အခန်း (၁၂၇)
Vol. 9 Ch. 127
ရုံးခန်းထဲ ကျူးကျော်လာကြသည်ကို မြင်တော့ ချွေ့ပင်းလုံနှင့် လျိုချန်မင်တို့ နှစ်ဦးလုံး ရှော့ခ်ရသွားခဲ့ကြသည်။
"ဥက္ကဌချွေ့ တောင်းပန်ပါတယ်ရှင်... သူတို့က အတင်း ၀င်လာခဲ့ကြတာပါ တားလည်း ဘယ်လိုမှ မရလို့ပါ..."
အမျိုးသမီး ဧည့်ကြိုတာ၀န်ခံမှ ခေါင်းငုံ့၍ ရှင်းပြလိုက်သည်။
"အဲ့တာ မင်းတို့ သောက်ကြောင်းလေ..."ချွေ့ပင်းလုံ အေးစက်သည့် လေသံဖြင့် ပြောလိုက်ပြီး "မင်းတို့က ဘာကောင်တွေလဲ..ဘယ်လို သတ္တိတွေနဲ့ ငါ့ရဲ့ ရုံးခန်းထဲကို ၀င်ရောက်လာခဲ့ကြရဲတာလဲကွ...ယုံလားတော့ မသိဘူး..မင်းတို့ ထောင်ထဲမှာပဲ အရိုးဆွေးအောင် လုပ်လို့ရတယ်ဆိုတာ..."
"မယုံရင်ကော..."လင်းရီ ခက်ထန်သည့်လေသံဖြင့် "မင်းက ဘယ်လို သတ္တိနဲ့ ငါ့တပည့်မလေးကို စော်ကားတာလဲကွ..."
"ဟမ်..."
ချွေ့ပင်းရန် ခဏ စကားရပ်လိုက်ပြီး "မင်းတို့ ကောင်တွေက စွန်းရှောင်ယွီရဲ့ ဆရာတွေလား...."
"ဟမ့် မင်းက ကြည့်ရသလောက်လည်း မပိန်းပါလားကွ..."
"ကြည့်ရတာ မင်းတို့က ငါ့ကို မကျေနပ်လို့ လာရှာတာနဲ့ တူတယ်"ချွေ့ပင်းလုံ ပြုံးလျက် ပြောလိုက်၏။ လုံး၀ စိုးရိမ်ဟန်မပြ။
"ငါလည်း မင်းတို့ကောင်တွေနဲ့ စကားပြောချင်နေတာ....စွန်းရှောင်ယွီက ငါ့ကို အရင်ဆုံး မြှူဆွယ်တာ ..ငါသဘောမတူတော့ သူ့ဘာသူ မူယာမာယာတွေများပြီး အ၀တ်တွေဖြဲ မင်းတို့ဆီ လာတိုင်တယ်ပေါ့....အဲ့ဒီအတွက် ငါက ဘယ်လို လုပ်ပေးသင့်လဲ..."
"နင်...နင်တော်တော် သောက်ရှက်မဲ့ပါလား..."စုန့်ကျား လက်ညိုးငေါက်ငေါက်ထိုး၍ ပြောလိုက်ပြီး "နင်က စပြီးတော့ ရှောင်းယွီကို စော်ကားတယ်ဆိုတာ အထင်အရှားကြီးကိုများ သူခိုးက လူပြန်ဟစ်လို့...."
"ဟက်...."
ချွေ့ပင်း နှာခေါင်းရှုံ့လိုက်ပြီး "မင်းတို့လို အတန်းစားတွေက ငါနဲ့ တိုက်ရိုက် စကားပြောဖို့ အဆင့်မမှီဘူး..စီနိုဟန်ရဲ့ ဥပဒေဌာနက ဒီကိစ္စကို ကိုင်တွယ်လိမ့်မယ်..."
ထိုသို့ပြောပြီးနောက် ပင်းလုံ တံခါးအပြင်ဘက်ရှိ လုံခြုံရေး ၀န်ထမ်းများကို ကြည့်လိုက်ကာ"ဒီတစ်လုံးချိုင့်တွေကို အပြင်ဆွဲခေါ်သွားလိုက်တော့..ယင်ကောင်တွေလိုပဲ တော်တော် အလုပ်ရှုပ်တဲ့ဟာတွေ.."
"ရက်စ်ဘော့စ်..."
"သွားစမ်း...!"
လင်းရီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ အကြည့်များက သားကောင်ကိုချောင်းနေသော သိန်းငှက်ကဲ့သို့ ထက်ရှနေပြီး လုံခြုံရေး၀န်ထမ်း လေးယောက်လုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေ၏။
လင်းရီ ချွေ့ပင်းလုံထံ တစ်လှမ်းချင်း လှမ်းသွားလိုက်သည်။ ထိုငနဲမှာတော့ ချွေးစေးတွေ ပြန်နေပြီး လင်းရီ၏ အကြည့်များကြောင့် ရင်ထဲမှ လန့်နေ၏။
"မင်း....ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."ချွေ့ပင်းလုံ အော်ဟစ်လိုက်ပြီး "မင်း သိအောင် ပြောပြလိုက်ဦးမယ် ငါက စီနိုဟန် ကုမ္ပဏီရဲ့ ဒုဥက္ကဌနော်...မင်းသာ ငါ့ကို ထိရဲလို့ကတော့ ဒုက္ခ အကြီးကြီး ရောက်သွားမယ်မှတ်..."
ရှောင်ထျန်နှင့် စုန့်ကျားတို့မှာလည်း မာရသွန်ပြေးသကဲ့သို့ နှလုံးခုန်နှုန်း မြန်နေသည်။ လင်းရီ၏ အကြည့်များမှာ တစ်ခုခု လုပ်တော့မှာေသချာနေသည့် ပုံစံပင်။
တစ်ဖက်လူမှာ စီနိုဟန် ကုမ္ပဏီ၏ ဒုဥက္ကကြီး ဖြစ်၏။အကယ်၍ သူမတို့သာ တစ်ခုခု လုပ်လိုက်ပါက ပြဿနာအကြီးကြီးတက်မည်မှာ အသေအချာပင်။
ဘန်း...
လင်းရီ ဘာတစ်ခွန်းမျှ မဆိုဘဲ ချွေ့ပင်းလုံ၏ ဗိုက်ကို အားနှင့် စောင့်ကန်လိုက်၏။
ခရက်
စနစ်၏ ထောက်ပံ့ပေးမှုဖြင့် လင်းရီ၏ ခန္ဓာကိုယ်မှာ ယခင်နှင့် မတူညီတော့ပေ။ သာမန်ကန်ချက်သာ ဖြစ်သော်လည်း ဖက်တီးကြီးကို နောက်သို့ လွင့်ပျံသွားပြီး သူ့နောက်ရှိ စားပွဲခုံပေါ်သို့ သွားကျစေသည်။
"အောက်တန်းစားကောင် မင်းက ငါ့ကို ထိရဲတယ်ပေါ့..."
ချွေ့ပင်းလုံ သူ၏ ရင်ဘက်ကို ဖိ၍ ချောင်းဆိုးလိုက်သောအခါ သွေးများ ထွက်လာခဲ့သည်။
"ဒါတောင် ငါမင်းကို ပါးပါးလေးပဲ ကန်ရသေးတာ...."လင်းရီ အေးစက်စွာ ပြောလိုက်၏။
"မင်းက လူတွေကြားထဲမှာ ဂုဏ်ငွေပါဝါတွေရှိတာနဲ့ပဲ မင်းလုပ်ချင်သလို လုပ်လို့ရပြီလို့ ထင်နေတယ်ပေါ့ ...သာမန်လူတွေ ဆိုရင်တော့ မင်းလို၀က်ကြီးကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး..ဒါပေမယ့် မင်းရဲ့ အားသာချက်တွေက ငါ့အရှေ့မှာတော့ ဘာမှ အသုံးမ၀င်ဘူး..."
"ငိုးမသား...ငါမင်းကို ဒီနေ့ မသ-တ်နိုင်ရင် ငါ့မျိုးရိုးနာမည်ကို ပြောင်းပစ်လိုက်မယ်..."ချွေ့၀မ်ပင်း ဒေါသတကြီး ကျိန်ဆဲနေတော့သည်။
"ဟမ့်...ဒီလိုအချိန်မှာတောင်မှ ရှိုးပြချင်နေသေးတယ်ပေါ့...မင်းသက်တောင့်သက်သာ နေလာတာ အတော်လေး ကြာလာပြီပဲကွ..."
ဘန်း
လင်းရီ ချွေ့ပင်းလုံ၏ ကိုယ်ကို ထပ်ကန်လိုက်ပြီး ဖက်တီးကြီးကို ဘောလုံးတစ်လုံးကဲ့သို့ နောက်သို့ လွင့်ပျံသွားစေသည်။
စုန့်ကျားနှင့် ရှောင်ထျန်တို့ကတော့ ထိုမြင်ကွင်းကို ကြည့်ရင်း ကြက်ေ-သေ-သ နေကြတော့၏။
သူက ပိန်သလိုလိုနဲ့ အားအရမ်းရှိတာပဲနော်...
ထိုအချိန်တွင်တော့ ၀တ်စုံပြည့်၀တ်ဆင်ထားသည့် လူများ ပြေး၀င်လာကြ၏။
သူတို့၏ လည်ပင်းတစ်ဝိက်တွင် တံဆိပ်များ တပ်ထားပြီး စီနိုဟန် ကုမ္ပဏီ၏ ၀န်ထမ်းများ ဖြစ်ပုံရ၏။
"ရပ်စမ်း..."၀တ်စုံပြည့်၀တ်ဆင်ထားသည့် လူတစ်ယောက်မှ အော်ဟစ် ဟန့်တာူလိုက်သည်။
"ငါက ကျင်းစုန့်...စီနိုဟန် ကုမ္ပဏီ ဥပဒေ ဌာန ခေါင်းဆောင်ပဲ..မင်းရဲ့ အပြုအမူတွေက ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာ ရစေမှုနော်...ပြီးတော့ အဲ့ဒီအတွက် အနိမ့်ဆုံးထောင်ဒဏ်က ဆယ်နှစ်....မင်းဘာလုပ်နေလဲဆိုတာ နားလည်ဖို့လိုတယ်ကွ.."
ရှောင်ထျန်နှင့် စုန့်ကျားတို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူမတို့ အကြည့်ထဲတွင်တော့ စိုးရိမ်ပူပင်မှုများကို အထင်းသား မြင်တွေ့နေရသည်။
"သောက်ပေါက် ပိတ်ထားစမ်း...ခင်များ စကားထပ်ပြောရဲရင် ခင်များကိုပါ ကန်ပစ်မယ်..."
"မင်း..."
ကျင်းစုန့် ဒေါသဖြင့် အံကြိတ်လိုက်ပြီး "ငါမင်းကို ပြောလိုက်မယ်.ဒီနေရာက တရားဥပဒေ စိုးမိုးတဲ့နေရာ...မင်းထင်တိုင်း ကြဲလို့ရတဲ့ နေရာမဟုတ်ဘူး...ပြီးတော့ စီနိုဟန် ကုမ္ပဏီဆိုတာက ရှန်ဟိုင်း အင်ပါယာ ချင်းဟန်ရဲ့ ကုမ္ပဏီ...မင်းလိုကောင်မျိုးက သခင်လေးချင်းနဲ့ ဒီဘ၀ကော နောက်ဘ၀မှာပါ ယှဉ်လို့ရမှာ မဟုတ်ဘူးဆိုတယ သိထားလိုက်...သတိထားနေ မဟုတ်ရင် ဘယ်လိုဂန့်သွားလဲဆိုတာတောင် မသိလိုက်ပဲ ဖြစ်သွားမယ်...."
လင်းရီ ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ သူ့ဘေးရှိ ပန်းအိုးကို လက်ဖြင့်မကာ ယွဲ့ကျင်းစုန့်ထံ ပစ်ပေါက်လိုက်သည်။
"သခင်လေးချင်းတောင်မှ ငါ့ရှေ့မှာ အဲ့လို မလုပ်ရဲဘူး...မင်းက ဘာကောင်လဲကွ..."
"သခင်လေးချင်း ရောက်နေတာလားဗျ..."
အပြင်ဘက်ရှိ အာမေဋိတ်သံများကို ကြားတော့ ရုံးခန်းထဲရှိ လူများမှာ ရုတ်ချည်း တောင့်တင်းသွားရာမှ ပျောင်ရွှင်မှုများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သခင်လေးချင်းက ဒီရောက်နေပြီလေ...ငါတို့က ဘာကို ကြောက်ရတော့မှာလဲတဲ့...
သခင်လေးချင်းရဲ့ နည်းလမ်းနဲ့ဆိုရင် ဒီကလေးကို
ဗျင်းဖို့ဆိုတာက ငှက်ပျောသီး အခွံနွှာ စားသလောက်ပဲ...
"ဟီးဟီး..သောက်ကလေး...မင်းရဲ့ ရက်ရာဇာတွေက ကုန်သွားပြီ..."ချွေ့ပင်းလုံ အံပြင်းပြင်း ကြိတ်လိုက်ပြီး "မင်းက သောက်ရမ်းတွေ ဘ၀င်မြင့်နေတာမလား..ငါပြောပြမယ်..ငါတို့ရဲ့ သခင်လေးချင်းက မင်းထက်တောင်မှ ပိုပြီး မောက်မာသေးတယ်..."
"ဟမ့်..သူက မင်းဘက်က ရပ်တည်ပေးမယ်လို့ ထင်နေတာလား..."
"ဒါပေါ့ကွ..."ချွေ့ပင်းလုံ သေချာနေသည့် လေသံဖြင့် ပြောလိုက်ပြီး "သိအောင် ပြောပြလိုက်ဦးမယ်...ငါက ဒုဥက္ကဌတင် မဟုတ်ဘူး..သခင်လေးချင်းရဲ့ အဖေကလည်း ငါ့ဦးလေးပဲ...သူငါ့ကိုမှ မကူညီရင် ဘယ်သူ့ကို သွားကူညီမှာလဲ..."
"အေး...ကျုပ်လည်း ပြောလိုက်မယ်..ခင်များက သု့အဖေကြီး ဖြစ်နေရင်တောင်မှ ဒီနေ့တော့ ခင်များရဲ့ စည်းမစောင့်တဲ့လက်ကို ရိုက်ချိုးပစ်မှာ..."
တစ်ချိန်တည်းတွင် အပြင်ဘက်ရှိ လူအုပ်ကြီးမှာ တဖြည်းဖြည်း ကွဲသွားပြီး ချင်းဟန် သူ့ဘော်ဒီဂတ် နှစ်ယောက်နှင့်အတူ ရုံးခန်းထဲသို့ ၀င်လာခဲ့သည်။
"သခင်လေးချင်း...."
ချင်းဟန် ၀င်လာသည်ကို မြင်တော့ စီနိုဟန် ကုမ္ပဏီ ၀န်ထမ်းများအားလုံး ဦးညွှတ်၍ အရိုသေ ပေးလိုက်ကြသည်။
ရှောင်ထျန်နှင့် စုန့်ကျားတို့ကတော့ ဒဏ္ဍာရီလာ သခင်လေးချင်းကို မြင်ဖူးသည်မှာ ပထမဆုံး အကြိမ်ပင်။
သူ့ရဲ့ အော်ရာတွေက အရမ်း သန်မာတာပဲ...
"သခင်လေးချင်း...ကျွန်တော့်ကို ကူညီပါဦး..ဒီကောင်က ကုမ္ပဏီကို ပြဿနာ လာရှာရုံတင်မကသေးဘူး..ကျုပ်ကိုပါ ရိုက်လိုက်သေးတယ်..ကျွန်တော်တို့ ဒီကောင့်ကို အေးဆေး လွှတ်ပေးလိုက်လို့ မဖြစ်ဘူးနော်..."ချွေ့ပင်းလုံ နစ်နာသူကြီး ပုံစံဖြင့် အော်ဟစ် အကူညီ တောင်းလိုက်သည်။
"မင်းအမေကိုပဲ ကူညီခိုင်းလိုက်လေ..."
ချင်းဟန် ကျိန်ဆဲလိုက်ပြီး "မင်းဘာသောက်ပြဿနာတွေ ရှာခဲ့တာလဲကွ...ဒါငါ့ကို အရှက်ခွဲလိုက်တာပဲ..."
ချွေ့ပင်းလုံ အံ့အားသင့်သွား၏။
ရုံးခန်းမှာလည်း လုံး၀ တိတ်ဆိတ်သွားခဲ့၏။ ချင်းဟန် ၀င်၀င်လာခြင်း ချွေ့ပင်းလုံကို ကျိန်ဆဲလိမ့်မည်လို့ မည်သူမျှ မျှော်လင့်မထားချေ။
သူက ဟိုသောက်ကလေးကို အရင် ကိုင်တွယ်သင့်တာ မဟတ်ဘူးလားဟ...
"လင်းကြီး စိတ်ထိန်းပြီး ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကို ရှင်းပြ ...ငါမင်းကို ဖြေရှင်းချက် ကောင်းကောင်းလေး ပြန်ပေးမယ်..."
ချင်းဟန်၏ စကားလုံးများက လူတိုင်းကို တစ်ဖန် အံ့အားသင့်သွားစေပြန်သည်။
အထူးသဖြင့်တော့ ရှောင်ထျန်နှင့် စုန့်ကျားတို့ပင်။
လင်းရီက ကျော်ကြားတဲ့ ချင်းဟန်နဲ့ သိတယ်တဲ့လား...
ဒီလောက်အဆင့်အတန်းကြီး ကွာဟနေတာ သူတို့ နှစ်ယောက် ဆုံမိဖို့ ဆိုတာ ဘာ်လိုမှ မဖြစ်နိုင်ဘူးလေ...
"ဒီေ-သချင်းဆိုး ဖက်တီးက ငါတို့ကျောင်းက ကျောင်းသူလေးကို စော်ကားပြီးတော့ တိုက်ပေါ်ကနေ ခုန်ချအောင် တွန်းအားပေးလိုက်တယ်လေ...,အဲ့တော့ ငါဘယ်လို လုပ်သင့်လဲလို့ မင်းထင်လဲ..."လင်းရီ ချင်းဟန်ကို ကြည့်၍ ပြောလိုက်သည်။
"ပြီးတော့ ဒီရဲ့ ဥပဒေဌာနက မင်းကောင်တွေကလည်း ငါ့ကို ဖမ်းပြီး စစ်ဆေးချင်နေကြသေးတယ်...သူတို့က ငါ့တပည့်မလေးကနေ စပြီးတော့ အိုက်ဖက်တီးကို မြှူဆွယ်ဖျားယောင်းတာပါတဲ့...ဘယ်လိုတောင် လီဆယ်တတ်ကြတာလဲကွာ.."
"ငိုးမ....အဲ့လိုကြီး ဖြစ်ခဲ့တာလားဟ..."ချင်းဟန် အံ့ဩသံားခဲ့သည်။
သူထင်ထားခဲ့သည်မှာ ချွေ့ပင်းလုံ လင်းရီ ရှေ့တွင် မိမိုက်သလို လုပ်နေသောကြောင့် လင်းရီမှ ပညာပြနေခြင်းဟု ထင်ထားခဲ့၏။ သို့သော်လည်း ယခုကဲ့သို့ အရှက်မရှိသည့်ကိစ္စကို ပြုမူခဲ့လိမ့်မည်လို့ မထင်ထားခဲ့ပေ။
"ငါက မင်းကို နောက်ရမှာလား..."
ချင်းဟန် ဒေါသထွက်လာပြီး လင်းရီ ထက်ပင် ပို၍ မဆင်မခြင် ပြုမူလာသည်။
သူချွေ့ပင်းလုံ၏ ခေါင်းကို ပိတ်ကန်လိုက်သည်။ "မင်းက ချီးဘရိန်းလားကွ...ငါတောင် အဲ့လို မလုပ်ရဲတာ မင်းက ဘာကောင်ထင်ပြီး လုပ်နေတာလဲကွ...."
ချွေ့ပင်းလုံခေါင်းမှာတော့ တဆစ်ဆစ်ထိုးကိုက်နေပြီး ကြောင်အနေကာ ဘာမျှ စဉ်းစားမရတော့ပေ။
",သခင်လေးချင်း ..ငါက မင်းနဲ့သွေးဝေးတဲ့ ၀မ်းကွဲလေ...မင်းငါ့ကို ဒီလို ဆက်ဆံလို့မရဘူး..."
",၀မ်းကွဲ..အဲ့ဒီတော့ ငါက ဘာလုပ်ပေးရမှာ...မင်းက ဒီမှာ အလုပ်လုပ် ရုံနဲ့ ဘယ်ကောင့်မှ ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ ပုံစံလားကွ....."ချင်းဟန် ညှာတာခြင်း အလျင်းမရှိ နောက်တစ်ကြိမ် ထပ်ကန်လိုက်သည်။
"လင်းကြီး...ငါ့ကို ကူညီ...ငါမင်းကိုယ်စား ဒီကိစ္စကို ကိုင်တွယ်ပေးမယ်...ပြီးကျရင် မင်းကျေနပ်လောက်တဲ့ အဖြေ ရစေရမယ်လို့ အာမခံတယ်..."
"ကောင်းပြီလေ...မင်းက ဒီလိုတွေပြောလာမှတော့ ဒီဖက်တီးကို မင်းလက်ထဲ အပ်လိုက်တော့မယ်..."လင်းရီ ပေါ့ပါးစွာ ပြောလိုက်သည်။
"ဒါပေမယ့် ငါဒီလာတုန်းက သူ့လက်တွေကို ရိုက်ချိုးပစ်မယ်လို့ ကတိပေးထားတာ...မင်းဒီကနေ ဘယ်လို လုပ်ပေးမလဲဆိုတာတော့ မင်းအပေါ်မှာပဲ မူတည်တယ်...."