ထန်ဂိုဏ်း တည်ထောင်ခြင်း
Vol. 73 Ch. 1015
ကျင်းမန်ကျွန်းမှ နဂါးကိုးကောင်ကျွန်းသို့ အကွာအဝေးက ငါးရာကီလိုမီတာကျော် ရှိပြီး သာမန်နည်းလမ်းဖြင့်ဆိုလျှင် တစ်ရက်သို့မဟုတ်နှစ်ရက်ခရီးဖြစ်သည်။ သို့သော် ကူးယန်အာက ထန်ရှုနှင့်ထာဝရခန်းမ၏အဖွဲ့ဝင်များအား ခေါ်ဆောင်လာပေးသည့်အတွက် စက္ကန့်အနည်းငယ်အတွင်း နဂါးကိုးကောင်ကျွန်းအစီအရင်အပြင်ဘက်သို့ ရောက်ရှိလာ၏။
"ကမ္ဘာတစ်ခုလုံးမှာ ဆရာတစ်ယောက်ပဲ ဆန်းပြားတဲ့မဟာအစီအရင်တစ်ခုကို တည်ဆောက်နိုင်မယ်ထင်တယ်။ ကျီချီးမိန်ကတောင် ဆရာလို လုပ်နိုင်မယ်မထင်ဘူး"ကူးယန်အာက ပြုံးလျက် လေးစားစွာ ဆိုလိုက်သည်။
သူမ၏မှတ်ချက်စကားအပေါ် ထန်ရှုက အနည်းငယ်ပြုံးလိုက်ပြီးနောက် ထိတ်လန့်တုန်လှုပ်နေသောထာဝရခန်းမ၏ပင်မအဖွဲ့ဝင်ဒါဇင်ကျော်အား ကြည့်ကာ ပြောလိုက်သည်"ဒီနေရာမှာ အချိန်မဖြုန်းကြနဲ့။ ပြီးတော့ မင်းတို့ရဲ့ခွန်အားနဲ့ဆိုရင် ဝင်ဖို့က လွယ်ပါတယ်"
ကူးယန်အာက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်၊ သူမပုံရိပ်က နဂါးကိုးကောင်ကျွန်းနန်းတော်အရှေ့ရှိကွက်လပ်သို့ ရောက်ရှိလာသည်။ အနီးဝန်းကျင်ရှိကျွမ်းကျင်သူများက အသက်ရှုချိန်အနည်းငယ်အတွင်း ထန်ရှုအရှေ့သို့ ရောက်ရှိလာ၏။
"သူဌေး....."
ကျွမ်းကျင်သူဒါဇင်ကျော်က ထန်ရှုနှင့်ကူးယန်အာတို့အား အရိုအသေပေးလိုက်ကြသည်။
လက်ဝှေ့ယမ်းလျက် ထန်ရှုက အမိန့်ပေး၏"မင်းတို့လုပ်စရာရှိတာ ဆက်လုပ်ကြ၊ ပြီးတော့ ငါ့ကို လာတွေ့ဖို့ အားဝမ်ကို ပြောလိုက်အုံး"
"နားလည်ပါပြီ...."
လူများက လျင်မြန်စွာ ပျောက်သွား၏။ သတင်းရသွားသည့်မိုအားဝမ်က အမြန်ဆုံးအရှိန်နှင့် ထန်ရှုနှင့်ကူးယန်အာတို့ရှေ့မှောက်၌ ထွက်ပေါ်လာသည်။ ကူးယန်အာကို မြင်ပြီး စိတ်လှုပ်ရှားနေသောအကြည့်နှင့်အတူ သူမအား လေးစားစွာ ဦးညွှတ်လိုက်လေ၏။
"အားဝမ်၊ သူတို့ အခုမှ ဒီကို ရောက်တာဆိုတော့ မင်း သူတို့ကို နေရာအရင်ချပေးလိုက်။ ပြီးရင် ပင်မအဖွဲ့ဝင်အားလုံးကို အစည်းအဝေးခန်းမဆီ ဆင့်ခေါ်။ ငါ အရေးတကြီးကြေညာစရာတစ်ခုရှိတယ်"
မိုအားဝူက ခေါင်းညိတ်ပြပြီးနောက် လူဒါဇင်ကျော်နှင့်အတူ ထွက်ခွာသွားလေသည်။
"ဆရာ....."
လေထဲတွင် ပျံသန်းနေသော လိပ်ပြာတစ်ကောင်အလား ကူးရင်၏ရောင်စုံဝတ်စုံက တဖျပ်ဖျပ်လှုပ်ခတ်နေ၏။ သူမအသံက လေနှင့်အတူ အရင်ပါလာပြီး ထန်ရှုအား စိတ်ရောကိုယ်ပါ ပွေ့ဖက်လိုက်ချေသည်။
ပီတီပြုံးလျက် ထန်ရှုက သူမအား ပွေ့ချီကာ ပြန်ဖက်လိုက်သည်။ သူမအား နှစ်ကြိမ် လှည့်ပတ်ကြည့်ပြီးနောက် ပြန်ချကာ ပြုံးလျက် ပြော၏"ရင်ရင်၊ မင်းရဲ့စီနီယာအစ်မကို နှုတ်ဆက်လိုက်"
ကူးရင်က ကူးယန်အာအား ငေးကြည့်ပြီးနောက် ချက်ချင်း အရိုအသေပေးလိုက်သည်"ရင်ရင်က စီနီယာအမကို အရိုအသေပေးပါတယ်"
အပြုံးတစ်ခုက ကူးယန်အာ၏ပါးစပ်ထောင့်တွင် ရေးဆွဲသွား၏။ ရှေးကျသောအဆောင်များနှင့်အတူ ထိပ်တန်းအဆင့်အင်မော်တယ်ဓားတစ်လက်အား သူမထံ ကမ်းပေးလိုက်သည်။ ထို့နောက် ကူးယန်အာက ပြုံးကာ ဆိုလိုက်သည်"ငါ မင်းကို ဒိီအင်မော်တယ်ဓားပေးမယ်။ မင်း သင်ယူလို့ရမယ့် လျှို့ဝှက်ပညာရပ်အချို့လဲ ရှိတယ်။ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်တဲ့အခါကျရင် မင်း လျှို့ဝှက်ပညာရပ်တွေကို ဖတ်ရှုနိုင်မှာပါ။ ပြီးတော့ ရင်ရင်၊ မင်းမှာ အထူးခန္ဓာကိုယ်တစ်ခုရှိတယ်၊ အဲဒါက အင်မော်တယ်ကမ္ဘာမှာတောင် ရှားပါးတယ်။ မင်းသာ လုံ့လဝီရိယနဲ့ လေ့ကျင့်မယ်ဆိုရင် အနာဂတ်မှာ အကန့်အသတ်မရှိတဲ့အောင်မြင်မှုတွေ ရလာမှာ သေချာတယ်"
"ငါ သေချာပေါက် ကြိုးစားကျင့်ကြံမှာပါ၊ စီနီယာအစ်မ"ကူးရင်က ခေါင်းညိတ်ကာ ပြော၏"အနာဂတ်ကျရင် ကျွန်မက ဆရာနဲ့စီနီယာအစ်မတို့ကို ကာကွယ်ပေးမှာပါနော်"
"ဟီးဟီး...."ကူးယန်အာက ပါးစပ်အုပ်လျက် ရယ်ရင်း ကူးရင်၏ဆံပင်အား ညင်သာစွာ ပွတ်သပ်ပေးနေလေ၏။
များမကြာမီ ထန်ရှုက မုချင်းဖျင်အား ကူးယန်အာနှင့် မိတ်ဆက်ပေးလိုက်သည်။ အင်မော်တယ်ကမ္ဘာတွင် အတွေ့အကြုံများစွာ ရှိသည့်အတွက် သူမဆရာ၏အိမ်တော်ထိန်းက ဘာဆိုလိုသည်ကို ကူးယန်အာက ကောင်းကောင်း သိ၏။ မုချင်းဖျင်က သူမဆရာအယုံကြည်ရဆုံးတစ်စုံတစ်ယောက်ဟု ဆိုလိုသည်၊ ကူးရင်၏အမေလည်း ဖြစ်သေး၏။ ထို့ကြောင့် သူမအား ယဉ်ကျေးစွာ ဆက်ဆံ၏၊ သူမဟန်အမူအရာက မုချင်းဖျင်အား အလွန်ဝမ်းသာစေသည်။
နှစ်နာရီကြာပြီးနောက် မစ်ရှင်များထမ်းဆောင်နေသည့်ပင်မအဖွဲ့ဝင်အနည်းငယ်ကလွဲပြီး ကျွန်းပေါ်တွင် ရှိသူတိုင်းက ကျွန်းလယ်ရှိ စည်းဝေးခန်းမသို့ ရောက်ရှိလာကြ၏။ ခန်းမက လူတစ်သိန်း ဝင်ဆံသည်၊ ထို့ကြောင့် လက်ရှိလူတစ်ရာကျော်နှင့်အတူ အတော်လေးနေရာလွတ်နေ၏။
လက်နောက်ပစ်လျက် ထန်ရှုက စင်မြင့်ပေါ်တွင် ရပ်နေလေသည်။ သူ့ဘယ်ဘက်ခြမ်းတွင် ကူးယန်အာ၊ ညာဘက်ခြမ်းတွင် မုချင်းဖျင်တို့ ရှိကြပြီး သူ့မျက်လုံးများက ထာဝရခန်းမ၏ပင်မအဖွဲဝင်ဒါဇင်ကျော်အား သေချာကြည့်နေလေ၏။
"အားလုံး ရောက်လာပါပြီ၊ သူဌေး"မိုအားဝမ်က လျှပ်စီးအလား ရောက်ရှိလာပြီး ထန်ရှုထံ တင်ပြလိုက်သည်။
ထန်ရှုက သူ့အား ခေါင်းညိတ်ပြပြီးနောက် မိုအားဝမ်က စင်မြင့်အောက်သို့ ပြန်ဆင်းသွားသည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် စပြောလိုက်၏"ယနေ့က ထာဝရခန်းမရဲ့ပင်မအဖွဲ့ဝင်တွေအများဆုံးစုဝေးကြတဲ့အချိန်အခါသာမယပဲ။ ငါ့တပည့်ကူးယန်အာတောင် တက်ရောက်နေတယ်။ ငါတို့တွေ နှစ်နှစ်နီးပါးအတူရှိလာတာဆိုတော့ မင်းတို့တွေ ငါ့ရဲ့စရိုက်လက္ခဏာကို နားလည်လိမ့်မယ်လို့ ငါ ထင်တယ်။ ဒီနေ့မှာ ထာဝရခန်းမကို ဖျက်သိမ်းလိုက်ပြီလို့ ငါ ကြေညာတယ်။ ဒါပေမယ့် ဒီနေ့က ငါတို့ရဲ့ဂိုဏ်းအသစ်တည်ထောင်တဲ့နေ့ရက်ပဲ။ အခု ငါ မင်းတို့အားလုံးကို မေးမယ်။ မင်းတို့ထဲကဘယ်သူများ သဘောမကျတာ ရှိကြလဲ။ အဲလိုထင်တဲ့သူတွေ အခု ထွက်သွားခွင့် ပေးတယ်။ ဒါပေမယ့် မင်းတို့အားလုံး နေဖို့ ရွေးချယ်လိုက်ပြီဆိုရင် မင်းတို့က သေချာပေါက် သစ္စာရှိရမယ်၊ တိုက်ပွဲတွေ ရင်ဆိုင်ရမယ်၊ အနာဂတ်မှာ ပိုစွမ်းအားကောင်းဖို့ လိုအပ်တယ်"
"နှုတ်ထွက်ချင်တဲ့သူရှိလား"
စည်းဝေးခန်းမထဲရှိ လူနှစ်ရာနီးပါးက ထန်ရှုအား အလေးအနက်ကြည့်လိုက်ကြသည်။ တစ်ယောက်မှ မပြောပေ၊ သူတို့မျက်နှာပေါ်တွင် ပြတ်သားခိုင်မာသောအကြည့်တို့သည်သာ ရှိ၏။ သူတို့က ညာဘက်လက်သီးအား မြှောက်လျက် ဘယ်ဘက်ရင်ဘက်ပေါ်တွင် တင်လိုက်ကြသည်။
"အရမ်းကောင်းတယ်"ထန်ရှုက ကျေနပ်သောအကြည့်နှင့် ဆက်ပြောသည်"အနာဂတ်မှာ မင်းတို့က ငါ့နောက် လိုက်လာရမယ်၊ ငါနဲ့ ရင်ဘက်ချင်းယှဉ် တိုက်ခိုက်ရမယ်။ ရန်သူသန်းချီကို တိုက်ခိုက်သတ်ဖြတ်ရမယ်၊ မျိုးနွယ်စုအသင်္ချေနဲ့ ယှဉ်ပြိုင်ရမယ်။ အင်မော်တယ်ကမ္ဘာ၊ နတ်ဆိုးကမ္ဘာ၊ မွန်းစတားကမ္ဘာ၊ ဝိညာဉ်ကမ္ဘာ၊ဗုဒ္ဓကမ္ဘာ၊ တစ္ဆေကမ္ဘာတွေအပြင် မရေမတွက်နိုင်တဲ့ကမ္ဘာငယ်တွေမှာ ထိပ်ဆုံးထိ တက်လှမ်းနိုင်ဖို့အတွက် ငါနဲ့အတူ လိုက်ပြီး အလောင်းတောင်တွေပေါ် ခြေချကြမယ်၊ သွေးပင်လယ်ထဲမှာ ကူးခတ်ရမယ်။ မင်းတို့တွေ အသက်ရှင်နေသရွေ့ ငါနဲ့အတူ အဆင့်ပိုမြင့်မားတဲ့နတ်ဘုရားကမ္ဘာဆီ ခရီးထပ်ဆက်ကြမယ်"
"အင်မော်တယ်တွေက ငါ့လို မင်းတို့တွေ မော့ကြည့်ရမယ့် တည်ရှိမှုမျိုးပဲ။ ငါ့နောက် လိုက်တယ်ဆိုကတည်းက အင်မော်တယ်တွေ၊ နတ်ဘုရားတွေကို သတ်ဖို့ ပြင်ဆင်ထားရမယ်ဆိုတာပဲ။ ဒါပေမယ့် မင်းတို့ အသက်ရှင်နေသရွေ့ လူမရေမတွက်များစွာက မော့ကြည့်ရမယ့် တည်ရှိမှုတွေ ဖြစ်လာနိုင်မှာပါ"
"ငါ့ကို ရှာဖို့ ရည်ရွယ်ချက်အတွက်နဲ့ ထာဝရခန်းမကို ယန်အာက တည်ထောင်ခဲ့တယ်။ အခုကစပြီး ထာဝရခန်းမက စားသောက်ဆိုင်သက်သက်ပဲ၊ အရင်းအမြစ်တွေ ဝယ်ယူဖို့အတွက် ပိုက်ဆံရှာဖို့ ကျင်းမန်ကျွန်းရဲ့စီးပွားရေးတစ်ခုပဲ။ ဒါပေမယ့် အခု ငါတို့ ပိုသန်မာတဲ့အဖွဲ့အစည်းတစ်ခုကို လိုအပ်တယ်။ အဲဒါက ထန်ဂိုဏ်းပဲ"
"ထန်ဂိုဏ်းပဲ။ အခုကစပြီး ငါတို့ဂိုဏ်းကို ထန်ဂိုဏ်းလို့ ခေါ်မယ်၊ ပြီးတော့ ငါက ပထမဆုံးဂိုဏ်းချုပ်ဖြစ်လိမ့်မယ်"
ထန်ရှုက ဤအထိ ပြောပြီးသောအခါ သူ၏မျက်နှာထားက အလွန်လေးနက်တည်ကြည်သွား၏။ စိတ်လှုပ်ရှားနေသောအဖွဲ့ဝင်များအား ကြည့်ကာ သူက စိတ်ထဲ၌ အားရမိသည်။ သူက သူတို့၏ကြည်ညိုလေးစားမှုအား အာရုံခံနိုင်၏။ ထာဝရခန်းမဖြစ်စေ သို့မဟုတ် ထန်ဂိုဏ်းဖြစ်စေ သူတို့က ဤအဖွဲ့အစည်းအား ချစ်မြတ်နိုးသည်ကို သူ ခံစားနိုင်သည်။
"ထန်ဂိုဏ်း...."
"ထန်ဂိုဏ်း...."
"ထန်ဂိုဏ်း...."
ဟစ်ကြွေးသံများက လှိုင်းဂယက်များပမာ ဟိန်းထနေသည်၊ သူတို့က လေပေါ် ပျံဝဲတက်လျက် ခေါင်မိုးကိုပင် ထိုးဖောက်သွားခဲ့ကြသည်။ အသံများက ကောင်းကင်ထိတိုင် ရောက်ရှိသွားကြပြီး ကောင်းကင်ဘုံနှင့်မြေကြီးအား တုန်ခါသွားစေ၏။
တစ်ချိန်တည်းတွင် နေသောနေသောကောင်းကင်ပြာက ရုတ်တရက် မှိန်ကျသွား၏။ တစ်မိနစ်ဝက်အတွင်း တိမ်များ စုဝေးလာကြပြီး လျှပ်စီးလက်ကာ မိုးခြိမ်းလာနေလေသည်။
ရှေးပဝေဏီအရှိန်အဝါက နဂါးကိုးကောင်ကျွန်းပေါ်တွင် ဘွားခနဲ ပေါ်လာပြီး ဧရာမဖိအားတစ်ခုက မိုးကောင်ကင်မှ ကျဆင်းလာသည်။ လျှပ်တစ်ပြက်အတွင်း အချိန်မရွေးပျက်ဆီးနိုင်သကဲ့သို့ နဂါးကိုးကောင်ကျွန်းက တုန်လှုပ်နေလေ၏။
ထန်ရှုဘေးနားတွင် ရပ်နေသော ကူးယန်အာက မျက်နှာတင်းမာလျက် အေးစက်စက်ဖြစ်သွားလေ၏။ သူမပုံရိပ်က လျှပ်တစ်ပြက်ပျောက်ကွယ်သွားပြီး ကောင်းကင်ထက် မီတာတစ်ရာ၌ ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသောစွမ်းအားအား ထုတ်လွှတ်နေသည့် ကောင်းကင်သို့ ဓားတစ်ချက်က ခုတ်ပိုင်းချလာသည်။
"ချိုးဖြတ်ပစ်စမ်း"
မှုန်ဝါးဝါးအရိပ်တစ်ခုက ကူးယန်အာထံမှ ခွဲထွက်လာပြီး လျှပ်တစ်ပြက်အတွင်း အဆသန်းချီ ကြီးမားလာသည်။ ကောင်းကင်အား ထောက်ထားသည့် တိုင်လုံးတစ်ခုပမာ ဓားအလင်းက အမည်းရောင်တိမ်တိုက်များနှင့်လျှပ်စီးမိုးကြိုးများအား ဖျက်ဆီးပစ်သည်။
ထို့နောက် တိမ်တိုက်များက လွင့်စင်သွားသလို လျှပ်စီးမိုးကြိုများက ကွယ်ပျောက်သွားခဲ့၏။
ကမ္ဘာကြီးက မူလအနေအထားသို့ ပြန်ရောက်သွား၏၊ ကောင်းကင်က ပြန်၍ နေသာလာသည်၊ ကူးယန်အာက သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ သူမက မိုးကောင်းကင်အား ကြည့်ကာ အရူးအမူးရယ်မောရင်း ခန္ဓာကိုယ်က အောက်သို့ ကျလာ၏။
ထန်ရှုနှင့်ထန်ဂိုဏ်းသားနှစ်ရာနီးပါးက စည်းဝေးခန်းမမှ ပြေးထွက်လာသည်။ ကူးယန်အာ လုပ်ခဲ့သည်အား မမြင်ခဲ့သော်လည်း သူတို့က တစ်ခုခုအား ခန့်မှန်းနိုင်သည်။
"ယန်အာ....."
ထန်ရှုက ဒေါသတို့ ထွက်သွားလေသည်၊ ထန်ဂိုဏ်းတည်ထောင်ချိန်တွင် ကမ္ဘာ့ဖြစ်စဉ်တစ်ခု ဖြစ်ပျက်လာမည်ဟု သူ မထင်ထားခဲ့ပေ။ ဤကမ္ဘာ၏ကောင်းကင်ဘုံတာအိုက သူ့အား အာရုံခံမိပြီး ကောင်းကင်ဘုံလျှပ်စီးဒေါသအား စေလွှတ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကူးယန်အာက ချက်ချင်း ပြေးသွားကာ ကောင်းကင်ဘုံတာအို၏စွမ်းအားအား ဖျက်ဆီးလိမ့်မည်ဟု မတွေးထားခဲ့ပေ။
သူ့ပုံရိပ်က ဒုံးပျံတစ်ခုအလား လေထဲတွင် ထွက်ပေါ်လာပြီး ကျဆင်းလာသောကူးယန်အာ၏ခန္ဓာကိုယ်အား ပွေ့ဖက်လိုက်သည်။ သူက သူမအား စိုးရိမ်တကြီး ဆူငေါက်လိုက်တော့၏"မင်း သေချင်နေတာလား။ မင်းရဲ့ဒဏ်ရာတွေကတောင် ပြန်မကောင်းသေးဘူး။ နောက်တစ်ခါ မင်း တစ်ခုခုမလုပ်ခင် မင်းရဲ့ခေါင်းကို သုံးစမ်းပါ၊ အမိုက်အမဲမလေးရဲ့။ ကောင်းကင်ဘုံတာအိုရဲ့အပြစ်ပေးမှု ကျဆင်းလာရင်တောင် သူတို့က ငါ စီရင်ထားတဲ့အကာအကွယ်အစီအရင်ကို ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး"
ကူးယန်အာက အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။ ထန်ရှု၏ရင်ဘက်အား သူမ၏မျက်နှာဖြင့် ပွတ်ကာ အားနည်းစွာ ပြောလိုက်၏"ကောင်းကင်ဘုံတာအိုက ဆရာသခင်ကို အနိုင်ကျင့်လို့မရဘူး။ ထန်ဂိုဏ်းက ဆရာသခင် တည်ထောင်ထားတဲ့ပထမဆုံးဂိုဏ်းပဲ၊ ဆရာသခင်ရဲ့သွေးတွေ၊ ချွေးတွေနဲ့ ရင်းနှီးမြှပ်နှံထားတဲ့ မိသားစုပဲ။ ငါ့အသက်ပေးရရင်တောင် ယန်အာက ဆရာသခင်နဲ့ ထန်ဂိုဏ်းကို ကာကွယ်ရမှာပဲ"
ထန်ရှုက စိတ်ထဲ၌ ခံစားသွားရပြီး ကူးယန်အာ၏မျက်နှာလေးအား ကြည့်လိုက်သည်။ သူမအား သူ အပြစ်မတင်ရက်တော့၊ သူမ၏နဖူးအား ဖွဖွနမ်းကာ ရေရွတ်လိုက်သည်"ငါ့ဘဝမှာ ကောင်းတဲ့အရာတွေ အများကြီး ငါ လုပ်ခဲ့တယ်။ ဒါပေမယ့် ငါ လုပ်ခဲ့သမျှထဲမှာ အမှန်ကန်ဆုံးဆုံးဖြတ်ချက်က မင်းကို တပည့်အဖြစ် လက်ခံခဲ့တာပဲ"
သူ၏ရေရွတ်သံက ကူးယန်အာအား ဝမ်းသာသွားစေသည်။ နှလုံးသားထဲတွင် ပျော်ရွှင်မှုတို့ ပြည့်နှက်လာလျက် သူမမျက်လုံးများက အလွန်တရာတောက်ပနေလေတော့သည်။ သူမက ထန်ရှုလက်အား ဆုပ်ကိုင်ကာ တိုးတိုးလေးပြော၏"ငါက အမြဲတမ်း သင့်ရဲ့တပည့်ပါပဲ၊ ဆရာသခင်၊ ဒါပေမယ့် ငါ မကျေနပ်သေးဘူး။ ငါ သင့်ရဲ့အမျိုးသမီး ဖြစ်ချင်သေးတယ်၊ သင့်နဲ့အတူ စကြာဝဠာတစ်ခုလုံး ပျက်ဆီးသွားတဲ့အထိ ရှင်သန်ချင်တယ်။ ယန်အာက ဆရာသခင်နဲ့ ဘယ်တော့မှ မခွဲဘူးပဲ....အင်မော်တယ်ကမ္ဘာနဲ့ နတ်ဘုရားကမ္ဘာတွေ ပျက်ဆီးသွားမယ်ဆိုရင်တောင်မှ...."
ထန်ရှုက ဘာမှ မပြောတော့၊ သူမအား ပိုတင်းကြပ်စွာ ဖက်လိုက်သည်။ တပည့်ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ သူမအား ဖက်ထားချိန်၌ သူ ကောင်းစွာ သိသွားလေပြီ။ ကူးယန်အာက သူ့စိတ်ဝိညာဉ်၏အနက်ရှိုင်းဆုံးထိတိုင် နေရာယူထားခဲ့ပေပြီ။
တစ်ချိန်က သူ့နှလုံးသားထဲ၌ နက်ရှိုင်းစွာ နေရာယူထားသူနှစ်ဦး ရှိသည်။ တစ်ဦးက သူ၏အမေစုလင်းယွမ်ဖြစ်သည်။ အခြားတစ်ဦးက သူ၏ချစ်လှစွာသောဇနီးရွှဲ့ချင်းချန်ဖြစ်၏၊ သို့သော် သူမက သူ့နှလုံးသားနှင့်စိတ်ဝိညာဉ်အား ဒဏ်ရာရစေသူလဲ ဖြစ်၏။
ယခု ကူးယန်အာ ရှိလာပေပြီ။
***