အခန်း (၁၂၄)
Vol. 9 Ch. 124
"အစ်မရင်းမှာ ခံစားချက်တွေ မရှိတော့ ဘူးဆိုရင်လည်း ဘာလို့ဆက်ပေါင်းနေမှာလဲ...အလကား အချိန်ပုပ်တာပဲ မဟုတ်လား..."
"အစ်မရင်းက အသက်လည်း အရမ်းမကြီးသေးဘူး..ပြီးတော့ အလုပ်ကလည်း ကောင်းပြီးသား အစ်မမှာ နောက်အိမ်ထောင်ပြုလို့ရသေးတာပဲလေ..."
"အင်း အစ်မလည်း သင့်တော်တဲ့ သူနဲ့ မတွေ့သေးလို့ပါ...မဟုတ်ဘူးလား..."၀မ်ရင်း မေးလေးထောက်ပြီး အပြုံးလေးဖြင့် လင်းရီကို ကြည့်ကာ ပြောလိုက်၏။
"အစ်မရင်းမှာ အဲ့လို အတွေးရှိတယ်ဆိုရင် ကျွန်တော် ကူညီပေးလို့ရတယ်နော်..."
"ဆိုရိုးတောင် ရှိသေးတယ်မလား..လက်ထပ်ပွဲကို ဖျက်ဆီးတာထက် နန်းတော်ဆယ်ခုကိုပဲ ဖျက်စီးပစ်လိုက်မယ်...."(TL-တ-ရုတ်)
"ကျွတ်...နင်ကတော့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကိုတောင်မှ တန်ဖိုးမထားချင်ဘူးပေါ့..."၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး ပုစွန်တုပ် တစ်ပိုင်းကို ကောက်ယူလိုက်ပြီး လင်းရီပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး.."ရော့..မြည်းကြည့်လိုက် အစ်မအရင်တုန်းက စားဖူးတယ် အရမ်းအရသာ ရှိတယ်သိလား..."
လင်းရီ အပြုံးလေးဖြင့် ခေါင်းညိမ့်လိုက်ပြီး "ဟုတ် ကျေးဇူးနော် အစ်မရင်း..."
နှစ်ယောက်သား စားရင်း သောက်ရင်း စကားတွေ အများကြီး ဖောင်ဖွဲ့ခဲ့ကြသည်။
ထိုမှတစ်ဆင့် လင်းရီ ၀မ်ရင်း အကြောင်း အများကြီး နားလည် လိုက်၏။
သူမ သူ့နား ကပ်နေသည်မှာ အံ့ဩစရာ မရှိတော့ချေ။ ၀မ်ရင်းနှင့် သူမအမျိုးသားတို့၏ အိမ်ထောင်ရေးမှာ အဆုံးသတ်တော့မည်ဖြစ်ပြီး အတူနေပါကလည်း ဒီတိုင်း အချိန်ဖြုန်းနေခြင်းသာ။
စားပြီးနောက် လင်းရီ ၀မ်ရင်းကို ပြန်ပို့လိုက်ပြီး "ကားမောင်းရတာ အရမ်း ပင်ပမ်းတယ်မဟုတ်ဘူးလား...မဟုတ်လည်း မောင်လေးရီ ဒီမှာ တစ်ညလောက် တည်းသွားပါလားလို့..."၀မ်ရင်း လင်းရီ၏ လက်မောင်းကို သူမ ရင်ဘက်ဖြင့် ဖိကပ်၍ ပြောလိုက်သည်။
"ကျွန်တော်လည်း နေချင်တာပေါ့..ဒါပေမယ့် ခုက အချိန်ကောင်းတော့ မဟုတ်သေးဘူး..."
လင်းရီအပြုံးလေးဖြင့် ပြောလိုက်၏။
"ဟွန့် အစ်မက မောင်လေးရီကို လက်ရဲဇက်ရဲရှိမယ်လို့ ထင်ထားတာ ခုတော့ ငကြောက်ကြီး ဖြစ်နေပါလား..."
၀မ်ရင်း လက်ပြန်လွှတ်လိုက်ပြီး သူမ၏ ဆံပင်ကို သပ်လိုက်ကာ "မောင်လေးရီက ကိုယ်တာ၀န်ယူစရာ မလိုတဲ့ အသားတုံးကြီး ကိုယ့်ပါးစပ်ရှေ့ရောက်နေတာတောင်မှ မစားချင်ဘူးပေါ့...ကြောက်တတ်လိုက်တာလည်း လွန်ရော.... "
လင်းရီ ၀မ်ရင်း၏ ပါးဖောင်းဖောင်းလေးကို ဖျစ်ညစ်လိုက်ပြီး "လူဆိုတာ ကိုယ်ကျင့်တရား စောင့်ထိန်းရမယ်လေ..မဟုတ်ရင် ကျွန်တော်က အစ်မရင်းကို ခုလိုမျိုး ကျွန်တော့်ဘေးနားမှာ ထားထား နိုင်မှာတဲ့လား... "
၀မ်ရင်း ချိုမြိန်စွာ ပြုံးလိုက်ပြီး "စကားချိုချိုလေးတွေ သိပ်ပြောတတ်နေတယ်ပေါ့...."
၀မ်ရင်း ကားထဲမှ ထွက်လိုက်ပြီး သူမ အိမ်ထဲသို့ ၀င်သွားခဲ့၏။
လင်းရီလည်း အိမ်သို့ မောင်းသွားလိုက်ပြီး ရေကူးကန်ထဲ၌ တစ်ပတ်နှစ်ပတ်ခန့် လက်ပစ်ကူးနေလိုက်သည်။သို့သော်လည်း လင်းရီ ကူးရင်း ကူးရင်းနှင့် တစ်ခုခု လိုနေသလို ခံစားလာရ၏။
တခဏမျှ စဉ်းစားပြီးနောက် ဘာလိုနေလဲဆိုတာ အဖြေရှာတွေ့သွားသည်။
အကယ်၍ ကျီချင်းရန်သာ ရှိနေပါက ည လအလင်း၏ အောက်၀ယ် သူမ၏ ဖြူဖွေးသော အသားအရေလေးနှင့် ရေစိုစို အလှတရားတို့ မြင်ကွင်းမှာ သူ၏ လစ်ဟာနေမှုအား ပြည့်စုံသွားစေလိမ့်မည်။
ဒူ ဒူ ဒူ ...
လင်းရီ ဝီချက်ထဲသို့ မက်ဆေ့ခ်ျ တစ်စောင် ရောက်လာခဲ့သည်။
ဖွင့်ကြည့်လိုက်သောအခါ ဂိမ်းသရဲမလေး စကတ်တွန့် လေးထံမှ ဖြစ်နေလေ၏။
စကတ်တွန့်လေး : နတ်ဘုရား..ဂိမ်းတူတူဆော့ရအောင်...(မပီကလာ ပီကလာ အသံဖြင့်)
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : စကားကို လူလိုပြောစမ်း...
စကတ်တွန့်လေး : ငါ ဒီနေ့ အရမ်းပျော်နေတယ် သိလား..ငါ အရမ်း အမြင်ကပ်တဲ့သူက ဒီနေ့ပဲ အလုပ်ဖြုတ်ခံလိုက်ရပြီ ..ခုကစပြီးတော့ အလုပ်မှာ သူ့ကို မမြင်ရတော့ဘူး..အဟိ တွေးကြည့်တာနဲ့တင် ပျော်ဖို့ကောင်းနေပြီ"
စကတ်တွန့်လေး : ငါဒီနေ့ နတ်ဘုရားတွေကိုတောင်မှ ဖိနှိပ်နိုင်မယ်လို့ ခံစားနေရတယ်...
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ဟမ့်..မင်းသာ သရဲတွေကို ဖိနှိပ်နိုင်မယ်ဆိုရင် ငါ့ကို အကောင်းဆုံးလက်ဆောင် ပေးလိုက်တာနဲ့ အတူတူပဲ...
စကတ်အတွန့်လေး : နင်ကလည်း အဲ့လိုကြီး မပြောစမ်းပါနဲ့...ငါလည်း ကြိုးစားနေတာပဲဟာကို...
စကတ်တွန့်လေး : မြန်မြန် ဂိမ်းထဲ ၀င်လိုက်တော့ ငါနတ်ဘုရားတွေကို ဖိနှိပ်ဖို့ မစောင့်နိုင်တော့ဘူး..
လင်းရီ ဂိမ်းကို ဖွင့်လိုက်သောအခါ စကတ်တွန့်လေးထံမှ အတူဆော့ရန် တောင်းဆိုမှုကို လက်ခံလိုက်သည်။ ထိုသို့ဖြင့် နှစ်ယောက်သား ရန့်တက်မည့် ခရီးစဉ်ကြီး စတင်လိုက်တော့၏။
(တစ် နာရီ ကြာပြီးနောက်...)
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ငိုးမပဲ ငါတော့ ဂျင်းထည့်ခံလိုက်ရပြီ သုံးပွဲဆော့တာ နှစ်ပွဲက ကြယ်လှူလိုက်ရတယ်...ခုငါ အလှူရှင်ကြီး ဖြစ်နေပြီလားဟ...
စကတ်တွန့်လေး : နတ်ဘုရားကလည်း မအော်ပါနဲ့ဆို..ငါဒီနေ့ နည်းနည်းလေး စိတ်လှုပ်ရှားသွားလို့ နဲနဲလေး အထိန်းကွပ်မဲ့သွားတာ..
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : မင်းဂိမ်းကစားရင် နည်းနည်းလေး ခေါင်းသုံး လို့မရဘူးလားကွ..မင်းရဲ့ IQက ေ-သဖို့ အတွက်ပဲ သုံးနေတာလား..
ပြိုင်ဘက်ကင်းကြက်တောင်ပံ : ငိုးပဲ ပြီးတော့ မင်းက အဲ့ဒီရင်းကျန်ဆိုတဲ့ ကောင်နား ဘာလို့ သွားသွား ေ-သနေတာလဲဟ...
စကတ်တွန့်လေး : ဘာလို့လဲဆိုတော့ ငါက ကျန်းခေါ် ကိုင်နေလို့လေ...
ပြိင်ဘက်ကင်း ကြက်တောင်ပံ : အဲ့သောက် ကျန်းခေါ်နဲ့ ဘာဆိုင်လို့လဲ...
စကတ်တွန့်လေး : ကျန်းခေါ်က ရင်ကျန်း သတ်တာခံရမှာပဲလေ..အဲ့တာက သူ့ကံကြမ္မာပဲ မဟုတ်ဘူးလား...
ဂိမ်းစတိုရီထဲမှာ အဲ့လိုရေးထားတယ်လေ...
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ငါ့ ဖင်ကြီးကိုပဲ ကံကြမ္မာနေလိုက်...,နောက်ခါ ဘယ်တော့မှ ဂိမ်းအတူဆော့ဖို့ လာမခေါ်နဲ့တော့...
လင်းရီ အရမ်း ဒေါသထွက်သွားပြီး ဂိမ်းထဲမှ ထွက်ခဲ့လိုက်၏။ သူဒီနေ့ ရန့်တက်ရမည်ဖြစ်သော်လည်း ထိုစကတ်မမှာ အရာအားလုံးကို ဖျက်စီးပစ်လိုက်၏။
မကြာမီ သူ၏ ဝီချက်ထံသို့ စာတစ်စောင် ရောက်ရှိလာ၏။
စကတ်တွန့်လေး : နတ်ဘုရားကလည်း စိတ်မဆိုးနဲ့လေဟာ...စိတ်ဆိုးပြေအောင် ထမင်း လိုက်ကျွေးမယ် နတ်ဘုရား ကြိုက်တဲ့နေရာသာ ရွေးလိုက်...
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : စိတ်မ၀င်စားဘူး...
စကတ်တွန့်လေး : မလုပ်ပါနဲ့...အနည်းဆုံး ကျေးဇူးတင်ဖို့ အခွင့်ရေးလေးတော့ ပေးပါ နတ်ဘရားရယ်...တောင်းဆိုပါတယ်နော်....
ပြိင်ဘက်ကင်း ကြက်တောင်ပံ : မင်းငါ့ကို ဒယ်ဒီလို့ ခေါ်ရင်တောင်မှ အသုံးမ၀င်ဘူး...လစ်လိုက်တော့...
စကတ်တွန့်လေး : ဒယ်ဒီ...
လင်းရီ "....."
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : တကယ်ကြီး ခေါ်လိုက်တယ်ပေါ့...ကဲ ကြိုက်တဲ့နေရာ ဘွတ်ကင် လုပ်ထားလိုက်...
စကတ်တွန့်လေး : မနက်ဖြန် ညနေ ငါးနာရီ .ပင်လယ်ဘေးနားကလူ စားသောက်ဆိုင်မှာ ဆုံကြရင်ကော...
ပြိုင်ဘက်ကင်း ကြက်တောင်ပံ "အဲ့တာ အနောက်တိုင်း ဟင်းလျာတွေ ရောင်းတဲ့ စားသောက်ဆိုင်မလား..."
စကတ်တွန့်လေး : ကြီးမြတ်သူတွေက အနောက်တိုင်း အစားစာပဲ စားကြတာ မဟုတ်ဘူးလား...
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ငါက ဘာလာလာ အကုန်အောင်တယ်...
စကတ်တွန့်လေး : ကောင်းပြီလေ..မနက်ဖြန် ဆုံကြတာပေါ့...
စကားပြောပြီးနောက် လင်းရီ ဗီလာနံပါတ်သုံးသို့ သွားလိုက်၏။ ယခုညတော့ လင်းရီ ဗီလာနံပါတ်သုံး၌ စက်တော်ခေါ်တော့မည်။
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီ အိပ်ရာမှ ကုန်းရုံးထ၍ မျက်နှာသစ် သွားတိုက် ကိစ္စများ ရှင်းပြီးနောက် တက္ကသိုလ်သို့ ဦးတည်လိုက်သည်။
"ဟမ်...ငါ့ရဲ့ စားပွဲကောဟ..."
လင်းရီ သူ၏ စားပွဲခုံ ပျောက်နေသည်ကို မြင်တော့ မေးလိုက်၏။
"မစ္စတာလင်းက မေ့များမေ့နေတာလား..ရှင်က ဒုကျောင်းအုပ်ကြီး ဖြစ်သွားပြီဆိုတော့ ကျွန်မတို့နဲ့ အတူ ထိုင်လို့ မရတော့ဘူးလေ..."ရှစ်လိမှ အပြုံးလေးဖြင့် ပြောလိုက်၏။
"မိန်းကလေးရှစ်ကလည်း သူ့ကို မစ္စတာလင်းဆိုပြီး ဆက်ခေါ်လို့ မရတော့ဘူးလေ..ဒုကျောင်းအုပ် လင်းဆိုပြီး ခေါ်ရတော့မှာ..." လီရှင်းပန်းမှ သူ၏ မျက်မှန် ကိုပင့်၍ပြောလိုက်သည်။
"အစ်ကိုလီ ကျွန်တော့်ကို လျှောက်စမနေနဲ့..."လင်းရီ ပြောလိုက်ပြီး "ကျုပ်ကို အရင်လို ရီလေးလို့ ရင်းရင်းနှီးနှီး ခေါ်လဲ ရပါတယ်ဗျ..."
"ဘယ်ရမှာ စည်းမျဉ်းက စည်းမျဉ်းပဲလေ..."လီရှင်းပန်းမှ စာအုပ်ကြီး သမား စတိုင်ဖြင့် ပြောလိုက်၏။
"ငါတို့ မင်းရဲ့ စားပွဲခုံကို အတွင်းရုံးခန်းထဲ ထည့်ထားပေးပြီးသား...အထဲ၀င်ကြည့်လိုက်ဦး .."
"မဖြစ်နိုင်တာ.."လင်းရီ ကြောက်လန့်သွားဟန်ဖြင့် "ကျုပ်တော့ သွေးဆုံးတော့မယ့် ကျားသစ်မကြီးနဲ့ အတူ မထိုင်ချင်ဘူး..နောက်နှစ်နည်းနည်းလောက် နေချင်သေးတယ်..အစ်ကိုလီ ကျွန်တော့်ကို စားပွဲ ကူထုတ်ပေးရမှာနော်..."
"နင် ဘယ်သူ့ကို ကျားသစ်မကြီးလို့ ခေါ်နေတာလဲ..."
ရှောင်ထျန် အထဲသို့ ၀င်လာပြီး လင်းရီကို ဘုကြည့်ကြည့်လိုက်သည်။
ရုံးခန်း တစ်ခုလုံး ရှောင်ထျန်ကို ကြည့်ရင်း တိတိဆိတ်သွားကြသည်။
သူမ၏ ယခုပုံစံမှာ အမှန်တကယ်ပင် ကျားသစ်မကြီးနှင့် တူနေတော့၏။
ကလင် ကလင် ကလင်
ထိုအချိန်တွင် ကော်မတီရုံးခန်း၏ ရုံးမြည်လာပြီး ပေါက်ကွဲတော့မည့် လေထု အခြေနေကို ဖြိုခွဲသွားသည်။
"ဟယ်လို...ကော်မတီ ရုံးခန်းကပါ..."စုန့်ကျား ဖုန်းဖြေလိုက်၏။
"ဆရာမ မကောင်းတော့ဘူး...ရှောင်ယွီ အဆောက်အအုံပေါ်ကနေ ခုန်ချတော့မယ်....မြန်မြန်လာကြည့်ပါဦး..."
"ဘာ...အဆောက်အဦး ပေါ်ကနေ ခုန်ချတော့မယ်..."
စုန့်ကျား အသံ မြင့်တက်သွားပြီး လုံး၀ စိုးထိတ်သွား၏။
ရုံးခန်းထဲရှိ လူအားလုံးလည်း စိုးထိတ်သွားခဲ့ကြသည်။
သူတို့အားလုံး စုန့်ကျားကို ကြည့်လိုက်ကြပြီး ဘာဖြစ်နေလဲဆိုတာ သိချင်နေကြ၏။
"အလုပ် ပြဿနာပဲ ဖြစ်မယ်ဆရာမ သမီး ဖုန်းထဲကနေ ရှင်းပြလို့ အဆင်မပြေဘူး လူကိုယ်တိုင် လာခဲ့မှပဲ ရမှာ..."
"..မပူနဲ့...ဆရာမတို့ အခုပဲ လာခဲ့မယ်နော်..."စုန့်ကျား အလောသုံးဆယ် လေသံဖြင့် ပြောလိုက်ပြီး "သမီးတို့ ခုဘယ်မှာလဲ.."
"သမီးတို့ ငှားထားတဲ့ အိမ်မှာ..."
"ကောင်းပြီ ရှောင်ယွီကို ဖျောင်းဖျထားဦး ဆရာမတို့ ခုပဲ လာနေပြီနော်..."
"ကျားကျား ဘာဖြစ်တာလဲတဲ့.."စုန့်ကျား ဖုန်းချပြီးနောက် ရှောင်ထျန် ချက်ချင်း မေးလိုက်၏။ "ပြီးတော့ ဘယ်သူ ခေါ်တာလဲ..."
"လျိုရန် ခေါ်လိုက်တာ..ဒါပေမယ့် ဘာလို့ ခေါ်လိုက်လဲ ဆိုတာတော့ မပြောပြဘူး...ခု သူတို့ ငှားထားတဲ့ အိမ်မှာ ..အဲ့မှာ ရှောင်းယွီက တိုက်ပေါ်ကနေ ခုန်ချချင်နေလို့တဲ့..."
"ပြောနေတာ ရပ်တော့...ကျားကျား ရှစ်လိ ..အရင်သွားကြစို့.."ထို့နောက် လင်းရီကိုလည်း ကြည့်လိုက်ပြီး "နင်လည်း လိုက်ခဲ့.."
"အိုကေ.."
ထိုအချိန်တွင်တော့ လင်းရီ ရှောင်ထျန်နှင့် ငြင်းခုန်မနေတော့ပဲ လေးယောက်သား တံခါးဆီသို့ ဒုန်းဆိုင်း ပြေးသွားလိုက်ကြသည်။
သူတို့အားလုံး ကားပါကင် ထိုးသည့်နေရာသို့ ရောက်သွားကြပြီး လင်းရီ ကားထဲသို့ ၀င်ကာ
"ဘယ်နေရာလဲ..."
"ရွှမ်ချင်း လမ်းက ရန်ကျားအိမ်.."စုန့်ကျား ပြောလိုက်၏။
"ဘာတွေ ဖြစ်နေတာလဲ..ဘယ်သူက တိုက်ပေါ်ကနေ ခုန်ချချင်နေတာလဲ..."လင်းရီ မောင်းရင်း မေးမြန်းလိုက်သည်။
"အဲ့ကလေးမလေးနာမည်က စွန်းရှောင်ယွီတဲ့ ပြီးတော့ ငါတို့ဆီ ဖုန်းဆက်သူက သူ့သူငယ်ချင်း လျိုရန်...သူတို့ နှစ်ယောက်လုံးက ထိပ်တန်းကျောင်းသူတွေပဲ..ကျောင်းပြီးတာနဲ့ အတူတူ အိမ်လေး တစ်လုံးငှားပြီး နေနေကြတာ..ခုလို ဖြစ်လာလိမ့်မယ်လို့တောင် ထင်မထားဘူး.."
စုန့်ကျား အကြောင်းစုံရှင်းပြလိုက်၏။
စွန်းရှောင်ယွီဆိုသည်မှာ ကျောင်းတုန်းကတည်းကပင် အတန်း၏ နတ်ဘုရားမလေးဖြစ်ပြီး စာပေဘက်တွင်လည်း ထူးချွန်ကာ ကျောင်း၏ ဂုဏ်ဆောင်သူလေး ဖြစ်၏။
ရှောင်ထျန်နှင့် စုန့်ကျားတို့ အားလုံးသိပေသည်။ သူမတို့ ငှားသည့် အိမ်ကိုတောင်မှ သင့်တော်သည့် ဈေးနှင့် ရအောင် ရှောင်ထျန်မှ တကူးတက ရှာထားပေးသေး၏။
"မင်းခုနကပြောတော့ စွန်းရှောင်ယွီက သူ့အလုပ်ကြောင့် တိုက်ပေါ်ကနေ ခုန်ချချင်နေတယ်လို့ ပြောတယ်နော်...သူက ဘာလုပ်တာလဲ..."
"ဒါရိုက်တာလင်း စီနိုဟန်ဆိုတဲ့ ကုမ္ပဏီကြားဖူးလား...ငွေကြေး ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီလေ..."
"ဘွဲ့မရသေးတဲ့ လူတွေထဲမှာ ရှောင်ယွီက ပထမဆုံး စီနိုဟန် ကုမ္ပဏီမှာ အလုပ်၀င်နိုင်တဲ့ သူပဲ..."
"စီနိုဟန် ကုမ္ပဏီ .."လင်းရီ ရေရွတ်လိုက်ပြီး'အဲ့တာ ဟိုကောင် ချင်းဟန်ရဲ့ ကုမ္ပဏီပဲ မဟုတ်လား..'
"ကောင်းပြီ လေပေါနေတာတွေ ရပ်လိုက်တော့ ဘာဖြစ်နေလဲဆိုတာ သွားကြည့်ကြည့်ရအောင်..."
"အိုကေ..."
သုံးယောက်လုံး ထိုနေရာသို့ ရောက်သောအခါ ရဲများမှ နေရာတစ်ဝိုက်ကို တားဆီးထားပြီး သူမ ခုန်ချလောက်မည့် နေရာတွင်လည်း လေအိတ်များ အသင့် ပြင်ဆင်ထား၏။
လင်းရီတို့ မော့ကြည့်လိုက်သောအခါ ခေါင်မိုးထက်၌ လူတစ်ယောက် ရပ်နေသည်ကို ရှင်းလင်းစွာ မြင်နိုင်၏။ ထိုလူမှာ စုန့်ကျား ပြောပြောနေသည့် စွန်းရှောင်ယွီပင်။
"မိန်းကလေး အဲ့မှာ ရပ်နေတာ အန္တရာယ်များတယ်...ဆင်းခဲ့..."ရဲအရာရှိမှ စပီကာနှင့် လှမ်းအော်ပြောလိုက်သည်။
"ဟဲလို အရာရှိကြီး ခေါင်မိုးထိပ်မှာ ရပ်နေတဲ့ မိန်းကလေးက ကျွန်မ တပည့်မလေးပါ..ကျွန်မတို့ သူ့နား သွားလို့ ရမလား..."ရှောင်ထျန် တောင်းဆိုလိုက်ပြီး "ကျွန်မတို့ ဖျောင်းဖျကြည့်လို့ရရင် ရမှာပေါ့ အဲ့လိုက ပိုကောင်းမယ် ထင်တယ်..."
ရှောင်ထျန် ဘယ်သူလဲဆိုတာ သိတော့ ရဲအရာရှိ၏ အမူအရာမှာ အများကြီး ပျော့ပျောင်းသွားပြီး "ခဏလောက်စောင့်ပေးပါဦး ကျုပ်ခေါင်းဆောင်ဆီ သတင်းပို့လိုက်ဦးမယ်..."
"ကောင်းပါပြီရှင်..."
"ပြောစရာမလိုဘူး..မင်းတို့ သူနဲ့ စကားပြောချင်တယ်မလား ငါနဲ့ လိုက်ခဲ့ကြ..."
ရှောင်ထျန်တို့ ပြောနေတုန်း သက်လတ်ပိုင်း လူကြီးတစ်ယောက်မှ ဖြတ်ပြောလိုက်၏။
သူ၏ လေသံအရတော့ ထိုလူမှာ ခေါင်းဆောင်ဖြစ်သည့်ပုံပင်။
"ကျေးဇူးတင်ပါတယ်..."
ရဲအရာရှိ၏ ဦးဆောင်မှုအောက်တွင် လင်းရီတို့ အားလုံး ခေါင်မိုးပေါ်သို့ ရောက်ရှိလာကြ၏။
"ဆရာမထျန်..ဆရာမစုန့်..ဆရာမရှစ်..."
ဆံပင်အတိုနှင့် မိန်းကလေးမှာ ရှောင်ထျန်တို့ကို မြင်တော့ ငိုထားသည့် မျက်နှာလေးဖြင့် ပြေးလာရှာသည်။
ရှောင်ထျန်မှာ သူမတပည့်မ လေး၏ မျက်နှာကိုကြည့်ရင်း ရင်ထဲ စူးနင့်သွားကာ"ရှောင်းယွီက ဘာဖြစ်လို့လဲ သမီး ..သူ အလုပ်မှာလည်း အဆင်ပြေနေတာပဲ မဟုတ်ဘူးလား..ဘာလို့ ကိုယ့်ဘာကိုယ် အဆုံးစီရင်ချင်နေရတာလဲတဲ့.."
"သမီးလည်း သေချာမသိဘူး...သမီး ဒီနေ့ အလုပ်နားတော့ အိမ်မှာ အိပ်နေတုန်း ရှောင်ယွီ ငိုပြီး ပြန်လာတာပဲတွေ့လိုက်တယ်..ပြိးတာနဲ့ သူ အခန်းထဲ၀င်သွားတာပဲ..သူ့ကောင်လေးနဲ့ ရန်ဖြစ်လာတာလား မသိဘူး..."
"အဲ့လိုလား..နားလည်ပြီ.."
သို့နှင့် ရှောင်ထျန် ခြေလှမ်း အနည်းငယ်လောက် ရှေ့တိုးလိုက်ပြီး "ရှောင်ယွီ ..စိတ်အေးအေးထား..သမီးမှာ တစ်ခုခု ပြောစရာရှိရင်လည်း ဆရာမ အားလုံး နားထောင်ပေးမယ်...ဆရာမ သမီးကိုယ်စား ဆုံးဖြတ်ပေးလို့ရတယ်နော်..."