← Chapters

အခန်း (၁၃၁)

Vol. 9 Ch. 131

အခန်း (၁၃၁)

Vol. 9 Ch. 131

"မင်း....မင်းဘာပြောလိုက်တယ်...."အမြွှာမျှော်စင်က မင်းဟာ...."

၎င်းကိုကြားတောဘ လူတိုင်း ကြက်‌ေ-သ‌ေ-သသွားကြပြီး သူတို့ ဦးနှောက်ပင် တခဏခန့် အောက်ဆီဂျင် ပြတ်လပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ဘယ်လို ပြက်လုံးပါလိမ့်...

သူက တကယ်ကြီး ၁၈ ဘီလီယမ်နဲ့ အမြွှာမျှော်စင်ကို ၀ယ်လိုက်တယ် ဆိုပါလား...

မာရိကိုယ်မာ တုတ်ခါသွားပြီး သူ၏ တစ်ကိုယ်လုံး မိုးကြိုး အပစ်ခံလိုက်ရသကဲ့သို့ နေရာမှာတင် တောင့်တင်းနေတော့၏။

အဖြူအနည်းနှင့် သေချာကြီး ရေးထားသည်ကို ကောင်းသွာမြင်နေရ၏။

အမြွှာမျှော်စင်မှာ တကယ်ကြီး သူ့ရှေ့ရှိ လူငယ်လေး အပိုင်ပင်။

တ-ရုတ်ပြည်တစ်ပြည်လုံးတွင် ဘော့စ်မားကဲ့သို့ နှစ်ထပ်ကွမ်းမီလီယမ်နာများပင်လျင် ထိုကဲ့သို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်မှာ အသေအချာပင်။

ထိုအချိန်တွင်တော့ ခန်းမထဲရှိလူတိုင်း လင်းရီကို မတူညီသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ရိုသေခြင်း။

လေးစားခြင်း။

ရိုသေခြင်း။

အရူးအမူး အားကျခြင်း။

ထောင်ပေါင်းများစွာသော အမူအရာတို့ကို တစ်နေရာတည်းတွင်တွေ့နိုင်လေသည်။

"ခုကော ဖောင်နဲ့ ပတ်သက်ပြီး ဘာမှားနေသေးလဲ..."လင်းရီ မေးခွန်းထုတ်လိုက်၏။

"မ..မရှိတော့ပါဘူးခင်ဗျ..."

မာရိ ထိတ်လန့်နေသည်။

လုံး၀ ထိန့်လန့်နေလေသည်။

အကာ်၍ သာမန် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပါက သူဘာမျှ စိုးရိမ်နေလိမ့်မည် မဟုတ်သော်လည်း သူ့ရှေ့ရှိ လူငယ်လေးမှာ ယွမ် တစ်ဘီလီယမ် ငွေသား ရှိနေရံသာမက ၁၈ဘီလီယမ်သုံး၍ အမြွှာမျှော်စင်ကိုပင် ၀ယ်ထားသည့် သူဌေးကြီး ဖြစ်နေလေသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးမှာ သူစော်ကားနိုင်သည့် လူမျိုးမဟုတ်ပေ။

သူတို့ ဌာန၏ ဒါရိုက်တာပင်လျင် ထိုလူငယ်လေးရှေ့၌ ဦးညွှတ်အရိုသေ ပေးရပေလိမ့်မည်။

"ပြဿနာ မရှိတော့ဘူးဆိုရင်လည်း ကျုပ်ကို လုပ်ထုံးလုပ်နည်းတွေ ဆက်လုပ်ပေးဦးလေ..."

လင်းရီ သာ‌မန်လေသံဖြင့် ပြောလိုက်၏။

"ဟုတ် ဟုတ်ကဲ့ ခဏလောက်စောင့်ပေးပါဦး ခင်ဗျ..."

မာရိ အလျင်စလို ပြန်ဖြေလိုက်ပြီး လင်းရီ၏ စီးပွားရေးလိုင်စင်ကို အလျင်အမြန် ပြုလုပ်ပေးလိုက်သည်။

သူ လင်းရီနှင့် ဆက်မရှုပ်ရဲဆော့ချေ။

အကယ်၍ သူသာ ကိစ္စများကို ရှုပ်ထွေးအောင် လုပ်လိုက်ပါက အကျိုးဆက်မှာတော့ မနက်ဖြန် နေမထွက်ခင် အလုပ်မှ ကန်ထုတ်ခံရလိမ့်မည်။

လင်းရီ၏ လိုင်စင်စာရွက်မှာတော့ ပြီးမြောက်သွားချေပြီ။ သူ၏ အသစ်စက်စက် လိုင်စင် စာရွက်ကိုကြည့်ရင်း သူ၏ ပန်းတိုင်နှင့် ခြေတစ်လှမ်းနည်းလာကြောင်း လင်းရီ ခံစားလိုက်ရသည်။

မြောက်များစွာသော အမျိုးသမီးထုကြီး၏ ညို့ငင်ဖမ်းစား‌ေသာ အကြည့်များအောက်တွင်လင်းရီ စက်မှုနှင့် ကုန်သွယ်ရေးဌာန အဆောက်အအုံမှ ထွက်လာခဲ့လိုက်ပြီး ကျောင်းသို့သွားရန် ဟန်ပြင်လိုက်သည်။

သူထွက်ကာရှိသေး ရှောင်ထျန်ဆီမှ ဖုန်းခေါ်လာခဲ့၏။

"နင်ခု အလုပ်ရှုပ်နေလား..."

မနေ့က ဖြစ်ခဲ့သည့် ကိစ္စကြောင့် ရှောင်ထျန်၏ ခံစားချက်များမှာ လင်းရီအပေါ်တွင် ရှုပ်ထွေးနေလေသည်။

သူမ၏ လေသံပင်လျင် အများကြီး နူးညံ့သွား၏။

"မရှုပ်တော့ဘူး ခုလေးတင်ပြီးသွားတာ..."

"ငါ စွန်းရှောင်ယွီရဲ့ ကောင်လေးနဲ့ စကားပြောဖို့ ခေါ်သွားတယ်..အတူသွားတွေ့ရအောင်..."

လင်းရီ မနေ့ညက ရှောင်ထျန် ပြောခဲ့သည့် အစီအစဉ်ကို မှတ်မိသွားသည်။ သူနာရီကိုကြည့်လိုက်သောအခ် ဆယ်နာရီထိုးရုံမျှ ရှိသေး၏။

သူအလုပ်ကိစ္စ ချိန်းဆိုထားသည်မှာလည်း တစ်နာရီမှပင်။ ထို့ကြောင့် အချိန်အနည်းငယ် ရနေသေး၏။

"ရတာပေါ့...ဘယ်နေရာမှာတွေ့ကြမလဲ..ကျောင်းမှာလား..."

"ကျောင်းနားက စတားဘက်ဆိုင်မှာ တွေ့ကြမယ်...အဲ့မှာဆို ပိုအဆင်ပြေတယ်..နင်တစ်ခုခု သောက်ချင်တာ ရှိလား..ငါကြိုမှ‌ာထားပေမယ်လေ..."

"လက်တေးတစ်ခွက်လောက်ဆို မဆိုးဘူး...ငါ မိနစ်နှစ်ဆယ်အတွင်း အရောက်လာခဲ့လိုက်မယ်.."

"အိုကေ..."

လင်းရီ ဖုန်းချလိုက်ပြီး ပင်းချန်တက္ကသိုလ်သို့ ‌‌ေမာင်းထွက်သွားလိုက်သည်။

စတားဘက်ခ်တွင်တော့ လူသိပ်မများချေ။ ထို့ကြောင့် သာယာငြိမ့်ညောင်းသော ဂီတသံလေးဖြင့် ပတ်၀န်းကျင်မှာ‌ေအးအေးချမ်းချမ်းရှိ၏။

"လင်းရီ..."

လင်းရီ အထဲသို့ ၀င်ခါနီးတွင် ဒုတိယထပ်မှ ရှောင်ထျန်၏ လှမ်းခေါ်သံကို ကြားလိုက်၏။ ထို့ကြောင့် သူ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်သည်။

"ဟူး...ငါမနောက်ကျဘူးမလား..."

"မဟုတ်ဘူး နောက်ကျတယ်..ဒါပေမယ့် ဟိုကောင်ကလည်း မလာသေးပါဘူး..."

"ဟမ်..အဲ့ကောင်က ခုထိ မရောက်လာသေးဘူးလားဟ...."

"အင်း..ငါတို့ ဆယ်နာရီခွဲ ချိန်းထားတာ..ခု ဆယ်မိနစ်တောင်ကျော်နေပြီ သူက ရောက်မလာသေးဘူး..."

ရှောင်ထျန် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။

"မဖြစ်နိုင်တာ..မင်းက ကျောင်းကော်မတီရဲ့ ဒါရိုက်တာလေ..အဲ့ကောင် အဲ‌့လောက်တောင် ရိုင်းပြရလားကွ..."

"သူတို့က နောက်တစ်လနေရင် ဘွဲ့ယူတော့မှာလေ..အဲ့တော့ ခုလို အလေးမထားတာလည်း မဆန်းပါဘူးဟယ်..."ရှောင်ထျန် ဘာမှ မဖြသ်သည့်ပုံစံဖြင့် ပြောလိုက်၏။

"နောက်ပြီး ငါကြားထားတာတော့ သု့ကောင်လေး နာမည်က ရန်ဖုန်းတဲ့..ကြည့်ရသလောက်ဆော့ တော်တော်လေး ချမ်းသာတဲ့ မိသားစုက လာတယ် ထင်တယ်...ပြီးတော့လည်း သူက မကောင်းတာဆို အကုန်လုပ်..."

"အင်း..ငါလည်း ထင်သားပဲ..သာမန်လူသာဆို အဲ့‌လို အခြေနေအောင်မှာ စွန်းရှောင်ယွီကို ကျိန်းသေနှစ်သိမ့်ပေးမှာပဲ..."

"နင်ပြောတာ ဟုတ်တယ်..."

ထိုအချိန်တွင်ပဲ လူငယ်တစ်ဦး သာမန်အ၀တ်အစားဖြင့် လှေကားမှ တက်လာခဲ့သည်ကို မြင်လုက်ရသည်။

"သူရောက်လာပြီ"

လင်းရီ လှည့်ကြည့်လိုက်သောအခါ စွန်းရှောင်ယွီ၏ ကောင်လေးမှာ အတော်လေး‌ချောမောပြီး ရုပ်ရည်သွင်ပြင်အရ သူမနှင့် လိုက်ဖက်သည်ဟုတောင် ဆို၍ရသည်။

"ဒါရိုက်တာထျန် ကျုပ်ဆီက ဘာလိုချင်လို့လဲ..."

ဖုန်းရန် ရှောင်ထျန်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး မပြောမဆိုနှင့် သူ့ဖုန်းနှင့် ကားသော့ကို စားပွဲပေါ်တွင် ပစ်ချလိုက်သည်။

"ငါ မိတ်ဆက်ပေးမယ်..သူက ဒုကျောင်းအုပ် ဒါရိုက်တာလင်းရီ..."

"တွေ့ရသာ ၀မ်းသာပါတယ် ဒါရိုက်တာလင်း.."

ဖုန်းရှင်း ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။

"ဒါရိုက်တာထျန် ပြောမယ့်ဟာကို အရင်ပြောလိုက် ကျုပ်နေ့လည်ကျရင် မအားတော့ဘူး တစ်နာရီပဲ အချိန်ပေးနိင်တယ်...ပြီးတော့ နောက်တစ်ခါ ကျုပ်ကို ခေါ်မယ်ဆိုရင် ဒီလို နေရာမျိုးမှာ မခေါ်စမ်းနဲ့ဗျာ..သောက်ရမ်း အဆင့်နိမ့်လွန်းတယ်...."

ရှောင်ထျန် အနည်းငယ် မျက်မှောင်ကြုတ်မိလိုက်သည်။ ဖုန်းရန်၏ သဘောထားမှာ သူမကို အတော်လေး သောက်မြင်‌ကပ်အောင် ပြုလုပ်နေလေသည်။

"ဒီ‌ကနေ့ မင်းကို ဒီခေါ်လိုက်တာက စွန်းရှောင်ယွီ ကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်လို့ပဲ..."

"သူ့အကြောင်း ဘာကိစ္စပြောမှာလဲ..ကျုပ်တို့က လမ်းတောင် ခွဲပြီးနေပြီကို...."

"ဒါပေမယ့် မင်းကြောင့်သူ ကိုယ့်ဘာကိုယ် သ-တ်‌ေ-သမလို ဖြစ်သွာတာ နင်သိလား..."

"မဖြစ်နိုင်တာ...အဲ့လောက်ကြီးထိ ဟုတ်လို့လားဗျ..."ရန်ဖုန်း အံ့အားသင့်ချင်ယောင်ဆောင်လိုက်သည်။

"ကျုပ်ပြောလိုက်မယ်...ဒီကိစ္စက ခင်များ သောက်လုပ်မဟုတ်ဘူး..အဲ့ကောင်မက စော်ကားခံရပြီးသွားပြီ..သူ့လို မသန့်ရှင်းတော့တဲ့ မိန်းမတစ်ယောက်ကို ကျုပ်လက်ဖျားနဲ့တောင် မတို့ချင်တော့ဘူး..."

"နင်...."

ရှောင်ထျန် စကားတစ်၀က်တောင်မရောက်လိုက်။

အဘယ်ကြောင့်ဆိုသော် လင်းရီမှ သူမကို စားပွဲအောက်တွက် ခြေထောက်ဖြင့် ကန်လိုက်သောကြောင့်ပင်။

ရှောင်ထျန်မှာ သွေးဆူလွယ်လွန်း၏။ သူသာ သူမကို မရပ်တန့်ပါက ပွဲဖြစ်သွားပြီး စကားပြောဖို့တောင် အခွင့်ရေး ရလိုက်မှာ မဟုတ်ချေ။

"အချစ်မှာ ချုပ်ချယ်မှုတွေ ဆိုတာ မရှိပါဘူး..ဆရာတစ်ယောက်အနေနဲ့ ငါမင်းတို့ ကိစ္စကို ၀င်စွက်ဖက်မှာ မဟုတ်ဘူး..ငါတို့ ခုလို ပြောရတာကလည်း မင်းတို့ နှစ်ယောက်ကို ပြန်တွဲခိုင်းတာ မဟုတ်ဘူး...ရှောင်ယွီကို နှစ်သိမ့်ပေးစေချင်လို့ပဲ...အဲ့တာမှ သူမ နာကျင်နေတာတွေ ပိုပြီး သက်သာသွားမှာ.".လင်းရီ ပြောလိုက်သည်။

"ခင်များ နောက်နေတာလား..ကျုပ်တို့က လမ်းခွဲပြီးပါပြီဆိုမှ သူ့ကို လာနှစ်သိမ့်ခိုင်းနေတယ်တဲ့..."ရန်ဖုန်း အသံမြင့်၍ ပြောလိုက်၏။

"ပြီးတော့ ခင်များ ပြောတဲ့အတိုင်းပဲလေ လွတ်လွတ်လပ်လပ် ချစ်ကြိုက်လို့ရတာပဲ...ကျုပ်ဘေးနားမှာ မိန်းမတစ်ယောက်ထဲ ရှိနေဖို့မှ မလိုတာ.နောက်တစ်ယောက်ပြောင်းတော့ကော ဘာအရေးလဲ...ဘာကိစ္စ အဲ့ကောင်မကို သွားနှစ်သိမ့်ပေးရမှာလဲ...ကျုပ်အချိန်တွေက အားယားနေတယ်များ မှတ်နေလား..."

"မင်းတို့ ကောင်တွေက တွဲဘာတာလည်း ကြာနေပြီပဲ..မင်းမှာ သူ့အပေါ် ခံစားချက် နည်းနည်းလေးတောင် မကျန်တော့ဘူးလား..."

"လာ‌ရှုပ်မနေနဲ့...ကျုပ်တို့ အားလုံးက ခု အရွယ်ရောက်နေပြီ...တအားကြီး ရိုးအနေသလို လုပ်နေတာတွေ တော်လိုက်တော့...ကျုပ်ခင်များအစား ရှက်လွန်းလို့..."ရန်ဖုန်း မာမာထန်ထန် ပြောလိုက်ပြီး

"စွန်းရှောင်ယွီဆိုတာ ကျောင်းရဲ့ အလှလေး...ကျုပ်ကျောင်းတုန်းက သူနဲ့ကြိုက်ခဲ့တယ်ဆိုတာက လှလို့ပဲ..အားတဲ့ချိန် အလကား လိင်စိတ်ဖြေလို့ရအောင်ပဲ အသုံးချချင်တာ..တစ်ဘ၀လုံး ကျုပ်ဘေးနားမှာ ခေါ်ထားဖို့ အစီစဉ် မရှိဘူး..."

လင်းရီ တစ်ခုခု မှားတော့မည်ဖြစ်ကြောင်း သတိထားမိသွားပြီး ရှောင်ထျန်ကို နောက်တစ်ချက် ကန်လိုက်သည်။

ဒီကလေးမကတော့ သူ့ဒေါသကို မထိန်းနိုင်ပါလား...ကြည့်လိုက်ဦး တစ်ယောက်ယောက်ကိ အစိမ်းလိုက်ဝါးစားမယ့်ပုံတောင် ပေါက်နေပြီ...

အကယ်၍ သူမ ထိုသို့သော မကောင်းသည့်ကောင်များကို ရွံမုန်းနိုင်သော်လည်း ပေါ်တင်ကြီးတော့ လုပ်ပြလို့ မဖြစ်ပေ။

သို့သော်လည်း ထိုရန်ဖုန်းဆိုသည့်ကောင်ကတော့ အတော်လေး မသတီဖို့ကောင်းကြောင်းတော့ ၀န်ခံရပေမည်။

"အေး ငါတို့ မင်းကိစ္စတွေကို ၀င်ရှုပ်ဖို့ အခွင့်ရေးတော့မရှိဘူး..ဒါပေမယ့်ဟျောင့် မင်းပြောတာကြီးက နည်းနည်းလေး လွန်လွန်းတယ်..."

"အဲ့တော့ကော ဘာလုပ်ပေးရမှာ.."ရန်ဖုန်း စိတ်မရှည်စွာ ပြောလိုက်ပြီး "ဒီလိုတွေ ပြောမယ်မှန်း သိရင် လာကို မလာဘူး..ခင်များတို့က ကျုပ်အချိန်တွေကို လာဖြုန်းနေတာပဲဗျ...."

"မင်းဘာ တွေပြောနေတာလဲ..ငါတို့က မင်းရဲ့ဆရာတွေလေ..."

ရှောင်ထျန်၏ ဒေါသတကြီး ပေါက်ကွဲသံက စတားဘက်ခ်ရှိ လူတိုင်းကို ထိတ်လန့်သွားစေသည်။

"ဟီးဟီး အဲ့လောက်ကြီးလည်း လေးနက်မနေပါနဲ့ဗျာ..."ရန်ဖုန်း ရယ်မော ပြောဆိုလိုက်သည်။

"ကျုပ်စိတ်ကောင်း၀င်နေရင်တော့ခင်များကို ဒါရိုက်တာလို့ ခေါ်ရင်ခေါ်မယ်..အေး စိတ်ကောင်း၀င်မနေလို့ကတော့ ခင်များတို့က ကျုပ်မျက်စိထဲမှာ ဘာအကောင်မှ မဟုတ်ဘူး..."

ထိုသို့ ပြောပြီးနောက် ရန်ဖုန်း ထရပ်လိုက်ပြီး " ခင်များတို့ နှစ်ယောက် အေးဆေး သောက်ကြဦး ကျုပ်အဖော်မပြုပေးတော့ဘူး..."

All Chapters