အခန်း (၁၂၆)
Vol. 9 Ch. 126
"တကယ်ကြီး ချင်းဟန်ရဲ့ ကုမ္ပဏီလား..."
ထိုသတင်းကို ကြားပြီးနောက် စုန့်ကျား တည်ငြိမ်စွာ မထိုင်နိုင်တော့ချေ။
အင်တာနက်နှင့် မစိမ်းသည့် သူမလည်း ချင်းဟန်အကြောင်းအား ကောင်းစွာ ကြားဖူး၏။
မဟုတ်ပါက ချင်းဟန် ဘာဘီကျူးဆိုင် ဖွင့်သည့်အချိန်တွင် သူမ သွားရောက်လည်ပတ်ဖို့ အားသန်နေလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူမ ချင်းဟန် မည်မျှ ဩဇာကြီးမားသည်ကို နားလည်၏။
ချင်းမိသားစုကဲ့သို့သော မိသားစုကြီးမှာ သူမတို့လို သာမန်လူများ ယှဉ်သာသည့် အခြေနေ မဟုတ်ပေ။
အကယ်၍ အခြေနေသာ မဟန်ပါက အမှုဖြစ်စဉ်မှာ ပြောင်းပြန်ပင် ဖြစ်သွားလိမ့်မည် ဖြစ်ပြီး အဆုံးတွင်တော့ သူမတို့အတွက် တရားမျှတမှုဆိုတာ ရှိလာလိမ့်မည် မဟုတ်ချေ။
လင်းရီ ပြောသည့်အတိုင်း သူ၏ လက်နှင့် ကိုယ်တိုင် လက်စားချေပေးဖို့ ဆိုတာကလည်း ပြောဖို့သာလွယ်သည်။ လက်တွေ့တွင်တော့ အင်မတန်မှ ခက်ခဲလှ၏။
"ကျုပ်တို့ နားလည်ပါတယ်...ခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးပါ ဒါရိုက်တာ ကျောက်..."
ကျောက်ယွင်းလင် ခေါင်းညိမ့်လိုက်ပြီး "ငါကတော့ မင်းတို့ကို ပြောသင့်တာတွေ ပြောပြပြီးပြီပဲ...အဲ့တာကိုမှ အမှုဖွင့်ချင်သေးတယ်ဆိုရင်လည်း စခန်းမှာ လာရှာလိုက်ကွာ..ငါအဆုံးထိ ကိုင်တွယ်ပေးမယ်..."
"ကျေးဇူးပါ ခေါင်းဆောင်ကျောက် ကျုပ်တို့ ကိုယ့်ဘာကိုယ်ပဲ ဒီကိစ္စကို ကိုင်တွယ်လိုက်တော့မယ်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
သုံးယောက်စလုံး ကျောက်လင်းယွင်ကို လိုက်ပို့ပေးပြီးနောက် သူတို့အခန်းထဲသို့ ပြန်ခဲ့ကြသည်။
"လင်းရီ နင်ခုနက ပြောလိုက်တာ အရမ်း လွန်တယ်ဆိုတာ သိလား..ရှောင်းယွီက တကယ်ကြီး ခုန်ချသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ..."
"ခု အသက်ရှင်နေသေးတယ် မဟုတ်လား..."လင်းရီ ထူးမခြားနားစွာ ပြောလိုက်သည်။
"ဒါရိုက်တာလင်း ရိုးရိုးသားသား ၀န်ခံရမယ်ဆိုရင် ရှင်ပြောလိုက်တဲ့ စကားတွေက နည်းနည်းလေး အန္တရာယ်များတယ်..."စုန့်ကျား ၀င်ပြောလိုက်ပြီး "ဒီနေရာက ခုနစ်ထပ်နော်..ရှောင်းယွီသာ တစ်ကယ်ကြီး ခုန်ချလိုက်လို့ကတော့ တစ်ခါတည်း ပွဲချင်းပြီး ဖြစ်သွားမှာ..."
လင်းရီ ခေါင်းရမ်းလိုက်ပြီး "တကယ် ေ-သချင်နေတဲ့သူက တိုးတိုးတိတ်တိတ် လုပ်သွားမှာ ..ဘယ်သူမှ အဲ့လောက်ထိ ဒရာမာ ခင်းမနေဘူး...ဘယ်သူမှ မသိတဲ့အချိန် ဒီတိုင်း ခုန်ချပစ်လိုက်တာ..."
"နင်ဘာပြောချင်နေတာ..."ရှောင်ထျန် လင်းရီကို စူးစူးဝါးဝါးကြည့်ပြီး မေးလိုက်သည်။
"ရိုးရိုးလေး..ရှောင်ယွီမှာ ခုန်ချရဲတဲ့ သတ္တိ မရှိဘူးလို့ ပြောချင်တာ..သူက ခုန်ချမယ် တကဲကဲ လုပ်နေတာတောင်မှ တကယ်ကြီး ခုန်ချရဲတဲ့ သတ္တိမရှိဘူး..."
လင်းရီ ရှင်းပြလိုက်၏။
"သူ(မ)က ဒီတိုင်း စိတ်ဓာတ်ကျပြီး ထွက်ပေါက်ရှာချင်ရုံပဲ...မယုံရင် သူ့ဖုန်းထဲမှာ ဖုန်းဆက်ထားတဲ့ မှတ်တမ်းတွေ ရှိလောက်တယ်..အဲ့ခွားမသေးသာ နှစ်သိမ့်ပေးလိုက်ရင် ဒီလိုတွေ ဖြစ်လာမှာတောင်မှ မဟုတ်ဘူး..."
ပညာရှိ ဉာဏ်ပညာကို စနစ်မှ ရရှိပြီးနောက် လင်းရီ ဆိုက်ကိုလိုဂျီကို အတိုင်းအတာ တစ်ခုထိ နားလည်ထား၏။
ထို့ကြောင့် သူယခုကဲ့သို့ ရဲရဲကြီး ကောက်ချက်ချရဲခြင်းပင်။
ရှောင်းယွီ လိုအပ်နေသည်က စိတ်ရောဂါ ကုထုံးပင်။
တစ်နည်းအားဖြင့် သူမကို နှစ်သိမ့်ပေးမည့်သူ၊ နားလည်ပေးမည့်သူကို လိုအပ်နေခြင်းပင်။
ရှောင်ထျန်နှင့် စုန့်ကျားတို့ လင်းရီကို ဝေဖန်နေတာတွေ ရပ်တန့်လိုက်ပြီး လင်းရီပြောသည်မှာ အဓိပ္ပာယ်ရှိကြောင်း ခံစားနေရသည်။
အနည်းဆုံးတော့ သူမတို့ ပြောသည်က လင်းရီ စိတ်ပညာ နည်လမ်းအရ ပြောဆိုလိုက်သည်ထက် ထိရောက်မှုမရှိပေ။
သူမ၏ ဒေါသကို ဆွပေးပြီး စဉ်းစားဆင်ခြင်လို့ရသည့် နည်းလမ်းကို ပညာသားပါပါဖြင့် လုပ်ပြသွားခြင်းပင်။
"သွားစို့ ပြန်ကြစို့..." ရှောင်ထျန်ပြောလိုက်သည်။ သူမ ယခု စိတ်ရောကိုယ်ပါ ပင်ပန်းနေလေ၏။
"အစ်မထျန် ညီမတို့ ဒီကိစ္စကို ခုလိုပဲ လက်လျော့လိုက်တော့မလို့လား..."
"ငါတို့ ဘာလုပ်နိုင်မှာလဲ..သေချာ စဉ်းစားပြီးသွားပြီ ..ငါတို့ တတ်နိုင်တာ ဘာမှ မရှိဘူး..."
"ဒါကြီးကတော့ အရမ်း တရားလွန်သွားပြီ..သူတို့က ညီမတို့ ကျောင်းသူကို အနိုင်ကျင့်တာတောင်မှ ကျွန်မတို့က ဘာမှ မလုပ်ပေူနိုင်ဘူးတဲ့လား...တရားဥပဒေဆိုတာ မရှိတော့ဘူးလား..."
စုန့်ကျား ဒေါသတထောင်းထောင်း ထွက်နေတော့၏။
"ဒါ သဘာ၀ပဲ..မင်းက နောက်မှာ ကျန်နေခဲ့ရင် သူများ ချနင်းတာကို ခံရမှာပဲ လောကကြီးက ဂိမ်းတစ်ခုလို့ စည်းမျဉ်းတွေ ထုတ်ထားတာ..မင်းက သူများကစားတာ မခံချင်ဘူးဆိုရင် ကိုယ်တိုင်က ကစားသမား ဖြစ်နေဖို့လိုတယ်..."
ထိုသို့ ပြောပြီးနောက် လင်းရီ လှည့်ထွက်သွားလိုက်သည်။
"ဒါရိုက်တာလင်း..ရှင်က ဘယ်သွားမလို့လဲ..."စုန့်ကျား လှမ်းမေးလိုက်သည်။
"မပြီးသေးဘူး..ငါ့ကတိငါတည်ရဦးမယ်လေ..ခု စီနိုဟန် ကုမ္ပဏီကို သွားမလို့..."လင်းရီ ပြောလိုက်၏။
"ရှင်အဲ့ကို ဘာသွားလုပ်မှာ..."စုန့်ကျား ပြောလိုက်ပြီး "ရှင်ပဲကျွန်မတို့လို သာမန်လူတွေက သူတို့နဲ့ ယှဉ်ဖို့ မစွမ်းသာဘူးဆို..."
"အမှန်ပဲ...ဒါပေမယ့် စွန်းရှောင်ယွီဆိုတာက ငါတို့ တက္ကသိုလ်ရဲ့ ကျောင်းသူ ဟောင်းလေ..သူ့အတွက် တရားမျှတမှုရအောင် လုပ်ပေးမယ်..မဟုတ်ရင် ငါစာသင်မယ် ဆိုရင်တောင်မှ လိပ်ပြာလုံမှာ မဟုတ်တော့ဘူး..."
လင်းရီ အတည်ပေါက် လေသံကြီးဖြင့် ပြောလိုက်သည်။
ထို့နောက် တံခါးကို ဖွင့်၍ ခက်ထန်သော မျက်နှာထားဖြင့် ထွက်သွားခဲ့ပြီး စိတ်ထဲတွင်တော့.."ငိုးမသား ချင်းဟန်...အဲ့ငနွားက ဘယ်နားက အောက်တန်းစားကောင်တွေကို သွားရှာပြီး ခန့်ထားလဲ မသိပါဘူးကွာ..."
ရှောင်ထျန်နှင့် စုန့်ကျားတို့ လင်းရီ ထွက်သွားခဲ့သည်ကို မြင်တော့ စိုးရိမ်သွားကြသည်။
သူမတို့ လင်းရီနှင့် ပါတနာ မကျသော်လည်း ယခု ကိစ္စအတွက် ကူညီပေးခဲ့ဆုံးမှာ လင်းရီပင်။ အကယ်၍ သူသာ စီနိုဟန် ကုမ္ပဏီသို့ သွားမည်ဆိုပါက ဆိုးရွားသည့် ကိစ္စများ ဖြစ်လာချေတော့မည်။
"ငါတို့လည်း သွားကြစို့...သူ့ကို တစ်ယောက်ထဲ လွှတ်ထားလို့ မရဘူး..."
သို့နှင့် ရှောင်ထျန်နှင့် စုန့်ကျားလည်း လင်းရီနောက်သို့ လိုက်သွားခဲ့ကြသည်။
သူမတို့ အောက်ထပ်ကိုရောက်တော့ လင်းရီမှာ သူမတို့ကို စောင့်ဆိုင်းရန် ရည်ရွယ်ချက်ပင် မရှိဘဲ မောင်းထွက်သွားပြီး ဖြစ်၏။
"တက္ကစီငှားပြီးတော့ သူ့နောက် လိုက်ကြမယ်..."
"ဟုတ်..."
စုန့်ကျား ကားတားလိုက်ပြီး စီနိုဟန် ကုမ္ပဏီသို့ ရောက်အောင် အမြန်မောင်းခိုင်းလိုက်သည်။
ရှောင်ထျန်နှင့် ကျန်သူများမှာ အတော်မြန်သည်ဟု ပြောရပေမည်။ လင်းရီ မရောက်သေးခင် သူမတို့ အရင် ရောက်ရှိလာ၏။
စီနိုဟန် ကုမ္ပဏီကို မျှော်ကြည့်ရင်း ရှောင်ထျန်နှင့် စုန့်ကျားတို့မှာ ပို၍ စိုးရွံ့လာကြသည်။
ကြီးမားသော စီနိုဟန် အဆောက်အအုံကြီးက ၎င်းတို့ စွမ်းဆောင်နိုင်သည့် အင်အားကို ပြသရန် လုံလောက်၏။
ရှန်ဟိုင်း၏ အင်ပါယာဟု အမည်ပြောင် ပေးထားခြင်းမှာ အလကားမဟုတ်ပေ။
ထိုအချိန်တွင်တော့ လင်းရီလည်း စီနိုဟန် ကုမ္ပဏီသို့ ရောက်လာခဲ့သည်။
"မင်းတို့ နှစ်ယောက်က ဘာလုပ်ဖို့ လိုက်လာတာလဲ.."လင်းရီ မျက်မှောင်ကြုတ်၍ မေးလိုက်၏။
"လင်းရီ...နင်စိတ်အေးအေး ထားဖို့ လိုတယ်..."ရှောင်ထျန် ဖျောင်းဖျလိုက်ပြီး "ငါတို့ခု နင်ခံစားနေရတာတွေကို နားလည်တယ်..ငါတို့လည်း စွန်းရှောင်ယွီအတွက် တရားမျှတမှုကို ရှာပေးချင်တာပေါ့...ဒါပေမယ့် ဒီကိစ္စက ငါတို့ ၀င်ပတ်သက်လို့ မရတဲ့ ကိစ္စ ဖြစ်နေတယ်လေ..နင် ငါတို့နဲ့ ပြန်လို့က်ခဲ့ပါဟာ..."
"အဲ့တာ ခင်များတို့ ကိစ္စလေ...ဘေးဖယ်စမ်း..."
လင်းရီ ရှောင်ထျန်နှင့် စုန့်ကျားတို့ကို လျစ်လျူရှုပြီး အိတ်ကပ် နှစ်ဖက်ထဲ လက်ထည့်၍ မိမိုက်သည့် ပုံစံဖြင့် အထဲသို့ ၀င်သွားခဲ့သည်။
"ဟယ်လိုဆာ...ကြိုတင် ချိန်းဆိုထားတာများ ရှိလားရှင့်..."
လင်းရီ ခေါင်းရမ်းလိုက်ပြီး "မရှိဘူး..ငါခု ချွေ့ပင်းလုံကို လာရှာတယ်...အရေးကြီးတယ်..."
"ဒါရိုက်တာချွေ့က သူ့ရုံးခန်းထဲမှာ ဧည့်သည်နဲ့ မီတင် ထိုင်နေပါတယ်ရှင့် ဆာကသာ ကြိုတင်ချိန်းထားခြင်း မရှိဘူးဆို ခုလောလောဆယ် တွေ့လို့ မရသေးပါဘူး..."
လင်းရီ ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ ချင်းဟန်ကို ဖုန်းခေါ်လိုက်၏။
"အေးပြောဟျောင့် လင်းကြီး ဘာကိစ္စလဲ..."
"ချွေ့ပင်းလုံဆိုတဲ့ ငနဲက ဘယ်ရုံးခန်းထဲမှာလဲ..ငါသူနဲ့ ပြောစရာ ရှိတယ်..."
"ချွေ့ပင်းလုံ...သူ့ကို ဘာလုပ်ဖို့ ရှာနေတာလဲ..."လင်းရီ၏ ခက်ထန်သော လေသံကိုကြားတော့ ချင်းဟန်လည်း လေးနက်သည့် အသံဖြင့် မေးလိုက်၏။
"ဘာမှ အထွေထူးကြီးတော့ မဟုတ်ပါဘူးကွာ..အဲ့ကောင် ဘယ်မှာရှိလဲဆိုတာပဲ ပြောလိုက်..."
"၁၈၀၉ အဲ့တာ သူ့ရုံးခန်း နံပါတ်ပဲ..."ချင်းဟန် လေးနက်သည့် အသံဖြင့် "လင်းကြီး မင်းတစ်ခုခု လိုအပ်တာ ရှိရင် ငါ့ကို ပြောလိုက်...ငါ မင်းကိုယ်စား ဖြေရှင်းပေးမယ်..."
"အေး...အထွေထူးကြီးတောဘ မဟုတ်ပါဘူးကွာ...သူ့လက်နှစ်ဖက်ကို ရိုက်ချိုးရုံလောက်ပဲ..."
ထိုသို့ပြောပြီးနောက် လင်းရီ ဓာတ်လှေကားထဲသို့ ၀င်သွားလိုက်ပြီး အခြားသူများ သူ့ကို တားဆီးရန် ကြိုးစားသည်ကို လျစ်လျူရှုလိုက်၏။
"ဒါရိုက်တာလင်း..ရှင့်ဟာက သေကောသေချာရဲ့လား..ဒါက စီနိုဟန် ကုမ္ပဏီနော်..ရှင်သာ ဒီမှာ ချွေ့ပင်းလုံနဲ့ ပြဿနာတက်လို့ကတော့ အကျိုးဆက်တွေက မတွေးဝံ့စရာ တွေကြီးပဲ..."
"ဟမ့် တဏှာရူး သာသာ..မဟုတ်သေးဘူး အဲ့တဏှာရူးကောင်လောက်ကိုများကွာ..အဲ့လိုကောင်ကို ရှင်းပစ်ဖို့ ငါ့မှာ အစွမ်းအစ ရှိပါသေးတယ်ဟ"
.....
စီနိုဟန် ကုမ္ပဏီ၏ ဒုဥက္ကဌရုံးခန်း။
လူနှစ်ယောက် ထိုင်နေကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ ထိပ်ပြောင်ကေဖြင့်ဖြစ်ပြီး မျက်နှာတွင်လည်း အဆီတ၀င်း၀င်းနှင့် ထိုင်နေသည်။
ထိုလူကတော့ စီနိုဟန် ကုမ္ပဏီ၏ ဒုဥက္ကဌကြီး ချွေ့ပင်းလုံပင်။
မျင်နှာချင်းဆိုင်တွင် ထိုင်နေသည့် လူ၏ နာမည်ကတော့ လျိုချန်မင်ဖြစ်ပြီး ချွေ့ပင်းလုံ၏ မိတ်ဖက် ပါတနာပင်။
"ဥက္ကဌလျို ကျုပ်ကတော့ နောက်လာမယ့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုမှာ ခင်များအပေါ် မှီခိုရတော့မှာပဲ..."ချွေ့ပက်းလုံ သူ၏ အဆီပြန်နေသော မျက်နှာကြီးဖြင့် ၀င်းပစွာ ပြုံးလိုက်၏။
"ယဉ်ကျေးလွန်းနေပြီ..ကျုပ်တို့ နှစ်ယောက်က သိလာတာဖြင့် ဘယ်နှနှစ်တောင် ရှိနေပြီလဲ..ခုလို လက်တွဲပြီး အလုပ်လုပ်ရတယ်ဆိုတာကိုက အခွင့်ကောင်းပဲလေ..."
"ဒါပေါ့...ကျုပ် ခင်များအတွက် တစ်ဝိုင်းအတွက် ပြင်ပေးပါ့မယ်..."
"ဟားဟား အသေးမွှားလေးပါကွာ..."လျိုချန်မင် အပြုံးလေးဖြင့် ပြောလိုက်ပြီး
"ဒါနဲ့ ငါရောက်နေတာတောင် အတော်ကြာနေပြီ...မင်းစားဖို့ ချောင်းချောင်းနေတဲ့ ဟို..မင်းရဲ့ အတွင်းရေးမှူးမလေးကော....အဲ့ကောင်မလေးကို မြည်းပြီးသွားပြီလားကွ...."
"ဟူး...မပြောစမ်းပါနဲ့ကွာ..."
"ငါအရိပ်တွေ ဒီလောက်ပြနေတာတောင်မှ အဲ့ကောင်မက အကောင်မမြင်ဘူး...ဒီနေ့ ငါလည်း စိတ်မရှည်တော့တာနဲ့ အပိုင်ကျုံးမလို့ လုပ်လိုက်တာ အဲ့ခွေးမက အသေရုန်းပြီး ထွက်ပြေးသွားတယ်လေ..."
"ဟမ် ဟျောင့်...သူ သောက်ပြဿနာတွေတော့ မရှာလောက်ဘူးမလား..."
"ဟမ့်..ရှာတော့ကော ဘာကြောက်စရာ ရှိလို့လဲ....အဲ့ကောင်မကဖြင့် ဒီတိုင်း ဘာမဟုတ်တဲ့ တက္ကသိုလ်ကျောင်းသူလေးပဲလေ...ငါသူ့ကို မုဒိန်းကျင့်လိုက်ရင်တောင်မှ ငါ့ကို ဘာမှ လုပ်လို့မရဘူး...ပြီးတော့ ဦးလေးချင် တစ်ယောက်လုံးကလည်း ငါ့နောက်မှာ ရှိနေတာပဲ မဟုတ်လား...ဒီလို ကိစ္စမျိုးက ငါ့အတွက် ပါးပါးလေး ဆိုမှ ပါးပါးလေးပဲ.."
"ဒါလည်း ဟုတ်သားပဲ..စီနိုဟန် ကုမ္ပဏီရဲ့ ဥပဒေရေးရာ ဌာနဆိုတာက ရှေ့နေလောကမှာ နာမည်တစ်လုံးနဲ့လေ...အဲ့ကောင်မ ကိစ္စ စိတ်ပူစရာ မလိုတာကတော့ အမှန်ပဲ..."
ချွေ့ပင်းလုံ သူ့ မေးစေ့ကို ပွတ်ကာ"ကြည့်ရသလောက်ဆို ဥက္ကဌလျိုလည်း အဲ့ကောင်မလေးကို စိတ်၀င်စားနေပြံပဲ..."
"ဟမ့်..မေးနေသေးတယ်ကွာ..ဘယ်သူက အရည်ရွှမ်းတဲ့ နူးနူးညံ့ညံ့ တက္ကသိုလ်ကျောင်းသူလေးကို စိတ်မ၀င်စားပဲနေမှာလဲ..."
"ဟားဟား အဲ့လိုလား..ငါသူ့အိမ်သိတယ် ပြီးကျရင် လှည့်ကွက်လေး နည်းနည်းပါးပါး ထုတ်ပြီးတော့ မင်းပါ မြည်းလို့ ရအောင် ကြံပေးမယ်...အတူမြည်းကြတာပေါ့ကွာ ဟားဟား...."
ချွေ့ပင်းလုံး အာပေါင်အာရင်း သန်သန်ဖြင့် ပြုံးပြီး ပြောလိုက်သည်။
ဘန်း...
နှစ်ယောက်သား ပြောနေတုန်း ရုံးခန်းတံခါးမှာ ကန်ဖွင့်ခံလိုက်ရပြီး လင်းရီ အထဲသို့ ၀င်လာခဲ့၏။
"မင်းမြေလင်ကို အဲ့လှည့်ကွက်တွေ သွားသုံးလိုက် ..."