အခန်း (၁၃၅)
Vol. 9 Ch. 135
"သူဌေးကတော့ အတော်နောက်တတ်တာပဲဗျ.. Koenigsegg ကြီးတောင် မောင်းနိုင်မှတော့ ၀ယ်တဲ့ကားက ဈေးပေါလည်း ဘယ်သူက ဘာပြောရဲမှာလဲဗျ..."လျိုယွီ့ရုန် အလျင်အမြန် ဖောရှော ရိုက်လိုက်သည်။
"ခင်များရဲ့သောက်ရမ်း စောက်ဆင့်တွေ မြင့်တဲ့ အရောင်းဆရာကြီးက ပြောတာပဲလေ..."
"မ..မဟုတ်တာဗျာ ဘော့စ်ကလည်း..ကျုပ်ခု အားပါတယ်ဗျ...ဘော့စ်တို့ စုံတွဲကို စိတ်တိုင်းကျ လိုက်ပြပေးပါ့မယ်..."ယွီ့ဟုန်ရန် အပြုံးလေးဖြင့် ပြောလိုက်သည်။
လင်းရီ ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများမှာ အနည်းဆုံး တစ်သန်းတန် ကားလောက်ကြီးတော့ ၀ယ်နိုင်ပေလိမ့်မည်။
ငါတော်တော်လေးကို ရူးမိုက်ခဲ့ပါလား.. ဘာလို့
တကယ့် တိုင်ကွန်းကြီးကိုမှ အထင်သွားသေးမိခဲ့ပါလိမ့်...
"ရပြီ..မင်းအလုပ်သာ မင်းသွားလုပ်နေ...ငါတို့ မင်းကို ထပ်မလိုတော့ဘူး.."လင်းရီ ပေါ့ပါးစွာ ပြောလိုက်ပြီး "ငါတို့ တခြားဆိုင်ပဲ သွားကြည့်လိုက်တော့မယ်..မင်းတို့ကိုလည်း ဆက်ပြီး မနှောက်ယှက်တော့ဘူး..."
"ဘော့စ် ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်ရေး တစ်ခါလောက်ပေးပါဗျာ..ဘော့စ်သာ ထွက်သွားခဲ့ရင် ကျုပ်အလုပ်ပြုတ်မှာဗျ...တောင်းပန်ပါတယ် သူဌေးမင်းရယ်...တောင်းဆိုပါတယ်ဗျာ..."ယွီ့ဟုန်ရန် စိတ်အားငယ်နေသည့် မျက်နှာလေးဖြင့် ပြောလိုက်၏။
"ဘာဆိုင်လို့တုန်း...ငါ့ပိုက်ဆံကို ငါ့ဘာငါ ဘယ်နေရာ သုံးသုံးပေါ့ကွ မင်းဘာမင်းအလုပ်ပြုတ်တာ မင်းသောက်ကြောင်းလေ"
ထိုသို့ ပြောပြီးနောက် ၀မ်ရင်းနှင့်အတူ လမ်းတစ်ဖက်ရှိ BMW ဆိုင်သို့ ၀င်သွားလိုက်၏။
"ယွီ့ဟုန်ရန်..မင်းဂြိုဟ်မွှေထားတာတွေ ကြည့်လိုက်ဦး.ခုချက်ချင်း တံဆိပ်ဖြုတ်ပြီး လစ်လိုက်တော့...မင်းကို အလုပ်ဖြုတ်လိုက်ပြီ.."
......
၀မ်ရင်း အပြစ်ရှိနေသော မျက်နှာလေးဖြင့် ဆိုင်ထဲမှ ထွက်လာခဲ့လိုက်၏။
"ရီ ငါစိတ်မကောင်းပါဘူးဟာ..ငါ့ကြောင့် နင်မျက်နှာ ပျက်ရပြီ..."
"အသေးမွှားလေးပါ..."လင်းရီ စိတ်ထဲ မထားဘဲ "ခုခေတ်လူတွေက တစ်ခုခုဆို အပေါ်ယံလောက် ကြည့်ပြီး ဆုံးဖြတ်နေကြတော့တာ....အဲ့တာကြောင့်ပဲ သူတို့ ရမယ့် အခွင့်ရေးတွေ မရလိုက်ပဲ ဆုံးရှုံးသွားကြတာပေါ့.."
"ဒါပေမယ့် အစ်မသာ လျှောက်မပြောဘူးဆိုရင် မောင်လေးရီလည်း အဲ့လောက်ထိ မျက်နှာပျက်မှာတောင်မဟုတ်ဘူး..အားလုံး အစ်မ အမှားတွေပါကွယ်..မောင်လေးရီရဲ့ မျက်နှာလေးက အားလုံးထက်ကို တန်ဖိုးရှိတယ်..နောက်ခါဆို အစ်မ ဆင်ဆင်ခြင်ခြင်လေး နေပေးမယ်နော်..."
"အစ်မရီကလည်း ဘာလို့ အဲ့လိုကြီးတွေ ပြောနေတာလဲဗျ..ကျွန်တော် ကုမ္ပဏီရောက်ရောက်ချင်းတုန်းက အစ်မရီသာ ကျွန်တော်ကို တစ်လလောက် လက်တွဲမခေါ်ခဲ့ဘူးဆိုရင် ခုချိန် ကျွန်တော် လမ်းဘေးမှာ တောင်းစားနေရလောက်ပြီ..."
"မပြောပလောက်တဲ့ အရာလေးကိုပဲ..."၀မ်ရင်း နှင်းဆီရောင် သန်းနေသည့် မျင်နှာလေးဖြင့် ခေါင်းငုံ့ပြီး ပြောလိုက်၏။
"ဟုတ်ပါပြီ ..အဲ့လောက်ကြီးလည်း အားနာမနေနဲ့..ဘာမှ မဖြစ်ဘူး..စိတ်ထဲထားမနေနဲ့တော့..."
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
ထို့နောက် လင်းရီတို့ BMWအရောင်းဆိုင်ထဲသို့ ၀င်သံားလိုက်ပြီး အဖြူရောင် ၇စီးရီးလေး တစ်စင်း ရွေးပေးလိုက်၏။
အစကတော့ လင်းရီ လုံး၀ လန်ပြန်နေသည့် ကားတစ်စီးလောက် ၀ယ်ပေးတော့မလို့ပင်။ သို့သော်လည်း ၀မ်ရင်းမှ လက်မခံသောကြောင့် အရည်သွေးကောင်းသည့် ကားတစ်စီးနှင့်သာ အဆုံးသတ်သွား၏။ သူတို့ လျှော့ဈေးနှင့် ယွမ် ၉၈၀,၀၀၀ခန့်သာ အသုံးပြုလိုက်ရသည်။ လင်းရီအတွက်တော့ ထိုပမာဏက ထမင်းစားရေသောက် သာသာပင်။
"အစ်မသာ ဒီကားကြီးနဲ့ အလုပ်သွားလို့ကတော့ လူတွေအများကြီ ပြောကုန်တော့မှာပဲ..."၀မ်ရင်း စနောက်ချင်နေသည့် လေသံဖြင့် "အစ်မကို သကြားပေပီလုပ်နေတယ်လို့ ထင်နေကြမလား မသိဘူးနော်...ခိခိ.."
"ဘယ်သူ့ ဂရုစိုက်နေရမှာလဲ...သူတို့ မနာလိုတဲ့ မျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်ရင်လည်း ကြည့်ပါစေပေါ့...သူတို့တောင် ဒီလောက် ကောင်းတဲ့ကားကြီးတွေ မောင်းနိုင်လို့လားတဲ့..."
"အွန်း..အစ်မကတော့ ဘာမှ မဖြစ်ဘူး..ဥက္ကဌကျီ သ၀န်တိုမှာပဲ စိုးရိမ်နေတာ..."၀မ်ရင်း အပြုံးလေးဖြင့် စနေတော့၏။
"တိုမှာ မဟုတ်ဘူးစိတ်ချ...မောင်းသား မောင်းစမ်းပါ.."လင်းရီ ပြောလိုက်ပြီး "ခု အစ်မရင်းမှာလည်း ကားရှိပြီဆိုတော့ ကျွန်တော် နောက်ကျရင် လိုက်မပို့တော့ဘူးနော်..."
"အာ..အဲ့လို လုပ်လို့ မရဘူးလေ..."၀မ်ရင်း အလျင်အမြန် ငြင်းဆိုလိုက်၏။
"အစ်မ လိုင်စင်ရထားတာတောင် မကြာသေးဘူး..ဒီတော့ ကိုယ်တိုင်မောင်းဖို့က အဆင်မပြေသေးဘူးလေ...မောင်လေးရီ အားရင် အစ်မကို လိုက်သင်ပေးရမယ်နော်...,"
"ရတာပေါ့..ကျုပ်က အချိန်မရွေးအားတယ်...လိုတဲ့ချိန်ခေါ်လိုက်..."
"အဲ့တာဆိုရင်တော့ မောင်လေးရီကို ဒုက္ခပေးရတော့မှာပဲ..."
လင်းရီ ၀မ်ရင်း၏ကားကို တစ်ယောက်ယောက် မောင်းပို့ခိုင်းလိုက်ပြီး သူကတော့ သူမနှင့်အတူ ကုမ္ပဏီသို့မောင်းသွားလိုက်သည်။
"ရီ..ကားလိုက်၀ယ်ပေးတဲ့အတွက် ကျေးဇူးနော်..."၀မ်ရင်း ကားထဲမှ ထွက်ပြီးနောက် ပြောလိုက်၏။
"ဒီတိုင်း ကားတစ်စီးလေးကိုပဲ..စိတ်ထဲထားမနေနဲ့.."
"ဒီလာပါဦး.."၀မ်ရင်း လင်းရီကို လက်ဟန်ဖြင့် အနီးကပ်လာခိုင်းလိုက်၏။
"ဘာလုပ်မလို့..."
မွ
လင်းရီ အငိုက်မိသွားခဲ့သည်။ ၀မ်ရင်းကတော့ လင်းရီကို အနမ်းပေးပြီးနောက် အပြုံးလေးဖြင့် "အဲ့တာက လိမ္မာလို့ ဆုချတာ..မောင်လေးရီသာ လိမ္မာရင် အစ်မရင်းက မင်းအတွက်ပဲနော်..."
"အာ...ဆုကြီးက မရက်ရောလွန်းဘူးလား..."
၀မ်ရင်း ရင်ဘက်ကို ခုန်ဆွခုန်ဆွ ပြုလုပ်လိုက်ပြီး "ဒီထပ်ရက်ရောတဲ့ ဆုကြီး လိုချင်တယ်ဆိုလည်း ရတယ်နော်...ဒီမှာ နောက်တစ်ခု ရှိသေးတယ်..."
ကားထဲသို့ ၀င်နေသော လင်းရီမှာ ခေါင်းနဲ့ဆောင့်မလို ဖြစ်သွားခဲ့သည်။
ကလင် ကလင် ကလင်
၀မ်ရင်း ထွက်ခွာသွားပြီးနောက် ရာလော့၏ စီအီးအို ကွမ်းရာမှ ဖုန်းခေါ်လာခဲ့၏။
လင်းရီ ပြုံးလိုက်မိသည်။ သူလည်း သူမကို ဆက်သွယ်ဖို့ စီစဉ်ထား၏။ သို့သော်လည်း တိုက်ဆိုင်စွာဖြင့် ကွမ်းရာဘက်မှ စတင် ဆက်သွယ်လာခဲ့လေသည်။
"ဟယ်လို ဥက္ကဌလင်း ..ကွမ်းရာပြောနေတာပါရှင့်..."
"သိတယ်..ဘာကိစ္စလဲ..."
"ကျွန်မ ၀မ်ကျန်း ပရောဂျက်အတွက် ဒုတိယ အဆင့်ကို ဒီဇိုင်းရေးဆွဲပြီးသွားပြီ..အဲ့တာ ဥက္ကဌလင်း သဘောမတွေ့တာရှိရင် တစ်ခါတည်း ပြောင်းလို့ရအောင် ဆက်သွယ်လိုက်တာပါ..."
"ကောင်းပြီလေ..မင်းအားတဲ့ချိန် တွေ့ကြတာပေါ့..."
"ကျွန်မကတော့ ဘော့စ်လင်း လိုအပ်တဲ့အချိန်တိုင်း အားပါတယ်ရှင့်.."ကွမ်းရာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး "ဒါနဲ့ ဒီနေ့ညအားလားမသိဘူး..ဥက္ကဌလင်းက ကျွန်မတို့ကို ဒီလောက်ကောင်းတဲ့ ရွှေအခွင့်ရေးကြီး ပေးထားတာတောင်မှ ကျွန်မတို့ဘက်က ကျေးဇူးတောင်မတင်ရသေးဘူး..အဲ့တာ ညစာ ဖိတ်ကျွေးချင်လို့....."
"ရတယ်လေ..ငါလည်း ညစာမစားရသေးတာနဲ့အတော်ပဲ..မင်းကြိုက်တဲ့နေရာ ဘွတ်ကင်လုပ်ပြီး ငါ့ကို လှမ်းပြောလိုက်..."လင်းရီ ပြောလိုက်သည်။
"ကောင်းပါပြီရှင့် "ကျွန်မ ဘွတ်ကင်လုပ်ပြီးတာနဲ့ နေရာကို ဥက္ကဌလင်းဆီ မက်ဆေ့ခ်ျပြိ့လိုက်ပါ့မယ်..."
ကွမ်းရာ မက်ဆေ့ခ်ျမှာ မကြာမီ ရောက်လာခဲ့၏။ တည်နေရာကတော့ ကျန်းနန်နွေဦးစမ်းချောင်း စားသောက်ဆိုင်ပင်။
လင်းရီ ထိုစားသောက်ဆိုင်အကြောင်း ကောင်းကောင်းသိ၏။ ထိုဆိုင်မှာ ဟွိုက်ရန် ချက်ပြုတ်နည်းကို အဓိက ဦးစားပေးထားပြီး အတော်လေး တမူထူးခြားလှ၏။
မည်သို့ပင်ဆိုစေ ညစာအစီအစဉ်ကတော့ သတ်မှတ်ပြီး ဖြစ်၏။
လင်းရီ ချိန်းထားသည့်နေရာသို့ အချိန်မီ ရောက်လာခဲ့သော်လည်း ကွမ်းရာမှာ သူ့ထက်ပင် စောစွာ ရောက်ရှိနေသည်။
သူမ ယနေ့ညတွင်တော့ လှပကျော့ရှင်းစွာ ၀တ်ဆင်ထားပြီးအနီရောင် ၀တ်စုံလေးနှင့် ဒေါက်မြင့်ဖိနပ်လေးမှာ သူမအား ညချမ်းအခါ နွေးထွေးစေသည့် ယဉ်ပါးသည့် မီးတောက်လေးအလားပင်။
လင်းရီ ကွမ်းရာ၏ ကိုယ်လုံးကိုယ်ပေါက်မှာလည်း မဆိုးကြောင်း သတိထားမိသွားသည်။ အထူးသဖြင့်တော့ သူမ၏ ဖြောင့်စင်းနေသော ခြေတံ သွယ်သွယ်လေးများပင်။
"ဘော့စ်လင်း ရောက်ပြီလားရှင့်..ကျွန်မစောင့်နေတာတောင် အတော်လေး ကြာနေပြီ..."သီးသန့်ခန်းထဲတွင်တော့ ကွမ်းရာ လက်ဆန့်တန်းပြီး နှုတ်ဆက်လိုက်သည်။ ယခု သူမတို့ ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း စိတ်လှုပ်ရှားနေဆဲပင်။
ဤမျှ ချောမောခန့်ညားသော ကောင်လေးမှာ ရည်းစားရှိလားတော့ ကွမ်းရာလည်း မသိ။
"ကျုပ်တို့အားလုံး ရင်းနှီးတဲ့လူတွေကိုပဲ..အဲ့လောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"အွန်း စားရင်းသောက်ရင်း ပြောကြတာပေါ့..."
ကွမ်းရာ စားသောက်ဖွယ်ရာများ မှာကြားလိုက်ပြီး ညစာစားပွဲမှာ တရား၀င် စတင်တော့သည်။
"ပထအသုတ် မွမ်းမံနေတဲ့ အခြေနေ ဘယ်လိုရှိလဲ..
လင်းရီ အသားတစ်တုံးကို လှီးရင်း မေးလိုက်၏။
"ကျွန်မ ဘော့စ်ကျီနဲ့ စကားပြောပြီးသွားပြီ...အချိန်စာရင်းအရတော့ နှစ်လလောက် ကြာမယ်ပြောတယ်..."
ပရောဂျက်ကို ချောင်ရန် အုပ်စုမှ ဦးစီးနေသောကြောင့် လင်းရီ အထွေအထူး စိုးရိမ်နေခြင်းတော့ မရှိခဲ့ချေ။
"အဲ့လိုဆို ဒုတိယအသုတ်တွက် အချိန်စာရင်းကော လုပ်ပြီးပြီလား..ကျုပ်အချိန်သိပ်မဖြုန်းချင်ဘူး..မနက်ဖြန် နောက်ထပ် သန်း၄၀၀ ထပ်လွဲလိုက်မယ်..မကြာစေနဲ့..."
"နားလည်ပါပြီ ဘော့စ်လင်း.."
ကွမ်းရာကတော့ နှလုံးခုန် မြန်နေလေသည်။ သူမ အလုပ်လုပ်လာသည့် သက်တမ်းတစ်လျှောက် ဤမျှ ရက်ရောသည့်သူကို တွေ့ဖူးချင်းမှာ ပထမဆုံးအကြိမ်ပင်။
"ဒါနဲ့ စကားမစပ် ဘော့စ်လင်း..ကျွန်မခု ဒုတိယအသုတ်တွက် ဒီဇိုင်းကော်ပီ ယူလာခဲ့တယ်..ကြည့်ဦးမလား..."
လင်းရီ တစ်ခဏမျှ စဉ်းစားလိုက်ပိး "အီးမေးလ်ပဲ ပို့လိုက် ကျုပ်ပြန်ရောက်မှ ကြည့်ကြည့်လိုက်မယ်..ခုစားနေတော့ ကြည့်လို့ အဆင်မပြေဘူးလေ..."
"အိုး ဆောရီးပါ..ကျွန်မ နည်းနည်း ရိုင်းပြသလို ဖြစ်သွားခဲ့တယ်..."
"ရပါတယ်..."လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး "အိုး ဒါနဲ့ကျုပ် အကူညီတောင်းချင်တာလေး တစ်ခု ရှိသေးတယ်..."
"ကျေးဇူးပြုပြီး ပြောပါရှင့် အားနာနေစရာ မလိုပါဘူး.."ကွမ်းရာ အလေးနက်ထား ပြောကြားလိုက်သည်။
"ကျုပ် လင်းယွမ်လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခု ထောင်ထားတယ်..အဲ့တာ လိုဂိုလေးနဲ့ ဆိုင်းဘုတ်လေး ဖန်တီးပေးလို့ ရမလား..."လင်းရီ မေးမြန်းလိုက်သည်။
"အသေးမွှားလေးပါ..ကျွန်မကိုသာ အပ်ထားလိုက်..အဆင်ပြေစေရမယ်..."
ကွမ်းရာ လုံး၀ သဘောတူလိုက်သည်။ ဒီဇိုင်း ကုမ္ပဏီ တစ်ခုအတွက်တော့ ထိုကိစ္စမှာ ၁+၁=၂ ကဲ့သို့ လွယ်ကူပေသည်။
"ကုမ္ပဏီက ဘယ်မှာ ထောင်ထားလဲဆိုတာ မေးလို့ရမလားရှင့်..."
"အမြွှာမျှော်စင်...."
"ဘော့စ်လင်းကတော့ ငယ်ရွယ်ပြီး အလားအလာတွေနဲ့ ပြည့်နှက်နေတော့တာပဲ... "ကွမ်းရာ ချီးကျူးလိုက်ပြီး "အမြွှာမျှော်စင်က ခုမှ ဆောက်ပြီးတာကို ဘော့စ်လင်းက အဲ့နေရာမှာ ကုမ္ပဏီတောင် ထောင်ပြီးနေပြီပေါ့..ကျွန်မ သိသလောက်ဆို အဲ့နေရာက ကျိုးဟိုင်ရဲ့ အထင်ကရ အဆောက်အဦးကြီးမလား..."
"ကျုပ်ကို တအားကြီး မြောက်မနေနဲ့ဦး ဘ၀င်တွေ မြင့်သွားနေဦးမယ်..."
ကွမ်းရာ လင်းရီကိုကြည့်ရင်း ပြုံးလိုက်၏။ ဘော့စ်လင်းမှာ ချမ်းသာရုံတင်မက နိမ့်နိမ့်ချချလည်း နေသေး၏။ သူမနှစ်သက်သည့် ပုံစံဖြင့် တစ်ထပ်တည်းပင်။
"လိုဂိုတစ်ခုနဲ့ ဆိုင်းဘုတ်တစ်ခုနော်..အဲ့တာအပြင် ဘာလိုသေးလဲမသိဘူး.."ကွမ်းရာ မူလခေါင်းစဉ်သို့ ပြန်သွားလိုက်၏။
"ပြီးတော့ ကျုပ်ရဲ့ လင်းယွမ် အဆောက်အအုံအတွက်ကောပဲ ...."
သူ ရရှိပြီးသည့်နေမှစ၍ အမြွှာမျှော်စင်ဟု ခေါ်ဆိုရန် စိတ်ကူးမရှိပေ။ လင်းယွမ်မျှော်စင်ဟု အမည်ပြောင်းရန် စဉ်းစားထားပြီဖြစ်၏။
ကွမ်းရာ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး "ဘော့စ်လင်း ..အဲ့တာက သိပ်ပြီး မသင့်တော်သလိုပဲနော်..."
"ဟမ်..ဘာလို့ မသင့်တော်တာ..."
"ဘော့စ်လင်းက အမြွှာမျှော်စင်မှာ ကုမ္ပဏီထောင်တယ်ဆိုပေမယ့် အသုံးပြုဖို့ပဲ အခွင့်ရေးရှိတာလေ...မျှော်စင်တစ်ခုလုံးရဲ့ နာမည်ကိုကျ ပြောင်းလို့မရဘူးလေ..ပိုင်ရှင်ဖြစ်မှပဲ ပြောင်းလို့ရတာ..."
"အမြွှာမျှော်စင် တစ်ခုလုံးကိုက ကျုပ်အပိုင်ပဲလေ...မျှော်စင်တစ်ခုလုံး ၀ယ်ထားတာ..."
စာစဉ် (၉)ပြီး၏။