← Chapters

မင်း ‌ေ-သချင်နေရင်လည်း အခု ‌ေ-သလိုက်တော့ 

Vol. 9 Ch. 125

မင်း ‌ေ-သချင်နေရင်လည်း အခု ‌ေ-သလိုက်တော့ 

Vol. 9 Ch. 125

ရှောင်ထျန်၏ အသံကိုကြားတော့ ရှောင်ယွီ နောက်သို့ လှည့်ကြည့်လိုက်၏။

မိန်းကလေးမှာ အတော်လေးတော့ လှသားပင်။

သို့သော်လည်း သူမ၏ မျက်လုံးများမှာ တက်ကြွမှုများ ပျောက်ဆုံးနေပြီး မျက်နှာမှာလည်း ဖြူလျော်နေ၏။

"ဆရာမထျန် သမီး တောင်းပန်ပါတယ်...သမီး ဒီလောကကြီးမှာ အသက်ဆက်မရှင်ချင်တော့ဘူး..."

"သမီး အသက်မရှင်ချင်တော့ဘူးဆိုရင်တောင် ဆရာမကို ဘာလို့လဲဆိုတာ ရှင်းအောင် ပြောခဲ့ရမယ်လေ..သမီးကို အနိုင်ကျင့်တဲ့ လူတွေကို ဒီတိုင်း လွှတ်ပေးလိုက်တော့မလား..."ရှောင်ထျန် သူမအတတ်နိုင်ဆုံး ဖျောင်းဖျနေခဲ့သည်။

ရှောင်ထျန် ၏ ရောက်ရှိလာမှုက ရှောင်းယွီ၏ တင်းခံထားသော စိတ်ကို ချက်ချင်း ချိုးဖြတ်သွားပြီး ၀မ်းနည်းကြေကွဲစွာဖြင့် "သမီး လိင်ပိုင်းဆိုင်ရာ စော်ကားခံ့ခဲ့ရတယ် ဒါပေမယ့် သမီးကောင်လေးကို ပြောပြတော့လည်း သူက နားမလည်ပေးဘူး...သမီး ‌ေ-သသာ ‌ေ-သလိုက်ချင်တော့တယ်..."

"လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်...."

ရှောင်ထျန်နှင့် စုန့်ကျားတို့၏ အမူအရာမှာ ရုတ်ချည်း မည်းမှောင်သွားခဲ့သည်။ အမျိုးသမီးများ ဖြစ်သည့် သူမတို့ အနေဖြင့် ထိုကိစ္စကို အရွံမုန်းဆုံးပင်။

"ဆရာမကို ဖြည်းဖြည်းချင်းပြောပြ...ဘယ်သူက သမီးကို အဲ့လို လုပ်တာလဲ..."

"သမီးတို့ ကုမ္ပဏီရဲ့ ဒုဥက္ကဌ..."ရှောင်ယွီသူမ ပါးပြင်ထက်ရှိ မျက်ရည်စများကို သုတ်၍ "သူအစတုန်းက သမီးကို မထိတထိနဲ့ အထာတွေ ပေးဖူးတယ်..ဒါပေမယ့် သမီးက ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး..နောက်ဆုံးတော့ သူက တိုက်ရိုက်ကြီး စော်ကားလာလိမ့်မယ်လို့တော့ မျှော်လင့်မထားဘူး..အဟင့်ဟင့်..."ရှောင်းယွီပြောရင်း ၀မ်းနည်းကြေကွဲစွာ ငိုကြွေးပြန်သည်။

လင်းရီ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရှောင်ယွီ၏ လက်ရှိ အခြေနေကို စစ်ဆေးကြည့်လိုက်သောအခါ ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်း ခန့်မှန်း၍ရသွားသည်။

သူမ ယူနီဖောင်း၀တ်ဆင်ထားပြီး ရှပ်အင်္ကျီမှာလည်း ဘရာကို ‌မြင်‌ရလောက်သည်အထိ စုတ်ပြဲနေလေသည်။ သို့သော်လည်း ထိုအရာကတော့ အဆိုးထဲမှ အကောင်းပင်။ အကယ်၍ အခြေနေ အရမ်းဆိုးဝါးပါက သူမ၏ အ၀တ်စားများမှာ ထိုအခြေနေ၌ပင် ရှိနေလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ရှောင်ယွီကို တစ်စုံတစ်ယောက်မှ အတင်းအဓမ္မ ပြုကျင့်ရန် ကြံစည်ထားကြောင်း သိသာနေလေ၏။

သူမ ပြန်ရောက်တော့ သူမ၏ ချစ်သူ ကောင်လေးကို ထိုကိစ္စ ပြောပြမည်မှာ မလွဲမသွေပင်။အကယ်၍ သူမသာ နှစ်သိမ့်မှု တစ်ချို့ ရရှိခဲ့ပါက ယခုကဲ့သို့ ဖြစ်လာခဲ့မည်တောင် မဟုတ်ချေ။

သို့သော်လည်း လျိုရန် ပြောပုံအရတော့ သူမ ကောင်လေးနှင့် ရန်ဖြစ်လာသည်ဟု ဆိုထား၏။ဖြစ်ကြောင်းကုန်စင်ကို ဆက်စပ် တွေးတောကြည့်မည်ဆိုပါက သနားစရာ ရှောင်းယွီလေးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသော်လည်း သူမချစ်သူကောင်လေး၏ နှစ်သိမ့်မှုကို မရရှိပဲ အဆူခံလိုက်ရသည်မှာ ကျိန်းသေလိမ့်မည်။ ထိုအကြောင်းပြချက်မှာ ယခုအခြေနေကို ဖြစ်ပေါ်စေသည့် အဓိကအချက်ပင်။

ထိုသို့ ဆိုပါက ကိစ္စမှာ ရှင်းရှင်းလင်းလင်း ဖြစ်သွားချေပြီ။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု၊ သူမချစ်သူ ကောင်လေးထံမှ နားလည်မပေးနိုင်မှုတို့က သူမကို ယခုကဲ့သို့ အဆုံးစီရင်အောင် တွန်းအားပေးသည့် တရားခံများ ဖြစ်နေတော့သည်။

လင်းရီ တွေးရင်း တွေးရင်းဖြင့် မျက်မှောင်ကြုတ်လိုက်၏။

အခြေနေမှာ ပြင်းထန်သော်လည်း အဆုံးစီရင်လောက်သည်အထိတော့ မဖြစ်သင့်ပေ။ သို့သော်လည်း ထိုကောလိပ်ကျောင်းသူလေးများမှာ အပြင်လောကသို့ ရောက်ခါစ ဖြစ်သောကြောင့် ဖိအားဒဏ်ကို ကြံ့ကြံ့မခံနိုင်ပဲ စိတ်ထွက်ပါက်အဖြစ် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ပုံရသည်။ အဓိက အချက်ကတော့ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကြီးပင်။

"ဆရာမထျန် ..သမီးကို ဆက်ပြီး မဖျောင့်ဖျနဲ့တော့ ..သမီး တကယ် ‌ေ-သချင်နေပြီ..."

"ရှောင်ယွီ စိတ်အေးအေးထားစမ်း...နင်က ခုမှ နှစ်ဆယ်ပဲ ရှိသေးတာ...တက်လမ်းတွေ အများကြီး ရှိသေးတယ် ..နင်ဒီလို....."

"ဘာမှ မပြောနဲ့တော့..."ရှောင်ထျန် စကားဆုံးအောင် မပြောရသေးခင် လင်းရီ ကြားဖြတ်ပြောလိုက်၏။

လင်းရီ ရှောင်ယွီ၏ မျက်လုံးကို တည့်တည့် ကြည့်လိုက်ပြီး "ငါ့ကိုယ်ငါ အရင်ဆုံးမိတ်ဆက်လိုက်မယ် ငါက ကျောင်းရဲ့ ဒုကျောင်းအုပ် လင်းရီ ..ဒီလာတာက ခုလို ပြောပြဖို့တော့ မဟုတ်ဘူး..တကယ်လို့ မင်းသာ ကိုယ့်ဘာကိုယ် အဆုံးစီရင်ချင်နေတယ် ဆိုရင်လည်း ခုန်ချလိုက်တော့...အချိန်လာဖြုန်းမနေနဲ့...ခု ရဲတွေ အားလုံး ဒီရောက်နေတယ် ဆိုတာ သိလား..သူတို့ ရဲ့ အချိန်တွေက ဘယ်လောက်တောင် အရေးပါလဲဆိုတာ မင်းနားမလည်ဘူးလား..."လင်းရီ စူးစိုက်ကြည့်၍ လေသံမာမာ ဖြင့် ပြောလိုက်သည်။

ရှုပ်ထွေးခြင်း။ အားလုံး ရှုပ်ထွေးသွားကြခြင်းပင်။

စုန့်ကျား၊ ရှောင်ထျန်နှင့် ရဲအရာရှိများ အားလုံးမှာ လင်းရီကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်နေကြ၏။

'ဟျောင့်ရေ ဒီကောင်က ဘာတွေ ပြောနေတာလဲဟ..သူက ကျောင်းဆရာ မဟုတ်ဘူးလား...'

လင်းရီ ကျန်သူများ၏ အကြည့်ကို လျစ်လျူရှုထားလိုက်ပြီး ရှောင်ရီကိုပဲ တည့်တည့် ကြည့်ကာ"မင်းက မင်းမသေခင် လူတိုင်းကို ခံစားသွားရအောင် လုပ်ချင်နေသေးတာလား..ငါသာ မင်းနေရာမှာ ဆိုရင်တော့ ဘယ်သူမှ မရှိတဲ့ တိုက်ပေါ်မှာပဲ ခုန်ချ ပစ်လိုက်မှာ ..မလိုအပ်ပဲ လူ့အဖွဲ့အစည်းကို ဒုက္ခ မပေးချင်ဘူး..."

"ကျွန်မက ဒီမှာ နစ်နာခံရတဲ့သူလေ...ဘာလို့ ကျွန်မကို အပြစ်လာတင်နေတာလဲ..ကျွန်မက ဘာမှားလို့လဲ..."ရှောင်းယွီ သူမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်တော့ဘဲ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

"ဟမ့်..မင်းက စိတ်ဓာတ်ကလည်းညံ့ဖျင်း ပိုက်ဆံကလည်း မရှိ၊ အဆိုးဆုံးကတော့ မင်းက သေတာတောင်မှ ဘာကောင်မှ မဖြစ်သွားတာပဲ...."လင်းရီ အေးစက်စွာ ပြောလိုက်သည်။

"မင်းက နစ်နာတဲ့သူဆိုတာ ငါနားလည်တယ်..မင်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အပြင် မင်းရဲ့ကောင်လေးကလည်း မင်းကို နားလည်မှု မပေးနိုင်ဘူး...ဒါပေမယ့် ခုလို ကိုယ့်ဘာကိုယ် အဆုံးစီရင်ဖို့ ဘာစောက်ကြောင်း ရှိလို့လဲ..."

"သက်ဆိုင်ရာ အရာရှိတွေက မင်းအတွက် တရာမျှတမှု ယူလာပေးနိုင်တယ် မဟုတ်ဘူးလား ..ပြီးတော့ မင်းကို ဒီလောက်လေးတောင် နားလည်မပေးနိုင်တဲ့ ကောင်လေးမျိုးကိုကျတော့ မင်းက ဆက်ပြီး တွဲနေဦးမှာလား..သူက မင်းတစ်ဘ၀လုံး ယုံကြည်အားထားလို့ ရပါ့မလား...မင်းအဲ့လို သေချာစဉ်းစားလေ..ခုလို လုပ်တာက ဖြေရှင်းချက် မဟုတ်ဘူး..ဒါက ထွက်ပြေးတာလို့ ခေါ်တယ်ကွ..."

"ဟုတ်တယ်..ယွီလေး စိတ်မပူနဲ့...ဆရာမတို့ သမီးအတွက် တရားမျှတမှု ရအောင် လုပ်ပေးမယ်..."ရှောင်ထျန်လည်း အားပေးစကား ပြောလိုက်၏။

သူမ၏ နှလုံးကတော့ လည်ချောင်းနားသို့ပင် ရောက်လုနီးပါး ဖြစ်နေပြီး စွန်းရှောင်ယွီ တိုက်ပေါ်မှ စိတ်လိုက်မာန်ပါ လုပ်၍ ခုန်ချသွားမည်ကိုလည်း စိုးရိမ်နေခဲ့သည်။

လင်းရီ၏ စကားလုံးများမှာ ရှောင်ယွီ၏ အရှိုက်တည့်တည့်ကို ထိမှန်သွားခြင်းပင်။

"မဖြစ်နိုင်ဘူး...ဆရာမတို့ သမီးကို ကူညီပေးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

စွန်းရှောင်ယွီ မျက်လုံးမှိတ် ခေါင်းမော့ပြီး အသားကုန် အော်ပြောလိုက်သည်။

"ချွေ့ပင်းလုံဆိုတာ စီနိုဟန် ကုမ္ပဏီရဲ့ ဒုဥက္ကဌကြီးပဲ အရမ်း အာဏာရှိတယ်...ကျောင်းအုပ်ကြီး ဆိုရင်တောင်မှ သူ့ကို ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး..."

"သူမင်းကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုတာ သေချာတယ်မလား..."လင်းရီ ဖျော့တော့စွာ ပြောလိုက်ပြီး "သူသာ မင်းကို အဲ့ဒီလို လုပ်ခဲ့တာ သေချာတယ်ဆိုရင် မင်းရဲ့ တရားမျှတမှုအတွက် ငါကိုယ်တိုင် သူ့ခြေတွေ လက်တွေကို ရိုက်ချိုးပစ်မယ်လို့ ကတိပေးတယ်...ဒါပေမယ့် ခုမင်းက အရမ်း‌ေ-သချင်နေတယ်ဆိုရင်လည်း သေလိုက်တော့ ...ဘယ်သူမှ မင်းကို မတားစေရဘူး..."

"ကျွန်မ....."

အား....

ရှောင်းယွီ တွေဝေနေချိန် ရဲအရာရှိများက သူမထံ ပြေးသွားပြီး ဘေးသို့ ဆွဲကာ အောက်သို့ လှဲသိပ်လိုက်သည်။

"ရှောင်းယွီ..."

စွန်းရှောင်ယွီ အန္တရာယ်ကင်းသည်ကို မြင်တော့ ရှောင်ထျန်နှင့် စုန့်ကျားတို့ အပြေးကလေး လာလိုက်ပြီး သူမ ဘာမှ မဖြစ်သည်ကိုမြင်တော့ သက်ပြင်းမောကြီး ချလိုက်ကြသည်။

"မစ္စတာလင်း ခင်များက တစ်ခုခုတော့ တစ်ခုခုပဲ..."ရဲခေါင်းဆောင်မှနေ၍ "ခင်များသာ သူမကို ကြောင်အသွားအောင် မလုပ်လိုက်ဘူးဆိုရင် ကျုပ်တို့ ခုလို ကယ်ဆယ်ဖို့ အခွင့်ရေး ရမှာတောင်မှ မဟုတ်ဘူး..."

"အရာရှိကြီးက ယဉ်ကျေးလွန်းနေပါပြီ ..ကျွန်တော်က ဒီတိုင်း လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာပါ....အဓိကကတော့ ခင်များတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေပါပဲ..."

"ဟားဟား မတရားကြီး ယဉ်ကျေးနေစရာ မလိုပါဘူး.."ခေါင်းဆောင်မှ ရယ်ရယ်ပြုံးပြုံးဖြင့် ပြောလိုက်လေသည်။

"ကျုပ်ကတော့ အဲ့ကောင်မလေးကို အိမ်ပြန်ပို့ပြီးတော့ စိတ်တည်ငြိမ်သွားအောင် သေချာလေး အနားယူစေချင်တယ်..ပြီးတော့ ခင်များတို့ လေးယောက်စလုံး နေခဲ့ပေးဦး ကျုပ်တို့ တာ၀န်အရ လုပ်ထုံးလုပ်ငန်းလေးတွေ လုပ်ရဦးမယ်...,"

"‌ဒါပေါ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်..."

ရှောင်ယွီကတော့ ငှားထားသည့် အိမ်သို့ ပြန်ရောက်သွားသွားပြီး ရှစ်လိနှင့် လျိုရန်၏ အဖော်ပြုပေးမှုအောက်တွင် အခြေနေမှာ တဖြည်းဖြည်း တည်ငြိမ်လာတော့၏။

တစ်ချိန်တည်းတွင် ‌လင်းရီ ရှောင်ထျန်နှင့် စုန့်ကျားတို့ အခြားအခန်း တစ်ခုတွင် ထိုင်နေကြပြီး ဖြစ်ပျက်ခဲ့သည့် အကြောင်းရင်းများကို ပြောပြနေလေ၏။

"ဒါရိုက်တာကျောက် ကျွန်မက ပင်းချန် တက္ကသိုလ်ရဲ့ ကော်မတီဥက္ကဌ ရှောင်ထျန်ပါ..ကျွန်မ ဒီအမှုကို ရဲအရာရှိကြီးဆီ တိုင်ချက်ဖွင့်ချင်တယ်...ဒီအမှုကို လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်..."

ကော်မတီခေါင်းဆောင်ဆိုသော ရာထူးမှာ ဘာမျှ မမြင့်မားပေ။ သို့သော်လည်း ပင်းချန် တက္ကသိုလ်၏ နောက်ခံကြောင့် အရာရှိ ကျောက်ယွင်းလင်မှာ ထိုအမှုကို ကိုင်တွယ်ပေးရန် ကိုယ်တိုင်ကိုယ်ကျ ကျန်နေခဲ့၏။

"ဒါရိုက်တာထျန်...ကျုပ်ခင်များရဲ့ ခံစားချက်တွေကို နားလည်ပေးလို့ရတယ်...ဒါပေမယ့် ဒီအမှုကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ဖို့ အကြံမပေးချင်ဘူး..."

"ဘာလို့ ရဲတွေဆီ တိုင်ချက်ဖွင့်လို့ မရမှာလဲ...ဒီလောက်ကြီးမားတဲ့ အမှုကြီးဖြစ်သွားတာတောင်မှ ကျွန်မတို့က ရဲတွေဆီ တိုင်ချက် ဖွင့်လို့ မရဘူးတဲ့လား...ဥပဒေဆိုတာ မရှိတော့ဘူးလား...ပိုက်ဆံရှိတာနဲ့ပဲ သူတို့ လုပ်ချင်သလို လုပ်ခွင့် ပြုပေးလိုက်ရတော့မှာလား......"

"ဘာတွေ အဲ့လောက်ထိ ဒေါသထွက်နေတာလဲ..ငါပြောလိုက်မယ်..."လင်းရီ ထိုသို့ပြောပြီးနောက်"ဒါရိုက်တာကျောက် စိတ်မရှိပါနဲ့..ရှောင်ထျန်က ဟော်မုန်း ပြဿနာ နောက်ဆုံးအဆင့်ရောက်နေတာဆိုတော့ သူ့(မ)ရဲ့ စိတ်အခြေနေကလည်း မတည်ငြိမ်သေးဘူးဆိုတော့်....သူရင့်သီးတာတွေကို ဗွေယူမနေနဲ့..."

ကျောက်ယွင်းလင် ရှိနေတော့ ရှောင်ထျန်လည်း လင်းရီကို လျစ်လျူရှုလိုက်ကာ မျက်စောင်းထိုးရုံမျှသာ ထိုးပြီး ဘာမှ မပြောလိုက်ချေ။

"ကျုပ်က ရဲတွေဆီ တိုင်ချက်မဖွင့်နဲ့လို့ ပြောချင်တာက သူတို့ကို ကြောက်လို့ မဟုတ်ဘူး...ဒါပေမယ့် ဒီအမှုက သာမန် အဓမ္မပြုရန် ကြံစည်မှုလေးပဲလေ..,ပြီးတော့ ခင်များလည်း စီနိုဟန် ကုမ္ပဏီရဲ့ ဩဇာ လွှမ်းမိုးမှုကို နားလည်တယ်မလား...ကျုပ်တို့ တရား၀င် ဥပဒေဘောင်အတွင်းကနေ လုပ်ဆောင်ချင်လည်းရတယ်..ဒါပေမယ့် ရဲတွေပါ ပတ်သက်လာပြီဆိုရင်တော့ သူတို့က သူခိုး လူပြန်ဟစ်ပြီးတော့ စွန်းရှောင်ယွီဆိုတဲ့ ကလေးမလေးက သူ့ကို မြှူဆွယ် ဖျားယောင်းပါတယ်ဆိုပြီးတော့ ပြောင်းပြန် လုပ်ပစ်လိုက်တော့မှာ..."

ကျောက်ယွင်းလင် လင်းရီနှင့် ကျန်သူများကို ကြည့်လိုက်ပြီး "ဒီကိစ္စက တရားမျှတမှုရစေရမယ်လို့ ကျုပ်အာမခံရဲတယ်..ဒါပေမယ့် ရဲတွေပါ ပတ်သက်လာပြီ ဆိုရင်တော့ မျှမျှတတနဲ့ ဒီတိုင်း ပြီးသွားလိမ့်မယ်လို့ ထင်လား..."

"နောက်ပြီး ခင်များ မသိတာ‌လည်း ဖြစ်နိုင်တယ်..စီနိုဟန် ကုမ္ပဏီရဲ့ နောက်ကွယ်က သူဌေးကြီးက ကျိုးဟိုင်ရဲ့ အင်ပါယာ ချင်းဟန်ကိုယ်တိုင်ပဲ ..ခင်များတို့ အားလုံး ချင်းဟန် ဘယ်သူလဲဆိုတာတော့ သိကြတယ်မလား.... "ကျောက်လင်းယွင် အချက်လက်ကျကျဖြင့် သေချာလေး ရှင်းပြလိုက်သည်။

All Chapters