← Chapters

အခန်း (၁၃၀)

Vol. 9 Ch. 130

အခန်း (၁၃၀)

Vol. 9 Ch. 130

"ဟမ်..ကျုပ်ဖြည့်ထားတာ ဘယ်နားလေး မှားနေလို့လဲ..."

လင်းရီ တန်းစီစဉ်တုန်းက ဖောင်ကိုအကြိမ်ပေါင်းမျာစွာ စစ်ဆေးထားသည်။ သို့သော်လည်း မှားနေသည့် နေရာတော့ ရှာမတွေ့ခဲ့။ ထို့ကြောင့် သူမာရိ ပြောသည့် စကားကြောင့် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

"မင်းဖြည့်ထားတာလည်း ပြန်ကြည့်လိုက်ဦး ..."မာရိ လင်ရီ ဖောင်ပို ထောက်ပြလိုက်ပြီး "မင်းထောင်မယ့် ကုမ္ပဏီရဲ့ ရင်းနှီးငွေကယွမ် ၅၀၀မီလီယမ် တန်ကြေး ရှိတယ်တဲ့...မင်းလာနောက်နေတာလား..."

"ဟားဟား....."

မာရိ၏ စကားလုံးများက သူ့အနီး၀န်းကျင်ရှိ တန်းစီနေသူများကို ရယ်မောသွားစေသည်။

ရင်းနှီးငွေကို စိတ်တိုင်းကျ ဖြည့်လို့ရသော်လည်း အတိုင်းအတာတစ်ခုတော့ ရှိသင့်ပေသည်။ ရင်းနှီးငွေနေရာ၌ သန်း၅၀၀ ရေးထားသည့်သူကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

"Tencent ရဲ့ ကုမ္ပဏီရဲ့ ရင်းနှီးငွေတောင်မှ သန်း၅၀ပဲရှိတယ်..ဒီကောင်တော့ ဦးနှောက်ပျက်နေတာများလား မသိဘူး..."

ဖုန်းရှင်းနှင့် ကျန်သူများလည်း အံ့အားသင့်သွားကြသည်။ သူမတို့ လင်းရီ ယခုကဲ့သို့လုပ်လိမ့်မည်လို့ ထင်မထားချေ။

ဒါကြီးကတော့ မရင့်ကျက်လွန်းတာပဲ...

"ရှင်းရှင်း..အဲ့တာ နင်ခုလေးတင် မျက်စိကျနေတဲ့ ကောင်လေးမလား..သူခု ဒုက္ခရောက်နေပြီ..."

"အင်း..ငါသူနဲ့ ပတ်သက်ပြီးတော့ သိပ်အများကြီး မစဉ်းစားမိလိုက်ဘူး"ဖုန်းရှင်း ၀မ်းနည်းစွာဖြင့် "သူက ကိုယ်ပိုင်စီးပွားရေးစဖို့ လာတယ်ဆိုတော့ လုပ်ငန်းစဉ်တွေနဲ့ ရင်းနှီးပြီး ထင်နေတာ..အဲ့ဒါကြောင့် သူ့ကို တစ်ယောက်တည်း ထားခဲ့မိလိုက်တာပေါ့..."

"ဟင်း..လူချောလေးက သနားပါတယ်ဟယ်...မာရိက ရည်ရွယ်ချက်ရှိရှိ သူ့ကို အရှက်ခွဲနေတာပဲ..."

"အဲ့ကောင်ကိုက တရားလွန်လွန်းပါတယ်ဟယ်."ဖုန်းရှင်း လက်ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး "ငါတာ့ သူဒီလိုလုပ်လေ သူ့ကို မုန်းလေပဲ သိလား..."

"အေးပါ..နောက်ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့..."

ထိုအချိန်တွင် မာရိ လင်းရီကို ပြုံးကြည့်ကြည့်လိုက်ပြီး "ခု ဘာတွေ ဖြစ်နေလဲဆိုတာ နားလည်ပြီလား..မင်း သန်း၅၀၀လို့ ရေးလိုက်တာ မရှက်ဘူးလားကွ.."

"ခင်များတို့ပဲပြောတော့ ကိုယ်ကြိုက်တဲ့ ပမာဏကို ထည့်ရေးလို့ရတယ်ဆို ..ဘာလို့လဲ..၅၀၀ မီလီယမ်ကျတော့ ရေးလို့မရတော့ဘူးတဲ့လား.."

လင်းရီအတွက်တော့ ယွမ်၅၀၀မီလီယမ် ရေးသားထားခြင်းမှာ အတော်လေး နိမ့်ချရာတောင် ရောက်နေခဲ့သည်။ အကယ်၍များ သူသာ တစ်ဘီလီယမ်ဟု ရေးလိုက်ပါက လန့်သေများသွားမလားတောင်မသိ။

"ရတာပေါ့...ဒါပေမယ့် မင်းမှာ သောက်ရှက်မရှိဘူးလား..."

"ဘာလို့ ရှက်ရမှာတုန်းကွ..."

‌"ကောင်းပြီလေ.." မာရိ ထေ့ငေါ့ ပြောဆိုလိုက်ပြီး "မင်းက သောက်ရမ်း အရေထူမှတော့ တခြားအကြောင်း ပြောင်းပြောကြတာပေါ့..."

မာရိ လင်းရီ ဖြည့်ထားသည့် ဖောင်နောက်တစ်နေရာကို ထောက်ပြလိုက်ပြီး "မင်းရေးထားတဲ့နေရာက လက်ငင်း ရင်းနှီးသွေ နေရာမှာကွ..စာကော သေချာ ဖက်တတ်ရဲ့လား...သာမန် ရင်းနှီးငွေ မဟုတ်ဘူး.."

"လက်တွေ့ ရင်းနှီးငွေဆိုတာက မင်း တကယ့် ငွေပမာဏ သန်း၅၀၀ လုံး ထုတ်ဖို့လိုတယ်..သာမန်ရင်းနှီးငွေဆိုတာက မင်းဘာမင်း ကြိုက်သလိုရေး ပိုက်ဆံ ထုတ်ပြစရာ မလိုဘူး..."

"ဟုတ်တယ်လေ...ဒီဖောင်အတိုင်းပဲ ကျုပ် လက်တွေ့ ရင်းနှီး‌ငွေမှာ သန်း၅၀၀ ရေးထားတာကလည်း အဲ့လောက် ပမာဏကို ထုတ်ဖို့ စီစဉ်ထားလို့ပဲလေ..."

မာရိ လင်းရီကို လှောင်ပြောင် ပမာမခန့် အကြည်ြများဖြင့် ကြည့်ပြီး "မင်းက နေရာမှား မဖြည့်ဘူးလို့ ဖင်ပိတ်ငြင်းနေမှတော့ ပိုက်ဆံထုတ်ပြလေ...ငါ့ဘ၀ တစ်လျှောက်လုံး အဲ့လောင်များတဲ့ငွေတွေ မမြင်ဖူးသေးလို့..."

"ဟားဟား....."

ကျန်သူများ ကျယ်လောင်စွာ ဟားတိုက်လိုက်ကြသည်။

"ဒီကလေးက လက်တွေ့ရင်းနှီးငွေနဲ့ သာမန် ရင်းနှီးငွေတောင် မကွဲသေးပဲနဲ့ လုပ်ငန်းက လုပ်ချင်နေသေးတယ်တဲ့...နောက်ဆုံးကျအဲ့လို တဇောက်ကန်းကောင်တွေပဲ ဒေဝါလီ ခံလိုက်ရတာ များတယ်..."

"ခု ဘယ်လို အဆုံးသတ်မလဲ ဆိုတာ ဆက်ကြည့်ရအောင် ဒီကလေးကတော့ သူ့ကိုယ်သူ အရှက်ခွဲနေတာပဲ..ငါတော့ ‌ရယ်ရလွန်းလို့ ‌ေ-သတောင်‌ေ-သတော့မယ်ကွာ..."

"ရှင်းရှင်း..အခြေနေကတော့ သိပ်မကောင်းဘူးနော်...နင်မြန်မြန် သွားကြည့်သင့်တယ်..မဟုတ်ရင် ရှောင်ကောကောရဲ့ ဂုဏ်သိက္ခာတွေက ရစရာရှိတော့မှာတောင် မဟုတ်တော့ဘူး..."

ဖုန်းရှင်း၏ လုပ်ဖော်ကိုင်ဖက် တစ်ယောက်မှ ပြောလိုက်သည်။

"အဲ့ရှောင်ကောကောကလည်း လွန်လွန်းပါတယ်ဟယ်...ဒီမလာခင် သေချာ လေ့လာထားသင့်ခဲ့တာကို...ခုကျတော့ လက်တွေ့ ရင်းနှီးတဲ့ငွေနဲ့ ရင်းနှီးငွေ နှစ်ခုကြား ကွာခြားချက်ကိုတောင် မသိဘူးတဲ့..."

"ထားလိုက်တော့..ခုမှတော့ အဲ့ဒီအကြောင်းတွေ ဆက်မပြောနဲ့တော့ ..ရှင်းရှင်း ..ရှောင်ကောကောကို သွားကူညီလိုက်ပါလား..."

"ဟုတ် ကျယ်ကျဲ..."

ထိုသို့ပြောပြီးနောက် ဖုန်ူရှင်း ခပ်သွက်သွက်ကလေး လျှောက်သွားပြီး စိတ်ထဲတွင်တော့ မာရိကို ကျိန်ဆဲနေလေသည်။

နေရာမှားဖြည့်တော့ရော ဘာဖြစ်လဲ...ကြီးကျယ်တဲ့ ကိစ္စကြီးလည်း မဟုတ်တာကို အလကား ပုံကြီးလာချဲ့နေတယ်...

‌ေ-သစမ်း

"ထားတော့ ဒီတိုင်း ဖောင်လေးတစ်ခုပါပဲ..ငါမင်းကို အသစ်နောက်တစ်ခု ယူလာခဲ့ပေးမယ်...."

ဖုန်ူရှင်း လင်းရီကို ကြည့်၍ ပြုံးလိုက်ပြီး "ဆာ..ကျွန်မရှင့်ကို နောက်ထပ်ဖောင်အသစ် ယူလာခဲ့ပေးတယ်..နားမလည်တာရှိရင် ကျွန်မကို မေးလိုက်နော်..ခု ကျွန်မတို့ နောက်ကောင်တာ တစ်ခုဆီ သွားကြရအောင်..."

"ခုလို ကူညီပေးတဲ့ အတွက် ကျေးဇူးပဲ.."လင်းရီ ပြုံးလိုက်ပြီး "ဒါပေမယ့် ကျွန်တော်က နေရာမှ မှားမဖြည့်တာ..ဘာလို့ဖောင်ထပ်ဖြည့်ဖို့ လိုမှာလဲ..."

မာရိ ရယ်မောလိုက်ပြီး "ရှင်းရှင်း သူ့ကို သောက်ရေးလုပ်မနေနဲ့...သူက မှားမဖြည့်ဘူးဆိုပြီး ဘူးပိတ်ငြင်းနေတာ..ဒီတိုင်း သန်း၅၀၀နဲ့ ဖောင်တင်ခိုင်းလိုက်..."

"လာနောက်မနေနဲ့..သူ့မှာသာ သန်း၅၀၀ရှိတယ်ဆိုရင် ဘာလို့ စီးပွားရေး လုပ်နေတော့မှာလဲ..."

"ဟုတ်သားပဲကွ...ဟားဟား ငါတော့ ရယ်‌ေ-သပြီ..."

"အင်း..သူက တော့ တကယ့်ကို ‌ေ-သလူလို ဖြစ်နေပြီ..သူ့မှာကျန်နေတာ အဲ့ဒီ ခေါင်းမာတဲ့ ပါးစပ်ပေါက်ကြီးပဲ...."

လင်းရီ ဘဏ်အချက်အလက်ကို မာရိထံ ကမ်းလိုက်ပြီး "ဒါက ကျုပ်တို့ ကုမ္ပဏီရဲ့ အကောင့်ပဲ..ငွေတွေ အားလုံးကိုလည်း ကုမ္ပဏီအကောင့်ထဲ လွှဲပြီးသား..ခင်များ သောက်လုံးလေးနဲ့ ပြူးနေအောင် ကြည့်လိုက်ဦး..."

ထိုခဏတွင် လှောင်ရယ်သံများ ရုတ်တရက် ရပ်တန့်သွား၏။

လူတိုင်း လင်းရီကို ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ပါးစပ်များမှာလည်း တစေတစ်ကောင်မြင်လိုက်ရသကဲ့သို့ ဟသာဟထားပြီး မပြောနိုင် ဖြစ်နေလေသည်။

"ဘာ...ဘာပြောလိုက်တယ်...မင်းကုမ္ပဏီ အကောင့်ထဲမှာ သန်း၅၀၀ ရှိတယ်"

"ဒါပေါ့..."လင်းရီ ပြောလိုက်ပြီး "ခင်များ မယုံသေးရင်လည်း ဘဏ်က ပို့လာတဲ့ မက်ဆေ့ခ်ျ ခင်များကို ပြလို့ရတယ်...."

လင်းရီအနား ရပ်နေသူများမှာ သိချင်စိတ်ပြင်းပြစွာဖြင့် ဝိုင်းအုံကြည့်လိုက်ကြသောအခါ အသုံးစရိတ်နေရာတွင် အမှန်တကယ်ကြီး ၅၀၀ မီလီယမ် ရှိနေ၏။

သို့သော်လည်း အရေးကြီးဆုံးအပိုင်းကတော့ နောက်ထပ် ၅၀၀ မီလီယမ် ကျန်နေခြင်းပင်။

တစ်ခြားနည်းဖြင့်ဆိုရသော် လင်းရီ၏ ရင်းနှီးမြုပ်နှံငွေက တစ်ဘီလီယမ် ရှိသည်ဟု ဆိုနေခြင်းပင်။

၅၀၀ မီလီယမ်ဟု ရေးထားခြင်းကပင် နိမ့်ချထားနေပြီးဖြစ်၏။

မာရိ လင်းရီကို ခြောက်ခြားစွာ ကြည့်မိလိုက်သည်။

သူထင်ထားခဲ့သည်မှာ လင်းရီက ဒီတိုင်း သောက်ငမွဲ စွန့်ဦးတီထွင် လုပ်ငန်ူရှင်လေး တစ်ယောက်ဟုသာ။

သို့သော်လည်း အမှန်တရားက ရက်စက်စွာဖြင့် လင်းရီမှာ သောက်ရမ်းချမ်းသာသည့် ဘီလီယျံနာ တစ်ယောက်ဖြစ်နေကြောင်း သူလက်မခံချင်စွာဖြင့် လက်ခံလိုက်ရတော့၏။

"ငိုးပဲ သူဒီလောင်ချမ်းသာတေယင်မှ ဘာလြိ့ ဒီကို လာနေခဲ့သေးလဲကွ...သူ့မှာ အတွင်းရေးမှူးမလေး မရှိဘူးလား....။"

"မင်းကလည်း သူ့အတွင်ူရေးမှူးမလေးက လမ်းမလျှောက်နိုင်သေးလို့နေမှာပေါ့ကွ...အိပ်ရာထဲကနေတောင် ထ‌နိုင်သေးလောက်ဦးမှာ မဟုတ်ဘူး..."

"ရှောင်ကောကောက အရမ်းချမ်းသာတာပဲ..ငါတော့ ချစ်မိသွားပြီထင်တယ်..."

လင်းရီ မာရိကို လှောင်ကြည့်ကြည့်လိုက်ပြီး "ခုကော ကျုပ်ကုမ္ပဏီကို မှတ်ပုံတင်လို့ရပြီလား..."

မာရိ သာမန်အမူအရာသို့ ပြန်ပြောင်းသွားပြီး အေးစက်သည့်လေသံဖြင့် "ခုထိ အရည်အချင်း မပြည့်မှီသေးဘူး...ပြန်သွားပြီး ပြန်ဖြည့်..."

ဟမ်...

လူတိုင်း နားမလည်တော့သလို ခံစားလိုက်ရသည်။

သူက သန်း၅၀၀တောင် ထုတ်ပြပြီးနေပြီလေကွာ...မင်းမြေကြီးကို အရည်အချင်းမမှီတာလားကွ...

မာရိ လင်းရီ ဖောင်ကို ထောက်ပြလိုက်ပြီး "မှတ်ပုံတင်မည့် လိပ်စာ နေရာမှာ မင်းဖြည့်ထားတာကိုလဲ ကြည့်လိုက်ဦး "

"၁၀၀စင်ကျုရီ ရိပ်သာလမ်း...အမှန်ပဲလေ...."

"ဘာကို မှန်တာတုန်းကွ..."မာရိ ထေ့ငေါ့စွာပြောလိုက်ပြီး "၁၀၀စင်ကျုရီ ရိပ်သာလမ်းဆိုတာက ခုမှ အသစ်ဆောက်ထားတဲ့ အမြွှာမျှော်စင်ရဲ့ လိပ်စာ...မှတ်ပုံတင်မယ့် လိပ်စာ ဆိုတာက မင်းကုမ္ပဏီ မှတ်ပုံတင်ထားတဲ့ တည်နေရာရဲ့ လိပ်စာကို ဖြည့်ခိုင်းတာ...အမြွှာမျှော်စင်ရဲ့ လိပ်စာကို မဟုတ်ဘူး..."

အမြွှာ မျှော်စင်ကဲ့သို့ အထက်တန်းမြင့် အဆောက်အအုံကြီးများတွင် ရုံးခန်းနေရာငှားထားသူများ မြောက်များစွာ ရှိ‌သည်။ အနည်းဆုံးတော့ ကုမ္ပဏီ ၁၂ခုခန့် ရှိပေမည်။

အကယ်၍ အခြားသော ကုမ္ပဏီများမှာလည်း အမြွှာမျှော်စင်၏ လိပ်စာကိုသာ ရေးလိုက်ပါက အများကြီး ရှုပ်ထွေးကုန်ပေတော့မည်။

"မဖြစ်နိုင်တာ..သူက သောက်ရမ်းချမ်းသာနေတာတောင်မှ နေရပ်လိပ်စာတောင် ကောင်းကောင်းမဖြည့်တတ်သေးဘူးလားဟ..."

"မဟုတ်မှလွဲရော သူနေ့ချင်းညချင်း အမွေဆက်ခံပြီး ကြီးပွားလာတာများလား မသိဘူး...."

"ဖြစ်နိုင်တယ်...မဟုတ်ရင် ဒီလိုအမှားတွေ လုပ်မှာ မဟုတ်ဘူး..."

လင်းရီ သူ့အား ဝေဖန်နေသော အသံများကို လျစ်လျူရှုလိုက်ပြီး "ဟုတ်တယ်လေ...၁၀၀စင်ကျုရီ ရိပ်သာလမ်းက ဂျီမီနီ(မေထုန်)အဆောက်အအုံက ငါ့ကုမ္ပဏီ လိပ်စာပဲလေ..."

"ဟားဟား..."မာရိ သူ့ကို အထင်သေးစွာကြည့်လိုက်ပြီး "ဘာကွ...ဂျီမီနီ အဆောက်အအုံ တစ်ခုလုံးက မင်းဟာ...."

"အမှန်ပဲ..."လင်းရီ လုံး၀ သေချာနေသည့် လေသံဖြင့် ပြောလိုက်ပြီး "အမြွှာ မျှော်စင်က တကယ်ကြီး ကျုပ်အပိုင်ပဲ...လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းကမှ ၁၈ ဘီလီယမ်တောင် ပေးပြီး ၀ယ်ထားခဲ့ရတာ...."

All Chapters