← Chapters

လက်ချောင်းပညာရပ်ချင်း ယှဉ်ပြိုင်ခြင်း

Vol. 62 Ch. 865

လက်ချောင်းပညာရပ်ချင်း ယှဉ်ပြိုင်ခြင်း

Vol. 62 Ch. 865

“ ကျီချန်းလော့က ခင်ဗျားကို အကြာကြီး ပိတ်ထားတာ မဟုတ်ဘူးလား။ ဘာလို့ ကျုပ်ဆီ မလာခင် ကျီချန်းလော့ကို မသတ်တာလဲ ” မိုဝူကျိက မေးလိုက်သည်။

အထူးသဖြင့် ရက်စက်သူများတွင် ဉာဏ်နီဉာဏ်နက် များတတ်ကြပေသည်။ ထိုစဉ် မိုဝူကျိက ကျူးယင်၏ ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင်ထဲ ဝင်သွားမှုမှာ ကျူးယင်သည် ကူကယ်ရာမဲ့စွာ အဖမ်းခံရခြင်းမဟုတ်ဘဲ ကျူးယင်ကိုယ်တိုင် လိုလိုလားလား ဝင်သွားခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိ၏။

မိုဝူကျိက ထိုသို့တွေးမိလိုက်ခြင်းမှာ သူကိုယ်တိုင်က သူ့ကိုယ်တိုင် လူသားတာအို၏ တည်ထောင်သူဘိုးဘေး ဖြစ်နေ၍ဖြစ်သည်။ သူ့လူသားတာအို၌ သူကိုယ်တိုင် သူ့တာအို၏ အဓိပ္ပာယ်အစစ်အမှန်ကို နားလည်ဖို့ရာအတွက် လူသားများနှင့် ရောနှောနေဖို့ လိုအပ်ပေသည်။

ကျူးယင်၏ကျင့်စဉ်မှာ ဝိညာဉ်များ ဝါးမြိုခြင်းအပေါ် အခြေခံထားသည့်အတွက် အမှန်တကယ် ရက်စက်လှပေသည်။ သို့သော်လည်း ကျင့်စဉ်တစ်ခုအား ရက်စက်ခြင်း၊ မရက်စက်ခြင်းနှင့် ဆုံးဖြတ်၍ မလိုအပ်ပေ။ အကြောင်းမှာ ကျင့်ကြံသူတစ်ယောက်အတွက် တာအိုအားလုံးမှာ သူတို့ရည်ရွယ်ထားသော အထွတ်အထိပ်သို့ ဦးဆောင်သွားနိုင်၍ ဖြစ်သည်။

သို့သော်လည်း တာအိုတိုင်း၌ သူတို့၏ ကိုယ်ပိုင်အတားအဆီးများ ရှိကြပေသည်။ ထိုအတားအဆီးများက ဆက်တိုက် ချိုးဖောက်နေဖို့ လိုအပ်ပေ၏။ မိုဝူကျိ၏ လူသားတာအိုတွင်လည်း အတားအဆီးများ ရှိပေ၏။ သူက ကျူးယင်၏ ကျိုးပျက်တာအိုတွင်လည်း အတူတူသာ ဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။

သူ့ကိုယ်ပိုင်တာအိုက အဓိပ္ပာယ်အစစ်အမှန်ကို နားလည်လာဖို့ရာ အစစ်အမှန် လူသားတစ်ယောက် ဖြစ်လာဖို့ လိုအပ်ပေသည်။ ကျူးယင်၏ မဟာတာအိုအရ ဝိညာဉ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်များ ဆက်သွယ်နေပေလိမ့်မည်။ မိုဝူကျိက ဝိညာဉ်ပိတ်လှောင်ရေး အစီအရင်အကြောင်း မသိခင်က များစွာ ကောက်ချက် မချနိုင်ပေ။

သို့သော် ချန်းစန်က ထိုအကျဉ်းထောင်အကြောင်း ရှင်းပြပြီးသည့်နောက်တွင် မိုဝူကျိက ကျူးယင်သည် ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင်ထဲသို့ သူ့တာအို လေ့ကျင့်ဖို့ရာအတွက်သာ ဝင်သွားခဲ့သည်ဖြစ်ကြောင်း သေချာသိလိုက်ပေသည်။

ကျီချန်းလော့ မတွေးမိလိုက်ခြင်းမှာ ကျီချန်းလော့သည် မိုဝူကျိထက် များစွာ တုံးအနေ၍မဟုတ်ဘဲ ကျီချန်းလော့သည် သူ့ကိုယ်ပိုင်တာအို၏ တည်ထောင်သူဘိုးဘေး မဟုတ်၍သာ ဖြစ်သည်။ ထိုသို့မတူညီသော အမြင်များဖြင့် ကျူးယင်နှင့် မိုဝူကျိတို့မှာ တူညီသောလူစားမျိုး ဖြစ်သည်။ မိုဝူကျိက ကျူးယင်လိုမျိုး ရက်စက်သည့်သူက သူ့ကို နှစ်များစွာ ပိတ်လှောင်ထားသည့်အတွက် ကျီချန်းလော့အား ချက်ချင်းမသတ်ကြောင်း မယုံပေ။

သို့သော် ယခုတွင် မိုဝူကျိက ကျူးယင်သည် ကျီချန်းလော့အား မသတ်သည့်အကြောင်းအရင်းကို နားလည်သွားပေသည်။ ကျူးယင်က ကျီချန်းလော့ကို သူ့အား တစ်ကြိမ်တစ်ခေါက် အကူအညီပေးစေလို၍ ဖြစ်သည်။ သူ ဝိညာဉ်ပိတ်လှောင်ရေး အကျဉ်းထောင်အတွင်း ဝင်စဉ်က ကျီချန်းလော့ကို သတ်ဖို့ ကြိုးစားလျှင်ပင် တန်ဖိုးတစ်ခု ပေးဆပ်ရမည် ဖြစ်၏။

ယခု ကျီချန်းလော့က ပါရမီရှင်များစွာနှင့် စစ်တပ်တစ်ခုလုံးကို မိုဝူကျိအား တိုက်ခိုက်ဖို့ ပို့လွှတ်လိုက်သည်။

ကျူးယင်က ထိုလူများ၏ ဝိညာဉ်နှင့် သူ့သဘာဝစွမ်းအားများပြန်ရဖို့ အသုံးချလိုခြင်း ဖြစ်သည်။

ယခင်က ကျူးယင်သည် မြောက်များစွာသော ဝိညာဉ်များနှင့် ကမ္ဘာဦးစိတ်ဝိညာဉ်များအား ဝါးမြိုခဲ့သောကြောင့် ယခုတွင် ကျူးယင်က အပြည့်အ၀ ပြန်လည်ကောင်းမွန်နေလေပြီ။ သို့သော် သူ မိုဝူကျိက ကျူးယင်၏ ကျင့်စဉ်နှင့်မူလအကြောင်းကို မသိသေး၍ ကံဆိုးသွားပေသည်။ မဟုတ်လျှင် သူ့အနေနှင့် ကျူးယင်အား ထိုကမ္ဘာဦးစိတ်ဝိညာဉ်များနှင့်ဝိညာဉ်များအား အလွယ်တကူ ဝါးမြိုနိုင်ခွင့် ပြုမည်မဟုတ်ပေ။

ယခုကျူးယင်က သူ့သဘာဝစွမ်းအားများ ပြန်လည်ရရှိပြီဖြစ်ရာ ကျူးယင်က သူ့အားသတ်ပြီး သူ့ဝိညာဉ်အား ဝါးမြိုဖို့ ကြိုးစားပေလိမ့်မည်။ ထို့နောက် ကျူးယင်က အထက်ဘုံသို့ သွားကာ ကျီချန်းလော့အား သတ်ပေလိမ့်မည်။ အမြင်နှင့်တင် ကျူးယင်က ကျီချန်းလော့သည် သူ့ထက်များစွာ အားကောင်းပေလိမ့်မည်ဟု တွေးထားပုံရ၏။

မိုဝူကျိက ကျူးယင်အပေါ် ကြောက်ရွံ့မှုများမှာ ပျောက်ကွယ်သွားလေပြီ။ အကြောင်းမှာ သူက ကျူးယင်သည် မဟာဧကရာဇ်များစွာကို မည်သို့အလွယ်တကူ သတ်လိုက်နိုင်ကြောင်း သိရှိသွား၍ ဖြစ်သည်။

မိုဝူကျိက သူ့ကိုယ်ပိုင်တာအို၏ တည်ထောင်သူ ဘိုးဘေးဖြစ်သည့်အတွက်  သူတို့နှစ်ဦးကြားတွင် ကျင့်ကြံဆင့် အနည်းငယ် ကွာခြားနေသော်လည်း အင်အားချင်း၌ အကြီးကြီး ကွာခြားနေမည် မဟုတ်ကြောင်း သိနေသည်။ လက်တွေ့၌ ထိုရိုးရှင်းသော လက်ချောင်းတိုက်ခိုက်မှုများ နောက်ကွယ်ရှိ လုပ်ဆောင်ချက်မှာ ရက်အနည်းငယ်မျှ ကြာမြင့်ပေလိမ့်မည်။

ကျူးယင်လိုမျိုး ရက်စက်သည့်သူက အထက်ဘုံ၏ ပါရမီရှင်များနှင့် သူတို့အင်မော်တယ်လောကသို့ လာနေစဉ်အတွင်း အဘယ့်ကြောင့် မတိုက်ခိုက်ခဲ့သနည်း။ သူက မဟာဧကရာဇ်များကို အလွယ်တကူ လုပ်ကြံနိုင်သည်နှင့် ကျူးယင်အနေနှင့် ထိုလူများအား အလွယ်တကူ သတ်ဖြတ်နိုင်ပေလိမ့်မည်။ ကျူးယင်သည် မဟာဧကရာဇ်များအား လုပ်ကြံနိုင်လိုက်သည့်အကြောင်းကို မိုဝူကျိက တွေးမကြည့်လိုပေ။

သူက ကျူးယင်တွင်လည်း သူ၏ ကိုယ်ပိုင်နည်းလမ်းများ ရှိနေပေလိမ့်မည်ဟု ယုံကြည်ထားသည်။ ကျီချန်းလော့က ကျူးယင်လောက် မရက်စက်သော်လည်း မိုဝူကျိက ကျီချန်းလော့သည် ကျူးယင်အား ဖမ်းဆီးပြီးနောက် ဘာမှမလုပ်ဘဲ ထားလိမ့်မည်ဟု မယုံပေ။

ကျီချန်းလော့သည် ကျူးယင်ထံ တစ်ခုခု လုပ်ထားသော်လည်း ကျူးယင်က အကြောက်တရားကင်းမဲ့ဆဲ ဖြစ်၏။ ဆိုလိုသည်မှာ ကျူးယင်သည် ကျီချန်းလော့ထက်ပို၍ ကောက်ကျစ်စဉ်းလဲပေသည်။

သူက မိုဝူကျိ၏မေးခွန်းကို ကြားသောအခါ ကျူးယင်က မထူးမခြားနား ရယ်မောလိုက်သည်။

“ အဲ့ဒါက ကျီချန်းလော့ စိုးရိမ်နေရတဲ့သူက ဘယ်လောက် အားကောင်းနေလဲဆိုတာ သိရအောင်လို့လေ ”

သူက ပြောလိုက်ရင်း ကျူးယင်က ဧရာမ သစ်သားငါးကို ထုတ်ယူလိုက်သည်။ ထိုသစ်သားငါးမှာ နယ်မြေတစ်ခုမျှ ကြီးမားဟန်ပေါ်ပြီး မိုဝူကျိထံ ရွေ့လျားလာလေ၏။ယခင် ကျူးယင်က အယောက်တစ်သောင်းကျော် သတ်လိုက်သည့်အခါ သူ၏မှော်ရတနာကိုပင် ထုတ်မသုံးခဲ့ပေ။

သို့သော်လည်း မိုဝူကျိနှင့် ရင်ဆိုင်သည့်အခါ သူက မှော်ရတနာကို ချက်ချင်း ထုတ်သုံးလိုက်၏။ သိသာလှစွာ ထိုလူက အရမ်းသတိကြီးပေသည်။

မိုဝူကျိ၏ အမြင်အရ ကျူးယင်သည် သူ့အပေါ် မှော်ရတနာ အသုံးပြုသည်မှာ သူက အားကောင်းနေ၍ မဟုတ်ဘဲ ကျူးယင်က သူ့အား နားမလည်သော်လည်း အထက်ဘုံမှ လူများအကြောင်း နားလည်နေ၍ ဖြစ်သည်။

ကျူးယင်အနေနှင့် မှော်ရတနာ အသုံးပြုသည့်အခါ လှောင်ပြောင်ရယ်မောဖွယ် တစ်ခုမျှသာ ဖြစ်ပေမည်။ ကျူးယင် လှုပ်ရှားလိုက်သည်နှင့် မိုဝူကျိက လခြမ်းကွေးပုဆိန်လှံရှည်ကို ထုတ်ယူလိုက်သည်။ ကျူးယင်က လူတစ်သောင်းကျော်အား အလွယ်တကူ သတ်ဖြတ်နိုင်သည်ကိုပင် မကြည့်သင့်ပေ။

ယခု မိုဝူကျိက ကျူးယင်၏ နည်းလမ်းအစစ်အမှန်ကို မသိသေးပေ။ ကျူးယင်၏တိုက်ခိုက်မှုများက သူ့တကယ့်စွမ်းရည်၏ အပုံတစ်သန်းပုံ ပုံလျှင် တစ်ပုံပင်မရှိသေးပေ။

သူ့လခြမ်းကွေးပုဆိန်လှံရှည်က ကောင်းကင် ထက်ခြမ်း ခြမ်းမည့် ပုဆိန်လှံရှည်အလင်းအား ထွက်ပေါ်လာပြီး ထိုပုဆိန်လှံရှည်အလင်းမှာ ငွေရောင်မြစ် ၉ စင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မှ ဆင်းသက်လာပေ၏။

ရုတ်တရက်ဆိုသလို ကျူးယင်၏ သစ်သားငါးမှာလည်း ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ ထိုပေါက်ကွဲမှုများမှ ဖြစ်ပေါ်လာသည့် လှိုင်းလုံးများက မိုဝူကျိအား အထိတ်တလန့် ဖြစ်သွားစေသည်။ ထိုလှိုင်းလုံးများက သဘာဝလှိုင်းလုံးများမဟုတ်ဘဲ စိတ်စွမ်းအားလှိုင်းများ ဖြစ်နေသည်။ ထိုသည်က သူ မမြင်တွေ့ဖူးသေးသည့် စည်းမျဉ်းတစ်ခု ဖြစ်ပေသည်။

မျက်စိတစ်မှိတ်အတွင်း ထိုစည်းမျဉ်းက သူ၏ ကိုယ်ပိုင်ကမ္ဘာလေးအဖြစ် ပြောင်းလဲသွားလေသည်။ မိုဝူကျိက သူကိုယ်တိုင်သေချာ ပြင်ဆင်ထားသော်လည်း ထိုကမ္ဘာအတွင်းသို့ ဆွဲသွင်းခံလိုက်ရသည်။ မိုဝူကျိက လေအေးများကို မှုတ်ထုတ်လိုက်သည်။

ထိုစဉ် သူက ထိုကမ္ဘာငယ်လေးသည် ကျူးယင်၏ ကျိုးပျက်တာအိုကမ္ဘာ ဖြစ်ကြောင်း သိလိုက်သည်။ သူ၏ကျင့်ကြံဆင့်မှာ ကျူးယင်လောက် မမြင့်မားသေးသော်လည်း သူ့တွင်လည်း ကိုယ်ပိုင်ကမ္ဘာ ရှိပေသည်။ သူ၏ ကိုယ်ပိုင်ကမ္ဘာ၏ပြီးပြည့်စုံမှုက ကျူးယင်နှင့် မတူညီသော်လည်း အနည်းဆုံးတော့ သူ၏ ကမ္ဘာမှာ တိုက်ပွဲအတွင်း အသုံးပြု၍ မရပေ။

ကောင်းကင်တစ်ခွင်၌ အနက်ရောင် သင်္ကေတများဖြင့် ပြည့်နှက်နေသည်။ မိုဝူကျိက ပညာရှိတာအိုအဆောင်အတွင်း ပိတ်မိခံရသည့် နေ့ရက်များကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း ထိုသည်က ထိုအာကာပြင် မူမမှန်မှုများနှင့် ခြားနားပေသည်။

အာကာပြင်မူမမှန်မှုများက ပညာရှိတာအိုအဆောင်၏ အင်အားတစ်ခုမျှသာ ဖြစ်သည်။ ဖူကျို့ကျန်းက အသက်သွင်းထားသော်လည်း ထိန်းချုပ်နိုင်စွမ်းမရှိပေ။

သို့သော်လည်း ဤအဆောင်ကမ္ဘာမှာ ကျူးယင်ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်၍ ကျူးယင်က ဤကျိုးပျက်တာအိုလောက၏ စည်းမျဉ်းများအပေါ် အပြည့်အ၀ ထိန်းချုပ်နိုင်စွမ်းရှိပေသည်။ မိုဝူကျိက တွေးမိလိုက်စဉ် ကြောက်စရာကောင်းသော အင်အားတစ်ခုက သူ၏ အသိစိတ်ပင်လယ်အစွန်းသို့ ကျရောက်လာသည်။

ကြည့်ရသည်မှာ သူ၏တာအိုအရင်းအမြစ်ကို ဆွဲစုပ်ယူသွားချင်ဟန်ပေါ်၏။

ထိုစဉ် မိုဝူကျိက အဖြစ်အပျက်ကိုနားလည်သွားလေသည်။ ထိုသည်မှာ ကျူးယင်၏ကမ္ဘာဦးစိတ်ဝိညာဉ်အား စုပ်ယူသည့် နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။ အကယ်၍ သူ့တွင် ကမ္ဘာဦးစိတ်ဝိညာဉ်ရှိနေပါက သူသည် သတိလျော့မိပြီး ကျူးယင်၏ တိုက်ခိုက်မှုအတွင်းသို့ ကျရောက်သွားပေလိမ့်မည်။

သူ့တွင် ကမ္ဘာဦးစိတ်ဝိညာဉ်ရှိမနေသော်လည်း သူ၏ ဝိညာဉ်က အနည်းငယ် မငြိမ်မသက် ဖြစ်လာသည်။

ကျူးယင်၏ အေးစက်စက် ရယ်မောသံကို ကြားနေရသည်။

“ မင်းက ဘယ်လောက် အားကောင်းလဲလို့တွေးနေတာ… တကယ်တမ်းတော့ ကျီချန်းလော့က အားနည်းနေတာပဲ ”

ကျူးယင်၏ ရယ်မောသံမှာ ရပ်တန့်သွားလေ၏။ သူက မိုဝူကျိ၏ကမ္ဘာဦး စိတ်ဝိညာဉ် တစ်ပိုင်းတစ်စမှ မဆွဲယူမိပေ။ သူက မတုန့်ပြန်နိုင်ခင် ပျက်စီးစွမ်းအားများနှင့် ပြည့်နှက်နေသည့် စိတ်စွမ်းအင်မြှားတစ်စင်းက သူ့အား ပိတ်လှောင်ထားလေသည်။

သူ့ကျိုးပျက်တာအိုမှာ သူ၏ကိုယ်ပိုင်ကမ္ဘာအတွင်းတွင်သာရှိ၍ အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိသင့်ပေသည်။

သို့သော်လည်း သူက ဤမျှားအသိအား မထိန်းချုပ်နိုင်ပေ။

ထိုမျှတင်မက သူ၏အသိစိတ်မှာလည်း ထိုမြှားအသိကြောင့် ပိတ်လှောင်ခံထားရ၏။

“ဒီဟာက စိတ်စွမ်းအင်မြှားလား  ”

မကြာခင် ကျူးယင်က အသိပြန်ဝင်လာလေသည်။ ဤသည်က သေချာပေါက် စိတ်စွမ်းအင်မြှားသာ ဖြစ်ပေလိမ့်မည်။ သူက စိတ်စွမ်းအင်မြှားအား ဆက်လက်ကြီးထွားခွင့် မပြုနိုင်သလို သူ့ကိုယ်သူလည်း ဤမြှားအောက်တွင် ပိတ်လှောင်ခွင့် မပြုနိုင်ပေ။

ကျူးယင်က တွေးမိလိုက်သည်နှင့် စိတ်စွမ်းအင်မြှားမှာ လေထုကိုခွင်း၍ သူ၏ နဖူးကို ဖောက်ထွက်သွားသည်။

မိုဝူကျိက သူ၏စိတ်စွမ်းအင်မြှားကို ကျူးယင်အပေါ်  ပိတ်လှောင်ဖို့ စိတ်ကူးမရှိပေ။

“ ဝုန်း ”

ကျူးယင်၏ သစ်သားငါးက ရုတ်တရက် ပေါက်ကွဲထွက်သွားပြန်သည်။ တောက်ပလွန်းသော အလင်းတန်းများက ကျူးယင်၏ နဖူးအထက်၌ ဖြာကျလာသည်။ ထိုအရာက မိုဝူကျိ၏ စိတ်စွမ်းအင်မြှားအား ကြေမွသွားစေသည်။

ကျူးယင်က သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။

“ ဖူး ”

ကျူးယင်၏ညာဘက်လက်မှာ ကျဆင်းလာသည့် လေဟုန်ဆန်မြစ်ကြောင့် ပျက်သွားလေသည်။ ကျူးယင်က သူသတ်ဖြတ်ထားသည့် စစ်တပ်အလောင်းများကြားအထိ နောက်ဆုတ်ကာ  ဆင်းသက်လိုက်၏။

သူက လက်ကိုမြှောက်ကာ သွေးများကို သုတ်လိုက်ရင်း မိူဝူကျိအား စိုက်ကြည့်လိုက်သည်။

“ မင်းက အရမ်းအားကောင်းတာပဲ… မင်းက မယုံကြည်နိုင်လောက်အောင်အထိ အားကောင်းတာ။ ငါကျူးယင် စပြီးကျင့်ကြံကတည်းက မင်းက ငါ့ကိုပထမဆုံး အရေးနိမ့်စေတဲ့လူပဲ။ ဒါပေမဲ့ အဲ့ဒါက ငါ မင်းထက်ဆိုးနေလို့ မဟုတ်ဘူး။ မင်းရဲ့လျှို့ဝှက်ချက်က ငါ့ထက်ကြီးနေမယ်ဆိုတာကို မသိသေးလို့ပဲ… အခု ငါ့ရဲ့ ဝိညာဉ်ဖမ်း လက်ချောင်းကို စမ်းကြည့်ပေါ့ ”

ကျူးယင်က ဘယ်ဖက်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ သူက ပန်းတစ်ပွင့် ခူးဆွတ်မည့်အလား မိုဝူကျိအား ဖြည်းညင်းစွာ ချိန်ရွယ်ထားလိုက်၏။

မိုဝူကျိက ကျူးယင်နောက်ကွယ်မှ စကားများကို သိပေသည်။ ကျူးယင်က  သူသည် မိုဝူကျိတွင် ကမ္ဘာဦးစိတ်ဝိညာဉ် မရှိကြောင်း မသိ၍သာ အရေးနိမ့်သွားခြင်းဖြစ်ပေသည်ဟု ပြောနေခြင်းဖြစ်၏။ မိုဝူကျိက စိတ်ထဲတွင်သရော်လိုက်သည်။ အကယ်၍ သူ့တွင်ကမ္ဘာဦးစိတ်ဝိညာဉ်ရှိနေလျှင် ကျူးယင်က သူ၏အသိစိတ်ပင်လယ်ကို ထိဖို့ရာ မေ့ထားလိုက်သင့်ပေသည်။

ပညာရှိတာအိုအဆောင်နှင့် ဖူကျို့ကျန်းတို့၏ တိုက်ခိုက်မှုအောက်တွင် သူ၏ အသိစိတ်ပင်လယ်က အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီးလေသည်။

ကျူးယင်က သူ့တွင် ကိုယ်ပိုင်နယ်ပယ် ပိုင်ဆိုင်ထားသော အသိစိတ်ပင်လယ် ရှိနေလိမ့်မည်ဟု သိမည်မဟုတ်ပေ။ ကျူးယင်၏လက်ချောင်းက ဖြည်းဖြည်းချင်း မြင့်တက်လာသော်လည်း တစ်ကမ္ဘာလုံးက ပြောင်းလဲသွားဟန် ပေါ်သည်။ ထိုစဉ် တစ်ကမ္ဘာလုံးက အဖြူနဲ့အနက်ဖြစ်သွားလေ၏။

ထိုအဖြူနဲ့အနက်အရောင်နှစ်ခုအတွင်း ဝိညာဉ်များအားလုံးမှာ တုန်လှုပ်သွားပြီး အဖမ်းခံလိုက်ရသည်။

ထိုလက်ချောင်းဖြင့် မိုးမြေများက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားကာ အာကာပြင်တစ်ခုလုံးလည်း ငြိမ်သက်သွားပြီး ဝိညာဉ်များမှာ ပျောက်ကွယ်သွားသည်။

“ အဲ့ဒါဆို ခင်ဗျားလည်း ကျုပ်ရဲ့လက်ချောင်းပညာရပ်ကို စမ်းကြည့်ပေါ့ ” မိုဝူကျိလည်း လက်ညိုးဖြင့် ပြန်ချိန်ရွယ်လိုက်သည်။

သတ္တကမ္ဘာလက်ချောင်း၏ ပထမမြောက် လောကနှိမ်နင်းရေးတိုက်ကွက်ဖြစ်သည့် သက်ရှိကမ္ဘာသည် ပေါ်လာလေ၏။ မိုးမြေများက တစ်ဖန်ပြောင်းလဲသွားပြီး ငြိမ်သက်သွားသော အာကာပြင်မှာ သက်ရှိကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။ ဤသက်ရှိကမ္ဘာအတွင်း သက်ရှိအရာအားလုံးမှာ အဖြူရောင် တိမ်တိုက်များကဲ့သို့ ဖြစ်ကာ အရေးမပါတော့ပေ။ ဤသက်ရှိကမ္ဘာအတွင်း၌ သေခြင်း၊ ရှင်ခြင်းသာ တည်ရှိပေသည်။

“ ဝုန်း ”

တာအိုတည်ထောင်သူ ဘိုးဘေးနှစ်ဦး၏ အရှိန်အဝါနှစ်ခုက ထိပ်တိုက်တွေ့သွားလေသည်။

မိုဝူကျိက သူ့အသိစိတ်ပင်လယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါနေကြောင်း ခံစားမိပြီး သူ့အသိစိတ်ပင်လယ်အတွင်းမှ ဝိညာဉ်ကို ဆွဲယူနေသည့်အား တစ်ခုရှိဟန်ပေါ်ကြောင်း ခံစားမိလိုက်သည်။

ထိုအင်အားက သူ၏စိတ်စွမ်းအားနှင့် ဝိညာဉ်ကို ဝန်းရံထားလေ၏။ မိုဝူကျိက စတင်ကျင့်ကြံစဉ်ကတည်းက သူ့တွင် စိတ်ဆန္ဒအင်အား မပြတ်လပ်ခဲ့ပေ။

ဤဝိညာဉ်ဖမ်း အင်အားက အင်မတန်အားကောင်းသော်လည်း သူက တောင်ကြီးတစ်လုံးကဲ့သို့ မလှုပ်မရှား ကျန်ရှိနေဆဲဖြစ်၏။ သူ၏ တာအိုစွမ်းအားအကုန်လုံးက သူ၏လက်ချောင်းအောက်ရှိ သက်ရှိကမ္ဘာအတွင်းသို့ ကူးပြောင်းနေသည်။

ကျူးယင်၏ အမူအရာမှာ တည်ငြိမ်နေပေသည်။

တစ်ဖက်လူက မည်မျှ အားကောင်းနေစေကာမူ သူ၏ ဝိညာဉ်ဖမ်း လက်ချောင်းက တစ်ဖက်လူ၏ ဝိညာဉ်ကို တစ်မျှင်ဖြစ်နေပါစေမူ ဖမ်းဆီးနိုင်စွမ်း ရှိပေသည်။ အသက်တစ်ရှိုက်စွာ အနည်းငယ်အတွင်း ကျူးယင်၏ အမူအရာမှာ ပြောင်းလဲသွားလေ၏။ သူ၏ ဝိညာဉ်ဖမ်းလက်ချောင်းမှာ မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်းသို့ မချိုးဖောက်နိုင်ပေ။

မိုဝူကျိ၏ အသိစိတ်ပင်လယ်မှာ တကယ်တော့ ကိုယ်ပိုင်နယ်ပယ်တစ်ခု ပိုင်ဆိုင်ထားပြီး ထိုနယ်မြေမှာ မိုဝူကျိ၏ ကိုယ်ပိုင်စည်းမျဉ်းများ အောက်တွင်သာ ပိုင်ဆိုင်ပေသည်။

သူကျူးယင် ကျင့်ကြံစဉ်ကတည်းက မိုဝူကျိကဲ့သို့လူမျိုးနှင့် တစ်ခါမှမတွေ့ဆုံဖူးပေ။ ကမ္ဘာဦးစိတ်ဝိညာဉ်မရှိသည်က မလုံလောက်သေးဘဲ မိုဝူကျိက သူ၏ကိုယ်ပိုင်နယ်ပယ်ရှိသည့် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသေးသည်။

အမှားအယွင်းတစ်ခုက သာမန်လူတစ်ယောက်အား ပျောက်ကွယ်သွားဖို့ လုံလောက်သော်လည်း သူကျူးယင်က သာမန်လူတစ်ယောက် မဟုတ်ပေ။

သူက မိုဝူကျိလိုလူမျိုးနှင့် ဆက်လက် မတိုက်ခိုက်ရဲတော့ပေ။

သူ မလွတ်မြောက်ခင် သူက သက်ရှိကမ္ဘာအတွင်းရှိ အသက်များ၏ အရေးမပါမှုကို ခံစားမိလိုက်သည်။

ဤသက်ရှိကမ္ဘာအတွင်း၌ သူက ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်၏။

All Chapters