အခန်း (၁၂၉)
Vol. 9 Ch. 129
"ဟုတ်ပါပြီဗျာ ..ကျွန်တော် ညစာ မရှိရင် အစ်မရင်းဆီ လာခဲ့ပါ့မယ်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး
"ကျွန်တော်တောင်အစ်မရင်းရဲ့ လက်ရာကို မစားရတာတောင်မှ အတော်ကြာနေပြီ..."
လင်းရီ ချောင်ရန် အုပ်စု၌ အလုပ်လုပ်စဉ်က ၀မ်းရင်းမှာ သူ့အတွက် နေ့လည်စာများ တကူးတက သယ်လာခဲ့ပေးတတ်၏။ ထို့ကြောင့် သူမ၏ လက်ရာ မည်မျှ ကောင်းမွန်ကြောင်းကို သူ၏ လျှာက မှတ်မိနေသည်။
"ကောင်းပြီ...နင်စားချင်တဲ့အချိန် လာခဲ့လိုက်..."
"အိုကေ..."
"သူတို့ တစ်ခဏမျှ စကားပြောပြီးနောက် လင်းရီ အိပ်ရာ၀င်လိုက်သည်။ "
....!!
ခိုင်းရွှမ် ဗီလာ အဆောက်အုံ A။
ကျိုးဟိုင်တွင် ဈေးအကြီးဆုံးဗီလာမှာတော့ ကျိုကျုံး ဗီလာပင်။
လူချမ်းသာများပင် မ၀ယ်ခင် နှစ်ခါလောက် စဉ်းစားရမည့်၎င်း၏ ကောင်းကင်တမျှ မြင့်မားသည့် ဈေးနှုန်းကြောင့် ထင်ရှားကျော်ကြားသော်လည်း ကျိုကျုံးအဆောက်အဦး ပေါ်မလာခင်က ခိုင်းရွှမ်ဗီလာမှာ ကျိုးဟိုင်တွင် ပထမတန်းစား ဗီလာကြီးဖြစ်သည်။
တိုင်ကွန်းမြောက်များစွာတို့ ၀ယ်ရန် မျက်စိကျခဲ့သော နေရာလည်း ဖြစ်၏။
ချင်းဟန်၏ အိမ်ရာမှာလည်း ထိုနေ၌ တည်ရှိသည်။
ဗီလာမှာ လင်းထိန်နေပြီး သက်လတ်ပိုင်း လူကြီးတစ်ယောက် ဆိုဖာပေါ်တွင် ထိုင်နေကာ သူ့လက်ထဲတွင် စီးပွားရေး သတင်းစာတစ်စောင်ကို ကိုင်ထား၏။ သူ့ဘေးတွင်တော့ ဂျင်ဆင်း လက်ဖက်ရည်တစ်ခွက်ချထားပြီး နှာခေါင်းထိပ်နားလောက်တွင်တော့ စာကြည့်မျက်မှန် တစ်လက်ကို တပ်ဆင်ထားသည်။ စကားမခွန်းမျှ မဆိုသောလည်း သူ၏ အရှိန်အဝါမှာ ပြင်းထန်လွန်း၏။
ထိုပုဂ္ဂိုလ်ကြီးကတော့ ချင်းဟန်၏ ဖခင် ချင်ကျန်းချင်ပေတည်း။
ထိုအချိန်တွင်တော့ အပြင်ဘက်တွင် ကားဘရိတ်အုပ်သံကို ကြားလိုက်ရပြီး ချင်းဟန် McLaren P1 ထဲမှ ထွက်လာခဲ့၏။
"အဖေ.ကျွန်တော့်ကို ဘာလို့ ပြန်လာခိုင်းတာလဲ...ဘာပြောချင်လို့လဲ..."
သူ့သားပြန်လာသည်ကိုမြင်တော့ ကျန်းချင် သတင်းစာရွက်ကို အသာချလိုက်ပြီး "မင်း ချွေ့ပင်းလုံကိုလက်တွေ ရိုက်ချိုးပြီး အလုပ်ဖြုတ်ပစ်လိုက်တယ်ဆို .."
"အဖေလည်း ကုမ္ပဏီမှာ ဘာဖြစ်လဲဆိုတာ သိပြီးပြီမလား...ကျွန်တော် ဘာမှ ထပ်ရှင်းပြမနေတော့ဘူး..."
ချင်းဟန် ဆိုဖာပေါ်တွင် ပက်လက်လှန်လိုက်ပြီး ပြုံးကာ "အဲ့ကောင် က ကျွန်တော့်ဘော်ဒါကို စော်ကားခဲ့တယ်လေ..အဲ့တာကြောင့် မှတ်လောက် သားလောက်အောင် ပညာပေးလိုက်တာ...အဲ့ကောင် မှတ်တော့ မှတ်သွားလောက်ပါတယ်..."
"ငါ့သား...မင်းက လုပ်မယ်ဆိုလည်း နည်းနည်းပါးပါး လျော့ပေါ့ပြီး ကိုင်တွယ်လေကွာ ချွေ့ပင်းလုံဆိုတာ အဖေတို့နဲ့ အမျိုးမကင်းဘူးဆိုတာ သိရဲ့သားနဲ့ ဒီကနေ့ သူ့အမေ ငါ့ကို ဖုန်းဆက်လာတယ်..." ချင်ကျန်းချင် အသံဩဩဖြင့် ပြောလိုက်သည်။
"အဖေ...အဲ့ကောင်ကို လက်ချိုးပေးလိုက်တာတောင် ညှာတာပေးလိုက်တာလို့ ပြောလို့ရတယ်.."ချင်းဟန် ပြောလိုက်ပြီး "ကျွန်တော်တို့ ဆွေမျိုးမကင်းဘူးဆိုတာ သိလို့ အဲ့လောက် လျော့ပေါ့ပေးလိုက်တာ..မဟုတ်ရင် ခုချိန် အလောင်းကောက်နေရလောက်ပြီ "
ချင်ကျန်းချင် မျက်နှာထား တည်လိုက်ပြီး အသံနိမ့်၍ "ကျိုးဟိုင်မှာ မင်းဒီလိုတွေ လိုက်လျောပေးလောက်ရအောင် ထိုက်တန်တဲ့သူက ဘယ်သူပါလိမ့်..."
"အော်...အဖေပြောချင်တာ လင်းရီကိုလား...သူက ကျွန်တော့် သူငယ်ချင်းလေ..."
"ဘိုနာ အုပ်စုက လင်းမိသားစုလား...ဟိုကောင် အဘိုးကြီး လင်းရဲ့ သားတော့ မဟုတ်ဘူးမလား..."ချင်ကျန်းချင် ပြောလိုက်သည်။
"ဘိုနာ အုပ်စုက ဆိုးတော့ မဆိုးပါဘူး..ဒါပေမယ့် အဆင့်မမှီသေးဘူး..."ချင်းဟန် ခြေတင်ချိတ်၍ ပြောလိုက်ပြီး
"တကယ်တော့ သူ့မိသားစုက ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော်လည်း မသိဘူး...ဒါပေမယ့် သားတို့ရဲ့ အဆင့်အတန်းက သူတို့နဲ့ ယှဉ်ရင် သာမန်လောက်ပဲဆိုတာတော့ သေချာတယ်..."ချင်းဟန် လက်ဝှေ့ယမ်းလိုက်ပြီး သူတို့နဲ့ ယှဉ်လို့ကို မရတာ..."
"ဟမ်...မင်းတောင် သူတို့နဲ့ ယှဉ်လို့ရဘူးဆိုပါလား..."ချင်ကျန်းချင် စိတ်၀င်စားသွားပြီး "သူတို့က ဘယ်သူတွေလဲ ..ဘာလို့ အဲ့လောက်ထိ ပါဝါတွေ ကြီးနေတာလဲတဲ့..."
"ကျွန်တော် မသိပါဘူးဆိုနေ...ဒါပေမယ့် မိသားစုကြီးဆိုတာတော့ သေချာတယ်..သံသယ ဖြစ်စရာ မလိုဘူး..."
"မင်းက ဘယ်လိုလုပ် တထစ်ချကြီး ပြောနိုင်တာ..."
"သူကဗျာ ကားပြပွဲကို သွားပြီးတော့ တစ်ပြိုင်တည်း သန်း၁၅၀ကျော်ဖိုးလောက် ကားတွေ တန်းစီ ၀ယ်ပစ်တာနော်...အဖေ ယုံလားတော့မသိဘူး..."
"ပြီးတော့ ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းဆိုတာလည်း သူ့အပိုင်ပဲ..တစ်ယောက်တည်း ပိုင်တာနော် စပ်တူတောင် မဟုတ်ဘူး..."
"နေတာကလည်း ကျိုကျုံးဗီလာမှာ..ပြီးတော့ ဗီလာကိုးခုလုံးကိုလည်း တစ်ပြိုင်တည်း ၀ယ်ထားတာ..ယုံနိုင်စရာတောင်မရှိဘူး..သာမန်လူသာဆို အဲ့ဒီလို လုပ်နိုင်မယ်လို့ အဖေထင်လား..."
ချက်ကျန်းချင်၏ အမူအရာမှာ ပို၍ လေးနက်လာပြီး "မင်းအတည်ကြီး ပြောနေတာလား..ကားကိုအသာထားလိုက်ဦး ..မင်းပြောသွားတဲ့ နောက်ဆုံး နှစ်ခု ပေါင်းလိုက်ရင်ကို အနည်းဆုံး ဆယ်ဘီလီယမ် လောက်ရှိတယ်..."
"အမှန်ပဲ..ပြီးတော့ သူက ကျွန်တော်တို့လို ဒုတိယမျိုးဆက် တစ်ယောက်ပဲ ..အဲ့တာကြောင့် ဒီလောက်ထိ ချမ်းသာနေတာက အရမ်း ကြောက်ဖို့ကောင်းနေတာ..."ချင်းဟန် လေးနက်စွာ ပြောလိုက်ပြီး "ဒါနဲ့ အဖေဆိုရင်ကော ကျွန်တော်သုံးဖို့ ယွမ် ဆယ်ဘီလီလျံလောက် ထုတ်ပေးမှာလား..."
ချင်ကျန်းချင်၏ အမူအရာမှာ လေးနက်သည်ထက် လေးနက်လာပြီး မျက်မှောင်ကြုတ်နေသည်။ ၁၀ ဘီလီယမ် ဖြုန်းဖို့ဆိုတာက သာမန် မိသားစုကြီးတစ်ခု စွမ်းသာနိုင်သည့် အနေအထား တစ်ခု မဟုတ်ချေ။
အနည်းဆုံးတော့ သူပင် ထိုသို့ မလုပ်ဆောင်နိုင်ချေ။
သို့သော်လည်း အနှီလင်းရီက မည်သူနည်း။
ရန်ကျင်း လင်းမိသားစုကများလား...
အဲ့တာလည်း မဖြစ်နိုင်ဘူး...
"ကောင်းပြီ ချွေ့ပင်းလုံအကြောင်း မပြောတော့ဘူး..."ချင်ကျန်းချင် ဂျင်ဆင်း လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး "မင်းက အသက်လည်း မငယ်တော့ဘူး..အချိန်တိုင်း အပြင်ထွက် အလေလိုက်မနေနဲ့...ဒီအဖေဂုဏ်ယူရအောင် တစ်ခုခု လုပ်ပြစမ်းပါကွ..."
"အယ်ဗျာ..ကျွန်တော် အလေလိုက်နေတယ်လို့ ဘယ်သူ ပြောလိုက်တာလဲ...အဖေလည်း ကျွန်တော် တည်ထောင်ထားတဲ့ စီနိုဟန် ကုမ္ပဏီကို မြင်ရဲ့သားနဲ့...ဈေးကွက်တန်ဖိုးက ၁၀ ဘီလီယမ်တောင် ကျော်နေပြီကို..."
"ငါပြောချင် နေတာ အဲ့ဒီကိစ္စမဟုတ်ဘူး..."
ချင်ကျန်းချင် လက်ဝှေ့ယမ်းလိုက်ပြီး "မင်းရဲ့ အနာဂတ် ဇနီးလောင်းလေးအကြောင်း ပြောနေတာ..."
"အဲ့တာကတော့ ကျွန်တော်လည်း ရှာနေတာပဲလေ..လိုက်ဖက်တဲ့သူမှ မတေွ့သေးတာ..."ချင်းဟန် အပြုံးလေးဖြင့် ပြောလိုက်သည်။
"မင်းဒီလိုပြောမယ်ဆိုတာ ကြိုသိလို့ မင်းကိုယ်စား ရှာထားပေးတယ်...အဲ့ကလေးမလေးက ဘက်စုံတော်တာနော်..မင်းသေချာ စဉ်းစား..."
ချင်းဟန် ဆိုဖာပေါ်မှ စိုးရိမ်တကြီးနှင့် ထပြောလိုက်ပြီး "ကောင်မလေးက ဘယ်လိုပုံစံလဲ..အဖေကျွန်တော့်ကို မိသားစုခြင်း ထိမ်းမြားပေးတာတွေ ဘာတွေ မလုပ်နဲ့နော်..ကျွန်တော်တော့ အဲ့ဒါမျိုးတွေ သဘောမတူဘူးဗျ..."
"စိတ်ချ မင်းထင်နေသလို မဟုတ်ဘူး..."
ချင်ကျန်းချင် အပြုံးလေးဖြင့် ပြောလိုက်ပြီး သူ၏ ဖုန်းကို ချင်းဟန်ထံ ပေးလိုက်သည်။ ဖုန်းပေါ်၌ ကောင်မလေးတစ်ယောက်၏ ဓာတ်ပုံတစ်ပုံ ရှိနေလေသည်။
"ဒီမှာ ဒါအဖေမင်းနဲ့ သဘောတူတဲ့ ကောင်မလေး ဓာတ်ပုံပဲ ..တစ်ချက် ကြည့်လိုက်ဦး..."
"ဝိုး..လှရက်လှချည်လားဗျ...ဒီလောက်လှတဲ့ မိန်းကလေးကို အဖေဘယ်ကနေ သွားရှာလာတာ..."
"ကြည့်ရတာ မင်းသဘောတူတဲ့ပုံပဲ..."
"နေပါဦးဗျ..အဖေရ..မလောစမ်းပါနဲ့..."
ထို့နောက် သူဖုန်းကို ပြန်ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ "လှတာကတော့ လှတယ်..ဒါပေမယ့် ဘာလို့ အရမ်း ရင်းနှီးနေတဲ့ ပုံပေါက်နေပါလိမ့်..."
"သူ့(မ)နာမည်က ကျီချင်းရန်တဲ့ ချောင်ရန်ရဲ့ စီအီးအိုပဲလေ..မင်း စီးပွားရေး ဂျာနယ်တွေထဲမှာ မြင်ဖူးတာနေမှာပေါ့..."
"မဟုတ်ဘူး မဟုတ်ဘူး...စီးပွားရေ ဂျာနယ်တွေထဲမှာ မဟုတ်ဘူး..."
ချင်းဟန် တခဏမျှ စဉ်းစားပြီးနောက် ဖုန်းထုတ်ကာ
လင်ူရီနှင့် စကားပြောထားသည့် မှတ်တမ်းကို ပြန်ရှာလိုက်ပြီး ဓာတ်ပုံနှင့် တိုက်ကြည့်လိုက်သည်။
"အဖေ ..ဒီနှစ်ယောက်က အတူတူပဲလို့ ထင်လား..."
"အေး..ထင်တာပဲကွ..."
"အဲ့ဒါဆို ပြီးသွားပြီး ..သူ့နောက်က လူက ကျွန်တော့် ဘော်ဒါ လင်းရီလေ..သူငယ်ချင်း ကောင်းကြီးပေါ့..."
"ဘာလားပဲဟ..."ချင်ကျန်းချင် စိတ်မ၀င်စားစွာ ပြောလိုက်ပြီး .."သူငယ်ချင်း ဖြစ်တော့ကော ဘာအရေးလဲ ..လက်ထပ်ထားတာမို့လားကွ.."
"ဟာဗျာ..အဖေကလည်း အဲ့လိုလုပ်လို့ မကောင်းဘူးလေဗျာ ..."
"ဖအေထက် သားတစ်လ လာမကြီးနဲ့...မင်းဆိုတဲ့ကောင်က နိုက်ကလပ်တွေတက် ပျော်ပါးဖို့လောက်ပဲ သိတဲ့ကောင်..အဲ့ကောင်မလေးကို ကြည့်လိုက်စမ်း.."ချင်ကျန်းချင် သု့သားကို ငေါက်လိုက်ပြီး "မင်းသာ သူ့လောက်လှတဲ့ ချွေးမမျိုး ရှာခဲ့ပေးနိုင်ရင် ငါမင်းကို ဆယ်ဘီလီယမ် ချက်ချင်း ထုတ်ပေးလိုက်မယ်..."
"အဖေကလည်း ..ဒီတိုင်း မိန်းမ ရှာတာလေးကိုများဗျာ...ဘာလို့ အဲ့လောက်ကြီးထိ အလေးနက် ထားနေပါလိမ့်...."ချင်းဟန် သူ၏ နှုတ်ခမ်းများ တွန့်ကွေးနေအောင် ပြုံးလိုက်ပြီး "တ-ရုတ် လူဦးရေက ၁.၄ ဘီလီယမ်တောင် ရှိတာ..သူ့ထက်လှတဲ့ ကောင်မလေး မရှာနိုင်ဘူးဆိုတာ ကျွန်တော်တော့ မယုံဘူး..."
"အပြင်မှာ အဲ့ကောင်မလေးထက် လှသူတွေ ရှိရင် ရှိလိမ့်မယ်..ဒါပေမယ့် ခု ပုံထဲက ကောင်မလေးလောက်တော့ ထက်ထက်မြက်မြက် ရှိမှာ မဟုတ်ဘူး.."
"အဲ့တာဆိုလည်း သူ့ထက် ထူးချွန်တဲ့ သူကို ရှာပြမယ်ဗျာ..."
"သူ့ထက် တော်တဲ့ ကောင်မလေးတွေ ရှိရင် ရှိမယ် ဒါပေမယ့် သူ့လောက်တော့ မလှနိုင်ဘူးကွ..."
ချင်းဟန် ပြောစရာစကား ကင်းမဲ့သွားသည်။
"ကောင်းပြီဗျာ..အဖေ အေးဆေးလေး လက်ဖက်ရည်သောက်လိုက်ဦး..ကျွန်တော် ကိစ္စလေး ရှိသေးလို့ သွားတော့မယ်..တာ့တာ..."ချင်းဟန် ထိုသို့ပြောပြီး ထွက်ပြေးသွားတော့၏။
......
နောက်တစ်နေ့ နံနက်တွင် လင်းရီ ပျင်းရိစွာ အိပ်ရာမှ ထလိုက်ပြီး အညောင်းဆန့်လိုက်သည်။
ယနေ့တော့ သူကျောင်းသို့ သွားရန် အစီစဉ်မရှိ။ သု့ကုမ္ပဏီ မှတ်ပုံတင်ရန် စီစဉ်ထားသောကြောင့်ပင်။
ရေမိုးချိုးပြီးနောက် လင်းရီ သူယမန်နေ့ညက ပြင်ဆင်ထားသည့် စာရွက်စာတမ်းများကို ယူပြီး စက်ရုံနှင့် ကုန်သွယ်ရေးဌာနသို့ သွားလိုက်သည်။
ထိုနေရာသို့ရောက်သောအခါ သူ့ရှေ့တွင် လူအယောက် ၁၀၀ခန့် စောရောက်နေကြောင်း တွေ့လိုက်ရ၏။
ကံကောင်းစွာဖြင့် ကောင်တာ ဆယ်ခုခန့် ဖွင့်ထားသောကြောင့်ပင်။ မဟုတ်ပါက လင်းရီ တန်းစီနိုင်မည်မှာတောင် မဟုတ်ချေ။
"ဟိတ်ဟိုမှာ..ကောင်ချောချောလေး မြင်လား...အရမ်းချောတာပဲနော်..."
အမျိုးသမီး၀န်ထမ်းများမှ အချင်းချင်း လက်တို့လိုက်ကြသည်။
"ဟုတ်ပါ့နော်....သူ့ခြေထောက်ကိုလည်း ကြည့်စမ်းပါဦး အရှည်ကြီးပဲ..ဟိုဇာတ်လမ်းထဲက အရပ်မြင့်မြင့်နဲ့ အိုပါး နဲ့တာင် တူသလိုပဲ..."
"အင်း..ငါတောင် ဒီလို အဆင်လေး စီးပွားရေးလုပ်တာ မမြင်တာတောင်မှ အတော်ကြာနေပြီ ရောက်လာသမျှက ဖက်တီးတွေနဲ့ အဘိုးကြီးတွေပဲ..ရှင်းရှင်း နင်သူ့နား ဝီချက် သွားတောင်းကြည့်ပါလားဟဲ့..."
"အာ...မကောင်းဘူးထင်တယ်နော..ဒီမှာ လူတွေ အများကြီး ရှိနေတယ်လေ..."
ရှင်းရှင်းဟုခေါ်သော မိန်ူကလေး၏ အမည်မှာ ဖုန်းရှင်းပင်။ လှပသော ကိုယ်ပေါက်နှင့် နူးညံ့သော မျက်နှာထားလေးကြောင့် ဌာနများထဲတွင် ကျီးကန်များကြားထဲ ဒေါင်းရောက်နေသကဲ့သို့ ထင်ပေါ်နေလေ၏။
"ဘာကြောက်စရာ ရှိလို့လဲ..ပျော်ရွှင်မှုဆိုတာ ကြိုးစားပြိး ရယူရတာ..နင့်အသက်က ၂၈ ထဲတောင် ရောက်နေပြီနော်..အရွယ်လေး မငယ်တော့ဘူး မြန်မြန် လှုပ်ရှားသင့်နေပြီ..."
"အမှန်ပဲ အမှန်ပဲ ငါနဲ့ ငါ့ယောက်ျား ဒိတ်တုန်းက ဆိုရင် ငါပဲ အရင် ပိုးပန်းခဲ့တာ..အဲ့ဒီတုန်းကတော့ သူက ကျောင်းရဲ့ ထိပ်တန်း မင်းသားလေးလေ..ဒါပေမယ့် သူ့ကို ရလိုက်ဖို့ မာယာတွေတောင် သိပ်ပြီး ထုတ်မသုံးလိုက်ရပါဘူးဟယ်..."
"အွန်း..အဲ့လိုဆိုရင်တောင်မှ ငါရှက်နေတုန်းပဲဟ..."ဖုန်းရှင်း နီရဲနေသော မျက်နှာလေးဖြင့် ပြောလိုက်သည်။ သူမ ထိုအကြံကို စိတ်၀င်စားလျင်တောင်မှ လူအများကြီး ရှေ့တွင် တောင်းဖို့ရာတော့ မဖြစ်နိုင်ပေ။
သူမ၏ အရမ်းရှင်တတ်လွန်းသော အမူအကျင့်ကြောင့် ယခုထိ စင်ဂယ် ဖြစ်နေရခြင်းပင်။
"ဘာရှက်စရာ ရှိလို့လဲ..နင့်ဘက်က အရင်သွားပြောပြီး ဇာတ်လမ်းလေးဘာလေး ဖန်တီးလိုက်လေ..."
"တကယ်ကြီးလား..."
"ဒါပေါ့..အမှန်ပဲ..."
"အဲ့ဒါဆို ငါကြိုးစားကြည့်မယ်ဟာ..."ဖုန်းရှင်း သူမစိတ်ကို တင်းထားလိုက်သည်။
"ဘာမှ စဉ်းစားမနေနဲ့..ဟို စနိုက်ကြော်မတွေ အဲ့ကောင်လေးကို ငေးနေတာ မြင်လား..နင်သာ နည်းနည်းလေး လက်နှေးသွားရင် တခြားကောင်မတွေ လက်ထဲ ရောက်သွားတော့မှာနော်..."
"ဟေးဟေး နင်ဘာတွေ လျှောက်ပြောနေတာ..ရှင်းရှင်းကို အဲ့လို မကောင်းတဲ့ဟာတွေ မသင်ပေးနဲ့လေ..."
ပြောလိုက်သူမှာ အသက်သုံးဆယ် အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ လက်ထဲတွင် ရေတစ်ခွက်ကိုင်ထားကာ ယခုလေးတင်မှ ရေခပ်လာခဲ့ခြင်းပင်။
နာမည်ကတော့ မာရိဖြစ်ပြီး စက်မှုလုပ်ငန်းနှင့် ကုန်သွာ်ရေးဌာန၏ စာရေးတစ်ယောက်ဖြစ်ကာ ဖုန်းရှင်းကို ပိုးပန်းနေသူထဲများမှလည်း တစ်ယောက်ဖြစ်၏။
"ငါတို့က ရှင်းရှင်း အတွက် သင့်တော့်မယ့် လက်တွဲဖော် ရှာပေးနေတာလေ..ခုလေးတင်ပဲ တစ်ယောက်ရှာတွေ့ထားတယ်..."
မာရိ သူမတို့၏ အကြည့်နောက် လိုက်ကြည့်လိုက်သောအခါ ခုံရှည်ပေါ်၌ ထိုင်နေသော လင်းရီကို မြင်သွား၏။ သူရုတ်ချည်းသလို ခြိမ်းခြောက်နိုင်သည့် ခံစားချက်များ ရရှိသွားသည်။
တကယ်ကြီး ချောတာပဲဟ...
"မင်းတို့ တော်တော်လေး ဉာဏ်တိမ်ကြပါလား...ချောတာက ဘာသုံးစားလို့ရမှာလဲ..သူ့အသက်ကိုလည်း တစ်ချက်လောက် ကြည့်လိုက်ဦး ..အချိန်ပိုင်း လုပ်နေတဲ့ ကောင်လေးလား မသိ..ခုလက်ရှိ ကျိုးဟိုင်က အိမ်ဈေး တွေနဲ့ဆိုရင် သူ့တစ်သက်လုံး အလုပ်ကြိုးစားရင်တောင်မှ အိမ်တစ်လုံး၀ယ်ဖို့တောင် တတ်နိင်မှာ မဟုတ်ဘူး..မင်းတို့တွေ ရှင်းရှင်းကို အဲ့ကောင်လက်ထဲ တွန်းပို့နေတာက သူမကို ဒုက္ခနွံထဲ နစ်အောင် လုပ်နေတာပဲ မဟုတ်ဘူးလား..."
ဖုန်းရှင်း၏ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်လုံး ရပ်တန့်သွားကြသည်။ မာရိ ပြောနေသည်မှာ လက်တွေ့ကျသောကြောင့်ပင်။
"ငါ ပြောပြလိုက်မယ်..မင်းသာ အိမ်ထောင်ဖက် ရှာချင်တယ်ဆိုရင်လည်း ကျိုးဟိုင်ဒေသခံကိုပဲ ရှာယူ..သူက မင်းကို အနည်းဆုံးတော့ အခြေခံ အိမ်နဲ့ ကားလောက်တော့ ထောက်ပံ့ပေးနိုင်တယ်...ဒီလို အပျော်လင်ရုပ်နဲ့ကောင်ကို စေ့စပ်ပြီး ဘာလို့ ဒုက္ခခံနေမှာလဲ..."
"ဘာကိစ္စ ဒုက္ခခံရမှာ...သူက ကိုယ်ပိုင် လုပ်ငန်း လုပ်နေတယ်ဆိုရင်ကော..."ဖုန်းရှင်း တစ်ကွက် ထောက်ပြလိုက်၏။
သူမ လင်းရီနှင့် စကား သွားမပြောချင်သော်လည်း မာရိ၏ အပြင်လူများကို နိမ့်ချဆက်ဆံသည့်ပုံစံအား ကြည့်မရသောကြောင့် ပြန်ရန်တွေ့လိုက်၏။
ကျိုးဟိုင်ဒေသခံ ဖြစ်ပြီဆိုတာနဲ့ပဲ သူ့ကိုယ်သူ စူပါမန်းများ မှတ်နေလာ မသိဘူး...
ဟိတ်ဟန် များလွန်းတယ်...
"ရှောင်ရှင်း ..စီးပွားရေး လုပ်တယ်ဆိုတာက သောက်ရမ်းလွယ်တယ်လို့များ မင်းထင်နေလား..ဒီနေရာကို ဒေဝါလီခံဖို့ရောက်လာတဲ့ လူတွေနေ့တိုင်း ၈၀၀လောက်ရှိတယ်..ဒီခုခေတ် လူငယ်တွေ တအား စိတ်မြန်လက်မြန် ရှိလွန်းတယ်..သူတို့မှာ ပိုက်ဆံလေး နည်းနည်း ရှိပြီဆိုတာနဲ့ စီးပွားရေး စလုပ်ကြတာပဲ..ဒါပေမယ့် တစ်လ နှစ်လလောက်ဆို အကုန်လုံး ဒေဝါလီ ခံကုန်ကြပြီ..."မာရိ ရှင်းပြပြီးနောက် ရေတစ်ငုံသောက်လိုက်သည်။
"လွန်ခဲ့တဲ့ တစ်ပတ်တုန်းကပဲ ကောင်လေးတစ်ယောက် ဒီမှာ အလုပ်လိုင်စင် လာလျှောက်သေးတယ်..ငါကပဲ သူ့ကို စာရွက်စာတမ်းတွေ အကုန် လုပ်ပေးလိုက်တာ..ဘာဖြစ်လဲသိလား နောက်တစ်ပတ်ကြာတော့ သူဒေဝါလီ ခံလိုက်ရပြီတဲ့..."
"ကျွတ်...သူလည်း ဒေဝါလီ ခံရမယ်လို့ ဘာလို့ နင်က တထစ်ချကြီး ယုံကြည်နေတာလဲ..."
"ဟင်း...နားထောင် စီးပွားရေးလုပ်ငန်း စလုပ်ကိုင်တဲ့ ဘူငယ် ၉၉%လောက်က မးမအောင်မြင်ကြဘူး..ဒီတော့ အဲ့လို ကောင်တွေနဲ့ ဘာလို့ စိတ်ဒုက္ခ ခံနေမှာလဲ မဟုတ်ဘူးလား..အဲ့ကောင်တွေသာ တစ်ကွက်ရွေ့မှားသွားရင် တစ်သက်လုံး အကြွေးတွေ ပတ်လည်ဝိုင်းနေတော့မှာ..."
"ဟမ့် လူတိုင်းသာ နင့်လို အကြံဉာဏ်မျိုးနဲ့ဆိုရင် ငါတို့ တ-ရုတ်ပြည်ကြီးတော့ သွားပါပြီ..."
ဖုန်းရှင်းနှင့် သူမ၏ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်လုံး တစ်ဖက်သို့ လှည့်လိုက်ကြသည်။ သူမတို့ မာရိနှင့် ဆက်လက် ပြောလိုစိတ် မရှိတော့ပေ။
မာရိလည်း အလုပ်များနေသောကြောင့် လက်ထဲတွင် ရေခွက်နှင့်အတူ အလုပ်ထဲသို့ သွားခဲ့သည်။
တစ်ချိန်တည်းတွင် လင်းရီလည်း ခုံရှည်ပေါ်တွင် ထိုင်ပြီး သူ၏ စာရွက်စာတမ်းများကို စစ်ဆေး ကြည့်ရျုနေသည်။ အကုန်လုံး ပြီးဆုံးသွားတော့မှပဲ သူလည်း စိတ်သက်သာရာ ရသွားတော့၏။
"ဟဲလို လူငယ်လေး..."
လင်းရီ အသံကြား၍ ခေါင်းမော့ကြည့်လိုက်သောအခါ ရှော့ခ်ရသွားပြီး ချွေးအေးများ ထွက်လာတော့၏။
သူ့အား ပြောနေသူမှာ အသက်လေးဆယ် အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ မျက်နှာရှိ မိတ်ကပ်မှာ ကြမ်းပြင်ထုလောက်ရှိ၏။ ကြည့်ရတာ အတော်လေး ကြောက်စရာ ကောင်းနေလေသည်။
"ခင်..ခင်များ ကျုပ်ကို ဘာလုပ်မလို့လဲ.."လင်းရီ ကြောက်ကြောက်လန့်လန့်ဖြင့် မေးမိလိုက်သည်။
"လူငယ်လေး တို့က စကားတွေ အများကြီး မပြောတတ်တော့ တစ်ခွန်းတည်း မေးချင်တယ်..."
"တို့နဲ့ သူငယ်ချင်း ဖြစ်လို့ရမလား...တို့မှာ ယွမ်၁၀၀ မီလီယမ်တောင် ရှိတာနော် ကောင်လေး..."
"ဒေါ်ကြီး ကျွန်တော့်ကို သုဘရာဇာလို့များ ထင်နေတာလားတော့ မသိဘူး...ခင်များ လင်ကျန်းရင်ကို သိရဲ့လား..."
သက်လတ်ပိုင်း အမျိုးသမီး၏ အမူအရာမှာ ပြောင်းလဲသွားပြီး "ဘာလဲ မင်းက ငါ့ကို ရုပ်ဆိုးတယ်လို့ ပြောချင်တာလား..."
"ဟုတ်တယ်..."
သက်လတ်ပိုင်း အမျိုးသမီး : "....."
"ကောင်လေး သေချာစဉ်းစားနော်..ငါ့ရဲ့ ချမ်းသာ ကြွယ်၀မှုတွေ နဲ့ဆိုရင် ဘယ်လို ကောင်လေးကိုမဆို အများကြီး အမ်းလိုက်လို့ရတယ်..မင်းကို အခွင့်ရေးပေးနေတာမို့လို့ မဖြုန်းတီးချင်စမ်းနဲ့...."
"အဲ့တာဆိုလည်း ရတဲ့နေရာသွားလေ..ဒါက လူတွေနေတဲ့ နေရာ ခင်များ ဈေး၀ယ်ထွက်တဒ့ နေရာမဟုတ်ဘူး..."
လင်းရီ သူ့ရှေ့ရှိ သက်လတ်ပိုင်း အမျိုးသမီး၏ ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည် ကြည့်ကြည့်လိုက်သည်။
အကယ်၍ သူသာ သူမနှင့် အိပ်ယာထဲ ရောက်သွားပါက မျိုးဆက်ဟောင်းများ ပြောဖူးသည့် သရဲကို အိပ်ယာပေါ်တွင် ဖိသိပ်ခြင်းစကားနှင့် ထပ်တူကျသွားပေလိမ့်မည်။ တွေးကြည့်ရုံနှင့်တင် လင်းရီ ကြက်သီးများ တဖြန်းဖြန်း ထလာတော့သည်။
"နင်....."သက်လတ်ပိုင်း အမျိုးသမီးမှာ အော်ဟစ်လိုက်သည်။
"ရပ် ရပ် ဒါက အများပိုင်နေရာနော်..."
သက်လတ်ပိုင်း အမျိုးသမီး အော်ဟစ်တော့မည့် အချိန်တွင် ဖုန်းရှင်း အပြေးကလေးသွား၍ တားမြစ်လိုက်သည်။
၀န်ထမ်း ရောက်လာသည်ကိုမြင်တော့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးလည်း စိတ်ပြန်ထိန်းလိုက်ပြီး လင်းရီကို နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားခဲ့၏။
"ခင်များရောက်လာလို့ပေါ့..မဟုတ်ရင် ကျုပ်တော့ လန့်သေတော့မှာပဲ..."
ဖုန်ရှင်း လင်းရီ၏ စကားကို သဘောကျသွားပြီး "ဆာ..ရှင်က အရမ်း ရယ်ရတာပဲနော်..."
"ဟမ်..."လင်းရီ တန့်သွား၏။
ရယ်ရတယ်ဆိုတယ ဘာပြောချင်တာ..
သူ့ကို သောက်ပေါကြီးလို့ ပြောချင်နေတာလား..
လင်းရီကတော့ မိန်းမများကို ကောင်းစွာ နားမလည်ချေ။ သင်သာ ဥစ္စပေါ ရုပ်ချောဆိုပါက ရုပ်တည်ကြီးနှင့်ပင် ရယ်စရာကောင်းနေတော့မည်။
"ဒါပေါ့ရှင့်..."ဖုန်ရှင်း ပြုံးလိုက်သော်လည်း သူမ တာ၀န်ကျချိန် ဖြစ်နေသောကြောင့် အလျင်အမြန်ပဲ အမူအရာကို ပြန်ထိန်းလိုက်သည်။
"ဆာက ဒီမှာ စီးပွားရေး လုပ်ဖို့ မှတ်ပုံတင် လာယူတာလား ရှင့်.."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဟုတ်တယ်..ကျုပ်ကုမ္ပဏီအတွက် မှတ်ပုံလာတင်တာ..."
ဖုန့်ရှင်း ကြိတ်ပျော်သွားသည်။ သူမ ထင်ထားသည့်အတိုင်း ထိုကောင်လေးမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်ပင်။
"တကယ်လို့ ရှင်သာ မှတ်ပုံတင်ချင်တယ်ဆိုရင် ဖောင်တွေ အရင် ကြိုဖြည့်ထားဖို့ လိုမယ်နော်..."
ဖုန်ရှင်း ဖောင်နှစ်ခုကို လင်းရီထံ ကမ်းပေးလိုက်ပြီး "ဒီဖောင်နှစ်ခုကို ဖြည့်ထားလိုက်..ကောင်တာရောက်တဲ့အချိန်ကျရင် အချိန်တွေ အများကြီး သက်သာတာပေါ့ရှင်..."
"ဟုတ်...ကျေးဇူးအများကြီ တင်ပါတယ်နော်..."
"ဟုတ်ကဲ့ရှင့် ..လုပ်စရာရှိတာ ဆက်လုပ်နော် နားမလည်တာရှိရင် ကျွန်မကို စားပွဲနားမှာ လာမေးလို့ရတယ်..."ဖုန်းရှင်း ထိုသို့ပြောရင်း အနည်းငယ် ရှက်နေလေ၏။
"တကယ်လို့ မလာချင်ဘူးဆိုရင်လည်း ဝီချက်အပ်လို့ရတယ်နော်..ဝီချက်မှာ မေးလည်း ဘာမှ မဖြစ်ဘူးသိလား....အဲ့တာဆို ရှင်းပြရ ပိုလွယ်တာပေါ့..."
လင်းရီ ပြုံးလိုက်မိသည်။ မင်းအကွက်တွေကို ငါက မသိရင်ခက်မယ်...
"ဝီချက်တော့ အပ်မနေတော့ဘူး..ကျုပ်နားမလည်တာ ရှိရင် ခင်များကို လာရှာလိုက်မယ်လေ..."
"ရပါတယ်.."ဖုန်ူရှင်း အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
နှစ်ယောက်သား တီးတိုး ပြောနေသည်ကို မြင်တော့ မာရိ မျက်မှောင်ကြုတ်သွားပြီး သူ၏ မျက်လုံးထဲတွင် ဒေါသမီးတောက်များ ထွက်ပေါ်လာခဲ့၏။
ဖုန်းရှင်း ထွက်သွားပြီးနောက် လင်းရီ ဖောင်ကို စတင်ဖြည့်စွက်လိုက်သည်။ ကုမ္ပဏီနာမည်မှ လွဲ၍ ကျန်သည့် လိုအပ်ချက်များမှာ ရိုးရိုးလေးပင်။ ကုမ္ပဏီနေရာတွင်တော့ လင်းရီ တခဏမျှ တုန့်ဆိုင်းသွားပြီး ထို့နောက် လင်းယွမ်အုပ်စု ဟူသော အမည်ကို လေးနက်စွာ ရေးသားလိုက်လေသည်။
မော်ကြည့်လိုက်သောအခါ ကောင်းကင်မှာ ကျယ်ပြော၏။ လေထဲမှာ လွတ်လပ်စွာ ကခုန်သော သစ်ရွက်တစ်ရွက်မှာ ၎င်း၏ ရည်ရွယ်ချက်ကို ပွင့်လင်းစွာ ဖော်ပြနေသည်။
လင်းယွမ်၏ ပန်းတိုင်ကို အောင်မြင်စေရန်။
လင်းရီ ဖောင်ဖြည့်ပြီး နာရီ၀က်ကြာတော့ သူ၏ နံပါတ်မှာ စခရင်ပေါ်၌ ပေါ်လာခဲ့၏။
လင်းရီ ကြိုတင်ဖြည့်ထားသည့် ဖောင်နှစ်ရွက်ကို ပေးလိုက်ပြီး ကျန်သည့် လုပ်ထူံးလုပ်ငန်းများ လုပ်ဆောင်ရန် ပြင်ဆင်လိုက်၏။
"ဟယ်လို ကျုပ် ကုမ္ပဏီ မှတ်ပုံတင်ချင်လို့ပါ..."
မာရိ လင်းရီဖောင်ကို တစ်ချက်ကြည့်လိုက်ပြီး ရိုင်းစိုင်းစွာ ပြန်ပစ်ပေးလိုက်ကာ "ဒီဖောင်ကမှားနေတယ်...ပြန်သွားပြီး ဖြည့်လိုက်..နောက်တစ်ယောက်..."