← Chapters

ပျိုးပင်ပေါက်လေး

Vol. 73 Ch. 1016

ပျိုးပင်ပေါက်လေး

Vol. 73 Ch. 1016

ထန်ဂိုဏ်း တည်ထောင်ခဲ့ပြီးလေပြီ၊ တပည့်များက ဆုလာဒ်အဖြစ် ကျင့်ကြံခြင်းအရင်းအမြစ်များစွာနှင့် ထန်ရှုသန့်စင်ထားသည့်မှော်ဓားများအား လက်ခံရရှိခဲ့၏။ ကူးယန်အာက ဒဏ်ရာအပြင်းအထန်ရထားသဖြင့် စေတီထဲတွင်သာ နေလျက် ပြန်အားဖြည့်နေလေ၏။

စည်းဝေးခန်းမသို့ ပြန်ရောက်လာပြီးနောက် ထန်ရှုက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်"ပြီးတော့ အခုကစပြီး ဌာနလေးခုကို ဖွဲ့စည်းဖို့ ငါ ကြေညာမယ်။ ဒီဌာနတွေက စစ်နတ်ဘုရားခန်းမ၊ ထောက်ပံ့ရေးစံအိမ်၊ သတင်းအချက်အလက်စုဆောင်းရေးဗိမာန်နဲ့ လုပ်ကြံသတ်ဖြတ်သူခန်းမတို့ပဲ"

"မိုအားဝူက စစ်နတ်ဘုရားခန်းမရဲ့ခန်းမသခင်ဖြစ်ပြီး စစ်တပ်ကို အုပ်ချုပ်ဖို့ တာဝန်ရှိတယ်။ အနာဂတ်မှာ ဒီခန်းမက ငါတို့ထန်ဂိုဏ်းရဲ့အကြီးမားဆုံးစစ်တပ်ဖြစ်လာလိမ့်မယ်၊ သန်မာတဲ့စစ်တပ်တစ်ခုကို တည်ဆောက်ဖို့ လူငယ်သွေးမျိုးဆက်တွေကို စုဆောင်းရမယ်"

"ကျီချီးမိန်က ထောက်ပံ့ရေးစံအိမ်ရဲ့သခင်ဖြစ်ပြီး ထန်ဂိုဏ်းရဲ့အရင်းအမြစ်တွေအားလုံးကို ထိန်းချုပ်ရမယ်။ နောက်ကျရင် အရင်းအမြစ်ခွဲဝေနည်းကို ငါ ရေးဆွဲမယ်၊ ဒီလိုမှ ထန်ဂိုဏ်းရဲ့တပည့်တွေရဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေကို အဆက်မပြတ်ထောက်ပံ့ပေးနိုင်မယ်"

"ကျင်းရှိီက သတင်းအချက်အလက်ဗိမာန်ရဲ့သခင်အဖြစ် တာဝန်ယူရမယ်။ နှစ်နှစ်အတွင်း ကမ္ဘာတစ်ဝှမ်း လွှမ်းခြုံနိုင်တဲ့ သတင်းအချက်အလက်ကွန်ရက်တစ်ခုကို တည်ဆောက်နိုင်ရမယ်။ လက်ရှိအကြီးမားဆုံးသတင်းအချက်အလက်အေဂျင်စီဖြစ်တဲ့အမှောင်လေအဖွဲ့အစည်းကို ဖယ်ရှားဖို့ စစ်နတ်ဘုရားခန်းမနဲ့ ပူးပေါင်းအလုပ်လုပ်ရမယ်"

"ထန်အန်းက လုပ်ကြံသတ်ဖြတ်သူခန်းမသခင်အဖြစ် ထမ်းဆောင်ရမယ်။ မင်းက ဂိုဏ်းဝင်တွေထဲက လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ကို ရွေးချယ်ပြီး အရည်အချင်းပြည့်ဝတဲ့လုပ်ကြံသတ်ဖြတ်သူတစ်ဖွဲ့ကို လေ့ကျင့်ပေးရမယ်။ ငါတို့မှာ ပျိုးပင်ပေါက်ထောင်ချီရှိတယ်၊ မင်း လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရတယ်"

ထိုလေးယောက်အား တာဝန်ခွဲဝေပေးပြီးနောက်သူတို့လေးယောက်က ဂိုဏ်း၏ထိပ်တန်းစီမံခန့်ခွဲသူများဖြစ်သည်ဟု ဆိုလိုသည်၊ သူတို့က ဂိုဏ်းသားများစွာအား ထိန်းချုပ်ကိုင်တွယ်ရန် တာဝန်ရှိသည်။ သူတို့၏ကျွမ်းကျင်မှုနယ်ပယ်ကို လိုက်ပြီး ထန်ရှုက ရွေးချယ်ထားခြင်းဖြစ်၏။

"နားလည်ပါပြီ...."

မရေမတွက်နိုင်သောအကြည့်များအောက်တွင် လူလေးယောက်က ထန်ရှုအရှေ့၌ ပေါ်ထွက်လာသည်။

ကျေနပ်စွာ ခေါင်းညိတ်ပြလျက် သူ သန့်စင်ထားသည့်အမိန့်ပေးတံဆိပ်လေးခုအား တစ်ယောက်ချင်းစီအား လွှဲပေးလိုက်သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏"ထန်ဂိုဏ်းက အခုမှ တည်ထောင်ခဲ့တာကြောင့် ဌာနလေးခုပဲ ဖွဲ့စည်းရသေးတယ်။ ဒါပေမယ့် ဒါက ယာယီပဲ၊ အနာဂတ်မှာ အခြားဌာနတွေ ခွဲထွက်လာအုံးမှာပါ။ မင်းတို့တွေအားလုံး မင်းတို့ရဲ့တာဝန်ကို ကျေပွန်ပြီး ထန်ဂိုဏ်းနဲ့ငါ့အပေါ် သစ္စာရှိနိုင်မယ်လို့ ငါ မျှော်လင့်တယ်"

"သစ္စာရှိပါမယ်"

"သစ္စာရှိပါမယ်"

"သစ္စာရှိပါမယ်"

"သစ္စာရှိပါမယ်"

သူတို့လေးယောက်က ညာဘက်လက်သီးဆုပ်ကာ ဘယ်ဘက်ရင်ဘက်ပေါ်၌ တင်လိုက်ကြသည်။

ကျေနပ်စွာ ခေါင်းညိတ်လျက် ထန်ရှုက သူတို့အား နောက်ပြန်ဆုတ်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏"မင်းတို့အားလုံးက ထန်ဂိုဏ်းရဲ့အစောဆုံးအဖွဲ့ဝင်တွေပဲ၊ အနာဂတ်မှာ ဂိုဏ်း‌ရဲ့ဦးဆောင်သူတွေ ဖြစ်လာပါလိမ့်မယ်။ ကြီးမားတဲ့တာဝန်တွေ အောင်မြင်အောင် ထမ်းဆောင်ရင်း မင်းတို့အားလုံး ပိုသန်မာလာဖို့ ငါ မျှော်လင့်တယ်"

"စာကြည့်တိုက်စံအိမ်မှာ ငါ ရေးထားတဲ့ စာအုပ်တွေက မများပေမယ့် နှစ်ရာလောက်တော့ ရှိတယ်။ သူတို့အထဲမှာ သန့်စင်ခြင်း၊ အာခီမီ၊ အစီအရင်၊ သားရဲထိန်းကျောင်းခြင်း၊ ခန္ဓာကိုယ်ကျင့်ကြံခြင်း၊ စိတ်ဝိညာဉ်ကျင့်ကြံခြင်း စသဖြင့် အသီးသီးရှိတယ်။ တာဝန်ကို ထမ်းဆောင်တာအပြင် မင်းတို့‌တွေ အချိန်ပေးပြီးတော့ စာကြည့်တိုက်စံအိမ်ထဲမှာ လေ့လာဖတ်ရှုရင်း ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ရမယ်"

"အနာဂတ်မှာ ဂိုဏ်းရဲ့စွမ်းအားရှင်တွေကို ခေါ်ပြီး ငါတို့ရဲ့ဦးခေါင်းအထက်က ကောင်းကင်ကို ဆုတ်ဖြတ်ပစ်မယ်၊ အင်မော်တယ်ကမ္ဘာဆီ သွားကြမယ်။ ငါတို့အားလုံးက ကျင့်ကြံသူ‌တွေ၊ ငါတို့ရဲ့လမ်းကြောင်းက အင်မော်တယ်ဖြစ်ဖို့က အဓိကဦးစားပေးပဲ။ အင်မော်တယ်ကမ္ဘာမှာ တိုက်ခိုက်ဖို့ကို ငါ မစောင့်နိုင်တော့ဘူး။ နောက်နှစ်အနည်းငယ်ဒါမှမဟုတ်ဆယ်စုနှစ်တစ်ခုအတွင်း ဖြစ်နိုင်တယ်၊ ငါ့ရဲ့နောက်ဆုံးအစီအစဉ်က အကောင်အထည်ပေါ်လာမှာကို မင်းတို့တွေ မျှော်လင့်နိုင်တယ်"

"မင်းတို့တွေ ငါနဲ့အတူ လိုက်သွားချင်တယ်ဆိုရင် မင်းတို့ရဲ့ကျင့်ကြံခြင်းအဆင့်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိထားရမယ်။ လက်ရှိမှာတော့ မင်းတို့နဲ့ အရမ်းကို ဝေးကွာနေသေးတယ်၊ ဒါကြောင့် မင်းတို့ကို ငါက အရင်းအမြစ်တွေ၊ အခွင့်အလမ်းတွေ ထောက်ပံ့ပေးမှာပါ။ ဒါပေမယ့် မင်းတို့တွေ ဆုပ်ကိုင်နိုင်မလားဆိုတာကတော့ မင်းတို့ရဲ့အားထုတ်မှုအပေါ်ပဲ မူတည်တယ်"

ဤအချိန်တွင် ထန်ဂိုဏ်း၏တပည့်အားလုံးက တုန်လှုပ်သွားကြသည်။ ထန်ရှု၏နောက်ဆုံးအစီအစဉ်အား သူတို့ မသိထားခဲ့ပေ။ ထန်ရှုက ဆန်းကြယ်သော ဇာစ်မြစ်ရှိသည်ဟူ၍သာ၊ အနာဂတ်တွင် သူ့နောက်လိုက်လျှင် ‌တောက်ပသောအောင်မြင်မှုများ ရလိမ့်မည်ဟုသာ သိထားခဲ့ကြသည်။ သို့သော် ထန်ရှု၏နောက်ဆုံးရည်မှန်းချက်က သူတို့ကျင့်ကြံသူများ အမြဲတမ်း တက်လှမ်းရန် အိမ်မက်မက်နေကြသည့် အင်မော်တယ်ကမ္ဘာ၌ တိုက်ခိုက်ရန် ဖြစ်သည်ကို သိသောအခါ သူတို့အားလုံး အလွန်တုန်လှုပ်သွားကြတော့၏။

ခဏကြာပြီးနောက် ဌာနတစ်ခုစီက သူတို့၏‌နေရာများအား ယူလျက် တာဝန်များအား စတင်ထမ်းဆောင်ကြတော့သည်။

နှစ်ရက်ကြာပြီးနောက်။

ထန်ရှုက နန်းတော်ခေါင်မိုးထိပ်တွင် တင်ပျဉ်ခွေလျက် နေသို့ မျက်နှာမူကာ ခရမ်းရောင်ချီများအား ခန္ဓာကိုယ်ထဲသို့ စုပ်ယူ‌နေသည်။ အချိန်အတော်ကြာကျင့်ကြံပြီးနောက် ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်၏ပထမအဆင့်ဖြစ်သောကြယ်များဖြင့်ဖွဲ့စည်းအပ်သောခန္ဓာကိုယ်အား ပြီးပြည့်စုံလုနီးပါးသို့ ရောက်ရှိလာခဲ့သည်။

ငါ ပိုသန်မာလာရမယ်။

ထန်ရှုက ပိုသန်မာလို‌‌သောရည်ရွယ်ချက်တို့ အပြည့်နှင့် မျက်လုံးဖွင့်လိုက်သည်။ ဘယ်ခေတ်၊ ဘယ်‌နေရာ၊ ဘယ်ကမ္ဘာတွင် ဖြစ်စေ၊ အသန်မာဆုံးက အသက်ရှင်နိုင်ရန်အတွက် အကြွင်းမဲ့စည်းမျဉ်းဖြစ်၏။

ဝှစ်၊ ဝှစ်၊ ဝှစ်.....

အဝေးတွင် အရိပ်အချို့ ရိပ်ခနဲ လှုပ်ရှားနေပြီး အသက်ရှုချိန်အနည်းငယ်အတွင်း နန်းတော်အရှေ့ လေထုထဲသို့ ရောက်ရှိလာခဲ့သည်။ မိုအားဝူက ထန်ရှုအရှေ့သို့ တစ်လှမ်းချင်းလျှောက်လာကာ တင်ပြလိုက်သည်"ပစ္စည်းအားလုံးကို ပို့ထားပြီးပါပြီ၊ ဂိုဏ်းချုပ်။ ငါတို့လူတွေက နံပါတ်ဆယ့်သုံးစွန့်ပစ်ကျွန်းရဲ့အနီးနားမှာ သ‌င်္ဘောနှစ်စင်းကို တွေ့ခဲ့တယ်။ ဒါပေမယ့် အဲဒီသင်္ဘောနှစ်စင်းပေါ်ကလူတွေက အဖွဲ့မတူမှန်း သိသာတယ်၊ တစ်ဖက်ရဲ့ခွန်အားကို စုံစမ်းဖို့ သူတို့ အနည်းအကျဉ်း တိုက်ခိုက်ခဲ့ကြတယ်"

"ဒီနှစ်ဖွဲ့ပါ‌ ရေတွက်မယ်ဆိုရင် စုစုပေါင်းရှစ်ဖွဲ့အထိ ငါတို့ တွေ့ရှိခဲ့ပြီ။ အများစုက ပွတ်တိုက်မှုအချို့ ရှိကြပေမယ့် အပြင်းအထန်တိုက်ခိုက်တာမျိုးတော့ မရှိသေးဘူး။ ပြီး‌တော့ သူတို့အထဲမှာ ကောင်းကင်ဘုံမှော်ဆရာကလန် မပါနေဘူး"မိုအားဝမ်က ပြောလိုက်သည်။

"ဟမ်၊ အဲဒီကောင်းကင်ဘုံမှော်ဆရာကလန်က အခြားသူ‌တွေရဲ့တိုက်ပွဲကနေ အကျိုးအမြတ်လိုချင်နေတာ၊ ဒါကြောင့် သူတို့က နောက်ကွယ်မှာ အသင့်စောင့်နေတာ သေချာတယ်"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။

"နောက်တစ်ဆင့် ငါတို့ ဘာလုပ်ကြမလဲ၊ ဂိုဏ်းချုပ်"မိုအားဝမ်က မေး၏။

"ပစ္စည်းတွေအားလုံး နံပါတ်ကိုးစွန့်ပစ်ကျွန်းဆီ ပို့ပြီးဆိုမှတော့ အဲကို သွားကြတာပေါ့"ထန်ရှုက ပြော၏"ငါ အဲဒီကျွန်းကို စစ်မြေပြင်အဖြစ် သတ်မှတ်ထားတယ်။ ဒါပေမယ့် နောက်ထပ်မင်းလုပ်စရာတစ်ခု ရှိသေးတယ်။ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ကလေးတစ်ဖွဲ့ကို ငါ လိုချင်တယ်။ ရက်အနည်း‌ငယ်လောက် ငါ သူတို့ကို အထူးလေ့ကျင့်ပေးရမယ်"

မိုအားဝမ်က ခေါင်းညိတ်ကာ မေးလိုက်သည်"ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်အပြင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အထိ မြင့်တက်သွားတဲ့ ကလေး‌တွေရော ပေါင်းထည့်ရမလား၊ ဂိုဏ်းချုပ်"

ထန်ရှုက မှင်တက်စွာနှင့် မေးလိုက်သည်"မင်း ဘာပြောခဲ့တာလဲ"

"ကလေးတွေထဲမှာ အ‌ခြေခံအုတ်မြစ်တည်‌ဆောက်ခြင်းအဆင့်ကို ရောက်နေတဲ့သူ‌တွေ ရှိတယ်။ သူတို့ကိုရော အထူးလေ့ကျင့်ပေးဖို့ ခေါ်လာရမလား"

"ကလေးအချို့က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်နေတယ်လို့ မင်း ဆိုလိုတာလား"ထန်ရှုက မယုံကြည်နိုင်စွာနှင့် မေးလိုက်သည်"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အချိန်တိုအတွင်းမှာ သူတို့ ဘယ်လိုလုပ်ပြီး ဒီအဆင့်ထိ ချိုးဖြတ်နိုင်ခဲ့တာလဲ"

"ငါလဲ အရမ်းအံ့အားသင့်ခဲ့တယ်၊ ဂိုဏ်းချုပ်"မိုအားဝူက ပြော၏"ပြီးတော့ အချက်တစ်ခုအနေနှင့် အဲလိုကလေးကိုးယောက် ရှိတယ်။ သူတို့ထဲက အကောင်းဆုံးတစ်ယောက်ဆိုရင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအလယ်ဆင့်အထိ ရောက်ရှိနေပြီ"

ထန်ရှုက ရုတ်တရက် ထရပ်ကာ မေးလိုက်သည်"သူ့နာမည်က ဘာလဲ"

"နှစ်ဆယ့်ရှစ်"မိုအားဝမ်က ဖြေသည်။

"နှစ်ဆယ့်ရှစ်က ဘာဆိုလိုတာလဲ"ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။

"သူ့နာမည်က ၂၈ပါ ဂိုဏ်းချုပ်"မိုအားဝူက ပြုံးဖြဲဖြဲနှင့် ပြောသည်"ပျဲရှော့ သူ့ကို ခေါ်လာတုန်းက အခြားသူတွေက သူ့ကို သူတောင်းစားလေး၊ အရိုင်းအစိုင်းလေးလို့ ခေါ်ကြတယ်။ ဒါပေမယ့် သူ့နာမည်က ၂၈လို့ သူ ပြောတယ်၊ ဘာလို့ သူ့ကိုယ်သူ ဒီနာမည်ပေးသလဲ‌တော့ ငါ မသိဘူး"

"သူ အခု ဘယ်မှာလဲ"ထန်ရှုက မေး၏။

"လေ့ကျင့်ရေးစခန်းမှာ"မိုအားဝမ်က ပြောသည်"ပြီးတော့ သူက အုပ်စုဖွဲ့လေ့ကျင့်ရေးတွေမှာ ပါဝင်ခဲတယ်၊ များသောအားဖြင့် သူက အခန်းထဲမှာ တစ်ယောက်တည်း ကျင့်ကြံနေတာ"

"ငါ့ရဲ့အထူးလေ့ကျင့်ရေးအတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်နေတဲ့ အခြားရှစ်ယောက်ကို တစ်ဖွဲ့ဖွဲ့ထားလိုက်"ထန်ရှုက နက်ရှိင်းသော အသံနှင့် အမိန့်ပေးလိုက်သည်"ပြီးတော့ အဲဒီ၂၈ကို ငါ့ဆီ ချက်ချင်း ခေါ်လာခဲ့"

မိုအားဝူက ခေါင်းညိတ်ကာ လေ့ကျင့်‌ရေးစခန်းသို့ ထွက်ခွာသွားသည်။ ကျွန်းပေါ်ရှိ လေယာဉ်ကွင်းသို့ ထန်ရှု ရောက်ရှိချိန်တွင် မိုအားဝူက ခုနှစ်နှစ်ကျော်ကလေးတစ်ယောက်နှင့်အတူ ရောက်ရှိလာ၏။

"သူက ၂၈ပါ၊ ဂိုဏ်းချုပ်"

သူ့အရှေ့ရှိ ကောင်လေးအား ထန်ရှုက ဂရုတစိုက် စစ်ဆေးလိုက်သည်။ ကောင်လေး၏အရှိန်အဝါအရ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ အမှန်တကယ် ရောက်ရှိ‌နေသည်ကို ဆုံးဖြတ်နိုင်ခဲ့၏။ သူ မယုံကြည်နိုင်သည်ကား ကောင်လေး၏အရှိန်အဝါက အလွန်တည်ငြိမ်‌နေခြင်းပင်။

"မင်းက ၂၈လား"

ကောင်လေးက သူ၏သက်တူရွယ်တူများထက် ပိုရင့်ကျက်သည်။ သူက ညာဘက်လက်သီးဆုပ်ကာ ဘယ်ဘက်ရင်ဘက်ပေါ်တွင် တင်လျက် ပြန်ဖြေ၏"ငါက ၂၈ပါ၊ သူဌေး"

ထန်ရှုက ကောင်လေးအား နောက်ထပ်တစ်မိနစ်လောက် လေ့လာပြီးနောက် ခေါင်းညိတ်လိုက်သည်။"မင်းက အရမ်းတော်တယ်။ မင်းက ငါ မျှော်လင့်ထားတာထက် သာလွန်နေတယ်။ ဒါပေမယ့် ငါ မင်းကို မေးစရာတစ်ခု ရှိတယ်။ ဘာလို့ မင်းကိုယ်မင်း ၂၈လို့ နာမည်ပေးထားရတာလဲ"

"ငါ လေးနှစ်အရွယ်ကနေ အခု ခုနှစ်နှစ်အရွယ်ထိဆိုတော့ သုံးနှစ်ပေါ့၊ ယွမ်စုစုပေါင်း၂၈ယွမ်ကို မစားမသောက်ဘဲ စုထားခဲ့တယ်။ ငါသာ လေးနှစ်သားအရွယ်တုန်းက ၂၈ယွမ်ရှိနေမယ်ဆိုရင် ငါ့ရဲ့အဘွားနဲ့ညီမလေးတို့ သေသွားရလိမ့်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါ့နာမည်က ၂၈ပဲ။ ငါ ဒီနံပါတ်ကို အမြဲတမ်း မှတ်မိ‌ချင်တယ်"

ထန်ရှုက တိတ်တဆိတ် ခေါင်းညိတ်ကာ ပြောလိုက်သည်"မင်းရဲ့ဘယ်ဘက်လက်ကို ပေးပါ"

***

All Chapters