ငါ့အခန်းထဲလာခဲ့
Vol. 9 Ch. 123
လင်းရီ ၀မ်ရင်းကဲ့သို့ ရင့်ကျက်သော အမျိုးသမီးရှေ့တွင် မျက်နှာထားးတည်လိုက်ပြီး တခြား ခေါင်းစဉ်တစ်ခုကို ပြောင်းလိုက်၏။
"ဒါနဲ့ အစ်မရင်းက ခု အရောင်း ဒါရိုက်တာတောင် ဖြစ်နေပြီမလား..ဘာလို့ မော်တော်ဆိုင်ကယ်ကြီး မောင်းနေသေးတာလဲ...အနည်းဆုံးတော့ ဒါရိုက်တာ ရာထူးနဲ့ ကိုက်ညီအောင် ကားလေးတော့ မောင်းသင့်တာပေါ့..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
သူမတွင် ကားမရှိပေ။ ထို့ကြောင့် ၀မ်ရင်း မော်တော်ဆိုင်ကယ်ဖြင့် အလုပ်သို့ တစ်ခါတစ်လေ သွားလေ့ရှိသည်။
ကား၀ယ်စီးရန် ပိုက်ဆံ နှမြောခြင်းတော့ မဟုတ်ဘဲ ယာဉ်ကြော ပိတ်ဆို့မှုကို ရှောင်ကြဉ်နိုင်ရန်ပင်။ ဆိုင်ကယ်နှင့် မောင်းသွားသည်က ပိုပြီး အဆင်ပြေလေ၏။
"တကယ်တော့ အစ်မလည်း ကား၀ယ်ဖို့ စီစဉ်နေတာ..ဒါပေမယ့် ရာထူးတိုးပြီးတာနဲ့ ချက်ချင်း ကား၀ယ်စီးလိုက်ရင် လူတွေ တစ်မျိုး မြင်နေမလားလို့...ဒါကြောင့် နည်းနည်း လောက် ထပ်စောင့်လိုက်ဦးမယ်..."
"အာ...အစ်မရင်းကလည်း မဟုတ်တာတွေ လျှောက်တွေးပြီး စိုးရိမ်နေပြန်ပြီ ..တခြားလူအမြင်ကို ဘာကိစ္စ ဂရုစိုက်နေရမှာလဲ..ကိုယ်သက်တောင့်သက်သာ ဖြစ်ရင် အဆင်ပြေပြီမဟုတ်လား..."လင်းရီ ပြောလိုက်ပြီး "နောက်တောင်ကျနေပြီ ..နောက်နေ့ကျမှ တစ်ချက်လောက် အတူ သွားကြည့်ကြတာပေါ့..."
"အင်း ကောင်းပြီလေ..."
လင်းရီ ၀မ်ရင်း အိမ်သို့ လျင်မြန်စွာ မောင်းပို့ ပေးလိုက်သည်။
၀မ်ရင်း၏ အိမ်ကလေးမှာ ပတ်လည် ၆၀ စတုရန်း မီတာလောက်သာ ရှိပြီး သူ၏ ကျိုကျုံး ဗီလာနှင့်တော့ ယှက်ရက်စရာပင် မရှိပေ။
သို့သော်လည်း ကျိုးဟိုင်ကဲ့သို့ သူဌေးများစုဝေးရာ မြို့ကြီးတွင်တော့ မြေတစ်လက်မချင်းစီတိုင်းမှာ တန်ဖိုး ကြီးလှပေသည်။ ယခု အိမ်အရွယ်အစား ဆိုပါက အနည်းဆုံး ၅ မီလီယမ်လောက်တော့ ကျသင့်ပေမည်။
ဧည့်ခန်းမှာတော့ အနည်းငယ် ရှုပ်ယှက်ခတ်နေပြီး ၀မ်ရင်း၏ ရောင်စုံပင်တီများကို နေရာအနှံ့ မြင်တွေ့နိုင်လေသည်။ ထိုအရာကတော့ တစ်ကိုယ်တည်း နေထိုင်သည့် အမျိုးသမီးတိုင်း၏ ထုံးစံပင်။
"ရီလေး..အားနာလိုက်တာဟယ်...နင်လာမယ်မှန်းမသိတော့ ကြိုမရှင်းထားမိဘူး..."၀မ်ရင်း မျက်နှာလေး နီရဲလျက် ပြုံးလိုက်၏။
ထိုသို့ ပြောလိုက်သော်လည်း ၀မ်ရင်း သူမ၏ အတွင်းခံများကို ကောက်သိမ်းရန် အစီအစဉ် မရှိပေ။
"အဆင်ပြေပါတယ်...ကျွန်တော်နေတဲ့ နေရာနဲ့ အတူတူပါပဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"အဲ့တာဆိုလည်း အစ်မ ကိန်းကြီးခန်းကြီးတွေ လုပ်မနေတော့ဘူးနော်...ရေခဲသေတ္တာထဲမှာ ဖရဲသီးနဲ့ သောက်စရာတွေ ရှိတယ် နင့်စိတ်ကြိုက်သာ ယူစားပေတော့... "
ထိုသို့ပြောရင်း ၀မ်ရင်း သူမ၏ ရှပ်အင်္ကျီကို ကြယ်သီးဖြုတ်လိုက်သောအခါ ဖြူဖွေးကြီးမားသော ယုန်ကြီး နှစ်ကောင်က ရုတ်ချည်း ပေါ်လာတော့၏။ သို့သော်လည်း ၀မ်ရင်းကတော့ ဂရုစိုက်ဟန် မပြ။
"အစ်မ ရေအရင်သွားချိူလိုက်ဦးမယ်..ပြီးမှ အတူသွားကျတာပေါ့..ဒီနေ့တော့ အစ်မရင်းက နင့်ကို ကောင်းကောင်းကြီး ပြုစုပေးမယ်..."
"ဟီးဟီး အဲ့တာဆိုရင်တော့ အစ်မရင်းကို အလုပ်ရှုပ်စေမိပြီ..."
၀မ်ရင်း ရေချိုးခန်းထဲ ၀င်ပြီးနောက် မကြာမီ ရေများ ပြေးလွှားနေသည့် အသံကို ကြားလိုက်ရ၏။ နားထောင်ရသည်နှင့် ကြည်နူးစရာကြီးပင်။
လင်းရီ ရေခဲသေတ္တာတံခါးကို ဖွင့်လိုက်ပြီး ဖရဲသီးစားရန် အသင့်ဖြစ်နေလေ၏။ ရာသီဥတုမှာ အတော်လေးပူသောကြောင့် အပူတစ်ချို့ကို ထုတ်ပစ်ရန် ဖရဲသီးလေး စားပေးသင့်၏။
သို့သော်လည်း ရေခဲသေတ္တာထဲ ဖွင့်ပြီးသောအခါ ၀မ်ရင်း၏ ရေခဲသေတ္တာမှာလည်း ကျီချင်းရန်၏ ရေခဲသေတ္တာနှင့် အတူတူပဲ ဖြစ်ကြောင်း သိသွားခဲ့သည်။
မဖွင့်ရသေးသော စတော်ကင်အသစ်များမှာ ရေခဲသေတ္တာ အောက်ဆုံးထပ်တွင် စုပြုံနေ၏။
လင်းရီ ရုတ်ချည်း ဖရဲသီး ချင်စိတ်များ ပျောက်သွားပြီး ဒစ်စပန်ဆာထဲမှ သာမန်ရေတစ်ခွက်ကိုသာ သောက်လိုက်တော့သည်။
မိနှစ်နှစ်ဆယ်ခန့် ကြာပြီးနောက် ရေချိူခန်းထဲရှိ ရေများ ပြေးလွှားနေသည့် အသံမှာ ရပ်တန့်သွားပြီး မကြာမီ ၀မ်ရင်း တစ်ပတ်တစ်ထည်ပတ်၍ ရေချိုးခန်းထဲမှ ထွက်လာခဲ့၏။
ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသော ပခုံးလေးထက်ပေါ်၀ယ် ရေနွေးငွေ့များက တငွေ့ငွေ့ လွင့်ပျံနေသည့် ၀မ်ရင်း၏ ပုံပန်းသွင်ပြင်မှာ ကျီချင်းရန်ကဲ့သို့ ရင်သပ်ရှုမောဖွယ်မကောင်းသော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရင့်ကျက်ပြီး အမျိုးသမီးတစ်ယောက်၏ ဆွဲဆောင်မှုတို့နှင့် ပြည့်နှင်နေလေသည်။
ထိုခံစားချက်ကတော့ လင်းရီ ကျီချင်းရန်ဆီမှ မရရှိနိုင်သည့် ခံစားချက်မျိုးပင်။
"ရီ...အစ်မအခန်းထဲ လာခဲ့ပါဦး..."
"အာ...."လင်းရီ အနည်းငယ် ရှုပ်ထွေးသွား၏။ "အစ်မရင်း ဒါက အစ်မအိမ်လေဗျာ...ကျွန်တော်၀င်လို့ မသင့်တော်ဘူး..."
"ဒီကောင်စုတ်လေးကတော့ ဘာတွေ လျှောက်စဉ်းစားနေလဲမသိဘူး.."၀မ်ရင်း ပြုံးလိုက်ပြီး "နင့်ကို ၀တ်ရမယ့်ဟာ ကူရွေးခိုင်းမလို့ဟဲ့..."
"အော်...ဟုတ် ရတာပေါ့ ဟီးဟီး..."
လင်းရီနှင့် ၀မ်ရင်းတို့ အတူ အိပ်ခန်းထဲသို့ ၀င်သွားကြသည်။ အိပ်ခန်းထဲတွင်တော့ ခေါင်းအုံးတစ်လုံးတည်းသာ ရှိနေလေသည်။
သူမ၏ ယောက်ျား အလုပ်ခရီးသွားနေလျင်တောင်မှ ခေါင်းအုံးတစ်လုံးတည်းတော့ မရှိသင့်ပေ။
၀မ်ရင်းကတော့ ထိုအကြောင်းတွေ ဂရုစိုက်မနေဘဲ သူမ၏ အ၀တ်ဗွီယိုကြီးကို ဖွင့်ပြလိုက်၏။
"အစ်မမှာ ရှိတဲ့ အ၀တ်တွေ အကုန်လုံးပဲ..ကဲ ရွေးပေးဦး ဘယ်ဟာ ၀တ်ရင် ကောင်းမလဲလို့..."
၀မ်ရင်း၏ အ၀တ်ဗွီယိုကြီးကတော့ သူမ၏ ဧည့်ခန်းကဲ့သို့ ရှုပ်ယှက်ခက်မနေပေ။
" ကျွန်တော့ အမြင်အရတော့ အဲ့ဒီ burgundy(အနီမှိုင်း)၀တ်စုံလေးက ကြည့်လို့ မဆိုးဘူး..."
လင်းရီ၏ ညွှန်ကြားချက်အတိုင်း သူမ burgundy ၀တ်စုံလေးကို ဆွဲယူလိုက်ပြီး အောက်ရှိ အံဆွဲ အသေးလေးကို ဆွဲဖွင့်ကာ"အဲ့ဒီထဲကလည်း တစ်ထည်လောက် ရွေးပေးဦး..."
"အဲ့ထဲက ဘာတွေများလဲ အစ်မရင်း..."
"နင်မြင်ရင် သိမှာပါ..."၀မ်ရင်း ပြုံးပြီး အံဆွဲသေးသေးလေးများကို ဆွဲဖွင့်လိုက်၏။
လင်းရီကတော့ သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။ အထဲတွင် ရှိနေသည်မှာ ၀မ်ရင်း၏ ကာလာမျိုးစုံ ဒီဇိုင်း မျိုးစုံနှင့် ပင်တီလေးများပင်။
"မ...မရွေးပေးလို့ မရဘူးလား...အစ်မရင်း ကြိုက်တဲ့ ဒီဇိုင်း ၀တ်လိုက်လေ..."
"နင်ကလည်း အရွယ်ရောက်ပြီးနေပြီကိုပဲ ဘာတွေ ရှက်နေမှန်း မသိဘူး..."၀မ်ရင်း အပြုံးလေးဖြင့် စနောက်လိုက်ပြီး "ကောင်းပြီ အဲ့ဒါဆိုလည်း ထားလိုက်တော့ အစ်မ အ၀တ်လဲပြီးတာနဲ့ သွားကြမယ်.."
"အိုကေ...."
လင်းရီ ခေါင်းညိမ့်၍ အိပ်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ၀မ်ရင်း အ၀တ်လဲပြီး သူမ အခန်းထဲမှ ထွက်လာခဲ့သည်။
အ၀တ်မှာ ကိုယ်ကျပ် မဟုတ်သော်လည်း ဝမ်ရင်း၏ လုံးပြည့်တင်းကားသော ခန္ဓာကိုယ်အချိုးအစားကြောင့် ကိုယ်ကျပ်အင်္ကျီသဖွယ် ဖြစ်နေလေ၏။
စတော်ကင် အနက်ရောင်လေးနှင့် ပေါင်းစပ်လိုက်သောအခါ ရင့်ကျက်သော အမျိုးသမီးတစ်ယောက်၏ အလှတရားကို ပိုပြီး ပြီးပြည့်စုံသွားစေ၏။
အတွင်းခံကတော့ သူမ ဘာ၀တ်လဲဆိုတာ လင်းရီလည်း မသိပေ။
သို့သော်လည်း သူသာ မေးကြည့်ပါက ၀မ်ရင်း ပြောပြလိမ့်မည်ကတော့ အသေအချာပင်။
"သွားစို့ အစ်မ လေညင်းပင်လယ်လို့ ခေါ်တဲ့ ရေကန်မှာ ဘွတ်ကင် လုပ်ထားတယ်..."
"လေညင်းပင်လယ်....အဲ့တာက ပင်လယ်စာ စားသောက်ဆိုင် ဟုတ်တယ်မလား...ဈေးပေါ့မယ့် ပုံ မပေါ်ဘူးနော်.."လင်းရီ ခန့်မှန်း ပြောဆိုလိုက်သည်။
"ကောင်းကောင်း ပြုစုပါမယ်ဆိုနေမှ ..အားနာမနေနဲ့ သွားစို့..."၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်၏။
နှစ်ယောက်သား အောက်ထပ်သို့ အတူဆင်းသွားပြီး လင်းရီ၏ ပန်ဂနီထဲသို့ ၀င်လိုက်ကြသည်။
လေညှင်းပင်လယ်ကန်မှာ ဇိမ်ခံ ပစ္စည်းများဖြင့် အလှဆင်ထားပြီး ချင်းဟန်၏ ဘာဘီကျူး ဆိုင်ကြီးနှင့်ပင် ယှဉ်၍ ရသည်။
၀မ်ရင်း တတိယထပ်တွင် ဘွတ်ကင်လုပ်ထားပြီး ဈေးကတော့ ထုံးစံအတိုင်း မိုးလောက်ကြီးပင်။ ထို့ကြောင့် လူအနည်းငယ်သာ ရှိပြီး ပတ်၀န်းကျင်မှာ တိတ်ဆိတ်နေလေသည်။
ဝမ်ရင်းကတော့ တုန့်ဆိုင်း မနေပဲ စားကောင်း သောက်ဖွယ် အများအပြားကို မှာလိုက်၏။ မည်သို့ပင်ဆိုစေ ယခုလိုနေရာမျိုး၌ ဒေါ်လာ ထောင်ဂဏန်းခန့် မကုန်ကျဘဲ စားသုံးရန်မှာ မဖြစ်နိုင်ချေ။
"ရီ...နင်က မောင်းရမယ့်လူဆိုတော့ နင်နဲ့ အတူရေနွေးကြမ်းပဲ သောက်ပေးလိုက်မယ်နော်..."
"ဘာမှ မဖြစ်ပါဘူးဗျ...ကိစ္စကြီး မဟုတ်ပါဘူး..."
"အင်း ဒါပေမယ့် နင်သာ အစ်မရင်းအတွက် စကားကောင်းလေးတွေ မပြောပေးဘူးဆိုရင် အစ်မရင်းလည်း ဒါရိုက်တာ ဖြစ်လာမှာ မဟုတ်ဘူး..."၀မ်ရင်း လင်းရီကို လျို့ဝှက်ဆန်းကြည်စွာ ကြည့်လိုက်ပြီး "ရီ..မနေ့က ပါတီပွဲပြီးတော့ ဥက္ကဌကျီ အပေါ်ထပ် တက်သွားတာ မြင်လိုက်သေးတယ်..အဲ့တာ နင့်ကို သွားရှာတာမလား..."
"အင်း..ဟုတ်တယ်..."လင်းရီ ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိချေ။
"ဒီတော့ နင် ဘော့စ်ကျီနဲ့ ဟိုဒင်းဟိုဟာတွေ မလုပ်ခဲ့ဘူးမလား..."
"အစ်မရင်းက အရမ်းဆိုးတာပဲဗျ..."လင်းရီကတော့ ငိုရမလား ရယ်ရမလားတောင် မသိတော့ချေ။
"ဘာဖြစ်လို့လဲ ဥက္ကဌကျီရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း အကိတ်ကြီးဆိုတော့ နင်လည်း အားရပါးရကြီး စားလိုက်ရတယ်မလား.. ..."၀မ်ရင်း ပါးချိုင့်ပေါ်အောင် ပြုံးလိုက်ပြီး "ပြီးတော့ ဒီနေ့မှ ကြည့်မိတယ်...နင်လည်း တော်တော် သန်မာတာပဲ..."
"အစ်မရင်းကတော့ အတွေးလွန်နေပါပြီဗျာ...ကျွန်တော်တို့ တကယ်ကြီး ဘာမှကို မဖြစ်ခဲ့တာ အိပ်တာတောင်မှ ခွဲအိပ်ကြတာ.."
"မဖြစ်နိုင်တာ...မောင်လေးရီက ကိုယ့်မျက်စိရှေ့ ကျလာတဲ့ အသားတစ်ကြီးကိုတောင်မှ မစားလိုက်ဘူးပေါ့..."
"ကျွန်တော်လည်း မစားချင်ပဲ နေပါ့မလား...သူ(မ) မှ အခွင့်ရေး မပေးတာ...."
"အင်း နင်ပြောတာ မှန်တယ်...ဘော့စ်ကျီက လွယ်တဲ့ လူတော့ မဟုတ်ဘူး.."၀မ်ရင်း ဒေါက်မြင့် ဖိနပ်များ ချွတ်လိုက်ပြီး သူမ၏ စတော်ကင်များ ၀တ်ထားသော ခြေမဖြင့် လင်းရီ၏ ခြေထောက်ကို ထိလိုက်သည်။ "မောင်လေးရီ တော်တော်လေး နာကျင်နေမှာပဲနော်..."
"အစ်မရင်းကတော့ အထင်လွဲအောင် လုပ်နေတာပဲ.."
"အဲ့တော့ ဘာဖြစ်လဲ အထင်ဆက်လွဲလိုက်ကြရင် မကောင်းဘူးလား..."
၀မ်ရင်း ညုတုတုအသံဖြင့် ပြောလိုက်ပြီး "ခုအစ်မနဲ့ အစ်မအမျိုးသားက ကိုယ့်ဘ၀နဲ့ကိုယ် နေနေကြပြီ...အိမ်ဆိုတာကလည်း အစ်မတို့ အတွက်က ဟိုတယ် တစ်ခုလိုတောင် ဖြစ်နေပြီ..အစ်မတို့ နှစ်ယောက်က အတူနေတယ်ဆိုရုံလေးပဲ ရှိတာ...
"ဗျာ...မဖြစ်နိုင်လိုက်တာ...အစ်မရင်းတို့ ကွာရှင်းထားကြတာလား..."
လင်းရီ အနည်းငယ် အံ့ဩသွားခဲ့သည်။ ၀မ်ရင်း သူမ၏ အိမ်ထောင်ရေးအကြောင်း ပြောပြသည်မှာ ပထမဆုံး အကြိမ်ပင်။
"အစ်မတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက သူ အစ်မအပေါ် ပထမဆုံး ဖောက်ပြန်ကတည်းကနေ ပျက်စီးသွားခဲ့ပြီ...အပေါ်ယံမှာတော့ ဘာမှ မဟုတ်သလို ဆိုပေမယ့် နှစ်ယောက်လုံးက အရင်လို ပြန်မဖြစ်နိုင်ကြတော့ဘူးလေ..."
"ဟမ့်...သူက အစ်မရင်းလို အရမ်းလှတဲ့ ဇနီးတစ် ယောက်အပေါ် ဘယ်လိုတောင်မှ ဖောက်ပြန်ရက်တာလဲဟ...."
လင်းရီ ထို..အစ်မရင်း၏ ယောက်ျား၏ အတွေးခေါ်ကို နားမလည် နိုင်တော့ချေ။ စဉ်းစားလေ ရှုပ်ထွေးလေ ဖြစ်နေ၏။
"ယောက်ျားတွေအားလုံးက အသစ်ကြိုက်ကြတာကြီးပဲ မဟုတ်လား..."၀မ်ရင်း ရင်ထဲ၌ စို့နင့်နေသော အသံလေးဖြင့် ပြောလိုက်သည်။
"အသစ်ကို အရသာတွေ့သွားနဲ့ အဟောင်းကို လှည့်မကြည့်ချင်တော့တာ သဘာ၀ပဲလေ...ဒါကြောင့် အစ်မတို့ လွန်ခဲ့တဲ့ နှစ်နှစ်လုံး စကားသိပ်မပြောဖြစ်ကြတာပေါ့...အိမ်ထောင်ရေး သံယောဇဉ်ကလည်း အားနည်းသထက် အားနည်း လာပြီးတော့...လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက သူသာ အစ်မကို ဒူးထောက်ပြီးတော့ မတောင်းပန်ထားဘူးဆိုရင် အစ်မတို့ ကွာရှင်းပြီးတာကြာပြီ...."