အခန်း (၁၂၂)
Vol. 9 Ch. 122
"အမယ်လေး ဘုရားရေ...စူပါကားကြီးတွေဟ..."
ထိုကဲ့သို့ အလန့်တကြား ရေရွတ်သံများက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားပြီး ချက်ချင်း သူတို့၏ ပါးစပ်များမှာ 'O' ပုံသဏ္ဌာန် ဖြစ်သွားတော့၏။
"ဘာတွေ ဖြစ်နေတာလဲဟ...ဒီလို စူပါကားကြီးတွေဆိုတာက ပုံမှန်ဆို အင်တာနက်ပေါ်မှာပဲ မြင်နိုင်တဲ့ ကားမျိုးတွေလေကွာ..."
ပန်ဂနီ ဇွန်ဒါ..
McLaren P1
အက်စတွန် မာတင် V8
ဖရာရီ 488
ပေါ်စချယ် 911
....
"ဘာတွေ ဖြစ်နေတာလဲဟ...ခုရောက်နေတာ စူပါကား တစ်ဒါဇင်လောက် ရှိတယ်...ဒီ ဒုတိယမျိုးဆက်တွေက လမ်းကို ဖျက်စီးတော့မလို့လားဟ..."
"ဟျောင့်ရေ ..ဒီလောက်များတဲ့ စူပါကားကြီးတွေ အားလုံးပေါင်းလိုက်ရင် တန်ဖိုးက ယွမ်သန်း၁၀၀ ကျော်လောက်တယ်..."
"ကျော်တာထက်တောင် ပိုသေးတာပေါ့ကွ...လိုင်စင် နံပါတ်ပြားတွေကိုပဲ တစ်ချက်ရှိုးလိုက်ဦး ..နံပါတ်တွေက လီယိုပါတ်လိုင်စင်နံပါတ်နဲ့...ကားတွေကို ထည့်မတွက်နဲ့ဦး..လိုင်စင် နံပါတ်ပြားတွေနဲ့တင် ငွေအမောင့်များများနဲ့ အေးဆေး ပါးရိုက် ရောင်းလို့ရတယ်..."
စူပါကား တစ်ဒါဇင်ခန့် သူတို့ဆီ မောင်းလာသည်ကို မြင်တော့ လူအုပ်ကြီးလည်း အံ့အားသင့်သွားပြီး ဖုန်းများထုတ်ကာ အလျင်အမြန် ဓာတ်ပုံရိုက်ကြတော့သည်။
ဘာ....ဘာတွေများ ဖြစ်နေတာလဲဟ...
ကားတံခါးများ တစ်စီးပြီးတစ်စီး ပွင့်လာပြီး လင်းရီနှင့် ချင်းဟန်တို့နောက်မှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြ၏။
"ဘုရား ဘုရား အဲ့ကောင်လေးက ချောလိုက်တာနော်...ငါရင်တွေ တအားခုန်နေပြီ "
"သူ့ခြေထောက်တွေကို ကြည့်စမ်းပါဦး ရှည်လိုက်တာမှ ..သူ့ရဲ့ တတိယခြေထောက်လည်း ရှည်မှာ သေချာတယ်..."
"လင်းရီ...နင်လာပြီပေါ့..."
လင်းရီ ထွက်လာသည်ကို မြင်တော့ ၀မ်ရင်း သူ့ထံ ပြေးသွားလိုက်၏။
အားလုံး အံ့ဩသွားကြသည်။ နေရာကြီး တစ်ခုလုံး တိတ်ဆိတ်သွားသည်ဟုတောင် ပြော၍ရသည်။
၀မ်ရင်း လင်းရီရှေ့ ရပ်နေသည်ကို မြင်တော့ လူအုပ်ကြီးမှာ နားလည်သွားတော့၏။
စောနက ထိုကောင်မလေး ပြောပြောနေသည့် သူမ၏ မောင်လေးဆိုသူမှာ ပန်ဂနီ ကားပိုင်ရှင် သူဌေးသားလေးပင် ဖြစ်ရပေမည်။
ဒါပေမယ့် သူမက မော်တော်ဆိုင်ကယ် မောင်းတာ မဟုတ်ဘူးလား...ဘယ်လိုလုပ် စူပါကားမောင်းတဲ့ သူဌေးသားနဲ့ ရင်းနှီးသွားတာလဲတဲ့...
မဟုတ်မှလွဲရော သူဌေးသားလေးတွေရဲ့ အကြိုက်က ပြောင်းသွားပြီလားဟ...
သူတို့ ငယ်ငယ်ချောချောလေးတွေ စိတ်မ၀င်စားတော့ပဲ လုံးကြီးပေါက်လှ မမလေးတွေကို ကြိုက်နေပြီလား...
သို့သော်လည်း အရှုပ်ထွေးဆုံး ဖြစ်နေသည့်လူကို ပြဆိုပါက သက်လတ်ပိုင်းလူကြီးကိုသာ မီးမောင်း ထိုးပြရ ပေမည်။
ဘာတွေ ဖြစ်သွားတာလဲ..အဲ့ကောင်မက စူပါကမောင်းတဲ့ သူဌေးသား တစ်သိုက်ကို ခေါ်လိုက်တာတဲ့လား...
"အစ်မရင်း လက်က ဘာဖြစ်ထားတာလဲ...နီရဲနေတာပဲ..."လင်းရီ မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
"သူ...သူပေါ့...ငါ့ကို ဆွဲလားရမ်းလား လာလုပ်နေတာ"၀မ်ရင်း မျက်လုံးထဲတွင် မျက်ရည်များဖြင့် သက်လတ်ပိုင်းလူကြီးကို လက်ညိုးထိုးပြရင်း ပြောလိုက်၏။
"အဲ့လိုလား...သိပြီ..အစ်မရင်း ဘေးနားမှာ ခဏရပ်နေ...."
"အွန်း..."
ဖြန်း
လင်းရီ ဘာမျှ မလုပ်ရသေးခင် ချင်းဟန်မှ ထိုလူအား ပါးချလိုက်သည်။
"ထောင့်မကျိုးတဲ့ အဘိုးကြီး ခင်များ နာချင်နေတာလား...ကျိုးဟိုင်မှာ မနေချင်တော့ဘူးနဲ့တူတယ်...ငါချင်းဟန်ရဲ့ သူငယ်ချင်းကိုတောင်မှ စော်စော်ကားကား လုပ်ရဲနေတယ်ပေါ့...ခင်များ ဆန္ဒအတိုင်း ကျိုးဟိုင်မှာ နေစရာမရှိ ဖြစ်စေရမယ်..."
ဟစ်.....
အဲ့တာ ချင်းဟန်လား....
ချင်းဟန် မည်သူလဲဆိုတာ သိပြီးနောက် လူအုပ်ကြီးမှာ အလွန်အမင်း မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
သူတို့ ဂုဏ်သတင်းကျော်စောသော ကျိုးဟိုင်၏ အင်ပါယာကြီးကို ဒီနေရာ၌ တွေ့လိမ့်မည်လို့ မျှော်လင့်မထားကြပေ။
"မင်း....မင်းက တကယ်ကြီး ချင်းဟန်လား...."
သက်လတ်ပိုင်း လူကြီးမှာ သေးထွက်လုမတတ် ကြောက်ရွံ့သွား၏။
ချင်းဟန် ဆိုသည့် အမည်မှာ သူ၏ နားထဲတွင်တော့ မိုးကြိုးပစ်ခွင်းသကဲ့သို့ မြည်ဟီးသွားခဲ့သည်။ အကယ်၍ သူသာ ချင်းဟန်ကို စော်ကားမိခဲ့ပါက သူ၏ အဆင့်အတန်းနှင့်ဆိုလျင် ကျိုးဟိုင်၌ ဘုံပျောက်မည်မှာ ဧကန်မုချပင်။
"အာ...သခင်လေးချင်းကလည်း နည်းနည်းလောက် စိတ်လျော့ပါဦးဗျ ဒီအဘိုးကြီးက နည်းနည်းလေး စိတ်လှုပ်ရှားသွားလို့ပါ..."သက်လတ်ပိုင်း လူကြီးမှ ဖားယားနေသော အပြုံးကြီးဖြင့် "ကျုပ်အရမ်း သွေးဆူသွားလို့ သူ့(မ)နဲ့ ငြင်းခုန်မိသွားတာပါ...သခင်လေးချင်းလို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးက ဒီအဘိုးကြီးလို ဘာစောက်ဆင့်မှ မရှိတဲ့ ကောင်နဲ့ ဖက်ပြီး ရန်ဖြစ်စရာ မလိုပါဘူးဗျာ...ကျွန်တော်က တန်ကိုမတန်တာပါ...."
သက်လတ်ပိုင်း လူကြီးကတော့ သူ့ကိုသူ နှစ်ပြားမတန်အောင် အပြစ်ဆိုရင်း ချင်းဟန်ဆီမှ ခွင့်လွှတ်မှုရအောင် လုပ်နေတော့သည်။
"အဲ့ဒါဆိုလည်း မသွားဘဲ ဘာလုပ်နေတာလဲ..."ချင်းဟန် ပိတ်ဟောက်လိုက်ပြီး "ကျုပ်က ခင်များကို ထမင်းဖိတ်ကျွေးရဦးမှာလား..."
"ဒါ....."
သက်လတ်ပိုင်း လူကြီးမှာ ၀မ်းနည်းသည့် မျက်နှာငယ်လေး လုပ်ပြလိုက်သည်။
သူအနည်းငယ် နှာမီးတောက်မိသော်လည်း ထိုမီးမှာ ငရဲမီးကြီးဖြစ်နေပြီး သူ့ကိုပါ လောင်ကျွမ်းသွားလိမ့်မည်လို့ ထင်မထားခဲ့ချေ။
မူလက တွေးထားသည်မှာ ထိုမိန်းမလှလေးကို မြှူဆွယ်ပြီး ဇိမ်နှင့် နှပ်မည်ဟုပင် တဆုံးကြီး တွေးထားသည်။။ ယခုတော့ ဘာမျှ မရသည့်အပြင်
ကျိုးဟိုင်၏ နဂါးခေါင်းကို သွားပုတ်မိပြီး သူ၏ ကားမှာလည်း ပျက်ဆီး သွားခဲ့၏။
အိုက်ယား...ဆိုးလိုက်တဲ့ ဘ၀ကြီးကွာ...
"နေဦး...."
လင်းရီ ချင်းဟန်ကို ကြည့်လိုက်ပြီး "ဘာဖြစ်သွားလဲ ဆိုတာအရင်ဆုံး မေးရမယ်လေ..."
ထို့နောက် ၀မ်ရင်းကို ပြန်ကြည့်လိုက်ပြီး "အစ်မရင်း ဘာဖြစ်လဲဆိုတာ ကျွန်တော့်ကို ပြောပြ..."
"အင်း...ငါ ပစ္စည်းတွေ ၀ယ်မယ်ဆိုပြီးတော့ သစ်ပင်နားမှာ ဆိုင်ကယ်ကို သေချာ သော့ခတ်ထားတာပဲ...ဒါပေမယ့် သူပြောတာကျတော့ ငါ့ဆိုင်ကယ်က လေတိုက်လို့ ရွေ့သွားပြီး သူ့ကားကို ခြစ်ရာထင်အောင် လုပ်လိုက်တယ်တဲ့..ပြီးတော့ သူက ငါ့ကို လျော်ပေးရမယ်လည်း ပြောနေသေးတယ်..."၀မ်ရင်းမှ အကြောင်းစုံကို ရှင်းပြလိုက်သည်။
"ဟမ်...."
လင်းရီ ရှုပ်ထွေးသွားပြီး "ဒီနေ့ နေတွေ ဒီလောက်ထိ ခြစ်ခြစ်တောက်ပူနေတာကို ဘယ်လေက တိုက်ပြီး ရွေ့သွားလဲ...ဆိုင်ကယ်ကြီး တစ်ခုလုံး ရွေ့သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."
"သခင်လေးလင်း..ဒီတဏှာရုပ်နဲ့ ဘိုးတော်ကြီးက အစ်မရင်းရဲ့ ဆိုင်ကယ်ကို ငွေညစ်ဖို့ ရည်ရွယ်ချက်ရှိရှိ ရွေ့လိုက်တာကော မဖြစ်နိုင်ဘူးလား..."လီနာလည်း သူမ စဉ်းစားမိသည်ကို ပြောပြလိုက်၏။
"အင်း...စိတ်တော့ စိတ်၀င်စားစရာပဲ..အတိတ်မှာ လူငယ်တွေကပဲ လိမ်နေခဲ့တာ...ခုတော့ လူကြီး တွေကပါ လိမ်နေပြီပေါ့....ငါတော်တော်လေး သင်ယူလိုက်ရပြီ..."
"ဖြစ်နိုင်တာက အဲ့ ဘိုးတော်ကြီး အစ်မရင်းကို ကြံနေတာများလာ မသိဘူး...ခုနလေးတင် အစ်မရင်းကို ဆွဲလားရမ်းလား လုပ်နေတာပဲ ကြည့်လိုက်လေ... "
"အလွယ်လေးပါ...
ချင်းဟန် ပြူးလိုက်ပြီး "စောင့်ကြည့်ကင်မရာ ရှိနေတာပဲမဟုတ်လား...ကုန်းလမ်းပို့ဆောင်ရေး ၀န်ကြီးဌာနမှာ ငါ့ဘော်ဒါတစ်ကောင် ရှိတယ်..သူ့ကို ခေါ်ပြီး စစ်ဆေးခိုင်းလိုက်မယ်...အဲ့တာဆို အားလုံး ရှင်းသွားပြီပဲလေ..."
၎င်းကိုကြားတော့ သက်လတ်ပိုင်း လူကြီး၏ မျက်နှာမှာ ဖြူလျော်သွားတော့၏။
စောင့်ကြည့်ရေး ကင်မရာမှာ နေရာတိုင်းတွင် တပ်ထားကြောင်း သူမေ့နေခဲ့သည်။
အကယ်၍ သူတို့သာ ကင်မရာထဲရှိ မှတ်တမ်းကို စစ်ဆေးပြီးသွားပါက သူ၏ လုပ်ရပ်မှာ ပေါ်သွားမည် မဟုတ်ပါလော။
မဖြစ်ချေဘူး...လစ်မှပဲ...
"သခင်လေးချင်းရဲ့ သူငယ်ချင်းဆိုမှတော့ ကျွန်တော်လည်း လျော်ကြေး တောင်းမနေတော့ဘူး...ဘာပဲဖြစ်ဖြစ် ခြစ်ရာလေးထဲပါ..ကျုပ် ပြင်လိုက်ပါ့မယ် ကိစ္စကြီးလည်း မဟုတ်ဘူး..."
"နေဦး...မင်းက ဘာလို့ အဲလောက်ထိ ထွက်ပြေးချင်နေရတာလဲ..."
ချင်းဟန် မယုံသင်္ကာသည့် လေသံဖြင့် မေးလိုက်သည်။
"ကင်မရာကို ကြည့်ပြီးလို့မှ တကယ်ကြီး လေတိုက်လို့ ရွေ့သွားတယ်ဆိုရင် မင်းကို ဆယ်ဆ ပြန်လျော်ပေးမယ်...အေး လေတိုက်တာ မဟုတ်ဘဲ တစ်ခုခု ဆိုလို့ကတော့ ငါတို့ စကား ကောင်းကောင်းလေး ပြောကြတာပေါ့ကွာ..."ချင်းဟန် လက်ဆစ်များ မြည်အောင် ချိုး၍ ပြောလိုက်၏။
ဘုတ်...
သက်လတ်ပိုင်း လူကြီးမှာ ချက်ချင်း တုန်ခါသွားပြီး ဒူးထောက်လျက်သား ဖြစ်သွားခဲ့သည်။
"သခင်လေးချင်း...ကျုပ်မှားပါတယ်ဗျာ...ဒီအဘိုးကြီးက ရာဂစိတ်ကြောင့် ခုလို လုပ်မိတာပါကွာ...ဒီအဘိုးကြီးမှာ ကျွေးမွေး စောင့်ရှောက်ရမယ့် မိသားစုလည်း ရှိသေးတော့ နည်းပါးလောက် ညှာတာ ပေးပါကွာ...တအားကြီး နှလုံးသားတော့မမဲ့လိုက်ပါနဲ့..."
"ငိုးမပဲ...ခင်များလို တဏှာရူးကြီးကို တစ်ခါတည်း သ-တ်ပစ်သင့်တာ ငါ့ယီးကို ခွင့်လွှတ်ပေးပါလား..."ချင်းဟန် ကျိန်ဆဲလိုက်တော့သည်။
"အနည်းဆုံး ဒီသခင်လေးကတောင် ကလပ်တွေ ဘာတွေမှာ ပျော်ပြီးရင် ထိုက်သင့်သလောက်တော့ ပေးသေးတယ်...ခင်များကတော့ အလကားကလည်း စားချင်သေး...ပြီးတော့ ပိုက်ဆံကလည်း ညစ်ချင်လိုက်သေး...အသက်ကြီးလေ လူပါး၀က ၀လေပါလားကွ..."
"ချင်းကြီး မင်းက အဆက်သွယ်စုံတော့ ဒီသောက်ဘိုးကြီးကို မင်းပဲ ကိုင်တွယ်လိုက်တော့ကွာ..."လင်းရီ မျက်နှာထား တည်တည်ဖြင့် ပြောလိုက်၏။
"စိတ်ချ မင်းက မင်းရဲ့ကောင်မဘေးကို ခေါ်သွားလိုက်...ငါ ဒီအဘိုးကြီးကို တစ်သက်လုံး နှာမထရဲတော့အောင် ပညာပြပေးလိုက်မယ်..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး"အစ်မရင်း သွားစို့...
"ငါ့ဆိုင်ကယ်က ဟိုမှာပဲ ရှိနေတုန်းလေ..."၀မ်ရင်း အနည်းငယ် တုန့်ဆိုင်းသွားသည်။
"ထားခဲ့လိုက်တော့ ကျွန်တော်အားရင် တစ်စီး လိုက်၀ယ်ပေးမယ်..."
လင်းရီ ၀မ်ရင်းကို ပန်ဂနီထဲ ခေါ်၍ မောင်းထွက်သွားလိုက်တော့သည်။
"အောင်မလေး အားကျနေပါပြီနော်..."အမျိုးသမီး ထုကြီးမှာ ၀မ်ရင်းကို အားကျနေသည့် အကြည့်များဖြင့် ကြည့်လိုက်ပြီး "သူ့ကောင်မလေး အနိုင်ကျင့်ခံရတော့ စူပါကား အတွဲလိုက်ကြီးနဲ့ လာဖြေရှင်းပေးတာနော်...ငါတော့ ဒရာမားကား ကြည့်လိုက်ရသလိုပဲ..."
"ငါသာအဲ့လိုမျိုး ဒုတိယမျိုးဆက် သခင်လေးနဲ့သာ ညားလိုက်ရလို့ကတော့...."
"ခေတ်တွေက ပြောင်းသွားပြီ...ငါတို့က နောက်ကား တွေ ဖြစ်ကုန်ပြီလေ..."
"ငါလည်း ချမ်းသာတဲ့ သူဌေးနဲ့ လက်ထပ်ပြီးတော့ အဲ့လို ဂရုစိုက် ခံချင်တယ်လေဟာ...ငါလဲ လူပဲဟာကို..."
လီနာကတော့ လင်းရီတို့ ထွက်သွားသည်ကို နှုတ်ခမ်းထော်ပြီး ကြည့်လိုက်ရင်း "ကြည့်ရတာ သခင်လေးလင်းက ..အစဉ်လာကြီးတဲ့ မိသားစုက မိန်းကလေး ပုံစံကို ကြိုက်တာမဟုတ်ပဲ ရင့်ကျက်ပြီးတဲ့ အမျိုးသမီးပုံစံကို ကြိုက်တာနေမှာ.."
.........
လင်းရီ ၀မ်ရင်းနှင့်အတူ ကားမောင်းနေရင်း "ခု ဘယ်သွားမလဲ အလုပ်ဆင်းရမယ့် အချိန်တောင် မရောက်သေးဘူးဆိုတော့...ရုံးပဲပြန်သွားကြမလား အစ်မရင်း..."
"ငါဒီနေ့ စောစော အလုပ်သိမ်းလာတာ...အိမ်ပဲ ပြန်ကြမယ်..."
"အိမ်..."လင်းရီ ကြောင်အသွားပြီး "ပုံမှန်ဆို အစ်မရင်းက ကျန်းရှင်း လမ်းကနေ ပြန်လေ့ မရှိဘူးမလား..."
"အင်း...ဒီနေ့က ၀ယ်စရာလေးတွေ ရှိလို့ ..."၀မ်ရင်း ထိုသို့ ပြောလိုက်ပြီး သူမ လက်ဆွဲအိတ်ထဲမှ ၀ယ်ခဲ့သည့် အရာများကို ထုတ်လိုက်ကာ.."မောင်လေးရီက ဘယ်အရောင်ကို ကြိုက်လဲ..."
"ကျွန်တော်က ဘယ်အရောင်ကို ကြိုက်ရမှာလဲ..."
လင်းရီ ပြောပြီး ကြည့်လိုက်သောအခါ ၀မ်ရင်းမှ စတော်ကင် အနက်ရောင်များကို ဒီဇိုင်း မျိုးစုံနှင့် ၀ယ်ထားသည်ကို တွေ့လိုက်ရ၏။
"အဟမ်း အဟမ်း...အစ်မရင်းကတော့ ကြင်နာလွန်းနေပါပြီ..."
၀မ်ရင်း ပြောလိုက်ပြီး "ငါတို့ ရောက်ရင် မောင်လေးရီကို ၀တ်ပြမယ်လေ...."