← Chapters

ဓားတစ်ချက်၊ ဓားဟန်နှစ်ခု

Vol. 14 Ch. 195

ဓားတစ်ချက်၊ ဓားဟန်နှစ်ခု

Vol. 14 Ch. 195

ဓားများသည် နဂါးဓား၏ အရိုး၊ အသွေး၊ အသား၊ အကြေးခွံများနှင့် ဝိညာဉ်အဖြစ်သို့ စုဖွဲ့လာကြ၏။

ထောင်ပေါင်းများစွာသော ဓားများဖြင့် ဖွဲ့စည်းလာခဲ့သော နဂါးဓားသည် မာန်သွင်းအော်ဟစ်ကာ ဟန်မူယဲ့ရှေ့မှ ရေနဂါးကြီးအား ဝါးမျိုသွား၏။

လောကအရောင်အဆင်းကို ပြောင်းလဲစေနိုင်စွမ်းသော ရေနဂါးမှာ နဂါးဓားရှေ့၌ မည်သည့်ခုခံနိုင်စွမ်းမျှ မရှိပါ။

ထောင်ပေါင်းများစွာသော ဓားများသည် သက်တန့်များအဖြစ် ပြောင်းလဲသွားခဲ့ကာ ထိုဓားများအား နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းခြင်း…

ထောင်ပေါင်းများစွာသော ဓားများသည် အဆက်မပြတ် လည်ပတ်ကာ သွေးနီရောင်နဂါးအသွင်သို့ ပြောင်းလဲသွား၏။

၎င်းသည် ဝါးမျိုလိုက်သော ကောင်းကင်ဘုံအဆင့်မိစ္ဆာ၏သွေးချီများကြောင့် အသွင်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ဘုံအဆင့်ကား ထိုနည်းဖြင့် သေဆုံးသွားခဲ့ရသည်။

ဂါး…

သန်းပေါင်းများစွာသော ဓားများအလယ်တွင် ရေနဂါးပုံရိပ်တစ်ခုသည် အပြင်သို့‌ဖောက်ထွက်ရန် တွန်းထိုးရုန်းကန်နေ၏။

ဝိညာဉ်သူငယ်…

ကောင်းကင်ဘုံအဆင့်မိစ္ဆာ၏ ဝိညာဉ်သူငယ်…

ကောင်းကင်ဘုံအဆင့်မိစ္ဆာသည် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ကာ ဝိညာဉ်သူငယ်ကို ဖွဲ့စည်းနိုင်ခြံပြီး ထိုဝိညာဉ်သူငယ်ဖြင့် ဆိုပါက သူသည် တခြားခန္ဓာကိုယ်ထဲသို့ ပြန်ဝင်စားကာ မွေးဖွားနိုင်၏။

ထို့ကြောင့် ဝိညာဉ်သူငယ်အဆင့်အား စစ်မှန်သော မသေမျိုးတစ်ဦးဟု သတ်မှတ်နိုင်ခြင်း ဖြစ်သည်။

၎င်းသည် လူသားအဆင့်ထက် လုံးဝ ကျော်လွန်သွားသော အဆင့်ဖြစ်ကာ ပုံရိပ်ယောင်နဂါးသည် ဓားများထံမှ အဆက်မပြတ် တိုးထွက်ရန် ကြိုးစားနေ၏။

သို့သော်လည်း သူ့ရှေ့တွင် နဂါးဓားသည် တဖန် မာန်ဖီကာ ပါးစပ်ကြီးအား ဟလိုက်၏။

ရေနဂါးအသွင် ဝိညာဉ်သူငယ်မှာလည်း ကွယ်ပျောက်သွားခဲ့သည်။

‘ဓား ၁၀၀၀၀ တို့အိမ်အပြန်’ ဓားချက်သည် ကောင်းကင်ဘုံအဆင့်မိစ္ဆာအား သတ်ဖြတ်သွားခဲ့သည်။

၎င်း၏ဝိညာဉ်သူငယ်သည်ပင် လွတ်မြောက်ခြင်း မရှိခဲ့ပါ။

သူ၏သေဆုံးခြင်းကား ၎င်းထက် စစ်မှန်ခြင်း မရှိတော့ပါ။

ထိုဓားချက်သည် ဟန်မူယဲ့ထံမှ ဖြစ်သည်။

“လောကတခွင်က ဓားသမားတွေ အကုန်လုံး စုစည်းတဲ့အချိန်မှာ…. ကောင်းကင်ဘုံအဆင့်ဟာလည်း ဓားတစ်ချက်ပဲ လိုအပ်တယ်”

ဟန်မူယဲ့က သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ကာ တည်ငြိမ်စွာ ပြောသည်။

ထိုအခိုက်တွင် သူသည် လူသားကမ္ဘာသို့ သက်ဆင်းလာသော ဓားအင်မော်တယ်တစ်ပါးနှင့် ဆင်တူ၏။ ဓားတစ်ချက်တည်းဖြင့် သူသည် မရေမတွက်နိုင်သော ဓားသမားများအားလုံးကို ဖိနှိပ်သည်။

ဧရမနဂါးဓားကြီးသည် သူ၏ခြေထောက်အောက်တွင် တည်တံ့နေသည်။ ဟန်မူယဲ့က တောင်ပိုင်းကုန်းမြေမှ နောက်ဆုံးကျန်သော ကောင်းကင်ဘုံအဆင့်မိစ္ဆာအား ကြည့်သည်။

ထိုကောင်းကင်ဘုံမိစ္ဆာသည် ဆတ်ခနဲ တုန်ယင်သွားကာ တကိုယ်လုံးကျောချမ်းလာခဲ့၏။

ကျယ်လော်စွာ အော်ဟစ်ကာ သူက ထူစွန်းရှစ်၏ဓားချက်အား ရိုက်ထုတ်လိုက်ပြီး နောက်လှည့်ကာ ပြေးတော့သည်။

သူသာ ယခုအချိန် ထွက်မသွားပါက နဂါးဓား၏ဝါးမျိုမှုကို စောင့်ဆိုင်းရမည်လော။

ထိုနဂါးဓားသည် ကောင်းကင်ဘုံအဆင့်တစ်ဦးအား သတ်ဖြတ်နိုင်ပါက နောက်တစ်ဦးကိုလည်း သတ်ဖြတ်နိုင်ပေသည်။

ကောင်းကင်ဘုံမိစ္ဆာထွက်ပြေးသွားလျှင် ကောင်းကင်တခွင် ပြန့်နှံ့နေသော မိစ္ဆာအငွေ့အသက်များမှာလည်း ပြယ်လွင့်သွားခဲ့သည်။

တောင်ပိုင်းကုန်းမြေမှ ကောင်းကင်ဘုံအဆင့်သုံးဦးတွင် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရကာ နောက်တစ်ဦးမှာ ထွက်ပြေးသွားခဲ့သည်။

တိုက်ပွဲအခြေအနေကား တခဏချင်း ပြောင်းပြန်ဖြစ်သွားခဲ့သည်။

ဟန်မူယဲ့က လက်မြှောက်ကာ လက်ညိုးဖြင့် ညွှန်လိုက်သည်။ ကောင်းကင်ဘုံမိစ္ဆာ၏သွေးချီများဖြင့် သန့်စင်ထားပြီးသား၊ ထောင်ပေါင်းများစွာသော ဓားများသည် သူ့လက်ညိုးညွှန်ရာသို့ ဦးစိုက်ကြ၏။

ထိုဓားများမှာ စုစည်းကာ ပြန်လည်မွေးဖွားခဲ့ကြ၏။ သူတို့တွင် ဝိညာဉ်များ ပြန်လည်နိုးထလာခဲ့သည်။

ထိုဓားများအား ကောင်းကောင်းပျိုးထောင်ပေးပါက သေချာပေါက် အရည်အသွေး အဆမတန် တိုးမြင့်လာပေဦးမည်။ ၎င်းသည် အခွင့်အလမ်းတစ်ခုလည်း ဖြစ်၏။

နောက်လှည့်ကာ ဟန်မူယဲ့က ထူစွန်းရှစ်အား ပြောသည်။

“စီနီယာ… ကျုပ် ခင်ဗျားကို စိတ်မပျက်စေခဲ့ပါဘူး”

ထူစွန်းရှစ် ခေါင်းညိတ်သည်။ သူက ဟန်မူယဲ့အား စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဟန်မူယဲ့က ဆက်ပြောသည်။

“ကျုပ်မှာ အသက်ရှုကြိမ် ၆၂ ရှိသေးတယ်”

ဓားစံအိမ်မှ ဝိညာဉ်လိပ်ပြာဓားသည် ကောင်းကင်ဘုံအဆင့်တစ်ဦးနှင့် အသက်ရှုကြိမ်တစ်ရာခန့် တိုက်ခိုက်နိုင်၏။

ယခု ဟန်မူယဲ့သည် ကောင်းကင်ဘုံမိစ္ဆာအား သတ်ဖြတ်စဉ် အသက်ရှုကြိမ် ၄၀ ပင် မကြာလိုက်ပါ။

ထိုသို့သော ဓားနည်းစနစ်သည် မည်သို့ဖြစ်၍ လူသားလောက၌ တည်ရှိနေရသနည်း။

ထူစွန်းရှစ်က ခေါင်းမော့ကာ ရယ်မောလိုက်သည်။ သူက ဟန်မူယဲ့၏ခေါင်းထဲ၌ စုစည်းနေသော ဓားအား ကြည့်ကာ ပြောသည်။

“အတော်ကောင်းတဲ့ ‘ဓား ၁၀၀၀၀ တို့အိမ်အပြန်’ ပဲ”

သူ့ထံမှ ကြီးမားသော တိုက်ခိုက်ခြင်းအငွေ့အသက်များ ဖြစ်ပေါ်လာခဲ့ကာ သူ့မျက်လုံးသည် အလွန်စူးရှလင်းလက်လာ၏။

၎င်းသည် ဓားသမားတစ်ဦး၏တိုက်ခိုက်လိုစိတ် ဖြစ်သည်။

သူသည် အနောက်ဘက်နယ်စပ်ကုန်းမြေအား ဓားတစ်လက်တည်းဖြင့် စိုးမိုးလာခဲ့သည်။ ထူစွန်းရှစ်တွင် သေချာပေါက် ထိုသို့ တိုက်ခိုက်လိုစိတ်များ ရှိပေသည်။

ဓားသမားများသည် ဓားဖြင့် တိုက်ခိုက်ရ၏။

သူ့ရှေ့မှ ဟန်မူယဲ့၏ဓားချက်သည် သူ့တိုက်ခိုက်လိုစိတ်အား အမြင့်ဆုံးသို့ နှိုးဆွဲခဲ့သည်။

“ကောင်လေး… လက်ကျန် အသက်ရှုကြိမ် ၆၀ အတွင်းမှာ အနောက်ဘက်ကုန်းမြေရဲ့ အမြင့်ဆုံးဓားတာအိုက ဘာလဲဆိုတာ ငါ ပြမယ်”

သူ့စကားဆုံးသည်နှင့် ပြင်းထန်သော လေပြင်းများ ဖြစ်ပေါ်လာသည်။

မိုင်တစ်ထောင်ပတ်လည်မှ တောင်ကုန်းနှင့် မြစ်ပြင်များ သူတို့နောက်၌ ကျန်ရစ်၏။

ထူစွန်းရှစ်နှင့် ဟန်မူယဲ့တို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ယွမ်ထိုက်တာအိုဂိုဏ်း၏မိုးကောင်းယံထက်၌ ပေါ်လာကြ၏။

ယွမ်ထိုက်တာအိုဂိုဏ်းတွင်ကား မရေမတွက်နိုင်သော အော်ဟစ်သံများ တိုက်ခိုက်သံများ ဝမ်းနည်းပူဆွေးစွာ အော်သံများကို ကြားနိုင်သည်။

မရေမတွက်နိုင်သော ဂိုဏ်းသားများသည် သူတို့၏လက်ကျန် ချီအားများဖြင့် ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ထောက်ပံ့ကာ ရန်သူများအား တားဆီးနေကြရသည်။

ကံမကောင်းသည်ကား တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများမှာ အလွန်အင်အားကြီးကြသည်။

ထိုအခိုက်တွင် ဓားအလင်းနှစ်ခု ကောင်းကင်ထက်၌ ဖြစ်ပေါ်လာ၏။

ကူရာမဲ့နေသော ယွမ်ထိုက်တာအိုဂိုဏ်းသားများသည် မျက်လုံးများ ပြူးကျယ်စွာဖြင့် ကောင်းကင်ကို လှမ်းကြည့်ကြသည်။

ထိုနေရာတွင် လူနှစ်ယောက် ရပ်နေ၏။

တစ်ယောက်ကား အဖြူရောင်ဝတ်စုံဖြင့် လူငယ်ဖြစ်ကာ နောက်ကျောတွင် ဓားနှစ်လက်ကို လွယ်ပိုးထား၏။ နောက်တစ်ယောက်ကား အစိမ်းရောင်ဝတ်အဖိုးအိုဖြစ်ကာ ဓားဆန္ဒသည် သူ့ကို အားကောင်းစွာ ရစ်သိုင်းထား၏။

“တာအိုရောင်းရင်း ထူစွန်းရှစ်”

“အနောက်ဘက်ကုန်းမြေက နံပါတ် ၁ ဓားသမား ထူစွန်းရှစ်”

အောက်တွင် မရေမတွက်နိုင်သော ဝမ်းသာအားရ အော်သံများအား ကြားရ၏။

“တာအိုရောင်းရင်းထူ… ခင်ဗျား နားမလည်ဘူးလား”

“မြန်မြန် ထွက်သွားပါ။ ကျုပ်တို့ ယွမ်ထိုက်တာအိုဂိုဏ်း အဆုံးသတ်သွားရင်တောင် ကျုပ်တို့က အနောက်ဘက်ကုန်းမြေရဲ့ အပြစ်သားတွေ မလုပ်နိုင်ဘူး”

ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်သံတစ်ခုသည် ထိုဝမ်းသာအားရ အော်သံများအားလုံးကို ဖိနှိပ်လိုက်သည်။ အစိမ်းရောင်ဝတ် ဆံပင်ဖြူ အဖိုးအိုတစ်ဦးက ထူစွန်းရှစ်အား အော်ပြောသည်။

“ယွမ်ထိုက်တာအိုဂိုဏ်း ပျက်စီးသွားရင်ကော ဘာဖြစ်လဲ။ တာအိုရောင်းရင်းထူ… ခင်ဗျား တစ်ခုခုဖြစ်သွားရင် အနောက်ဘက်နယ်စပ်ကုန်းမြေ အန္တရာယ်နဲ့ ကြုံရလိမ့်မယ်”

ဓားစွမ်းအားများ ရစ်ပတ်ထားသော ထူစွန်းရှစ်က တင်းမာစွာ ပြောသည်။

“ဠီးကို အန္တရာယ်နဲ့ ကြုံမှာလား”

ဟန်မူယဲ့က လှမ်းကြည့်လျှင် ထူစွန်းရှစ်၏ဆံပင်နှင့် မုတ်ဆိတ်များအားလုံးမှာ ထိုးထောင်နေကာ သူ့ခန္ဓာကိုယ်မှ ဓားဆန္ဒသည် နဂါးတစ်ကောင်အလား အသွင်ပြောင်းလဲသွားခဲ့သည်။ ထို နဂါးသည် ဟန်မူယဲ့၏ခေါင်းထက်မှ ဝိညာဉ်လိပ်ပြာဓားအား ဖုံးအုပ်သွား၏။

“ငါက မိုင်တစ်ထောင်လောက်အဝေးက ဓားတစ်လက်နဲ့ လာပြီး သတ်ဖြတ်တယ်။ မင်းက ဘာတွေ အဓိပ္ပာယ်မရှိတာ ပြောနေတာလဲ”

“ငါ ဒီမှာ ရောက်နေပြီပဲ။ မင်းက ကောင်းတဲ့စကားတစ်ခွန်းလောက် ပြောလို့ မရဘူးလား”

သူက ဆဲရဲရင်း သူ့ခန္ဓာကိုယ်မှ ဓားအလင်းသည် တောင်ကုန်းတစ်လုံးအလား ပေါက်ကွဲထွက်လာသည်။

ဟန်မူယဲ့က သူ့အား လှမ်းကြည့်နေသည်ကို မြင်လျှင် ထူစွန်းရှစ်က ခေါင်းယမ်းကာ ပြောသည်။

“ငါက ဒီလိုပဲ။ အရင်တုန်းက ငါ လူမသတ်ရဲတော့ ငါ့စီနီယာအစ်ကိုက ပြောတယ်။ ငါက အကြိမ်နည်းနည်းလောက် ဆဲလိုက်ရင် စိတ်ခံစားမှု ပိုကောင်းသွားလိမ့်မယ်တဲ့”

“စိတ်နှလုံးက ကောင်းနေရင် ဓားဟာလည်း ပိုပြီး ထက်ရှတယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“အသက်ရှုကြိမ် ၅၃ ပဲ ကျန်တယ်”

“ဠီးပဲ…”

ထူစွန်းရှစ်က အော်လိုက်သည်။ သူ၏ခေါင်းထဲမှ ဓားအလင်းသည် ပေတစ်ထောင်မြင့်သော အစိမ်းရောင်တောင်ကုန်းဖြစ်သွားကာ အောက်ကို ကျဆင်းလာခဲ့သည်။

ဓားအလင်းကို တောင်ကုန်းအဖြစ် အသွင်ပြောင်းကာ တောင်ကုန်း၏စွမ်းအားကို အမှီပြုလျှက် ဓားမာန်ဟုန်ဖွဲ့စည်းခြင်း။

ဟန်မူယဲ့၏မျက်လုံးထဲတွင် ထောင်ပေါင်းများစွာသော ဓားအလင်းများ အချင်းချင်း သွယ်ဆက်ပေါင်းစပ်နေကြကာ အောက်ကို ခုတ်ပိုင်းကျဆင်းလာခဲ့သည်။

တောင်ကုန်းသည် အပေါ်ယံဖြစ်ကာ ဓားအလင်းသည် စစ်မှန်သော စွမ်းအားဖြစ်သည်။

မည်သို့ဆိုစေ ဓားသမားကား ဓားသမားသာ ဖြစ်သည်။

ဓားတစ်ချက်တည်းဖြင့် တောင်ကုန်းများ ပြိုလဲရသည်။

ဓားသိုင်း၊ တောင်ဖြိုသိုင်း။

“ပြေး…”

မရေမတွက်နိုင်သော မိစ္ဆာများ ထွက်ပြေးကြသည်။

တောင်ကုန်းများ ပြိုပျက်ကာ ဓားအလင်းများ နေရာအနှံ့သို့ ပြန့်ကျဲသွားပြီး ကောင်းကင်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။

တချိန်တည်းတွင် မြေပြင်၌ ရေလှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ဓားတစ်ချက်၊ ဓားဟန်နှစ်ခု။

ထူစွန်းရှစ်က စိတ်ကြေနပ်ဟန်ဖြင့် ပြုံးလိုက်ကာ ဟန်မူယဲ့ကို ပြောသည်။

“ကောင်လေး… ငါ့ဓားချက် ဘယ်လိုလဲ”

All Chapters