← Chapters

အသိစိတ်ရှိသော လက်နက်နှင့် ချပ်ဝတ်

Vol. 81 Ch. 1124

အသိစိတ်ရှိသော လက်နက်နှင့် ချပ်ဝတ်

Vol. 81 Ch. 1124

ကျန်းရီသည် ထိုကဲ့သို့သော ပြောင်းလဲမှုမျိုးကို ယခင်ကလည်း မြင်ခဲ့ဖူးသည်။ သူ ကောင်းကင်ကြယ်တာရာနယ်မြေတွင် နိုင်ငံစစ်ပွဲကို နိုင်ခဲ့ပြီး မီးနဂါးဓားကို ရခဲ့စဉ်က ထိုပြောင်းလဲမှုနှင့် တူညီ‌သော ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုစဉ်က ကျန်းရီသည် မီးနဂါးဓားကို သန့်စင်လိုခဲ့၏ သို့သော် မီးနဂါးဓားက မီးဝိညာဉ်ပုလဲနှင့် ပေါင်းစည်းသွားခဲ့သဖြင့် သူ မည်သို့မှပင် လုပ်စရာမလိုခဲ့ဘဲ ၎င်းကို ချက်ချင်းအသုံးပြုနိုင်ခဲ့သည်။ ထို့ပြင် အမည်မဲ့ကျင့်စဉ်၏ တတိယအဆင့်လည်း ထွက်ပေါ်လာခဲ့သည်။ မီးနဂါးဓားပေါ်တွင်လည်း နဂါးပုံသဏ္ဌာန်တစ်ခု ထပ်ပေါ်လာခဲ့သည်။

ယခုတွင်...

မီးနဂါးဓားပေါ်တွင် နဂါးပုံသဏ္ဌာန်အသစ်တစ်ခု ထပ်ပေါ်လာသည်။ လေးပေရှည်သော ဓားရှည်ပေါ်တွင် ယခင်က နဂါးနှစ်ကောင်သာ ရှိခဲ့သော်လည်း ယခုတွင် သုံးကောင်ဖြစ်သွားပေပြီ။ လုံးဝမသက်ဆိုင်သော အရာနှစ်ခုက ရုတ်တရက်ကြီး ပေါင်းစည်းသွားရာ ကျန်းရီ မည်သို့ အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။

‘ဆန်းကြယ်နတ်ဘုရားဓားက မီးနဂါးဓားရဲ့ ဝါးမျိုမှုကို ခံလိုက်ရတာလား။ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မီးနဂါးဓားက သာလွန်အဆင့် သူတော်စင် အသုံးအဆောင်လေးတစ်ခုပဲ မဟုတ်ဘူးလား။ အဲ့ဒါက အတုအယောင် နတ်ဘုရား အသုံးအဆောင်တောင် မဟုတ်ဘူး။ အဲ့ဒါတောင် နတ်ဘုရားအသုံးအဆောင် အစစ်အမှန်တစ်ခုကို ဝါးမျိုးနိုင်တယ်ပေါ့လေ’

ကျန်းရီသည် စိတ်ကူးယဉ်ပုံပြင်တစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ခံစားနေရ၏။ ထိုကိစ္စက အလွန်ထူးဆန်းကာ အတန်ငယ်လည်း ရယ်စရာကောင်းနေသည်။ ဆန်းကြယ်နတ်ဘုရားဓားက မီးနဂါးဓားကို ဝါးမျိုလိုက်ခြင်းဆိုလျှင် သာမန်သာ ဖြစ်ပေလိမ့်မည်။ ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားဓား၏ အရှိန်အဝါထက် ပိုအားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် မီးနဂါးဓားကိုကြည့်ကာ မှင်တက်နေမိသည်။ သူ့ခန္ဓာကိုယ်ကလည်း အတန်ငယ် တုန်ယင်နေသည်။

ထိုကိစ္စတစ်ခုလုံးက ပုံရိပ်ယောင် မဟုတ်လျှင် ရှင်းပြချက် တစ်ခုသာ ရှိပေသည်။ ယင်းမှာ မီးနဂါးဓား၏ ဇစ်မြစ်က အလွန်ထူးကဲပြီး ၎င်းက ဆန်းကြယ်နတ်ဘုရားဓားထက် ပို၍ စွမ်းအားကြီးသည်ဆိုသော ရှင်းပြချက်ပင်။

သို့သော်...

မီးနဂါးဓားက ကောင်းကင်ကြယ်တာရာနယ်မြေမှ အဆင့်နိမ့် လက်နက်တစ်ခုသာ။ ထိုကဲ့သို့သော လက်နက်မျိုးက အရှေ့ဘက်  တော်ဝင်နယ်မြေ၏ နေရာအနှံ့တွင် ရှိသည်။ ၎င်းကသာ မူလရတနာတစ်ခု ဖြစ်နေလျှင် ၎င်းကို မည်သို့ ကောင်းကင်ကြယ်တာရာနယ်မြေတွင် တွေ့နိုင်မည်နည်း။

သို့သော် မီးဝိညာဉ်ပုလဲက ကောင်းကင်ဧကရာဇ်၏ နဂါးတစ်သောင်းဂူသင်္ချိုင်းထဲတွင် နှစ်ပေါင်းသောင်းချီအောင် ရှိနေခဲ့သော ပစ္စည်းဖြစ်ပြီး မီးနဂါးဓားနှင့် ပေါင်းစည်းနိုင်ပေသည်။ ထို့ပြင် မီးဝိညာဉ်ပုလဲက မီးဒဏ်ကာ နတ်ဘုရားအသုံးအဆောင်တစ်ခုလည်း ဖြစ်သည်။ ၎င်းသည် ကျန်းရီကို မည်သည့်မီးတောက်များ၏ အန္တရာယ်မှမဆို ကာကွယ်ပေးခဲ့သည်။ သို့ဖြစ်ရာ မီးဝိညာဉ်ပုလဲကြောင့် မီးနဂါးဓားက ထူးခြားနေခြင်း ဖြစ်နိုင်ပေသည်။

သို့သော် အကျိုးအကြောင်းမဆီလျော်သော ကိစ္စများစွာ ရှိနေသေးသည်။ ကျန်းရီသည် မီးနဂါးဓားနှင့် မှောင်မည်းလာသော ကောင်းကင်ကို ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်က သူ၏ဘဝကို ကြိုးကိုင်နေသည်ဟု သူ ရုတ်တရက် ခံစားလိုက်သည်။ ထို့ကြောင့် သူ အလွန်စိတ်မသက်မသာ ဖြစ်သွားလေသည်။

‘အများကြီး မတွေးတော့ဘူးကွာ။ အရင်ဆုံး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ယူတာပေါ့။ ရို့ပင်းက ခန်းမထဲမှာ စောင့်နေတုန်းပဲ။ ပြီးတော့ ဖန်စေတီက ကျန်ထျန်းလဲ့ ဒါမှမဟုတ် ကျန့်ဝူယင်းရဲ့ လက်ထဲမှာ ရှိနေတုန်းပဲ။ ငါ အဲ့ရတနာကို ပြန်လုယူရမယ်’

ကျန်းရီသည် သူ့မျက်နှာကို ပွတ်၍ အတွေးမလွန်စေရန် သူ့ကိုယ်သူ သတိပေးလိုက်သည်။ သူသည် ထူးဆန်းသောကိစ္စများစွာနှင့် တွေ့ကြုံခဲ့ရသည်။ ထို့ကြောင့် သူ ထိုကိစ္စများကို အသားကျနေပြီဖြစ်သည်။ သူ အရှေ့သို့ ခြေနှစ်လှမ်း လျှောက်သွားလိုက်ပြီး လေထဲတွင် မျောလွင့်နေသော မီးနဂါးဓားဆီ လက်လှမ်းလိုက်၏။ သူ ၎င်း၏စွမ်းအားကို စမ်းသပ်ကြည့်လိုနေသည်။

နောက်ဆုံးတွင်...

ကျန်းရီ မီးနဂါးဓားကို ဆုပ်ကိုင်တော့မည့် အချိန်တွင် မီးနဂါးဓားက အားကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်၍ သူ၏လက်ကို နောက်သို့တွန်းထုတ်လိုက်သည်။

‘ဘာတွေဖြစ်နေတာလဲ’

ကျန်းရီ မျက်လုံးပြူးသွားသည်။ သူနှင့် မီးနဂါးဓားက ဝိညာဉ်ချိတ်ဆက်မှု ရှိနေဆဲဖြစ်သည်။ သို့သော် အဘယ်ကြောင့် ယခုတွင် ၎င်းက သူ့ကို တွန်းထုတ်နေခြင်းနည်း။ ယင်းက ဖြစ်နိုင်ပါသလော။

ကျန်းရီသည် ဒေါသထွက်သွားပြီး လက်နှစ်ဘက်ဖြင့် မီးနဂါးဓားကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။

ရွှီး...

မီးနဂါးဓားက လင်းလက်လာပြီး ဓားပေါ်မှ မီးနဂါးသုံးကောင်က စတင် တုန်ခါလာကာ အသံတစ်ခု ပြုလိုက်သည်။ မီးနဂါးဓားက အသိစိတ်ရလာ၍ ကျန်းရီ၏ ကိုင်ဆောင်မှုကို မခံလိုတော့ဘဲ ကျန်းရီကို ဆန့်ကျင်ရန် ကြိုးစားနေသည့်ပုံပင်။

“မင်းက ပုန်ကန်ချင်တာလား”

ကျန်းရီက မျက်ခုံးပင့်လိုက်ပြီး လက်နှစ်ဘက်စလုံးသုံး၍ မီးနဂါးဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ အတင်းကြိုးစားလေလေ၊ မီးနဂါးဓားက ပို၍ခုခံလာလေလေ ဖြစ်နေသည်။ ငါးမိနစ်ကြာ ကြိုးစားပြီးနောက်တွင်ပင် မီးနဂါးဓားက ခေါင်းမာနေသေးပေသည်။

“ကျန်းရီ... အခုလောလောဆယ် အဲ့အတိုင်းပဲ ထားလိုက်ပါဦး။ ရှင့်ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် အဲ့ဓားကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဓားက အသိစိတ်ရသွားပြီ။ ရှင့်မှာ လုံလောက်တဲ့စွမ်းအားမရှိရင် သူက ရှင့်ရဲ့ ထိန်းချုပ်မှုကို ခံမှာ မဟုတ်ဘူး”

အသံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီ နောက်လှည့်ကြည့်လိုက်ရာ သတိပြန်လည်လာပြီဖြစ်သော ရီချန်ကို တွေ့လိုက်ရသည်။ သူမက မီးနဂါးဓားကို စိတ်ဝင်စားစွာ ကြည့်နေသည်။ အတန်ကြာပြီးနောက် သူမ စိတ်ဝင်တစား မေးလိုက်သည်။

“ကျန်းရီ... အဲ့ဒါက နတ်ဘုရားအသုံးအဆောင်မလား။ အဲ့ဒါရဲ့ အရှိန်အဝါက အရမ်းကြောက်စရာကောင်းတာပဲ။ ဒါပေမဲ့ ဆန်းကြယ်ဧကရာဇ်မှာ ရှိတာက ဆန်းကြယ်နတ်ဘုရားဓားနဲ့ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်မလား။ ဘာလို့ အဲ့လိုဓားတစ်ချောင်း ဖြစ်သွားရတာလဲ”

“ဟမ်...”

ကျန်းရီသည် ခေတ္တမျှ မှင်တက်သွားပြီး ရီချန်ကို မည်သို့ ပြန်ဖြေလိုက်ရမည်မသိ ဖြစ်သွားသည်။ အကယ်၍ သူ ရီချန်ကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်လျှင် သူမက သူ့ကို မိစ္ဆာတစ်ကောင်ကဲ့သို့ မြင်သွားမည်လော။

ထို့ကြောင့် ကျန်းရီသည် ရှက်ရွံ့စွာဖြင့်သာ ပြုံးပြလိုက်ပြီး မည်သို့မှ ရှင်းပြမနေတော့ပေ။ ထို့နောက် သူသည် နတ်ဘုရားအသုံးအဆောင်ကို သူ၏လက်စွပ်ထဲတွင် သိမ်းလိုက်ပြီး ပြောလိုက်သည်။

“လောလောဆယ် အရေးကြီးလုပ်စရာတွေ ရှိနေတယ်။ နောက်မှ ငါ မင်းကို ရှင်းပြပါမယ်။ အရင်ဆုံး ငါ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သန့်စင်ရမယ်။ ရို့ပင်းက အောက်အဆင့်မှာ ရှိနေတုန်းပဲ။ သူ အန္တရာယ် ဖြစ်နေမလားဆိုတာကို ငါ မသိဘူး”

“ဆန်းကြယ်နတ်ဘုရားနန်းတော်”

ရီချန်၏ မျက်လုံးများ တောက်ပသွားသည်။ သူမသည် အတန်ငယ် အားကျဟန်ဖြင့် ပြောလိုက်သည်။

“ဂုဏ်ပြုပါတယ် ကျန်းရီ။ ရှင်က ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူ ဖြစ်လာပြီပေါ့။ အင်းလေ... အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးမှာလည်း ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်ဖို့ ထိုက်တန်တဲ့သူဆိုလို့ ရှင်တစ်ယောက်ပဲ ရှိတာပဲ”

ကျန်းရီသည် ရီချန်၏ အလွန်လှပသော မျက်နှာလေးကို ကြည့်၍ ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ ပြီးနောက် သူ စကား ရှည်မနေတော့ဘဲ သက်ငယ်မိုးအိမ်အတွင်းသို့ ခပ်သွက်သွက် ဝင်သွားလိုက်သည်။ အိမ်ထဲတွင် ပစ္စည်းများများစားစား မရှိပေ။ အိုဟောင်းနေသော သစ်နီကုတင်တစ်လုံး၊ လေးထောင့်ပုံ စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်ခုံသာ ရှိသည်။

“ဆန်းကြယ်နတ်ဘုရားချပ်ဝတ်၊ ကျောက်စိမ်းအဆောင်”

ကျန်းရီသည် စားပွဲပေါ်ရှိ အရှိန်အဝါကြီးသော ချပ်ဝတ်နှင့် ကျောက်စိမ်းအဆောင်တို့ကို မြင်လိုက်သောအခါ မျက်လုံးများ အရောင်လက်သွားသည်။ သူ ကျောက်စိမ်းအဆောင်ကို ကောက်ယူလိုက်၏။ အဆောင်ပေါ်တွင် “ဆန်းကြယ်”ဟူသော စာလုံးကို ထွင်းထားသည်။ ထို့အပြင် ထူးခြားသော အခြားပုံသဏ္ဌာန်များစွာလည်း ရှိသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းက အလွန်ထူးခြားသော ပစ္စည်းတစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။

‘ငါ ဒီချပ်ဝတ်ကို သန့်စင်နိုင်ပါ့မလား’

ကျန်းရီက ချပ်ဝတ်ကို ကောက်ကိုင်လိုက်ရာ ချပ်ဝတ်က ရုတ်တရက် တောက်ပစွာ လင်းလက်လာသည်။ ၎င်းသည်လည်း မီးနဂါးဓားကဲ့သို့ တုန်ခါနေပြီး သူ့ကို ဆန့်ကျင်နေသည်။ ကျန်းရီသည် ခေတ္တမျှ ကြည့်လိုက်ပြီးနောက် စိတ်ပျက်စွာဖြင့် ၎င်းကို လက်စွပ်အတွင်း ထည့်လိုက်ရလေသည်။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ဆဲဆိုလိုက်သည်။

“မျိုးမစစ်တွေ... မင်းတို့က အသိစိတ်ရှိလာပြီဆိုပြီး ငါ့ကို အထင်သေးနေကြတယ်ပေါ့လေ။ ဟွန်း...”

ရွှီး...

ထို့နောက် ကျန်းရီသည် ကျောက်စိမ်းအဆောင်အတွင်းသို့ အတွင်းအား ထည့်လိုက်၏။ ၎င်းကတော့ သူ့ကို မဆန့်ကျင်ဘဲ ခပ်မှိန်မှိန် လင်းလက်လာ၏။ ကျန်းရီ စိတ်တက်ကြွသွားသည်။ သူ ကျောက်စိမ်းအ‌ဆောင်ကိုသာ သန့်စင်နိုင်လျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကိုလည်း သန့်စင်နိုင်မည်ဖြစ်သည်။ သို့သော် ၎င်းကိုသာ မသန့်စင်နိုင်လျှင် သူ ထိုနေရာမှပင် ပြန်ထွက်နိုင်မည် မဟုတ်ပေ။

“သန့်စင်မယ်...”

ကျန်းရီသည် ရီချန်ကို အရေးမစိုက်တော့ဘဲ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ထိုကဲ့သို့သော ရတနာတစ်ခုကို ရရချင်း မသန့်စင်လျှင် သူက အရူးတစ်ယောက် ဖြစ်ပေလိမ့်မည်။ သူသည် ထိုရတနာကို အခြားသူများကို မပေးနိုင်သလို၊ အခြားသူများက လုယူမည်ကိုလည်း မခံနိုင်ပေ။ သူက ရီချန်အပေါ် အကြွေးတင်နေသော်လည်း ထိုရတနာနှင့်တော့ အကြွေးမဆပ်နိုင်ချေ။

ကျန်းရီ ဆန်းကြယ်နတ်ဘုရားနန်း‌တော်ကို ဆက်ခံနိုင်ခဲ့ခြင်းမှာ ဆန်းကြယ်ဧကရာဇ်၏ ရွေးချယ်မှုကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ ၎င်းကို အခြားတစ်ယောက်အား ပေးလိုက်လျှင် သို့မဟုတ် ၎င်းကို လုယူခံလိုက်ရလျှင် ပြစ်မှုကြီးတစ်ခုကို ကျူးလွန်လိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူသည် ထိုရတနာသုံးခုသာ တစ်ခုခု ဖြစ်သွားလျှင် သို့မဟုတ် လုယူခံလိုက်ရလျှင် သူ့ကိုယ်သူ သတ်သေမည်ဟု ဆန်းကြယ်ဧကရာဇ်ကို ကတိပေးခဲ့ပြီးပြီဖြစ်သည်။

ရွှီး...

ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်နှင့် ကျောက်စိမ်းအဆောင်ကို စတင်သန့်စင်လိုက်သည့်အခိုက်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်တစ်ခုလုံး တုန်ခါသွားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းရှိ လူအားလုံး၏ စိတ်ဝိညာဉ်များလည်း တုန်ယင်သွားသည်။ တစ်ချိန်တည်းမှာပင် ရီချန်၊ ယဉ်ရို့ပင်း၊ ကျန်ထျန်းလဲ့၊ ကျန့်ဝူယင်းတို့မှလွဲ၍ အခြားသူအားလုံး အပေါ်သို့ အဖြူရောင်အလင်းတန်းများ ကျဆင်းလာလေသည်။ ထို့နောက် သူတို့အားလုံး အပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည်။

“အာ...”

လင်းချီကျန့်၊ ထူလုံ၊ ယဲ့ရင်၊ ချန်သခင်လေး၊ မိုတိ၊ ကျန်ထျန်းဝူနှင့် အဖော်များသည် အဖြူရောင်အလင်းကို မြင်လိုက်ကြရပြီး ဆန်းကြယ်နတ်ဘုရားတောင်ထိပ်သို့ ပြန်ရောက်သွားကြသည်။ သူတို့အရှေ့တွင် လေထဲ၌ တောက်ပစွာ တည်ရှိနေသော ဧရာမနန်းတော်ကြီးတစ်ခု ရှိနေသည်။ ထိုအခိုက်တွင် သူတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။

ဖန်စေတီက တစ်စုံတစ်ယောက်က ရယူသွားနိုင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုတွင်မူ  ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှ လူများက အပြင်သို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရပေပြီ။ ထို့ကြောင့် မည်သို့မှ ပြောနေရပင် မလိုတော့ချေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တစ်စုံတစ်ယောက်က ရရှိသွားပြီဖြစ်သည်။ လောကနံပါတ်(၁)ရတနာတွင် ပိုင်ရှင်ရှိသွားပေပြီ။

ဝုန်း...ဝုန်း...ဝုန်း...

တစ်ချိန်တည်းမှာပင် ဆန်းကြယ်နတ်ဘုရားနန်းတော်တစ်ခုလုံး အပြင်းအထန် တုန်ခါလာသည်။ တောင်၏တစ်ဝက်လောက်ကို လွှမ်းခြုံထားသော မြူခိုးများလည်း တိတ်တဆိတ် ပျောက်ကွယ်သွားသည်။ အာကာတိမ်လွှာလမ်းမှ တိမ်များလည်း ပါးသွားသည်။ ထို့ကြောင့် တောင်ခြေမှ လူအားလုံး၏ ကောင်းကင်စိတ်အာရုံများက အထက်သို့ အလွယ်တကူ တက်နိုင်သွားသည်။ သူတို့အားလုံးသည် တောင်ထိပ်ရှိ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို အာရုံခံလိုက်ကြ၏။

ဝှစ်...ဝှစ်...ဝှစ်...

ဆန်းကြယ်ဧကရာဇ်မြို့ထဲမှနေ၍ မရေမတွက်နိုင်သော လူရိပ်များ ပျံထွက်လာကြသည်။ ထိုလူများ၏ အရှိန်အဝါက အဆုံးစွန်သို့ ရောက်နေပြီဖြစ်သည်။ အချို့ဆိုလျှင် အလွန်စွမ်းအားကြီးရာ သူတို့ ဆန်းကြယ်ဧကရာဇ်မြို့ထဲမှ ပျံထွက်လာသည်နှင့် တစ်ပြိုင်နက် ဆန်းကြယ်နတ်ဘုရားတောင်ခြေရှိ လူအားလုံး မွန်းကြပ်မှုကို ခံစားလိုက်ရလေသည်။

တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်နှင့် အသံလှိုင်းဧကရာဇ်တို့အားလုံးက စတင် လှုပ်ရှားကြပေပြီ။

***

All Chapters