← Chapters

အရိပ်များ

Vol. 73 Ch. 1017

အရိပ်များ

Vol. 73 Ch. 1017

တစ်မိနစ်နီးပါး ထန်ရှုက ၂၈၏သွေးကြောနှင့် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အခြေအနေအား စစ်ဆေးခဲ့သည်။ သို့သော် ဤကောင်လေးအား အံ့ဖွယ်ဖြစ်ရစေလောက်သည့်အထိ မည်သို့သောထူးခြားမှုမှ သူ မတွေးခဲ့သဖြင့် စဉ်းစားမတတ်ဖြစ်မိ၏။

"ငါ့ကို ပြောကြည့်၊ မင်းရဲ့နေ့စဉ်လေ့ကျင့်မှုမှာ ထူးခြားတာ တစ်ခုခု ရှိလား"

"မရှိပါဘူး"၂၈က ပြောသည်"နည်းပြတွေ သင်ကြားပေးတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေအတိုင်း ခန္ဓာကိုယ်ထဲကအစစ်အမှန်အဆီအနှစ်ကို  နေ့တိုင်း အဆက်အပြတ် လှည့်ပတ်နေရုံပါပဲ။ ဘာလို့ ကျွန်တော့်ရဲ့ကျင့်ကြံခြင်းက လူတိုင်းထက် ပိုမြန်သလဲဆိုတာတော့ ကျွန်တော်လဲ မသိဘူး"

"အာ။ ဘာပြောတာ"ထန်ရှုက ဘာထူးဆန်းသလို ခံစားမိသွား၏။

ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။ သူက ထပ်ပြောမည့်ဆဲဆဲတွင် သူ့အသားအရောင်က ပြောင်းလဲသွားပြီး မယုံကြည်နိုင်သောအကြည့်မျက်လုံးများနှင့် ကမန်းကတန်းမေးလိုက်သည်"မင်းက မင်းရဲ့ခန္ဓကိုယ်ထဲမှာရှိတဲ့အစစ်အမှန်အဆီအနှစ်ကို နေ့တိုင်း အဆက်မပြတ် လှည့်ပတ်ခဲ့တယ်လို့ ပြောခဲ့တယ်မလား။ မင်း တစ်ခါမှ မရပ်နားခဲ့ဘူးလား"

"ဟုတ်ပါတယ်၊ ကျင့်ကြံတယ်ဆိုတာ အဲလိုပဲ မဟုတ်ဘူးလား"၂၈က ခေါင်းညိတ်လိုက်သည်။

ထန်ရှုက ၂၈၏လက်ကောက်ဝတ်အား ထပ်ကိုင်လိုက်သည်။ သူက စိတ်ဝိညာဉ်အာရုံအား ၂၈၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားစေပြီး ကောင်လေး၏ထူးခြားမှုအား ရှာဖွေခဲ့သည်။ ကောင်လေး၏မရီဒျာန်များက အလွန်ကျယ်ပြန့်သည်၊ သို့သော် ထိတ်လန့်စရာအကောင်းဆုံးက သာမန်လူများနှင့် ယှဉ်လျှင် ၂၈၏မရီဒျာန်များက ပုံမှန်မဟုတ်ပေ။ သူ့မရီဒျာန်နံရံများက အလွန်မာကျောကာ ပျော့ပြောင်းသည်၊ ၎င်း၏မျက်နှာပြင်ပေါ်တွင် သေးငယ်သောသွေးအစက်များလဲ ရှိသည်။

ဒါက သွေးမရီဒျာန်တွေမလား။ သူ့မှာ တကယ်ကို သွေးမရီဒျာန်တွေ ရှိတာပဲ။

တွေ့ရှိမှုက ထန်ရှုအား အချိန်အတန်ကြာ ပြောစရာစကားမဲ့သွားစေသည်။ အင်မော်တယ်ကမ္ဘာတွင် ရှေးခေတ်မှတ်တမ်းများအား သူ ဖတ်ဖူးသည်။ လွန်ခဲ့သောနှစ်သိန်းချီ‌လောက်က အင်မော်တယ်ကမ္ဘာတွင် သွေးမရီဒျာန်ခန္ဓာကိုယ်အား ပိုင်ဆိုင်သည့် ပါရမီရှင်တစ်ယောက် ရှိသည်ဟု ပြောကြ၏။ ဤပါရမီရှင်က နှစ်သန်းအနည်းငယ်အတွင်း ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်အဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် ကံမကောင်းစွာနှင့် သူက လမ်းတစ်ဝက်တွင် သေဆုံးသွားခဲ့ရသည်၊ အန္တိမအရှင်တစ်ယောက်၏လက်ချက်ဖြင့် ပျက်ဆီးကိန်းကြုံခဲ့ရ၏။ သို့မဟုတ်လျှင် နောက်ထပ်နှစ်တစ်သန်းအတွင်း သူက အန္တိမအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။ ဤပါရမီရှင်သာ မသေဆုံးခဲ့လျှင် သူက နတ်ဘုရားဖြစ်ရန် အလားအလာအရှိဆုံးပုဂ္ဂိုလ်ဟု လျှို့ဝှက်မှတ်တမ်းက ဆိုခဲ့သည်။

သို့သော် ယခု သွေးမရီဒျာန်ခန္ဓာကိုယ်ရှိသည့်နောက်ထပ်ကျင့်ကြံခြင်းပါရမီရှင်တစ်ယောက်က သူ့ရှေ့တွင် ရှိနေသည်သလား။ ပိုမယုံနိုင်စရာကောင်းသည်က....သူက ဘာလို့ ကမ္ဘာမြေပေါ်မှာ ပေါ်ထွက်လာရတာလဲ။

"သူဌေး၊ ငါ....."

ထန်ရှုက သူ့လက်ကောက်ဝတ်အား ကိုင်ထားသည်ကို ၂၈က နားမလည်ပေ။ သို့သော် ထန်ရှုထံမှ သတ်ဖြတ်လိုစိတ်တစ်ခုမှ သူ မခံစားမိပေ။ လွန်ခဲ့သောတစ်နှစ်က သူ့အား အမှိုက်ပုံတစ်ခုတွင် တွေ့ရှိခဲ့ပြီး ရှန်းဟိုင်သို့ ပို့လိုက်ချိန်တွင် သူက သူဌေးထန်ရှုအား မြင်တွေ့ခဲ့ရသည်။ သို့သော် သူနှင့်အခြားကလေးများအား ထန်ရှုက ဘာကြောင့် မွေးစားချင်သလဲဆိုသည်ကိုတော့ သူ မသိပေ။ ထန်ရှုက သူ၏နေ့စဉ်လိုအပ်သည်များအား ထောက်ပံ့ပေးခဲ့သူဖြစ်၏။ ထို့ပြင် အရေးကြီးဆုံးအရာက သူက လူများလွှတ်ကာ ကျင့်ကြံခြင်းပညာရပ်အား သင်ကြားပေးခဲ့သည်၊ ယခုကဲ့သို့ သူ သန်မာနေရသည့်အကြောင်းပြချက်လည်း ဖြစ်၏။

ထိုကလေးများက အ‌ပေါ်ယံတွင် ထန်ရှုအား သူတို့၏သူဌေးအဖြစ် သတ်မှတ်ထားခဲ့ကြသော်လည်း စိတ်ထဲတွင်မူ သူတို့၏ဆွေမျိုးအဖြစ်၊ အနီးကပ်ဆုံးလူအဖြစ် ရှုမြင်ခဲ့ကြသည်၊ သူလဲ အလားတူပင်။ အခြားကလေးများကဲ့သို့ သူက ထန်ရှုက သစ္စာရှိရန် ဆန္ဒရှိ၏။

ထန်ရှုက လက်မြှောက်ကာ ကောင်လေးအား တားဆီးလိုက်သည်။ လက်လွှတ်ပြီးနောက် သူက လေးနက်စွာ ‌‌မေးလိုက်သည်"၂၈၊ ငါ မင်းကို မိသားစုနာမည်တစ်ခု ပေးစေချင်လား"

မိသားစုနာမည်တစ်ခုလား။ ငါ့အတွက်လား။ ၂၈၏မျက်လုံးများက လင်းလက်သွားပြီး သူက ခေါင်းညိတ်ကာ ပြောလိုက်သည်"ငါ လိုချင်ပါတယ်"

"ဒါဆိုရင် အခုကစပြီး မင်းရဲ့နာမည်က ထန်၂၈ပဲ"ထန်ရှုက ပြောသည်။

ပျော်ရွှင်မှုက ၂၈၏နှလုံးသားထဲ၌ မွေးဖွားသွားလေသည်။ သူနှင့်အတူ လေ့ကျင့်နေသည့် ကလေးများထဲမှ အချို့အား ထန်ရှုက မိသားစုနာမည် ပေးအပ်ခဲ့သည်ကို သူ သိ၏။ ယခု သူ့တွင်လဲ မိသားစုနာမည်ထန် ရှိလာခဲ့လေပြိ။

"ဟုတ်ကဲ့။ အခုကစပြီး ငါ ထန်၂၈နာမည်ကို မှတ်ထားပါ့မယ်"

ကျေနပ်သောမျက်နှာနှင့် ထန်ရှုက ခေါင်းညိတ်လိုက်သည်"ထန်၂၈၊ အခြားသူတွေကြားထဲမှာ ထိပ်ဆုံးနေရာမှာ ရပ်တည်ချင်လား၊ အနာဂတ်မှာ ကျင့်ကြံခြင်းအဆင့် ပိုမြင့်မားပြီး ပိုသန်မာလာချင်လား"

"ငါ ဖြစ်ချင်ပါတယ်။ ပိုသန်မာလာမှသာ ငါ့မှာ အစားအစာတွေ အလုံအလောက် ရှိနိုင်မယ်၊ နေဖို့ ‌နေရာတစ်ခု ရရှိနိုင်မယ်၊ ဝတ်ဖို့ အဝတ်အစားတွေ ရှိနိုင်မယ်။ ပြီးတော့ ငါ သူဌေးကိုလဲ ကာကွယ်ပေးနိုင်မယ်"ထန်၂၈က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ရေးဆွဲသွားပြီး နည်းပြများ၏ဦးနှောက်ရိုက်သွင်းသည့်နည်းလမ်းများအား လေးစားမိသွား၏။ တစ်နှစ်သာ ရှိသေးသော်လည်း ထိုကလေးများ၏နှလုံးသားထဲ၌ သူ့ပုံရိပ်အား ထွင်းထုထားခဲ့ချေပြီ။

"ကောင်းပြီလေ၊ ထန်၂၈။ အခုကစပြီး မင်းက လေ့ကျင့်ရေးစခန်းမှ ထွက်ပြီး ငါ,ထန်ရှုရဲ့အရိပ်ဖြစ်လာရမယ်။ မင်းရဲ့အဖွဲ့အတွက် လေ့ကျင့်ရေးစခန်းထဲကနေ မင်းကြိုက်တဲ့အဖော်လေးယောက်ကို ရွေးချယ်ပိုင်ခွင့် ငါ ပေးမယ်။ သူတို့က အချိန်မရွေး တာဝန်ထမ်းဆောင်ဖို့အတွက် အသင့်ဖြစ်ရမယ်။ အခု သွားတော့၊ ရက်အနည်းငယ်အတွင်း မင်း ရွေးချယ်ထားတဲ့အဖော်တွေကို ခေါ်လာရမယ်။ မင်းတို့အားလုံး ငါ ပြန်လာတာကို ဒိီနေရာမှာပဲ စောင့်နေပါ"

ထန်၂၈က ခေါင်းညိတ်ကာ ပြောလိုက်သည်"ငါ မင်းကို အခြားသူတွေနဲ့အတူ စောင့်‌နေပါ့မယ်၊ သူဌေး"

"အာ၊ ငါ့ကို သူဌေးလို့ ထပ်မခေါ်နဲ့တော့။ အခုကစပြီး ငါ့ကို ဂိုဏ်းချုပ်လို့ ခေါ်"ထန်ရှုက ပြော၏။"မင်းက အခုကစပြီး ထန်ဂိုဏ်းရဲ့တပည့်သစ်တစ်ယောက်ပဲ"

"ထန်ဂိုဏ်းလား"ထန်၂၈က ခေါင်းညိတ်ပြလျက် ဤနာမည်အား စိတ်ထဲ၌ ထွင်းထုထားလိုက်တော့သည်။

****

များမကြာမီ ရဟတ်ယာဉ်နှစ်စီးက အမှတ်ကိုးစွန့်ပစ်ကျွန်းဆီသို့ ပျံသန်းလာခဲ့သည်။ တစ်နာရီကျော်ပျံသန်းပြီးနောက် သူတို့က အမှတ်ကိုးစွန့်ပစ်ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့၏။ လူအနည်းငယ်က ထိုနေရာတွင် စခန်းချနေခဲ့သည်။ အရေအတွက်က နှစ်ဆယ်ကျော်၏။

ဝှစ် ဝှစ် ဝှစ်....

ပုံရိပ်များက ရဟတ်ယာဉ်ပေါ်မှ အမှတ်ကိုးစွန့်ပစ်ကျွန်းပေါ်သို့ ဆင်းသက်သွားကြလေသည်။ စောင့်နေသူများထဲတွင် လူအိုကြီးအန်ဂျီ၊ ချမ်ယန်နှင့်  အများစုက ၁၃၁၉အကျဉ်းစခန်းမှ ထန်ရှုကယ်ဆယ်ခဲ့သည့် အကျဉ်းသားများဖြစ်ကြသည်။ အနည်းငယ်က ထာဝရခန်းမ၏ယခင်အဖွဲ့ဝင်များ ဖြစ်ကြ၏။

"သူဌေး...."

လူကြီးများက စနစ်တကျ စီတန်းရပ်နေလျက် အေးစက်စက်အရှ်ိန်အဝါတစ်ခုအား ထုတ်လွှတ်နေသည်။ ထန်ရှုက ရောက်လာသည်ကို မြင်သောအခါ သူတို့က ကျယ်လောင်စွာ အော်ကာ နှုတ်ဆက်လိုက်ကြ၏။

သူ့ရှေ့တွင် စီတန်းရပ်‌နေသူများအား ကြည့်ရင်း ထန်ရှုက ကျေနပ်သွားသည်။ အထူးသဖြင့် ၁၃၁၉အကျဉ်းစခန်းမှ သူ ကယ်ခဲ့သည့် အကျဉ်းသားများပင်။ သူတို့ထံတွင် မထီတရီပေါ့ပေါ့တန်တန်နိုင်လှသည့်စရိုက်များ မရှိတော့၊ သူတို့က အသစ်ပြန်လည်မွေးဖွားလာသည့်အတိုင်း။ သူတို့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် အရှိန်အဝါက သွေးစစ်သည်တော်တစ်ယောက်၏ခံစားမှုမျိုးအား ပေးစွမ်းနေလေသည်။

"အားလုံးအဆင်ပြေကြတယ်မလား"ထန်ရှုက သူတို့အား ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်"လအနည်းငယ်တော့ ရှိပြီးပေါ့၊ ဒါပေမယ့် မင်းတို့ကောင်တွေက ငါ့ကို တကယ်အံ့အားသင့်စေခဲ့တယ်။ အခုဆိုရင် မင်းတို့တွေက ကျင့်ကြံသူတစ်‌ယောက်ဖြစ်ဖို့ တံခါးဝကို ရောက်နေကြပြီ၊ ချီသန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူလေးတွေပေါ့။ ငါ့ကို ပြောကြည့်၊ မင်းတို့ရဲ့ရွေးချယ်မှုအပေါ် မင်းတို့တွေ ‌နောင်တရကြရဲ့လား"

"နောင်တမရပါဘူး...."

လူနှစ်ဆယ်ကျော်က တညီတညာတည်း ပြန်ဖြေသည်။

"ကောင်းတယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြောသည်"မင်းတို့တွေ နောင်တမရဘူးဆိုမှ‌တော့ နောက်ရင်ဆိုင်ရမယ့်အရာတွေနဲ့ ပတ်သက်ပြီးတော့ နောင်တမရဖို့ ငါ မျှော်လင့်တယ်။ မကြာခင်မှာ ငါတို့တွေက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ဂိုဏ်းတွေနဲ့ ရင်ဆိုင်ရမယ်။ အများစုက ကျွမ်းကျင်သူတွေထဲကကျွမ်းကျင်သူ‌တွေ ဖြစ်ကြတယ်။ အချို့က‌ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတွေနဲ့တောင် ယှဉ်နိုင်တယ်။ ဒါပေမယ့် မင်းတို့အားလုံး ဒီတိုက်ပွဲမှာ ပါဝင်ရမယ်။ အခု ငါ မင်းတို့ကို မေးမယ်၊ မင်းတို့ ကြောက်လား"

"မကြောက်ပါဘူး...."ထပ်၍ အော်လိုက်ကြသည်။

"ကောင်းတယ်"ထန်ရှုက ‌ခေါင်းညိတ်ပြသည်"မင်းတို့ မကြောက်ဘူးဆိုမှတော့ တိုက်ပွဲအတွက် ပြင်ဆင်ထားကြပေတော့။ လာမယ့်တိုက်ပွဲမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်တဲ့ဘယ်သူမဆို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်တာနဲ့ ထန်ဂိုဏ်းနဲ့ ပူးပေါင်းနိုင်တယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ထန်ဂိုဏ်းရဲ့နာမည်ကို မင်းတို့တွေ ကြားလိမ့်မယ်လို့ ငါ ထင်တယ်"

"ဒါ အရမ်းကောင်းတယ်"

"ဒါ အခွင့်အလမ်းတစ်ခုပဲ"

မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့နှင့် လောင်ကျွမ်းနေလျက် လူနှစ်‌ဆယ်ကျော်က ပျော်ရွှင်စွာ အော်လိုက်ကြသည်။ ထန်ဂိုဏ်း၏တပည့်တစ်ယောက်ဖြစ်လာခြင်းက ပိုသန်မာလာစေနိုင်ရန်အတွက် ဖြစ်၏။ ထန်ဂိုဏ်း၏တပည့်များဖြစ်လာသရွေ့ သူတို့က ကျင့်ကြံခြင်းအရင်းအမြစ်များအား ပိုမိုရရှိနိုင်ပြီး ကျင့်ကြံခြင်းပညာရပ်များအား ပိုမိုလေ့လာသင်ယူနိုင်ပေမည်။

"ကောင်းပြီ၊ အားလုံးပဲ။ ငါ လုပ်စရာတွေ ရှိသေးတယ်။ မင်းတို့ လုပ်စရာ ရှိတာတွေ ဆက်လုပ်လို့ရပြီ"ထန်ရှုက အဆုံးသတ်လိုက်သည်။

များမကြာမီ ပစ္စည်းအမြောက်အများကို အသုံးပြုကာ အမှတ်ကိုးကျွန်းတစ်ခုလုံးလွှမ်းခြံထားသည့် အစီအရင်တစ်ခုအား တည်ဆောက်ခဲ့သည်။ ကျွန်းကာကွယ်ရေးအစီအရင်အပြင် ကာကွယ်ရေးအစီအရင်အား ထိုးဖောက်လာသည့်ဘယ်သူမဆို ပုံရိပ်ယောင်ကမ္ဘာထဲသို့ ကျရောက်စေမည့် ပုံရိပ်ယောင်အစီအရင်တစ်ခုကိုပင် တပ်ဆင်ထားခဲ့သည်။

အမှတ်ကိုးစွန့်ပစ်ကျွန်းအား နဂါးကိုးကောင်ကျွန်းအတွက် အစားထိုးအနေဖြင့် အသုံးပြုရန် စီစဉ်ထားသည်။ ‌ရတနာများရှိရာနေရာအဖြစ် ထုတ်ပြကာ အဓိကစစ်မြေပြင်တစ်ခု ဖြစ်လာပေမည်။ အစိီအရင် တပ်ဆင်ပြီး‌နောက် ထွက်သွားရန် အလျင်မလိုဘဲ လာမည့်တိုက်ပွဲတွင် ပါဝင်ရန်အတွက် အရန်အဖွဲ့ဝင်များအား စေလွှတ်ရန် အမိန့်ပေးလိုက်သည်။

"ဒီနေ့က ဘာနေ့လဲ၊ အားဝမ်"အမှတ်ကိုးကျွန်း၏ကမ်းရိုးတန်းပေါ်တွင် ရပ်‌နေရင်း ထန်ရှုက ရုတ်တရက် မေးလိုက်သည်။

"စက်တင်ဘာလလေးရက်နေ့ပါ၊ ဂိုဏ်းချုပ်လား"မိုအားဝူက ပြန်ပြောသည်။

"စက်တင်ဘာလလေးရက်နေ့လား"

ထန်ရှုက ငေးကြောင်သွားပြီး ရှုံ့မဲ့သောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ ဤနေ့က ရှန်းဟိုင်းတက္ကသိုလ်စတင်ဖွင့်လှစ်မည့်နေ့ရက်ဖြစ်၏။ ပထမနှစ်ကဲ့သို့ပင် ဒုတိယနှစ်တွင်လည်း ပထမနေ့ရက်အတန်းများအား ပျက်ကွက်ရအုန်းမည်ပင်။

ဟူး၊ ငါ အမြန်ဆုံးပြန်သွားရမယ်....

ထန်ရှုက သိုလှောင်လက်စွပ်ထဲရှိ ခရမ်းရောင်နတ်သမီးအား အမှတ်ရလိုက်ပြီး အတွေးက ဟန်ကျင်းဝူထံ ရောက်ရှိသွား၏။ ဤခရမ်း‌ရောင်နတ်သမီးအား အသုံးပြုကာ သူမနှင့်ပတ်သက်သည့်တစ်ခုခုအား အတည်ပြုရန် သူ စဉ်းစားထားသည်။

ဝှစ်.....

အရိပ်တစ်ခုက ထန်ရှုနှင့်မိုအားဝမ်တို့အရှေ့သို့ လျှပ်တစ်ပြက် ထွက်ပေါ်လာသည်။ တစ္ဆေဖြစ်၏။

"ငါ အနေအထားတစ်ခု တင်ပြစရာရှိပါတယ်၊ သူဌေး"

"ဘာလဲ"ထန်ရှုက မေး၏။

"အနီးနားကရေပိုင်နက်မှာ သ‌င်္ဘောတစ်စီး ခုတ်မောင်းနေပါတယ်၊ သူဌေး၊ ဒါပေမယ့် ငါ့ကို အံ့အားသင့်စေတာကတော့ အပြင်ဘက်မှာ ခရီးသည်တစ်ယောက်မှ ရှိမနေဘူး"တ‌စ္ဆေက ပြောသည်"ဒါနဲ့ ငါ အထဲကို ခိုးကြည့်ခဲ့တယ်။ အထဲမှာ သ‌င်္ဘောသားအနည်းငယ်ပဲ ရှိတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ သူတို့ကို မေးကြည့်လိုက်တော့ ဒီနေရာကို ရွက်လွှင့်ဖို့ ‌သ‌င်္ဘောစင်းလုံးငှားထားတဲ့ခရီးသည်တစ်ယောက်ပဲ ရှိတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ထူးဆန်းတာက ငါ သူမကို ရှာကြည်တဲ့အခါမှာ သူမရဲ့အရိပ်အယောင်ကို ရှာမတွေ့ခဲ့တာပဲ"

"ဘယ်သူလဲဆိုတာ မင်း မမေးကြည့်ဘူးလား"ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။

"သူမက အသက်နှစ်ဆယ်တန်းပတ်လည်အမျိုးသမီးတစ်ယောက်ဆိုတာပဲ ငါ သိရတယ်"တ‌စ္ဆေက အားတင်းပြုံးလျက် ဆိုသည်"သူမက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး မျက်နှာဖုံးတပ်ထားတယ်၊ ဒါကြောင့် သင်္ဘောသားတွေက သူမအသွင်အပြင် ဘယ်လိုရှိသလဲဆိုတာ မသိကြဘူး။ အာ၊ ဟုတ်တယ်။ သူမက ဂီတမှာ ကျွမ်းကျင်တယ်လို့ သူတို့ ပြောကြတယ်၊ သူမက ဂီတကိရိယာအချို့ တီးခတ်တာကို သူတို့ ကြားခဲ့ရတယ်။ သူမရဲ့ဂီတသံက နားထောင်လို့အရမ်းကောင်းတယ်လို့ သူတို့ ပြောကြတယ်"

ဂီတကို ကျွမ်းကျင်တာလား။

ထန်ရှုမျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး ဘန်ကောက်တွင် မရဏဒယနဗုဒ္ဓဆရာသခင်နှင့်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အား ရုတ်တရက် သတိရလိုက်သည်။ ဂီတကျွမ်းကျင်သည့်ပညာရှင်တစ်ယောက်က ထွက်ပေါ်လာခဲ့သော်လည်း လူလုံးမပြခဲ့ပေ။ သူက လူလွှတ်ကာ သူမအား ရှာဖွေခဲ့သော်လည်း သူမ၏အရိပ်အယောင်အား ရှာမတွေ့ခဲ့ပေ။

ဖြစ်နိုင်လား....ထိုသ‌င်္ဘောထဲကအမျိုးသမီးက ဘန်ကောက်မှာ ကူညီခဲ့တဲ့သူနဲ့ တစ်ယောက်တည်းများဖြစ်နေမလား။ မဟုတ်ရင် ဒီဆန်းကြယ်တဲ့ပုံရိပ်က ဘယ်သူများ ဖြစ်နိုင်မလဲ။ လူတစ်ယောက်တည်းပဲဆိုရင် သူမက ဘယ်သူလဲ။ ဘာလို့ သူမက အရိပ်တစ်ခုလို ငါသွားတဲ့နေရာတိုင်းကို လျှောက်လိုက်နေရတာလဲ။

"အဲဒီသင်္ဘောက အခုဘယ်မှာလဲ"ထန်ရှုက နက်ရှိုင်းသောအသံနှင့် မေး၏။

"ဒီကျွန်းကနေ ရေမိုင်တစ်ရာခန့်လောက်မှာ"တစ္ဆေက ပြောသည်"ဒါပေမယ့် သင်္ဘောက အနီးနား‌ရေပိုင်နက်တွေမှာ ဦးတည်ရာမဲ့ ရွက်လွှင့်နေတယ်"

"ငါ့ကို မင်း သင်္ဘောကို နောက်ဆုံးတွေ့ခဲ့တဲ့နေရာဆီ ခေါ်သွား"ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်"ဒိီဆန်းကြယ်တဲ့အမျိုးသမီးက ဘယ်သူလဲဆိုတာ ငါ တကယ် သိချင်တယ်"

***

All Chapters