အခန်း (၁၃၂)
Vol. 9 Ch. 132
"လင်းရီ နင်ငါ့ကို ဘာလို့ တားထားတာလဲ..မဟုတ်ရင် ငါသူ့ကို ပါးသွားရိုက်တော့မှာ..."
ရှောင်ထျန် ရန်ဖုန်း ထွက်သွားသည်ကို ကြည့်ရင်း မီး၀င်း၀င်းတောက်နေသော အကြည့်များဖြင့် ပြောဆိုလိုက်သည်။
"ဘာကိစ္စ သူ့ကို ရိုက်မှာ..."လင်းရီ ဖျော့တော့စွာ ပြောလိုက်ပြီး "သူက မိုက်ရိုင်းတယ် ဆိုပေမယ့် မင်းကော ငါကောက သူ့ကိုဘာလုပ်ပါ ညာလုပ်ပါဆိုပြီးတော့ အမိန့်ပေးလို့မရဘူးလေ..."
"ဟမ့်..ငါကတော့ အဲ့လိုကောင်တွေကို အရွံဆုံးပဲ..."
လင်းရီ ရှောင်ထျန်၏ နာကျည်းချက်ကို နားလည်ပေး၍ ရသည်။ သူမ၏ ကောင်လေးမှာလည်း နောက်တစ်ယောက်နှင့် တွဲသွားသောကြောင့် ထိုသို့သော ကောင်မျိုးများကို မနှစ်သက်ဆုံး ဖြစ်နေလေသည်။
ဒါနဲ့ ငါကကော ဘာလို့ သူမုန်းတာ ခံနေရတာလဲဟ...
ငါက ဥစ္စပေါ ရုပ်ချော ဆိုပေမယ့် ပလေးဘွိုင်းမှ မဟုတ်တာ..
လင်းရီ၏ စကားကို ကြားတော့ ရှောင်ထျန် အတော်လေး စိတ်တည်ငြိမ်သွားခဲ့သည်။
သူမ အနည်းငယ် သွေးဆူသွားခဲ့မိ၏။
"ခု သူ့အကြောင်း ပြောပြီးပြီဆိုတော့ နင့်အကြောင်းပြောဖို့ အချိန်ပဲ..."
"ဟမ် ဘာဆိုင်လို့ ငါ့အကြောင်း ပြောမှာလဲ ငါက မကောင်းတဲ့ကောင်မှ မဟုတ်တာ..."
ရှောင်ထျန် လဲကျတော့မလို ဖြစ်သွားပြီး "နင်နောက်တစ်ခါ ကန်ရင် သာသာလေး ကန်လို့ မရဘူးလားဟဲ့...အရမ်းနာတာပဲ..."
"အာ...တအားနာသွားလား..နောက်တစ်ခါကျ ညင်ညင်သာသာလေး လုပ်ပေးမယ်..."
ရှောင်ထျန်ကတော့ လင်းရီကို မျက်စောင်းအသာထိုးလိုက်ပြီး "နေ့လည်တောင် ရောက်သွားပြီ...ငါတို့ သုံးယောက် နေ့လည်စာ အတူသွားစားမလို့ နင်ကော လိုက်ခဲ့ဦးမလား..."
"ထားလိုက်တော့..ငါနေ့လည် လုပ်စရာ ရှိသေးတယ်..တောက်တစ်ခေါက်ပေါ့ကွာ..."
"မနက်ဖြန်ဆိုရင်ကော..ရှစ်လိ မွေးနေ့လေ..သူ့ယောက်ျားကလည်း အလုပ်ခရီး ထွက်နေတယ်ဆိုတော့ ငါတို့ အပြီကဲလို့ရတယ် ငါတစ်ဝိုင်း ဘွတ်ကင်လုပ်ထားလိုက်မယ်...အိုကေလား..."
လင်းရီ အနည်းငယ် စဉ်းစားမရ ဖြစ်သွားခဲ့သည်။
ဘာလို့ လက်ထပ်ပြီးတဲ့ ကောင်တွေက အမြဲတမ်း အလုပ်ခရီး ထွက်နေကြပါလိမ့်...
ထိုအကြောင်း စဉ်းစားရင်း လင်ူရီ ငြင်းဆိုလိုက်သည်။ "တော်ပါပြီကွာ..မင်းတို့ပဲ ပျော်ကြ.."
"အဲ့တာဆိုလည်း နင်အရင် သွားနှင့်လိုက်တော့ ငါ ကျန်တဲ့သူတွေကို စောင့်လိုက်ဦးမယ်..နေ့လည် ပြန်မလာခဲ့နဲ့တော့ မနက်ဖြန်မှ ကျောင်းကို လာခဲ့လိုက်..."
"အိုကေပါ.."
လင်းရီ လက်ပြလိုက်ပြီး ပန်နီဆူလာဟိုတယ်သို့ မောင်းသွားလိုက်၏။
သူရန်ထျန်းပေါ်နှင့် ချိန်းထားသောကြောင့် ဟိုတယ်၌ နေ့လည်စာ စားလိုက်သည်က ပို၍ လမ်းသင့်ပေသည်။
တစ်ချိန်တည်းတွင် ဘန်ထလေ အနက်ရောင်တစ်စင်း ပန်နီဆူလာ ဟိုတယ်သို့ ဦးတည်လာခဲ့သည်။
ဒရိုင်ဘာမှ လွဲ၍ ကားထဲတွင် သားအဖ နှစ်ယောက် ထိုင်နေကြ၏။
သက်လတ်ပိုင်းလူ၏ နာမည်ကတော့ ရန်ထျန်းပေါ်ဖြစ်ပြီး တင်ဟွေ့ စီမံခန့်ခွဲ့ရေး ကုမ္ပဏီ၏ စီအီးအိုလည်း ဖြစ်၏။
တိုက်ဆိုင်စွာဖြင့် သူ၏ သားဖြစ်သူမှာလည်း ယခုလေးတင် လင်းရီနှင့် ဆုံခဲ့သည့် ရန်ဖုန်းပင်။
ယခုတော့ သားအဖနှစ်ယောက် လင်းရီနှင့် တွေ့ဆုံရန် ပန်နီဆူလာ ဟိုတယ်သို့ လာနေကြခြင်းပင်။
"မင်းတစ်မနက်ခင်းလုံး ဘယ်ပျောက်နေတာ..တစ်ယောက်မှလည်း မင်းကို ရှာမရဘူး...ငါတို့ နေ့လည်ကျရင် သူဌေးကြီးတစ်ယောက်နဲ့ သွားတွေ့မယ်လို့ ကြိုပြောထားရဲ့သားနဲ့ကွာ...""
"ပြောမနေစမ်းပါနဲ့ဗျာ အဖေရာ..ကျွန်တော်ဖြင့် အဲ့ကျောင်းက သောက်ကိစ္စတွေနဲ့ စိတ်ရှုပ်လို့ေ-သတော့မယ်..."
"မင်းက ဘွဲ့ယူတော့မှာ မဟုတ်လား...ကျောင်းကိစ္စတွေ လုပ်မနေနဲ့တော့..."ရန်ထျန်းပေါ် ပြောလိုက်ပြီး "ငါ ဒီနေ့ မင်းကို ခေါ်လာတယ်ဆိုတာက မင်းအမြင်ကျယ်အောင်လို့ပဲ..."
"အဖေနဲ့ ဦးလေးက အဲ့ဒီ သူဌေးကြီးအကြောင်း ထပ်ခါတလဲလဲ ချီးမွမ်းနေတော့တာပဲ..သူက အဲ့လောက်လည်း ဩဇာကြီးလို့လားဗျာ..."
"ကြီးတာထက်ကို ပိုတယ်ကွ...သူက အရမ်း နိမ့်ချနေတဲ့ သူဌေးကြီး...မင်းရောက်ရင် သိလိမ့်မယ်...သောက်ပေါက်တတ်ကရသာ မပြောမိစေနဲ့...အဲ့လို ချမ်းသာတဲ့ သူတွေက ကိုယ်ရေးကိုယ်တာ အကြောင်းတွေ ပြောရတာ မကြိုက်ဘူး..."
ရန်ထျန်းပေါ် ပြောလိုက်ပြီး "တကာ်လို့ မင်းသာ ငါ့နေရာ ဆက်ခံမယ့်သူ မဟုတ်ဘူးဆိုရင် ဒီကနေ့ မင်းကိုတောင် ခေါ်မလာချင်ဘူး..."
"စိတ်ချပါဗျ..ကျွန်တော် အပြောဆို ဆင်ခြင်မှာပါ..."
ရန်ဖုန်း သူ့လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ရန်မိသားစုမှာ ချမ်းသာသော်လည်း အမြွှာမျှော်စင်ကို ၀ယ်သွားသည့် လျို့ဝှက်ဆန်းကြယ်သည့် တိုင်ကွန်းကြီးနှင့် ယှဉ်ပါက အလှမ်းဝေးနေသေး၏။
သူ့ဘ၀တစ်လျှောက်လုံး ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးနှင့် တွေ့ဆုံရမည်မှာ ပထမဆုံးအကြိမ်ပင်။
သူထုတ်မကြွားနိုင်သည်ကတော့ အတော်လေး စိတ်ရှုပ်စရာကောင်း၏။မဟုတ်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
၁၂:၃၀ ခါနီးတော့ ရန်ထျန်းပေါ် ပန်နီဆူလာ ဟိုတယ်ရှေ့တွင် ကားရပ်လိုက်ပြီး လင်းရီနှင့် ချိန်းထားသည့် ကော်ဖီဆိုင်ထဲသို့ ၀င်ကာ သူ့ကို စောင့်နေလိုက်သည်။
မိနစ်သုံးဆယ်ဟူသော တိုတောင်းသည့် အချိန်ကာလလေးမှာ သားအဖ နှစ်ယောက်လုံးအတွက်တော့ တစ်ကမ္ဘာမျှ စောင့်ဆိုင်းလိုက်ရသည်ဟု ခံစားရစေသည်။
အကယ်၍ သူတို့သာ ယခု ပရောဂျက်ကြီးကို ရရှိလိုက်ပါက တင်ဟွေ့ ကုမ္ပဏီ၏ ဩဇာတိက္ကမမှာ ကြီးမားလာပေတော့မည်။
မရရှိပါကလည်း ဆုံးရှုံးမည့် တန်ဖိုးမှာတော့ ပြောစရာမလိုလောက်အောင်ပင်။ ထို့ကြောင့် တစ်ချက်ကောင်းပါက မင်းဖြစ်လောက်စေမည့် အခွင့်အခွင့်အရေးကြီးမို့ သားအဖနှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြသည်။
တစ်နာရီ ၀န်းကျင်လောက်ရောက်သောအခါ ရန်ထျန်းပေါ် ဖုန်းမြည်လာခဲ့၏။
လင်းရီ ခေါ်လာခြင်း ဖြစ်ကြောင်း တွေ့တော့ ရန်ထျန်းပေါ် ဖုန်းကို စိတ်လှုပ်ရှားစွာဖြင့် ကိုင်လိုက်သည်။
"မစ္စတာလင်း..ကျွန်တော်ကတော့ ဒီရောက်နေပိ..မစ္စတာလင်းကော ရောက်နေပြီလား...ဒါမှမဟုတ် ကျွန်တော်လာကြိုပေးရမလားဗျ..."
"မလိုဘူး..ကျွန်တော် ခင်များကို လှမ်းမြင်နေရပြီ..."
စားအဖ နှစ်ယောက် ဖုန်းချပြီး ဘေးဘီဝဲယာကို ကြည့်ကာ ထိုတိုင်ကွန်းအား လိုက်ရှာလိုက်သည်။
ရန်ဖုန်း၏ မျက်နှာကတော့ လင်ူရီကို မြင်တော့ နက်မှောင်သွားပြီး "ခင်များပဲ..."ရန်ဖုန်း လင်းရီကို လက်ညိုးထိုးလိုက်ပြီး .."ငိုးမသားကြီး ဒီထိတောင် လိုက်လာတယ်ပေါ့..တော်တော် စိတ်ရှုပ်ဖို့ ကောင်းတဲ့ကောင်......"
"ဟမ်..."
သူ့သား လင်းရီကို ထိုသို့ ပြောဆိုနေသည်ကို မြင်တော့ ထျန်းပေါ် သေးထွက်လုမတတ် စိုးရိမ်သွားသည်။
"တယ်မိုက်တဲ့ ငါ့သား..မင်းယီးစကားတွေ ပြောနေတာလားကွ..."
"အဖေကလည်း အဲ့ကောင်ကို မသိဘူးလားဗျ..သူက ကျွန်တော်တို့ကျောင်းက ဒုကျောင်းအုပ် လင်းရီလေ..ကျွန်တော် တစ်မနက်ခင်းလုံးပျောက်နေတာလည်း သူတို့ကြောင့်ပဲလေ..ပြီးတော့ ဒီထိတောင် လိုက်လာလိုက်သေးတယ်..သူကျွန်တော့်ကို နောက်ယောင်ခံလိုက်နေတယ်ဆိုတာ လုံး၀ သေချာတယ်..."
လင်းရီလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူတို့ ပြန်တွေ့ရလောက်သည်အထိ တိုက်ဆိုင်လိမ့်မည်လို့ မထင်ထားခဲ့ပေ။
သူမနက်က တွေ့ဆုံခဲ့သည် ရန်ဖုန်းမှာ ရန်ထျန်းပေါ်၏ သားဖြစ်နေခဲ့၏။
"ထျန်းပေါ်..ခင်များကတော့ သားအလိမ္မာလေး မွေးထားတာပဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ယီးစကားတွေ လာပြောနေတာလား..အဲ့တာ မင်းသောက်...."
ဖြန်း.....
ရန်ဖုန်း စကားမဆုံးခင် သူ့အဖေမှ ပါးပိတ်ရိုက်လိုက်၏။
"ဟျောင့် မင်းသေချင်နေတာလားကွ..ငါမင်းကို တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်မယ်ဆိုတာ ယုံလား..."
ရန်ထျန်ူပေါ်၏ လက်သံမှာ အတော်ပြောင်သည်။ သူ့သား တစ်ချက်ထဲနဲ့ မြေပြင်ပေါ် မှောက်သွား၏။
"အဖေ...ဘာဘို့ ကျွန်တော့်ကို ဘာရိုက်တာလဲဗျ..ကျွန်တော်သူ့ကို နည်းနည်းလေး ပြောလိုက်တာနဲ့ ဒီလောက်ထိတော့ မလုပ်သင့်ဘူး မဟုတ်လား။။။"
"ငိုးမ သားမိုက်..."
ရန်ဖုန်း၏ နှာခေါင်းကို လက်ညိုးထိုး ကျိန်ဆဲလိုက်ပြီး "မင်းဆဲနေတဲ့လူက အမြွှာမျှော်စင်ကို ၀ယ်သွားတဲ့တိုင်ကွန်းကြီးကွ...မင်းနောက်တစ်ကြိမ် မစ္စတာလင်းကို ဒီလို ပြောရဲရင် မင်းနဲ့ငါ သေတမ်းပြတ်ပြီ..."
ရန်ထျန်းပေါ် ဒေါသထွက်လွန်းပြီး အသက်ရှူမ၀ ဖြစ်နေခဲ့၏။
အလုပ်ဖြစ်တော့မည့် စီးပွားရေးလုပ်ငန်းမှာ ထိုသောက်ရူးကောင်ကြောင့် ပျက်စီးပေတော့မည်။
အကယ်၍ ယခုလိုဖြစ်လာမည်မှန်းကြိုသိပါက သူ့သား ဆန်ကုန်မြေလေးကို ဤနေရာသို့ ခေါ်လာခဲ့လိမ့်မည် မဟုတ်ပေ။
ရန်ဖုန်း သူ့မျက်နှာကို ကိုင်ရင်း ကြောင်အနေမိသည်။
"အ..အဖေ ဘာပြောလိုက်တယ်...သူက အမြွှာမျှော်စင်ကို ၀ယ်သွားတဲ့ တိုင်ကွန်းကြီး ဟုတ်လား။။။"
"မင်းကို နောက်နေတယ်များ မှတ်နေလား..."
"ဒါ..ဒါပေမယ့် သူက သားတို့ကျောင်းက ကော်မတီ၀န်ထမ်းလေ..."
ရန်ဖုန်း တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
"ငါက အဲ့မှာ ဒီတိုင်း အတွေ့ကြုံရအောင် လုပ်တာလေ..."လင်းရီ ပေါ့ပါးစွာပြောလိုက်၏။
"ခု မင်းဘာဖြစ်နေလဲဆိုတာ သိပြီမလား..."
ထျန်းပေါ် ကျိန်ဆဲလိုက်၏။
"ဘူတိုင်းကို မင်းလို ဘားပဲ နေ့တိုင်း သွားနေတဲ့ကောင်လို့များ မှတ်နေလား...အချိန်ရရင် မစ္စတာလင်းနားက ကောင်းကောင်းသင်ယူထား မဟုတ်ရင် မိသားစုအမွေက မင်းလက်ထဲရောက်မှ ပျက်စီးသွားဦးမယ်..."
"အတွေ့ကြုံရအောင် ကျောင်းဆရာလုပ်တယ်...."
ရန်ဖုန်း လင်းရိ၏ အပြုအမူကို လုံး၀ စဉ်းစားလို့ မမှီတော့ချေ။
မင်းဆိုရင်ကော အတွေ့ကြုံရအောင် ပျင်းဖို့ကောင်းတဲ့ ကျောင်းကြီးမှာ ကျောင်းဆရာ သွားလုပ်မှာလား...
"ဒါရိုက်တာလင်း ဘာဖြစ်တာလဲဗျ..ကျွန်တော် အဲ့ကောင်တွေကို မောင်းထုတ်လိုက်ရမလား.."
ထျန်းလုံ လင်းရီနား လျှောက်လာပြီး ပြောလိုက်သည်။
"မလိုဘူး..ငါကိုင်တွယ်လိုက်မယ်.."
ထျန်းပေါ်နှင့် ရန်ဖုန်းတို့ ကြက်သေသေသွားကြသည်။၀မ်ထျန်းလုံမှာ ပန်နီဆူလာဟိုတယ်၏ မန်နေဂျာကြီး ဖြစ်မှန်း သိသော်လည်း လင်းရိမှာ ပန်နီဆူလာ ဟိုတယ်ကြီး၏ ဒါရိုက်တာ ဖြစ်နေမည်လို့တော့ ထင်မထားခဲ့ချေ။
"မစ္စတာလင်း ..ခင်များက..."ထျန်းပေါ် ကြောင်အစွာ မေးလိုက်မိသည်။ သူ၏ ရင်ဘက်ထဲရှိ အံ့ဩနေမှုကိုတော့ ဖော်ပြရန် စကားရှာမရတော့ချေ။
"အမှန်ပဲ..ကျုပ်ဟာက အမြွှာမျှော်စင် တင် မကသေးဘူး...ပန်နီဆူလာ ဟိုတယ်ကလည်း ကျွန်တော့်ဟာပဲလေ...ခင်များ ဘာမေးစရာ ကျန်သေးလဲ..."