← Chapters

ကံကြမ္မာကို နှုတ်ယူခြင်း

Vol. 63 Ch. 873

ကံကြမ္မာကို နှုတ်ယူခြင်း

Vol. 63 Ch. 873

“ တကယ်လို့ မင်းဆီမှာ တျန်းဂျီ အမှတ်အသား မရှိရင် ထွက်သွားလိုက်တော့ … မင်းဆီမှာ ရှိရင်တော့ ရှင်းပြပေးမယ် ” ယူကျန်းနာက အလျှင်စလို ပြောလိုက်သည်။ သူမက ဤလူကြောက် မိုဝူကျိအား အထင်သေးမိ၏။

မိုဝူကျိက ယူကျန်းနာအား လုံးဝ လျစ်လျူရှုထားပြီး ခန်းမအတွင်းသို့ လျှောက်လှမ်းသွားလိုက်သည်။ စုရိုအာက တစ်ခါပြောခဲ့ဖူး၏။ ဤ အဖြူရောင် အမှတ်အသားပြားနှင့် တျန်းဂျီတုတ်တို့လည်း ဤနေရာကို ဖွင့်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူက တစ်ချက် လာကြည့်ကြည့်ခြင်း ဖြစ်၏။

ယူကျန်းနာက ပြောင်းလဲမျှခြေ အဆောင်၏ ထိန်းချုပ်မှုကို ခံနေရကြောင်း ပြောနိုင်သော်လည်း သူက သူမအတွက် ပြိုင်ဖက် မဖြစ်သေးကြောင်း ခန့်မှန်းမိ၏။ ထိုသို့ဆိုလျှင်ပင် သူက ထိုအမျိုးသမီး၏ စွမ်းဆောင်ရည်ကို စမ်းသပ်ချင်မိ၏။ သူတို့တွေ ရတနာ လုယူရမည့်အချိန် ရောက်လာလျှင် သူ့အနေနှင့် အနည်းဆုံးတော့ မည်သည့်နေရာတွင် ရပ်ရမည် ဖြစ်ကြောင်း သိဖို့ လိုအပ်သည်။

မိုဝူကျိက သူ့ဘာသာ သွားလိုက်သည်နှင့် ယူကျန်းနာက ရုတ်တရက် လက်ဖဝါးဖြန့်လိုက်ရင်း သဘာဝစွမ်းအား လက်ကြီး ထုတ်လွှင့်ကာ မိုဝူကျိအား ဆွဲထားလိုက်၏။

ထိုသဘာဝစွမ်းအား လက်မှတဆင့် အာကာပြင် စည်းမျည်းများ ဖြစ်ပေါ်လာကာ မိုဝူကျိအား ပိတ်လှောင်ဖို့ ကြိုးစားနေသည်။

မိုဝူကျိက လှည့်ကာ လက်သီးတစ်ချက် ထုတ်လွှင့်လိုက်သည်။ ထိုအရာက သူ့၏ သာမာန်အကျဆုံး စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက် ဖြစ်ပြီး မီးတောက်များနှင့် ပေါင်းစပ်ထားခြင်း မရှိပေ။

“ ဘုန်း  ” မိုဝူကျိအား ပိတ်ဆို့ဖို့ ကြိုးစားနေသည့် စည်းမျည်းများက ကုန်တင်ယာဉ် ကားဘီး ပေါက်ကွဲသွားသည့်အလား ရုတ်ချည်း  ပေါက်ကွဲထွက်သွားသည်။ မိုဝူကျိအား ပိတ်ဆို့ထားသည့် စွမ်းအားများက သဘာဝစွမ်းအား တူကြီးအဖြစ် ပြောင်းလဲသွားကာ မိုဝူကျိ ရင်ဘတ်ပေါ် ကျရောက်လာ၏။

ဘုန်း

ခန်းမတစ်လျှောက် အသံအကျယ်ကြီး ထွက်ပေါ်လာသည်။ မိုဝူကျိက ဆယ်မီတာကျော်အထိ လွှင့်စင်သွားပြီးနောက် မြေပြင်ပေါ် ဗုန်းခနဲ ပြုတ်ကျလာသည်။

မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ သူက ထိုအမျိုးသမီးထက် များစွာ အားနည်းနေသည်မှာ အမှန်ဖြစ်၏။ သို့သော် ထိုအမျိုးသမီးက မိုးမြေစည်းမျည်း ဖိနှိပ်ခံထားရ၍ အင်အားအပြည့် ထုတ်မသုံးနိုင်ချေ။ မဟုတ်လျှင် ရင်ဆိုင်လိုက်သည့် တိုက်ကွက်တစ်ကွက်က သူ့နံရိုးများအား ကြေမွသွားစေဖို့ လုံလောက်နေလောက်၏။

သူက သူတို့နှင့် ယှဉ်ပြိုင်နိုင်သည့် အင်အားမျိုး ရှိနေသေး၏။ ထိုအမျိုးသမီးသာ သူမ၏ ပြောင်းလဲမျှခြေ အဆောင်ကို လျစ်လျူရှုဖို့ ရွေးချယ်ပြီး သူ့ကို သတ်ဖို့ စိတ်အားထက်သန်မနေသရွေ့ ဖြစ်သည်။ ထိုအမျိုးသမီး၏ လက်ရှိစွမ်းအားဖြင့် သူမက စည်းမျည်းများကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်လိုက်လျှင် သူ့အသက်အား အန္တရာယ်ပေးနိုင်သည်။

ဤအမျိုးသမီးက သေချာပေါက် မရိုးရှင်းပေ။ အနည်းဆုံးတော့ သူမ၏ နောက်ခံမှာ မရိုးရှင်းပေ။ ထိုစဉ် မိုဝူကျိက အထဲဝင်မလာခင် အမှတ်အသားကို ဖယ်ရှားနိုင်ခဲ့သည့်အထိ စိတ်ပေါ့ပါးသွား၏။ မဟုတ်လျှင် သူ့အကျိုးဆက်မှာ ထည့်စဉ်းစားဖို့ပင် ဆိုးဝါးနေပေလိမ့်မည်။

“ အာ ” ယူကျန်းနာက မိုဝူကျိသည် သဘာဝစွမ်းအား တူကြီးကို လက်ခံလိုက်ပြီး ဆယ်မီတာကျော်အထိသာ နောက်ဆုတ်သွားသည်ကို မြင်လိုက်မိသောအခါ အံ့အားသင့်သွား၏။ သူမက ထိုတစ်ကွက်တည်းဖြင့် မိုဝူကျိအား သွေးအန်အောင် လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။ အမြင်နှင့်တင် သူမက ဤနယ်မြေမှ ကျင့်ကြံသူကို အထင်သေးမိသွားကြောင်း သိလိုက်သည်။

“ မင်းက မဆိုးပါဘူး။ မင်းက ဒီမှာရှိပြီးတော့ တျန်းဂျီ အမှတ်အသားလေးခုအကြောင်း သိဖို့ ထိုက်တန်တယ်။ မင်း ဆက်သွားနေဖို့ မလိုတော့ဘူး။ တျန်းဂျီ အမှတ်အသားမရှိဘဲ ငါတို့အားလုံးက တျန်းဂျီ ကံကြမ္မာကို မထုတ်လွှင့်နိုင်ဘူး။ အဲဒါကြောင့် မင်း တစ်ယောက်တည်း ဝင်သွားလည်း အသုံးမဝင်ဘူး ” ယူကျန်းနာက ဆက်လက် မတိုက်တော့ပေ။

သူမက မိုးမြေစည်းမျည်း ဖိအားဖြင့် ချုပ်ထိန်းခံထားရသော်လည်း သူမက ယခင်တိုက်ခိုက်မှု၌ အင်အားအပြည့် မသုံးခဲ့ပေ။ သို့သော်လည်း သူမက မိုဝူကျိသည် သူ့လက်သီးချက်ကိုလည်း အပြည့်အဝ ထုတ်လွှင့်လိုက်ခြင်း မရှိကြောင်း မှန်းဆမိ၏။

မိုဝူကျိက ဆက်မသွားတော့ပေ။ စုရိုအာ၏ သတင်းအချက်အလက်က တဆင့်ချင်းစီ ဖြတ်ကျော်လာခြင်း ဖြစ်ရာ တိကျမည် မဟုတ်ပေ။

တျန်းဂျီဂိုဏ်းကို တည်ထောင်ထားသော ယွမ်ရီပင် အခြေအနေ အတိအကျကို သိမည် မဟုတ်ပေ။

“ ဒါက တျန်းဂျီ အမှတ်အသား တစ်ခုပဲ မလား ” မိုဝူကျိက သူ့အဖြူရောင် အမှတ်အသားပြားကို ထုတ်ယူလိုက်သည်။

“ ဟုတ်တယ် …. အဲဒါ ယင်ယန်အမှတ်အသားပြားထဲက ယန်အမှတ်အသားပြားပဲ ” ယူကျန်းနာက မိုဝူကျိ၏ အမှတ်အသားပြားကို ကြည့်ရင်း စိတ်ပေါ့ပါးစွာ ပြောလိုက်သည်။ သူမက မိုဝူကျိ၏ အကျင့်စရိုက်အကြောင်း အကြမ်းဖျင်း နားလည်သွားလေ၏။ မိုဝူကျိက အန္တရာယ်ထဲ ခုန်ဆင်းမည့်သူမျိုး မဟုတ်ပေ။

လိန်ဟုန်ကျိက မိုဝူကျိတွင် ယန်အမှတ်အသားပြား ရှိလိမ့်မည်မှန်း ခန့်မှန်းမိထားသည်မှာ ကြာမြင့်လှလေပြီ။ ထို့ကြောင့် မိုဝူကျိက ယန်အမှတ်အသားပြားကို ထုတ်ပြလိုက်သည့်အခါ မထူးဆန်းတော့ပေ။

ဟူချီရှန်းက လက်နှစ်ဖက် ယှက်ကာ “ ဂိုဏ်းချုပ်မို ကျုပ် မိတ်ဆက်ပေးပါရစေ … ကျုပ်က အထက်ဘုံက ဟူချီရှန်းပါ။ ဒါကတော့ လျှပ်စီးဂိုဏ်းရဲ့ လိန်ဟုန်ကျီပါ …. ခင်ဗျားတို့ နှစ်ယောက်က သိပြီးသားနေမှာပါ။ ပြီးတော့ ခင်ဗျားကို တိုက်လိုက်တဲ့သူက တာအိုရောင်းရင်း ယူကျန်းနာပါ။ သူမရဲ့ ဇာစ်မြစ်ကိုတော့ အခုထိ မသိရသေးဘူး ”

ဟူချီရှန်းက မိုဝူကျိနှင့် ယူကျန်းနာတို့ကြားမှ မီးတောက်ကို လှုံ့ဆော်ပေးလိုက်သည်။ လက်ရှိ သူက မိုဝူကျိသည် မည်သို့ ဤနေရာတွင် ပေါ်လာကြောင်း အနည်းငယ် သိချင်နေမိ၏။ သို့သော်လည်း သူက မိုဝူကျိအား ထုတ်မေးမည် မဟုတ်ပေ။ သူက ဤသို့ကိစ္စမျိုး စိတ်မဝင်စားပေ။ ကျီချန်းလော့က သူ့အား မိုဝူကျိကို  သတ်ဖို့ရာ စေလွှတ်ထားသော်လည်း သူ့အတွက်မူ ရိုးရိုးရှင်းရှင်း ကိစ္စသာ ဖြစ်၏။ သူ့အမြင်၌ လိန်ဟုန်ကျီပင် ဖြစ်စေ၊ မိုဝူကျိပင် ဖြစ်စေ သူတို့ကား သူ အလွယ်လေး ဖြေရှင်းနိုင်ပေသည်။

“ တာအိုရောင်းရင်းမိုက ကံကြမ္မာရဲ့ ဇာတ်ကြောင်းကို သိထားလား ” ယူကျန်းနာက မေးလိုက်သည်။

မိုဝူကျိက ခေါင်းခါကာ  “ မကြားဖူးဘူး ”

မိုဝူကျိက တစ်ခါမှ မကြားဖူးသော်လည်း ကံကြမ္မာ တည်ရှိကြောင်း သိထား၏။ လူတစ်ယောက်၊ ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် ကမ္ဘာတစ်ခုတွင်ပင် ကံကြမ္မာ အသီးသီး ရှိကြ၏။

“ တျန်းဂျီနယ်မြေက အင်မော်တယ်လောကရဲ့ ကံကြမ္မာကို နှုတ်ယူထားတယ်။ ဒီလိုမျိုး ကံကြမ္မာမျိုးက ကြီးကျယ်ခမ်းနားပြီးတော့ ကျယ်ပြန့်တယ်။ ပြောရမယ်ဆိုရင် ဒီလိုကံကြမ္မာမျိုးကို ငါတို့လေးယောက် ညီတူညီမျှ ခွဲလိုက်ရင်တောင် တစ်ယောက်ချင်းစီက ကိစ္စအကြီးကြီးတွေ လုပ်နိုင်လိမ့်မယ်။ ငါတို့တွေက ပြိုင်ဖက်င်း တာအိုလမ်းကြောင်းပေါ် ရပ်တည်ပြီးတော့  စကြဝဠာတစ်ခုလုံးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်လိမ့်မယ် …. ”

ယူကျန်းနာ စကားမဆုံးခင် မိုဝူကျိက ဖြတ်မေးလိုက်လေ၏  “ အဲဆို ဒီနေရာက အင်မော်တယ်လောကရဲ့ ကံကြမ္မာကို ဆွဲနှုတ်ထားတဲ့ နေရာပေါ့ ”

ဤတစ်ကြိမ် ယူကျန်းနာက မဖြေဘဲ လိန်ဟုန်ကျီက နှာခေါင်းရှုံ့ကာ  “ သဘာဝ ကံကြမ္မာက အမြဲတမ်း ကြိုတင်ပြဌာန်းပြီးသားပဲ …. လေထဲကနေ ရောက်လာတယ်လို့ ထင်နေလား။ အင်မော်တယ်လောကဆီ ကပ်ဘေးတွေ ကျရောက်လာပြီး အင်မော်တယ် နယ်မြေ ခုနှစ်ခုပဲ ရှိတဲ့ အကြောင်းကလည်း အင်မော်တယ်လောကရဲ့ ကံကြမ္မာကို နှုတ်ယူခံလိုက်ရလို့ပဲ ”

ဟူချီရှန်းက ခေါင်းညိတ်ကာ  “ ဟိုးအရင်တုန်းက အင်မော်တယ်လောကရဲ့ ကံကြမ္မာကို နှုတ်ယူတဲ့ လူတစ်ယောက်ရှိတယ်တဲ့ …. အစတုန်းက အင်မော်တယ်လောကမှာ အင်မော်တယ်နယ်မြေ ဆယ်ခုရှိတာ သိကြတယ်မလား။ ကံကြမ္မာ ဆွဲနှုတ်လိုက်တော့ လူတစ်ယောက် ဖြစ်ဖြစ်၊ စကြဝဠာဖြစ်ဖြစ် ပျက်စီးသွားရတာပဲ မလား။ ကံကြမ္မာ မပါရှိတဲ့ ဂြိုဟ်က ကြယ်တာရာဂြိုလ်သိမ်ဂြိုလ်မွှားတွေရဲ့ ဝင်တိုက်မှုကို ခံရပြီး ပျက်စီးသွားကြတယ်……

တစ်ဖက်မှာကျ တကယ်လို့ ဂြိုဟ်တစ်လုံးက ကိုယ်ပိုင် ကံကြမ္မာရှိနေရင် ကိုယ်ပိုင် စည်းမျည်းတွေကိုလည်း ဖွဲ့စည်းနိုင်လိမ့်မယ်။ ဒီစည်းမျည်းတွေက ပြိုလဲပျက်စီးခြင်းကနေ ကာကွယ်ပေးထားတယ်လေ။ အင်မော်တယ်လောကရဲ့ ကံကြမ္မာ နှုတ်ယူခံထားရတာက  ကြာလှပြီ။ ပြီးတော့ အဲဒီ နှုတ်ယူခံထားရတဲ့ ဝင်ပေါက်က ယုံရင်အင်မော်တယ်နယ်မြေ ဖြစ်နေလို့  ယုံရင်အင်မော်တယ်နယ်မြေက အားအနည်းဆုံး အင်မော်တယ်နယ်မြေ ဖြစ်လာတာပဲ  … ပြီးတော့ တဖြည်းဖြည်းနဲ့ ပထမဆုံး ပျက်စီးလာတဲ့ နယ်မြေ ဖြစ်လာလိမ့်မယ် ”

မိုဝူကျိ စိတ်ထဲ လေးလံမိသွားသည်။ သူက အဖြစ်အပျက်ကို သေချာနားလည်လိုက်၏။ ယူကျန်းနာ၏ စကားများက အမှန်ဖြစ်နေ၍ ဤနေရာမှ ကံကြမ္မာကို ရရှိလိုက်လျှင် စုစုပေါင်း၏ လေးပုံတစ်ပုံမျှသာ ရရှိလိုက်လျှင်ပင် သူ့မဟာတာအိုအတွက် အကျိုးကျေးဇူး အမြောက်အမြား ရလာပေမည်။

သို့သော်လည်း သူက ထိုသို့ရည်ရွယ်ချက် မရှိပေ။ အကယ်၍ သူက လုပ်ဆောင်လိုက်ပါက မျော့တစ်ကောင်ထက် ပိုမည် မဟုတ်ပေ။ အကယ်၍ သူသာ လုပ်ဆောင်လိုက်ပါက အင်မော်တယ်လောကကြီးက ကမ္ဘာမြေ ပျက်စီးသွားသည့် အခြေအနေအထိ ဖြစ်လာနိုင်သည်။

အကြောင်းမှာ ကမ္ဘာမြေ၏ ပတ်ဝန်းကျင်မှာ ပျက်စီးနေသောကြောင့် ကမ္ဘာမြေမှ လူများက ကမ္ဘာမြေမှ ထွက်ကာ တခြားဂြိုဟ်များကို ရှာဖွေကြရသည်။ အကယ်၍ အင်မော်တယ်လောက၏ ကံကြမ္မာကို လုံးဝ နှုတ်ယူပစ်လိုက်ပါက အင်မော်တယ်လောကတွင် ဘာကျန်ရစ်မည်နည်း။

သူက အင်မော်တယ်လောကတွင် ကျင့်ကြံပြီး အင်မော်တယ် ဝိညာဉ်စွမ်းအားများကို စုပ်ယူ၏။ အကယ်၍ သူက အင်မော်တယ်လောက၏ ကံကြမ္မာကို နှုတ်ယူလိုက်လျှင် သူက ကျေးဇူးကန်းသူ ဖြစ်ပေမည်။

အစာကျွေးသော လက်ကို ပြန်ကိုက်သည့်ထက် ဆိုးရွားနေပေလိမ့်မည်။

တစ်ချိန်တည်းဆိုသလို ဘုန်းကြီးရှန်းစန်၊ ကိုင်ယင်နှင့် အခြားလူများက ထိုသို့ ခံစားနေရသည့် အကြောင်းအရင်းအား နားလည်သွားလေ၏။ ထိုအတိတ်နိမိတ်များမှာ အမှန် ဖြစ်နေသည်။ အကယ်၍ သူတို့အုပ်စုသာ ဤနေရာရှိ  ကံကြမ္မာကို ခွဲဝေယူလိုက်ကြလျှင် အင်မော်တယ်လောကကြီးက ပျက်စီးသွားနိုင်သည်။

“ ကျုပ်တို့တွေ ဒီမှာ ကံကြမ္မာကို ခွဲလိုက်ရင် တခြားသူတွေရော သိသွားမှာလား ” မိုဝူကျိက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ သူက ထိုလူသုံးယောက်အား အမှန်တကယ် သတ်ချင်နေမိသော်လည်း သူ့အနေနှင့် ယူကျန်းနာအား အနိုင်ယူနိုင်မည် မဟုတ်ပေ။

ယူကျန်းနာ၏ လေသံက အေးအေးဆေးဆေး ရှိလှပြီး “ အင်မော်တယ်လောကရဲ့ ကံကြမ္မာကို ဒီနေရာမှာ နှုတ်ယူထားတယ်ဆိုပေမဲ့ အင်မော်တယ်လောကထဲမှာလည်း ကျန်နေသေးတယ်။ အဲဒါကြောင့် ငါတို့တွေ ဒီကံကြမ္မာကို ခွဲဝေယူလိုက်ရင် ဘယ်သူမှ မသိဘူး။ ငါတို့တွေ ခွဲပြီးတဲ့နောက်ကျ အင်မော်တယ်လောကက ပြိုကျပျက်စီးသွားလိမ့်မယ်။ အဲဒီအချိန်ကျ အင်မော်တယ်လောကက ငါတို့နဲ့ မသက်ဆိုင်တော့ဘူး ”

ကောက်ကျစ်လိုက်တဲ့ မိန်းမ …..

သူက ထိုအမျိုးသမီးကို မသတ်နိုင်မှန်း သိသော်လည်း သူ့စိတ်ထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသေး၏။ ဤနေရာရှိ သူတို့လေးယောက်တွင် သူက အင်မော်တယ်လောကအတွက် ကံကြမ္မာကို ထားထားပေးလိုသည့် တစ်ဦးတည်းသောသူ ဖြစ်၏။ အကယ်၍ သူတို့ တိုက်ခိုက်ကြမည်ဆိုလျှင် သူ့အနေနှင့် အနိုင်ရနိုင်ခြေ မရှိပေ။

“ နောက်ဆုံး မေးခွန်း မေးချင်တယ်။ အဲဆို ကံကြမ္မာကို နှုတ်ယူတာက တစ်စုံတစ်ယောက်ကြောင့်လား ဒါမှမဟုတ် သဘာဝတရားကြောင့်လား ” မိုဝူကျိ၏ လေသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေဟန်ဖြင့် လက်နှစ်ဖက်ယှက်ကာ မေးလိုက်သည်။

လက်တွေ့၌ မိုဝူကျိအနေနှင့် ဤမျှ စိတ်လှုပ်ရှားသည့်ဟန် ပြုမူရန် မလိုအပ်ပေ။ အကြောင်းမှာ ဤနေရာတွင် မည်သူကမှ မိုဝူကျိက ကံကြမ္မာကို အင်မော်တယ်လောကထံ ပြန်ပေးလိမ့်မည်ဟု တွေးထားကြမည် မဟုတ်ပေ။ အရူးသာ ဤအကျိူးမြတ်များကို သိနေလျက်နှင့် စွန့်လွှတ်ခံမည် ဖြစ်၏။

“ တျန်းဂျီက ရှေးကျတဲ့ တည်ရှိမှုမျိုးပဲ …. ပြောရမယ်ဆိုရင် ကံကြမ္မာရဲ့ ကမ္ဘာဦး အသွင်မျိုး ယူဆလို့ ရတယ်။ ဒါပေမဲ့ ဒီကမ္ဘာဦး ကံကြမ္မာက တခြားပစ္စည်းတွေကနေ နှုတ်ယူလို့ မရဘူး။ သူ့ဘာသာ အားကောင်းလာစေဖို့ စကြဝဠာကြီးကနေ ကံကြမ္မာကို စုပ်ယူရတာမျိုး ….. လွန်ခဲ့တဲ့နှစ်တွေတုန်းက ပြိုင်ဖက်ကင်း ပညာရှင်တစ်ဦးက ဒီနေရာကို တွေ့ခဲ့တယ်။ အဲအချိန်တုန်းက အင်မော်တယ်လောကရဲ့ ကံကြမ္မာက ထိပ်ကို မရောက်သေးဘူး။

အဲဒီပညာရှင်က တျန်းဂျီကို သုံးပြီး အင်မော်တယ်လောကရဲ့ ကံကြမ္မာကို နှုတ်ယူနိုင်ဖို့ ဒီနေရာကို တည်ဆောက်ခဲ့တယ်။ ကံဆိုးတာက သူ့အပြုအမူတွေကနေ ဘာအကျိုးကျေးဇူးမှ မခံစားခဲ့ရဘူး။ သူက ရန်သူတွေ အလိုက်ခံရပြီးတော့ အစအနမရှိ ပျောက်ကွယ်သွားခဲ့တယ် ” ယူကျန်းနာက လိန်ဟုန်ကျီနှင့် ဟူချီရှန်းထက် မိုဝူကျိကို ပိုစိတ်ရှည်ဟန် ပေါ်၏။

မိုဝူကျိက မရေမရာ မေးလိုက်၏  “ တကယ်လို့ ကျုပ်တို့သာ ကံကြမ္မာကို နှုတ်ယူလိုက်ရင် တခြားသူတွေလည်း အဲလို လုပ်နိုင်မှာလား ”

ယူကျန်းနာက အေးစက်စွာ ရယ်မောလိုက်ပြီး

“ မသိနားမလည်တာက သနားစရာပဲ …. ကံကြမ္မာဆိုတာက အလွယ်လေး ယူလို့ရတဲ့ အရာလား။ ဒီနေရာက တျန်းဂျီရဲ့ကမ္ဘာဦး ကံကြမ္မာ ရှိတယ်။ အဲဒါကလည်း ရှေးဟောင်း ပညာရှင်တစ်ယောက်က အင်မော်တယ်လောက ကနေ ကံကြမ္မာကို နှုတ်ယူထားလို့ပဲ ….

အဲလိုဆိုရင်တောင် ငါတို့က ဒီနေရာကို ဖွင့်ဖို့ တျန်းဂျီ အမှတ်အသား လေးခုလုံး လိုသေးတယ်။ ဒီကံကြမ္မာ နယ်မြေ ပွင့်လာတာနဲ့ ဗလာနတ္ထိ ဖြစ်သွားလိမ့်မယ်။ အင်မော်တယ်လောကက ပျက်စီးမှုကို ရှောင်ရှားနိုင်တယ်ဆိုရင်တောင် ဘယ်သူကများ အင်မော်တယ်လောကရဲ့ ကံကြမ္မာကို နှုတ်ယူဦးရဲမှာလဲ။ မင်းက နတ်ဘုရားတွေရဲ့ အရှင်သခင် ဖြစ်နေရင်တောင် လုပ်ဖို့ အိပ်မက် မက်မနေနဲ့ ….. ”

“ နတ်ဘုရားတွေရဲ့ အရှင်သခင်က ဘာကြီးလဲ ” မိုဝူကျိက မြန်မြန် မေးလိုက်သည်။

ယူကျန်းနာက မိုဝူကျိအား မကျေမနပ် ကြည့်လိုက်သည်။ ဤတစ်ကြိမ်၌ သူမက သူ့အား မဖြေပေးတော့ပေ။

မိုဝူကျိတွင် တခြားမေးစရာ မရှိတော့ပေ။ သူက လက်နှစ်ဖက် ယှက်၍ ပြောလိုက်သည် “ ဒီက တာအိုရောင်းရင်းတို့ ကျုပ်တို့တွေ တျန်းဂျီ ကံကြမ္မာ နှုတ်ယူထားတဲ့နေရာကို သေချာမကြည့်ရသေးဘူးမလား …. အားလုံး တစ်ချက် သွားကြည့်ကြရင် ဘယ်လိုလဲ ”

“ တျန်းဂျီတုတ် မရှိရင် ငါတို့တွေက အချိန်ဖြုန်းနေသလို ဖြစ်လိမ့်မယ် ” ယူကျန်းနာက အေးစက်စက် ပြောလိုက်သည်။

မိုဝူကျိက စိတ်ထဲ မထားဘဲ ဆက်ပြောလိုက်သည်  “ တကယ်လို့ ကျုပ်တို့ မသွားရင် အချိန်ဖြုန်းနေတာ ဟုတ်လား၊ မဟုတ်လားဆိုတာ ဘယ်လိုလုပ် သိမှာလဲ။ မမလေးက ကျုပ်တို့သုံးယောက်ထက် ဒီနေရာအကြောင်း ပိုသိထားတယ်ဆိုပြီး ကျုပ်တို့ကို လှည့်စားဖို့ ကြိုးစားနေတာလား။ အဲဒါကြောင့် ကျုပ်တို့ သွားကြည့်မှာကို တားနေတာလား ”

“ ဘယ်သူက မမလေးတုန်း ” ယူကျန်းနာ၏ မျက်ဝန်းက သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်သွားလေ၏။ သူမက မိုဝူကျိအား ချက်ချင်း မသတ်နိင်ကြောင်း သိနေ၍သာ မဟုတ်လျှင် ချက်ချင်း သတ်လိုက်ပြီးလေပြီ။

ဟူချီရှန်းက အခွင့်အရေးကို အသုံးချကာ မြန်မြန် ပြောလိုက်သည်  “ ဂိုဏ်းချုပ်မို ပြောတာ မှန်တယ်။ ကျုပ်တို့တွေ အရင်ဆုံး သွားကြည့်သင့်တယ်။ တျန်းဂျီ တုတ် ကိုင်ဆောင်ထားတဲ့သူ ရောက်လာရင် သူလည်း အဲဒီနေရာကို လာရမယ်ဆိုတာ သိမှာပဲလေ ”

လိန်ဟုန်ကျီလည်း ထပ်ပြောလိုက်လေ၏  “ ဟုတ်တယ် …. ကျုပ်တို့တွေက အဲဒီနေရာက မရင်းနှီးသေးဘူး ”

သုံးယောက်လုံးက ဝင်သွားရန် သဘောတူနေပြီ ဖြစ်၍ ယူကျန်းနာက ပြောလိုက်သည်  “ ဒီလိုဆိုမှတော့ အထဲသွားပြီး ကြည့်ကြည့်ကြတာပေါ့ ”

***

All Chapters