အခန်း (၁၃၄)
Vol. 9 Ch. 134
"သူကသူ ၊ အစ်မရင်းက အစ်မရင်းပဲလေ..၀န်ထမ်းက ကားကောင်းစီးလို့မရဘူးလို့ ဘယ်သူပြောလဲ..."
"အဲ့လိုမပြောစမ်းနဲ့..."၀မ်ရင်း ပြောလိုက်ပြီး "နင်မသိလို့ မိန်းမတွေက အရမ်း သ၀န်တိုတတ်တာ..."
"သ၀န်တိုတယ်...."
"အမှန်ပဲ..."၀မ်ရင်း အချက်ကျကျဖြင့် "ငါအရောင်းဒါရိုက်တာ ဖြစ်လာတယ်ဆိုတာလည်း နင့်ကြောင့်ပဲလေ..ဥက္ကဌကျီလည်း ငါတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက သာမန်မဟုတ်တာကို သတိထားမိမှာပဲ...အခု ငါ့ရဲ့ လစာ အနေအထားနဲ့ဆိုရင် မာစီးတီးစီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိင်ဘူးလေ..အဲ့တာဆို နင်၀ယ်ပေးမှန်း ဥက္ကဌကျီ ခန့်မှန်းမိသွားမှာပဲ..သတိလည်းထားဦး ..မဟုတ်ရင် ညကျ နင့်ကို ကုတင်ပေါ် ပေးမတက်ဘဲ နေနေဦးမယ်..."
"ကျွန်တော်နဲ့ ဘော့စ်ကျီတို့ ဆက်ဆံရေးက အစ်မရင်း ထင်သလောက်ကြီးလည်း မဟုတ်ပါဘူးဗျာ..."လင်းရီကတော့ ငိုရအခက် ရယ်ရအခက် ဖြစ်နေတော့သည်။
"ဟွန့် နင်ကများ ငါ့ကိုလာပြီး ဖုံးကွယ်ချင်နေတယ်ပေါ့..."၀မ်ရင်း လင်းရီကို ဆန်းကြယ်သော အပြုံးလေးဖြင့် ကြည့်လိုက်ပြီး "မှန်မှန်ပြောစမ်း..နင်ဥက္ကဌကျီရဲ့ ပန်းလေးကို ချွေလိုက်ပြီမလား..."
"အာ...မချွေရပါဘူးဗျ...."
"ဟမ်..နင်က ခုထိ မချွေရသေးဘူးပေါ့...အဲ့တာဆို သူသဘောမတူလည်း အတင်းချွေလိုက်လေ..ချွေပြီးသွာရင် သူလည်း ဘာမှ တတ်နိုင်တော့မှာ မဟုတ်ဘူး.."
လင်းရီကတော့ ပြောစရာစကား ကင်းမဲ့နေသည်။
အဲ့စကားက မိန်းကလေးတစ်ယောက် ပြောသင့်တဲ့စကားမျိုးလားဟ။
"ထားလိုက်တော့ ကားအကြောင်းပဲ ပြောကြရအောင်...,"
"ဘာမှ ပြောစရာ အကြောင်းမရှိဘူး..နင်ကြိုက်တဲ့ကားသာ ရွေးပေးလိုက် ငါက နင်ရွေးပေးတဲ့ကားပဲ စီးမှာ..."
"ကောင်းပါပြီဗျာ..."
ထို့နောက် လင်းရီ အော်ဒီအရောင်းဆိုင်သို့ မောင်းသွားလိုက်၏။
"မဖြစ်နိုင်တာ..နင်က အော်ဒီ ၀ယ်မလို့လား..."
၀မ်ရင်း ထိတ်လန့်တကြားပြောလိုက်ပြီး "ဈေးအပေါဆုံး အော်ဒီကတောင် ယွမ် ၃သိန်းနော်..ငါ့မှာပါတာက ၂သိန်းထဲဟဲ့ ဘတ်ဂျက်မလောက်ဘူးလို့ ပြောထားရဲ့သားနဲ့ကို..."
"စိတ်ချစမ်းပါ..ကျွန်တော် အစ်မရင်း ပိုက်ဆံကို မယူဘူး..."လင်းရီ ပြောလိုက်ပြီး "ကျွန်တော် အစ်မရင်းရဲ့ စကူတာကို လွင့်ပစ်ခိုင်းလိုက်တုန်းက ကားအသစ် ၀ယ်ပေးမယ်လို့ ပြောထားတယ်မလား..ခု ကျွန်တော့်ကတိ တည်ရမယ့် အချိန်ပဲလေ.."
"ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာ ..အော်ဒီ ၀ယ်မယ်ဆို ပိုက်ဆံ အများကြီး ကုန်မှာပေါ့...အစ်မရင်း လက်မဝံ့ပါဘူးနော်..."
"ဒီတိုင်း ယွမ်သိန်းဂဏန်းလောက်လေးကို ဘယ်လိုလုပ် ပိုက်ဆံလို့ ခေါ်နိုင်မှာလဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ပြီးတော့ အော်ဒီဆိုတာကလည်း အစ်မရင်း ထင်နေသလောက် ဈေးမကြီးဘူး...ဈေးပေါတဲ့အထဲတောင် ပါနေသေးတယ်..."
"အွန်းပါ...ငါတော့ နင့်အတွေးတွေကို လိုက်မမှီတော့ဘူး..."
လင်းရီ၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်သား အော်ဒီ အရောင်းဆိုင်သို့ ရောက်လာခဲ့ကြ၏။
လင်းရီ ၀င်လာသည်ကိုမြင်တော့ အမျိုးသမီး ၀န်ထမ်းများ မျက်လုံးအရောင် တောက်သွားကြသည်။
အိုက်စ်..နတ်သားလေးများလား...ရှောင်ကောကောက အရမ်းချောတာပဲ...
"ဟယ်လိုဆာ..ကားကြည့်ဖို့ လာတာလားရှင့်..." အမျိုးသမီးဧည့်ကြို ၀န်ထမ်းမှာ ၀မ်ရင်းကို လျစ်လျူရှု၍ လင်းရီကို အားပါးတရကြီး ၀န်ဆောင်မှု အပြည့်ပေးနေလေ၏။ လင်းရီသာ တောင်းဆိုပါက အိပ်ရာထက်ထိတောင် ၀န်ဆောင်မှု ပေးမည်လားတော့ မပြောတတ်။
လင်းရီ တုန့်ပြန်သည့်အနေဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့...ခဏလောက် စောင့်ပေးပါဦးရှင်..အရောင်း၀န်ထမ်း တစ်ယောက် ခေါ်ပေးပါ့မယ်..."
အမျိုးသမီး ဧည့်ကြို၀န်ထမ်းမှာ လင်းရီနှင့် ၀မ်ရင်းတို့ကိာ ကြိုဆိုလိုက်ပြီး အမျိုးသား အရောင်း၀န်ထမ်း တစ်ဦး ခေါ်ပေးလိုက်၏။
"လူကြီးမင်တို့ နှစ်ယောက်လုံး မင်္ဂလာပါခင်ဗျ...ကျွန်တော် ကိုယ့်ဘာကိုယ် မိတ်ဆက်ပေးပါရစေ...ကျွန်တော်ကတော့ ဟော့ဒီဆိုင်ရဲ့ အဆင့်မြင့် အရောင်းအကြံပေး ယွီ့ဟုန်ရန်ပါခင်ဗျ...လူကြီးမင်းတို့ ဘယ်လိုကားမျိုးကို မောင်းချင်ဆုံးလဲ... ကျွန်တော် ဟုန်ရန်ကိုပြောလိုက်တာနဲ့ အဆင်ပြေစေရမယ်လို့ အာမခံပါတယ်ဗျ...."
"အင်း ငါက ကားဆို မောင်းလို့ရရင်ပြီးရောပဲ ..အထွေထူး တောင်းဆိုချက်ကြီးတွေတော့ မရှိပါဘူး..ကြည့်ကောင်းရင်ကို အဆင်ပြေပြီ..."
"အဲ့လောက်ကတော့ လွယ်ပါတယ်ခင်ဗျ..."ယွီဟုန်ရန် ဖော်ရွေသော အပြုးလေးဖြင့် "အော်ဒီတွေအကုန်လုံးက ခန့်ပြီးသားပဲလေ..ဒီက အစ်မငယ်က ဘယ်လောက်သုံးမလဲ မသိဘူး..."
"ယွမ် ၂၀၀,၀၀၀လောက်..."
၎င်းကိုကြားလည်းကြားရော ယွီဟုန်ရန်၏ မျက်နှာမှာ မည်းမှောက်သွားတော့သည်။ သူ၏ အပြုံးမှာလည်း လုပ်ပြုံးမှန်း သိသာသွားပြီး နဂိုကလောက်ပင် သဘာ၀ မကျတော့ချေ။
"ကောင်းပါပြီဗျ..ခဏနော် ကျွန်တော် လုပ်စရာလေး ရှိနေသေးလို့ တစ်စိတ်လောက် ခွင့်ပြုပါဦး..."
ထိုသို့ပြောပြီးနောက် ယွီဟုန်ရန် မတ်တပ်ရပ်၍ ပုပ်သိုးနေသော မျက်နှာကြီးဖြင့် ကောင်တာသို့ သွားလိုက်သည်။
"အစ်ကိုယွီ အခြေနေ ဘယ်လိုရှိလဲ..ရှောင်ကောကောက ဘယ်လို ကားမျိုး စီးချင်တာလဲတဲ့..."
"ငါ့ဖင်ကြီးကိုပဲ လာစီးလိုက်တော့ ရော့ဆီပုလင်း..."
ယွီဟုန်ရန် ကျိန်ဆဲလိုက်ပြီး အမျိုးသမီး ဧည့်ကြိုမလေးများကို စိတ်ရှုပ်သွားစေသည်။
"သူတို့ သုံးနိုင်တာက ယွမ် ၂သိန်းလောက်ပဲတဲ့ အဲ့လောက် ငွေလေးနဲ့တော့ ဘယ်နားက အော်ဒီ သွားရမှာ..အော်ဒီဘရန်းကိုများ ပေါက်လွတ်ပဲစား အိမ်စီးကားတွေလိုများ မှတ်နေလားမသိဘူး..."
ယွီဟုန်ရန် စိတ်တိုဒေါသဖြစ်စွာဖြင့် ပြောဆိုနေတော့သည်။
"ပြီးတော့ တစ်ခါတည်း ပြောထားလိုက်ဦးမယ်..ငါက အဆင့်မြင့် အရောင်းအကြံပေးနော်..နောက်တစ်ခါ ငါ့ကို အဲ့လို သောက်ဆင့်မရှိတဲ့ ကတ်စတန်မာတွေဆီ မပို့နဲ့...ငါ့ရဲ့ အနိမ့်ဆုံး စံက ယွမ် ၈သိန်းပဲ အဲ့လောက် သုံးနိုင်မှ လာခေါ်ကြားလား...."
"နားလည်ပါပြီ အစ်ကိုယွီ..."အမျိုးသမီးဧည့်ကြိုမှာ သဘောတူစွာ ခေါင်းညိမ့်လိုက်ပြီး "ညီမလည်း သူတို့ နှစ်ယောက်က ၀တ်ကောင်းစားလှတွေနဲ့ဆိုတော့ ငွေပေါရေလျှံမယ့်သူတွေထင်လို့ အစိကိုယွီကို လှမ်းခေါ်မိတာပါ...ဒါပေမယ့် အဲ့လောက်ကြီးထိ ဆင်းရဲ လိမ့်မယ်လို့တော့ ထင်မထားဘူး..."
"အင်း...မင်းက ခုထိ အတွေ့ကြုံ နုနေတုန်းပဲ ..များများ သင်ယူပြီးတော့ ငါ့အချိန်တွေ မပုပ်စေနဲ့..."
"ဟုတ်"
ဧည့်ကြိုမလေးအား လက်ချာရိုက်ပြီးနောက် ယွီ့ဟုန်ရန် အရောင်းအမျိုးသမီး ၀န်ထမ်းတစ်ယောက်ကို ခေါ်ပြီး လင်းရီ တို့ထံ လျှောက်လာခဲ့လိုက်၏။
"ဆာနဲ့ မဒမ်..တကယ်ပဲ စိတ်မရှိပါနဲ့ဗျာ..ကျွန်တော် ခုလေးတင် အရေးတကြီး ကိုင်တွယ်စရာ ကိစ္စလေးတွေ ရှိနေသေးလို့ ဆာတို့ကို ဆက်ပြီး ၀န်ဆောင်မှု မပေးနိုင်တော့တာကို အားတော့ နာပါတယ်ဗျာ...ဒါကတော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် လီကျင်းပါဗျ..သူမက ဆာတို့ကို ဆက်ပြီး ပြပေးပါ့မယ်... "
"ဟယ်လိုဆာ ..ကျွန်မနာမည်က လီကျင်းပါရှင့် ဆာနဲ့ မဒမ်တို့ သိချင်တာ ရှိရင် ကျွန်မကို မေးလို့ရပါတယ်နော်..."
လင်းရီနှင့် ၀မ်ရင်းတို့မှာ အရောင်း၀န်ထမ်းများအကြောင်း ကောင်းစွာ အထာနပ်သောကြောင့် တစ်ချက်ကြည့်ရုံမျှဖြင့် လီကျင်းဟုခေါ်သော အရောင်းသမလေးမှာ အလုပ်သင်လေးမျှ သာဖြစ်ကြောင်း သိပေသည်။
လင်းရီ ပြုံးလိုက်ပြီး "ဘာလဲ မင်းက ငါတို့ ငွေသိပ်မသုံးနိုင်လို့ မင်းက ၀န်ဆောင်မှု မပေးချင်ဘူးပေါ့..အဲ့ဒါနဲ့ပဲ ငါတို့ကို ခုမှ စရောက်တဲ့ အသစ်လေးနဲ့ ထားခဲ့မယ်ပေါ့...ဟုတ်စ.."
"အာဟားဟား..."
ယွီ့ဟုန်ရန် ရယ်မောချင်ယောင် ဆောင်လိုက်ပြီး "ဆာကတော့ အတွေးတွေ လွန်နေပါပြီ ..ကျွန်တော့်မှာ အဲ့ဒီလို ရည်ရွယ်ချက် မရှိပါဘူးဗျာ..ခုလို အဓိပ္ပာယ် ရောက်သွားအောင်လည်း မရည်ရွယ်ပါဘူးဗျ..."
"တကယ်တော့ မင်းလွဲနေတာ တစ်ခုရှိတယ်..သူမက မောင်းမှာဆိုပေမယ့် ပိုက်ဆံရှင်းမယ့်သူက ငါပဲကွ.."လင်းရီ ပေါ့ပါးစွာ ပြောလိုက်၏။
ယွီ့ဟုန်ရန် လင်းရီကို အထင်သေးသည့် အကြည့်များဖြင့် ကြည့်လိုက်၏။
"ဘယ်သူပေးပေး ဘာထူးလို့လဲ..ပြီးတော့ ကျုပ်မှာ တကယ်ကြီး တခြားလုပ်စရာတွေ ရှိနေသေးတယ်...ဒီတော့ ခွင့်ပြုပါဦး..."
၀မ်ရင်း အရှက်ရသလို ခံစားလိုက်ရသည်။ သူမ ဤနေရာသို့ မလာသင့်ခဲ့ပေ။ ယခုတော့ လင်းရီကို အရှက်ရစေမိချေပြီ။
ထိုအချိန်တွင် သက်လတ်ပိုင်း လူကြီးတစ်ယောက် လမ်းလျှောက်လာပြီး ဆိုင်ထဲရှိ ကတ်စတန်မာများကို တစ်ချက်ကြည့်၍ ယဉ်ကျေးစွာ မေးလိုက်သည်။
"တစ်စိတ်လောက်ပါခင်ဗျ...အပြင်မှာ ပါကင်ထိုးထားတဲ့ Koenigsegg Rs က ဘယ်သူ့ကားလဲမသိဘူး"
"ဘာ... Koenigsegg Rs..."
၎င်းကိုကြားတော့ ဆိုင်ထဲရှိလူတိုင်း ပြတင်းပေါက်ဆီသို့ အပြေးလွှား သွားကာ စပ်စုကြည့်ကြတော့သည်။ တကယ်ကြီး အပြင်၌ Koenigsegg Rs စူပါကား တစ်စင်း ထိုးရပ်ထားသည်ကို တွေ့လိုက်ရ၏။
"ဒီကားက ယွမ်သန်း၃၀ ကျော်တယ်..ငါအင်တာနက်ပေါ်မှာပဲ မြင်ဖူးတာ..ဟားဟား ကံကောင်းပြီး ခုလို တွေ့ရမယ်လို့ဆောင် ထင်မထားဘူး..."
"ထူးတော့ ထူးဆန်းတယ်... Koenigseggကြီး စီးနိုင်နေတာတောင်မှ ဘာလို့ အော်ဒီ လာ၀ယ်နေပါလိမ့်..သူ့အဆင့်နဲ့ဆိုရင် ပြိုင်ကားတွေ ၀ယ်စီးလို့ရနေတာပဲ မဟုတ်လား..."
"မင်းဘာနားလည်လို့လဲ...သူ့ကောင်မလေးအတွက် လာ၀ယ်တာနေမှာပေါ့ကွ..."
"အေးကွ..အဲ့တာတော့ ဖြစ်နိုင်တယ်..."
အပြင်ဘက်ရှိ Koenigsegg Rs ကိုမြင်တော့ ယွီ့ဟုန်ရန် မျက်လုံးများ အရောင်တောက်ပလာသည်။ သူကိုယ်တိုင်က ကားရောင်းသည့်သူ ဖြစ်နေသောကြောင့် အခြားသူများထက်ကို ကားအား နှစ်သက်ပေသည်။
"မန်နေဂျာ လျို.. Koenigsegg က ဘာဖြစ်နေလို့လဲ.."ယွီ့ဟုန်ရန် မေးမြန်းလိုက်၏။
"ငါ့ကားအထဲသွင်းချင်တာ ပိတ်နေလို့ အဲ့တာ ဘယ်သူ့ကားလဲ မေးပြီး ရွေ့ခိုင်းချင်နေတာ..."
"အိုး ဆောရီပါဗျာ..ကျုပ်ခုပဲ ရွေ့ပေးပါ့မယ်..."
လူတိုင်း၏ အကြည့်များမှာ လင်းရီထံသို့ စုပြုံသွားကြသည်။
"ဘာ..ဘာပြောလိုက်တယ်... Koenigseggကို ရွေ့ပေးမယ်...."ယွီ့ဟုန်ရန် ပြူးကျယ်နေသော မျက်လုံးများဖြင့် မေးမြန်းလိုက်၏။
"ဘာလို့လဲ မရဘူးလား..."
လင်းရီ မတ်တပ်ရပ်၍ သက်လတ်ပိုင်း လူကြီူကို ကြည့်လိုက်ပြီး "ဆောရီးပါဗျာ..ကျုပ်လည်း ခု သွားတော့မှာပါ..."
လင်းရီ ထိုသို့ ပြောပြီးနောက် ၀မ်ရင်း၏ လက်ကိုဆွဲကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။
"သူဌေးက ကား၀ယ်မလို့ မဟုတ်ဘူးလားဗျ..မသွားပါသေးနဲ့ဦး ကျုပ်တို့ဆိုင်မှာ ကားအကောင်းစားတွေ အများကြီးရှိပါတယ်ဗျ..သူဌေးမကြိုက်ဘူးဆိုရင် ကျွန်တော်ကိုယ်တိုင် စိတ်တိုင်းကျ လိုက်ရွေးပေးပါ့မယ်"
မန်နေဂျာလျိုမှာ နဖူးထက်၌ ချွေးဇောများပြန်နေလေသည်။ ယခု ပုဂ္ဂိုလ်ကြီးမှာ ကတ်စတန်မာ အကြီးစားကြီး ဖြစ်သောကြောင့် လွယ်လွယ်လေး ထွက်သွားခွင့်ပြုလိုက်လို့ မဖြစ်ချေ။
ဤမျှကြီးမားသည့် ငါးကြီး ပိုက်ထဲရောက်ကာမှ လွတ်သွားသည်က ရင်နာဖို့ ကောင်းလွန်းလှ၏။
ကားတစ်စီးမှာ တန်ကြေးဘယ်လောက်မျှ မရှိသော်လည်း သူ့ကတ်စတန်မာ၏ အလားအလာကို တန်ဖိုးထားရပေမည်။
လင်းရီ ခေါင်းခါရမ်း၍ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျုပ်တို့ ၀ယ်ဖို့ လိုက်ရှာနေတဲ့ကားက သောက်ရမ်းဈေးပေါလွန်းတယ်..ကျုပ်တို့ ဘယ်မျက်နှာနဲ့ ခင်များ၀န်ထမ်းတွေကို လိုက်ပြပေးဖို့ တောင်းဆိုရမှာလဲ..ထားလိုက်ပါဗျာ..ပြီးတော့ ခင်များ ကောင်ကလည်း တခြားလုပ်စရာတွေ ရှိနေသေးတယ်တဲ့..ကျုပ်တို့ ဆက်ပြီး မနှောက်ယှက်ချင်တော့ဘူး..."