← Chapters

အခန်း (၁၂၁)

Vol. 9 Ch. 121

အခန်း (၁၂၁)

Vol. 9 Ch. 121

"ငါက ဒီလို စတိုင်မျိုးကို ကြိုက်တယ်လို့ ဘယ်သူပြောလိုက်တာ..."လင်းရီ မေးလိုက်၏။

"နောက်ဆုံးတစ်ခေါက် သခင်လေးချင်းရဲ့ ဘာဘီကျူးဆိုင်မှာ သခင်လေးလင်းဘေးနား ရပ်နေတဲ့ ကောင်မလေးလည်း လီနာ့လိုပဲ ၀တ်ထားတာမလား...မှတ်မိတာပေါ့..."

လီနာ ချိုသာသော အပြုံးလေးဖြင့် ပြုံးလိုက်၏။

"အိုး...သတိထားမိတယ်ပေါ့..."လင်းရီ မနေနိုင်ပဲ ပြုံးလိုက်မိသည်။

"ကဲကဲ နှစ်ယောက်လုံး မထိန်းနိုင်တော့ဘူးဆိုရင်လည်း ဟိုတယ်သွားပြီး တစ်ချီ ဆွဲလိုက်ကြ..ထိန်းနိုင်သေး‌တယ်ဆိုရင်လည်း ဒီလာပြီး တစ်ပတ် နှစ်ပတ်လောက် လာမောင်းဦး...,"ချင်းဟန် ပွတ်တီကပ်တီ လုပ်နေသော လီနာနှင့် လင်းရီတို့ကို ပြောလိုက်၏။

"အဲ့လို အရှုံးသမား ပြောတဲ့ စကားကို ခေါင်းထဲ ထည့်မနေနဲ့..."

လင်းရီ သူ၏ ပန်ဂနီကို တစ်ယောက်ယောက်အား မောင်းလာခဲ့ခိုင်းလိုက်ပြီး ချင်းဟန်နှင့်အတူ ပြိုင်မောင်းပေးလိုက်သည်။

လင်းရီတို့ ငါးပတ်လောက် မောင်းပြီးသည့်တိုင်အောင် ချင်းဟန် တစ်ပတ်မှ အနိုင်မရခဲ့။

"မြေနိုးလေး...ငါ့ရဲ့ ရှယ်ရွှိုင်းထားတဲ့ P1နဲ့တောင်မှ မင်းရဲ့ ပန်ဂနီကို လိုက်မမှီဘူးတဲ့လား..."ချင်းဟန် အနိုင်မရသည့်အဆုံး ကျိန်ဆဲလိုက်သည်။

"မင်းလည်း မ‌ဆိုးပါဘူး..စကေးတွေ တော်တော် တိုးတက်လာတယ်လို့ ပြောရမယ်..."ချင်းဟန်၏ ပခုံးကို ပုတ်ရင်း လင်းရီ အားပေးလိုက်၏။

"မိမိုက်သလို လုပ်မနေနဲ့...နောက်လနည်းနည်းလောက် လေ့ကျင့်ပြီးရင် မင်းနဲ့ ပြန်ပြိုင်မယ်...,"

"စောင့်နေလိုက်မယ် ဟျောင့်"

"အိုးဟုတ်သား..ငါမင်းကို ပြောစရာ ရှိသေးတယ်..."ချင်းဟန် ပြောလိုက်ပြီး "ငါမင်းရဲ့ လွိုင်ကန်ကို လေးငါးရက်လောက် ငှားလို့ရလား..."

"ဘာကြီး..ရှန်ဟိုင်းရဲ့ အင်ပါယာက ငါ့နား ကားလာငှားနေတယ်တဲ့လား...ရှက်ဖို့ ကောင်းလိုက်တာကွာ..."

"ဟျောင့် ငါက ရှန်ဟိုင်းရဲ့ အင်ပါယာ ဖြစ်ရင်ဖြစ်မယ် ဒါပေမယ့် ၆၀ မီလီယမ် တန်ကြေးရှိတဲ့ လွိုင်ကန်ကိုတော့ တစ်ခါမှ မမောင်းဖူးသေးဘူး..."ချင်းဟန် မကျေမနပ်ဖြင့် စောဒက တက်လိုက်သည်။

"ကောင်းပြီလေ...ငါတို့ဆက် ရင်းနှီးမှုကို ထောက်ရှုပြီးတော့ မင်းကို တစ်ရက် တစ်ထောင်နဲ့ ငှားပေးမယ်ကွာ...အဆင် ပြေတယ်မလား..."

"ငါ့ယီးကို အဆင်ပြေပါလားကွ...ရင်းနှီးတယ်လည်း ပြောသေးတယ်...ငါ့ဆီကနေ ပိုက်ဆံက တောင်းချင်နေသေးတယ်ပေါ့...မင်းငါ့ကို စိတ်ထိခိုက်အောင် လုပ်လိုက်တာပဲဟျောင့်..."

"တော်တော်..ခံစားချက်တွေ ဘာညာ လာမပြောနဲ့ အဲ့အဲ့အကြောင်းပြောရင် ငါ့ပိုက်ဆံအိတ်က ရင်နာနေပြီ..."

"ငိုးပဲ..အေးပါကွာ..နည်းနည်းလောက် လျော့ပေးလို့ မရဘူးလား..."

"ရတာပေါ့ ညီကိုတွေဆိုတော့ သင့်တင့်သလိုပေါ့ကွာ.."

"အဲ့တာဆို ဘယ်လောက် ထားပေးမလဲ..."

"ရတာပေါ့...ငါမင်းကို အခွင့်ရေး ပေးလိုက်မယ်..ဈေးပြော..."

ချင်းဟန် လက်တစ်ချောင်း ထောင်ပြလိုက်ပြီး "တစ်ရက် တစ်ယွမ်..."

"ဖက်ခ်...မင်းနောက်နေတာလားကွ..မင်းငါ့ကို တစ်ချက်ထဲနဲ့ ၉၉၉ စိတ်လောက် ဖြစ်အောင် ပိုင်းချထည့်လိုက်တာပဲ... "

"အဲ့တာတောင် မင်း ပိုက်ဆံ ရတာ ကံကောင်းလှပြီ..."ချင်းဟန် ပြောလိုက်ပြီး "အဆင်ပြေတယ်မလား..ငါ လေးငါးရက်လောက်နေရင် မင်းရဲ့ လိုင်ကန်ကို လာငှားမယ်..."

"အိုကေ...မင်းလိုတဲ့ချိန် ဖုန်းဆက်လိုက်ကွာ..."

ချင်းဟန်၏ သူငယ်ချင်းများကတော့ ဆွံ့အနေကြ၏။

သူတို့ လင်းရီနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ရှိနေကြသည်။

ဒီကောင်ရဲ့ နောက်ခံက ဘယ်လောက်ထိ ကြီးမားနေလို့ သခင်လေးချင်းကတောင် သူ့နား ကားငှားနေရတာလဲဟ....

သောက်ကျိုးနည်းကြီးဟ...

ကလင် ကလင် ကလင်

စကားပြောနေတုန်း လင်းရီ ဖုန်းသံမြည်လာ၏။

၀မ်ရင်းထံမှပင်။

လင်းရီကတော့ ဘာပြောလာမလဲဆိုတာ ခန့်မှန်းပြီး ဖြစ်၏။ သူတို့ ညီလာခံ စည်းဝေးနေ့တုန်းက သူ့အား ညစာ ဖိတ်ကျွေးရန် ပြောထား၏။ ယခု သူမ ထိုအတွက် ဖုန်းဆက်လာခြင်း ဖြစ်လောက်သည်။

"ဟဲလို အစ်မရင်း..."

"ရီလေး...နင်အလုပ်ရှုပ်နေလား..."

ဟမ်..

၀မ်ရင်း၏ လေသံထဲတွင် တစ်ခုခု စိုးရိမ်နေသည့် အသံ စွက်နေသောကြောင့် တစ်ခုခု မူမမှန်ဟု လင်းရီ ခံစားမိလိုက်၏။

"ဘာဖြစ်နေတာလဲ အစ်မရင်း...ကျွန်တော့်ကို ပြော .."

"ငါ မော်တော်ဆိုင်ကယ် က ကားတစ်စီးနဲ့ ၀င်တိုက်မိလို့..အဲ့တာ ဘယ်လောက် လျော်ရမလဲ မသိဘူး..ငါ့ကို တစ်ချက်လောက် လာကြည့် ပေးပါလားဟင်..."၀မ်ရင်း၏ အသံမှာ အနည်းငယ် တုန်ခါနေ၏။ ထိတ်လန့်နေသည့်ပုံပင်။

"အစ်မရင်း ဘာဖြစ်သွားသေးလဲ..ထိခိုက်မိသွားသေးလား..."

"ငါကတော့ ဘာမှ မဖြစ်ဘူး...ဒါပေမယ့် ဆိုင်ကယ်ကတော့ အတော်လေး ထိခိုက်ထားတယ်..."၀မ်ရင်း၀မ်းနည်းစွာ ပြောလိုက်ပြီး "ငါခု မြူးဇစ်စကွဲရဲ့ မျက်နှာချင်းဆိုင် ကျန်းရှင်း လမ်းမှာ..."

"အိုကေ..သိပြီ...ကျွန်တော် ခုပဲ လာခဲ့မယ်..."

"ဟျောင့် သားရီး ဘာဖြစ်တာလဲတဲ့..."

ဖုန်းချပြီး နောက်လင်းရီ၏ အမူအရာ ထူးဆန်းနေသည်ကို မြင်တော့ ချင်းဟန် မေးလိုက်သည်။

"ငါ့အစ်မ တစ်ယောက် ဆိုင်ကယ်မောင်းရင်း ကားနဲ့ တိုက်မိလို့တဲ့...သူ့နား ခဏလောက် လာခဲ့ခိုင်းတာ..."လင်းရီ ပြောလိုက်ပြီး "တစ်ဖက်က ကောင်ကလည်း အတော်လေး မောက်မာတဲ့ စတိုင်ပဲ..ငါ ဖုန်းထဲကနေတောင်မှ ကျိန်ဆဲသံတွေ ကြားနေရတယ်..."

"ဟီးဟီး စိတ်၀င်စားဖို့တော့ ကောင်းနေပြီ..."ချင်းဟန် လက်သီး လက်မောင်း တန်း၍ "မင်းရဲ့ သူငယ်ချင်းကို အနိုင်ကျင့်တာက ငါ့ရဲ့ သူငယ်ချင်းကို အနိုင်ကျင့်တာနဲ့ အတူတူပဲ..သွားစို့ "

"မင်းအားရင် လိုက်ခဲ့ပေါ့..."

ထို့နောက် လင်းရီ သူ၏ ပန်ဂနီကို စီးပြီး ချင်းဟန်ကတော့ သူ၏ McLaren P1 ကို မောင်းကာ ကျန်းရှသ်း လမ်းသို့ ဦးတည်လိုက်သည်။

.......

မြူးဇစ်စကွဲနားတွင် လူအုပ်ကြီးမှာ အက်စီးဒင့် ဖြစ်ပွားသည့် မြင်ကွင်းကို ဓာတ်ပုံရိုက်သူရိုက် အတင်းပြောသူပြောနှင့် စည်ကားနေလေ၏။

"မင်းက ဘယ်လို ကောင်မလဲကွ..မင်း ဈေး၀ယ်ရင် ဆိုင်ကယ်ကို သေချာ ရပ်ထားလေကွာ..ခုတော့ ကားကို ကြည့်လိုက်စမ်း ဘယ်လိုတွေ ဖြစ်သွားပြီလဲလို့..."

သက်လတ်ပိုင်း လူကြီးမှ အော်ဟစ်လိုက်ပြီး "ငါ ဒီကား၀ယ်ထားတာတောင်မှ မကြာ‌သေးဘူးနော် ယွမ် ၅သိန်းကျော်တောင် ပေးခဲ့ရတာ...မင်းဒီနေ့ ဖြေရှင်းချက် ကောင်းကောင်း မပေးလို့ ကတော့ ဒီကနေ ထွက်သွားရဖို့ စိတ်မကူးနဲ့...."

၀မ်ရင်း စိုးထိတ်သွားပြီး "ဒီမှာ ရှင်ဘာလို့ အဲ့လောက် အာကျယ်နေရတာလဲ...အသံကျယ်တာနဲ့ပဲ ရှင့်ကို ကြောက်မယ်များ မှတ်နေလား...ရှင့်ကို ဖို့သ-တ်လို့ ရလောက်တဲ့အထိ လျော်ပေးလိုက်လို့ရတယ်..."

တစ်ခုရှိသည်မှာ ၀မ်ရင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေ၏။ သူမ ဈေး၀ယ်ရန် ထွက်သွားစဉ်က ဆိုင်ကယ်ကို သေချာ လော့ချထားသော်လည်း ပြန်လာသည့် အခါတွင်တော့ သူများကားကို သွားတိုက်နေပြီး ဖြစ်နေလေသည်။

ဘယ်လိုကြီးလဲဟ ..ယုတ္တိမရှိလိုက်တာ...လေလည်း မတိုက်ဘဲနဲ့ကို။

"မင်းက လျော်ပေးနိုင်မယ်ပေါ့..."သက်လတ်ပိုင်း လူကြီးမှ လှောင်ပြုံးဖြင့် "ဒီကားက ယွမ်၅သိန်းကျော် တန်ကြေးရှိတဲ့ BMW5 စီးရီးနော်..မင်းလို ဆိုင်ကယ်မောင်းတဲ့ ကောင်မကများ လျော်ပေးဦးမယ်တဲ့ အမယ်လေး အံ့ဩပါ့..."

"ရှင့်ကားက ဈေးမပေါဘူးဆိုတာ သိတယ်...ဒါပေမယ့် ကျွန်မကလည်း မလျော်ပေးနိုင်တဲ့ ကောင်မ မဟုတ်ဘူး...ခဏနေ ကျွန်မ မောင်လေး လာတော့မှာ သူက ရှင့်ကို ဖြေရှင်းချက် ကောင်းကောင်းကြီး ပေးလိမ့်မယ်..."

၀မ်ရင်း သံသယ ဖြစ်နေသော်လည်း သူမ လျော်ပေးရမည့် တာ၀န်ကို မရှောင်လွဲခဲ့။ လင်းရီ အလာကို စောင့်၍ ကျသင့်သလောက် ပေးချေလိုက်မည်။ သူမ ထိုလူ မတန်တဆ ဈေးတောင်းမည်ကို မလိုလားသောကြောင့်ပင်။

"မင်း သူငယ်ချင်းတွေ လာလည်း အလကားပဲ..."သက်လတ်ပိုင်း လူကြီးမှ လက်ပိုက်၍ "မင်းလို စောက်ဆင့်နဲ့ ကောင်မက BMWထိခိုက်သွားရင် ပြင်ရတဲ့ ကြေးက ဘယ်လောက်ရှိလဲဆိုတာ နားလည် လို့လား...ခြစ်ရာလေးတစ်ခု ဆိုရင်တောင်မှ ၈သောင်းတစ်သိန်း အနည်းဆုံးနော်...."

ဟစ်.....

ကြားလိုက်ရသည့် လူတိုင်း လေအေးများ ရှိုက်သွင်းလိုက်မိကြသည်။

"ဒီဘိုးတော် လိမ်ရိုက်နေတာလာများလားကွ...BMW ဘယ်လောက် ဈေးကြီးတယ်ပြောပြော ပြင်ခ အဲ့လောက်တော့ မရှိပါဘူးကွာ..."

"နိုင်ငံခြားက ဆေးမလို့ နေမှာပေါ့...ပြီးတော့ ၄ စီးရီးတောင် တော်တော်ဈေးကြီးမှတော့ ၅ဆိုရင် အဲ့လောက် ဈေးကြီးတာ‌လည်း ဖြစ်နိုင်တယ်...."

"သနားစရာ ကောင်မလေးပါလားကွာ...သူမသာ အဲ့လောက် လျော်နိုင်နေရင် ဆိုင်ကယ် စီးနေမှာတောင်မှ မဟုတ်ဘူး..."

၀မ်ရင်း စိုးထိတ်သွား၏။ သူမ ကားအကြောင်း သိပ်နားမလည်ချေ။ ထိုမျှ ငွေပမာဏကိုသာ ပေးချေရမည်ဆိုပါက သူမ စုဆောင်းထားသမျှ အကုန်ကုန်သွားပေလိမ့်မည်။

"ဒီ‌မှာ ကောင်မလေး မင်းလျော်ကြေး မတတ်နိုင်ရင်လည်း ငါ့မှာ နောက်ထပ် ဖြေရှင်းနည်း တစ်ခု ရှိသေးတယ် ကြားချင်လား..."

"ဘာလဲ..."

"ငါ ကုမ္ပဏီ အသစ် ထောင်ထားတာ မကြာသေးတော့ အတွင်းရေးမှူး လိုနေတာနဲ့ အတော်ပဲ..မင်းသာ ငါ့ဘေးနား အလုပ်လုပ်မယ်ဆိုရင် ကားလျော်ကြေးငွေကို မင်းလစာထဲက တဖြည်းဖြည်း နှုတ်သွားမယ်လေ...ဘယ်လိုလဲ..."

သက်လတ်ပိုင်း လူကြီး၏ အပြုံးမှာ ပို၍ ကြီးမား လာသည်။ သူ့ရှေ့မှ ကောင်မလေးမှာ ထိုကမ်းလှမ်းချက်ကို မငြင်းပယ်နိုင်ကြောင်း သေချာနေ၏။

အကြောင်းအရင်းကတော့ ထိုမျှ များပြားသည့် ငွေပမာဏကို မလျော်ပေးနိုင်သောကြောင့်ပင်။

သူမ သူ့စကား နား ထောင်ကို ထောင်ရပေမည်။

၎င်းကိုတွေးမိတော့ သက်လတ်ပိုင်း လူကြီးမှာ လူယုတ်မာ အသံကြီးဖြင့် အော်ရယ်လိုက်တော့သည်။

တကယ့်ကို နတ်သိကြားမတာပဲ..ကုမ္ပဏီသွားမယ့် လမ်းမှာ ဒီလောက် သွားရည်ယိုဖို့ ကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ မိန်မလှလေးကို လာတွေ့လိမ့်မယ်လို့တောင် ထင်မထားဘူး...

ထို့ကြောင့် သူတမင်သက်သက် ဆိုင်ကယ်ကို ကားနှင့် တိုက်ပစ်လိုက်သည်။ ကားအတွက် အနည်းငယ် ရင်နာသော်လည်း ထိုမျှ အချိုးအစား လှပသည့် မိန်းကလေးကို ခေါ်နိုင်ပါက တန်သည်ဟု ပြော၍ရသည်။

" ရှင် ဆုတောင်းလေ...တဏှာရူးကများ..."၀မ်ရင်း ပြန်ပက်လိုက်သည်။

"ငါ့ကို အော်ရဲတယ်ပေါ့..."သက်လတ်ပိုင်းရွယ် လူကြီးမှာ ရုပ်တည်ကြီးဖြင့် "ငါရဲခေါ်လိုက်လို့ ရတယ်ဆိုတာ မင်းနားလည်လား..."

"ကျွန်မကို လာခြောက်‌မနေနဲ့ ကျွန်မ မောင်လေး လာတာနဲ့ ရှင့်ကို ဖြေရှင်းပေးမယ်..."

"ငါ ထိုင်စောင့်နေဖို့ မအားဘူး..ခုလျော်ရင်လျော် မလျော်ရင် ရဲစခန်းလိုက်ခဲ့။ "

သက်လတ်ပိုင်းလူကြီးမှာ အကြံနှင့်ပင်။ ရဲစခန်းမှူး နှင့် သိသောကြောင့် သူမကိုသာ ခေါ်သွားပါက သူ၏ အကြံမှာ သေချာပေါက် အလုပ်ဖြစ်ပေလိမ့်မည်။

"လွှတ်စမ်း တဏှာရူးကြီး ကျွန်မကို မထိနဲ့...."

"ငါထိချင်တဲ့ နေရာထိမှာပဲကွာ...မင်းဘာတတ်နိုင်လဲ..."

ထိုအချိန်တွင် သားရဲဟိန်းသံကဲ့သို့ စူပါကားများ တစ်စီးပြီး တစ်စီး ရောက်ရှိလာပြီး ‌ရပ်ကြည့်နေသူများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။

"ဘုရားရေ...စူပါကားကြီး‌ တွေဟ..."

All Chapters