← Chapters

ရဲရင့်သောအမျိုးသမီးများ

Vol. 73 Ch. 1018

ရဲရင့်သောအမျိုးသမီးများ

Vol. 73 Ch. 1018

ကောင်းကင်ပြာ၏လှပသောနေလုံးကြီး‌အောက်တွင် လေကလေးများက ပင်လယ်ပြင်အထက်၌ တဟူးဟူးတိုက်ခတ်နေသည်။ စစ်လက်နက်များတပ်ဆင်ထားသည့်အနက်ရောင်ရဟတ်ယာဉ်တစ်စီးသည် အမှတ်ကိုးစွန့်ပစ်ကျွန်း၏အရှေ့မြောက်ဘက်ခြမ်းသို့ ပျံသန်းနေလေ၏။ ရဟတ်ယာဉ်ထဲတွင် ထန်ရှုက မိုက်ခရိုစကုတ်ကိုင်လျက် အနီးနားရှိရေပိုင်နက်ထဲတွင်ရွက်လွှင့်နေသောသင်္ဘောတစ်စင်းအား ရှာဖွေနေ‌သည်။

နောက်နာရီအနည်းငယ်လောက်တွင် ရဟတ်ယာဉ်က ‌ဆီကုန်‌တော့မည်ဖြစ်သော်လည်း သူက သင်္ဘော၏အရိပ်အယောင်အား ရှာမတွေ့နိုင်ခဲ့ပေ၊ အဆုံးတွင် သူက အမှတ်ကိုးစွန့်ပစ်ကျွန်းသို့ ပြန်လာလိုက်ရတော့သည်။

အာ၊ မေ့လိုက်ပါတော့လေ။

ဆန်းကြယ်သောအမျိုးသမီးနှင့် ပတ်သက်၍ ထန်ရှုက သိချင်စိတ်ပြင်းပြသော်လည်း တစ်ဖက်လူက မိတ်‌ဆွေသာဖြစ်သည်ဟု သူက သေချာသည်။ သို့မဟုတ်လျှင် ဘန်ကောက်တွင် သူ့အား ကူညီရန် ထွက်လာမည်မဟုတ်ပေ။ ဤကိစ္စအား လွှတ်ချပြီးနောက် အမှတ်ကိုးစွန့်ပစ်ကျွန်း၏အနေအထားလက်ရှိအရေးကိစ္စအား ဖြေရှင်းရန် ပြန်လာခဲ့၏။

"သစ်ပင်တွေ ဖြတ်ပြီး အိမ်အချို့ ဆောက်လုပ်ကြ။ ဖြစ်နိုင်သမျှ ဌာနချုပ်တစ်ခုနဲ့ တူအောင် လုပ်ကြ"

အမိန့်ပေးပြီး‌နောက် တာဝန်အား မိုအားဝူ၊ ကျင်းရှီ၊ ထန်အန်နှင့် ကျီချီးမိန်တို့ထံ လွှဲပေးလိုက်သည်။ ကျီချီးမိန်၏ပဲ့ကိုင်မှုရှိနေသဖြင့် ရန်သူတွင် အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူအမြောက်အများပါဝင်လျှင်ပင် အန္တရာယ်များက တည်ရှိနိုင်မည်မဟုတ်ပေ။ ထိုအခါတွင်မှ သူက စိတ်အေးသလို ခံစားလာရသည်။

နေ့တစ်ဝက်ပြီးနောက် ထန်ရှုက နဂါးကိုးကောင်ကျွန်းသို့ ပြန်ရောက်ရှ်ိလာသည်။ ရဟတ်ယာဉ်ဆင်းသက်ပြီးသည်နှင့် သူက ကမ်းစပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသောထန်၂၈နှင့်အခြားကောင်လေးလေးယောက်တို့အား မြင်လိုက်သည်။ အခြားကောင်လေးလေးယောက်သည်လည်း ခံ့ညားကာ သန်မာပုံပေါ်၏။ အလွန်ကောင်းသောပျိုးပင်ပေါက်များဖြစ်ကြမှန်း သိသာပေ၏။

"ဆရာအဘိုး"

ထန်ရှုရောက်ရှိလာသည်ကို မြင်ပြီး ကူးရှောင်ရွှယ်က ရောက်လာကာ မေးလိုက်သည်"ဆရာအဘိုးရဲ့နောက်ထပ်အစီအစဉ်က ဘာလဲ။ နဂါးကိုးကောင်ကျွန်းကနေ ထွက်သွားမှာလား ဒါမှမဟုတ် အမှတ်ကိုးစွန့်ပစ်ကျွန်းပေါ်က တိုက်ပွဲကို အမိန့်ပေးမှာလား"

ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည်"လက်ရှိအနေအထားအရ ကမ္ဘာမှာရှိတဲ့ဂိုဏ်းကြီးတွေက ဒီနေရာကို မရောက်လာနိုင်သေးဘူး၊ ဒါကြောင့် အချိန်တိုအတွင်းမှာ ငါတို့လူ‌တွေနဲ့ တိုက်ပွဲဖြစ်လာနိုင်မှာမဟုတ်ဘူး။ ငါ ပြည်မကြီးကို ပြန်လိုက်အုံးမယ်၊ စက်တင်ဘာလဆိုတော့ ရှန်းဟိုင်တက္ကသိုလ်က ဖွင့်နေပြီ။ ငါ တက္ကသိုလ်ကို သတင်းပို့ဖို့ လိုတယ်။ ပြီးတော့ ငါ အတည်ပြုစရာ ကိစ္စတစ်ခုလဲ ရှိတယ်"

ကူးရှောင်ရွှယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်"မစ္စကျန်းလဲ တရုတ်ကို ပြန်ချင်တယ်၊ ဆရာအဘိုး။ သူမကိုရော ပြန်ခေါ်သွားမှာလား"

"ဒါပေါ့။ သူမ ငါနဲ့ ပြန်သွားရလိမ့်မယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်"ပြီးတော့ ဒဏ်ရာပျောက်ကင်းတဲ့အထိ ကုသဖို့ ယန်အာကို ပြောပါ။ သူမ တံခါးပိတ်ကျင့်ကြံနေတာကြောင့် ငါ သွားတော့မယ်ဆိုတာ သူမကို မပြောတော့ဘူး"

"ငါ ဆရာ့ကို ပြောလိုက်ပါ့မယ်"ကူးရှောင်ရွှယ်က ပြန်ဖြေသည်"ပြီးတော့ မိုအားဝူနဲ့ကျင်းရှီတို့ကရော၊ ဆရာအဘိုး။ အမှတ်ကိုးစွန့်ပစ်ကျွန်းကို စောင့်ကြပ်ဖို့ သူတို့ကို အမိန့်ပေးထားတာဆိုတော့ ဘယ်သူက ဆရာအဘိုးနဲ့အတူ လိုက်သွားမှာလဲ။ တစ်ယောက်ယောက်လိုက်သွားဖို့ လိုအပ်တယ်"

"လက်ရှိမှာ အဆင်ပြေပါတယ်"ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလျက် ဆိုလိုက်သည်"ငါ ထန်၂၈နှင့်သူ့အဖော်လေးယောက်ကို ခေါ်သွားမယ်။ သူတို့က ငါ့အတွက် အသေးအဖွဲ့ကိစ္စအချို့ကို ဂရုစိုက်ပေးနိုင်မှာပါ"

သို့သော် ကူးရှောင်ရွှယ်က တုံ့ဆိုင်းစွာ မေးလိုက်သည်"သူတို့က အခြေအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာ ရှိတာကြောင့် သူတို့ရဲ့ခွန်အားက ကောင်းမယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် သူတို့က ငယ်လွန်းတယ်၊ သူတို့လုပ်ဖို့ မသင့်လျော်တဲ့အရာတွေ အများကြီး ရှိတယ်။ ဆရာအဘိုးက နောက်ထပ်လူတစ်ယောက် ထပ်မခေါ်သွားချင်ဘူးလား"

"မလိုဘူး"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။

များမကြာမီ ထန်ရှုက အရှေ့တောင်ပိုင်းရှိလေ့ကျင့်ရေးကွင်းပြင်သို့ သွားရောက်ခဲ့သည်။ ချီသန့်စင်ခြင်းအလယ်ဆင့်ကလေး၈၄၂ယောက်နှင့်ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ကလေး၁၂၈ယောက်တို့က လေ့ကျင့်ရေးကွင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် တိတ်တဆိတ်ကျင့်ကြံနေသည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းစဦးအဆင့်ရှိကောင်လေးနှစ်ယောက်နှင့်ကောင်မလေးနှစ်ယောက်လဲ ရှိသည်။ သူတို့က ‌နှစ်မီတာကျယ်ကာ ၀.၅မီတာမြင့်သည့် စတုရန်းကျောက်တုံးစင်မြင့်လေးခုပေါ်တွင် ထိုင်နေ၏။

"ကျင့်ကြံတာကို ရပ်လိုက်ကြ။ အားလုံးပဲ၊ မတ်တပ်ထရပ်ကြ....."

ထန်ရှု ရောက်လာသည်ကို မြင်ပြီး အနက်ရောင်ယူနီဖောင်းအားဝတ်ဆင်ထားသည့်ဝံပုလွေခေါင်းက ချက်ချင်း အော်လိုက်သည်။ သူ့အသံက စွမ်းအားကြီးသောခေါင်းလောင်းသံတစ်ခုအလား လေ့ကျင့်ရေးကွင်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့၏။

ကလေးစစ်သား၉၇၄ယောက်က မျက်လုံးများ ချက်ချင်းဖွင့်ကာ ထရပ်လိုက်ကြသည်။

"သူဌေး....."

သူတို့အားလုံးက ထန်ရှုအား မြင်ဖူးသည်၊ တစ်ယောက်စီတွင် သူ၏ဓာတ်ပုံတစ်ပုံစီ ရှိသည်။

ထန်ရှုက သူတို့အား ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လျက် ပြောလိုက်သည်"ထန်ဂိုဏ်းကို တရားဝင်တည်ထောင်လိုက်ပြီဆိုတာ မင်းတို့အားလုံး ကြားကြမှာပါ။ ထန်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ အခွင့်အရေးမရှိမှာကို မင်းတို့တွေ စိုးရိမ်စရာမလိုဘူး။ ဒီ‌နေရာကကလေးတွေအားလုံးက ထန်ဂိုဏ်းရဲ့တရားဝင်ဂျူနီယာတွေ ဖြစ်လာကြလိမ့်မယ်။"

"မင်းတို့အားလုံးက တော်တဲ့ကလေးတွေပဲ၊ မင်းတို့မှာ ကျင့်ကြံခြင်းအတွက် ပါရမီကောင်းတစ်ခု ရှိတယ်။ အနာဂတ်မှာ မင်းတို့က ထန်ဂိုဏ်းရဲ့ထောက်တိုင်တွေ ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် မင်းတို့က ထန်ဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာချင်တယ်ဆိုရင် မင်းတို့နဲ့ထိုက်တန်ကြောင်း သက်သေပြရမယ်။ မင်းတို့တွေ သက်သေပြဖို့ နည်းလမ်းနှစ်ခုရှိတယ်၊ ပထမနည်းလမ်းက တာဝန်ထမ်းဆောင်တာပဲ။ မင်းတို့ရဲ့စွမ်းဆောင်မှုက ပိုကြီးမားလေလေ၊ ထန်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ အခွင့်အရေးက ပိုများလေပဲ။ ဒုတိယကတော့ မင်းတို့ရဲ့ကျင့်ကြံခြင်းကို ရွှေအမြုတေအဆင့်ထိ မြှင့်တင်ရမယ်"

"ထန်ဂိုဏ်းရဲ့တပည့်တွေက အားကောင်းတဲ့ကျွမ်းကျင်သူတွေပဲ ဖြစ်ရမယ်။ ငါတို့က အမှိုက်တွေ မလိုအပ်ဘူး။ မင်းတို့တွေထဲက အားအနည်းဆုံးကတောင် ချီသန့်စင်ခြင်းအလယ်ဆင့်အထိ ချိုးဖြတ်နိုင်တယ်ဆိုတော့ မင်းတို့က လေ့ကျင့်ပေးဖို့ ထိုက်တန်တယ်လို့ ဆိုလိုတယ်။ နောက်သုံးရက်အထိ ငါ မင်းတို့ကို အထူးလေ့ကျင့်ပေးမယ်၊ ခါးသီးမှုတွေ၊ အန္တရာယ်တွေ၊ မောပန်းမှုတွေ့ကို မင်းတို့တွေ ရင်ဆိုင်ရမယ်။ ခံနိုင်ရည်ရှိအောင် လုပ်ကြပါ"

ဤအချိန်တွင် ထန်ရှုက အေးစက်ကာ ရက်စက်သော အမှောင်ဘက်ခြမ်းအား ထုတ်ပြထားသည်။ ဖိအားအောက်မှသာလျှင် ထိုကလေးများက ကျင့်ကြံခြင်းတွင်သာ မြှုပ်နှံထားနိုင်သည်ကို သူက ရှင်းရှင်းလင်းလင်း သိသောကြောင့်ပင်။

ပထမနေ့။

ထန်ရှုက လေ့ကျင့်ရေးကွင်းတွင် ပုံရိပ်ယောင်အစီအရင်တစ်ခုအား တပ်ဆင်ထားသည်။ ကလေးများ၏အားနည်းသောကျင့်ကြံခြင်းအဆင့်ကြောင့် သူက အလွန်အားနည်းသောအစီအရင်တစ်ခုကိုသာ တပ်ဆင်ခဲ့၏။ သူတို့က ချီသန့်စင်ခြင်းအလယ်ဆင့်စွမ်းအားအား အပြည့်အဝထုတ်ဖော်နိုင်‌သရွေ့ အစီအရင်ထဲ၌ အသက်ရှင်သန်နိုင်သည်။

ထန်၂၈အပါအဝင် ကလေး၉၇၉ယောက်က သူတို့ထက် အရေအတွက်အရ များပြားပြီး ပိုအားနည်းသည့် ရန်သူများအား အကန့်အသတ်မရှိ ရင်ဆိုင်ရသည်။ ထန်ရှုက ရန်သူများအား ဖန်တီးရန် ဤပုံရိပ်ယောင်အား တပ်ဆင်ထား၏၊ ကလေးများ၏အသက်အရွယ်ကို လိုက်ပြီး ဖန်တီးထားပေးသည်။ သို့သော် သူတို့၏ရန်သူများက အသက်အရွယ်နှင့်ရုပ်ပိုင်းဆိုင်ရာအရ တဖြည်းဖြည်း ပိုကြီးမားလာပေလိမ့်မည်။

တစ်နာရီပြည့်တိုင်း သူတို့၏ခွန်အားအား ပြန်လည်ရရှိရန် ဆေးတစ်လုံး သောက်နိုင်သည်။

စုစုပေါင်းဆယ့်နှစ်နာရီနှင့် ကလေးအားလုံးက တိုက်ခိုက်မှု၁၂ချီအား တွေ့ကြုံခံစားခဲ့ရသည်။

ဒုတိယမြောက်နေ့။

ထန်ရှုက ကလေးအားလုံးအား နဂါးကိုးကောင်ကျွန်းမှ ခေါ်ထုတ်ကာ ပင်လယ်ရေဖိအားကို ခံနိုင်စေရန် ဒိုင်ဗင်ထိုးဆင်းစေသည်။ ထို့ပြင် သူတို့ထိန်းချုပ်နိုင်သည့်အကန့်အသတ်နီးပါးအထိ ဒိုင်းဗင်ထိုးဆင်းကြရန် ကြမ်းတမ်းသောစည်းမျဉ်းတစ်ခုအား ထုတ်ထားခဲ့သည်။

တတိယမြောက်‌‌နေ့။

ထန်ရှုက ကလေးများအား အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊ တစ်ဦးချင်းစီတိုက်ခိုက်ခြင်းစသည့်နည်းစနစ်အမျိုးမျိုးအား သင်ကြားပေးသည်။ တိုက်ပွဲထဲတွင် မှော်မန္တန်များအား အသုံးပြုနည်းကိုလည်း သူက သင်ကြား‌ပေးခဲ့၏။

စတုတ္ထမြောက်နေ့။

ထန်ရှုက သူတို့အား စိတ်ဝိညာဉ်အာရုံလေ့ကျင့်ရေးနည်းလမ်းအား သင်ကြားပေးပြီး လေ့ကျင့်ရေးရလဒ်များအား အကဲဖြတ်သုံးသပ်စေသည်၊ သို့မှသာ သူတို့က အတွေ့အကြုံမှ သင်ယူနိုင်ပေမည်။ သူတို့နားမလည်သည့်ကိစ္စရပ်တိုင်းအား ဖြေကြားပေးခဲ့ပြီး ကျင့်ကြံခြင်အရင်းအမြစ်များ မလုံလောက်သည့်အချိန်တိုင်း ဆေးလုံးအမြောက်အများအား သဘောထားကြီးစွာနှင့် ထုတ်ပေးသည်။ နောက်ဆုံးတွင် ကလေးများအား ရက်အနည်းငယ်အတွင်း သူတို့ရရှိခဲ့သည့် ရိပ်သိမ်းမှုများအား ချရေးစေပြီး အချင်းချင်း မျှဝေခိုင်းခဲ့၏။

အဆုံးတွင် လေးရက်တာအထူးလေ့ကျင့်ပြီးနောက် ကလေးအားလုံးက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ကလေး၃၆ယောက်က ချီသန့်စင်ခြင်းအလယ်ဆင့်မှ နှောင်းပိုင်းအဆင့်အထိ တိုးမြှင့်သွားခဲ့ပြီး ကလေးငါးယောက်က အခြေခံအုတ်မြစ်တည်ဆောင်ခြင်းစဦးအဆင့်အထိ ချိုးဖြတ်သွားခဲ့သည်။ ဤလေးရက်တာအထူးလေ့ကျင့်မှုက ကလေးများအား အချိန်တိုအတွင်း အဆက်မပြတ်ချိုးဖြတ်မှုများဖြစ်လာစေမည်ဟု ထန်ရှုက ယုံကြည်သည်။

****

စက်တင်ဘာဆယ်ရက်နေ့တွင် ထန်ရှုက ကျန်းရှင်းယာ၊ ထန်၂၈နှင့်သူ့အဖွဲ့ဝင်လေးယောက်အား ခေါ်ကာ တရုတ်သို့ ပြန်လာခဲ့သည်။ ရှန်းဟိုင်လေဆိပ်သို့ ရောက်လာချိန်တွင် ကျန်းရှင်းယာက အနည်းငယ်စိတ်လှုပ်ရှားနေသည်ကို ထန်ရှုက အာရုံခံနိုင်၏။

"ငါတို့ ပြန်ရောက်လာပြီ။ ငါတို့ရဲ့နေ့စဉ်ဘဝကို ကောင်းကောင်းလေး ဖြတ်သန်းသွားကြမယ်မလား"သူမလက်အား ကိုင်ထားရင်း ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး သူမက တစ်ခုခုကို သတိရသွားပုံပေါ်၏၊ တစ်ခုခုအား ရှာနေသည့်အလား သူမက ဘေးဘီဝဲယာလှည့်ပတ်ကြည့်သည်။ များမကြာမီ သူမမျက်လုံးများက သူမကဲ့သို့ နေကာမျက်မှန်၊ မျက်နှာဖုံးနှင့်အမျိုးသမီးတစ်ယောက်ထံ ရောက်ရှိသွားခဲ့၏။

"ဟေး၊ ဒီမှာ...."

သူမက လက်ဝှေ့ယမ်းပြကာ မိန်းကလေးဆီ လျှောက်သွား၏။ မိန်းကလေးအား ပွေ့ဖက်ပြီးနောက် သူမက ပြုံးကာ ပြောလိုက်သည်"လာမကြိုဖို့ ပြောခဲ့တယ်မလား။ မင်းက ငါ့စကားကို နားမထောင်ဘူးပေါ့၊ ကောင်မလေး"

ထန်ရှုက ကျန်းရှင်းယာလက်ကလေးများအား ကိုင်ထားသည်ကို မြင်ပြီး ကျန်းရှင်းယွဲ့က ရှုပ်ထွေးသောခံစားချက်တစ်ခုတို့ ထွက်ပေါ်လာ၏၊ သို့သော် သူမက ကြိုးစားဖုံးကွယ်ခဲ့သေးသည်။ တည်ငြိမ်သောမျက်နှာထားနှင့် သူမက ပြန်ပြုံးကာ ပြောလိုက်သည်"နောက်ဆုံးတော့ ပြန်ရောက်လာကြပြီပေါ့။ ဒါနဲ့ ငါ့ရဲ့ခယ်အိုက အစ်မကို ဒီရက်တွေမှာ အနိုင်မကျင့်ဘူးမလား"

"အာ၊ ခယ်အိုလား"

ကျန်းရှင်းယာ၏ပြုံးယောင်သမ်းနေသောမျက်နှာက အနည်းငယ်နီရဲသွား၏။ သူမက ထန်ရှုဘက် လှည့်ကြည့်ကာ ရုတ်တရက် တီးတိုးပြောလိုက်သည်"ထန်ရှုကို ခယ်အိုလို့ ထပ်ခေါ်ခွင့် မင်းကို ခွင့်မပြုဘူး၊ ရှင်းယွဲ့"

"ဘာဖြစ်လို့"ကျန်းရှင်းယာက မှင်တက်သွားရသည်။

"မင်းတို့နှစ်ယောက်ကြား ဘာဖြစ်ခဲ့သလဲဆိုတာ ငါ သိတယ်၊ ဒါကြောင့် ငါ့ကို ဘာတစ်ခုမှ မင်း ရှင်းပြဖို့ မလိုဘူး"ကျင်းရှင်းယာက ထပ်၍ တီးတိုးပြောလိုက်သည်"ထန်ရှုက ငါ့ကို အားလုံး ပြောပြခဲ့ပြီးသား။ ဒါပေမယ့် ငါတို့ ပြန်ရောက်တော့မှပဲ ပြောကြတာပေါ့၊ အိုကေလား။ ဒါနဲ့ မင်း သူ့ကို ထန်ရှုလို့ တိုက်ရိုက်ခေါ်ရင် ပိုကောင်းမယ်"

"ငါ....."

ကျန်းရှင်းယွဲ့က ပါးစပ်ပွင့်ဟသွားသော်လည်း ပြောစရာစကားမရှိ။ စိတ်ထဲတွင်မူ သူမက ထန်ရှုအား အနည်းငယ် စိတ်ဆိုးမိသည်။ ယခု ကျန်းရှင်းယာအား ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ သူမ မသိ‌တော့။

လက်ရှိတွင် ကျန်းရှင်းယွဲ့ ဘယ်လိုခံစားနေရသလဲကို ကျန်းရှင်းယာက သိသည်။ တကယ်တမ်းတော့ သူမညီမအား ဤကိစ္စအကြောင်း ကြိုတင်ပြောပြခြင်းက ကိစ္စရပ်အချို့အား နားလည်စေလိုသောကြောင့်ပင်။ ကျန်းရှင်းယွဲ့က အခုလို တုံ့ပြန်မည်ကို သူမက ခန့်မှန်းထားပြီးသားပင်။

***

All Chapters