← Chapters

တျန်းဂျီ နေရာ

Vol. 63 Ch. 868

တျန်းဂျီ နေရာ

Vol. 63 Ch. 868

“ ခင်ဗျားက ဘယ်သူလဲ ” မိုဝူကျိက သူ့ရှေ့မှ ဘုန်းကြီးကို ကြည့်ကာ မေးလိုက်သည်။

ဟန်ခယ်လည်း ဘုန်းကြီးတစ်ပါး ဖြစ်ကာ တခြားဘုန်းကြီးက ဟန်ခယ်၏ အကူများလားဟု သံသယဝင်လာမိသည်။ သို့သော်လည်း သူတို့လေးယောက် ပေါင်းတိုက်လျှင်ပင် သူ့အနေနှင့် စိုးရိမ်စရာ မလိုပေ။

ချင်းယန်က မြန်မြန် ရှေ့တိုးလာကာ  “ ဂိုဏ်းချုပ်မို …  နားလည်မှု မလွဲပါနဲ့နော်။ ဒါက ဗုဒ္ဓအင်မော်တယ်နယ်မြေ သတ္တဗုဒ္ဓကျောင်းတော်ရဲ့ ဗုဒ္ဓဧကရာဇ် ရှင်းစန်ပါ ”

ရှင်းစန်လား …

(ရှင်းစန် -  ကောင်းမှုကုသိုလ်)

မိုဝူကျိက ထိုနာမည်မှာ အချစ်မေတ္တာများနှင့် ဖုံးလွှမ်းနေသည်ဟု တွေးမိသွားသည်။ မဟာခွန်ဗုဒ္ဓဂိုဏ်း၏ အလိုလောဘကြီးမှုကို ကြုံတွေ့ပြီးနောက် မိုဝူကျိက ဗုဒ္ဓအင်မော်တယ်နယ်မြေထဲရှိ ဗုဒ္ဓဂိုဏ်းများထံ မျက်နှာသာပေးမှု မရှိတော့ပေ။ သို့သော်လည်း သူက သတ္တဗုဒ္ဓကျောင်းတော်ကိုတော့ အမြင်ကောင်းကောင်း ရှိထား၏။ သူ ကောင်းကင်ဘုံအလွန် စကြဝဠာသို့ မသွားခင် သူက သတ္တဗုဒ္ဓကျောင်းတော်မှ ဘုန်းကြီး တာ့နဉ်နှင့် ဆုံတွေ့ခဲ့ဖူး၏။

ဘုန်းကြီးတာ့နဉ်၏ အကျင့်စရိုက်မှာ မဆိုးလှပေ။ သူက အမြဲတမ်း ပေါ်ပေါ်ထင်ထင် ပွင့်ပွင့်လင်းလင်း လုပ်လေ့ရှိပြီး နောက်ကွယ်မှ အကောက်ကြံဖို့သာ သိသည့် မဟာခွန်ဗုဒ္ဓဂိုဏ်းလိုမျိုး မဟုတ်ပေ။

“ ဒီကိုယ်တော်က ရှင်းစန်ပါ ” ရှင်းစန်က နှစ်လိုဖွယ် ကောင်းပြီး သူ့လေသံမှာလည်း ဖော်ရွေပေသည်။

မိုဝူကျိက  လက်နှစ်ဖက်ယှက်ကာ “ ဒါက အင်မော်တယ်ရောင်းရင်း ရှင်းစန်ကိုး … အရင်တုန်းက ခင်ဗျားတို့ဂိုဏ်းက အင်မော်တယ်ရောင်းရင်း တာ့နဉ်နဲ့ တွေ့ဖူးပါတယ် ”

ရှင်းစန်က မိုဝူကျိသည် တာ့နဉ်အကြောင်း ပြောသည်ကို ကြားသောအခါ မြန်မြန် မေးလိုက်၏ “ တာ့နဉ်ရော အဆင်ပြေပါရဲ့လား ”

မိုဝူကျိက ပြန်ဖြေပေးလိုက်သည်  “ ကျုပ်က အင်မော်တယ်ရောင်းရင်း တာ့နဉ်နဲ့ ခဏပဲ တွေ့လိုက်ရတာပါ။ ကျုပ်တို့တွေ လမ်းကွဲသွားပြီးတော့ နောက်တစ်ခါ ပြန်မတွေ့ဖြစ်သေးဘူး။ အဲဒီနောက်ကျ သူ့သတင်းလည်း ဘာမှမကြားမိလို့ သူ့နေရာကို မသိတော့ဘူး ”

“ ဟူး ” ဘုန်းကြီးရှင်းစန်က သက်ပြင်းချကာ ဘာမှဆက်မမေးတော့ပေ။

“ ဒါနဲ့ ခင်ဗျားတို့တွေ ကျုပ်ကို တားတာ အကြောင်းအရင်းများ ရှိလို့လား ” မိုဝူကျိက ဟန်ခယ်အား ဘာမှမလုပ်တော့ပေ။

သူတို့က ချင်းယန်ဘက်လှည့်ကာ အခြေအနေကို ရှင်းပြစေလိုကြောင်း ပြနေသည်။

ချင်းယန်က ဦးဆုံးပြောလိုက်၏  “ ဂိုဏ်းချုပ်မို …. အင်မော်တယ်လောကကို ရောက်မလာခင် တျန်းဂျီဂိုဏ်းချုပ် ဖြစ်ခဲ့တယ်မလား ”

“ ဟုတ်ပါတယ် ” မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ ဤသို့သောအရာမှာ ရိုးရိုးတမ်းတမ်း စုံစမ်းစစ်ဆေးမှု လုပ်ရုံဖြင့် ပေါ်လာနိုင်သည်။ ထို့အပြင် သူ့အနေနှင့် ဆက်လက်ဖုံးကွယ်ထားဖို့ မလိုပေ။ သူ့လက်ရှိစွမ်းရည်ဖြင့် တျန်းဂျီဂိုဏ်း၏ ရန်သူအားလုံး ရောက်လာလျှင်ပင် သူ့အနေနှင့် ရင်ဆိုင်နိုင်စွမ်း ရှိ၏။

ချင်းယန်က မိုဝူကျိ စကားကို ကြားသည့်အခါ စိတ်သက်သာရာ သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်သည်

“ အင်မော်တယ်လောကမှာ ပျက်စီးစွမ်းအားနဲ့ သေခြင်းတရားစွမ်အားတွေ အပြင်းအထန် ထုတ်လွှင့်နေတဲ့ နေရာကို ရှာတွေ့ထားကြလို့ ….. တစ်ယောက်ယောက် ဝင်သွားတာနဲ့ အဲဒီလူက သေချာပေါက် သေဆုံးသွားကြတယ်။ နောက်ဆုံးကျ အသက်ရှင်ရက် ထွက်လာနိုင်တဲ့သူ တစ်ဦး ပေါ်လာတယ်။ ဒါပေမဲ့ သိပ်မကြာခင်ပဲ ဆုံးသွားတယ်။ သူက တျန်းဂျီဆိုတဲ့ စကားလုံးကိုပဲ ပြောခဲ့တယ် ….”

“ အဲဒီနေရာပုံရိပ်ကို ပြပေးလို့ ရမလား ” မိုဝူကျိက တျန်းဂျီစကားလုံးကို ကြားလိုက်သည့်အခါ သူက စိတ်ဝင်စားမိသွားသည်။

ချင်းယန်က သေချာပြင်ဆင်လာသည်မှာ သိသာလှသည်။ သူမက ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ကာ မိုဝူကျိအား ပေးလိုက်လေ၏။

မိုဝူကျိက စိတ်စွမ်းအား ပို့လွှတ်လိုက်သည့် အခိုက်အတန့်၌ ဤကျောက်စိမ်းပေလွှာအတွင်း စုကျီအန်း သူ့အား ပေးထားသော မြေပုံနှင့် တူနေသည်ကို တွေ့လိုက်ရသည်။ တျန်းဂျီဂိုဏ်းချုပ် အမှတ်အသားပြားပေါ်တွင်လည်း မှိန်ဖျော့ဖျော့ ပုံရိပ်နှင့်လည်း အတူတူ ဖြစ်၏။

မိုဝူကျိက ထိုနေရာကို သွားကြည့်ချင်သည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ နေရာအတိအကျ မသိ၍ အချိန်အတော်ကြာ နှောင့်နှေးနေခြင်း ဖြစ်၏။ သူက တစ်ယောက်ယောက်က ရှာတွေ့သွားလိမ့်မည်ဟု မထင်ထားပေ။ ထိုသည်က အန္တရာယ်ဇုံ ဖြစ်ဟန် ပေါ်၏။

“ဂိုဏ်းချုပ်မို …. ကျမတို့လည်း အဲဒီနေရာကို ရောက်ပြီးပြီ။ ဗုဒ္ဓဧကရာဇ် ရှင်းစန်ရော ကောင်းကင်ဧကရာဇ် ကိုင်အောင်းပါ အဲဒီနေရာက အရမ်းကို အန္တရာယ်များတယ်ဆိုပြီး ခံစားမိနေကြတယ်။ တကယ်လို့ အဲဒီအန္တရာယ်ကိုသာ မဖြေရှင်းဘူးဆိုရင် အင်မော်တယ်လောကတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ အဲဒီနောက်ကျ ဗုဒ္ဓဧကရာဇ် ရှင်းစန်နဲ့ ကောင်းကင်ဧကရာဇ်ကိုင်တို့က ကောင်းကင်ဧကရာဇ် စစ်ကျိုက်နဲ့ အင်မော်တယ် ဧကရာဇ် ကျင်းဖျင်ကို ဖိတ်ကြားခဲ့ကြတယ်။ သူတို့တွေကလည်း ဒီနေရာက အင်မော်တယ်လောကတစ်ခုလုံးကို ဖျက်စီးပစ်လိမ့်မယ်ဆိုပြီး အတိတ်နမိတ် ကောက်ခဲ့ကြတယ် ….

အဲဒါနဲ့ ဒီကိစ္စက မရိုးရှင်းဘူးဆိုတာကို သိလို့ ကျမတို့ လေးယောက်လုံးက ပညာရှင်တစ်ယောက်ကို ဖိတ်ကြားဖို့ ပြင်ဆင်ထားကြတာ …. ဂိုဏ်းချုပ်မို ပြန်ရောက်နေတယ်ဆိုတဲ့အကြောင်းကို ကြားလိုက်ရလို့  မြန်မြန် ရောက်လာတာပါ ” ချင်းယန်က တည့်တိုးသာ ပြောလိုက်ပြီး ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်သည်။

မိုဝူကျိကလည်း သူတို့ နဂိုရည်ရွယ်ချက်ကို ကောင်းကောင်း သိပေသည်။

ဂိုဏ်းချုပ်မို ပြန်ရောက်လာတဲ့သတင်းကို ကြားလိုက်ရတာက ဘာလဲ ….

ဂိုဏ်းချုပ်မိုကို ရှာဖို့ မြန်မြန် ရောက်လာတယ်ဆိုတာက ဘာလဲ …

သူတို့က ဤအဖြစ်အပျက်အား အထက်ဘုံသို့ တင်ပြရန် ပြင်ဆင်ထားခြင်း ဖြစ်ရာ သူတို့အနေနှင့် မိုဝူကျိက အထက်ဘုံမှ အင်မော်တယ် ဧကရာဇ်များစွာကို သတ်လိုက်ကြောင်း သိလိုက်၍ ဖြစ်ပေသည်။ ထို့ကြောင့် သူတို့က အကြံကို ပြောင်း၍ သူ့ဆီ အကူအညီတောင်းရန် ရောက်လာကြခြင်း ဖြစ်၏။

မိုဝူကျိက သူ သိနေသည့်အရာများကို ထုတ်ပြောပြဖို့ မလိုအပ်ပေ။

ယခု တျန်းဂျီ မြေပုံပေါ်လာပြီ ဖြစ်ရာ သူက ချင်းယန်တို့ မဖိတ်ကြားလျှင်ပင် ကိုယ်တိုင်သွားကြည့်မည် ဖြစ်၏။

“ ဂိုဏ်းချုပ်မို … ကောင်းကင်ဧကရာဇ် စစ်ကျိုက်က အပြောင်းအလဲ တာအိုမှာ ကျွမ်းကျင်တယ်။ သူ့အမြင်တွေက ကျုပ်တို့ထက်တောင် ပိုတိကျသေးတယ် ” ဘေးမှ ကိုင်အောင်းက ထပ်ပြောလိုက်သည်။

မိုဝူကျိက ကောင်းကင်ဧကရာဇ် စစ်ကျိုက်၏ အပြောင်းအလဲတာအို အရည်အချင်းအား သိထားပေသည်။ သို့သော်လည်း မိုဝူကျိက ကောင်းကင်ဧကရာဇ် စစ်ကျိုက်၏ အရည်အချင်းကို မလေးစားရဲပေ။ ထိုလူက လိန်ဟုန်ကျီသည် အင်မော်တယ်လောက၏ ကယ်တင်ရှင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့ဖူးရာ သူ မိုဝူကျိက ထိုသို့ယုတ္တိမရှိတာမျိုး မယုံပေ။

လိန်ဟုန်ကျီလို လူမျိုးက ကိုယ့်ဘာသာ စတေးခံပြီး အင်မော်တယ်လောကကို ကယ်တင်မယ်တဲ့လား ….

ဤလူက သေပြီးသားသူတွေကို အရူးလုပ်ဖို့ ကြိုးစားနေတာမှ ပိုကောင်းပေဦးမည်။

“ ကောင်းကင်ဧကရာဇ် စစ်ကျိုက်ကရော ဘယ်မှာလဲ ” မိုဝူကျိက ပုံမှန်အတိုင်း မေးလိုက်သည်။

ဘုန်းကြီးရှင်းစန်က လက်အုပ်ချီကာ “ အင်မော်တယ်ရောင်းရင်းစစ်ကျိုက်နဲ့ နတ်ဆိုးလမ်းစဉ်ရဲ့ အင်မော်တယ်ဧကရာဇ် ကျင်းဖျင်တို့က နောက်ထပ် အင်မော်တယ် ဧကရာဇ် ခုနှစ်ယောက်နဲ့အတူတူ အခု အဲဒီနေရာကို စောင့်ကြပ်နေကြပါတယ် ”

“ ကောင်းပြီလေ … ကျုပ် သွားဖို့ သဘောတူပါတယ်။ ဒါပေမဲ့ အဲဒါမတိုင်ခင် ကျုပ် ဖြေရှင်းစရာလေးတွေ ရှိသေးတယ်။ အဲဒါကြောင့် အချိန်နည်းနည်း လိုသေးတယ် ” မိုဝူကျိက နေရာမှာတင် ဆုံးဖြတ်လိုက်သည်။

ရှင်းစန်က လက်အုပ်ထပ်ချီကာ  “ ဂိုဏ်းချုပ်မိုက ဘာကိစ္စများ လုပ်မလို့လဲဆိုတာ မေးလို့များ ရမလား။ ပြီးတော့ ဘယ်လောက်ကြာနိုင်လဲ ”

မိုဝူကျိက ပြန်မဖြေခင် ချင်းယန်က ပြောလိုက်လေ၏  “ တကယ်လို့ ဂိုဏ်းချုပ်မိုက အထက်ဘုံကို သွားဖို့ ရည်ရွယ်နေတယ်ဆိုရင်တော့ ကျမ ဆန့်ကျင်ပါရစေ။ အထက်ဘုံရဲ့ ကျီချန်းလော့ကို ကျမ တွေ့ဖူးတယ်။ သူက အင်မတန် သတိကြီးတဲ့သူပဲ …. သူ တပ်ကို အင်မော်တယ်လောကဆီ လွှတ်လိုက်တုန်းက သူ ပါတောင် မလာဘူး။ တကယ်လို့ ရှင်က အထက်ဘုံရဲ့ လမ်းကြောင်းကို သိနေရင်တောင် သူက ပိတ်ပြီးနေလောက်ပြီ ”

မိုဝူကျိက စိတ်ထဲမှ တွေးလိုက်မိသည်။ ဤချင်းယန် ပြောသည်က တိကျလှ၏။ သူက ကျီချန်းလော့အား ရှင်းထုတ်ပစ်ရန် အမှန်ပင် ရည်ရွယ်ထားလေသည်။ လက်တွေ့၌ သူက အထက်ဘုံ သွားရာ လမ်းကြောင်းပင် မသိထားပေ။ သူက လမ်းကြောင်းကို သိရန် နတ်ဘုရားအင်မော်တယ် နယ်မြေဆီ သွားဖို့ရာ ရည်ရွယ်ထားလေ၏။

ယခု သူက ချင်းယန်၏ စကားများကို ကြားလိုက်သည့်အခါ ထိုကိစ္စကို စိတ်အားထက်သန်နေလျှင်ပင် အချိန်ဆွဲထားရမည် ဖြစ်ကြောင်း သိလိုက်သည်။ ထို့အပြင် တျန်းဂျီ ပေါ်လာသည့် ကိစ္စအား  သူကိုယ်တိုင်အတွက် ဖြစ်စေ၊  အင်မော်တယ်လောကအတွက် ဖြစ်စေ တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းပေးသင့်၏။

“ အရင်ဆုံး ကျုပ်ဂိုဏ်းဆီ ပြန်ပြီးတော့ ကာကွယ်ရေး အစီအရင် ပြင်ဆင်ပေးလိုက်ဦးမယ်။ အဲဒါပြီးရင် ခင်ဗျားတို့နဲ့ တျန်းဂျီရှိရာဆီ လိုက်ခဲ့ပါ့မယ် ” မိုဝူကျိက အထက်ဘုံသို့ သွားရန် လက်လျော့လိုက်သည်။ သို့သော်လည်း ဖင်းဖန်အတွက် ကာကွယ်ရေး အစီအရင် ခင်းကျင်းပေးခြင်းမှာ သူ လုပ်ပေးဖို့ လိုအပ်နေသည့်အရာ ဖြစ်၏။

ယခင် သူက ကောင်းကင်ဘုံအလွန် စကြဝဠာသို့ မတော်တဆ ရောက်ရှိသွားပြီး အင်မော်တယ်လောကသို့ အချိန်အတော်ကြာသည့်အထိ ပြန်ရောက်မလာခဲ့ပေ။ တျန်းဂျီက မည်သည့်နေရာတွင် ရှိနေသည်ကို မည်သူက သိသနည်း။ အကယ်၍ သူက အချိန်အတော်ကြာပြီးသည့်အထိ ပြန်မရောက်လာခဲ့လျှင် သူ့ဂိုဏ်းမှာ ကာကွယ်ရေး အစီအရင်မရှိ ဖြစ်နေပေမည်။

“ ရတယ်လေ …ကျုပ်တို့ပါ ကူညီပေးနိုင်ပါတယ် ” ကိုင်အောင်းက မြန်မြန် ပြောလိုက်လေ၏။

အချိန်အတော်ကြာ တိတ်ဆိတ်နေသည့် ဟန်ခယ်က ဤအခွင့်အရေးအား ဆုပ်ကိုင်ကာ  “ ကျုပ်တို့ မဟာခွန်ဗုဒ္ဓဂိုဏ်းရဲ့ အရင်အပြစ်ကြွေးအတွက် ကျုပ်တို့ဂိုဏ်းက ဖင်းဖန်အင်မော်တယ်ကျောင်းရဲ့ ကာကွယ်ရေး အစီအရင်အတွက် ပစ္စည်းတွေ ထောက်ပံ့ပေးပါ့မယ် ”

ဤသည်မှာ သေချာပေါက် ပမာဏကြီး ဖြစ်ပေမည်။ မိုဝူကျိသည် အဆင့် ၉ အင်မော်တယ် အစီအရင်ဆရာတစ်ယောက် ဖြစ်၍ အဆင့် ၉ အင်မော်တယ် အစီအရင်အား ခင်းကျင်းပေလိမ့်မည်။ အဆင့် ၉ အင်မော်တယ် အစီအရင်၏ လိုအပ်သော ပစ္စည်းပမာဏမှာ များပြားသည်သာမက ထိုပစ္စည်းများ၏ အရည်အသွေးမှာလည်း ကြောင်အမ်းလောက်စေ၏။

ဟန်ခယ်၏ စကားကို ကြားကာ မိုဝူကျိက ပြုံးလိုက်ရင်း  “မဟာခွန်ဗုဒ္ဓဂိုဏ်းက ဒီလိုရည်ရွယ်ချက်မျိုး ရှိမှတော့ ကောင်းပြီလေ … တကယ်လို့ ခင်ဗျားတို့ဂိုဏ်းက တကယ်ကူညီပေးနိုင်ရင် အရင်အကြောင်းတွေ မေ့ပစ်ပေးပါ့မယ် ”

အဆင့် ၉ အင်မော်တယ် အစီအရင်လား ….

ထိုအရာမှာ အတိတ်တွင် ကျန်ခဲ့လေပြီ။ ယခု မိုဝူကျိ ခင်းကျင်းမည့် အစီအရင်မှာ အဆင့် ၉ ကို ကျော်လွန်နေပေ၏။ သူက မဟာခွန်ဗုဒ္ဓဂိုဏ်း၏ စုဆောင်းမှုတစ်ဝက်လောက်ကို သုံးပစ်ရန် ကြံရွယ်ထားသည်။

………………

.ဆယ်ရက်ကြာမြင့်ပြီးနောက် ဟန်ခယ်က မိုဝူကျိသည် ဖြူဖျော့ဖျော့မျက်နှာနှင့် ဖင်းဖန်၏ ကာကွယ်ရေး အစီအရင် ခင်းကျင်းပြီးသွားကြောင်း မြင်တွေ့လိုက်ရသည်။

မဟာခွန်ဗုဒ္ဓဂိုဏ်း၏ စုဆောင်းမှုမှာ ဗုဒ္ဓဂိုဏ်းတစ်ခုလုံးတွင် ထိပ်သီးအဆင့်အဖြစ် မှတ်ယူနိုင်ပေသည်။ သို့သော်လည်း မိုဝူကျိ၏ အစီအရင်က သူတို့၏ စုဆောင်မှုများအား ရှင်းလင်းပစ်လိုက်လုနီးပါးအထိ ဖြစ်သွားစေသည်။

ဟန်ခယ်က နှလုံးသားနာကျင်မိနေသော်လည်း စိတ်သက်သာရာ ရမိသွားသည်။ နောက်ဆုံးတွင် ဂိုဏ်းချုပ်မိုနှင့် သူတို့မဟာခွန်ဗုဒ္ဓဂိုဏ်းကြားရှိ ရန်ငြိုးကို ရှင်းခဲ့နိင်ခဲ့ပြီ။ မဟုတ်လျှင် သူ့မဟာခွန်ဗုဒ္ဓဂိုဏ်းက မဟာဓားလမ်းစဉ် သို့မဟုတ် နေ့ချင်းညချင်း ကြက်ပျောက်ဌက်ပျောက် ပျောက်သွား‌သော လျှပ်စီးဂိုဏ်းကဲ့သို့ ဖြစ်သွားပေမည်။ ပြောရလျှင် ဂိုဏ်း၏ တည်ရှိမှုမှာ အင်မော်တယ်လောကအတွင်း ဖျောက်ဖျက်ခံလိုက်ရမည် ဖြစ်၏။

ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို နဂိုအရွယ်အစားထက် အဆများစွာ တိုးချဲ့ထားလေ၏။ လူများစွာက ဖင်းဖန်ကို ထောက်ပံ့ပေးကြသောကြောင့် ဂိုဏ်းမှာ ယခင်ကထက် ပိုမို ကြီးကျယ်ခမ်းနာသွားသည်။

မူလက မိုဝူကျိသည် ဧရာမ လျှပ်စီးလေ့ကျင့်ရေး အစီအရင်ကိုပါ ခင်းကျင်းချင်သော်လည်း ဘုန်းကြီးရှင်းစန်က တျန်းဂျီကိစ္စအကြောင်း အရမ်းစိုးရိမ်နေဟန် ပေါ်သောကြောင့် သူ့အနေနှင့် မိုချင်းချယ်အတွက် လျှပ်စီးလေ့ကျင့်ရေး ယာယီ ရေကန်ကိုသာ ပြင်ဆင်ပေးခဲ့ရသည်။ ထို့နောက် သူက ဖင်းဖန်အင်မော်တယ်ကျောင်းတော်မှ ထွက်လာကာ တျန်းဂျီနေရာသို့ သွားလိုက်တော့သည်။

………….…

“ ကောင်းလိုက်တဲ့ ယာဉ်ပျံလေး …. ဒီယာဉ်ပျံကို လုပ်ထားတာ သိပ်မကြာသေးတဲ့ပုံပဲ။ ပန်းပဲဧကရာဇ် ရှုစုရန် လက်ရာများလား ” ကိုင်အောင်းက အစီအရင်အလံများနှင့် အစီအရင် သင်္ကေတများနှင့် ယာဉ်ပျံကို မြင်လိုက်သောအခါ တအံ့တဩ ရေရွတ်လိုက်သည်။

အင်မော်တယ်လောက၌ အဆင့် ၉ အင်မော်တယ်ပစ္စည်းကို ဖန်တီးနိုင်သော ပန်းပဲဧကရာဇ်မှာ အနည်းအကျဉ်းသာ ရှိပေသည်။ ကာကွယ်ရေးတွင် ဖြစ်စေ၊ အမြန်နှုန်းအရ ဖြစ်စေ မိုဝူကျိ၏ ယာဉ်ပျံမှာ ထိပ်ဆုံးတွင် ရှိ၏။ ကိုင်အောင်း၏ အမြင်အရ ရှုစုရန်သာ ထိုသို့သော ယာဉ်ပျံမျိုး ဖန်တီးနိုင်လိမ့်မည်။

ချင်းယန်က သက်ပြင်းချကာ  “ ကောင်းကင်ဧကရာဇ်ကိုင်ရဲ့ မှန်းဆချက်က မှားနေပြီ။ တကယ်လို့ ကျမသာ မှန်ရင် ဒီယာဉ်ပျံက ဂိုဏ်းချုပ်မို သူ့ဘာသာ ဖန်တီးထားတာ နေမယ် ”

ကိုင်အောင်းက ခဏတာ ကြောင်အမ်းသွားလေ၏။ သူက မိုဝူကျိသည် အဆင့် ၉ အထက် ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းစဉ်အခါက သူ့မျက်လုံးပင် မယုံနိုင် ဖြစ်ခဲ့ရသည်။

အကယ်၍ မိုဝူကျိသာ အဆင့် ၉ ပန်းပဲဧကရာဇ် ဖြစ်နေလျှင် ….

“ ဒီယာဉ်ပျံက ကျုပ် လုပ်ထားတာပါ ” မိုဝူကျိက ပြုံးကာ ပြောလိုက်သည်။

“ ဂိုဏ်းချုပ်မိုကတော့ ကျုပ်တို့အင်မော်တယ်လောကရဲ့ တကယ့်ကို နံပါတ်တစ်ပဲဗျို့” ကိုင်အောင်းက သက်ပြင်းချလိုက်သည်  “ကျုပ်အမြင်က ကျုပ်သမီး ဖေးယန်ထက် ဆိုးနေလိမ့်မယ်လို့ မထင်ထားမိဘူး ”

အကယ်၍ သူသာ ထိုစကားများကို ယန်လီအား အမဲလိုက်နေသည့် ဆံညိုရောင်အမျိုးသားအား မတွေ့ခင် ကြားခဲ့မိလျှင် မိုဝူကျိက အတော်လေး စိတ်ကျေနပ်မိသွားမည် ဖြစ်၏။ သို့သော်လည်း ထိုသူနှင့် တွေ့ပြီးနောက် မိုဝူကျိက သူ့စွမ်းရည်မှာ စကားထဲပင် ထည့်ပြောဖို့ရာ မထိုက်တန်ကြောင်း သေချာသိထားသည်။

ကျင့်ကြံရေးလောကတွင်ရှိစဉ်အခါက လောကအင်မော်တယ်အဆင့် ရောက်တုန်းသကဲ့သို့ ဖြစ်ကာ သူ့အနေနှင့် ထိပ်ဆုံးတွင် ရှိမနေသေးကြောင်း ခံစားမိနေသည်။ အကြောင်းမှာ သူက ကျင့်ကြံရေးလောက ထိပ်ဆုံး၌ ရပ်တည်နေသော်လည်း သူက အလင်းရောင်ကို မမြင်ရသေးပေ။ သူ့ရှေ့တွင် တောင်မြင့်မြင့်များ ကာဆီးထားနေသေး၏။

ချင်းယန်က ကိုင်အောင်းကဲ့သို့ အတွေးတူပေသည်။ သူမက မိုဝူကျိတွင် ကြီးထွားလာမည့် အလားအလာ မရှိကြောင်း တွေးမိ၍ ချင်းလော့ယွဲ့နှင့် မိုဝူကျိအား မင်္ဂလာ လမ်းကြောင်းပေးမည့် အတွေးကို ဆန့်ကျင်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ အကယ်၍ သူမသာ မိုဝူကျိသည် ဤမျှအထိ တိုးတက်လာမည်မှန်း သိခဲ့လျှင် သူမအနေနှင့် မည်မျှအရှက်မဲ့သည့် လုပ်ရပ်ဖြစ်နေစေကာမူ ချင်းလော့ယွဲ့နှင့် မိုဝူကျိအား အတူတူရှိနေရန် ကြိုးစားမိပေလိမ့်မည်။

“ ဂိုဏ်းချုပ်မို … အဲဒီကျူးယင်က ရှင့်ကို မခုခံနိုင်ခဲ့ဘူးလား ”ချင်းယင်က ခေါင်းစဉ်ပြောင်းလိုက်သည်။ သူမက ချင်းလော့ယွဲ့နှင့် မိုဝူကျိအကြောင်း တွေးမိသွားသည့်အခါ သူမက ခေါင်းခြောက်လာမိ၏။

မိုဝူကျိ၏ အမူအယာမှာ အလေးအနက် ပြောင်းလဲလာပြီး  “ မဟုတ်ဘူး … အဲဒီလူက အရမ်းအားကောင်းတယ်။ တကယ်လို့ သူသာ ကျုပ်ကို အထင်သေးပြီးတော့ သူ့ကိုယ်သူ အထင်မကြီးနေခဲ့ရင် ကျုပ် သူ့ကို နိုင်ရင်တောင် ကျုပ် အလွယ်လေး နိုင်လိုက်မှာ မဟုတ်ဘူး ”

မိုဝူကျိက ကျူးယင်အား အလွယ်လေး အနိုင်ယူလိုက်ဟန် ပေါ်သော်လည်း မိုဝူကျိက ကျူးယင်တွင် သူ ထုတ်မသုံးရသေးသည့် နည်းလမ်းများစွာ ရှိသေးကြောင်း သိထား၏။ သူက ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင်အတွင်းမှ ထွက်လာခါစ ဖြစ်သောကြောင့် ကျူးယင်၏ ကိုယ်ပိုင် ယုံကြည်ချက်မှာ အရမ်းပြင်းထန်နေ၍ မိုဝူကျိအား အထင်သေးမိသွားခြင်း ဖြစ်ပေသည်။

အကယ်၍ ထိုသူက သူ့အား အထင်မသေးလျှင်ပင် မိုဝူကျိအနေနှင့် ကြောက်ရွံ့ရမည့် အကြောင်းအရင်း မရှိပေ။

*

All Chapters