← Chapters

အပိုင်း(၄၈၄)

Vol. 33 Ch. 484

အပိုင်း(၄၈၄)

Vol. 33 Ch. 484

ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှ မမြင်နိုင်သော ဝဲအောက်တွင်   မှောင်မိုက်သော

နေရာအတွင်း၌ ကြုံရာကျပန်းပျံသန်းနေကြသည့်  ဖြူဖျော့သော ဝိညာဉ်များမှာ   ရုတ်ခြည်း ရှစ်ဖုန့်ထံသို့ ထိန်းချုပ်နိုင်ခြင်းမှရှိသော အမြန်နှုန်းဖြင့် ပျံသန်းလာကြသည်။  ၎င်းတို့က လွန်စွာ သိပ်သည်းထူထပ်များပြားလွန်းသောကြောင့် ကောင်းကင်အား ထိုးခွင်းဖြတ်သန်းသွားမည့်ကျိုင်း

ကောင်များဖြင့်အလားသဏ္ဍန်တူညီနေသည်။

“အား”

ရှစ်ကျင်းရွှိုက်မှာ သိပ်သည်းထူထပ်များပြားလှသော တစ္ဆေများကို မြင်တွေ့လိုက်ရသောအခါတွင်  အလန့်တကြား အော်မိသွားသည်။ သူ၏လက်ဖဝါးနှစ်ဖက်စလုံးအားဖြန့်လိုက်ပြီး ရွှေရောင်ဒင်္ဂါးပြားအတန်းနှစ်ခုက သူ၏လက်ဖဝါးတို့မှ ခုန်ထွက်လာကာ  စည်းချက်ညီသော အသံကို ထုတ်လွှတ်နေ၏။

ရှစ်ကျင်းရွှိုက်မှာ တိုက်ခိုက်မှုတစ်ခုအား ထုတ်ဖော်ရန်အသင့်ဖြစ်နေသည်။

ဤအချိန်တွင် ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်၏ ရည်ရွယ်ချက်ကိုနားလည်လိုက်သည်။ သူက လျှင်မြန်စွာလက်ကိုဆန့်ထုတ်၍ တားလိုက်ပြီး ပြောလိုက်သည်။

“မလှုပ်နဲ့”

ရှစ်ဖု်န့၏စကားအားကြားရပြီး ရှစ်ဖုန့်၏အပြုအမူအားမြင်တွေ့ရပြီးနောက်    ရှစ်ကျင်းရွှိုက်ရှစ်ဖုန့်အား စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။  သူ၏လက်သီးတို့ကိုဆုပ်လိုက်ပြီး သူထုတ်ဖော်တိုက်ခိုက်တော့မည့် ရွှေဒင်္ဂါးပြားများအား အဝေးသို့ဖယ်လိုက်သည်။

ထို့နောက် သိပ်သည်းထူထပ်များပြားလှသော ယင်ဝိညာဉ်များမှာ ရှစ်ဖုန့်၏ရှေ့သို့ပျံသန်းလာသည်။

“အား…………”

စူးစူးဝါးဝါး အော်ဟစ်သံများက ရှစ်ဖုန့်၏ရှေ့၌ထွက်ပေါ်နေ၏။ ဝိညာဉ်များမှာ ရှစ်ဖုန့်၏ရှေ့၌ မမြင်နိုင်သော ဝဲကြောင့် ချေမွဖျက်ဆီးခံလိုက်ရပြီး   ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအား

ကြောင့်ဝါးမျိုခြင်းခံလိုက်ရသည်။

ရှစ်ဖုန့်မှာသူ၏ ဝိညာဉ်စွမ်းအား အဆက်မပြတ်တိုးမြင့်လာမှုအား ဝမ်းမြောက်ပျော်ရွှင်နေ၏။ သူ၏အနောက်ဘက်တွင်   ရှစ်ကျင်းရွှိုက်မျာ ရှစ်ဖုန့်အား အလွန်အံ့ဩစွာဖြင့်ကြည့်နေ၏။ ရှစ်ဖုန့်၏ရှေ့သို့ပျံသန်းလာကြသာ မကောင်းဆိုးဝါး တစ္ဆေများအားကြည့်နေသည်။သို့သော် ထိုမကောင်းဆိုးဝါးတစ္ဆေများမှာ ရှစ်ဖုန့်နှင့်နီးကပ်လာသောအခါတွင်  ၎င်းတို့မှာ မီးကိုဝင်တိုးသော ပိုးဖလံကဲ့သို့ဖြစ်နေသည်။  ၎င်းတို့၏ ဖြူဖျော့သော မျက်နှာများထက်တွင် နာကျင်မှုများဖြင့်ပြည့်နှက်နေ၏။  သူတို့ကစိတ်မချမ်းမြေ့ဖွယ်

ငယ်သံပါအောင်အော်ဟစ်ပြီးနောက် အစိတ်စိတ်အမွှာမွှာကွဲကြေသွားကြသည်။

“ဒီလူငယ်ကိုငါပိုပြီးကြည့်လေ သူက မကောင်းဆိုးဝါးတစ္ဆေတွေရဲ့ ပြေးမလွတ်တဲ့ အကုသိုလ်ဝိပါတ်ကြီးလို့ ခံစားရလာလေပဲ”

တစ်ကောင်ပြီးတစ်ကောင် အစိတ်စိတ်အမွှာမွှာကွဲကြေနေသောမကောင်းဆိုးဝါးတစ္ဆေများနှင့် ရှစ်ဖုန့်၏မျက်နှာထက်ရှိ အပြုံးတို့ကိုကြည့်၍  ရှစ်ကျင်းရွှိုက်အသံတိုးတိုးဖြင့် တီးတိုးရေရွတ်လိုက်သည်။ထို့နောက်  သူကိုယ်မှာ လုံးဝ စိတ်ပြေလက်ပျောက်ဖြစ်မှုအားခံစားလိုက်ရ၏။

ရှစ်ဖုန့်သာဤနေရာ၌ရှိနေလျှင်  သူဘာမှလုပ်စရာမလိုပေ။

သိပ်မကြာခင်  ရှစ်ဖုန့်၏မမြင်နိုင်သော ဝဲ ၏လွှမ်းမိုးမှုအောက်၌  အစောပိုင်းကလေထဲ၌ပျံသန်းနေကြသော   မကောင်းဆိုးဝါး ဝိညာဉ်များအားလုံး လုံးဝချေမှုန်းခံလိုက်ရသည်။၎င်းတို့ထဲမှ တစ်ကောင်ပင်ကျန်ရစ်ခြင်းမရှိချေ။

သင်္ဘောခန်းအလွှာတစ်ခုလုံး ထပ်မံတိတ်ဆိတ်သွားသည်။

ထောင်ပေါင်းများစွာသော မကောင်းဆိုးဝါးတစ္ဆေများ၏ ဝိညာဉ်စွမ်းအားများအားဝါးမျိုပြီးနောက်   သူ၏ ဝိညာဉ်စွမ်းအားက အဆင့်ခုနှစ်သူတော်စင်နယ်ပယ်နှောင်းပိုင်းသို့ ရောက်ရှိသွားပြီဟု ရှစ်ဖုန့်ခံစားရသည်။ အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်သို့ ခြေတစ်လှမ်းစာသာသူ့အ

တွက်လိုတော့သည်ဖြစ်သည်။

ရှစ်ဖုန့်အတွက် ဤသည်က ကြီးမားသော ရိပ်သိမ်းမှုတစ်ခုဖြစ်သည်။

“ကောင်းပြီ. နောက်တစ်လွှာကိုသွားကြစို့”

ရှစ်ဖုန့်ကသူ့ဘေး၌ရှိနေသော ရှစ်ကျင်းရွှိုက်အား ပြောလိုက်သည်။

“အင်း..”

ရှစ်ကျင်းရွှိုက်မှာအတွေးတို့မှသတိပြန်ဝင်လာသည်။သူကခေါင်းညိမ့်လိုက်ပြီး  လှည့်လိုက်ကာ သူ့နောက်ရှိ လမ်းကြောင်းကိုကြည့်လိုက်သည်။ ထိုနေရာတွင်  နောက်ထပ်တစ်လွှာဆီသို့ဦးတည်သော  လှေကားအုံတစ်ခုရှိနေသည်။

ရှစ်ဖုန့်က သူ၏အကြည့်အား ရှစ်ကျင်းရွှိုက်၏ မျက်နှာထံမှ လွှဲလိုက်ပြီး  လမ်းကြောင်းရှိ  လှေကားထံသို့ကြည့်လိုက်သည်။ သူတို့အောက်၌ အောက်ဆုံးအလွှာရှိနေပြီး   ထိုနေရာရှိ  ဆန်းကြယ်သာလေအေးများက   အပေါ်သို့ဖြတ်သန်းတိုက်ခတ်လာသည်။  သိပ်မကြာခင်တွင်   ထိုနေရာ၌ရှိနေသော အရာကဘာဆိုသည်အား သူရှာတွေ့လိမ့်မည်ဖြစ်၏။

ထို့နောက်   ရှစ်ဖုန့်က ဦးဆောင်လိုက်သည်။ရှစ်ဖုန့်က

လမ်းကြောင်းအတွင်းခြေချလိုက်ပြီး  ရှစ်ကျင်းရွှိုက်က သူ၏နောက်မှလိုက်ပါလာသည်။

သူတို့၏ခြေလှမ်းများက နက်ရှိုင်းလာသကဲ့သို့  ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့မှာ  အေးစက်ပြီးမှုန်မှိုင်းအားငယ်စေသော အရှိန်အဝါတစ်ခုက သူတို့၏မျက်နှာအား သဲကြီးမဲကြီးရိုက်ခတ်လာသည်ကို ဖြည်းဖြည်းချင်းခံစားလာရသည်။ နောက်တစ်လွှာသို့သူတို့မရောက်ရှိခင်   ယခင်ကနှင့်ကွာခြားသော အပူချိန်ကို ခံစားမိနိုင်ပြီး   အပူချိန်မှာကောင်းကင်နှင့်

မြေကြီးကဲ့သို့ပင်ဖြစ်သည်။

ရှစ်ကျင်းရွှိုက်မှာ အသက်ခပ်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး  သူ၏အဆုပ်များအတွင်းလေအေးများဝင်ရောက်သွားသည်ကိုခံစားလိုက်ရသည်။ ၎င်းမှာရေခဲတမျှအေးစက်သည်ဖြစ်သည်။

အောက်ခြေမှလာသောအရှိန်အဝါက  မရိုးရှင်းသည်ကို   ရှစ်ဖုန့်ခံစားနိုင်သည်ဖြစ်သည်။၎င်းမှာ  ခြိမ်းခြောက်နိုင်စွမ်းရှိသော ယင်ခံစားချက်တစ်ခုဖြစ်၏။  ထိုနေရာတွင်   ခြိမ်းခြောက်နိုင်စွမ်းရှိသောယင်ရတနာတစ်ခုသို့မဟုတ်ယင်သတ္တဝါတစ်ကောင်ရှိနေခြင်းများဖြစ်နိုင်မည်လော။

ရှစ်ဖုန့်မှာ သူ၏နှလုံးသားထဲမှ ကြိုတင်မျှော်မှန်းချက်အချို့

အားခံစားရသော်လည်း  စိုးရိမ်မှုကိုလည်းသူခံစားရသည်ဖြစ်သည်။  တစ္ဆေသင်္ဘောပေါ်၌ ရှေးဟောင်းခေတ်က သန္ဓေပြောင်းသားရဲတစ်ကောင်ဖြစ်သော ခေါင်းနှစ်လုံးနတ်ဆိုးခွေးရှိနေခဲ့သောကြောင့်  အောက်ခြေ၌ ရှေးဟောင်းခေတ်က စွမ်းအားကြီးသက်ရှိတစ်ကောင် ရှိနေဖို့ ပိုဖြစ်နိုင်သည်ဖြစ်သည်။ သို့သော် အခြားတစ်ဖက်၌  ရှေးပဝေဏီခေတ်က ထူးဆတ်းသော ရတနာတစ်ခုရှိနေခြင်းလည်း

ဖြစ်နိုင်ချေရှိသည်ဖြစ်၏။

“ဖတ်.ဖတ်….ဖတ်.ဖတ်”

အသံခပ်တိုးတိုးနှစ်ခုနှင့်အတူ   ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့   သင်္ဘော၏အောက်ဆုံးအလွှာအတွင်းခြေချလိုက်သည်။  သူတို့ရှေ့ရှိ ဘာမှရှိမနေသော အမှောင်ထုအတွင်းမှအရှိန်အဝါက

ယခင်ကထက်ပိုမို အေးစက်လာသည်။

ဗလာနတ္ထိ  အမှောင်ထုအားကြည့်နေရင်း ရှစ်ကျင်းရွှိုက်က အမှောင်ထုအလယ်ဗဟိုသို့ ထိုးညွှန်ပြ၍  ရှစ်ဖုန့်အားပြောလိုက်သည်။

“ညီလေးရှစ် အဲ့တာကိုကြည့်လိုက်အုံး”

“ဒါက ..”

ရှစ်ကျင်းရွှိုက်၏ သတိပေးမှုမပါဘဲနဲ့တောင် ထိုအရာအားရှစ်ဖုန့်သတိပြုမိပြီးဖြစ်သည်။  ၎င်းမှာ လုံးဝဖြူဖျော့နေသော ထောင့်မှန်စတုဂံပုံအရာဝတ္ထုတစ်ခုဖြစ်သည်။

“ခေါင်းတလားတစ်ခုပဲ”

ဖြူဖျော့သော အရာဝတ္ထု၏   ပုံစံမှာ  အလောင်းတစ်ခု၏ပုံစံအတိုင်း

အတိအကျတူသည်ဖြစ်သည်။

“ခေါင်းတလားတစ်ခု”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ကျင်းရွှိုက် အံ့အားသင့်စွာရေရွတ်လိုက်သည်။  ဤအချိန်တွင်   ၎င်းကတကယ်ခေါင်းတလား တစ်ခုပုံစံဖြစ်သည်ကို ရှစ်ကျင်းရွှိုက်လည်းမြင်တွေ့လိုက်ရသည်။

“တစ်ချက်သွားပြီးကြည့်ကြစို့”

ရှစ်ဖုန့်ကပြောလိုက်သည်။   ထို့နောက် ခေါင်းတလားထံသို့   တစ်လှမ်းချင်းသွားလိုက်သည်။

“ကောင်းပြီ”

ခေါင်းတလားအားကြည့်၍   ရှစ်ကျင်းရွှိုက်၏မျက်နှာက ပိုမိုလေးနက်လာသည်။သူကခေါင်းညိမ့်လိုက်ပြီး   ရှစ်ဖုန့်နှင့်အတူ လျှောက်သွားလိုက်သည်။  အခြေအနေမကောင်းသည်နှင့်အ

ချိန်မရွေးခုခံခြင်း ဆုတ်ခွာခြင်းတို့ပြုလုပ်နိုင်ရန်သူတို့ အသင့်ပြင်ထားကြသည်။

“ဘန်း.ဘန်း.”

ရုတ်တရက်  ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့   ခြေလှမ်းအနည်းငယ်လှမ်းပြီးသောအခါတွင်   သူတို့ရှေ့ရှိလေထုကရုတ်တရက် လှိုင်းတွန့်များဖြစ်သွားသည်။။ ဆန်းကြယ်သောအားတစ်ခုရုတ်တရက်ဖြစ်ပေါ်လာပြီး   ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့၏ကိုယ်မှာ  ရုတ်ခြည်း   ဇောက်ထိုးအနေအထားဖြစ်သွားရသည်။

“ဘန်း..ဘန်း”

ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့  မှာ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျသွားသကဲ့သို့

ဗလုံးဗထွေးအသံနှစ်ခုထွက်ပေါ်လာသည်။

“သေစမ်း”

ရှစ်ဖုန့်က လှည့်လိုက်ပြီး  ကြမ်းပြင်ပေါ်မှထရပ်ကာ ရှေ့သို့စိုက်ကြည့်လိုက်သည်။

ရှစ်ကျင်းရွှိုက် က လှည့်လိုက်ပြီး   ရှစ်ဖုန့်ကိုမေးလိုက်သည်။

“ခုဏက စွမ်းအားကဘာကြီးလဲ”

“တို့ရှေ့မှာ နယ်နမိတ်စည်းတစ်ခု ရှိနေတာဖြစ်လိမ့်မယ်…ဒီတစ္ဆေသင်္ဘော..ဒီသခင်လေးသာမမှားဘူးဆိုရင် ဒါက အဲ့လူရဲ့ သင်္ချိုင်းဖြစ်လိမ့်မယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“သင်္ချိုင်းတစ်ခုလား..သင်္ချိုင်းတစ်ခုအတွက် သင်္ဘောတစ်စီးကိုသုံးတာလား”

ရှစ်ကျင်းရွှိုက်အံ့အားသင့်သွားသည်။  သင်္ဘောတစ်စီးအား  သင်္ချိုင်းတစ်ခုအဖြစ်အသုံးပြုခြင်းက သူလုံးဝကြားဖူးခြင်းမရှိသော အရာတစ်ခုဖြစ်သည်။

“ဒီသခင်လေးကခန့်မှန်းရုံပဲ.. အတိအကျတော့မသိဘူး”

ရှစ်ဖုန့်ကပြောလိုက်သည်။  ထို့နောက်သူကထပ်ပြော၏။

“ဒီသခင်လေးတစ်ချက်သွားပြီးတော့ နယ်နိမိတ်စည်းကိုချိုးဖျက်နိုင်မလားဆိုတာ အနီးကပ်ကြည့်အုံးမယ်..ခေါင်းတလားကိုဖွင့်ပြီးတော့   အထဲမှာဘာရှိလဲဆိုတာကို ဒီသခင်လေးတွေ့ချင်တယ်”

ရှစ်ဖုန့်က စကားပြောပြီးနောက်   သူ့ဘေးမှရှစ်ကျင်းရွှိုက်အား ထပ်မံအားရုံစိုက်ခြင်းမရှိတောဘဲ  သူ့ဖာသာသူရှေ့သို့လျှောက်သွားလိုက်သည်။  အစောပိုင်းကလှိုင်းတို့ဖြစ်ပေါ်လာသော နေရာသို့ရောက်သောအခါတွင်   ချက်ချင်းသူ၏လမ်းကြောင်းအား

ရှစ်ဖုန့်ရပ်တန့်လိုက်ပြီး   သူ၏လက်ကိုဆန့်ထုတ်၍ ရှေ့သို့ဖြည်းဖြည်းချင်းလှမ်းလိုက်သည်။

အစောပိုင်းကဖြစ်ခဲ့သောနေရာသို့ ရှစ်ဖုန့်၏လက်ရောက်ရှိသောအခါတွင်   နက်မှောင်သောလှိုင်းတွန့်တို့က  ထပ်မံပေါ်လာသည်။ရုတ်တရက်ဆန်းကြယ်သာအားကပေါ်လာပြီး   ရှစ်ဖုန့်၏လက်အားထိမှန်သွားသည်။  ရှစ်ဖုန့်၏လက်မှာချက်ချင်းပြန်ကန်ထွက်သွားပြီ သူ၏လက်မှလာသောနာကျင်မှုတို့အားခံစားလိုက်ရသည်။

“သေလူတစ်ယောက်ရဲ့နယ်နိမိတ်

စည်းကိုဒီသခင်လေးမချိုးဖျက်နိုင်ဘူးဆိုတာကိုမယုံဘူး”

ရှစ်ဖုန့်၏မျက်နှာထက်၌   ရုတ်ခြည်းလက်သင့်မခံနိုင်မှုတို့ပြသလာသည်။  သူ၏ညာလက်ပေါ်၌   အဖြူရောင်အလင်းတစ်ခုရုတ်ခြည်းလင်းလက်လာပြီး   ထူးဆန်းပြီးတွန့်လိမ်နေသော အဖြူရောင်စာလုံးများက ရှစ်ဖုန့်၏လက်ဖဝါးပေါ်၌ အတန်းလိုက်ပေါ်လာသည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters