အခန်း (၁၃၃)
Vol. 9 Ch. 133
"မင်း...မင်းက ပန်နီဆူလာဟိုတယ်ကိုလည်း ပိုင်တယ်ပေါ့...."
ရန်ထျန်းပေါ်အတွက်တော့ သိပ်ပြီး ရှော့ခ်မရသွားခဲ့။ လင်းရီ ၁၈ ဘီလီယမ် သုံး၍ အမြွှာမျှော်စင်ကို ၀ယ်လိုက်သောကြောင့် ကြယ်ငါးပွင့် ဟိုတယ်ကြီး တစ်လုံး ပိုင်ဆိုင်ထားသည်မှာလည်း ထူးတော့ မထူးဆန်းပေ။
အခြားတစ်ဖက်တွင်တော့ ရန်ဖုန်းမှာ အချိန်အတော်တန် ကြာသည်အထိ မတည်ငြိမ်နိုင်သေးပေ။ သူ၏ စိတ်ထဲတွင်တော့ ဘာကြောင့်လဲ ဟူသော မေးခွန်းများက ကြီးစိုးနေသည်။
'မင်းက ဒီလောက်ထိ ချမ်းသာနေပြီလေ...ဘာလို့ ကျောင်းသွားပြီး အတွေ့ကြုံရဖို့ လိုဦးမှာလဲကွ'
'အဲ့ဒါက မင်းလုပ်နေသင့်တဲ့ အရာမဟုတ်ဘူးလေ...'
"မစ္စတာလင်း ကျုပ်သားမိုက်ကို အလိုလိုက်ထားခဲ့မိလို့ ခုလို မပြောသင့်တာတွေ ပြောမိတာပါ...သူမိုက်မဲပြီး ပြောမိတာကို ဗွေမယူပါနဲ့ခင်ဗျ...."
"သူ မပြောသင့်တာတွေ ပြောခဲ့မိတယ်..."
ထျန်းပေါ် စကား ခဏရပ်လိုက်၏။ သူလင်းရီ ပြောလိုက်သည့် စကားလုံးနောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်ချေ။
သို့သော်လည်း ဖုန်းရန်ကတော့ လင်းရီ ဘာကို ဆိုလိုချင်နေလဲဆိုတာ နားလည်နေ၏။
"လင်း...ကျွန်တော် နားလည်ပါတယ်...ကျွန်တော်ခုပဲ ရှောင်းယွီကို သွားတောင်းပန်လိုက်ပါ့မယ်...ပြန်ပြီးတော့ သူ့ကို နှစ်သိမ့်ပြီး သူမနဲ့ပဲပေါင်းသင်းပါ့မယ်လို့ ကတိပေးပါတယ်...ကျွန်တော့်အမှားတွေကို ပြုပြင်ဖို့ နောက်ထပ်အခွင့်အရေး တစ်ကြိမ်လောက် ရနိုင်မလား ..."
"မေ့လိုက်တော့...စွန်းရှောင်ယွီဆိုတာက မိန်းမကောင်းလေးပဲ...မင်းသူမကို ထပ်ပြီး စိတ်ဒုက္ခပေးမနေနဲ့တော့...နောက်လည်း ဆက်သွယ်စရာ မလိုတော့ဘူး..."
ရန်ထျန်းပေါ်ကတော့ ရှုပ်ထွေးနေလေသည်။ သူပြန်ရောက်မှပဲ အကြောင်းစုံကို မလိမ္မာသည့် သားမိုက်အား မေးမြန်းရပေမည်။
"မစ္စတာလင်း ကျွန်တော့်သား ကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါရစေ..ဒါပေမယ့် မစ္စတာလင်း...ကျွန်တော်တို့ရဲ့ ကုမ္ပဏီက ကျိုးဟိုင်မှာတင် မဟုတ်ဘူး တ-ရုတ်ပြည်တစ်ခုလုံးမှာတောင်မှ အကောင်းဆုံးဆိုတာတော့ ယုံကြည်ပေးပါ.....ကျွန်တော်တို့ လက်တွဲ အလုပ်လုပ်ဖို့ အခွင့်ရေးရမယ်လို့ မျှော်လင့်ပါတယ်..."
ဖက် ..ဖက်..ဖက်...
ရန်ဖုန်း သူ၏ ပါးစပ်ကို တဖက်ဖက် ရိုက်လိုက်ရင်း "မစ္စတာလင်း ကျွန်တော့်အမှားကို ကျွန်တော် သိပါပြီ...ပြင်ဖို့ အခွင့်ရေးလေး ပေးပါဗျ...."
"မင်းရဲ့ ကိစ္စနဲ့ ခုကိစ္စက မတူဘူး..ငါက အဲ့ဒီနှစ်ခုကို မရောချင်ဘူး...."လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး "ခု ငါတို့ ပြောမှာက မင်းကိစ္စ မဟုတ်ဘူး...ဒိတော့မင်းလစ်ပြီးတော့ မင်းအဖေကိုသာ ငါနဲ့ ထားခဲ့လိုက်..."
"ဟုတ် ဟုတ် ..ကျွန်တော် ဆက်ပြီး မနှောက်ယှက်တော့ပါဘူးဗျ...."
ရန်ဖုန်း အပိုတွေ မပြောရဲပဲ ချက်ချင်းထွက်ခွားသွား၏။ တစ်စက္ကန့်လေးတောင် အချိန်မဆွဲဝံ့ခဲ့ပေ။
ရန်ဖုန်း ထွက်သွားပြီးနောက် ရန်ထျန်းပေါ် ကိုယ်ကို ကိုင်း၍ လေးနက်မှုအပြည့်ဖြင့် ဦးညွှတ်လိုက်သည်။
"ထားလိုက်တော့...တောင်းပန်စရာ မလိုပါဘူးဗျာ...."လင်းရီ တင်ဟွေ့ ကုမ္ပဏီ၏ အချက်အလက်များကို ကြည့်ရင်း ပေါ့ပါးစွာဖြင့် "ဒါပေမယ့် ခင်များသား ကို အိမ်ရောက်ရင်တော့ ကောင်းကောင်းလေး ဆုံးမထားသင့်တယ်လို့တော့ထင်တယ်..မဟုတ်ရင်တော့ အနာဂတ်မှာ အဲ့ကောင်က ပြဿနာ အကြီးကြီးတွေ ရှာလာနိုင်တယ်...."
"မစ္စတာလင်း ပြောတာ မှန်ပါတယ်...ကျုပ်အိမ်ပြန်ရောင်တာနဲ့ အဲ့ကောင်ကို သေချာလေး သမ လိုက်ပါ့မယ်..."
ထျန်းပေါ် ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဥစ္စာပစ္စည်းချင်း နှိုင်းယှဉ်သည်ထက် လူလူချင်း နှိုင်းယှဉ်သည်က ပိုကောင်း၏။
အတိတ်တွင်တော့ သူ၏ သားမှာ အနည်းငယ် အပျော်ပါးမက်သည်ကလွဲ၍ သိပ်မဆိုးဟု ထင်နေခဲ့သည်။
သို့သော်လည်း မစ္စတာလင်းကဲ့သို့သော ပုဂ္ဂိုလ်ကြီးနှင့် ဆုံတွေ့သောအခါ၀ယ် ထျန်းပေါ် နှစ်ယောက်ကြားမှ ခြားနားမှုကြီးကို ကောင်းစွာ သဘောပေါက်သွားတော့၏။
မစ္စတာလင်းက တော်၀င်ဆန်သည့် မင်းမျိုးမင်းနွယ်တစ်ပါး၏ အမူအကျင့် ရှိနေချိန်တွင်တော့ သူ၏ သားမိုက်မှာ ကလေကချေ တစ်ကောင်၏ အကျင့်စရိုက်တို့ဖြင့် ပြည့်နှက်နေသည်။ နှစ်ယောက်ကြားကွာခြားချက်ကြီးကတော့ ဆီ နှင့် ရေပင်။
နာရီ၀က်ကြာပြီးနောက် လင်းရီနှင့် တင်ဟွေ့ ကုမ္ပဏီတို့ ပူးပေါင်းဆောက်ရွက်ကြောင်း သဘောတူညီမှု စာချုပ်ကို ချုပ်ဆိုလိုက်ကြသည်။
"မစ္စတာလင်း ခုလို ကျွန်တော်တို့ကို ယုံကြည်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..စီမံခန့်ခွဲ့မှုပိုင်းမှာလည်း ကျွန်တော်တို့ဘက်ကနေပြီးတော့ မစ္စတာလင်းကို တစ်စက်မှ စိတ်မပျက်စေရဘူးခင်ဗျ...."
"ကောင်းပြီ...."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "အလုပ်နဲ့ သက်သေပြပေါ့"
......
သုံးယောက်သား နေ့လည်စာ စားသောက်ပြီးနောက် ကျောင်းသို့ ဦးတည်လိုက်ကြ၏။
"အစ်မထျန်...ရန်ဖုန်းနဲ့ ပတ်သက်ပြီးတော့ မျှော်လင့်ချက် မရှိတော့ဘူးလား..."စုန့်ကျားမှမေးလိုက်၏။
"ဟွန့်..သူ့အကြောင်း ပြောလိုက်တာနဲ့တင် စိတ်အတော်တိုတယ်..."ရှောင်ထျန် မကျေမနပ်ဖြင့် ပြောလိုက်ပြီး "အဲ့ကလေကချေက ဘွဲ့ယူတော့မယ်ဆိုတော့ အရမ်းတွေ ရိုင်းပြနေတာ...ပြီးတော့ ချမ်းလည်း ချမ်းသာတယ်ဆိုတော့ တစ်ယောက်မှ သူ့ကို ဆုံးမမယ့်သူလည်း မရှိဘူးလေ..."
"ဒါရိုက်တာလင်းလည်း အတူလိုက်သွားတယ် မဟုတ်ဘူးလား...သူက အဲ့ကောင်ကို မဆုံးမခဲ့ဘူးလား.."
"နင်တို့ကလည်း သူ့အကြောင်း မသိတာကြနေတာပဲ...သူက တော့ တည်တည်ငြိမ်ငြိမ်ပဲ..."
ရှောင်ထျန် စောဒက တက်လိုက်ပြီ "အဲ့တာကြောင့် သူသိပ်ပြီး ၀င်မစွက်ဖက်တာလေ..ဘာပဲ ဖြစ်ဖြစ်ပါ ငါတို့ နှစ်ယောက်စလုံးမှာ ရန်ဖုန်းကို ဘာလုပ် ညာလုပ် ဆိုပြီးတော့ အမိန့်ပေးပိုင်ခွင့်လည်း မရှိပါဘူးလေ...သူက ငါတို့နဲ့မှ မသက်ဆိုင်တော့တာ...."
"အစ်မထျန် ပြောတာ မှန်တယ်..."စုန့်ကျား ရယ်မောလိုက်ပြီး "အစ်မထျန် သတိထားမိလား..အစ်မနဲ့ လင်းရီတို့သာ တွဲလိုက်မယ်ဆို အရမ်းလိုက်ဖက်မှာပဲနော်..."
"ဖွ ဖွဟဲ့... ဒီကလေးမကတော့ ဘာတွေ လာပြောနေမှန်းလဲ မသိဘူး..."ရှောင်ထျန် အရှက်သည်းလျက် ပြန်ပြောလိုက်သည်။
"အယ်...အစ်မထျန်က ဘာတွေ ဒီလောက်ထိ ရှက်နေပါလိမ့်..."
ကလင် ကလင် ကလင်
ရှောင်ထျန် ပြန်ပြောတော့မည့် အချိန်တွင် သူမ အိတ်ထဲရှိ ဖုန်းမြည်လာခဲ့သည်။
"ဆရာလီ..."
"ဒါရိုက်တာထျန် ..စားပြီးပြီလားဗျ...စီမံခန့်ခွဲရေး ဌာနက ရန်ဖုန်း ဒီရောက်နေတယ်...သူက ခင်များကို အရေးတကြီး ပြောစရာ ရှိတယ်တဲ့..."
လီရှင်းပန်း ပြောလိုက်လေသည်။
"ရန်ဖုန်း ရောက်နေတယ်..."ရှောင်ထျန် သတိမထားမိပဲအသံကို မြင့်မိသွားသည်။
သူမ အနည်းငယ် သံသယပင် ၀င်သွား၏။
သူပဲ ဒီနေ့မနက်တုန်းက အရမ်းတွေ စိတ်တိုပြနေတာ မဟုတ်ဘူးလား..ခုကျတော့ ဘာလာလုပ်ပြန်ပြီလဲတဲ့...
"သူပြောတာတော့ ဒါရိုက်တာထျန်နဲ့ တွေ့ချင်တယ်တဲ့...အဲ့တာပဲ ပြောတယ် ကျန်တာတော့ ဘာမှ မပြောဘူးပဲဗျ..."
"ကောင်းပြီ..သူ့ကို စောင့်ခိုင်းထားလိုက်...ငါခဏနေရောက်တော့မယ်..."
"ဟုတ်ကဲ့ပါဗျ...."
ဖုန်းချပြီးနောက် စုန့်ကျားနှင့် ရှစ်လိတို့ ရှောင်ထျန်နား ဝိုင်းရံလိုက်ကြသည်။
"အစ်မထျန် ဘာဖြစ်တာလဲတဲ့....ဘာလို့ ရန်ဖုန်းက ဒီရောက်နေတာလဲ...."
"ဟမ်...ငါလည်း ဘယ်သိမှာဟဲ့..."ရှောင်ထျန် ပခုံးတွန့်လိုက်ပြီး "သွားပြီး တစ်ချက်ကြည့်ကြတာပေါ့...မဟုတ်ဘူးလား..."
သုံးယောက်သား သုတ်ခြေတင် လိုက်ကြပြီး ရုံးခန်းထဲသို့ ရောက်ရှိသွားကြသည်။
တံခါးဖွင့်ပြီးနောက် သူမတို့ ရန်ဖုန်း သူမတို့ထံ လျှောက်လာပြီး လေးနက်စွာ ဦးညွှတ်လိုက်သည်ကို မြင်လိုက်ကြရ၏။
"ဒါရိုက်တာထျန်...ကျွန်တော် မနက်တုန်းက အော်ခဲ့မိတာ တောင်းပန်ပါတယ်ဗျာ..ကျွန်တော် သေချာလေး မစဉ်းစားမိလိုက်လို့ မိုက်မဲခဲ့တာပါ...ကျေးဇူးပြုပြီးတော့ ဗွေမယူပါနဲ့..."
ရှောင်ထျန် ကြက်ေ-သသေသွား၏။
ဘာတွေ ဖြစ်နေတာလဲ..
သူက ဒီလာတာ တောင်းပန်ဖို့အတွက်တဲ့လား...
"တောင်းပန်စရာမလိုဘူး..ဘာပဲပြောပြော ငါက မင်းရဲ့ ဆရာပဲလေ..ငါ စိတ်ထဲ မထားပါဘူးဟယ်..."
"ဟုတ်ကဲ့ ကျေးဇူးပါဗျ ဒါရိုက်တာ ထျန် "ရန်ဖုန်း ပျော်ရွှင်စွာ ပြောလိုက်ပြီး "ကျွန်တော့်အမှားကို သတိထားမိသွားပြီဆိုတော့ ပြန်ပြင်ချင်တယ်ဗျာ...ကျွန်တော် နေ့လည်ကျရင် ရှောင်းယွီဆီ သွားပြီး ပြန်တောင်းပန်ချင်တယ်...ဆရာမထျန် ကျွန်တော့်ကို လိုက်ပို့ပေးလို့ရမလား..ကျွန်တော်တစ်ယောက်ထဲဆိုရင် သူမလက်မခံမှာ ကြောက်လို့...."
အကယ်၍ လင်းရီ မပြောလျင်တောင်မှ ရန်ဖုန်းတွင် စွန်းရှောင်ယွီထံသွား၍ ပြန်လည် ပေါင်းစည်းရန် ရည်ရွယ်ချက်ရှိပြီး ဖြစ်၏။ သို့သော်လည်း ရှောင်ထျန်တို့မှ ပြောလာသောအခါ လူငယ်ပြီပြီ အရွဲ့တိုက်ချင်သည့် စိတ်ကလေးကြောင့်သာ ထိုသို့ ပြောခဲ့မိခြင်းပင်။
"ရတယ်လေ..."
ရှောင်ထျန်နှင့် ကျန်သူများ အံ့အားသင့်သွားပြီး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
သူမတို့အားလုံး ရန်ဖုန်း ခုလို နာရီအနည်းငယ်အတွင် အဘယ်ကြောင့် ဤပုံစံ ဖြစ်သွားသည်ကို စဉ်းစားမရ ဖြစ်နေကြ၏။
မဟုတ်မှလွဲရော ...လင်းရီ လုပ်လိုက်တာများလား...
ဒါပေမယ့် ဒီကလေးရဲ့ အနေအထားနဲ့ဆိုရင် သူ့ကို ခုလို အစွယ်ကျိုးသွားအောင် လုပ်ဖို့ ဆိုတာက မဖြစ်နိုင်လုနီးပါးပဲလေ...
ဒါ...ဒါကြီးက လုံး၀ အမေးဇင်းပဲ...
......
လင်းရီကတော့ ကျောင်းတွင် ဘာဖြစ်နေလဲဆိုတာ ဘာမျှ မသိ။
အလုပ်ကိစ္စပြီးနောက် သာယာညိမ့်ညောင်းစွာနှင့် ကျိုကျုံးဗီလာသို့ မောင်းလာခဲ့လိုက်သည်။
မနက်ဖြန် အားလပ်ရက် ဖြစ်သောကြောင့် ညသန်းခေါင်ယံ အချိန်တွင် အလုပ်အသစ်မှာ ပွင့်လာပေတော့မည်။
စနစ်မှ သူ့ကို ဤတစ်ကြိမ် မည်သို့သော အလုပ်မျိုးကို တာ၀န်ပေးလိမ့်မည်ကို မသိသော်လည်း မျှော်လင့်နေမိ၏။
သို့သော်လည်း ယခု အလုပ်၏ ပြီးမြောက်နှန်းမှာ 70%သာ ရှိနေပြီး ၁၀၀%ပြီးမြောက်ရန် နောက်ထပ် မစ်ရှင် နှစ်ခုခန့် ပြီးမြောက်ရန် ကျန်နေသေးသည်။
ထို့ကြောင့် သူ စောလျင်စွာ အလုပ်အသစ် ဖွင့်ဖို့ရာတော့ မဖြစ်နိုင်ချေ။
နောက်ဆုံးမစ်ရှင်မှာလည်း ပေါ်ပေါက်လာရန် ကျန်နေသေး၏။ သူ၏ Didi နောက်ဆုံး မစ်ရှင် အတွေ့ကြုံရဆိုလျင် ယခု နောက်ဆုံးမစ်ရှင်မှာလည်း ခက်ခဲမည်မှာ မလွဲဧကန်ပင်။
သို့သော်လည်း ခက်ခဲသည်နှင့် ထိုက်တန်သည့် ဆုလဒ်ကို ချီးမြင့်ပေးသောကြောင့် မစ်ရှင် လုပ်ချင်သည့် သူ၏ စိတ်ကို တက်ကြွနေစေတော့သည်။
[စနစ် မစ်ရှင် : သင်ကြားရေး အစီအစဉ် နာရီ၂၀ ပြီးမြောက်ပါ..]
[ဆုလဒ် : အတွေ့ကြုံမှတ် ၃၀၀,၀၀၀]
လင်းရီ ယခုလေးတင် အန္တိမ မစ်ရှင်အကြောင်း စဉ်းစားနေသော်လည်း ယခုကဲ့သို့ ရုတ်ချည်း ပေါ်လာလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့။
နာရီ၂၀ သင်ကြားရေး အစီအစဉ် ဆိုသည်မှာ အတန်းချိန် ၂၀နှင့် ညီမျှ၏။ တစ်ရက် တစ်ချိန် သင်ပါက ရက်၂၀ခန့် ကြာသွားလိမ့်မည်။
ထို့ပြင် ပိတ်ရက်များကိုလည်း ထည့်မတွက်ရသေး။
အားလုံးကို ခြုံငုံတွက်ချက် ကြည့်မည်ဆိုပါက မစ်ရှင်ပြီးမြောက်ရန် တစ်လခန့် အချိန်ပေးရပေမည်။
လင်းရီ တခဏမျှ စဉ်းစားပြီးနောက် အလုပ်အသစ် စတင်ရန်သာ ဆုံးဖြတ်လိုက်သည်။
သူ နောက်ထပ် အလုပ်တစ်ခု ပြီးမြောက်တော့မည့် အချိန်ကျမှ ယခု မစ်ရှင်ကို ပြန်လည် အာရုံစိုက်လျင်လည်း အဆင်ပြေ၏။
ယခုနည်းလမ်းဖြင့် အန္တိမ ဆုလဒ်လည်းရ သူ၏ အလုပ်သစ်လည်း မပျက်တော့ချေ။
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ ၀မ်ရင်း လင်းရီထံ ဖုန်းဆက်လာခဲ့၏။
"ရီ...ထသေးဘူးလား..."
"အင်း...ခုလေးတင်နှိုးတာပဲ.."လင်းရီ အိပ်ချင်မူးတူး အသံဖြင့် ပြောလိုက်၏။
"နင့်အသံ နားထောင်ရသလောက်ဆိုရင် ခုထိ အိပ်နေတုန်းမလား...အစ်မနင့်ကို နှိုးမိသလိုများ ဖြစ်သွားလား..."
"ဘယ်နားကသာ...ကျွန်တော်လည်း ပုံမှန်ဆို ဒီချိန်ထနေကြ...."
လင်းရီ မျက်လုံးပွတ်ရင်း ဖြေလိုက်၏။
"နင်ခုထိ နံနက်စာ မစားရသေးဘူးမလား...အစ်မဆီ လာခဲ့လေ...ရီလေးအတွက်ပါ ပိုလုပ်ထားတယ်...စားပြီး အတူတူ ကားသွား၀ယ်ကြတာပေါ့..."၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်၏။
"မိုက်တာပေါ့ဗျ...ကျွန်တော်ခုပဲ ထွက်လာခဲ့မယ်..."
လင်းရီ တက်ကြွနေသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။
ဖုန်းချပြီးနောက် လင်းရီ အ၀တ်စားလဲကာ သူ၏ Koenigsegg Rs ကားသော့ကိုယူပြီး ၀မ်ရင်းအိမ်သို့ မောင်းထွက်သွားလိုက်သည်။
တင်းတောင်..တင်းတောင်
"လာနေပြီ...."
လင်းရဖိ တံခါးဘဲလ်နှစ်ချက်လောက် နှိပ်ပြီးသောအခါ ၀မ်ရင်း၏ အသံကို ကြားလိုက်ရသည်။
တံခါးဖွင့်လာခဲ့ပြီး ၀မ်ရင်း ပန်းနုရောင် ညအိပ်၀တ်စုံ အေပရွန်နှင့် လက်ထဲတွင်လည်း ယောင်းမတစ်ချောင်းကိုလည်း ကိုင်ထားကာ သူ့အား ပြုံးပြနေသည့် သွင်ပြင်မှာ ချိုမြိန်ပြီး ချစ်စရာကောင်းသည့် အိမ်ထောင်ရှင်မတစ်ယောက် ယောက်ျားပြန်အလာကို အပြေးကလေး လာကြိုနေသည်နှင့် တူနေလေသည်။
"အမြန် ၀င်လာခဲ့လေ..."၀မ်ရင်း လင်းရီကို နွေးထွေးစွာ ကြိုဆိုလိုက်ပြီး "ဟင်းတစ်ခွက်ပဲ ကျန်တယ်..အဲ့ဒါပြီးရင် စားလို့ရပြီ..."
"အေးဆေးလုပ်ပါ အစ်မရင်းရယ် ကျွန်တော်လည်း ဒီနေ့ တစ်နေကုန် အားပါတယ်ဗျ..."
" အေးပါဟယ် ..ငါကတော့ နင်နဲ့ ယှဉ်ပြီးကို မပြောနိုင်တော့ဘူး သိလား...."၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်၏။
"ဒါနဲ့ နင် ဥက္ကဌကျီကို ၀မ်ကျန်း ဆိပ်ကမ်းရဲ့ ပရောဂျက်ကြီး ပေးလိုက်တယ်ဆို..ရာလော့ ကုမ္ပဏီတောင်မှ စာချုပ်ချုပ်ပြီးတော့ လိုမယ့် ပစ္စည်းတွေ အားလုံး တောင် ရွေ့ပြီးသွားလို့...မနေ့ကလေးတင် စဆောက်နေပြီ..."
"အာ...ကျွန်တော့်အမှားပါဗျာ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျွန်တော့်ကြောင့်သာမဟုတ်ရင် အစ်မရင်းတို့လည်း ခုလို အလုပ်ရှုပ်နေမှာတောင် မဟုတ်ဘူး..."
"ဟဲ့ နင်ကလည်း ဘာတွေ လျှောက်ပြောနေပြန်ပြီလဲ..နင့်ကြောင့်သာ မဟုတ်ဘူးဆိုရင် ကုမ္ပဏီကလည်း အမြန်ရမှာ မဟုတ်ဘူးလေ...နင်ရှိနေလို့သာပေါ့..မဟုတ်ရင် ငါတို့တော့ ဒီလ ဆန်ပြုတ်သောက်ရတော့မှာ..."
ထိုသို့ပြောရင်း ၀မ်းရင်း ခရမ်းချဉ်သီး ကြက်ဥမွှေကြော်ကို ဒယ်အိုးထဲမှ ဆည်လိုက်၏။
"ကဲ အစ်မလက်ရာကို မြည်းကြည့်လိုက်ဦး...ဆိုးတော့ မဆိုးဘူး ထင်တာပဲ..."
လင်းရိ ဖောဖောသီသီ ချက်ပြုတ်ထားသော မနက်စာ ဟင်းပွဲများကို ကြည့်ရင်း "အရသာကတော့ အရမ်းရှိတယ်..ဒါပေမယ့် နည်းနည်းလေး မများလွန်းဘူးလာလို့..အစ်မရင်းက ဂျင်ဆင်းစွပ်ပြုတ်ကြီးတောင် လုပ်ထားလိုက်သေးတယ်..."
"ယောက်ျားနဲ့ မိန်းမ ဆိုတာက မတူဘူးလေ..နင်တို့က ပိုပြီး အားရှိအောင် စားပေးဖို့ လိုတယ်..မဟုတ်ရင် နင် အသက်လေးဆယ်လောက်ရောက်ရင် ဘာမှ သိပ်လုပ်နိုင်တော့မှာ မဟုတ်ဘူး..."
"ကျွတ် ခုမှပဲ ဘာလို့ အိမ်ထောင်ရှင်မတွေက သူများကို ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတာ အရမ်းသိတာလဲဆိုတာ နားလည်သွားတော့တယ်..."
၎င်းကိုကြားတော့ ၀မ်ရင်း ချိုသာစွာ ပြုံးလိုက်ပြီး "မောင်လေးရီ စားချင်ရင် နေ့တိုင်းလာခဲ့လေ...ဒီအစ်မက ချက်ကျွေးမှာပေါ့..."
"ဟဲဟဲ အဲ့တာဆိုရင်တော့ အကြိုက်ဆွဲပြီလေ..."
ထို့နောက် နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် စားသောက်ကြပြီးနောက် အပြင်သို့ အတူတကွ ထွက်လာခဲ့ကြ၏။
၀မ်ရင်း၏ ၀တ်စုံကတော့ သာမန် ၀တ်နေကျအတိုင်း ၀တ်စားထားသည်။
အနင်ရောင် စကတ်၊ အသားရောင် စတော်ကင်တို့နှင့် ပေါင်းစပ်ထားပုံမှာ သူမအား ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အလား ထင်မှတ်စေ၏။
"ရီ..နင်ကားလဲပြန်ပြီပေါ့..."
၀မ်ရင်း အောက်ထပ်ရှိ Koenigsegg Rs ကိုတွေ့တော့ အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။
"အင်း..ကျွန်တော် တလောတုန်းက ကားလေးငါးစီး လောက်၀ယ်ထားတယ်လေ...ပန်ဂနီ မောင်းရတာ ပျင်းသွားလို့ ဒီကား ထုတ်လာတာ..."
"နင်တို့ ဘောစိတွေ ဘယ်လို တွေးကြလဲတော့ မသိဘူး ...ဒါပေမယ့် အစ်မကတော့ မောင်လေးရီရဲ့ ကားပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်စီးဖို့ အသင့်ပါတဲ့ရှင်..."
"ကျွန်တော်ကလည်း ၀မ်းမြောက်၀မ်းသာ ကြိုဆိုလျက်ပါဗျ..."
ထိုသို့ ပြောပြီးနေယက် လင်းရီတို့ ကားထဲ ၀င်လိုက်ကြ၏။
"အစ်မရင်း ဘယ်လို ကားမျိုးကို မောင်းချင်လဲမသိဘူး...."
၀မ်ရင်းတခဏမျှ စဉ်းစားလိုက်ပြီး "အရောင်ကတော့ အဖြူရောင်လေးဆိုပိုကြိုက်တယ်..ပြီးတော့ သိပ်အမြန်ကြီးလည်း မောင်းမှာ မဟုတ်ဘူးဆိုတော့...သင့်တော်တာ တစ်စီးဆို ရပြီလေ.."
"အဲ့ဒါဆို မာစိးတီးပဲ မောင်းပါလား..."လင်းရီ သာမန်လေသံဖြင့် ပြောလိုက်သည်။
စွမ်းဆောင်ရည်မြင့်မားသည့်ကားများနှင့် နှိုင်းယှဉ်လျင် ညံ့ဖျင်းသော်လည်း မာစီးတီး၏ အလှတရားကိတော့ အမျိုးသမီးတို့ တောင့်မခံနိုင်ချေ။
မည်သို့ပင်ဆိုစေ ပြိုင်ကားများမှာ သိတ်ဟန်များလွန်းပြီး မာစီးတီးကတော့ မိန်းကလေး အကြိုက်ပင်။
"မာစီးတီးလား...ငါမှတ်မိသလောက်ဆို ဥက္ကဌကျီမောင်းတာလည်း မာစီးတီးပဲ မဟုတ်ဘူးလား..."
၀မ်ရင်း မေးလိုက်လေသည်။
"ဟုတ်တယ်လေ..."လင်းရီ ခေါင်းညိမ့်လိုက်ပြီး"သူလည်း မာစီးတီးက လှလို့ ၀ယ်ထားတာတဲ့..."
"အဲ့တာဆို မယူတော့ဘူး..."၀မ်ရင်း ချက်ချင်း ငြင်းဆိုလိုက်ပြီး "ငါ့ ဘတ်ဂျက်က ၂၀၀,၀၀၀လောက်ပဲ တတ်နိုင်တာ...ပြီးတော့ ဥက္ကဌကျီက မာစီးတီး စီးတယ်ဆိုမှတော့ ငါကပါ သူ့လို ကား၀ယ်လိုက်မယ်လိုရင် သူနဲ့ လိုက်ပြိုင်သလို ဖြစ်သွားမှာပေါ့...တော်ပါပြီဟာ...."