← Chapters

ကျင့်ကြံရေးလောကမှ ရင်းနှီးသည့်မိတ်ဆွေ

Vol. 62 Ch. 855

ကျင့်ကြံရေးလောကမှ ရင်းနှီးသည့်မိတ်ဆွေ

Vol. 62 Ch. 855

ဘန်း …..

မိုဝူကျိ၏ အသိစိတ်ပင်လယ် အတွင်းရှိ ပညာရှိတာအိုအဆောင်မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။ ရေကာတာ ကျိုးပျက်လာသည့်အလား အမျိုးစုံသော အဆောင်သင်္ကေတများက မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း ပြေးဝင်လာကြသည်။

မိုဝူကျိ၏ စိတ်ထဲ၌ ခဲငွေရောင် တည်နေရာလေး တစ်ခု ဖြစ်ပေါ်လာသည်။ မိုဝူကျိက သူ့အနေနှင့် ပညာရှိတာအိုအဆောင် ပထမအလွှာအား အောင်အောင်မြင်မြင် သန့်စင်နိုင်လိုက်ကြောင်း သိလိုက်သည်။ လျှပ်တပြက်အတွင်း မိုဝူကျိက ထိုနေရာ၌ ပေါ်လာလေ၏။

မိုဝူကျိက ပညာရှိတာအိုအဆောင် အတွင်းသို့ ဝင်ရောက်ဖူးသည်ဖြစ်ရာ ဤအကြိမ်က ဒုတိယအကြိမ်မြောက် ဖြစ်သည်။ သူ ပထမအကြိမ် လာစဉ်က ဤနေရာ၌ မြောက်များစွာသော အာကာပြင် မူမမှန်မှုများနှင့် ပြည့်နေသော်လည်း မိုဝူကျိက ထိုမူမမှန်မှုများမှာ ဖူကျို့ကျန်းကြောင့် ဖြစ်ကြောင်း သိပေသည်။

ပညာရှိတာအိုအဆောင်၏ ပထမအလွှာအတွင်း ရပ်နေရင်း သူက မည်သည့် မူမမှန်မှုမျိုးကိုမျှ မခံစားမိပေ။ တချိန်တည်းဆိုသလို သူက မည်သည့် အဆောင်အစီအရင်ကိုမျှလည်း မမြင်မိပေ။

မိုဝူကျိက စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ပြီးနောက် မကြာခင်အတွင်း ပညာရှိတာအိုအဆောင်၏ ဒုတိယမြောက်အလွှာနှင့် ထိတွေ့မိသွားသည်။ ထိုအဆောင်အစီအရင်များက ပို၍ ရှုပ်ထွေးကာ နားလည်ရ ပိုခက်ပေသည်။ သူက အငွေ့ပင်လယ်ပြင်ကြီးနှင့် ကြုံတွေ့နေရသည့်အလား ခံစားနေရသည်။

မိုဝူကျိက သက်ပြင်းချလိုက်ပြီး ဒုတိယမြောက်အလွှာအား သန့်စင်ဖို့ရန် မကြိုးစားတော့ပေ။ ပထမအလွှာ သန့်စင်ဖို့ရန် နှစ်ဝက်မျှ အချိန်ယူခဲ့ရသော်လည်း ဒုတိယမြောက် အတွက်တွင်မူ သူက ဆယ်စုနှစ်တစ်ခု ကုန်ဆုံးသွားလျှင်ပင် အောင်အောင်မြင်မြင် သန့်စင်နိုင်ဖို့ မသေချာပေ။ ထို့အပြင် ဒုတိယမြောက်အလွှာ အလွန်၌ တတိယနှင့် စတုတ္ထမြောက် အလွှာများ ရှိပေဦးမည်။ သူ ပညာရှိတာအိုအဆောင်အား မည်သည့်အချိန်မှ ပြည့်ပြည့်၀၀ သန့်စင်ပြီးနိုင်မည်နည်း။

မိုဝူကျိက အကယ်၍ ထိပ်တန်းအဆင့် အဆောင်အား ရရှိလိုလျှင် သို့မဟုတ် အဆောင်၏ အစီအရင်စည်းမျဉ်းများ သင်ယူလိုလျှင် သူ့အနေနှင့် ပညာရှိတာအိုအဆောင်အား ဖူကျို့ကျန်းရောက်သည့် အဆင့်အထိ အနည်းဆုံး ရောက်ရမည် ဖြစ်ကြောင်း သိပေသည်။

သို့သော် သူ့တွင် အချိန်များများစားစား ရှိမနေချေ။ ဆယ်နှစ်တာ ကာလမှာ သူ့အတွက် ဘာမှမဟုတ်သော်လည်း မိုချင်းချယ် အတွက်မူ အချိန်သည်ကား အသက်ဖြစ်၏။

ယခု သူက ပထမအလွှာ သန့်စင်ပြီးလေပြီဖြစ်ရာ ထိုအရာကို အသိစိတ်ပင်လယ်အတွင်း မထားတော့ဘဲ ထာဝရကမ္ဘာငယ်လေး အတွင်းသို့ ပို့လွှတ်လိုက်၏။

သူ မသိသေးသည့် အလွှာများစွာ ရှိနေသေးရာ သူအနေနှင့် ဖူကျို့ကျန်းလိုလူမျိုး ရှိနေလားဟုပင် မသိထားပေ။ ပညာရှိတာအိုအဆောင်မှာ နံပတ်တစ်အဆောင် ဖြစ်သော်လည်း သူ အပြည့်အ၀ မသန့်စင်နိုင်ခင်အထိ ဤသို့ အန္တရာယ်များသည့် ပစ္စည်းကို အသိစိတ်ပင်လယ်အတွင်း ထားမည်မဟုတ်ပေ။

“ သခင်ကြီး ထွက်လာပြီပဲ …”

မိုဝူကျိ ထွက်လာသည်ကို မြင်၍ ရွိုက်ကောက တက်တက်ကြွကြွ ကြိုဆိုလိုက်သည်။

“ ဖိုးဖိုး  …. တာ့ဟွမ်နဲ့ ရွိုက်ကောက အရမ်း စိတ်ဝင်စားဖို့ ကောင်းတာပဲ … ”

လများစွာ ပေါင်းသင်းဆက်ဆံပြီးနောက် မိုချင်းချယ်သည် တာ့ဟွမ်နှင့် ရွိုက်ကောအား သူမ၏ မိတ်ဆွေများအဖြစ် သက်မှတ်ထားပြီးလေပြီ။

“ ချင်းချယ် … ဒီနေရာမှာ စည်းမျဉ်းတွေက မပြီးပြည့်စုံဘူးဆိုပေမဲ့ မင်း စတင်ပြီး ကျင့်ကြံဖို့ လိုအပ်လာပြီ။ ငါတို့တွေ ဒီအာကာပြင်ထဲမှာ ဘယ်လောက်ကြာကြာ နေရမယ်ဆိုတာကို မသိသေးဘူး ”

မိုဝူကျိက သူတို့သည် အာကာပြင်ထဲ၌ အချိန်များစွာ ကုန်ဆုံးသွားမည်ကို စိုးရိမ်မိသည်။ မိုချင်းချယ်၏ သက်တမ်းမှာ စတင်ကျင့်ကြံဖို့ အချိန် ကျရောက်နေလေပြီ။ သို့သော် သူ့တွင် ကမ္ဘာကူးပြောင်းအဆောင် ရှိမနေသည့်အတွက် အင်မော်တယ်လောကသို့ ပြန်ရောက်ရန် မည်မျှ အချိန်ကြာမြင့်မည်ကို မသိပေ။

“ ကောင်းတာပေါ့ ”

မိုချင်းချယ်ကား ကျင့်ကြံလိုသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ယခု မိုဝူကျိ၏ စကားကို ကြားသောအခါ သူမက အရမ်းကို ပျော်ရွှင်မိသွားသည်။

ဤခရီးစဉ်အတွင်း သူမက ရွိုက်ကော၏ မှော်စွမ်းအင်များကို အရမ်းပင် အားကျနေမိသည်။ ကံမကောင်းစွာ သူမက ဘာမှမလုပ်နိုင်ချေ။ ထို့အပြင် အဆာပြေဆေးလုံးများ၏ အရသာမှာလည်း မကောင်းလှချေ။ သူမက ရွိုက်ကောနှင့် တာ့ဟွမ်ဆီမှ သူမ၏ ကျင့်ကြံခြင်းသာ သေချာသည့်အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက ထိုဆေးလုံးများ မလိုအပ်တော့ကြောင်းကို သိထားသည်။

သူမအား ပို၍ စိတ်ဝင်စားစေသည်မှာ ဤကျယ်ပြောလှသော အာကာပြင်နှင့် လှပသော မြင်ကွင်းများ ဖြစ်သည်။ မိုချင်းချယ်က ဤယာဉ်ပျံပေါ်ရှိ ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် သူမအနေနှင့် အာကာပြင်ထဲတွင် တစ်မိနစ်ပင် ကြာရှည်ခံမည် မဟုတ်ကြောင်း ကောင်းကောင်းသိထားသည်။

ထို့ကြောင့် သူမက မြန်မြန်ကျင့်ကြံလိုပြီး ဤအဆုံးမဲ့ကာ လှပလှသည့် အာကာပြင်အတွင်း စိတ်လွတ်ကိုယ်လွတ် သွားလာချင်မိသည်။

မိုဝူကျိက လေးလေးနက်နက် ပြောလိုက်သည်။

“ ချင်းချယ် … မင်းဆီမှာ ဝိညာဉ်ကြောတွေ ရှိတယ်။ မင်းရဲ့ ဝိညာဉ်ကြောတွေက မဆိုးဘူး။ ပြီးတော့ ငါက နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ်နဲ့ မင်းရဲ့ အရိုးတွေကို သန့်စင်ပေးထားသေးတယ်။  ပြီးတော့ နောက်တစ်ခုက  ငါ့မှာ ဝိညာဉ်ကြော မရှိဘူး ။ အဲ့ဒါကို မင်း ဘယ်သူ့ကိုမှ ပြောပြလို့ မရဘူး။ မင်းကို ပြောပြတယ်ဆိုတာက မင်းအနေနဲ့ ငါအသုံးပြုနေတဲ့ ကျင့်စဉ်ကို ကျင့်ကြံမှာလား ။ ဒါမှမဟုတ် မင်းဘာသာမင်း ဒီပုံမှန်ဝိဉာဉ်ကြော ရှိတဲ့သူတွေ သုံးတဲ့ ကျင့်ကြံခြင်းကျင့်စဉ်ကို ကျင့်ကြံမှာလား ဆိုတာကို ရွေးချယ်လို့ ရအောင်လို့ပဲ… ”

“ ဖိုးဖိုး … ဖိုးဖိုး အတိုင်းပဲ သမီး ကျင့်ကြံပါ့မယ် ” မိုချင်းချယ်က တုန့်ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

သူမအတွက် သူမအဖိုးသည် ကောင်းကင်ကို ဟပ်တပ်ခွဲ၍ မြေပြင်ကို ပြားပြားဝပ်စေနိုင်သော တည်ရှိမှုမျိုးပင် ဖြစ်သည်။ ထို့ကြောင့် သူမအနေနှင့် မိုဝူကျိလို ကျင့်စဉ်မျိုးကိုသာ ကျင့်ကြံလိုလေသည်။

“ ကောင်းပြီ။ ဒီနေ့က စပြီး မင်းကို ငါ့ရဲ့ကျင့်စဉ်တွေ သင်ပေးမယ်။ ငါ့ရဲ့ကျင့်စဉ်က အင်မော်တယ် မော်တယ် ကျင့်စဉ်ပဲ။ အဲ့ဒီ့ ကျင့်စဉ်က အရင်ကတည်းက ရှိနေတာဆိုပေမဲ့ ငါ ပြုပြင်ပြောင်းလဲလိုက်လို့ အရင်နဲ့တော့ မတူတော့ဘူး။ ဒါပေမဲ့ မင်းကို ပြောပြထားရဦးမယ်။ ငါ့ကျင့်စဉ်က တခြားကျင့်စဉ်တွေထက် လုံး၀ အောက်ကျနေတာမျိုး မရှိဘူး။ ဒါပေမဲ့ အစပိုင်းမှာ မင်း နာကျင်ခံစားရလိမ့်မယ် ”

မိုဝူကျိက ရှင်းပြလိုက်၏။

“ သမီး နာကျင်ခံစားရမှာကို မကြောက်ပါဘူး ”

မိုချင်းချယ်က ကျင့်ကြံဖို့ကို စိတ်အားထက်သန်နေသည် ဖြစ်ရာ အဘယ့်ကြောင့်များ နာကျင်ခံစားရမည်ကို ကြောက်နေမည်နည်း။ မိုဝူကျိ၏ ယာဉ်ပျံက သူကိုယ်တိုင် ဖန်တီးပြုလုပ်ထားသည် ဖြစ်ရာ ကျယ်ဝန်းသည့်အပြင် အဆင့်ကိုး အင်မော်တယ်ပစ္စည်းလည်း ဖြစ်ပေသည်။

ထို့အပြင် အထဲ၌ မှော်အစီအရင် အမျိုးမျိုးလည်း ပါရှိ၏။  အင်မော်တယ်မော်တယ် ကျင့်စဉ်နှင့် အခြားသော ကျင့်ကြံရေးအသိဉာဏ် တချို့ကို မိုချင်းချယ်အား လက်ဆင့်ကမ်း သင်ကြားပေးပြီးသည့်နောက် မိုဝူကျိက အတွင်းပိုင်း၌ လျှပ်စီးအစီအရင်ကို ခင်းကျင်းကာ မိုချင်းချယ်အား ချီသွေးကြောဖွင့်ဖို့ ကူညီပေးလိုက်သည်။

ထိုစဉ် မိုဝူကျိ၏ အစီအရင်က သူ ချီသွေးကြောဖွင့်စဉ်က အချိန်လောက် အသက်အန္တရာယ် မပေးနိုင်တော့ချေ။ သူ့လျှပ်စီးအစီအရင်၏ အင်အားမှာ ချီသွေးကြော ဖွင့်နိုင်လောက်ရုံအထိသာ ဖြစ်၏။

ထိုမျှတင်မကဘဲ မိုဝူကျိ၏ လက်ရှိ ချီသွေးကြောဖွင့် ဖြေဆေးမှာ ယခင် သူ သုံးခဲ့သည့် အရာထက် များစွာ ကောင်းပေသည်။

…………………

မိုဝူကျိက မိုချင်းချယ်ကို ကျင့်ကြံရေးအကြောင်း သင်နေစဉ် တာ့ဟွမ်နှင့် ရွိုက်ကောတို့က ဝင်မနှောင့်ယှက်ကြပေ။ အထူးသဖြင့် တာ့ဟွမ် ဖြစ်၏။ သူလည်း အင်မော်တယ်မော်တယ် ကျင့်စဉ်ကို ကျင့်ကြံသောကြောင့် မိုချင်းချယ်အား သူမ၏ ချီသွေးကြောများ ဖွင့်ရမည်ဟု ပြောသောအခါ သူ့အနေနှင့် သူ့ခန္ဓာကိုယ်မှာ ဖီကာရွံ့စေးကနေ ဖန်တီးပြုလုပ်ထားသည့်အတွက် အလွန်အံသြဖွယ် ကောင်း၍ ထိုသို့ရှုပ်ထွးလွန်းသော အဆင့်များကို ကျော်လွန်ပြီးသား ဖြစ်သွားခြင်း ဖြစ်ကြောင်း သိလိုက်ပေသည်။

မိုချင်းချယ်က တံခါးပိတ် ကျင့်ကြံနေသည်ကို မြင်၍ တာ့ဟွမ်ကလည်း တံခါးပိတ်ကျင့်ကြံဖို့ တောင်းဆိုလိုက်သည်။ ရွိုက်ကောနှင့် ယှဉ်လျှင် တာ့ဟွမ်က ကျင့်ကြံရေးကို ပို၍ အလေးအနက်ထားပေ၏။

တာ့ဟွမ်နှင့် မိုချင်းချယ်တို့ ကျင့်ကြံနေကြစဉ် ရွိုက်ကောက ပြောလိုက်သည်။

“ သခင်ကြီး၊ ဒီနေရာက ဘယ်ရောက်နေတာလဲ ”

“ ဒါက အဆင့်နိမ့် အလွှာပဲ ဖြစ်လိမ့်မယ်။ ငါတို့တွေ ဒီထက် မြင့်တဲ့ အလွှာကို သွားဖို့လိုတယ် ”

မိုဝူကျိက သူ့ရှေ့မှ အာကာပြင်ကို ထက်ခြမ်းခွဲလိုက်သည်။ မိုဝူကျိ စွမ်းအားစက်ကွင်း၏ ကာကွယ်မှုအောက်တွင် ယာဉ်ပျံက မြင့်မားသည့်နေရာသို့ ရောက်ရှိသွားသော်လည်း မိုဝူကျိက ဆက်လက်၍ အက်ကြောင်း မဖန်တီးနိုင်တော့ပေ။

မိုဝူကျိက မျှော်လင့်ထားပြီးသား ဖြစ်၏။ သူ့အင်မော်တယ်ဧကရာဇ် အဆင့်နှင့် သူအနေနှင့် လူသားမျိုးနွယ်၏ အာကာသကိုသာ ဖွင့်ဟနိုင်လိမ့်မည်။ သူ့အနေနှင့် ကျင့်ကြံရေးလောကကို ဖွင့်ဟနိုင်သော်လည်း နောက်ထပ် ကျင့်ကြံရေးလောကကိုသာ ခေါ်ဆောင်သွားနိုင်ပေလိမ့်မည်။ သူ့လက်ရှိ အင်အားဖြင့် ကျင့်ကြံရေးလောကမှ အင်မော်တယ်လောကသို့ ရောက်သွားနိုင်ဖို့ရာမှာ မဖြစ်နိုင်သေးချေ။

“ ဒီနေရာမှာ ဝိညာဉ်စွမ်းအား ရှိတယ် ”

ရွိုက်ကောက အာကာပြင်ထဲမှ ဝိဉာဉ်စွမ်းအားကို ခံစားမိလိုက်၍ ပြောလိုက်သည်။

မိုဝူကျိက ခွန်းဝူဓားကို သုံး၍ ကျင့်ကြံရေးလောကမှ အင်မော်တယ်လောကသို့ သွားနိုင်လေမလားဟု စမ်းသပ်ကြည့်ချင်သော်လည်း သေချာစဉ်းစားပြီးနောက် အတွေးကို ပယ်ဖျက်လိုက်သည်။ သူက အက်ကြောင်းကို ဖန်တီးနိုင်ခဲ့လျှင်ပင် အာကာပြင်အတွင်း၌ မူမမှန်မှုများက အလွန်ကြောက်မက်ဖွယ် ကောင်းပေလိမ့်ဦးမည်။

သူ့ယာဉ်ပျံလေးသာ ပျက်စီးသွားလျှင် မိုချင်းချယ်သည်ကား သေချာပေါက် သေဆုံးသွားရပေလိမ့်မည်။

“ ရွိုက်ကော … မင်းကော တာ့ဟွမ်လိုမျိုး ကျင့်ကြံချင်လား။ ဒါမှမဟုတ် ဒီယာဉ်ပျံကို ထိန်းထားပေးချင်လား ”

မိုဝူကျိက သူတို့ ဘယ်နေရာ ရောက်နေကြောင်းကို အဖြေထုတ်လိုသည်။ ရွိုက်ကောက တွေးပင်မတွေးဘဲ တန်းပြောလိုက်သည်။

“ သခင်ကြီး … ကျွန်တော် ယာဉ်ပျံကို ထိန်းပေးပါ့မယ် ”

ရွိုက်ကောသည် လူရှုပ်ရှုပ်နေရာများကို သဘောကျ၏။ အကယ်၍ လူတစ်ယောက်မျှ ရှိမနေလျှင် သူ့အတွက် ကျင့်ကြံမည့်အစား ယာဉ်ပျံကို ထိန်းချုပ်သည်က ပို၍ ကောင်းပေသည်။

“ ကောင်းပြီ။ အဲ့ဒါဆို မင်း ယာဉ်ပျံကို ထိန်းချုပ်ထားလိုက်။ ဒါပေမဲ့ ငါ့ကို မနှောင့်ယှက်နဲ့။ ပြီးတော့ မင်း ငါ့အစီအရင်အလံကိုလည်း အာရုံစိုက်ထားဦး။ ငါ့အစီအရင်အလံက ညွှန်ပြတဲ့အတိုင်း မင်းသွားရမယ်နော် ”

မိုဝူကျိက ရွိုက်ကောအား ထိန်းချုပ်ခွင့်ပေးလိုက်ပြီးသည့်နောက် သူက ရှေ့ဆုံးသို့သွားကာ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။

မိုဝူကျိ၏ အသိစိတ်ပင်လယ်မှာ တာအိုဧကရာဇ်ထက်ပင် အားကောင်းပေ၏။ ဤကဲ့သို့မျိုး ကျင့်ကြံရေးလောက၌ သူ့စိတ်စွမ်းအားမှာ မိုင်ပေါင်းသန်းချီ၍ ဖြန့်ကျက်နိုင်ပေလိမ့်မည်။ ဤအာကာပြင်အတွင်း သူ မေးနိုင်မည့် လူမျိုးလည်း ရှိမည် မဟုတ်ချေ။

မိုဝူကျိက ဝိဉာဉ်စွမ်းအား များနေသည့်နေရာသို့သာ ဦးတည်၍ သွားလိုက်သည်။ ကံကောင်းစွာ ဤသည်က သူ၏ ပထမဆုံးအကြိမ် မဟုတ်ပေ။ ယခင် သူ ရွှမ်ရှန်း အဆင့်မဖြစ်စဉ်အခါက ကျင့်ကြံရေးလောကမှ အင်မော်တယ်လောကသို့ သွားခဲ့ဖူး၏။

ယခု သူက အင်မော်တယ်ဧကရာဇ် အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ့အနေဖြင့် လမ်းမှန်ကို ရှာတွေ့ဖို့ရန် သိပ်ကြာမည်မဟုတ်ကြောင်း ယုံကြည်ထားသည်။

လများစွာ ကုန်ဆုံးသွား၏။

မိုဝူကျိက မိုချင်းချယ်သည် ဝိညာဉ်လမ်းကြောင်း အဆင့်နှစ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း သူက မည်သည့် ဂြိုလ်သိမ်ဂြိုလ်မွှားမျှ ရှာမတွေ့သေးချေ။

မိုဝူကျိက နောက်ထပ် တစ်လ ထပ်ရှာရန် ဆုံးဖြတ်လိုက်သည်။

အကယ်၍ သူ ဘာမျှ ထပ်မရှာတွေ့ပါက ခွန်းဝူဓားကို ထုတ်ပြီး ကမ္ဘာကြားရှိ အတားအဆီးကို ဖျက်ဆီးပစ်ကာ အဆင့်မြင့်အလွှာသို့ အတင်းအကျပ် သွားဖို့ ကြိုးစားကြည့်ရမည်။

မိုဝူကျိ ထိုသို့ ဆုံးဖြတ်ချက်ချလိုက်သည့် အချိန်တွင် ရင်းနှီးသည့်စွမ်းအား တစ်ခုက သူ့စိတ်စွမ်းအား အတွင်းသို့ ရောက်ရှိလာသည်။

“ ရင်းနှီးတဲ့သူလား …”

မိုဝူကျိက ရွိုက်ကောကို ဘေးဖယ်ခိုင်းကာ ယာဉ်ပျံကို သူကိုယ်တိုင် ဝင်ထိန်းချုပ်လိုက်ပြီး အမြန်ဆုံးနည်းဖြင့် မောင်းနှင်လိုက်သည်။ အကယ်၍ ဤကမ္ဘာအပိုင်းအခြား၌ ရင်းနှီးသည့် လူတစ်ယောက်ကို ရှာတွေ့နိုင်လျှင် သူ့အနေနှင့် အနီးအနား၌ ဂြိုလ်ရှိနိုင်ပေသည်။

မိုဝူကျိ၏ ယာဉ်ပျံမှာ အဆင့်ကိုး အင်မော်တယ်ပစ္စည်း ဖြစ်သည့်အပြင် သူကိုယ်တိုင် ထိန်းချုပ်နေသည် ဖြစ်သောကြောင့် အလိုရှိသည့်နေရာသို့ ရောက်ရန် အသက်တစ်ရှိုက်စာ အချိန်အနည်းငယ်မျှသာ လိုအပ်သည်။

မိုဝူကျိ ရှေ့တွင် ရှိနေသောလူမှာ ခရမ်းရောင်ဝတ်ရုံနှင့် ခြေဗလာ လူငယ်လေး တစ်ယောက် ဖြစ်နေသည်။ သူ့တစ်ကိုယ်လုံးမှာလည်း သွေးသံရဲရဲ ဖြစ်နေပြီး မျက်နှာတွင်မူ အကြောက်တရားများ ကြီးစိုးနေသည်။

သူက မိုဝူကျိကို မြင်လိုက်သည့်အခါ စိုးရိမ်တကြီး အော်ဟစ်လိုက်၏။

“ အစ်ကိုကြီး… မြန်မြန်ဖယ်။ အဲ့ခွေးကောင် လာနေပြီ။ သူက ကျွန်တော့်ကို ချက်စားချင်နေတာ… ”

သို့သော်လည်း သူက ပြောနေသည်ကို ရုတ်တရက်ကြီး ရပ်လိုက်ပြီးနောက် အံသြသည့် အမူအယာများ ပေါ်လာသည်။

သူက မိုဝူကျိကို မှတ်မိသွားလေပြီ။

***

All Chapters