ငွေဆိုတာ နံပါတ်တစ်ခု သာသာပဲ..
Vol. 9 Ch. 128
"ရတယ်...စိတ်တိုင်းကျ ဖြစ်စေရမယ်..."ချင်းဟန် ကတိပေးလိုက်၏။
"အဲ့ဒါဆို ငါသွားတော့မယ်..."
"အိုကေ..ငါလည်း ဒီကောင့်ကို အရင် ကိုင်တွယ် လိုက်ဦးမယ်..."
ရုံးခန်းထဲရှိ လူတိုင်းမှာ ပါးစပ် အဟောင်းသားလေး ဖြစ်နေကြသည်။
ဒီလူနဲ့ သခင်လေးချင်းက ဘယ်ေလာက်တောင် ရင်းနှီး ကြတာလဲဟ...သူ့ကို ဘာလို့ ဒီလိုတွေဆက်ဆံပေးနေရတာလဲ...
ရှောင်ထျန်နှင့် စုန့်ကျားတို့မှာတော့ အံ့အားသင့်လွန်း၍ မေးရိုးပင် ကြမ်းပြင်နှင့် ထိလုနီးပါးပင်။
လင်ရီးတွင် ထိုမျှ အားကောင်းသည့် အဆက်အသွယ် ရှိနေလိမ့်မည်လို့ သူမတို့ လုံး၀ ထင်မထားခဲ့။ ထိုအရာမှာ သူမတို့အတွက် လုံး၀ စပရိုက်ပင်။
မျှော်လင့်ထားသည့်အတိုင်း ချင်းဟန်ကဲ့သို့ ကြီးမြတ်သူတို့မှာ သူငယ်ချင်းပြုလုပ်ရာတွင် ငွေမျက်နှာကို ထည့်တွက်ခြင်းမရှိ။ အဘယ်ကြောင့်ဆိုသော် လင်းရီက သူ့လောက် မချမ်းသာသောကြောင့်ပင်။
"သွာစို့..ငါ့ဒေါသလည်း အရှိန်သေသွားပြီ...ကျန်တာကို အဲ့ကောင် လုပ်လိုက်လိမ့်မယ်..."
လင်းရီနှင့် ချင်းဟန်တို့၏ ဆက်ဆံရေးမှာ ဖုန်းတစ်ချက် ခေါ်ရုံဖြင့် အားလုံး စီစဉ်ခိုင်းလို့ရသည်။
သို့သော်လည်း သူ၏ ဒေါသကို သွန်ချရန် ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ လာသမခြင်းဖြစ်၏။
ယခု သူသွန်ချပြီးသောကြောင့် ဘာမျှ လုပ်စရာ မကျန်တော့ပေ။
သုံးယောက်သား အောက်ထပ်တို့ အတူဆင်းလာခဲ့ကြပြီး စီနိုဟန် ကုမ္ပဏီထဲမှ ထွက်လာခဲ့ကြသည်။
"ဒါရိုက်တာလင်း..ရှင်ကတော့ လုံး၀ အမေးဇင်းပဲ..ဒဏ္ဍာရီလာ ချင်းဟန်နဲ့တာင် သိတယ်ပေါ့...ဒီကို လာရဲတာ မဆန်းတော့ပါဘူး..."
ကားထဲသို့ ၀င်ပြီးနောက် စုန့်ကျား ပြောလိုက်သည်။
"ချင်းဟန်နဲ့ မသိရင်တောင် လာဦးမှာပဲ..ငါတို့ကျောင်းက တပည့်က အနိုင်ကျင့်ခံရတာကို ဘာမှ မလုပ်ဘဲနဲ့ မနေနိုင်ဘူး..မဟုတ်ရင် ငါက ကိုယ့်ကိုယ်ကို ဆရာဆိုပြီး ဘယ်လိုလုပ် လိပ်ပြာသန့်တော့မှာ..."
လင်းရီ သာမန်လေသံဖြင့် ပြောလိုက်သည်။
"ဒါပေမယ့် ဒီဖြစ်ရပ်ကြီးက ပြဿနာအကြီးကြီးကို သတိထားမိသွားစေတယ်...မင်းတို့ကော သတိထားမိကြလား.."
လင်းရီပြောလိုက်၏။
"ဘာပြဿနာလဲ.."ရှောင်ထျန်မှ မေးလိုက်လေသည်။
"ကျောင်းက သူတို့ကျောင်းသားတွေကို တအား အကာအကွယ် ပေးလွန်းနေသလားလို့..."
"သူတို့က အမြဲတမ်း အေးချမ်းလုံခြုံတဲ့ ကျောင်းထဲမှာပဲ နေနေကြဆိုတော့ အပြင်လောကကို ရောက်တာနဲ့ ဒီလိုမျိုးတွေ ဖြစ်လာပြီဆိုရင် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေက ထင်သလောက် မသန်မာကြတော့ဘူး...ဒီနေ့တောင် ရှောင်းယွီ ငါတို့နဲ့ တွေ့တာ ကံကောင်းတယ်..မဟုတ်ရင် အကျိုးဆက်တွေကတော့ မတွေးဝံ့စရာပဲ...."
"ဟမ်..,အဲ့လောက်ကြီးထိ ဟုတ်လို့လားဟ..."စုန့်ကျား အံ့သြလေးနက်စွာ မေးလိုက်သည်။
"တွေးကြည့်လေ..မင်းသာ တက္ကသိုလ်မှာ ဒီလို ကိစ္စမျိုးဖြစ်ပါပြီရဲ့...မင်းဘယ်လို လုပ်မလဲ..."
လင်းရီ၏ စကားလုံးများက သူမတို့ နှစ်ယောက်လုံးကို တိတ်ဆိတ်သွားစေသည်။
သူတို့သာ လင်းရီ နေရာမှ ဆိုပါက ယခုကဲ့သို့ လုပ်မိမည် ဖြစ်သော်လည်း ရှောင်းယွီနေရာမှ ဆိုလျင်တော့ အဖြေကတော့ ...မရှိ။
သူမတို့သာ တခြားသူဆီမှ နှစ်သိမ့်မှုနှင့် ဖေးမမှုတို့ မရရှိပါက ကိုယ့်ဘာကိုယ် အဆုံးစီရင် မိလိမ့်မည်မှာ မုချမလွဲပင်။
အနည်းငယ် ရက်စက်သယောင်ရှိသော်လည်း နက်နဲသော လူ့အဖွဲ့အစည်းကြီး၏ တရား၀င်လောဂျစ်ကြီးပင်။
"ငါဒီကိစ္စကို ကျောင်းအုပ်ကြီးဆီ တင်ပြလိုက်ဦးမယ်...."ရှောင်ထျန် ပြောလိုက်ပြီး "ကျောင်းမှာ ဆိုက်ကိုလိုဂျီ သင်ပေးတာကလည်း ရွေးချယ်မှုကောင်းပဲ..."
[မတော်တဆ တက္ကသိုလ်ကျောင်းသူလေး တစ်ဦးကို ကယ်တင်ပြီး ပြဌာန်းချက်များကို ပြန်လည်ရေးဆွဲပါ ဆရာတစ်ဦး၏ ကြီးမြတ်မှုများကို ဖော်ပြလိုက်ပါ...]
[မစ်ရှင် ပြီးမြောက်သွားပါပြီ]
[ဆုလဒ် - အတွေ့ကြုံမှတ်..၁၀၀,၀၀၀ ]
[မလုပ်ပြီး မြောက်နှုန်း : ၇၀%]
[ဆုလဒ် : ၁ဘီလီယမ် ဒေါ်လာ]
လင်းရီ သူ့စိတ်ထဲရှိ စနစ်မှ အကြောင်းကြားစာကို မြင်တော့ အံ့အားသင့်သွားသည်။ သူကိစ္စ သေးသေးလေး လုပ်ခဲ့သော်လည်း မထင်မှတ်ဘဲ မစ်ရှင်ပြီးမြောက်သွားလိမ့်မည်လို့ ထင်မထားခဲ့ပေ။
ဟီးဟီး စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား...
ကံမကောင်းစွာဖြင့် အတွေ့အကြုံမှတ်မှာ အနည်းငယ် နည်းနေခြင်းပင်။ မဟုတ်ပါက သူ အလုပ် အသစ်ကိုပင် ပြောင်းလို့ရနေပြီ ဖြစ်၏။
ဒီတိုင်း ကျပန်း တစ်ဘီလီယမ် ရလိုက်တာကတော့ အမြတ်ပေါ့...
အခြားသူများအတွက်တော့ ထိုငွေပမာဏမှာ ကောင်းကင်လောက်ကြီး ရှိသော်လည်း သူ့အတွက်တော့ နံပါတ်တစ်ခုခုသာပင်။
လင်းရီ ရှောင်ထျန်နှင့် စုန့်ကျားတို့နှင့်အတူ စီနိုဟန် ကုမ္ပဏီရှိ ကိစ္စများကိုလည်း ကိုင်တွယ်ပြီးတော့ စွန်းရှောင်ယွီထံ သွားလည်ရန် ဆုံးဖြတ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် စွန်းရှောင်ယွီ၏ အခြေနေမှာ ပို၍ တည်ငြိမ်လာပြီးဖြစ်၏။
လုံး၀ မတည်ငြိမ်သေးသော်လည်း နောက်တစ်ကြိမ် မိုက်မဲသည့် အကြံအစည်များ မပြုလုပ်တော့မည်မှာကတော့ သေချာသလောက်ရှိ၏။
"နင်တို့ ဒီနေ့ ရုံးစောဆင်းလိုက်တော့ ကျောင်းပြန်သွားမနေနဲ့..."ရှောင်ထျန် လင်းရီ ကားထဲတွင် ထိုင်ရင်း ပြောလိုက်သည်။
သူမတို့ တစ်နေ့လုံး စိတ်မောလူမော ဖြစ်ခဲ့ကြပြီး တစ်ကိုယ်လုံးလည်း နုံးချိနေကြသည်။
အလုပ်သွားရန်လည်း စိတ်မပါကြတော့သဖြင့် စောလျင်စွာ ရုံးဆင်းခိုင်းလိုက်သည်က ပို၍ ကောင်းသည်။
"ကျေးဇူးနော် အစ်မထျန်.."စုန့်ကျား ပျော်ရွှင်စွာ ပြုံးပြီး ပြောလိုက်၏။
"ဒါရိုက်တာလင်း ကျွန်မကို ဒီမှာပဲ ချခဲ့ပေးလိုက်တော့...ဒီနားမှာ ဘတ်စ်ကားရှိတယ် အဲ့တာ စီးပြီးပဲ ပြန်လိုက်တော့မယ်..."
"ဘတ်စ်ကားစီးပြီး ဘာလုပ်မှာလဲ...ငါလိုက်ပို့ပေးလည်း ရနေတာပဲ မဟုတ်လား..ဘာလဲ မင်းက ငါ့ကားကို မကြိုက်လို့လား..."
လင်းရီ အပြုံးလေးဖြင့် စနောက်သလို ပြောလိုက်သည်။
"ဘယ်နားကသာ ...ဘတ်စ်ကားက ကျွန်မတို့ အိမ်နားလေး ရပ်တယ်လေ..ကားနဲ့ဆို ရှင်အသွားအပြန် ဆီပိုကုန်နေမှာပေါ့..."
စုန့်ကျား လင်းရီအတွက် တွေးပေးပြီး ပြောလိုက်သည်။
"အဆင် ပြေပါတယ်ဟ..ငါဆီဖိုးလောက်တော့ တတ်နိုင်ပါသေးတယ်..."လင်းရီ ယုံကြည်ချက် ရှိသည့် အပြုံးဖြင့် ပြောလိုက်၏။
လင်းရီကိုယ်တိုင်ကိုက တင်းခံနေမှတော့ စုန့်ကျားလည်း အားနာမနေတော့ချေ။
"ဒါရိုက်တာလင်း ကျားကျားကို လိုက်ပို့ပြီးရင် ကျွန်မကိုလည်း လိုက်ပို့ပေးဦးနော်..."ရှစ်လိမှ သူမကို ချန်ထားခဲ့မည်စိုး၍ ၀င်ပြောလိုက်သည်။
"ရတာပေါ့..."လင်းရီ ဘာမျှ မစဉ်းစားဘဲ တန်းပြောချလိုက်သည်။
မိနစ် နှစ်ဆယ်ခန့် မောင်းပြီးနောက် လင်းရီ ကားကို ရှစ်လိ၏ အိမ်နား၌ ရပ်တန့်လိုက်သည်။
"ခုလို လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးနော် ဒါရိုက်တာလင်း..."
"အချင်းချင်းတွေကိုပဲ အဲ့လောက်ကြီး ယဉ်ကျေးဖို့ မလိုပါဘူးဟ..."
ရှစ်လိ ရယ်မောလိုက်ပြီး ရှောင်ထျန်ကို ကြည့်ကာ "ဒါရိုက်တာထျန် ဒီနေ့ ဒါရိုက်တာလင်းက ကျောင်းအတွက် အရမ်းပင်ပမ်းထားတာနော်..ကော်မတီ ခေါင်းဆောင်အနေနဲ့ အစ်မထျန်က သူ့ကို ထမင်းလေး တစ်နပ်လောက် ဖိတ်မကျွေးတော့ဘူးလား..."
"ဟွန့်..နင်ပြောစရာ မလိုပါဘူး..."ရှောင်ထျန် စောဒက တပ်လိုက်သည်။
"အဲ့ဒါဆိုလည်း တာ့တာ...နှစ်ယောက်သား ပျော်ပျော်ပါးပါး စားခဲ့ကြနော်....ဒါရိုက်တာလင်းက ကျွန်မတွက်ပါ ပိုစားပေးပေါ့ ဟီဟီး"
လင်းရီ "...."
နှစ်ယောက်ကို လိုက်ပို့ပြီးနောက် ကားထဲတွင် ရှောင်ထျန် တစ်ယောက်တည်းသာ ကျန်တော့ကြောင်း သတိထားမိသွားသည်။
ငိုးပဲ ဒီအမွှေစိန် နှစ်ယောက်ကတော့ အကြံဆိုးကြီးနဲ့ လုပ်သွားတာပဲကွ...,
"ဒီနေ့ ကူညီပေးခဲ့တဲ့ ကျေးဇူးပဲ ..မဟုတ်ရင် ဘာဆက်ဖြစ်မလဲတောင် ကျွန်မတော့ မတွေးတတ်တော့ဘူး.."ရှောင်ထျန် မပြောချင် ပြောချင်ဖြင့် ပြောလိုက်သည်။
"ငါလည်း ကျောင်းကော်မတီရဲ့ ဆရာတစ်ဦးပဲလေ..ငါလုပ်သင့်လုပ်ထိုက်တာတွေပါဟ..ကျေးဇူးတင်ဖို့ မလိုဘူး..ကျေးဇူးအတင်ခံချင်လို့လည်း လုပ်တာမဟုတ်ဘူး..."
ကားထဲရှိ လေထမှာ တိတ်ဆိတ်နေပြီး လေတိုးသံ မျှင်းမျှင်းလေးကိုပင် ကြားနေရသည်။ လင်းရီ ရှောင်ထျန်ကို တစ်ချက် အကဲခတ်ကြည့်လိုက်သောအခါ တော်တော်လေး တည်ငြိမ်နေပြီး အဆင်ပြေနေပုံပေါက်၏။ ထို့ပြင် သူမ၏ ယုန်နှစ်ကောင်ကြီးမှာလည်း ဟဲဗီးကြီးပင်။
သူထိုယုန်များကို အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားနေရ၏။
"ဒါနဲ့ စကားမစပ် နင်မနက်ဖြန် အားလား...."
"ဘာလို့လဲ..တစ်ခုခုလိုလို့လား..."
"အင်း..ကျွန်မ တစ်ခုခု လုပ်ဖို့ လိုအပ်နေသေးတယ်လို့ ထင်တယ်..ကျွန်မတို့ ရှောင်းယွီရဲ့ ကောင်လေးကို ခေါ်တွေ့ရမယ်..ဘာပဲဆိုဆို သူ့ကောင်လေး နှစ်သိမ့်တာက ကျွန်မတို့ သုံးယောက်ပြောတာထက်တော့ ပိုပြီးအကျိုးရှိတာပေါ့..."
"ငါက ဒီတိုင်း လက်ထောက် ဒါရိုက်တာ အဆင့်ပဲ ရှိတာ ..ကျန်သာကို မင်းဘာမင်း ကြည့်လုပ်လိုက် .."
လင်းရီ တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်၏။
"အင်း...ကျွန်မ သူ့ကောင်လေးကို ဆက်သွယ်ပြီးသွားရင် ရှင့်ဆီ ဖုန်းခေါ်လိုက်မယ်..တကယ်လို့ ခေါ်မရလည်း ထားလိုက်ပါတော့လေ..."
"သဘော..မင်းသဘောပဲ.."
နှစ်ယောက်သား စကားလုံးအနည်းငယ် ပြောဆိုပြီးနောက် ကားထဲတွင် တစ်ဖန် တိတ်ဆိတ်မှုက မင်းမူသွားပြန်သည်။
အချိန်အကြာကြီး ကုန်ဆုံးပြီးနောက် ရှောင်ထျန်မှ စကားစပြောလာပြီး "ရှင်ဒီနေ့ လုပ်တာ ကောင်းတယ်...ဒါပေမယ့် ကျွန်မလည်း ဒီနေ့ ကိစ္စလေး ရှိနေတော့ ရှင့်ကို နောက်နေ့မှပဲ ထမင်းလိုက်ကျွေးတော့မယ်...ရတယ်မလား..."
သူမ နတ်ဘုရားကို ဒီနေ့ညစာကျွေးမယ်ဟ ကတိပေးထားသောကြောင့် တွေးကြည့်ရုံဖြင့်ပင် ကြည်နူးနေမိသည်။
"အင်း..ငါလည်း ဒီည ညစာ စားဖို့ ချိန်းထားတာ ရှိတယ် မအားသေးဘူး..."
"ဟင်...ရှင်က ကောင်မလေးတစ်ယောက်နဲ့ ညစာစားဖို့ ချိန်းထားတာလား..."ရှောင်ထျန် စပ်စုချင်စိတ်ကြီးစွာ မေးမြန်းလိုက်သည်။
"ဒါပေါ့..ကောင်မလေးပဲ..ငါ့ကို ခခယယဖိတ်လို့သာ ပေါ့ မဟုတ်ရင် ငါလည်း သဘောမတူပါဘူးကွာ..."
"ကျွတ်...အဲ့မှာ လေကြီးနေလိုက်..."
"ငါလေကြီးနေတာမဟုတ်ဘူးဟ...ဟိုဘက်က ငါ့ကို ဒယ်ဒီလို့တောင်မှ ခေါ်ပြီးသွားမှတော့ ..ငြင်းလိုက်ရင် အားနာစရာကြီးလေကွာ..."
"ဟမ်...ဘယ်လို မိန်းကလေးမျိးပါလိမ့်...တော်တော် အရှက်မဲ့တာပဲ..."ရှောင်ထန် ဝေဖန်လိုက်ပြီး "ကျက်သရေ မရှိလိုက်တာ..."
ဟမ်...တစ်ခုခုတော့ မဟုတ်သေးဘူး...
ရှောင်ထျန် မနေ့တုန်းက သူမ၏ နတ်ဘုရားကို ဒယ်ဒီလို့ ခေါ်ထားကြောင်း သတိရသွားသည်။
ဘာပဲဖြစ်ဖြစ် ငါမပြောရင် လင်းရီ သိမှာမှ မဟုတ်တာ...
"အေးပါဟ..ပြောတဲ့သူလည်း မင်းမှ မဟုတ်ဘဲကို...ဘာတွေ အဲ့လောက် ဒေါသထွက်နေတာလဲဟ..."
"အင်း...ဟုတ်သားပဲ..."ရှောင်ထျန် မလုံမလဲဖြင့် ပြန်ဖြေလိုက်၏။
ယခု ပြန်စဉ်းစားကြည့်တော့မှ သူမ အရင်တုန်းက အတော်လေး တဇွတ်ထိုး နိုင်ခဲ့ကြောင်း သတိပြုမိသွား၏။
လင်းရီ၏ ရုပ်ရည်ဖြင့် ဆိုပါက ကောင်မလေးများကပင် ဦးစွာ လှုပ်ရှားလိမ့်မည်။ ဒယ်ဒီ ဟုခေါ်သော ကောင်မလေးမှာ ထိုအကြောင်းပြချက်များ၏ နမူနာကြီးပင်။
ထို့နောက် သူမတို့ အိမ်နား ရောက်သည်အထိ လင်းရီနှင့် စကား မပြောခဲ့ပေ။ လင်းရီလည်း ရှောင်ထျန်ကို ပို့ပြီးနောက် ကျိုကျုံး ဗီလာသို့ ဦးတည်လိုက်တော့၏။
ကလင် ကလင် ကလင်
အိမ်သို့မောင်းနေစဉ် လင်းရီ ဖုန်းမြည်လာ၏။ အမည်မသိ နံပါတ်တစ်ခုပင်။
"ဟဲလို မစ္စတာလင်းရီလား ခင်ဗျာ..."
လေသံမှာ အနည်းငယ် အသက်ကြီးသော်လည်း အရမ်း ယဉ်ကျေးလွန်း၏။
"ဟုတ်ပါတယ်ဗျ...ဘယ်သူများလဲ.."လင်းရီ ယဉ်ယဉ်ကျေးကျေးနှင့် ပြန်လည် တုန့်ပြန်လိုက်သည်။
"ဟဲလို မစ္စတာလင်း ကျွန်တော် ကိုယ့်ဘာကိုယ် မိတ်ဆက်ပေးပါရစေ..ကျွန်တော်က တင်ဟွေ့ စီမံခန့်ခွဲ့ရေး ကုမ္ပဏီရဲ့ အထွေထေ မန်နေဂျာ ရန်ထျန်းပေါ်ပါဗျ...လော့၀မ် ဆိုတာကတော့ ကျွန်တော့်ရဲ့ ယောက်ဖ လေ....သူပဲ ကျွန်တော့်ကို မစ္စတာလင်းရဲ့ ဖုန်းနံပါတ် ပေးလိုက်တာပါ..."
"အိုး..ခင်များ ဘယ်သူလဲဆိုတာ မှတ်မိပြီ..."လင်းရီ သိသွားသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
လင်းရီ ယွမ်တုံး အုပ်စုသို့ လက်မှတ်သွားထိုးစဉ်က လော့၀မ့် သူ့ယောက်ဖ ပိုင်ဆိုင်သည့် စီမံခန့်ခွဲရေး ကုမ္ပဏီအကြောင်း ပြောပြဖူးသည်။ လင်းရီကိုတောင် သူ့ယောက်ဖ ပိုင်သည့် ကုမ္ပဏီနှင့် လက်တွဲ လုပ်ရန် အကြုံပြုလိုက်သေး၏။
"မစ္စတာလင်း မှတ်မိတာကိုပဲ ကျွန်တော်က ဂုဏ်ယူရမှာပါ..."
"ကျုပ်တို့က အပြင်လူ မဟုတ်မှတော့ အပိုတွေ ပြောမနေတော့ဘူး..အဆင်ပြေတဲ့ချိန် ထိုင်ပြီး အလုပ်အကြောင်း ဆွေးနွေးကြတာပေါ့..."
"ကောင်းတာပေါ့ဗျာ..မစ္စတာ လင်း သဘောပါပဲ ကျွန်တော်ကတော့ ခုချက်ချင်း လာခဲ့ဆိုရင်တောင် လာခဲ့ပေးလို့ရတယ်..."
လင်းရီ နာရီကို ကြည့်လိုက်သောအခါ သုံးနာရီ ကျော်နေပြီး ဖြစ်၏။ ညစာ စားဖို့ ချိန်းထားသည်ကလည်း ရှိသေးတော့ ယနေ့ ဆွေးနွေးဖို့ရာ မဖြစ်နိုင်တော့ချေ။
"ဒီနေ့တော့ ထားလိုက်တော့ဗျာ..ကျုပ်နည်းနည်းလေး ပင်ပမ်းနေပြီ ..မနက်ဖြန် မွန်းလွဲ တစ်နာရီလောက်ကျ ပန်နီဆူလာ ဟိုတယ်က ကော်ဖီဆိုင်မှာ စကားဝိုင်းထိုင်ကြတာပေါ့ဗျာ..."
"မဟုတ်တာဗျာ..ကျွန်တော်ဘက်က အချိန်မှီ စောင့်နေပေးရမှာပေါ့...မစ္စတာလင်း သဘောအတိုင်းပါဗျ..."
"ကောင်းပါပြီ ..ဒါဆို ချလိုက်တော့မယ်.."
လင်းရီ ရေမိုးချိုးပြီးနောက် အ၀တ်စားလဲကာ ပင်လယ်ဘေးနားကလူ စားသောက်ဆိုင်သို့ သွားရန် ပြင်ဆင်လိုက်သည်။
ဒူ ဒူ ...
သူ၏ ဖုန်းမြည်လာပြီး စကတ်တွန့်လေးထံမှ မက်ဆေ့ခ်ျပင်။
စကတ်တွန့်လေး : ငါ အပြာရောင် စကတ်၊ အဖြူရောင် အပေါ်ထပ်နဲ့ အနက်ရောင် ဒေါက်ဖိနပ် စီးထားတယ်..ဆံပင်ရှည်ရှည်နဲ့ တစ်ယောက်နော်...
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ဂျင်း ၊ အဖြူရောင် အားကစားဖိနပ်နဲ့ အာမနီ ရှပ်။
စကတ်တွန့်လေး : အိုကေ..နေရာမှာ ဆုံကြမယ်နော်...
ကိုယ်စီ အချက်လက်များ ဖလှယ်ပြီးနောက် လင်းရီ ဖုန်းပြန်ချထားလိုက်သည်။
သူရောက်လာသည့်အချိန်တွင်တော့ ငါးနာရီထိုးနေပြီး နောက်ကျသည်ဟုတော့ ပြော၍မရပေ။
သူကားပါကင် ထိုးပြီး ဆိုင်သို့ လာနေတုန်း အမှတ်မထင် ရှောင်ထျန်ကို တွေ့လိုက်ရသည်။
ရှောင်ထျန်လည်း လင်းရီကို တွေ့သွားပုံပင်။
"လင်းရီ နင်ဒီမှာ ချိန်းထားတာလား..."
"အင်း...ဟုတ်တယ်လေ.."
"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ..."ရှောင်ထျန် အပြုံးလေးဖြင့် ပြောလိုက်ပြီး အတူတူ ၀င်သွားရအောင်..."
"ရတာပေါ့..."
နှစ်ယောက်သ အတူ လမ်းလျှောက်သွားကြပြီး တံခါးဖွင့်တော့မည့် အချိန်တွင်တော့ နှစ်ယောက်လုံး ရုတ်တရက် ရပ်တန့်သွားကြပြ အချင်းချင်း အံအားသင့်စွာဖြင့် ကြည့်မိလိုက်ကြသည်။
စကတ်ပြာ ၊ အဖြူထပ်၊ ဒေါက်အနက်၊ပြီးတော့ ဆံပင်ရှည်ရှည်နဲ့...
ဒီစတိုင်က စကတ်တွန့်လေး ပြောထားတဲ့ ပုံစံ မဟုတ်လားဟ...
ရှောင်ထျန်လည်း လင်းရီကို ကြည့်နေသည်။
ဂျင်း၊ အဖြူရောင် အားကစားဖိနပ်၊အာမနီရှပ်..
ဒါက ငါ့နတ်ဘုရား ၀တ်ထားတဲ့ ပုံစံ မဟုတ်ဘူးလား....
"စကတ်တွန့်လေး...?"
"ပြိုင်ဘက်ကင်း ကြက်တောင်ပံ .."
နှစ်ယောက်သားအပြန်အလှန် လက်ညိုးထိုး အတည်ပြုပြီးနောက် လေထုမှာ အေးစက်သွားတော့၏။
ရှောင်ထျန် ခံစားချက်များ ဆိုးရွားသွားတော့၏။
ဒါ...ဒါကြီးက မတိုက်ဆိုင်လွန်းဘူးလား...
ရှောင်ထျန်မျက်နှာ နီရဲနေပြီး နှလုံးမှာလည်း မာရသွန်ပြိုင်သကဲ့သို့ တဒုတ်ဒုတ် မြန်ဆန်နေသည်။
ဒါကြီးက ဘာလားပဲ..
မိုးနတ်မင်းကြီးက ငါ့ကို လာကစားနေတာလား...
"အဲ....ငါတို့ ထမင်းအတူ စားကြဦးမလား"လင်းရီ တိတ်ဆိတ်သည့်လေထုကို စတင် ချိုးဖြတ်လိုက်သည်။
"ဒါ..ဒါပေါ့ စားကြမှာပေါ့...စားပွဲက ကြိုတင် မှာထားပြီးသားကိုပဲ.."ရှောင်ထျန် တည်ငြိမ်ဟန်ဆောင်ရင်း ဖြေလိုက်သည်။
"အဲ့ဒါဆိုလည်း သွားစို့လေ..."
နှစ်ယောက်သား စားပွဲဆီသို့ ရောက်ပြီးနောက် ရှောင်ထျန်မှ ဟင်းပွဲများ မှာလိုက်သည်။ ထို့နောက် လေထုမှာ တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။
"လင်းရီ..နင်ငါ ဂိမ်းတွေဆော့တာ သူများတွေကိုတော့ လျှောက်မပြောဘူးမလား..."ရှောင်ထျန် မဝံ့မရဲလေး မေးလိုက်၏။
"ငါ့ကို ပါးစပ်ဖွာတဲ့ကောင်များ မှတ်နေလား..စိတ်ချ ဘယ်သူ့ကိုမှ မပြောပြဘူး.."လင်းရီ လက်ဝှေ့ရမ်းလိုက်ပြီး "ဒယ်ဒီ တစ်ယောက်အနေနဲ့ ကိုယ့်ဘေဘီလေးရဲ့ ကိုယ်ရေးကိုယ်တာကို ဘယ်လိုလုပ် လျောက်ပြောရက်မှာ..."
"ရှောင်ထျန်မျက်နှာ ရဲရဲနီသွားပြန်သည်။ "နင်...နင်ဘာတွေ လာပြောနေတာလဲ..."
"ဒါပေမယ့် ဒါရိုက်တာထျန်က အင်တာနက်မှာကျ အတော်လေး ဟော့တာပဲနော်..ကျုပ်ကဖြင့် ဒီပုံကြီး ရင်းနှီးနေပါတယ် မှတ်နေတာ..ဒီလိုတွေ ဖြစ်လာလိမ့်မည်လို့တောင် ထင်မထားဘူး..."
ရှောင်ထျန် သေချင်နေတော့၏။
သူမကားထဲတွင် လင်းရီကို ဒယ်ဒီလို့ ခေါ်သည့် မိန်းကလေးမှာ အရှက်မည်မျှမဲ့ကြောင်း မိန်းမ အကျင့်သိက္ခာနှင့်မညီကြောင်း အကြီးကြီးတွေ ကျွေးထားခဲ့မိသည်။ သူမကိုယ်သူမ ရည်ညွှန်းသလိုမျိုး ဖြစ်ခဲ့နေမှန်းတောင် မသိလိုက်ပေ။
သူမအရမ်း အရှက်မဲ့ခဲ့တာပဲ...
"ငါဆိုလိုချင်တာက...နင်က ငါနဲ့ ဂိမ်းတွေ အများကြီး အတူဆော့ပေးတယ်လေ..ဒီတော့ နင်ပျော်ရင် ပြီးတာပဲလို့..."ရှောင်ထျန် အားတင်းပြီး ပြုံးပြလိုက်သည်။
"ဂိမ်းအကြောင်း မပြောစမ်းနဲ့..မင်းရဲ့ IQနဲ့ဆိုရင် ဂိမ်းကို တာ့တာ လုပ်သင့်နေပြီ ..ဆက်ဆော့နေရင် သူများကို စိတ်ဒုက္ခပေးရာ ကျတယ်..."
"ငါ့ကိုယ်ငါ နု(Noob)မှန်းလည်း သိပါတယ်နော်...အိုကေ..အဲ့လောက်ကြီးတော့ ပြောစရာမလိုပါဘူး..."
"နုတာက ပြဿနာ မဟုတ်သေးဘူး..ကြက်ကို ဆော့ခိုင်းရင်တောင်မှ မင်းထက်ပိုပြီး ခလုတ်တွေ ကိုင်တတ်ဦးမယ်.. "လင်းရီ ရယ်ချင်နေသည့် လေသံဖြင့် "ကျေးဇူးပဲ မင်းကြောင့် ဘာမှ အသုံးမကျတဲ့ ပလေယာက ဘာလဲဆိုတာ ငါနားလည်သွားတော့တယ်..."
"ဟိတ်...အဲ့လို မပြောနဲ့လေ...ငါဒီနေ့ အရှက်ကွဲတာ လုံလောက်နေပြီ ..အင်တာနက်ပေါ်မှာ နင့်ဆီကနေ အဆူခံနေရတာ လွယ်တယ်များ မှတ်နေလား...."
"ဟမ့် ငါလည်း ဘာထူးတုန်း...နေ့တိုင်း ရုံးမှာဆို မင်းပဲ ငါ့ကို ပစ်မှတ်ထားနေတာ မဟုတ်လား ..."
"အဲ့တာလည်း ငါနင့်ကို တောင်းပန်ပြီးပြီပဲ မဟုတ်လား...ငါက နင့်ရဲ့ ဒါရိုက်တာနော်..မျက်နှာလေး ဘာလေးတော့ ပေးပါဦးဟဲ့...."
"အေးပါ...ခုတော့ စားကြရအောင် ငါလည်း ဗိုက်ဆာ နေပြီ..."
ဂိမ်းထဲမှ ဆက်ဆံရေးကြောင့် သူတို့ နှစ်ယောက်၏ ရင်းနှီးမှုမှာ ရှေ့သို့ ခြေတစ်လှမ်းတိုးသွားသော်လည်း ကိုးရို့ကားယားနိုင်သောကြောင့် ညစာမှာ လျင်မြန်စွာဖြင့် အဆုံးသတ်သွားခဲ့သည်။
လင်းရီတောင်မှ အနည်းငယ် စိတ်၀င်စားသွားသည်။ သူနေ့တိုင်း စနောက် နေသောသူမှာ ရှောင်ထန် ဖြစ်နေလိမ့်မည်လို့ လုံး၀ ထင်မထားခဲ့။
ကမ္ဘာကြီးက တကယ့်ကို ကျဉ်းကျဉ်းလေးပါလားနော်
လင်းရီ အိမ်သို့ ပြန်လာပြီးနောက် မနက်ဖြန် ကုမ္ပဏီနှင့် ဆက်လျင်းသည့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်နေလိုက်သည်။
ကလင် ကလင် ကလင်....
သူ အချက်အလက်များ ပြင်ဆင်နေတုန်ူ လင်းရီ ဖုန်းမြည်လာခဲ့၏။ ၀မ်ရင်းဆီမှပင်။
"ဟဲလို အစ်မရင်း..."
"ရီ...နင်သန်ဘက်ခါအားလား..."
"ဟုတ် အားတယ်လေ..ဘာလဲ လုပ်မလို့..."
"အစ်မ ကား၀ယ်ချင်လို့..ဒါပေမယ့် ကားအကြောင်းက ဘာမှ မသိတော့ သန်ဘက်ခါ အစ်မရင်းနဲ့ လိုက်ခဲ့ပေးပါလားလို့..."
"ရတာပေါ့...ကျွန်တော် အစ်မရင်းကို လာကြိုပေးမယ်လေ..."
"အိုကေ ကတိနော် ငါ့ကို ပြောပြီး ပစ်တော့ မထားနဲ့...အစ်မက ခုတလော အရမ်း အလုပ်ရှုပ်နေတော့ သန်ဘက်ခါ တစ်ရက်ပဲ အားတာ.."
"မပူနဲ့...ကျွန်တော် ပြန်လည်မွေးဖွားဖို့ အလျင်လိုနေတယ်ဆိုရင်တောင်မှ အစ်မရင်းအတွက် အချိန်ပေးပြီး ကားလိုက်၀ယ်ပေးမယ်..."
"ဒီလိုမှပေါ့...အဲ့တာကြောင့် မောင်လေးရီကို ဒီအစ်မက တုန်နေအောင် ချစ်နေရတာ..."
၀မ်ရင်း အပြုံးလေးဖြင့်ပြောလိုက်ပြီး "အိုး ဟုတ်သားပဲ ရီလေးက တစ်ယောက်တည်း နေတာမလား..."
"ဟုတ်တယ်...အစ်မရင်းက ကျွန်တော်နဲ့အတူ လာနေချင်တယ်လို့တော့ မပြောနဲ့...တကယ်လို့ လာနေချင်တယ်ဆိုလည်း အချိန်မရွေး ဝဲကမ်းပါနော်..."
"ဟွန့် နင်က အစ်မရင်းကို ဆွဲဆောင်နေတော့တာပဲ.."၀မ်ရင်း ချိုမြိန်စွာ ပြုံးလိုက်ပြီး "အစ်မသာ အတည်ကြီးလာနေမယ်ဆိုရင် မောင်လေးရီကို စားပစ်လိုက်မှာ မကြောက်ဖူးလား..."
"လာပါ စားစမ်းပါဗျ...ကျွန်တော်က ထန်ဆန်းလို သူ့အသားစားရင် အသက်မရှည်စေပေမယ့် ကျွန်တော့်အသားကို စားမယ်ဆိုရင်တော့ အစ်မရင်း နတ်ပြည် ရောက်သွားစေရမယ်ဆိုတာ အာမခံရဲတယ်...."
"ကောင်စုတ်လေး...နင်ကတော့ အစ်မရင်းကို ဘယ်လို စနောက်ရမလဲဆိုတာပဲ သိတယ်..."
၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး " တခြား ရည်ရွယ်ချင်တော့ မရှိပါဘူး နင်က တစ်ယောက်တည်း နေတာဆိုတော့ ချက်ပြုတ်ပေးမယ့်သူက ရှိမှာ မဟုတ်ဘူးလေ...တကယ်လို့ နင် ညစာ ဘာစားရမှန်း မသိရင် အစ်မရင်းဆီလာခဲ့...အစ်မရင်းကိုလာစား....စတာ.. မောင်လေးရီကို အရသာရှိတာတွေ ကျွေးမယ်နော်... "