← Chapters

ရင်းနှီးနေသည့် အမျိုးသမီး

Vol. 63 Ch. 871

ရင်းနှီးနေသည့် အမျိုးသမီး

Vol. 63 Ch. 871

“  ရှင်တို့နှစ်ယောက်က ဒီအထိ ရောက်လာတယ်ဆိုတော့ စွမ်းဆောင်ရည် ရှိတယ်လို့ ပြောရမှာပဲ …. မဟုတ်သေးဘူး လျို့ဝှက်ချက် ရှိတယ်လို့ ပြောရမလား ” ပြောလိုက်သူမှာ မိန်းမပျိုလေး ဖြစ်၏။

သူမက ပြောလိုက်ရင်း လက်ဖဝါးကို ရုတ်ချည်း ဖြန့်လိုက်သည်။ သူတို့ဘေးပတ်လည်၌ ပြင်းထန်သည့် လေဆင်နှာမောင်းတစ်ခု ပေါ်လာသည်။ အခြားနှစ်ယောက်ကလည်း ကာကွယ်ရေး ရတနာများ အမြန်အဆန် ဆွဲထုတ်လိုက်ကြသည်။

ထိုလေဆင်နှာမောင်းက မကြာခင် ပျောက်ကွယ်သွားလေ၏။ တစ်ချိန်တည်းဆိုသလို ထိုလူနှစ်ယောက်၏ ပုံစံက ပြောင်းလဲသွားလေသည်။ ထိုစဉ် မှုန်ဝါးဝါး မျက်နှာနှင့် ရုပ်ဖျက်ထားသည့် အနက်ဝတ် အမျိုးသားတစ်ဦးက  ဖြူဖျော့ဖျော့ အသားရေနှင့် လူငယ်လေး ဖြစ်လာ၏။ နောက်တစ်ယောက်မှာလည်း လူငယ်လေး ဖြစ်ပြီး သိမ်းဌက်လို မျက်လုံးနှင့် မျက်နှာရှည်ရှည် ရှိသည့် အမျိုးသား ဖြစ်ပေသည်။

အမျိုးသမီးက သူတို့ရုပ်ဖျက်ထားခြင်းအား အလွယ်လေး ဖယ်ရှားလိုက်သည်ကို မြင်လိုက်သောအခါ နှစ်ယောက်လုံးက အတော်လေး အံ့ဩသွားကြသည်။ သူတို့နှစ်ယောက်လုံးက အင်မော်တယ်လောကတစ်ခုလုံးမှ ထိပ်တန်းအဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း သူတို့နှစ်ယောက်လုံးက ထိုအမျိုးသမီး၏ ကျင့်ကြံဆင့်ကို မမြင်နိုင်ကြပေ။

“ ဒီတာအိုရောင်းရင်းရဲ့ နည်းလမ်းတွေက သာမာန်မဟုတ်ဘူးပဲ … ဒါပေမဲ့ ခင်ဗျားအတွက်လည်း ကျုပ်တို့ကို သတ်ဖို့ မလွယ်လောက်ဘူး။ တကယ်လို့ ကျုပ်တို့ အတူတိုက်ရင် တာအိုရောင်းရင်းအပေါ်က ပြောင်းလဲမျှခြေအဆောင်က သေချာပေါက် ပျက်စီးသွားမှာပဲ ” ပြောလိုက်သူမှာ အနက်ဝတ် ဖြူဖျော့ဖျော့ မျက်နှာနှင့် လူငယ်လေး ဖြစ်၏။

သူ့စိတ်ထဲ၌ တုန်လှုပ်မိနေသည်။ သူက လိန်ဟုန်ကျီအား တွေ့လိမ့်မည်ဟု မထင်ထားပေ။ ယခု အမျိုးသမီးက  လိန်ဟုန်ကျီ၏ ရုပ်ဖျက်မှုကို ဖယ်ထုတ်လိုက်ပြီ ဖြစ်ရာ သူက လိန်ဟုန်ကျီကို မှတ်မိသည်မှာ ပုံမှန်သာ ဖြစ်၏။

တူညီလှစွာ လိန်ဟုန်ကျီလည်း ကျီချန်းလော့၏ အဆန်းကြယ်ဆုံး နောက်လိုက်နှင့် တွေ့ရလိမ့်မည်ဟု မထင်ထားပေ။ သူက ထိုလူ၏ နာမည်မှာ ဟူချီရှန်း ဖြစ်ကြောင်းသာ သိထားပြီး ကျန်တာ တစ်ခုမှ မသိပေ။

မိန်းမပျိုလေးက ထိုဖြူဖျော့ဖျော့ မျက်နှာနှင့် လူငယ်စကားကို အလေးမထားသည့်အလား  ခပ်ပေါ့ပေါ့ ရယ်မောလိုက်ပြီး အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ တကယ်လို့ မင်းတို့ဆီမှာ တျန်းဂျီအမှတ်အသား မပါရင် ထွက်သွားကြ …. မင်းတို့ ငါ့ကို မယုံရင် ချက်ချင်း တိုက်လို့ရတယ်။ ငါက မင်းတို့ကို သတ်နိုင်မလား ကြည့်ကြည့်ပေါ့ ”

လိန်ဟုန်ကျီက ရုတ်တရက် ဝင်ပြောလိုက်သည်  “ ကျုပ်နာမည်က လိန်ဟုန်ကျီပါ။ ကျုပ်က ခင်ဗျားကို တကယ်မယုံဘူး။ တကယ်လို့ စီနီယာအစ်မက တိုက်ခိုက်ချင်ရင်တော့ ကျုပ် လိန်ဟုန်ကျီက အဆုံးအထိ အဖော်ပြုပေးနိုင်တယ် ”

လိန်ဟုန်ကျီက ထိုစကားများ ပြောလိုက်စဉ် ဟူချီရှန်းက တည်ငြိမ်နေဆဲ ဖြစ်၏။ ထိုအမျိုးသမီးက သူတို့ထက် အားကောင်းသော်လည်း သူတို့အား အလွယ်လေး သတ်ဖြတ်နိုင်ကြောင်း ပြောနေခြင်းမှာ အပိုလျှောက်ပြောနေခြင်းသာ ဖြစ်ရမည်။ သူက အနည်းငယ် ရှက်ရွံ့မိသွားလေ၏။ သူက သတိကြီးကြီးထားနေသောကြောင့် ထိုအမျိုးသမီးက သူတို့အား လှည့်ဖျားနေခြင်းကို ချက်ချင်း မပြောနိုင်ခဲ့ပေ။ ယခု သူမက သူတို့၏ ရုပ်ဖျက်စွမ်း ဖျက်စီးပစ်လိုက်ရုံမျှနှင့် သူမ၏ စွမ်းအားမှာ သူတို့အထက် ကျော်လွန်နေလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ထိုမိန်းမပျိုလေးက လိန်ဟုန်ကျီ၏ တုံ့ပြန်မှုစကားကို အံ့အားသင့်မိသွားသော်လည်း ဘာမှမပြောလိုက်ပေ။

ထိုမိန်းမပျိုလေးက သူတို့အား ထပ်၍ မခြိမ်းခြောက်တော့သော်လည်း လိန်ဟုန်ကျီက ဓားကို ထုတ်ကာ  “ ဒါက ခင်ဗျား ပြောတဲ့ တျန်းဂျီ အမှတ်အသား လေးခုထဲက တစ်ခုမလား ”

ထိုဓားက သာမာန်ဖြစ်နေသော်လည်း တစ်ချိန်တည်းဆိုသလို ထူးခြားနေပေသည်။ ဤဓားတွင် ဓားလက်ကိုင်လည်း မရှိသလို ဓားသွားလည်း မရှိပေ။ ဓားမျက်နှာပြင်နှင့် ဓားထိပ်နှင့် အထူအတူတူ ဖြစ်နေ၏။

“ တျန်းဂျီဓား ” ထိုမိန်းမပျိုလေးက ဓားကို မြင်သည်နှင့် မျက်ဝန်း၌  လေးနက်သည့် အရိပ်အယောင် ဖြတ်သွားကာ တအံ့တဩ ရေရွတ်လိုက်သည်။

“ ဒီဓားက အမှတ်အသားလေးခုထဲက တစ်ခုမလား ” လိန်ဟုန်ကျီက အလျှင်မလိုဘဲ မေးလိုက်သည်။

မိန်းမပျိုလေးက ခေါင်းညိတ်ကာ  “ ဟုတ်တယ် …. အဲဒါက တျန်းဂျီအမှတ်အသား လေးခုထဲက တျန်းဂျီဓားပဲ ”

ထို့နောက် သူမက ဟူချီရှန်းအား ကြည့်လိုက်သည်။ ယခု လိန်ဟုန်ကျီက တျန်းဂျီဓားကို ထုတ်ပြပြီးပြီ ဖြစ်ရာ ဟူချီရှန်းက ဘာမှထုတ်ပြစရာ မရှိလျှင် လိန်ဟုန်ကျီက သူမနှင့် ပေါင်း၍ ဟူချီရှန်းကို ဆန့်ကျင်ပေလိမ့်မည်။

ဟူချီရှန်းက လက်ဖဝါး ဖြန့်လိုက်သည့်အခါ လက်ထဲ၌ လက်ဝါးအရွယ်အစားရှိ အနက်ရောင် အမှတ်အသားပြားလေး ပေါ်လာသည်။

ဟူချီရှန်း လက်ထဲမှ အနက်ရောင် အမှတ်အသားပြားကို မြင်ကာ ထိုမိန်းမပျိုလေး မျက်ဝန်း၌ စိတ်သက်သာရာ ရသွားဟန် ပေါ်သည်။ ဤနေရာသို့ ရောက်လာကြသူများမှာ တျန်းဂျီအမှတ်အသား ပိုင်ဆိုင်ထားသူများသာ ဖြစ်၏။

“ ဒါကလည်း တျန်းဂျီအမှတ်အသားလေးခုထဲကလား ” ဟူချီရှန်းက မှုန်မှိုင်းမှိုင်း မေးလိုက်သည်။

မိန်းမပျိုလေးက တုံ့ပြန်လိုက်သည် “ ဟုတ်တယ် …. အဲဒါကလည်း တျန်းဂျီ အမှတ်အသားလေးခုထဲကပဲ ”

လိန်ဟုန်ကျီက တျန်းဂျီဓားကို သိမ်းကာ ပြောလိုက်သည်  “ ဒီက တာအိုရောင်းရင်း ….. တာအိုရောင်းရင်း ဟူချီရှန်းနဲ့ ကျုပ်က ကျုပ်တို့ အမှတ်အသားတွေ ပြပြီးပြီ။ ခင်ဗျားလည်း မထုတ်ပြသင့်ဘူးလား ”

မိန်းမပျိုလေးက ဘာမှထုတ်မပြပေ။ ထို့အစား သူမက အေးအေးဆေးဆေး ပြောလိုက်သည်  “ ငါ့ဆီမှာ အမှတ်အသားမရှိဘူး။ ဒါပေမဲ့ မင်းတို့ထဲက ဘယ်သူက ဒီအမှတ်အသားလေးခုကို သုံးပြီး တျန်းဂျီကို ဖွင့်ရမယ်ဆိုတာ သိလို့လဲ။ ငါတစ်ယောက်တည်း သိတာ …. ပြီးတော့ ငါ့မှာလည်း ကိုယ်ပိုင် အရှိန်အဝါ ရှိပါတယ်။ ငါတို့တွေ အတူတူ ပူးပေါင်းလုပ်ရမယ်ဆိုတော့ ငါ့နာမည်ကို ပြောရတာပေါ့ … ငါ့နာမည်က ယူကျန်းနာ ”

“ အဲဆို တျန်းဂျီကို အခုဖွင့်လို့ ရပြီလား ” ဟူချီရှန်းက ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားချင်နေပြီ ဖြစ်၏။ သူက လိန်ဟုန်ကျီနှင့် မတူပေ။ သူက အင်မော်တယ်လောကသို့ ဖင်းဖန်ကို ဖျက်စီးရန် ကျီချန်းလော့ အမိန့်ဖြင့် ရောက်လာခြင်း ဖြစ်၏။ သူက တျန်းဂျီနေရာကို တွေ့လိုက်ရ၍ တာဝန်မှ သွေဖီကာ မိုဝူကျိနှင့် ရင်ဆိုင်မည့်အစား  ဤနေရာသို့ ရောက်လာခြင်း ဖြစ်ပေသည်။

ထို့ကြောင့် သူက အထက်ဘုံမှ စေလွတ်လိုက်သည့် တပ်မှာ ပျက်သုန်းသွားကြောင်း မသိသေးသလို လိန်ဟုန်ကျိက ကျီချန်းလော့ကို သတ်ပစ်လိုက်သည့်အကြောင်းလည်း မသိထားသေးပေ။

“ မဟုတ်သေးဘူး …. ငါတို့တွေ တျန်းဂျီအမှတ်အသား လေးခုလုံး လိုအပ်တယ် ” ယူကျန်းနာက အချိန်မဆွဲဘဲ တန်းပြောလိုက်သည်။

ဟူချီရှန်းနှင့် လိန်ဟုန်ကျီတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့က အမှတ်အသား နှစ်ခုလိုနေဆဲ ဖြစ်ရာ သူမ ပြောသည့် အတူတူ ပူးပေါင်းလက်တွဲမယ်ဆိုတာက လျှောက်ပြောတာ ဖြစ်မနေဘူးလား ….

ယူကျန်းနာက အေးအေးဆေးဆေး ပြောလိုက်သည်  “ အမြင်နဲ့တင် မင်းတို့နှစ်ယောက်က တျန်းဂျီအမှတ်အသားလေးခုအကြောင်း မသိသေးဘူးပဲ …. သူတို့ကို တျန်းဂျီအမှတ်အသားလေးခုလို့ ခေါ်ပြီးတော့ သူတို့ကို ပိုင်ဆိုင်ထားသူက ဒီနေရာ ပွင့်လာတာနဲ သေချာပေါက် သိလိမ့်မယ်။ သူတို့သိတာနဲ့ ဒီကို ရောက်လာမှာပဲ …. ဒါက ကောင်းကင်ဘုံ ကံတရားရဲ့ တစိတ်တပိုင်းပဲ ….”

(တျန်းဂျီ - ကောင်းကင်ဘုံ ကံတရား)

“ အဲဆို သူတို့ကို ဝင်လာပြီးတော့ ဒီနေရာကို ရောက်မလာရင် ကျုပ်တို့ ဘယ်လိုလုပ်မလဲ ” လိန်ဟုန်ကျီက စိုးရိမ်စွာ မေးလိုက်သည်။

ယူကျန်းနာက ခပ်ယဲ့ယဲ့ပြုံးကာ  “ ဝင်လာတာနဲ့ တျန်းဂျီ အမှတ်အသား တစ်ခုချင်းစီက ဒီကို ဦးတည်လာလိမ့်မယ်။ တျန်းဂျီ အမှတ်အသားကို ပိုင်ဆိုင်ထားတဲ့ လူ သေသွားရင် အမှတ်အသားက ဒီကို အလိုလို ရောက်လာလိမ့်မယ်။ ဒါပေမဲ့ တျန်းဂျီ အမှတ်အသားကို ကြုံရာကျပန်းလူက ပိုင်ဆိုင်နိုင်မယ် ထင်နေလား ”

ယူကျန်းနာက ဆက်ပြောစရာ မလိုတော့ပေ။ ဟူချီရှန်းနှင့် လိန်ဟုန်ကျီတို့က သူမ စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်လိုက်ကြသည်။ သူမက ထိုတျန်းဂျီအမှတ်အသားတစ်ခုကို ပိုင်ဆိုင်ထားဖို့ရာ ကောင်းကင်ဘုံ ကံတရားနဲ့ ကံကောင်းမှုတို့လည်း ပိုင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောနေခြင်း ဖြစ်၏။

“ ဒီလိုဆိုမှတော့ ကျုပ်တို့ စောင့်ကြတာပေါ့ ” ထိုသို့ပြောပြီးနောက် ဟူချီရှန်းက နောက်ဆယ်လှမ်းဆုတ်ကာ မျက်လုံးပိတ်ကာ စကားဆက်မပြောတော့ပေ။

ဟူချီရှန်းက ထိုင်ချလိုက်သည့်အခါ ယူကျန်းနာနှင့် လိန်ဟုန်ကျီတို့လည်း နောက်ဆုတ်လိုက်ကြပြီး ကျင့်ကြံဖို့ နေရာအသီးသီး ရှာလိုက်ကြသည်။

…………..…

မိုဝူကျိက ဆက်တိုက် တိုးတက်လာပြီးနောက် သူ့ရုပ်ခန္ဓာ လေ့ကျင့်နှုန်းမှာလည်း ပိုပိုအားကောင်းလာနေသည်။ သို့သော်လည်း သူက မည်မျှ လျှောက်လှမ်းစေကာမူ ဧရာမ ကျောက်တုံးကြီးက သူ့ရှေ့တွင် ရှိနေစမြဲ ဖြစ်၏။

ငါးရက်အကြာတွင် မိုဝူကျိက ရပ်တန့်လိုက်သည်။ သူက ရွံ့နွံ့တော အဆုံးသို့ လျှောက်လှမ်းလာပြီးလေပြီ။

ရွံနွံ့တောအဆုံးတွင် ဧရာမ ကျောက်တုံးကြီးက ရှိနေ၏။ သို့သော် ပို၍ပင် မြင့်မားလာဟန် ပေါ်သည်။

မိုဝူကျိက ထိုကျောက်တုံးကြီးကို အာရုံမစိုက်ပေ။ ထို့အစား ရွံ့နွံ့တောအဆုံးမှ တံခါးကြီးကိုသာ ကြည့်လိုက်သည်။ ထိုတံခါးကြီးမှာ အစီအရင် ဂိတ်တံခါးဝနှင့် တူပြီး ခမ်းခြောက်နေသည့် ရွံ့နွံ့တော၌ ထီးထီးကြီး တည်ရှိနေသည်။

မိုဝူကျိ၏ အစီအရင်တာအိုမှာ အဆင့် ၉ ကျော်လွန်သွားသည်မှာ ကြာမြင့်လှလေပြီ။ သူက ဤသည်မှာ အစီအရင်ဂိတ်တံခါး မဟုတ်ကြောင်း ကောင်းကောင်း သိလိုက်သည်။ ဤတံခါးမှာ သာမာန်တံခါးချပ်သာ ဖြစ်၏။ သို့သော်လည်း ဤတံခါးအတွင်း တာအိုစွမ်းအားများ စီးဆင်းနေပြီး ဖော်ပြ၍ မရသည့် အရှိန်အဝါမျိုး ပေးစွမ်းနေသည်။

မိုဝူကျိက တံခါးထဲ ချက်ချင်း မဝင်သေးပေ။ ထိုစဉ် သူက အတော်လေး ငြိမ်သက်နေမိ၏။

သူက ဤရွံ့နွံ့တောကို ဖြတ်ဖို့ရာ ငါးရက်အချိန်ယူလိမ့်မည်ဟု မထင်ပေ။ ယခု ရက်များစွာကုန်ဆုံးသွားပြီ ဖြစ်ရာ လိန်ဟုန်ကျီက ရတနာ တွေ့နေလောက်လေပြီ။ သူ့အနေနှင့် အထဲသို့ ဝင်သွားပြီး ရတနာအတွက် တိုက်ခိုက်ဖို့ရာ အသုံးမဝင်ပေ။ တစ်ဖက်တွင် သူ့အတွက် ဂရုစိုက်သည်က ပိုကောင်းပေ၏။ သူက လိန်ဟုန်ကျီအား ရှင်းထုတ်နိုင်ဖို့ ဤအခွင့်အရေးအား အသုံးချရမည်။

အကယ်၍ လိန်ဟုန်ကျီက ရတနာ မရထားလျှင် သူ့အတွက် စိတ်ပူပင်မှု လျော့နည်းသွားပေမည်။

မိုဝူကျိက စိတ်ဝိညာဉ် မျက်လုံးကို အသက်သွင်းလိုက်ပြီး တံခါးကို ချောင်းကြည့်လိုက်သည်။

တံခါးနောက်တွင် ကျယ်ဝန်းသော ခန်းမကြီးတစ်ခု ရှိနေပြီး သူက ခန်းမနံရံများပင် မမြင်ရပေ။ ခန်းမအတွင်း လူသုံးယောက်သာ ရှိ၏။ ထိုလူသုံးယောက်က တြိဂံပုံစံဖြင့် နေရာယူထားကြပြီး တစ်ယောက်နှင့် တစ်ယောက် သတိကြီးကြီးထားနေကြသည်။

ယခင် ကောင်းကင်ဧကရာဇ် စစ်ကျိုက်က လူနှစ်ဦးတည်းသာ ဝင်သွားကြောင်း ပြောခဲ့လေ၏။ သို့သော် ယခုအခါ သူက သူတို့အထဲမှ တစ်ယောက်မှ အမျိုးသမီးဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ယူကျန်းနာက မိုဝူကျိ၏ အကြည့်ကို သတိပြုမိဟန်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။

ထိုစဉ် မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို ပိတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီး ကီလိုမီတာ တော်တော် ဝေးဝေးအထိ နောက်ဆုတ်လိုက်သည်။

အကယ်၍ သူ့ခန့်မှန်းချက်သာ မမှားလျှင် လူငယ်နှစ်ဦးမှာ ဟူချီရှန်းနှင့် လိန်ဟုန်ကျီသာ ဖြစ်ရမည်။ သူက ဟူချီရှန်းအား တစ်ခါမှ မမြင်ဖူးသော်လည်း လိန်ဟုန်ကျီနှင့် ရင်ဆိုင်ဖူးပေသည်။

တစ်ဖက်တွင် သူက ထိုအမျိုးသမီးဆီမှ ရင်းရင်းနှီးနှီး ခံစားချက် ရနေသည်။ ထိုအမျိုးသမီးက သူသာ တံခါးကို ဖြတ်၍ ဝင်သွားလိုက်သည်နှင့် ချက်ချင်း သေဆုံးသွားနိုင်သည့်အထိ  အန္တရာယ်ပေးနိုင်သော ခံစားချက်မျိုး ပေးစွမ်းနေသည်။

သူက သူ့ပတ်လည်၌ အစီအရင် သင်္ကေတ ရာချီ လွှမ်းခြုံထားလိုက်ပြီး ထိုအမျိုးသမီးက ဘယ်သူများလဲဟု တွေးတောမိနေသည်။

အသက်ရှိက်စာအနည်းငယ်အတွင်း မိုဝူကျိ၏ မျက်နှာမှာ ဖြူဖျော့သွားလေ၏။ နောက်ဆုံးတွင် သူက မှတ်မိသွားလေပြီ။ အင်မော်တယ်လောကသို့ ပြန်လာစဉ်အခါက ဆံပင်အညိုရောင်နှင့် ထူးထူးခြားခြား အမျိုးသားတစ်ဦးကို သတ်ခဲ့သေးသည် မဟုတ်ပါလော။

ထိုလူငယ်လေး၏ ကျင့်ကြံဆင့်က သူ့ထက် များစွာ မြင့်နေပေသည်။ အကယ်၍ ထိုလူငယ်လေး၏ ကျင့်ကြံဆင့်ကို ပြောင်းလဲမျှခြေနှင့် ဖိနှိပ်ထားပြီး ထိုအဆောင်က လူငယ်လေး၏ ခန္ဓာကိုယ်အား တစစီ ဖြစ်သွားစေသည့် အချက်ကြောင့်သာ မဟုတ်လျှင် ထိုလူငယ်လေးအား သတ်နိုင်ဖို့ မဖြစ်နိုင်ပေ။ မိုဝူကျိက သူ့လျို့ဝှက်တိုက်ကွက် တစ်ခုကိုပင် ခုခံနိုင်မည် မဟုတ်ပေ။

ထိုအမျိုးသမီးက ထိုလူငယ်လေးနှင့် ဆင်နေခြင်း ဖြစ်ပေသည်။

ထိုစဉ် မိုဝူကျိက အပြီးသတ်တော့မည့် ခံစားချက် မည်သည့်နေရာမှ ရောက်လာမှန်း မသိခဲ့လျှင် သူက အရူး ဖြစ်ပေလိမ့်မည်။

ထိုလူငယ်လေးနှင့် ထိုမိန်းမပျိုတို့က ဆက်နွယ်နေသည်မှာ သေချာလှသည်။ အကယ်၍ သူသာ ဝင်သွားခဲ့လျှင် ထိုအမျိုးသမီးက သူ့အား ထိုလူငယ်လေးအတွက် လက်စားချေပေးရန် သေချာပေါက် သတ်လိမ့်မည်။

မဟုတ်သေးပေ ….

မိုဝူကျိက မျက်မှောင်ကျုတ်လိုက်မိသည်။ သူနှင့်ရှိနေသည့်သူများသာ  ထိုလူငယ်လေးအား သူ သတ်လိုက်ကြောင်း သိထားကြသည်။ မည်သူကမှ ထိုအကြောင်းကို ထုတ်ပြောကြမည် မဟုတ်ပေ။ ထိုအမျိုးသမီးက မည်သို့ သိမည်နည်း။

မိုဝူကျိက တုန်လှုပ်မိသွားသည်။ နောက်ဆုံးတွင် သူက နားလည်သဘောပေါက်သွားတော့သည်။ သူ ထိုလူငယ်လေးကို သတ်လိုက်ပြီးသည့်နောက်တွင် အမှတ်အသားတစ်ခုခု သူ့အပေါ်  ကပ်ညှိနေသည်မှာ ရာနှုန်းပြည့် သေချာလှသည်။

မိုဝူကျိက ထိုအရာကို တွေးမိပြီး မှန်ကန်ကြောင်း ခံစားမိလာသည်။ ထိုအမှတ်အသားကို လူငယ်လေး၏ မိသားစုမှလွဲ၍ ကျန်သည့်သူ သိမည် မဟုတ်ပေ။ ယခု ဤမိန်းမပျိုလေးက ထိုလူငယ်လေး၏ ဆွေမျိုး ဖြစ်နေဟန် ပေါ်လေရာ သူမအနေနှင့် ထိုအမှတ်အသားအား သေချာပေါက် သတိပြုမိပေလိမ့်မည်။

မိုဝူကျိ၏ အမူအယာမှာ အနည်းငယ် မလိုလားဟန် ပြောင်းလဲသွားလေ၏။ သူက မတ်တတ်ရပ်ကာ နောက်ထပ် ကီလိုမီတာ အတော်ကွာသည့်အထိ နောက်ဆုတ်လိုက်ပြန်သည်။

ဤသည်မှာ တစ်ယောက်ယောက်က သူ့အပေါ် စိတ်ဝိညာဉ် အမှတ်အသား ချန်ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ထို့ကြောင့် သူက ထိုလူငယ်လေးကို သတ်ပြီးသည့်နောက်တွင် အမှတ်အသား စစ်ဆေးခဲ့သေး၏။ သို့သော် တစ်ခုတစ်လေမှ မတွေ့ရပေ။

အမြင်နှင့်တင် သူက သတိလက်လွတ် ဖြစ်သွားကြောင်း သိသာလှသည်။ ထိုအမှတ်အသားက ရှိနေဆဲ ဖြစ်ကာ သူက သတိမပြုမိခြင်းသာ ဖြစ်နေသည်။

ထိုမိန်းမပျိုလေးက သူ့အသက်ကို ခြိမ်းခြောက်နိုင်သည့် အန္တရာယ်ကိုလည်း မိုဝူကျိက သံသယ မဝင်ပေ။ ထိုလူငယ်လေးက ကျင့်ကြံရေးလောကတွင် ဖြစ်နေသောကြောင့် ပြောင်းလဲမျှခြေ၏ ဖိအားက အင်မော်တယ်လောကထက် အနည်းဆုံး နှစ်ဆမက ပိုကြီးမားပေသည်။ ယခု မြင်တွေ့လိုက်ရသည့် အမျိုးသမီး၏ ခန္ဓာကိုယ်တွင် ထိုလူငယ်ကဲ့သို့ အက်ရာများ မရှိနေပေ။

ဤသို့မျိုးအင်အားဖြင့် သူမက မိုဝူကျိကို သတ်ဖို့ရာ အခက်အခဲရော ရှိဦးမည်လား။

***

All Chapters