ဝမ်ကွမ်း ဘယ်မှာလဲ
Vol. 82 Ch. 1143
ကျန်းရီသည် မီးနဂါးဓားနှင့် ပတ်သတ်သော အကြောင်းများကို ရက်ပေါင်းများစွာ တွေးတောနေခဲ့သည်။ သို့သော် သူ မီးနဂါးဓားကို အပြည့်အဝ နားမလည်သေးသလို နှိုးလည်း မနှိုးနိုင်သေးပေ။ ထို့ကြောင့် သူသည် ဓားကို ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲသို့ ပြန်ထည့်သိမ်းလိုက်ပြီး သူ၏ မိန်းမသုံးယောက်ဆီသို့သာ ပြန်သွားလိုက်သည်။
အရှေ့ဘက် တော်ဝင်နယ်မြေနှင့် အပြစ်သားကျွန်းက သိပ်မဝေးပေ။ ကြားတွင် အပြစ်သားပင်လယ်သာ ခြားထားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ရှောင်တိမ်းခြင်းကို ကျန်းရီထက် ပိုလျင်မြန်စွာ သုံးနိုင်နေ၍ ခုနစ်ရက်၊ ရှစ်ရက်အတွင်းမှာပင် သူတို့ အပြစ်သားပင်လယ်သို့ ရောက်သွားကြသည်။
ကျန်းရီသည် နန်းတော်အပြင်ဘက်သို့ ထပ်ထွက်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို သုံး၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ မည်သည့်အရပ်သို့ ဦးတည်သွားရမည်ဖြစ်ကြောင်း အတည်ပြုပြီးသောအခါ သူ ကောင်းကင်ရှောင်တိမ်းခြင်းကို ဆက်သုံးလိုက်သည်။ သုံးရက်ကြာပြီးနောက် ဆန်းကြယ်နတ်ဘုရားနန်းတော်က လုမျိုးနွယ်၏ နဂါးဖြူကျွန်းဆွယ်သို့ ရောက်သွားပြီဖြစ်ကြောင်း သူတို့ သိလိုက်ရလေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ဆန်းကြယ်နတ်ဘုရားနန်းတော်က ကျွန်းကြီးတစ်ကျွန်းပေါ်တွင် ထွက်ပေါ်လာ၏။ အနီးပတ်ဝန်းကျင်တွင် မည်သည့်မြို့မှ မရှိဘဲ အင်အားကြီးသော တောင်ပေါ်ဓားပြအဖွဲ့များသာ ရှိနေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော် ရုတ်တရက် ထွက်ပေါ်လာမှုက ထိုကျွန်းမှ ဓားပြများကို ကြောက်ရွံ့သွားစေလေသည်။
“ဆန်းကြယ်နတ်ဘုရားနန်းတော်လား”
တောင်ပေါ်ဓားပြအဖွဲ့ကြီးနှစ်ဖွဲ့က နန်းတော်ကို ချက်ချင်း သိလိုက်၏။ ထိုအဖွဲ့များမှ ခေါင်းဆောင်များ ချက်ချင်း ကြောက်ရွံ့သွားကြသည်။ သူတို့သည် လက်ဝှေ့ယမ်းကာ သူတို့၏အဖွဲ့သားများကို နောက်ပြန်ဆုတ်ရက် အချက်ပြလိုက်သည်။ သို့သော် ဓားပြအဖွဲ့ငယ်လေးများက နန်းတော်ဆီသို့ ဦးတည်သွားလိုက်ကြသည်။ သူတို့သည် ကောင်းကင်မှ ကျလာသော ရတနာကို ယူလိုနေကြပေသည်။
ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံပြီးနောက် တောင်ပေါ်ဓားပြအဖွဲ့ငယ်လေးများမှ အသန်မာဆုံးသူမှာ အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့်သာ ရှိကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် ထိုဓားပြများကို တိုက်ခိုက်ရန်ပင် စိတ်မပါတော့ချေ။ သူ အေးစက်စက်အသံဖြင့်သာ အော်ပြောလိုက်သည်။
“မသေချင်ရင် ထွက်သွားကြ။ ငါက ကျန်းရီပဲ”
ဓားပြများသည် ကျန်းရီ၏ ပထမစကားကို ကြားပြီးနောက် ဒေါသထွက်သွားကြ၏။ သို့သော် ဒုတိယစကားကို ကြားလိုက်ရသောအခါတွင်မူ သူတို့ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားကြသည်။ သူတို့သည် မြန်နိုင်သမျှ အမြန်ဆုံး ထိုနေရာမှ ထွက်ပြေးကြလေတော့သည်။
အဖွဲ့မှူးကျန်းက အလွန်ကျော်ကြားပေသည်။ လူတစ်ယောက်သည် ရှန်းစီမျိုးနွယ်စု၏ မျိုးနွယ်(၁၃)ခုကို သွားရှုပ်လျှင် သေချင်မှ သေရပေလိမ့်မည်။ သို့သော် ကျန်းရီကို သွားရှုပ်လျှင်မူ သေချာပေါက် သေရမည်ဖြစ်သည်။ ကျန်းရီက လူများကို တောင်ပုံရာပုံသတ်၍ ကျော်ကြားလာခြင်းဖြစ်သည်။
ကျန်းရီသည် တောင်ပေါ်ဓားပြအဖွဲ့များ ထွက်သွားသောအခါ ကောင်းကင်ရှောင်တိမ်းခြင်းကို ထပ်သုံး၍ ခရီးဆက်လိုက်သည်။ ဤတစ်ကြိမ်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်က ရှန်းစီကျွန်းနှင့် အနီးတွင် ပြန်ထွက်ပေါ်လာသည်။ ယခုတွင် ရှန်းစီမြို့သို့ ရောက်ရန် နေ့ဝက်သာ သွားရပေတော့မည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို သုံး၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ သူ ကောင်းကင်ရှောင်တိမ်းခြင်းကို ဆက်မသုံးတော့ရန် ဆုံးဖြတ်လိုက်သည်။ သူ ရှန်းစီမြို့ထဲသို့ ခေါင်းကော့ရင်မော့ကာ ပျံဝင်သွားနိုင်ပေသည်။
“ရို့ပင်း... ဒါက ရှန်းစီကျွန်းပဲ။ နေ့ဝက်နေရင် ငါတို့ ရှန်းစီမြို့ကို ရောက်လိမ့်မယ်။ မင်း အပြင်ကို ထွက်ပြီး လမ်းလေးဘာလေး လျှောက်ချင်လား”
ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲတွင် ထိုင်ရင်း ယဉ်ရို့ပင်းကို ဖက်ကာ သူမ၏ နားအနားသို့ ကပ်၍ တီးတိုးပြောလိုက်သည်။
ယဉ်ရို့ပင်းက အံ့ဩဟန်မပြဘဲ ခေါင်းခါလိုက်သည်။
“ကျန်းရီ... ကျွန်မ အပြင်မထွက်ချင်ဘူး။ အပြစ်သားကျွန်းနဲ့ အရှေ့ဘက် တော်ဝင်နယ်မြေက ရန်သူတွေပဲ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မျိုးနွယ်ဝင်တွေက ငယ်ငယ်ကတည်းက အပြစ်သားကျွန်းကို ဖျက်ဆီးပစ်ဖို့ ကျိန်ဆိုခဲ့ကြတယ်။ အပြစ်သားကျွန်းကို ဖျက်ဆီးနိုင်မှ ကျွန်မတို့ ခေါင်းမော့ရင်ကော့ပြီး နေနိုင်မယ်လို့ ခံယူခဲ့ကြတယ်။ ကျွန်မသာ အပြစ်သားကျွန်းကို ခြေတစ်လှမ်းချလိုက်ရင် ကျွန်မရဲ့ မျိုးနွယ်က ကျွန်မကို မျိုးနွယ်ထဲက ချက်ချင်း ထုတ်ပစ်လိမ့်မယ်။ ကျွန်မ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာပဲ အဆင်ပြေပါတယ်။ ကျွန်မ ကောင်းကင်ပန်းချီကားတွေကို သိမြင်နားလည်သွားအောင် လေ့လာချင်တယ်”
“ကောင်းပြီလေ... နောက်ရက်နည်းနည်းလောက်နေရင် ငါ မင်းဆီထပ်လာပြီး အဖော်ပြုပေးပါမယ်”
ကျန်းရီက ခေါင်းညိတ်ကာ ပြောလိုက်၏။ ယဉ်ရို့ပင်းကလည်း ပြုံးကာ ပြန်ပြောလိုက်သည်။
“ရှင် ဒီကို တမင်လာနေစရာ မလိုပါဘူး။ ရှင့်ရင်ထဲမှာ ကျွန်မ ရှိနေရင် ကျွန်မ ပျော်မှာပါ။ တခြားအရာတွေက အရေးမကြီးပါဘူး။ ပြီးတော့ ရှင် ကျွန်မကို ခဏခဏ လာနှောင့်ယှက်နေရင် ကျွန်မ ကောင်းကင်ပန်းချီကားတွေကို ဘယ်လိုလုပ် သိမြင်နားလည်နိုင်တော့မှာလဲ”
“နှောင့်ယှက်တယ်ဆိုတာကဘာလဲ... ဒါက နှောင့်ယှက်တာလား”
ကျန်းရီသည် ယဉ်ရို့ပင်း၏ ခါးကို ဖက်လိုက်ပြီး လက်ကို အထက်သို့ လက်မများစွာ ရွေ့လျားလိုက်၏။ သူသည် မိန်းမပျိုတစ်ယောက်၏ ခန္ဓာကိုယ်ကောက်ကြောင်းလေးကို ခံစားလိုက်၍ ငါးခူပြုံးပြုံးကာ ယဉ်ရို့ပင်း၏ နားအနားသို့ ကပ်၍ တီးတိုးပြောလိုက်သည်။
“ရို့ပင်း... ငါတို့ ဖုန်းတုမြို့မှာ လုပ်ခဲ့တဲ့ကိစ္စကို ဘယ်တော့မှ ပြန်လုပ်လို့ရမှာလဲ။ အဲ့တုန်းက ငါက မင်း ငါ့ဆီကို ထုတ်လွှတ်ပေးနေတဲ့ ညှို့ဓာတ်ကို အာရုံစိုက်ထားရတော့ ဘာက ဘာမှန်းတောင် သေချာမခံစားလိုက်ရဘူး...”
“ဟွန်း... နှာဘူး...”
ယဉ်ရို့ပင်းသည် ရှက်သွေးဖြာသွားပြီး ကျန်းရီ၏ လက်ကို ဆုပ်ကိုင်၍ သူဖက်ထားသည်မှ ရုန်းထွက်ရန် ကြိုးစားလိုက်၏။ သို့သော် ကျန်းရီက ထရပ်လိုက်ပြီး ယဉ်ရို့ပင်းကို လက်နှစ်ဘက်ဖြင့် ပွေ့ချီလိုက်သည်။ ထို့နောက် သူ သူမကို ကုတင်ပေါ်သို့ ပစ်တင်လိုက်လေသည်။
“အို့...အမေ့...”
ယဉ်ရို့ပင်း တင်ပါး နာသွား၏။ သူမသည် ခပ်သွက်သွက် ပြန်ထ၍ ထွက်ပြေးရန် ကြိုးစားလိုက်၏။ သို့သော် ကျန်းရီက အလွန်မြန်ပေသည်။ သူသည် သူမကို ကုတင်ပေါ်တွင် ပြန်လှဲချလိုက်ပြီး သူမ၏ နှုတ်ခမ်းကို သူ၏နှုတ်ခမ်းဖြင့် နမ်းလိုက်သည်။ သူ၏လက်များကလည်း သူမ၏အဝတ်များကို စုတ်ဖြဲပစ်လိုက်သည်။ သူက ခပ်ကြမ်းကြမ်း လုပ်နေပေသည်။
“ဟေး... ဖြည်းဖြည်းလုပ်ပါ.. ကျွန်မ နာနေပြီ”
ယဉ်ရို့ပင်းသည် ကျန်းရီ၏ အနမ်းမိုးကြောင့် အသက်ရှူမြန်လာသည်။ သူမ၏ အရေပြားကလည်း သူ၏ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မှုကြောင့် နီမြန်းလာ၏။ ထို့ကြောင့် သူမ သူ့ကို ဖြည်းဖြည်းလုပ်ရန် သတိပေးလိုက်သည်။ သူမသည် ကျန်းရီ၏ လက်များကို တွန်းထုတ်ရန် ကြိုးစားနေ၏။ သို့သော် ကာမဆိပ်တက်နေသော ကျန်းရီကို မတွန်းလှန်နိုင်ပေ။ မကြာခင်မှာပင် သူမသည်လည်း ကျန်းရီကို စိတ်ပါစွာဖြင့် ပြန်၍ နမ်းလိုက်လေတော့သည်။
‘ဟီးဟီး... ဒီကောင်မလေးက တခြားသူတွေရှေ့မှာ ဟန်ဆောင်နေပေမယ့် အိပ်ရာထဲမှာတော့ မြေခွေးမလေးပဲ။ သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးရမှာပေါ့...’
ကျန်းရီသည် ယဉ်ရို့ပင်း၏ အငမ်းမရ နမ်းရှိုက်မှုများကို ခံစားလိုက်ရ၍ ပြုံးလိုက်၏။ ဂုဏ်သရေရှိ မိန်းမပျိုလေးများသည် အပေါ်ယံတွင် ဟန်ဆောင်နေကြသော်လည်း အိပ်ရာထဲ၌ ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်သောအခါ မည်မျှရဲတင်းနိုင်ကြောင်းကို သူ သိပေသည်။ ဖုန်းလန်မှာ ထိုကဲ့သို့ပင် ဖြစ်သည်။ ချင်းယွီမှာလည်း မထူးမခြားနားပေ။
ကိုယ်ပေါ်မှ အဝတ်အစားများ ပို၍ကွာကျလာသောအခါ ယဉ်ရို့ပင်းတစ်ယောက် စိတ်ထန်လာလေသည်။ သူမခန္ဓာကိုယ်မှ ထွက်လာသော မွှေးရနံ့ကလည်း ပို၍စူးရှလာသည်။ နှလုံးသားကို ကိုင်ဆုပ်နိုင်သော ထိုရနံ့က ကျန်းရီကို လုံးဝစိတ်လွတ်သွားစေသည်။ သူမ၏ ဆန္ဒကို ချုပ်တီး၍ ငြင်းဆန်နေပုံက သူ့ကို ပို၍ပင် တပ်မက်လာစေသည်။ ထိုအခိုက်တွင် သူသည် အရာအားလုံးကို လျစ်လျူရှု၍ အချစ်ပင်လယ်ထဲတွင် လက်ပစ်ကူးလိုက်လေတော့သည်။
အချစ်တိုက်ပွဲက တစ်နာရီနီးပါး ကြာခဲ့သည်။ နောက်ဆုံးတွင် ယဉ်ရို့ပင်းက ကျန်းရီကို ရပ်တန့်ရန် တောင်းပန်ရတော့သည်။ ကျန်းရီသည် အိပ်ရာထဲတွင် ရွှံ့ပုံတစ်ပုံကဲ့သို့ ပျော့ခွေနေသော ယဉ်ရို့ပင်းကို ကြည့်၍ သူ့ကိုယ်သူ ဂုဏ်ယူစွာ ပြုံးလိုက်သည်။
ကျန်းရီသည် တိုက်ပွဲကို ဒုတိယအချီ မနွှဲဝံ့တော့ပေ။ နှစ်ပေါင်းများစွာ ခြောက်သွေ့နေခဲ့သော ကွင်းပြင်သုံးခုက ရှန်းစီမြို့တွင် သူ့ကို စောင့်နေသည် မဟုတ်လော။ မတွေ့ရကြာလျှင် ပိုတိုး၍ ချစ်ခင်တတ်သည်။ သူက နှစ်ပေါင်းများစွာ အဝေးသို့ ရောက်နေခဲ့ခြင်းပင်။ သူ စွမ်းအင် မချန်ထားလျှင် နောက်ဆုံးတွင် အသနားခံရသူမှာ သူ ဖြစ်သွားပေလိမ့်မည်။
ကျန်းရီသည် ရေမိုးချိုး၍ ဝတ်စုံအသစ်တစ်ထည်ကို ဝတ်ဆင်လိုက်၏။ ထို့နောက် သူ မိုယောင်အာဆီသို့ သွားလိုက်သည်။ မိုယောင်သည်လည်း ရှန်းစီမြို့ထဲသို့ မဝင်လိုပေ။ ဖုန်းလန်နှင့် အခြားသူများကိုလည်း မတွေ့လိုချေ။ ထို့ကြောင့် သူမသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် နေ၍ ဆက်ကျင့်ကြံနေရန်သာ ဆုံးဖြတ်လိုက်သည်။
စုလောရွှယ်မှာမူ ရွေးချယ်ခွင့် မရှိပေ။ သို့သော် သူမဘေးတွင် ပဉ္စမအကြီးအကဲရှိနေ၍ သူမ အလွန်ကြောက်ရွံ့စိုးရိမ်မနေချေ။ သူမသည် ကျန်းရီနှင့် အတန်ကြာ ဆွေးနွေးပြီးနောက် သူမ၏ မှတ်ဉာဏ်များကို ပြန်ရအောင် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ လူသားတစ်ယောက်အနေဖြင့် အတိတ်ကို မမှတ်မိဘဲ နေထိုင်ရခြင်းမှာ ရင်နာစရာကောင်းသည် မဟုတ်ပါလား။
ဆန်းကြယ်နတ်ဘုရားနန်းတော်က ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်နှင့် ယှဉ်နိုင်လောက်အောင် လျင်မြန်သည်။ ထို့ကြောင့် ကျန်းရီတို့သည် နေ့ဝက်အတွင်းမှာပင် ရှန်းစီမြို့သို့ ရောက်သွားသည်။
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ခပ်လှမ်းလှမ်းရှိ လေထဲမှ မြို့ကြီးကို အာရုံခံမိနေပေပြီ။ သူသည် ရှုပ်ထွေးသော မျက်နှာထားဖြင့် သက်ပြင်းချလိုက်၏။ သူ ရှန်းစီကျွန်းမှ ထွက်လာခဲ့စဉ်က ဤသို့ ပြန်လာနိုင်လောက်တော့မည်မဟုတ်ဟု တွေးခဲ့သည်။ သို့သော် ယနေ့တွင်မူ သူ ခေါင်းမော့ရင်ကော့ကာ ပြန်ရောက်လာပြီဖြစ်သည်။
ဝှစ်...
ဆန်းကြယ်နတ်ဘုရားနန်းတော်က ရှန်းစီမြို့၏ အနောက်ဘက်ဂိတ်တံခါးအရှေ့တွင် ဆင်းသက်လိုက်၏။ မြို့ဂိတ်တံခါးအပြင်ဘက်တွင် လူများစွာ စုဝေးနေကြသည်။ ကျန်းရီသည် သူတို့ကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံပြီးနောက် အံ့အားသင့်သွား၏။ မျိုးနွယ်(၁၃)ခုမှ မျိုးနွယ်ခေါင်းဆောင်များအားလုံး ထိုနေရာတွင် ရှိနေသည်။ လဲ့ပန်းရှန်းသည်ပင် မြို့ပြင်တွင် ရပ်နေသည်။ သူတို့အနောက်တွင် သိန်းချီသော သိုင်းသမားများလည်း ရပ်နေကြသည်။
“ဘာတွေ ဖြစ်နေတာလဲ”
ကျန်းရီ စိုးရိမ်လာ၏။ သို့သော် အောင်းလုအကြောင်းကို တွေးမိသောအခါ သူ အတန်ငယ် စိတ်တည်ငြိမ်သွားသည်။ ထို့ပြင် အပြစ်သားကျွန်းမှ သိုင်းသမားများထဲတွင် လဲ့ပန်းရှန်းမှလွဲ၍ ကျန်သူများက သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ချေ။
“ဖုန်းလန်၊ ချင်းယွီ၊ အစ်မကြီးဆည်းလည်း၊ ယွင်ဖေး၊ စစ်ထူရီရှောင်၊ အစ်ကိုဟွမ်ဖူထောင်ထျန်း၊ စစ်ထူအောင်း၊ ဟွမ်ဖူချီ...”
ကျန်းရီသည် ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသဖြင့် ပို၍စိတ်အေးသွား၏။ သူ စိတ်လှုပ်ရှား၍လည်းလာသည်။ ထိုအခိုက်တွင် သူ စိုးရိမ်ပူပန်မှုများကို ဘေးဖယ်ထားလိုက်ပြီး ကျန်ဝူရွှမ်း၊ စုလောရွှယ်နှင့် ပဉ္စမအကြီးအကဲတို့နှင့်အတူ ဆန်းကြယ်နတ်ဘုရားနန်းတော် အပြင်ဘက်သို့ ထွက်လိုက်လေသည်။
ဝှစ်...
ကျန်းရီတို့ နန်းတော်အပြင်ဘက်တွင် ထွက်ပေါ်လာ၏။ သူတို့အောက်ရှိ လူအားလုံး၏ မျက်ဝန်းများက တောက်ပသွား၏။ လဲ့ပန်းရှန်းက အရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြုံး၍ အော်ပြောလိုက်သည်။
“သူရဲကောင်းကို ပြန်လည်ကြိုဆိုပါတယ်”
“အဖွဲ့မှူးကျန်းကို ပြန်လည်ကြိုဆိုပါတယ်”
သိန်းချီသော လူများကလည်း ဒူးထောက်ကာ ကြိုဆိုလိုက်ကြသည်။ သူတို့၏အသံများက ဒေသတစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး ကောင်းကင်ကို တုန်ခါသွားစေသည်။ ရှန်းစီမြို့ထဲတွင်လည်း ကြိုဆိုသံများ ပဲ့တင်ထပ်နေသည်။ ကျန်းရီသည် အောက်သို့ ပျံဆင်း၍ စကားပြောရန် ဟန်ပြင်လိုက်စဉ်တွင် တစ်စုံတစ်ခုကို သတိထားမိလိုက်၏။ သူ မျက်မှောင်ကြုတ်၍ လူအုပ်ကို စေ့စေ့စပ်စပ် ကြည့်လိုက်၏။ ထို့နောက် သူ ဖုန်းလန်တို့ကို လှမ်းကြည့်ကာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ဝမ်ကွမ်း ဘယ်မှာလဲ”
လူအားလုံးသည် ကျန်းရီ ပြန်လာနေပြီကိုသိ၍ မြို့ပြင်သို့ ထွက်ကာ သူ့ကို ကြိုဆိုကြသည်။ ထိုနေရာတွင် ချမ်ဝမ်ကွမ်း မရှိနေစရာ အကြောင်းမရှိပေ။ သူ တစ်ခုခု ဖြစ်ခဲ့၍လော။
“သခင်လေး...”
ဖုန်းလန်က တည်ငြိမ်သော လေသံဖြင့် အသံပို့လွှတ်လိုက်၏။ ထိုအသံက ကျန်းရီ၏ နားထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“နောက်ဆုံးတော့ သခင်လေး ပြန်လာပြီပေါ့။ ဝမ်ကွမ်းက လွန်ခဲ့တဲ့လဝက်လောက်က ကောင်းကင်ကြယ်တာရာနယ်မြေကို ထွက်သွားတယ်။ အဲ့မှာ ကိစ္စကြီးတစ်ခု ဖြစ်ခဲ့တဲ့ပုံပဲ”
***