ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းခြင်း
Vol. 73 Ch. 1020
အကြံအစည်များ၊ အကွက်ချမှုများမရှိဘဲ အတန်းဖော်များအကြား ဖြူစင်သောဆက်ဆံရေးက တက္ကသိုလ်တက်နေစဉ်အတွင်း ထန်ရှု အနှစ်သက်ဆုံးအရာဖြစ်၏။
ကျောက်လျန့်မှ အားသွင်းကြိုးငှားကာ ဖုန်းအားသွင်းရင်း ထန်ရှုက ယွဲ့ခိုင်နံပါတ်အား ခေါ်လိုက်သည်၊ သူတို့က မိန်းကလေးအဆောင်တွင် ရှိနေကြသည်ကို သိလိုက်ရ၏။ အားတင်းပြုံးရုံကလွဲပြီး သူ့ခံစားချက်များအား ဘယ်လိုထုတ်ပြရမလဲ မသိတော့ပေ။
ယောင်္ကျားများအား အစားအစာနှင့်လိင်ကိစ္စလိုအင်ဆန္ဒများက ချည်နှောင်ထားသည်မှာ သမိုင်းအဆက်ဆက်ပင် မဟုတ်လော။
"ဒါနဲ့ ငါ တစ်ခုခု အရင်ဖြေရှင်းစရာရှိတယ်၊ ကျောက်လျန့်။ နေ့လည်ကျမှပဲ ငါ အတန်းကို ပြန်လာတော့မယ်"ထန်ရှုက ဖုန်းအားသွင်းကြိုးဖြုတ်ကာ ပြန်ထွက်လာခဲ့၏။
"မင်း အခု ဘယ်သွားမလို့လဲ၊ အကိုထန်"ကျောက်လျန့်က အော်မေးလိုက်သည်။
"ဆရာမဟန်ကို သွားရှာမလို့"ထန်ရှုက ပြန်ဖြေသည်။
ကျောက်လျန့်က အခန်းမှ ထွက်လာကာ တံခါးအား မှီရင် ပြောလေ၏"ဆရာမဟန်ကို သွားတွေ့မလို့လား။ သူမက လွန်ခဲ့တဲ့ရက်အနည်းလောက်ကမှ တက္ကသိုလ်ကို ပြန်ရောက်လာတာ၊ ဒါပေမယ့် သူမက စိတ်အခြေအနေ ဆိုးရွားနေတယ်ဆိုတာ သိသာတယ်။ သူမကို စိတ်အနှောင့်အယှက်မပေးမိအောင် ဂရုစိုက်အုံး"
ခဏစိုက်ကြည့်ပြီးနောက် ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်"ဆရာဟန်က တက္ကသိုလ်ကို လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကမှ ပြန်ရောက်လာတယ်လို့ ဆိုလိုတာလား။ ဒါဆို ကျောင်းစဖွင့်တဲ့အချိန်မှာ သူမက ဒီနေရာမှာ မရှိဘူးပေါ့"
"ဟုတ်တယ်"ကျောက်လျန့်က ခေါင်းညိတ်လိုက်သည်"သူမက နေမကောင်းလို့ ခွင့်ယူသွားတာလို့ ငါ ကြားတယ်။ ဒါပေမယ့် သူမ ပြန်ရောက်လာတော့လဲ သူမကို ကြည့်ရတာ အခြေအနေ အတော်လေး ဆိုးနေတယ်။ ဒါရိုက်တာက သူမကို ရက်အနည်းငယ် အနားယူဖို့ အကြံပေးခဲ့ပေမယ့် သူမက ငြင်းပယ်ခဲ့တယ်"
နက်နဲသောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ ထွက်ပေါ်လာသည်။ သူမ၏ရုပ်ပိုင်းဆိုင်ရာအနေအထားအရ ဟန်ကျင်းဝူအနေဖြင့် နေမကောင်းဖြစ်ရန် မဖြစ်နိုင်ပေ။ တကယ်တော့ သူမက ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် သူမ၏စွမ်းအားက အားနည်းစရာမရှိ။ ယခုကဲ့သို့ဆိုးဝါးသောအခြေအနေက တစ်ခုသာ ဆိုလိုသည်၊ သူမက ဒဏ်ရာရထားခြင်းပင်။
ဘယ်သူက သူမကို ဒဏ်ရာရစေနိုင်တာလဲ။
အတွေးအမျိုးမျိုးဖြစ်ပေါ်လျက် ထန်ရှုက ကျောက်လျန့်အား နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ သူက ကျောင်းပရိဝုဏ်ထဲရှိ တောအုပ်လမ်းပေါ်တွင် လျှောက်နေရင်း ဟန်ကျင်းဝူနံပါတ်အား ခေါ်လိုက်သည်။
"မင်း ဘယ်မှာလဲ"
"မင်း ပြန်လာပြီးလား"
"မင်း အခု ဘယ်မှာလဲ"
"...."
ဟန်ကျင်းဝူက ခဏနှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြန်ဖြေသည်"ကန်တင်းမှာ"
"ငါ မင်းကို တက္ကသိုလ်ဂိတ်ဝမှာ စောင့်နေမယ်"ထန်ရှုက ပြောလိုက်သည်။
သူက ဖုန်းချကာ တက္ကသိုလ်ပရိဝုဏ်အပြင်ဘက်သို့ လျှောက်သွား၏။ သူ့တွင် ရှန်းဟိုင်သို့ လာရသည့် ရည်ရွယ်ချက်နှစ်ခု ရှိသည်၊ တစ်ခုက တက္ကသိုလ်အား တင်ပြရန်နှင့် အခြားတစ်ခုက ဟန်ကျင်းဝူအား စစ်ဆေးရန် ဖြစ်သည်။ ဟန်ကျင်းဝူက ရွှဲ့ချင်းချန်ပြန်မွေးဖွားသည်ဟု သူက ဆုံးဖြတ်ထားသော်လည်း သူမ၏မှတ်ဉာဏ်အပြည့်အဝပြန်ရပြီးသလားဆိုသည်ကို ဖော်ထုတ်ရန် လိုအပ်သေး၏။ ခရမ်းရောင်နတ်သမီးအား မရခင် သူမက ဤကိစ္စအား မဆုံးဖြတ်နိုင်ပေ။ ယခု ခရမ်းရောင်နတ်သမီးထွက်ပေါ်လာသဖြင့် အတည်ပြုစရာနည်းလမ်းတစ်ခု ရှိလာပေသည်။
ကရင်း၊ ကရင်း၊ ကရင်း....
ဖုန်းသံမြည်သွားပြီး ထန်ရှုက ဖုန်းစခရင်ပေါ်ရှိ ခေါ်ဆိုသူနာမည်အား ကြည့်လိုက်သည်။ ချန်ကျီကျုံးဖြစ်နေသည်မှာ မမျှော်လင့်ထားသောအရာပင်။
"တစ်ခုခုရှိလို့လား၊ ကျီကျုံး"
"ငါ အခု ရှန်းဟိုင်တက္ကသိုလ်ဝင်ပေါက်မှာ ရှိနေတယ်၊ ဆရာ"ချန်းကျီကျုံးက တလေးတစား ပြော၏"ကြယ်ပြာအိမ်ရာမှာ ဆရာ့ကို ရှာဖို့ သွားခဲ့ပေမယ့် ဆရာက တက္ကသိုလ်ဆီ သွားတယ်လို့ ပြောတယ်၊ ဒါကြောင့် ငါ ဒီနေရာကို လာခဲ့တာ။ လောလောဆယ် ငါနဲ့ တွေ့ဖို့ အဆင်ပြေလား၊ ဆရာ"
"မင်း ရှန်းဟိုင်ကို ဘာအတွက် လာတာလဲ"ထန်ရှုက မေး၏။
"ငါ မင်းကို တင်ပြစရာအရေးကြီးကိစ္စတစ်ခုရှိတယ်၊ ဆရာ"ချန်းကျီကျုံးက ပြန်ဖြေသည်"ငါ မင်းနဲ့ ကျင့်ကြံခြင်းဆိုင်ရာအချို့လဲ ဆွေးနွေးချင်တယ်"
"ကောင်းပြီလေ။ ဂိတ်ပေါက်မှာ စောင့်နေ။ ငါ မကြာခင် မင်းဆီ လာခဲ့မယ်"ထန်ရှုက ပြော၏။
ဖုန်းချပြီးနောက် ထန်ရှုက ဂိတ်ပေါက်ဆီသို့ ဆက်လက်ဦးတည်သည်။ ချန်ကျီကျုံးက အရေးကြီးကိစ္စမရှိဘဲ ရှန်းဟိုင်သို့ မလာမှန်း သူ သိ၏။ ချန်ကျီကျုံးက သူ့တပည့်ဖြစ်သည်- သို့သော် အမည်ခံတပည့်သာ ဖြစ်၏- သူ့အား ကျင့်ကြံခြင်းလမ်းကြောင်းနှင့်ပတ်သက်၍ ညွှန်ကြားပေးရန် လိုအပ်သည်။
ထန်ရှုက ဂိတ်ပေါက်သို့ ရောက်လာချိန်တွင် တန်ဖိုးကြီးစူပါကားများ မရှိတော့သလို အသုံးမကျသောသခင်လေးများကလည်း ပျောက်ကွယ်နေခဲ့သည်။ လက်ရှိထိုနေရာတွင် အနက်ရောင်မာစီးဒီးဘင့်ဇ်ကားတစ်စီး ရှိပြီး ချန်ကျီကျုံးက ကားရှေ့တွင် ရပ်လျက် သူ့အား စောင့်နေသည်။
"ကျီကျုံး"ထန်ရှုက လျှောက်လာရင်း အော်ခေါ်လိုက်သည်။ ချန်းကျီကျုံး၏ကျင့်ကြံခြင်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
"ငါ မင်းကို အနှောင့်အယှက်ပေးမိသွားလား၊ ဆရာ"ချန်ကျီကျုံးက ရိုသေလေးစားစွာ ဦးညွှတ်လိုက်လေသည်။
"ဘာမှ မဖြစ်ပါဘူး။ မင်း ငါ့ကို ခေါ်တဲ့အချိန်မှာ ငါ ထွက်လာနေပြီလေ။ ပြောပါ၊ မင်း ငါ့ကို အရေးတကြီးပြောစရာစကားရှိတယ်ဆို"ထန်ရှုက မေးလိုက်သည်။
ချန်ကျီကျုံးက ဘေးဘီဝဲယာကြည့်လိုက်သည်။ တစ်ယောက်မှ သူတို့အား အာရုံမစိုက်နေသည်ကို မြင်ပြီးနောက် သူက တိုးတိုးပြောလိုက်သည်"မကြာသေးခင်က ချန်ပုတောင်မှာ စိတ်ဝိညာဉ်ဆေးပင်အချို့ တွေ့ရှိခဲ့တယ်လို့ ငါ့ရဲ့အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ယောက်က သတင်းကြားခဲ့တယ်၊ ဒါကြောင့် တစ်ယောက်ယောက်ကို ခေါ်ပြီး ငါ သွားခဲ့တယ်။ ငါတို့ ဘာတစ်ခုမှ မတွေ့ခဲ့ဘူး။ ဒါပေမယ့် စိတ်ဝိညာဉ်ဆေးပင်တွေ မရှိပေမယ့် ဆန်းကြယ်တဲ့လိုဏ်ဂူတစ်ခုတော့ ရှိနေတယ်"
"မင်း အဲလိုဏ်ဂူထဲမှာ ဘာတွေ့ခဲ့တာလဲ"ထန်ရှုက မေး၏။
"ငါတို့ လိုဏ်ဂူရဲ့ဝင်ပေါက်ကို ဖွင့်ဖို့ အရာအားလုံး လုပ်ခဲ့ပေမယ့် လုံးဝမဖယ်နိုင်ခဲ့ဘူး"ချန်းကျီကျုံးက ခါးသီးစွာ ပြုံးလျက် ပြန်ဖြေသည်"ဒါပေမယ့် ဝင်ပေါက်မှာ တန်ဖိုးရှိတဲ့ကသတ္တုရိုင်းအနည်းငယ်ကို ငါတို့ တွေ့ခဲ့တယ်"
ထိုသို့ ပြောပြီးနောက် သူက ကားပစ္စည်းခန်းအား ချက်ချင်း ဖွင့်ကာ ဂဏန်းတွဲသော့ခလောက်ငွေရောင်သေတ္တာတစ်ခုအား အထဲမှ ယူထုတ်လိုက်သည်။ သေတ္တာအား ကားအမိုးပေါ်တင်ကာ နံပါတ်အချို့ နှိပ်ပြီးနောက် သူက ထန်ရှုအား ပြောလိုက်သည်"ဒါတွေက ငါပြောခဲ့တဲ့သတ္တုတွေပဲ၊ ဆရာ။ မှတ်တမ်းတော်တော်များများက ရှာဖွေခဲ့ပြီးနောက် ဒါတွေက သွေးစိတ်ဝိညာဉ်ကျောက်တုံးတွေဆိုတာ ငါ သိလိုက်တယ်။ မှတ်တမ်းတွေအရဆိုရင် ဒီသွေးစိတ်ဝိညာဉ်ကျောက်တုံးက စိတ်ဝိညာဉ်ကို တည်ငြိမ်စေတယ် ဒါမှမဟုတ် ဖိနှိပ်စေတယ်လို့ ပြောကြတယ်"
ထန်ရှုက အပိုင်းအစတစ်ခုအား သေချာလေ့လာစစ်ဆေးလိုက်သည်။ ထို့နောက် သူက သက်ပြင်းချလိုက်သည်"ဒါက တကယ်ကို သွေးစိတ်ဝိညာဉ်ကျောက်တုံးပဲ၊ ဒီလိုပစ္စည်းတစ်ခုက ကမ္ဘာပေါ်မှာ ရှိနေမယ်လို့ ငါ မထင်ထားဘူး။ မင်း ပြောတာ မှန်တယ်။ သွေးစိတ်ဝိညာဉ်ကျောက်တုံးက အရမ်းတန်ဖိုးရှိတဲ့သတ္တုတစ်ခုပဲ၊ အရမ်းလဲ ရှားပါးတယ်၊ ကျင့်ကြံသူတွေအတွက် အလွန်တန်ဖိုးရှိတယ်"
"မင်း ဒါကို ဘယ်လို အသုံးပြုရမလဲ သိလား၊ ဆရာ" ချန်ကျီကျုံးက မေးလိုက်သည်။
"ငါ သိတယ်"ထန်ရှုက ခေါင်းညိတ်လိုက်သည်။
မှိုရသောမျက်နှာနှင့် ချန်ကျီကျုံးက ထပ်ပြောလိုက်သည်"ဒါက အလွန်တန်ဖိုးရှိတဲ့ကျောက်တုံးတစ်ခုလို့ မင်း ပြောမှတော့ လိုဏ်ဂူထဲမှာဆိုရင် ဒီထက် ပိုကောင်းတာတွေ ရှိမှာ သေချာတယ်၊ ဆရာသခင်။ ဒါက ငါ မင်းဆီ လာတင်ပြရတဲ့အကြောင်းပြချက်ပဲ"
အလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွား၏။ ချန်ကျီကျုံး၏ဆိုလိုရင်းကို သူ ကောင်းကောင်း သိသည်။ သွေးစိတ်ဝိညာဉ်ကျောက်တုံးကဲ့သို့ ပစ္စည်းတစ်ခုအား လိုဏ်ဂူအပြင်ဘက်တွင် တွေ့ရှိသည့်အတွက် အထဲတွင် ပိုကောင်းသောအရာများ ရှိသည်ဟု ဆိုလိုသည်။ ထိုနေရာတွင် ကျင့်ကြံသူများအတွက် ကောင်းမွန်သောပစ္စည်းများ တွေ့ရှိခဲ့လျှင် သူက အလွန်ကြီးမားသောအကျိုးထမ်းဆောင်မှုတစ်ခု ပြုခဲ့သည်ဟု ဆိုလို၏။
"ရှန်းဟိုင်မြို့မှာပဲ ခဏလောက် နေနေ၊ ကျီကျုံး။ ငါ ဒီနေရာမှာ လုပ်စရာတချို့ ရှိသေးတယ်၊ ပြီးတာနဲ့ ငါ မင်းဆီ ချက်ချင်း ဆက်သွယ်ပြီး ချန်ပုတောင်ဆီ အတူတူ သွားကြမယ်"ထန်ရှုက ပြောလိုက်သည်။
"ငါ ဒီနေရာမှာ ခဏလောက် နေဖို့ စီစဉ်ထားပြီးသားပါ။ လက်ရှိ ငါ ဟေးထန်တည်းခိုခန်းမှာ နေနေတယ်"ချန်ကျီကျုံးက ရိုသေလေးစားစွာ ပြန်ဖြေသည်"နောက်ကျရင် ငါ ဆရာ့ဆီ ငါ့ရဲ့အခန်းနံပါတ်ကို စာပို့ပေးလိုက်မယ်"
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ သူ့မျက်လုံးများက ဂိတ်ပေါက်မှ လျှောက်လာသောဟန်ကျင်းဝူအား မြင်ပြီးနောက် သူက ပြောလိုက်၏"ကောင်းပြီ၊ မင်း အရင် ပြန်တော့။ ငါ လုပ်စရာရှိတာ လုပ်ပြီးရင် မင်းကို လာရှာမယ်"
"မင်းဆန္ဒအတိုင်းပါ၊ ဆရာသခင်"ချန်ကျီကျုံးက ပြန်ဖြေပြီးနောက် ကားပေါ်တက်ကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့၏။
ထို့နောက် ထန်ရှုက ဟန်ကျင်းဝူထံ လျှောက်သွား၏။ သူက သူမအား ခဏစိုက်ကြည့်ပြီးနောက် ပြောလိုက်သည်"အနီးနားမှာ ရေခဲပြင်စီးစကိတ်တစ်ခုရှိတယ်။ အဲမှာ စကားတစ်ချက် ပြောကြရအောင်"
ရေခဲပြင်စီးစကိတ်ကွင်းလား။
ဟန်ကျင်းဝူက ခဏ နှုတ်ဆိတ်သွားသည်။ သို့သော် ထန်ရှုက ပြန်လှည့်ကာ ရှေ့က သွားနေသည်ကို မြင်လိုက်ရသည်။ တုံ့ဆိုင်းနေသော်ငြား သူက သူမနောက်သို့ လိုက်သွား၏။ ထန်ရှုက သူမနှင့်အတူ ဘာကြောင့် ထိုနေရာသို့ သွားချင်ရမလဲ သူမက မသိပေ။
စက်တင်ဘာလဖြစ်သော်လည်း ရှန်းဟိုင်က ပူပြင်းနေသေး၏။ နေ့လည်ခင်းက နေ့တစ်နေ့၏အပူဆုံးအချိန်ဖြစ်သည်။ ရေခဲပြင်စကိတ်ကွင်းက လူရှင်းနေပြီး ဧည့်သည်များမရှိဘဲ အလုပ်သမားနှစ်ယောက်သာ ရှိ၏။ သူတို့က ပျင်းရိနေပုံပေါ်ကာ ဖရဲစေ့များ စားရင်း စကားပြောနေကြသည်။
"နေရာတစ်ခုလုံး ငှားမယ်ဆိုရင် ဘယ်လောက်ကျမှာလဲ"အလုပ်သမားနှစ်ယောက်အရှေ့သို့ လျှောက်လာကာ ထန်ရှုက တိုက်ရိုက်မေးလိုက်သည်။
ဤသည်ကို ကြားပြီး အလုပ်သမားနှစ်ယောက်က ရုတ်တရက် လန့်ဖျပ်သွား၏။ သူတို့က ထန်ရှုနှင့်ဟန်ကျင်းဝူတို့အား ကြည့်လိုက်ကြသည်၊ လူချမ်းသာများက အလှကလေးများအား ခေါ်လာသည်မှာ သဘာဝဟု တွေးလိုက်ကြ၏။ သူတို့ထဲမှ တစ်ယောက်က ချက်ချင်း ပြန်ဖြေ၏"တစ်နာရီဆိုရင် ယွမ်သုံးထောင်။ ဧည့်သည်က ဘယ်လောက်ကြာကြာ ယူမှာလဲ"
ထန်ရှုက ပိုက်ဆံအိတ်အား ထုတ်လိုက်သည်။ ထို့နောက် အထဲမှ ငွေထုတ်ယူကာ ထိုလူထံ ကမ်းပေးလိုက်၏"ဒါက တစ်နာရီစာအတွက် ငါးဒေါ်လာ။ ဒါပေမယ့် ငါ တောင်းဆိုစရာတစ်ခုရှိတယ်။ မင်းတို့ဒီမှာနေလို့မရဘူး။ ငါတို့ အနှောင့်အယှက်မဖြစ်ချင်ဘူး"
"ပြဿနာမရှိပါဘူး"ဝန်ထမ်းက ကျသင့်ငွေအား ယူပြိးနောက် သူ့အဖော်အား ဆွဲကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ဟန်ကျင်းဝူက စကားမပြောဘဲ ထန်ရှုကိုသာ တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။ လက်ရှိ သူက ချမ်းသာနေလျှင်ပင် ထန်ရှုက စိတ်ကူးပေါက်ရာပိုက်ဆံဖြုန်းသည့်လူစားမျိုးမဟုတ်ပေ။ သူမအား ဒီနေရာသို့ ခေါ်လာပြီး ဒီလောက်များသည့်ပိုက်ဆံအား ထုတ်ပေးသည့်အတွက် သူ့တွင် ရည်ရွယ်ချက်ရှိရမည်။ သို့သော် သူ့ရည်ရွယ်ချက်က သူမအား ရည်ရွယ်ထားသည်ဟု သူမက ပြောနိုင်သည်။
ဖန်း....ဖန်း....ဖန်း....
ထန်ရှု၏လက်ကောက်ဝတ်က လှုပ်ရှားသွားပြီး ငွေရောင်အပ်သုံးချောင်းအား တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သည်၊ ဦးတည်ဘက်သုံးခုဖြင့် စောင့်ကြည့်ကင်မရာများအား ထိမှန်သွား၏။ ထို့နောက် သူက ဟန်ကျင်းဝူဘက်လှည့်ကာ ပြောလိုက်သည်"မင်း အခု အားလုံးကို မှတ်မိပြီးမလား"
မေးခွန်းက ဟန်ကျင်းဝူအား နှလုံးတုန်သွားစေသည်။ သို့သော် သူမက ရှုပ်ထွေးသောအကြည့်တစ်ခုသာ ထုတ်ပြကာ မေးလိုက်သည်"ဘာကို ပြောတာလဲ"
ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက လေးလံသောအသံနှင့် ပြောလိုက်သည်"မင်း ခဏပဲ ဖုံးကွယ်လို့ရမယ်၊ တစ်သက်လုံးတော့ မရဘူး။ ငါ ထင်တာ မှန်ရင် ဘန်ကောက်မှာ ငါ့ကို ကူညီခဲ့တာ မင်းပဲမလား။ ပြီးတော့ မင်းက ပစိဖိတ်သမုဒ္ဒရာထဲမှာ ထွက်ပေါ်လာတဲ့ အမျိုးသမီးပဲမလား"
"မင်း ဘာဆိုလိုမှန်း ငါ မသိဘူး"ဟန်ကျင်းဝူက ခေါင်းခါယမ်းလိုက်သည်။
"မင်းက အခုထိ အရူးလို လုပ်နေတုန်းလား"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။
"မင်း ပြောစရာရှိရင် တည့်တည့်ပဲပြော၊ ထန်ရှု"ဟန်ကျင်းဝူက ပြော၏"မင်း ဘာလို့ ငါ့ကို ဒီလောက်ထိ မုန်းတီးနေရလဲဆိုတာ ငါ တကယ် နားမလည်ဘူး။ ငါ့ကိုပြော၊ ငါ မင်းအပေါ် ဘာအမှား လုပ်မိလို့လဲ။ နားလည်မှုလွဲနေတာဆိုရင်လဲ အဲဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်လို့ရပါတယ်"
အားလုံးပြောရမှာလား။ ရှင်းရှင်းလင်းလင်းတဲ့လား။
နာကျင်မှုတစ်ခုအား နှလုံးသားထဲ၌ စူးနစ်စွာ ခံစားလိုက်ရသည်။ သူက ဟန်ကျင်းဝူနှင့် အရာအားလုံးအား ရှင်းလင်းအောင် မလုပ်ချင်သည်မဟုတ်သော်လည်း သူက သူမအတိတ်ဘဝမှတ်ဉာဏ်အားလုံးအား ပြန်မရသေးသလားကို မဖော်ထုတ်နိုင်သောကြောင့်ပင်။
ဝှစ်....
ဘဲဥပုံသေတ္တာတစ်ခုက ထန်ရှု၏လက်ဖဝါးထဲ၌ ထွက်ပေါ်လာပြီး သူက ဟန်ကျင်းဝူမျက်နှာအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သာမန်မျှစိတ်မပါသောအမူအရာနှင့် သူက ပြောလိုက်၏"အတိတ်မှာ ဒီပစ္စည်းကို ငါ ကိုယ်တိုင် သန့်စင်ပြီး ငါ့ရဲ့ချစ်ရသူကို ပေးခဲ့တယ်....မင်း....မင်း ဒီပစ္စည်းကို အရင်က မြင်ဖူးလား"
***