဝင်သွားသည့်အထိ ထိုးချလိုက်သည်။ ထို့နောက် ကူဖူကွေ့၏ခန္ဓာကိုယ်က ညာဘက်သို့ လွင့်စင်ကျသွားလေ၏။

ဘန်း.....

ကူဖူကွေ့က ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။ ထိုကဲ့သို့‌နာကျင်မှုအား သူ မခံစားရသည်မှာ အလွန်ကြာညောင်းလေပြီ။

ထန်ရှုက သူ့အား စိတ်မဝင်စားစွာ တစ်ချက်ကြည့်ပြီးနောက် နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်"သူတို့အားလုံးကို သတိလစ်အောင် လုပ်ပြီး ဒဏ်ရာကို ထုပ်စည်းပေးလိုက်ကြ။ သူတို့တွေ ငါတို့ရဲ့နေရာမှာ ‌သေသွားတာကို ငါ မလိုချင်ဘူး"

"နားလည်ပါပြီ"

မိုအားဝူတို့ငါးယောက်က မြေပြင်ပေါ်တွင် လဲကျနေသော ကူဖူကွေ့ငယ်သားများ၏ခြေထောက်များအား ရိုက်ချိုးပစ်လိုက်ကြသည်။ သူတို့က သတိလစ်သွားကြပြီးနောက် ဒဏ်ရာများအား ကုသရန် မိုအားဝူတို့က ပတ်တီးစည်းပေးလိုက်ကြ၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ကားမီးအလင်းပျပျနှင့်အတူ ရဲကားဒါဇင်ကျော်က ဝင်လာခဲ့လေ၏။ ထို့‌နောက် ကားပါကင်သို့ တစ်စီးပြီးတစ်စီး ရောက်ရှိလာကြ၏။ ကားများထဲမှ ရဲသားများ ချက်ချင်းထွက်လာကြပြီး ထန်ရှုနှင့်ကျန်လူများအား သေနတ်နှင့် ချိန်လိုက်ကြသည်။

မြို့ခေါင်းဆောင်ဖြစ်‌သောလီတောင်ရမ်က ကျင်းမန်ကျွန်းတွင် အားအကောင်းဆုံးဖြစ်ပြီး အရှေ့ရှိမြင်ကွင်းအား မြင်တွေ့ပြီးနောက် လေအေးတို့ ရှုသွင်းမိသွားလေတော့သည်။ သို့သော် ရှင်းထင်နှင့်ဝမ်စန်က မျက်လုံးများ ဖောင်းကားလျက် ထိတ်လန့်နေပုံပေါ်၏။ သူတို့က အပြစ်သားများနှင့်တိုက်ခိုက်ရန် တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့ဖူးသော်လည်း ယခုကဲ့သို့သောမြင်ကွင်းတစ်ခုအား မမြင်ခဲ့ရပေ။ စုစုပေါင်းလူလေးဆယ်ကျော်က မြေပြင်ပေါ်တွင် ခွေးသေကောင်များပမာ လဲကျနေပြီး သေးသလားရှင်သလားလဲ မသိပေ။ ကျန်ရဲသားများကလည်း ထိတ်လန့်‌နေကြပြီး လက်များပင် အနည်းငယ်တုန်ယင်နေတော့၏။

လီတောင်ရမ်က ရှေ့တိုးလာကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်"မစ္စတာထန်က ဘယ်တစ်ယောက်လဲ"

"ငါပဲ"ထန်ရှုက ပြုံး၍ ပြန်ဖြေသည်။

"မင်္ဂလာပါ၊ မစ္စတာထန်။ ကျေးဇူးပြုပြီး မင်းရဲ့အထောက်အထားကို ပြပေးပါ"လီတောင်ရမ်က ခေါင်းညိတ်လိုက်သည်။

ထန်ရှုက လုံခြုံရေးဌာန၏စာအုပ်စိမ်းအား ချက်ချင်းယူထုတ်လိုက်ပြီး သူ့အား ကမ်းပေးပြီးနောက် ပြောလိုက်သည်"အချိန်တိုအတွင်း ရောက်လာတယ်ဆို‌တော့ ဆိုးတော့မဆိုးပါဘူး။ ဒါပေမယ့် ကျင်းမန်ကျွန်းရဲ့ပြည်သူ့လုံခြံ‌ရေးနဲ့ပတ်သက်ပြီးတော့ ငါ တကယ် သဘောမကျဘူးဖြစ်နေတယ်။ လွန်ခဲ့တဲ့ညက ဒီလူတွေလက်ထဲကနေ ငါ လူနှစ်ယောက်ကို ကယ်ပေးခဲ့တယ်၊ ပြီး‌နောက် သူတို့က ငါ့နေရာအထိ လာပြီး ငါ့ကို သတ်ဖြတ်ဖို့ ကြိုးစားလာကြတာပဲ။ မြေပြင်မှာပြန့်ကျဲနေတဲ့လက်နက်တွေ၊ ပစ္စတို‌တွေ၊ ခြောက်လုံးပြူးတွေကို တစ်ချက်ကြည့်လိုက်ကြအုံး။ ဒီလူတွေက အနက်ရောင်ဂိုဏ်းသားတွေဆိုတာ မင်းတို့ မသိကြဘူးမလား"

အစိမ်းရောင်မှတ်စုစာအုပ်ပေါ်တွင်‌ဖော်ပြထားသောစာလုံးကြီးများအား မြင်ပြီး လီတောင်ရမ်၏မျက်လုံးများက ကျုံ့သွားလေသည်။ သူက စာရွက်များအား အနည်းငယ်လှန်ကြည့်ပြီးနောက် ထန်ရှုထံ ပြန်ပေးကာ ခါးသီးစွာ ပြောလိုက်ပြန်၏"ငါက လီတောင်ရမ်ပါ၊ ကျင်းမန်ကျွန်းရဲ့အတွင်းဝန်ပါ။ ငါ မင်းကို တောင်းပန်ပါတယ်၊ မစ္စတာထန်။ စိတ်ချပါ၊ အနာဂတ်မှာ ဒါမျိုး မဖြစ်ရအောင် ဒီကိစ္စကို ငါ သေချာကိုင်တွယ်ဖြေရှင်းပေးပါ့မယ်"

"မြို့ရဲ့တာဝန်ရှိအရာရှိတစ်ယောက်အနေနဲ့ သာမန်ပြည်သူတွေအတွက် ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် လုပ်ပေးဖို့က အနိမ့်ဆုံးတာဝန်ပဲ။ ထာဝရခန်းမရဲ့လုံခြုံရေးအစောင့်တွေက ဒီရာဇဝတ်‌သားတွေကို နှိမ်နင်းပြီးပြီ၊ ဒါကြောင့် သူတို့အားလုံးကို မင်းတို့ဆီ လွှဲပေးလိုက်မယ်"ထန်ရှုက ခေါင်းညိတ်လိုက်သည်။

"ဒီလူတွေက ဥပဒေကို ချိုးဖောက်ခဲ့တယ်၊ သူတတို့က တရားဥပဒေရဲ့စီရင်မှုကို သေချာပေါက် ရင်ဆိုင်ရမှာပါ"လီတောင်ရမ်က ချက်ချင်းခေါင်းညိတ်ကာ ပြော၏"ဒါ‌တွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ မစ္စတာထန်။ မင်းကြောင့်သာမဟုတ်ရင် ဒီကောင်တွေက ဥပဒေသကို လက်တစ်လုံးခြားလုပ်ပြီး တရားဥပဒေရဲ့အပြစ်ပေးမှုကနေ လွတ်မြောက်နေလောက်တယ်"

"ဒါက ငါ့တာဝန်ပါပဲ၊ ယဉ်ကျေးစရာမလိုပါဘူး"ထန်ရှုက ပြုံးကာ ပြော၏"ပြီးတော့ ခေါင်းဆောင်နာမည်က ကူဖူကွေ့။ သူက ကျင်းမန်ကျွန်းမှာ အတော်လေးစွမ်းအားရှိတယ်၊ တရားမဝင်တဲ့စီးပွားရေးလုပ်ငန်းများစွာကိုလဲ ပိုင်ဆိုင်ထားတယ်။ ဒီလူလုပ်ခဲ့သမျှလုပ်ရပ်အားလုံးကို မင်းတို့တွေ လုံးစေ့ပတ်စေ့စုံစမ်းနိုင်မယ်လို့ ငါ ယုံတယ်"

ရဲခေါင်းဆောင်ဖြစ်သောရှင်းထင်က ချက်ချင်း ပြန်ပြောလိုက်သည်"ငါက မြို့ပြရဲဌာနရဲ့ခေါင်းဆောင်ရှင်းထင်ပါ၊ မစ္စတာထန်။ ဒီ‌နေ့ဖြစ်ပျက်ခဲ့သမျှအားလုံးအတွက် ငါ တောင်းပန်ရမှာပါ။ မင်း စိတ်ချပါ၊ ကူဖူကွေ့ကျူးလွန်ခဲ့သမျှအပြစ်တွေအားလုံးကို ငါတို့ သေချာစုံစမ်းစစ်ဆေးမှာပါ"

"ကောင်းပါပြီ။ သူတို့ကို ခေါ်သွားလို့ရပြီ"ထန်ရှုက ပြောလိုက်သည်။

ထိုအချိန်တွင် SUVကားနှစ်စီးက မောင်းဝင်လာခဲ့ပြီး ရဲကားများအရှေ့၌ ရပ်သွား၏။ အိုးရန်လဲ့က လူအချို့ဝန်းရံလျက် ထန်ရှုနှင့်လီတောင်ရမ်တို့ထံ လျှောက်လာပြီး သိချင်စိတ်နှင့် မေးလိုက်သည်"ဒီနေရာမှာ ဘာဖြစ်နေတာလဲ။ ပြီးတော့ ဦးလေးကရော ဒီကို ဘာလို့ရောက်နေတာလဲ"

လီတောင်ရမ်က ထန်ရှုအား လက်ညှိုးထိုးကာ ဖြေလိုက်သည်"လုံခြုံရေးဌာနအရာရှိဖြစ်တဲ့မစ္စတာထန်က အရေးပေါ်ဆင့်ခေါ်လို့။ အပြစ်သားအချို့က ထာဝရခန်းမကို တိုက်ခိုက်နေတာ၊ ဒါကြောင့် ငါ ဒီနေရာကို လာခဲ့တာ။ မင်းကရော၊ ဒီလောက်ညနက်နေပြီကိုး၊ ဒီကို ဘာလို့ ရောက်လာတာလဲ"

"ဟမ်။ ထန်ရှုက လုံခြုံရေးဌာနကလား။ ဒါက မထင်မှတ်ထားတာပဲ"အိုးရန်လဲ့က အံ့အားသင့်စွာ ပြောလိုက်သည်"ဒါနဲ့ ထန်ရှုရဲ့အထောက်အထားနဲ့ ပတ်သက်ပြီး မင်း တစ်ခုခုကို သတိမရဘူးလား၊ ဦးလေး"

"အာ။ မင်းက ဘာအထောက်အထားကို ပြောနေတာလဲ"လီတောင်ရမ်က ဘာမှနားမလည်သောမျက်နှာနှင့် မေး၏။

အဟွတ်၊ အဟွတ်.....

ထန်ရှုက ရယ်ရမလား ငိုရမလား မသိတော့‌ပြန်။ သူ လက်ချာရိုက်ခဲ့သည့် လီတောင်ရမ်က အိုးရန်လဲ့နှင့်အိုးရန်လုလု၏ဦးလေးဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဝါစဉ်အရ သူလဲ ဦးလေးလို့ ခေါ်သင့်သည်မဟုတ်လော။

အိုးရန်လဲ့၏အကြည့်က ထန်ရှုထံ ပြောင်းရွှေ့သွားပြီး သူက ရယ်လျက် ချက်ချင်းမေးလိုက်သည်"အိုး...ငါ့ ဦးလေးရယ်၊ တရုတ်မှာ ထန်ရှုလို့ခေါ်တဲ့သူ ဘယ်လောက်တောင် ရှိနိုင်လို့လဲ။ အိုးရန်မိသားစုနဲ့ဆက်စပ်နေတဲ့တစ်ယောက်ရော မဖြစ်နိုင်ဘူးလား"

***

All Chapters