← Chapters

နတ်သမီးလေး

Vol. 73 Ch. 1013

နတ်သမီးလေး

Vol. 73 Ch. 1013

လီတောင်ရမ်က တွန့်ရှုံ့သွားပြီး တစ်ခုခုအား ရုတ်တရက် အမှတ်ရလိုက်သည်။ မျက်နှာတွင် ထူးခြားသောအမူအရာနှင့်"ငါ သတိရပြီ....မင်းက လုလုရဲ့...."

ထန်ရှုက ခြောက်ကပ်ကပ်ပြုံးလျက် ဆက်ပြော၏"ဟုတ်ပါတယ်၊ ငါက လုလုရဲ့ကောင်လေးပါ။ ဒါနဲ့....အတွင်းဝန်လီ...မင်းက သူမရဲ့ဦးလေးမှန်း ငါ မသိခဲ့ဘူး....ဒါကြောင့်....ငါ နည်းနည်း....။ စိတ်တော့မရှိပါနဲ့....။ အဟွတ်....အဟွတ်....""

လီ‌တောင်ရမ်က နှာခေါင်းပွတ်လိုက်သည်၊ ရယ်ရမလား ငိုရမလား သူ မသိတော့။ ထန်ရှုအား သူ သိ၏။ တရုတ်တိုင်းရင်းဆေးလောက၏အံ့ဖွယ်နတ်ဆေးဆရာအဖြစ် ထင်ပေါ်ကျော်ကြားသူ။ ထန်ရှု၏အထောက်အထားက သူ့စိတ်ထဲသို့ ချက်ချင်းမရောက်လာခဲ့ပေ။ ယခု သူ သိလိုက်မိချိန်တွင် ကိုးရိုးကားရားဖြစ်သလို ခံစားရသည်၊ သူ့ဂျူနီယာက သူ့အား လက်ချာပေးခဲ့သည်အား စဉ်းစားကြည့်မိလိုက်တော့ သူ အနေခက်မိလေ၏။

သို့သော် လုံခြုံရေးဌာန၏အဖွဲ့ဝင်တစ်ယောက်အနေနှင့် ထန်ရှု၏အထောက်အထားက သူ့အတွက် ထိတ်လန့်စရာကောင်းသောအချက်အလက်တစ်ခုပင်။"ငါ မသိခဲ့ပါလား။ လုလုရဲ့ကောင်လေးကို တွေ့ဖို့ ငါ စောင့်နေတာ၊ ဒါပေမယ့် သူနဲ့ ဒီလိုတွေ့ရမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါနဲ့၊ တူလေးလဲ့၊ မင်းက ဘာလို့ ညလယ်ခေါင်ကြီး ဒီနေရာကို ရောက်လာတာလဲ"

"ငါတို့မိသားစု မကြာသေးခင်က ရခဲ့တဲ့ရတနာကြောင့်ပဲ၊ ဦးလေး"အိုးရန်လဲ့က ပြုံးလျက် ပြန်ဖြေသည်"ထန်ရှုကြည့်ဖို့အတွက် ငါ ဒီကို ယူလာခဲ့တာ၊ ငါတို့ ဒီနေရာမှာ တွေ့ဖို့ ချိန်းထားတာလေ။ ဒါပေမယ့် ဒီလိုမတော်တဆဖြစ်ရပ်ဖြစ်‌နေမယ်လို့ ငါ မထင်ထားခဲ့ဘူး"

"ငါ သိပြီ။ ဒါဆိုလဲ မင်းတို့နှစ်ယောက်ကြားကိစ္စတွေကို ငါ မမေးတော့ပါဘူး"လီတောင်ရမ်က ခေါင်းညိတ်ကာ ပြော၏"ကောင်းပြီ၊ ထန်ရှု၊ မင်းက လုလုရဲ့ကောင်လေးဆိုတော့ ငါတို့က ဆွေမျိုးတွေပေါ့။ ဒါပေမယ့် သူမကို ခေါ်လာပြီး ငါ့ဆီ လာလည်ဖို့ မမေ့နဲ့အုံး။ ပြီးတော့ စီနီယာထန်ကိုလဲ ငါ လေးစားတယ်လို့ ပြောပေးပါ"

"အာ"ထန်ရှုက ခေါင်းညိတ်ကာ သိလိုစိတ်နှင့် ‌မေး၏"မင်းက ငါ့အဖိုးကို သိတာလား"

"သိတယ်။ ငါ့အဖေက စီနီယာထန်ရဲ့ကိုယ်ရံတော် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒဏ်ရာကြောင့် အနားယူပြီး ကျင်းမန်ကျွန်းမှာပဲ နေခဲ့တာ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်က ငါ့အဖေနဲ့အတူ စီနီယာထန်ကို ငါ တွေ့ဖူးပါတယ်"

ထန်ရှုက ချက်ချင်း နားလည်လိုက်သည်၊ လီတောင်ရမ်နှင့် ပိုနီးကပ်လာသလို ခံစားမိကာ သူက  ပြုံးကာ ပြောလိုက်သည်"ဒါဆိုလဲ ငါ လုလုကို ခေါ်ပြီး ဦးလေးဆီ လာခဲ့ပါအုံးမယ်။ ငါ့အဖိုးကိုလဲ သေချာပေါက် စကားပါးပေးမှာပါ"

လီဖူချန်းက ဝမ်းသာစွာ ခေါင်းညိတ်လျက် ပြော၏"မင်းလို ပါရမီရှင်တစ်ယောက်ကို ချစ်သူတော်ထားရတာ လုလုအတွက် ကောင်းချီးတစ်ခုပဲ။ ဒါပေမယ့် အနာဂတ်မှာ မင်း သူမကို ကောင်းကောင်းဆက်ဆံရမယ်၊ မဟုတ်လို့က‌တော့ မင်း ငါ့ကို ဦးလေးလို့ မခေါ်နဲ့တော့"

"ဒါပေါ့"ထန်ရှုက ပြုံးကာ ပြန်ဖြေသည်။

ရောက်လာတာ မြန်သလို လီတောင်ရမ်နှင့်ရဲသားများ ထွက်ခွာသွားသည်မှာလည်း အလွန်မြန်၏။ ဆယ်မိနစ်အတွင်း သူတို့က ကူဖူကွေ့နှင့်သူ့လူများအား ခေါ်သွားခဲ့သည်၊ လေထဲတွင် သွေးအနံ့များသာ ပျံ့လျက် ကျန်နေတော့၏။

သို့သော် သူက ဟွမ်မိသားစုခေါင်းဆောင်ဟွမ်ကျင်းဖူထံ အချိန်အနည်းငယ်ပေးကာ သွားလည်ရမည်ဟုတော့ တွေးထားသည်။ မည်သို့ပင်ဆိုစေကာမူ ကူဖူကွေ့နှင့်ဟွမ်များက အနည်းငယ်ဆက်စပ်နေသည်မဟုတ်လော။

မကြာမီ ကူရှောင်ရွှယ်က ထန်ရှုနှင့်အိုးရန်လဲ့တို့အား စားသောက်ဆိုင်ရှိအခန်းကျယ်တစ်ခုထဲသို့ ခေါ်လာ၏။ ထို့နောက် သူမက သူတို့အတွက် လက်ဖက်ရည်များ ပြင်ဆင်ပေး၏။

အိုးရန်လဲ့က ကူးရှောင်ရွှယ်အား တစ်ချက်ကြည့်ကာ အားတင်းပြုံးလိုက်သည်"မင်း သိလား၊ ငါ့မှာ ကောင်မလေးမရှ်ိခင်တုန်းက မစ္စကူးရဲ့အရှေ့မှာ ထိုင်တိုင်း ငါ့အသိစိတ် ပျောက်ဆုံးခဲ့ရတယ်။ အလှလေးများစွာကို ငါ မြင်ဖူးပါတယ်၊ မင်းနဲ့ ယှဉ်နိုင်‌တဲ့တစ်ယောက်မှတော့ ငါ မတွေ့ခဲ့လေဘူး"

"ငါက ရှင့်ရဲ့ညီမလုလုထက် ပိုလှတယ်လို့ ဆိုလိုတာလား"ကူးရှောင်ရွှယ်က ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်သည်။

အိုးရန်လဲ့က ဘာမှမတတ်နိုင်စွာနှင့် ရယ်သာ ရယ်လိုက်တော့သည်။

"ဟာသတွေ ပြောမနေပါနဲ့တော့၊ အကိုလဲ့ရေ"ထန်ရှုက ပြော၏"ငါ့ကို ရတနာပြပေး။ မင်းက ငါ့ရဲ့သိချင်စိတ်ကို နှိုးဆွခဲ့တာနော်။ အဲဒါက ဘာများလဲ"

အိုးရန်လဲ့က ခေါင်းညိတ်သည်၊ ဂဏန်းတွဲသော့ခလောက်သေတ္တာအား မကာ ကော်ဖီစားပွဲပေါ်တွင် တင်၏။ ဂဏန်းတွဲများအား ရိုက်နှိပ်ပြီးနောက် သေတ္တာ ပွင့်သွားလေသည်။

"ဒါက ငါ့မိသားစုတွေ့ခဲ့တဲ့ရတနာပဲ၊ ထန်ရှု။ တရုတ်ရဲ့ရှေး‌ဟောင်းသုတေသီတွေ၊ သမိုင်းပညာရှင်တွေ၊ ကျော်ကြားတဲ့ပစ္စည်းစုဆောင်းသူတွေ၊ တစ်ယောက်မှ ဒါ ဘာပစ္စည်းလဲဆိုတာ မသိကြဘူး။ တစ်ချက်ကြည့်ကြည့်။ မင်း ဒါကို ဖော်ထုတ်နိုင်ရင် အရမ်းကောင်းမှာ"

သေတ္တာထဲရှိဘဲဥပုံအရာဝတ္ထုကို မြင်ပြီး မယုံကြည်နိုင်သောအကြည့်တစ်ခုက ထန်ရှု၏မျက်နှာအား ဖုံးလွှမ်းသွားသည်။ ဤအရာဝတ္ထုအား သူ့တစ်သက်တွင် ပြန်မြင်ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"မင်း ဒါ ဘယ်လိုရခဲ့တာလဲ"ထန်ရှုက ခေါင်းမော့ကာ မေးလိုက်သည်။

အိုးရန်လဲ့၏မျက်နှာက ပြောင်းလဲသွားသည်။ သူက မဖြေဘဲ ပြန်မေး၏"ဒါ ဘာလဲဆိုတာ မင်း သိလား"

ထန်ရှု၏အမူအရာက အနည်းငယ်အရုပ်ဆိုးသွားပြီး သူ့မျက်လုံးများက ဝိုးတိုးဝါးတားအသွင်ဖြစ်လျက်၊ မသဲမကွဲနာကျင်သလိုခံစားချက်တစ်ခုနှင့် သူက တိုးတိုးလေးပြန်ဖြေ၏"ဒီပစ္စည်းကို ဒီကမ္ဘာမှာ ငါက လွဲပြီး ဘယ်သူမှ မသိဘူး.....တစ်ယောက်မှ...."

သူ့တုံ့ပြန်ချက်ကြောင့် ထန်ရှု၏တမူထူးခြားမှုအား အိုးရန်လဲ့က သဘောပေါက်သွားလေသည်။ ပစ္စည်းအကြောင်း သိရန် စိတ်အားထက်သန်သော်လည်း သူက ပြော၏"အိုးရန်တွေရဲ့အဝေးရောက်ဦးလေးတစ်ယောက်က သူ့လူတွေကို ကျွန်းတစ်ခုဆီ လွှတ်ပြီး သားရဲရိုင်းတွေ ရှာဖမ်းခိုင်းခဲ့တယ်။ သားရဲကလီစာတွေနဲ့စိမ်ထားတဲ့ဝိုင်ပြုလုပ်ဖို့ပေါ့။ ဒီလိုနဲ့ သားရဲတစ်ကောင်ကို အမဲဖျက်တဲ့အခါမှာ ဒီပစ္စည်းကို တွေ့ခဲ့တာပဲ"

ပစ္စည်းကို သားရဲရိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ တွေ့ခဲ့တာလား။

ထန်ရှုက မျက်လုံးမှိတ်လိုက်သည်။ ဤကား တစ်ခုတည်းသောဖြစ်နိုင်ချေပင်၊ လေနှင့် မထိ‌တွေ့ရသဖြင့် နှစ်ပေါင်းများစွာကြာသည့်အထိ ဤပစ္စည်းက မပျက်ဆီးမဆွေးမြေ့ခဲ့သည်လေ။

ခဏကြာပြီးနောက် ထန်ရှုက မျက်လုံးကို ပြန်ဖွင့်၏။ သူ့လက်က အနည်းငယ်တုန်ယင်နေသည်၊ ဘဲဥပုံပစ္စည်းအား ကိုင်ကြည့်၏။ နာကျင်ခံစားနေဟန်နှင့် သူက အချိန်အတော်ကြာသည့်အထိ ပွတ်သပ်နေလေသည်"ဒီကမ္ဘာမှာ ဒါနဲ့ ပတ်သက်ပြီး ငါ့ထက် ပိုသိတဲ့သူ တစ်ယောက်မှ မရှိဘူး။ ဘာလို့ဆို ဒီပစ္စည်းကို ငါကိုယ်တိုင် သန့်စင်ထားခဲ့လို့ပဲ"

"မင်း ဘာပြောတာ"အိုးရန်လဲ့က အံ့အားတကြီး ရေရွတ်လိုက်လေသည်"မင်းက ဒီပစ္စည်းကို ထုတ်လုပ်ခဲ့တဲ့သူလား"

ထန်ရှုက ခေါင်းခါယမ်းလိုက်သည်"ငါ့ကို ဒီပစ္စည်းပေးပါ၊ အကိုလဲ့။ မင်းမိသားစုလိုချင်တဲ့ဘယ်အရာနဲ့မဆို ငါ လဲလှယ်ပေးပါ့မယ်"

"ဘာပြောတာ"ထန်ရှု၏စကားကို ကြားပြီး အိုးရန်လဲ့က ထိတ်လန့်သွားရလေသည်။

"ငါ ဒီပစ္စည်းကို သန့်စင်ခဲ့တာ၊ ဒါကြောင့် ဒီပစ္စည်းက ငါနဲ့ သက်ဆိုင်တယ်။ ဒါက ငါ့လက်ထဲမှာဆိုရင် ရတနာတစ်ခုဖြစ်ပေမယ့် အခြားသူတွေအတွက်တော့ အသုံးမဝင်ဘူး။ ဒီကမ္ဘာမှာ ဒါကို ဖွင့်နိုင်တာ လူနှစ်ယောက်ပဲရှိတယ်"ထန်ရှုက ရှင်းပြ၏။

"ဒါကို ဖွင့်လို့ရတာလား"အိုးရန်လဲ့က မှင်တက်သွားသလို ခေါင်းရှုပ်သွားမိသည်။"မင်း ဘာ ဆိုလိုချင်တာလဲ။ ဒီပစ္စည်းရဲ့အတွင်းမှာ နေရာတစ်ခု ရှိတာလား၊ အထဲမှာ တစ်ခုခုကို သိမ်းထားလို့ရတာမျိုးလေ"

ထန်ရှုက မဖြေပေ၊ လက်ချောင်းအား ကိုက်လိုက်သည်။ သွေးတစ်စက်ထုတ်ပြီး‌နောက် သွေးကို သုံးလျက် ဘဲဥပုံပစ္စည်းပေါ်၌ အက္ခရာစာလုံးတစ်ခု ရေးဆွဲ၏။ ထိုအက္ခရာစာလုံးများက သွေးကြယ်လေးများအဖြစ် ချက်ချင်းပြောင်းသွားပြီး ဘဲဥပုံပစ္စည်းပေါ်တွင် ပျံ့နှံ့လာ၏။

ဖြောက်.....

ပစ္စည်းပွင့်သွားပြီး အဖြူရောင်ပုလဲတစ်လုံးက ထန်ရှု၊ အိုးရန်လဲ့နှင့် ကူးရှောင်ရွှယ်တို့၏အရှေ့၌ ထွက်ပေါ်လာသည်။

ရှုပ်ထွေးသောမျက်နှာနှင့် ထန်ရှုက ဘဲဥအရွယ်အစားပုလဲအား ကောက်ကိုင်ကာ ရေရွတ်လိုက်သည်"ထာဝရလက်တွဲမယ်ဆိုတဲ့အချစ်သက်သေတစ်ခု....‌သေတဲ့ထိတိုင် ငါတို့နှစ်ယောက်ရဲ့နှလုံးသားကို ပေါင်းစပ်ထားကြမယ်ဆိုပဲ.....။ အခုတော့ ဒါတွေက ရယ်စရာပါလား.....သစ္စာဖောက်ခံရတဲ့ခံစားချက်က ဘယ်လောက်တောင် နာကျင်လိုက်ပါသလဲ...."

ဝှစ်.....

အဖြူရောင်ပုလဲလုံးမှ အလင်းတစ်ခု တောက်ပထွက်လာသည်။ နတ်သမီးလေးတစ်ယောက်က တောင်ပံတဖျပ်ဖျပ်ခတ်လျက် ထန်ရှုအရှေ့၌ ထွက်ပေါ်လာသည်၊ သူမမျက်လုံးများက သိချင်စိတ်တို့နှင့်ပြူးကျယ်နေလျက် ဟိုဟိုသည်သည်ကြည့်၏။ သူမမျက်လုံးများက ထန်ရှုအပေါ် ကျရောက်သွားကာ မေးလိုက်လေသည်"ဘယ်သူ....ဘယ်သူလဲ။ ဘာလို့ ရှင့်ကို ရင်းနှီးနေသလို ခံစားရတာလဲ။ အာ၊ ဆရာ....ငါ့ဆရာ ဘယ်မှာလဲ။ သူမ ဝူကလေးကို မဆင့်ခေါ်တာ တော်တော်ကြာပြီ"

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်သည်။ သတ်ဖြတ်လိုစိတ်မြင့်တက်လာလျက် သူက မာဆတ်ဆတ်ပြော၏"ပါးစပ်ပိတ်စမ်း....."

နတ်သမီးလေးက အနည်းငယ်ထိတ်လန့်သွားသည်။ ထန်ရှုလက်ဖဝါးမှ ပျံသန်းလျက် လေထဲတွင် ရပ်ကာ ပြောလိုက်သည်"ရှင်....ရှင်က ဝူလေးကို ဆူတယ်....ဝူလဲ ရှင့်ကို ပြန်ဆူချင်တယ်။ ဒါပေမယ့် ဘာလို့ ဝူလေးက ရှင့်ကို စိတ်မဆိုးရတာလဲ။ ရှင် ဘယ်သူလဲ။ ရှင်နဲ့ရင်းနှီးသလိုပဲ။ အရမ်းရင်းနှီးသလို ခံစားရတယ်၊ ဒါပေမယ့် ဝူဝူက ရှင့်ကိုတစ်ခါမှ မမြင်ဖူးဘူး"

"ငါ မင်းကို ပါးစပ်ပိတ်ထားလို့ ပြောနေတယ်"ထန်ရှုက ကြမ်းကြမ်းတမ်းတမ်းပြော၏"မင်း စကားတစ်လုံး ထပ်ပြောရဲရင် ကြာကိုးပွင့်ကံကြမ္မာမီးလျှံကို သုံးပြီး ငါ မင်းကို ပြာချပစ်မယ်"

"အာ....."

နတ်သမီးလေးက ထိတ်လန့်စွာနှင့် နံရံသို့ ပြေးကပ်၏။ သူမက တွဲလောင်းအနေထားနှင့်သာ အသံထွက်မည်ကို‌ ကြောက်ရွံ့စွာနှင့် စိုက်ကြည့်နေလေသည်။ သူမဆရာ၏ယောက်ျားအန္တိမအရှင်ထန်ရှုကလွဲပြီး အခြားဘယ်သူမှ ကြာကိုးပွင့်ကံကြမ္မာမီးလျှံအား မထုတ်ဖော်နိုင်သည်ကို သတိရသွားလေ၏။

ဤအရှိန်အဝါအား ရင်းနှီးသလို ခံစားနေမိသည်မှာ အံ့ဩစရာမရှိ။ သူက သူမဆရာ၏ယောက်ျားဖြစ်သည်၊ အသွင်အပြင်က ကွဲပြားနေရုံမျှသာ။

နတ်သမီးလေးက သူမဆရာ၏တည်နေရာအား မေးချင်သည်၊ သို့သော် ထန်ရှု၏မျက်နှာပေါ်ရှိသတ်ဖြတ်လိုစိတ်အား မြင်ပြီး သူမက စကားမပြောရဲပေ။

ထန်ရှုက သက်ပြင်းရှိုက်ပြန်၏။ ထို့နောက် သူက အိုးရန်လဲ့အား ကြည့်ကာ ပြောလိုက်သည်"အကိုလီ၊ မင်းကို ဒီအကြောင်း ပြောပြဖို့ မသင့်တော်တဲ့အတွက် ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါက သူမရဲ့ဆရာနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခု ရှိခဲ့တယ်။ ငါကပဲ သူမရဲ့သေတ္တာကို သန့်စင်ခဲ့တာ။ ငါ့ကို ဒါပေးပါ၊ လျော်ကြေးအနေနဲ့ မင်းလိုချင်တာ တောင်းလို့ရတယ်"

နတ်သမီးလေးအား မြင်ပြီးနောက် အိုးရန်လဲ့က ငေးကြောင်နေမိသည်။ ထန်ရှုစကားများက သူ့အား သတိပြန်ဝင်လာစေသည့်အထိပင်။

"ငါ......"သူက တံတွေးမျိုချလိုက်သည်။

ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြောလိုက်သည်"ငါ မင်းကို အင်မော်တယ်ဓားတစ်လက်ပေးမယ်။ အဆုံးမဲ့စွမ်းအားတွေပါဝင်တဲ့အစစ်အမှန်ပစ္စည်း၊ အဲဒါက ကျင့်ကြံသူတွေအတွက် သေချာပေါက် နတ်ဘုရားလက်နက်ပဲ"

အင်မော်တယ်လက်နက်တစ်ခုလား။

အိုးရန်လဲ့က နတ်သမီးလေးအား တစ်ချက်ကြည့်ပြီးနောက် အင်မော်တယ်လက်နက်အကြောင်း တွေးလိုက်သည်။ သူက ပေါင်ပုတ်ကာ အံ့အားတကြီးပြောလိုက်လေ၏"မျှတတဲ့အပေးအယူပဲ။ ငါ လက်ခံတယ်"

ထန်ရှုက ကူးရှောင်ရွှယ်အား လှည့်ပြောလိုက်သည်"ကျီချီးမိန်ဆီက‌နေ အင်မော်တယ်ဓားတစ်လက်ယူပြီး အိုးရန်တွေဆီ ပို့ပေးလိုက်။ ပြီးတော့ ဓားကိုယ်တွယ်နည်းကိုလဲ သင်ကြားပေးလိုက်"

ကူးရှောင်ရွှယ်က အလားတူထိတ်လန့်နေဆဲပင်။ သို့သော် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်အနေနှင့် သူမက အိုးရန်လဲ့ထက် စိတ်ခိုင်မာသည်၊ သူမက တည်ငြိမ်စွာ ခေါင်းညိတ်လျက် ပြော၏"ငါ အကြီးအကဲကျီဆီကနေ တောင်းလိုက်ပါ့မယ်"

ထို့နောက် ထန်ရှုက နတ်သမီးလေးထံ အကြည့်ပြောင်းလိုက်သည်။ သူ့လက်ချောင်းများက လှုပ်ရှားသွားပြီး ချိတ်ပိတ်စည်းတစ်ခု ပြုလုပ်လိုက်သည်။ ချီစီးကြောင်းတစ်ခုက နတ်သမီးလေးအား ရစ်ပတ်သွားပြီး သူမအား ဘဲဥပုံသေတ္တာထဲသို့ ဆွဲသွင်းသွားလေ၏။

"ဝူဝူလေးကို မပိတ်ပါနဲ့တော့။ ဝူဝူက အထဲမှာ ထပ်မနေချင်တော့ဘူး"နတ်သမီးက စူးစူးဝါးဝါးအော်ဟစ်လိုက်သည်"ကျေးဇူးပြုပြီး ဝူဝူကို ထုတ်ပေးပါ။ ဝူဝူ ဆရာကို တွေ့ချင်တယ်။ အဟင့်၊ အဟင့်....ဝူဝူ ဆရာ့ကို သတိရတယ်"

***

All Chapters