← Chapters

တျန်းဂျီနယ်မြေ

Vol. 63 Ch. 870

တျန်းဂျီနယ်မြေ

Vol. 63 Ch. 870

ကောင်းကင်ဧကရာဇ် စစ်ကျိုက်က ပြောလိုက်သည်  “ ကျုပ်က ဒုတိယမြောက်လူကို မမှတ်မိပေမဲ့ သူက မျက်နှာဖုံး ဝတ်ထားတာတော့ သိလိုက်တယ်။ ပြီးတော့ သူက မယုံနိုင်လောက်အောင်အထိ အရမ်းငယ်သေးတယ် ”

ကောင်းကင်ဧကရာဇ် စစ်ကျိုက်က ပြောနေရင်း မိုဝူကျိအား ကြည့်ကာ ထိုသူ၏ အသက်မှာ မိုဝူကျိလောက်သာ ရှိသေးကြောင်း မှန်းဆမိလိုက်၏။

မိုဝူကျိက တစ်ခုခုကို တွေးမိသွားကာ အလျှင်အမြန် မေးလိုက်၏  “ အင်မော်တယ်ရောင်းရင်း စစ်ကျိုက် …. အဲဆိုရင် ဒုတိယလူက ကျုပ်နဲ့ အသက်မတိမ်းမယိမ်းလောက်ပဲလား။ သူ့ကျင့်ကြံဆင့်ကရော … ”

“ သူ့ကျင့်ကြံဆင့်က ကျုပ်ထက် အားနည်းမှာ မဟုတ်လောက်ဘူး။ ကျုပ် သေချာတော့ မခွဲခြားနိုင်ပေမဲ့ သူ့ကို မြင်ဖူးနေသလိုပဲ ” ကောင်းကင်ဧကရာဇ် စစ်ကျိုက်က အရိုးသားဆုံး ပြောလိုက်သည်။

မိုဝူကျိ၏ စိတ်ထဲ လေးလံမိသွားသည်။ သူ့အနေနှင့် ဒုတိယမြောက်လူမှာ လိန်ဟုန်ကျီ ဖြစ်မည်ဟု ရာနှုန်းပြည့် သေချာနေသည်။ ထိုလူတွင် တျန်းဂျီဓားရှိသောကြောင့် ယခု တျန်းဂျီ နေရာ ပေါ်လာပြီ ဖြစ်ရာ ထိုလူက ဤအခွင့်အရေးအား လက်လွတ်ခံမည် မဟုတ်ပေ။

“ ဂိုဏ်းချုပ်မို …. အဲဒီလမ်းကနေ ကြောက်မက်ဖွယ် စွမ်းအားတွေကို ခံစားမိမှာပါ။ စွမ်းအားအရဆိုရင် ဂိုဏ်းချုပ်မိုက အင်မော်တယ်လောကရဲ့ ထိပ်ဆုံးမှာ ရှိနေတာကို ယုံတယ်။ ဒီပြဿနာက အရေအတွက်နဲ့ ဖြေရှင်းလို့ မရတာပဲ ….. ကျုပ်တို့လက်ရှိအင်အားနဲ့ လမ်းကြောင်းကို အားကောင်းတဲ့ ချိတ်ပိတ်မှုတွေ၊ အတားအဆီးတွေ ချထားရင်တောင် ဒီစွမ်းအားနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး ” ရှင်းစန်က သိုဝှက်ပြောဖို့ ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။

ရှင်းစန် စကားကို ကြားသည့်သူတိုင်း ဆိုလိုရင်းကို နားလည်လိုက်ကြသည်။ သူက မိုဝူကျိသည် အင်မော်တယ်လောကတွင် အားအကောင်းဆုံး ဖြစ်၍ သူတို့အားလုံးအနက်  မိုဝူကျိသာ အထဲသို့ သွားနိုင်ကြောင်း ပြောနေခြင်း ဖြစ်၏။

တခြားသူများကလည်း မိုဝူကျိ၏ ငြင်းဆိုမှုကို ပြင်ဆင်ထားကြသည်။ အကယ်၍ မိုဝူကျိသည် ရှင်းစန်၏ စကားများကို ငြင်းဆန်ခဲ့လျှင် အားလုံးက ပူးပေါင်း၍ ဤနေရာအား ပိတ်ဖို့ ကြိုးစားကြမည် ဖြစ်၏။ ထို့နောက် အထက်ဘုံသို့ သွားနိုင်မည့် နည်းလမ်းကို ရှာဖွေကြမည်။

အင်မော်တယ်လောက၌ အင်မော်တယ်နယ်မြေ ခုနှစ်ခုရှိပြီး အင်မော်တယ်နယ်မြေ တစ်ခုချင်းစီကို ကျယ်ပြောလှသော အာကာပြင်ကြီးနှင့် ခြားနားထားသော်လည်း အင်မော်တယ်နယ်မြေ တစ်လျှောက်ရှိ စည်းမျည်းများက ဆက်နွယ်နေသေး၏။ အကယ်၍ ဤစွမ်းအားသာ ပေါက်ကွဲထွက်သွားလျှင် မိုးမြေစည်းမျည်းများလည်း ပေါက်ကွဲထွက်သွားကာ ပြိုလဲပျက်စီးသွားမည် ဖြစ်၏။ ထိုသို့ဖြစ်လာသည့်အခါ ယုံရင်အင်မော်တယ်နယ်မြေ တစ်ခုတည်း ပျက်စီးသွားမည် မဟုတ်ပေ။

“ ကောင်းပြီလေ …. ကျုပ် အထဲဝင်ပြီး သွားကြည့်လိုက်မယ်။ တကယ်လို့ ကျုပ် ပြန်မထွက်လာနိုင်ခဲ့ရင် အားလုံးကို တစ်ခုလောက်တော့ အကူအညီတောင်းဆိုချင်တယ်။ ကျုပ်ရဲ့ ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို ကူပြီး စောင့်ရှောက်ပေးကြပါ …” မိုဝူကျိက တည့်တိုးသာ ဖြေလိုက်ပြီး အပိုများ လျှောက်မပြောနေတော့ပေ။

“ ဂိုဏ်းချုပ်မို …. ကျုပ်အသက်ကို ခင်ဗျား ကယ်ပေးခဲ့တာပါ။ နောင်ကျ အင်မော်တယ်ရောင်းရင်း ဝေကျီတောက် ကောင်းကင်ဧကရာဇ်အဖြစ် တာဝန်ထမ်းဆောင်တဲ့အခါ ကျုပ် ချန်းပေဟယ်က သေချာ ထောက်ပံ့ပေးပါ့မယ် ” ချန်းပေဟယ်က အရင်ဦးဆုံး ပြောလိုက်သူ ဖြစ်၏။

“ ကောင်းပါပြီ … အားလုံးကို နှုတ်ဆက်ပါတယ် ” ထိုသို့ပြောပြီးနောက် မိုဝူကျိ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး လမ်းကြောင်းထဲ တိုက်ရိုက် ဝင်သွားတော့သည်။

ကျန်ရှိနေသော သူများက တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ကြပေ။

မိုဝူကျိက အဘယ်ကြောင့် တည့်တိုးဆန်လွန်းနေရသနည်း။ သူက အကျိုးမြတ်အတွက်တောင် ဘာမှမတောင်းဆိုသွားဘူးလား …..

ရှင်းစန်က သက်ပြင်းချကာ  “ ဂိုဏ်းချုပ်မိုက တကယ့်သူရဲကောင်းပဲ။ ကျုပ် ရှင်းစန်က အဝေးကြီး လိုနေပါသေးတယ် ”

ချင်းယန်က ခေါင်းသာ ခါလိုက်တော့သည်။ သူမက မိုဝူကျိကို ချီးကျူးရမည်လား ဒါမှမဟုတ် သူ့အတွက် သက်ပြင်းချရမလား မသိတော့ပေ။ သူတို့က မိုဝူကျိကို ဖိတ်ကြားစဉ်ကတည်းက ထိုလမ်းကြောင်းထဲ ဝင်စေလိုသည့် စိတ်ဆန္ဒရှိခဲ့ရာ  မိုဝူကျိလည်း ထိုအကြောင်းအများကို သိပေလိမ့်မည်။ သူက မပြင်ဆင်သွားဘဲ လမ်းကြောင်းထဲ တန်းဝင်သွားခြင်း ဖြစ်၏။

မိုဝူကျိက အရင်နှစ်တွေတုန်းကကဲ့သို့ အတူတူသာ ဖြစ်၏။ သူ့၏ တည့်တိုးဆန်ကာ ဖြောင့်မတ်လွန်းသည့် အပြုအမူများကြောင့် မဟာဧကရာဇ်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။

မိုဝူကျိ ဝင်သွားပြီးနောက် ကိုင်အောင်းက ရှေ့ထွက်လာကာ “သေချာတဲ့ အကြောင်းအရင်းတွေကြောင့် ကျုပ်တို့ အင်မော်တယ်လောကက နေ့စဉ်နဲ့အမျှ အားလျော့လာရတယ်။ ဂိုဏ်းချုပ်မိုက ကျုပ်တို့ အင်မော်တယ်လောကရဲ့ အားအကောင်းဆုံးပဲ … ဘယ်လိုဖြစ်လာလာ ကျုပ်တို့တွေက အဆိုးဆုံးကို ပြင်ဆင်ထားပြီးတော့ ဒီလမ်းကို ပိတ်ဖို့ စတင်လုပ်ဆောင်ရမယ်”

ကိုင်အောင်း၏ စကားများက အားလုံးဆီမှ အသိမှတ်ပြုမှု ချက်ချင်း ရသွားလေ၏။ အားလုံးက အကောင်းဆုံး ပစ္စည်းများ ထုတ်ကာ မဟာချိတ်ပိတ်ရေး အစီအရင်အား ခင်းကျင်းဖို့ ပူးပေါင်းနေကြသည်။

ဤချိတ်ပိတ်မှု အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းမှာ မသေချာသော်လည်း သူတို့အနေနှင့် လုပ်ဆောင်ကြည့်ရဦးမည်သာ ဖြစ်၏။

………………

အကယ်၍  မိုဝူကျိက လိန်ဟုန်ကျီ ဝင်သွားကြောင်း မသိလျှင် အကြံအစည်သေချာ ချမှတ်၍ တျန်းဂျီနေရာကို မဝင်ခင် အကျိုးမြတ်တချို့ တောင်းဆိုပေလိမ့်မည်။

သို့သော် လိန်ဟုန်ကျီက သူ့ထက် ခြေတစ်လှမ်းဦးသွားမှန်း သိလိုက်ရသည့်အခါ မိုဝူကျိက တခြားအရာများကို အဘယ်ကြောင့် ထည့်စဉ်းစားနေနိုင်မည်နည်း။ မိုဝူကျိတစ်ယောက်သာ လိန်ဟုန်ကျီက မည်မျှ အားကောင်းကြောင်း သေချာသိထားသည်။ ထို့အပြင် ကောင်းကင်ဧကရာဇ် စစ်ကျိုက်က လိန်ဟုန်ကျီ၏ ကျင့်ကြံဆင့်မှာ သူ့ထက် မနိမ့်ကျကြောင်း ပြောသည့်အတွက် လိန်ဟုန်ကျီသည်လည်း သူ့ကဲ့သို့ အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်နေလောက်လေပြီ။

သူ မိုဝူကျိက အင်မော်တယ် ဧကရာဇ်အဆင့်သို့ မြန်မြန် တက်လှမ်းနိုင်ခြင်းမှာ သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်နှင့် သူ့ချီသွေးကြော ၁၀၈ ခုတို့ကြောင့် ဖြစ်၏။ တစ်ချိန်တည်းဆိုသလို သူက ကောင်းကင်ဘုံအလွန် စကြဝဠာမှ အစိမ်းရောင်ကျောက် များစွာလည်း ရရှိလိုက်သေးသည်။

ဤတျန်းဂျီလျို့ဝှက်နယ်မြေမှာ ရိုးရှင်းမှုနှင့် အလှမ်းကွာလွန်းလှသည်။ အကယ်၍ လိန်ဟုန်ကျီသာ သိမ်းပိုက်နိုင်ခဲ့လျှင် သူနှင့် လိန်ဟုန်ကျီကြားတွင် ကွာခြားချက်အကြီးကြီး ဖြစ်လာလိမ့်မည်။

မိုဝူကျိက လမ်းကြောင်းထဲ ဝင်လိုက်သည်နှင့် လော့ကျမ်းစာရွက် ခြောက်ရွက်လုံးနှင့် ချိတ်ဆက်ထားလိုက်သည်။ တစ်ခုခု လွဲမှားကြောင်း ခံစားမိသည်နှင့် သူက လော့ကျမ်းစာရွက်ကို ချက်ချင်း အသက်သွင်းကာ ကိုယ့်ဘာသာ ကာကွယ်လိုက်မည် ဖြစ်၏။

အသိချင်ဆုံးအရာက ဤနေရာတွင် အန္တရာယ်အငွေ့အသက်များ မရှိနေပေ။ သိပ်သည်းလွန်းသည့် သဘာဝစွမ်းအားများအပြင် လမ်းတစ်ခုလုံးမှာ မှုန်ဝါးနေလေ၏။ သူက စိတ်စွမ်းအားကိုပင် မထုတ်လွှင့်နိုင်ပေ။

မိုဝူကျိက အစိမ်းရောင်ကျောက်များနှင့် ကျင့်ကြံဖိူးသည့်အတွက် ထိုသဘာဝစွမ်းအားများ သူ့ဆီ ပြေးဝင်လာသည်နှင့် သူက ထိုစွမ်းအားမှာ အစိမ်းရောင်ကျောက်စွမ်းအားနှင့် တူညီနေကြောင်း သိလိုက်သည်။

သူ့စိတ်စွမ်းအားကို မထုတ်လွှင့်နိုင်သော်လည်း မိုဝူကျိတွင် စိတ်ဝိညာဉ် မျက်လုံးမျိုး ရှိနေသေး၏။

သူ့စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းပြီးနောက် မိုဝူကျိ ရှေ့မှောက်၌ ကျယ်ပြောလှသော ရွံ့နွံတော ပေါ်လာသည်။ ပုံမှန်နှင့် ကွာခြားနေသည်က ဤရွံ့နွံတောမှာ အောက်ဘက်သို့ လျှောကျနေခြင်း ဖြစ်၏။ ထို့အပြင် ရွံ့နွံ့တော၌ သက်ရှိ အရိပ်အယောင်များ မရှိနေဘဲ နွံ့ဘေးပတ်လည်ရှိ ရေအိုင်များပင် ခမ်းခြောက်နေလေ၏။

ထိုအောက်လျှောကျနေသည့် ရွံ့နွံ့အလယ်တွင် ဧရာမ ကျောက်တုံးကြီး ရှိနေသည်။ မိုဝူကျိက ထိုကျောက်တုံးကို မြင်လိုက်ရစဉ်က အများဆုံး မီတာ သုံးရာလောက်သာ ရှိလိမ့်မည်ဟု ထင်မှတ်မိခဲ့သည်။ သို့သော် ယခုတွင် သူက ဤကျောက်တုံးကြီးမှာ အဆများစွာ ပိုနေသေး၏။ ထိုကျောက်တုံးထိပ်တွင် အလျားလိုက် ရှိနေသည့် ကျောက်တုံးကြီး ရှိနေသည်။ ထိုကျောက်တုံးပေါ်၌ စာလုံးကြီး နှစ်လုံး ရှိနေသည်။

 “ တျန်းဂျီ ”

မိုဝူကျိက ရှေ့တိုးလာပြီး သဘာဝစွမ်းအားများက ပိုမို သိပ်သည်းလာသည်။ အသက်ရှိုက်စာ တစ်ဝက်စာအတွင်း သူ့ဘေးပတ်လည်ရှိ တည်နေရာမှာ မူမမှန် ဖြစ်လာကာ မိုဝူကျိ၏ ခန္ဓာကိုယ်အား ဆွဲဖြဲပစ်မည့် အားပြင်းပြင်း တစ်ခု ရောက်လာသည်။

မိုဝူကျိတွင်  နတ်ဘုရား ရုပ်ခန္ဓာ နောက်ဆုံးအဆင့် ရှိနေသော်လည်း သွေးမြူများက သူ့ခန္ဓာမှ ထွက်လာသည်။

ထိုစဉ် မိုဝူကျိက မည်သူမှ မလွတ်မြောက်နိုင်သည့် အကြောင်းအရင်းကို နောက်ဆုံးတွင် နားလည်သွားသည်။ မိုးမြေစည်းမျည်းက အရမ်းထူးဆန်းနေသည်။ သူ့တွင် လော့ကျမ်းစာရွက် ရှိနေသော်လည်း လော့ကျမ်းစာရွက်ကို အသက်မသွင်းနိုင်ပေ။ သူက လော့ကျမ်းစာရွက်ကို အပြည့်အဝ သန့်စင်ပြီးသည့်အခါ  တစ်ခါအသုံးပြုနိုင်သော်လည်း ယခုအခါ လုံးဝ အသုံးမပြုနိုင်တော့ပေ။

သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းဖြင့်ပင် သူက ကာကွယ်ရေး ရတနာအား အသုံးမပြုနိုင်ပေ။ တခြားသူများကို ပြောနေစရာ မလိုပေ။ သူတို့သည်လည်း ကာကွယ်ရေး ရတနများကို ထုတ်သုံးနိုင်မည် မဟုတ်ကြပေ။

လွတ်မြောက်လာသည့်သူက သေချာပေါက် ရုပ်ခန္ဓာလေ့ကျင့်ရေး ပညာရှင်တစ်ဦးသာ ဖြစ်ပေလိမ့်မည်။

မိုဝူကျိက တွေးမိလိုက်သည့်အခါ သူ့ခန္ဓာကိုယ် ဒဏ်ရာမှ ပုရွတ်ဆိတ်ကိုက်သလို နာကျင်မှုလေး ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် သူ့ဒဏ်ရာမှ အဖြူရောင် မြူခိုးများ ထွက်လာလေ၏။

မိုဝူကျိ၏ အဆိပ်ဖြေ လမ်းကြောင်းက ချက်ချင်း ပြောင်းပြန် လှည့်ပတ်လာသည်။ သိပ်မကြာခင် ကျန်ရှိနေသော ချီသွေးကြောများကလည်း လှည့်ပတ်မှုအတွင်း ပါဝင်လာကြ၏။ ထိုသို့ဖြစ်လာသည့်အခါ မြူခိုးများကို ဒဏ်ရာများမှ ဆက်တိုက် ဖယ်ရှားခံနေရသည်။

မိုဝူကျိက စိတ်ထဲတွင် အတော်လေး အံ့အားသင့်နေမိ၏။ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို ဖြတ်ပစ်နိုင်သည့် အာကာသ မူမမှန်မှုများက ကြောက်စရာအကောင်းဆုံး မဟုတ်သေးပေ။ ထို့အစား သတိမပြုမိဘဲ သူ့အထဲသို့ ဝင်ရောက်လာသည့်  အဆိပ်က အဆိုးရွားဆုံး ဖြစ်၏။

အကယ်၍ သူ့တွင် အဆိပ်ဖြေလမ်းကြောင်းသာ မရှိလျှင် ယခုသေနေလောက်လေပြီ။ သူက အဆင့် ၉  ဆေးလုံးဧကရာဇ် တစ်ယောက် ဖြစ်သော်လည်း သူ့ဆေးလုံး တစ်ခုတည်းဖြင့် ဤအဆိပ်အား ပြေစေလိမ့်မည်ဟု အာမ မခံရဲပေ။

သူ့ရှေ့မှ လူနှစ်ယောက်က အသက်ရှင်နေဆဲ ဖြစ်ကာ သူတို့နှစ်ယောက်လုံးက အရမ်းကို အံ့ဩဖို့ကောင်းကြောင်း သိသာလှသည်။ မိုဝူကျိက ဟူချီရှန်းသည် မည်မျှ အားကောင်းကြောင်း တွေးမိသွား၏။ ဤလူက အချိန်အတော်ကြာကြာ နေခဲ့ပေရာ အားမကောင်းလျှင် ဟန်လုံ၏ ဘိုးဘေး ယန်ယီအား သတ်နိင်မည် မဟုတ်ပေ။

တစ်ဖက်တွင် နောက်တစ်ယောက်က လိန်ဟုန်ကျီ ဖြစ်နေသည်။ လိန်ဟုန်ကျီသာ အသက်ရှင်နေသေးပါက သူ့အနေနှင့် လိန်ဟုန်ကျီ၏ အင်အားကို သေချာတွက်ချက်ကြည့်ဖို့ လိုအပ်နေသည်။

မိုဝူကျိက သတိကြီးကြီးနှင့် ဆက်သွားလိုက်သည်။ မကြာခင် မိုဝူကျိက ဤထူးဆန်းလှသော ရွံ့နွံ့တော အစွန်းသို့ ရောက်ရှိလာသည်။ သူ့ကို အံ့ဩစေသည်က ကျောက်တုံးကြီးကို တွေ့လိုက်ရစဉ် အလယ်ခေါင်တွင် ရှိနေသည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ ရွံ့နွံ့တော အနက်ပိုင်းအတွင်းတွင် ဖြစ်နေသည်။

ဤနေရာမှာ ထူးခြားလှပေသည်။

မိုဝူကျိက ရွံ့နွံ့တောစပ်တွင် မတ်တတ်ရပ်လိုက်ရင်း စိတ်ဝိညာဉ်မျက်လုံးမှ သဘာဝစွမ်းအားများ ပိုမိုသိပ်သည်းလာသည့် ရွံ့နွံ့အတွင်းမှ တည်နေရာတစ်ခုကို မြင်လိုက်ရသည်။ အခြားနေရာများမှာ နှိုင်းယှဉ်ကြည့်လျှင် အတော်လေး လျော့နည်းလေ၏။

မိုဝူကျိက ရွံ့နွံ့တောထဲ ဝင်သွားဖို့ တုံ့ဆိုင်းမနေတော့ပေ။

အာကာပြင် မူမမှန်မှုများက ပို၍ အားကောင်းလာကာ မိုဝူကျိ ကိုယ်ပေါ်မှ ဖိအားသည်လည်း တဖြည်းဖြည်း ကြီးမားလာသည်။ ထိုစဉ် မိုဝူကျိက သူ့တွင် နတ်ဘုရား ရုပ်ခန္ဓာရှိနေသည့်အတွက် အရမ်းကို ကျေးဇူးတင်မိနေသည်။ မဟုတ်လျှင် ယခု သေနေလောက်လေပြီ။ သူက နောက်ဆုတ်နိုင်သော်လည်း သူ နောက်ဆုတ်နိုင်မည် မဟုတ်ကြောင်း ခံစားချက်တို့လည်း ရနေမိ၏။

သူ့ရုပ်ခန္ဓာ ရုပ်ခန္ဓာကျင့်စဉ်ကိုလည်း လှည့်ပတ်လိုက်သည်။ မိုဝူကျိအား စိတ်သက်သာရာ ရသွားစေသည်က ဤနေရာကား သူ့ရုပ်ခန္ဓာကျင့်ကြံဖို့အတွက် အရမ်းကို သင့်တော်ပေသည်။

ထို့အပြင် အာကာပြင် မူမမှန်မှုများက သူ့ခန္ဓာကိုယ်တစ်လျှောက် ဒဏ်ရာများစွာ ဖြစ်လာစေရာ သူ့အဆိပ်ဖြေ လမ်းကြောင်းအတွင်း စုပ်ယူခြင်းခံရသော အဆိပ်များလည်း များပြားလာသည်။ အဆိပ်ကို သဘာဝစွမ်းအားအဖြစ် ပြောင်းလဲပစ်ကာ ထိုသဘာဝစွမ်းအားက မိုဝူကျိ၏ ခန္ဓာကိုယ်အား မယုံနိုင်လောက်သည့်နှုန်းနှင့် အားဖြည့်ပေးလေ၏။

မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၇ တွင် တစ်ဆို့နေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သို့သော် ဤအချိန်၌ သူက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၈ သို့ တက်လှမ်းဖို့ရာ အချိန်ခဏမျှသာ လိုအပ်ပေသည်။

အကယ်၍ တျန်းဂျီ၏ လျို့ဝှက်ချက်များနှင့် လိန်ဟုန်ကျီက သူ့ရှေ့တစ်လှမ်းစောနေသည့်အချက်များကြောင့်သာ မဟုတ်လျှင် မိုဝူကျိက ဤနေရာတွင် နေ၍ ကျင့်ကြံမိလောက်၏။ ဤနေရာကား သူ့ခန္ဓာကိုယ် လေ့ကျင့်ဖို့ရာအတွက် အမှန်တကယ် သင့်တော်လွန်းပေ၏။

……………..…

သူ့စိတ်ဝိညာဉ်မျက်လုံးဖြင့် မိုဝူကျိက ဤရွံ့နွံ့တောမှာ ကျယ်ပြောကာ အဆုံးအစမဲ့ကြောင်း မြင်လိုက်ရသည်။ သို့သော်လည်း လက်တွေ့၌ ဤရွံ့နွံ့တောက အဆုံးမဲ့နေခြင်း မဟုတ်ပေ။

ရွံ့နွံ့တောအဆုံး၌ တံခါးတစ်ချပ် ရှိနေသည်။ တံခါးနောက်တွင် နံရံများမရှိသည့် ခန်းမကြီးတစ်ခု ရှိနေသည်။ အကယ်၍ နံရံများကို မမြင်နိုင်လျှင် ဤခန်းမက မည်မျှ ကျယ်ဝန်းမည်ကို စိတ်ကူးကြည့်၍ ရပေသည်။ အကယ်၍ တံခါးနှင့် ခပ်မာမာ မြေကြီးကြောင့်သာ မဟုတ်လျှင် ဤနေရာမှာ ဟင်းလင်းပြင်တစ်ခုသာ ဖြစ်လိမ့်မည်။

ထိုစဉ် ခန်းမအတွင်း လူသုံးယောက်က မျက်နှာချင်းဆိုင် ရှိနေကြ၏။

အကယ်၍ မိုဝူကျိသာ ရှိနေပါက သူတို့အထဲမှ တစ်ယောက်မှာ လိန်ဟုန်ကျီ ဖြစ်ကြောင်း မှတ်မိပေလိမ့်မည်။ လိန်ဟုန်ကျီက ရုပ်ဖျက်ထားပြီး  သူတို့နှစ်ဦးက များစွာ မတွေ့ဖူးသော်လည်း မိုဝူကျိက လိန်ဟုန်ကျီ၏ ပြင်းထန်လွန်းသော လျှပ်စီးတာအို အရှိန်အဝါများကို ချက်ချင်း သတိထားမိပေလိမ့်မည်။

နောက်နှစ်ယောက်အနက် တစ်ယောက်မှာ မှုန်ဝါးဝါးမျက်နှာနှင့် လူအိုကြီး တစ်ယောက် ဖြစ်ပြီး နောက်တစ်ယောက်မှာ မိန်းမပျိုလေး တစ်ဦး ဖြစ်ပေသည်။

All Chapters