← Chapters

နတ်ဘုရားဘုရင် ကျီတင်း

Vol. 63 Ch. 876

နတ်ဘုရားဘုရင် ကျီတင်း

Vol. 63 Ch. 876

အားလှိုင်းကြီး တစ်ခုက မိုဝူကျိအား ဆွဲခေါ်သွားလေ၏။ ထိုစုတ်ဖြဲနေသည့် အင်အားက မိုဝူကျိအား အန္တရာယ် မဖြစ်စေနိုင်သော်လည်း မိုဝူကျိက အရမ်း စိုးရိမ်နေမိသည်။ သူက ထိုအင်အားလှိုင်းကြောင့် အင်မော်တယ်လောကမှ ထွက်သွားရမည်ကို စိုးရိမ်နေမိ၏။

တျန်းဂျီ နယ်မြေ ပြိုကျပျက်စီးသွားစဉ် ပေါက်ကွဲမှုအတွင်း အက်ကြောင်းတစ်ခုက အာကာပြင်ထဲ ဖြစ်လာမည်ဆိုလျှင်ပင် ထူးဆန်းမည် မဟုတ်ပေ။

အစပိုင်းတွင် မိုဝူကျိက ထိုအင်အားလှိုင်းများကို မခုခံပေ။ သူက လော့ကျမ်းစာရွက်နှင့်သာ ကာကွယ်ထားပြီး သူ့ဘာသာ ပြန်လည် ပျောက်ကင်းစေဖို့ရာသာ အားစိုက်ထုတ်ထား၏။ သူ့ဒဏ်ရာများအပြင် ဤသို့ သူ လုပ်လိုက်သည့် အကြောင်းအရင်းမှာ ယူကျန်းနာ သူ့နောက် လိုက်မလာစေရန် ဖြစ်၏။

ရက်များစွာ ကုန်လွန်သွားလေ၏။ မိုဝူကျိ၏ ဒဏ်ရာများမှာလည်း အပြည့်အဝ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ကာ ယူကျန်းနောက်က သူ့နောက် လိုက်လာသည့် လက္ခဏာရပ်မျိုးလည်း မရှိပေ။ ဤအချိန် မိုဝူကျိက သူ့စွမ်းအားစက်ကွင်းကို ထုတ်လွှင့်ကာ ဘေးပတ်လည်ကို တစ်ချက် ကြည့်ကြည့်လိုက်သည်။

မကြာခင် သူက စွမ်းအားစက်ကွင်းကို မထုတ်နိုင်သေးကြောင်း သတိထားမိသွားသည်။ ထို့အပြင် သူ့စိတ်စွမ်းအားနှင့် သဘာဝစွမ်းအားတို့က သူ့ခန္ဓာကိုယ် ဘေးပတ်လည်၌ ရစ်ဝဲနေသည်။ အင်အားလှိုင်းက အားနည်းမသွားဘဲ ပို၍ ပြင်းထန်လာလေ၏။

မိုဝူကျိကို ပို၍ စိုးရိမ်စေသည်က သူ့နောက်ခြေတွင် အဆုံးမဲ့ မြေဆွဲအားတစ်ခု ရှိနေဟန် ပေါ်၏။ လေထုထဲရှိ အင်အားလှိုင်းကိုပါ ထည့်တွက်လိုက်လျှင် သူက နောက်သို့ ဆက်တိုက် ကျဆင်းနေသည်။

အစပိုင်းတွင် မိုဝူကျိက သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ကာကွယ်ထားပြီး သူ့ဘာသာ  လမ်းကြောင်း တည့်မတ်ပေးဖို လှုပ်ရှားကူညီပေးနိုင်သော်လည်း တစ်လအကြာတွင် မိုဝူကျိက သူ့ကိုယ်သူ ကာကွယ်ရုံမှအပ ဘာမှ မလုပ်နိုင်တော့ပေ။

သူ့အောက်ရှိ မြေဆွဲအားမှာ ပို၍ အားကောင်းလာဟန် ပေါ်၏။ မိုဝူကျိ၏ ပြုတ်ကျနှုန်းမှာလည်း ပို၍ မြန်ဆန်လာသည်။ ဤအရာက မိုဝူကျိအား အင်မတန် စိုးထိတ်စေမိသည်။ သူသာ ဤသို့ ဆက်သွားနေပါက အသားစိုင်ရည်အဖြစ် ခြေမွခံရမည် ဖြစ်ကြောင်း သိလိုက်၏။

သူ့ခန္ဓာကိုယ်က အားကောင်းနေလျှင်ပင် ဤသို့ အမြန်နှုန်းနှင့် ပြုတ်ကျနေပါက သေချာပေါက် သေဆုံးမည် ဖြစ်၏။

သူက ထာဝရ ကမ္ဘာနှင့်လည်း လုံးဝ ဆက်နွယ်၍ မရပေ။ ယခု သူ့သဘာဝစွမ်းအားများနှင့် ကာကွယ်ထားရုံအပြင် သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကျင့်ကြံခြင်းသာ  ဖြစ်၏။

အကယ်၍ မိုဝူကျိ စိတ်နှလုံးက ပိုကြီးမားနေလျှင်ပင် တည်တည်ငြိမ်ငြိမ် နေပြီး ကျင့်ကြံနိုင်မည် မဟုတ်ပေ။

သူက လော့ကျမ်းစာရွက်များကိုလည်း မထုတ်ယူနိုင်တော့ပေ။ ယခု သူ့ကိုယ်သူ ကာကွယ်ဖို့ရာ အသုံးပြုနေသည့် လော့ကျမ်းစာရွက်မှ လွဲလျှင် ကျန်သည့် စာရွက်များက ထာဝရ ကမ္ဘာထဲ ရှိနေသည်။

မိုဝူကျိက လော့ကျမ်းစာရွက်၏ စွမ်းအားစက်ကွင်းကို သူ့ကိုယ်သူ ကာကွယ်ဖို့ရာအတွက် ဖြန့်ကျက်လိုက်ရသည်။ ထို့နောက် သူက သူ့နှုန်းကို လျော့ချနိုင်မည့် နည်းလမ်းကို ရှာဖို့ ကြိုးစားလိုက်သည်။

နှစ်လအကြာတွင် ဆက်တိုက် တိုးလာသည့်နှုန်းက မိုဝူကျိအား လော့ကျမ်းစာရွက်အား စိုးရိမ်တကြီး သိမ်းလိုက်စေ၏။

လော့ကျမ်းစာရွက်က သူ့အား ကာကွယ်ပေးနိုင်သော်လည်း သူ့အမြန်နှုန်းကို လျော့ဆင်းလာအောင် မကူညီပေးနိုင်ပေ။ ဤလများအတွင်း  သူ့အမြန်နှုန်းမှာ စိတ်ကူးကြည့်၍ မရလောက်သည့်နှုန်းအထိ ရောက်ရှိလာခဲ့သည်။ အကယ်၍ ဤသို့သာ ဆက်သွားနေလျှင် လော့ကျမ်းစာရွက်က သူ့အား ကာကွယ်ပေးထားလျှင်ပင် လော့ကျမ်းစာရွက်အတွင်း တန်ပြန်အားကြောင့် အသတ်ခံရနိုင်ခြေ ရှိ၏။

သူ့စိတ်စွမ်းအားဖြင့်ပင် မထိန်းချုပ်နိုင်သည့် အမြန်နှုန်းနှင့် ကြောက်ခမန်းလိလိ ရွေ့လျားနေလေရာ မိုဝူကျိက သူ့တွင် အားကောင်းသော အသိစိတ်ပင်လယ် ရှိထားသော်လည်း မူးဝေဝေ ဖြစ်လာမိသည်။

မိုဝူကျိက ထိုအကြောင်းကို တွေးတောနေဖို့ အချိန်လည်း မရှိပေ။ သူက လေလွတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးလိုက်၏။ ဤရက်များ၌ မိုဝူကျိက ထိုရူးလောက်ဖွယ် အမြန်နှုန်းအား ရပ်တန့်သွားနိုင်သည်။ သူ့လေလွတ်မြောက်ရေး နည်းစနစ်ဖြင့် သူက ကြောက်ခမန်းလိလိ အမြန်နှုန်းနှင့် ပြုတ်ကျမနေတော့ပေ။

သူက ဆက်တိုက် ကျဆင်းနေဆဲ ဖြစ်သော်လည်း စိတ်ထဲ၌ အနည်းငယ် စိတ်သက်သာရာ ရနေမိသည်။ ထိုစဉ် သူက အများဆုံး ဒဏ်ရာအပြင်းအထန်သာ ရရှိပေလိမ့်မည်။

မိုဝူကျိက သူ့လော့ကျမ်းစာရွက်ကို မထုတ်ရဲပေ။ သူက ထိန်းချုပ်မရသည့် နှုန်းနှင့် ကျဆင်းနေသည့်အတွက် လော့ကျမ်းစာရွက်က သူ့လေလွတ်မြောက်ရေး နည်းစနစ် အသုံးပြုမှုအား ကန့်သတ်ထားလေ၏။

လများစွာ ကုန်လွန်သွားလေ၏။ မိုဝူကျိက အဆုံးရောက်တော့မည်လားဟု တွေးတောနေစဉ် သူ့ခြေထောက်အောက်မှ တုန်ခါမှုကို ခံစားမိလာသည်။

“ ဘုန်း ” မိုဝူကျိကြောင့်  ဖုန်မှုန့်နှင့် သဲများက လွှင့်စင်သွားလေ၏။ သူက အရိုးကျိုးသံကိုပင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ထို့နောက် ခံစားရခက်သည့် ခံစားချက်ကြီး ကြီးစိုးလာလေသည်။ ထိုခံစားချက်မှာ သူ့အသက်ရှုမှုအပေါ်တွင် မဟုတ်ဘဲ သူ့အသက်ဓာတ်နှင့် ချီသွေးကြောများဆီမှ ဖြစ်၏။ သူ့အသက်ဓာတ်က ကမောက်ကမ ဖြစ်ကုန်ပြီး ချီသွေးကြောများမှာလည်း ပျက်စီးလုနီးပါး ဖြစ်သွားသည်။

ကံကောင်းစွာဖြင့် ထိုဖြစ်စဉ်က သိပ်မကြာမြင့်လိုက်ပေ။ မိုဝူကျိ၏ ဘေးပတ်လည်က ရုတ်တရက် ကြည်လင်ရှင်းလင်းသွားပြီး မြေကြီးပေါ် ရောက်ရှိသွားလေ၏။

သူက  အရိုးကျိုးသွားပြီး ခန္ဓာအနှံ့ သွေးများပေပွနေကာ ခန္ဓာကိုယ်အတွင်းရှိ ကျန်ရှိနေသည့် သွေးများမှာလည်း ပါးစပ်မှ အန်ထွက်လာသည်။ မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းသာ ချလိုက်သည်။ နောက်ဆုံးတွင် သူက အဆုံးသို့ ရောက်ရှိသွားလေပြီ။ သူ့တွင် အသက်တစ်မျှင် ကျန်နေသရွေ့ သေမည် မဟုတ်ပေ။

ထို့နောက် မိုဝူကျိက စိတ်စွမ်းအားကို ထုတ်လွှင့်ကြည့်ဖို့ ကြိုးစားကြည့်လိုက်သည်။ ဤတစ်ကြိမ်၌ သူ့စိတ်စွမ်းအားက သုံးမီတာ ပတ်လည် ဖြန့်ကျက်နိုင်လေပြီ။ မိုဝူကျိက သူ့ထာဝရ ကမ္ဘာထဲ ချက်ချင်း ခုန်ဝင်လိုက်လေ၏။

တာ့ဟွမ်နှင့် ရွိုက်ကောတို့ နှစ်ယောက်လုံး အသည်းအသန် ကျင့်ကြံနေကြသည်။ အထူးသဖြင့် တာ့ဟွမ် ဖြစ်၏။ မိုဝူကျိက တာ့ဟွမ်သည် ပထမဆုံး ထုလုပ်ခဲ့စဉ်နှင့် ယှဉ်လျှင် အဆများစွာ အားကောင်းနေပြီ ဖြစ်ကြောင်း ခံစားမိပေသည်။

ဤတစ်ကြိမ် မိုဝူကျိက ဟုန်မုန့်စွမ်းအင်ကို အသုံးမပြုပေ။ သူ့ဒဏ်ရာများမှာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများသာ ဖြစ်၏။ နတ်ဘုရား ရုပ်ခန္ဓာ ပြီးပြည့်စုံခြင်းအဆင့်ရှိ ရုပ်ခန္ဓာ လေ့ကျင့်သူ တစ်ဦးအနေနှင့် သူက ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာကို မကြောက်ရွံ့ဆုံး ဖြစ်သည်။ မိုဝူကျိ၏  ကမ္ဘာဦး စိတ်ဝိညာဉ်ပေါ် တိုက်ခိုက်မှုများကား သက်ရောက်မှု မရှိပေ။ ပြောရလျှင် သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိချေ။

မိုဝူကျိက ထိပ်တန်းအဆင့် အင်မော်တယ်သွေးကြောများပေါ် ထိုင်ချလိုက်လေ၏။ သူ့ချီသွေးကြော ၁၀၈ ခုလုံးက လှည့်ပတ်ကာ လှည့်ပတ်ရေး လမ်းကြောင်းတစ်ခု ဖန်တီးနေကြသည်။ သူတို့အနက် အသက်ဓာတ် လမ်းကြောင်းမှာ ပိုမြန်သည့် နှုန်းနှင့် လှည့်ပတ်နေပြီး မိုဝူကျိ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကုစားပေးနေ၏။

ပထမအကြိမ် မဟာဧကရာဇ်များစွာနှင့် ရင်ဆိုင်သည့် အချိန်နှင့် နှိုင်းယှဉ်ကြည့်လျှင် မိုဝူကျိ၏ ဒဏ်ရာများမှာ အတော်လေး နည်းပါးပေသည်။ အန္တရာယ်က ပိုနည်းပါး၍ မဟုတ်ဘဲ သူက ယခင်ကထက် အဆများစွာ အားကောင်းလာ၍ ဖြစ်သည်။

တစ်လတာအတွင်း မိုဝူကျိ၏ အရိုးများက ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိလာပြီး ခန္ဓာကိုယ်မှာလည်း ပြန်လည် ကောင်းမွန်လာသည်။ သူ့အသက်ဓာတ် လမ်းကြောင်းအပြင် နောက်ထပ် အရေးကြီးသည့် အကြောင်းအရင်းမှာ သူ့ရုပ်ခန္ဓာအဆင့်ကြောင့် ဖြစ်မှန်း သိထား၏။

မိုဝူကျိက ရွိုက်ကောနှင့် တာ့ဟွမ်တို့၏ ကျင့်ကြံရေးအား မနှောင့်ယှက်ဘဲ ထာဝရ ကမ္ဘာမှ ထွက်လာလိုက်သည်။

သူ့ဒဏ်ရာများ အပြည့်အဝ ပြန်ကောင်းသွားမှုနှင့်ပင်  စိတ်စွမ်းအား အား မီတာ သုံးဆယ်အထိသာ ဖြန့်ကျက်နိုင်သေး၏။ သူက ခေါင်းကို မော့၍ တစ်ချက် ကြည့်လိုက်သည်။ သူ့စိတ်ဝိညာဉ်မျက်လုံးပင် မီးခိုးရောင် ပိတ်သည်းနေသည်ကိုသာ မြင်ရလေသည်။ သို့သော်လည်း မိုဝူကျိက သူ ရောက်ခဲ့ဖူးသည့် ဂြိုဟ်တစ်ခုနှင့် တူညီနေကြောင်း ခံစားမိနေ၏။

သူ့ခြေထောက်အောက်မှ မြေကြီးမှာ မာကြောပြီး ကြွေပြားများ ပုံထားသည့်အလား နေရာမကျ ဖြစ်နေသည်။

သူ့ဘေးပတ်လည်တွင် သက်ရှိ အရိပ်အယောင် ရှိမနေပေ။ မိုဝူကျိက အမွေးတိုင်တစ်တိုင်စာ လျှောက်လှမ်းလိုက်ပြီးနောက် သူ့စိတ်စွမ်းအားမှ စောင်းနေသည့် ကျောက်နံရံကြီးကို အာရုံခံစားမိလိုက်သည်။ ထိုကျောက်နံရံက အင်မတန် ချောမွတ်နေပြီး မီးခိုးရောင် သန်းနေ၏။

မိုဝူကျိက နိမိတ်ကို ခံစားမိနေသည်။ သူက ကျောက်နံရံဆီ အလျှင်အမြန် သွားလိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည့်အခါ ထိုလျှောစောင်းနေသည့် နံရံက သူ့အား ဖိအားပေးလာ၏။

သူက အိုးကြီးတစ်လုံးထဲ ရောက်နေပြီး ထိုနံရံကြီးမှာ အိုးနံရံနှင့် တူနေသည်။

မိုဝူကျိက ဤနေရာအကြောင်း သိသွားသည်။ ဤသည်မှာ ယုံရင်အင်မော်တယ် ချောက်နက် ဖြစ်ပေသည်။ ယခင်နှစ်များတုန်းက သူ ဖြတ်သန်းလာခဲ့စဉ် အင်မော်တယ် ချောက်နက်၏ အစွန်းနံရံကလည်း သူ့အား ခံစားချက်အတူတူ ပေးစွမ်းနေ၏။

သို့သော် မိုဝူကျိက ဤနေရာမှာ ယုံရင်အင်မော်တယ်ချောက်နက် မဟုတ်ကြောင်း ကောင်းကောင်း သိထားသည်။ ဤသည်က အလွန်ဆင်တူနေခြင်းသာ ဖြစ်၏။

မိုဝူကျိ၏ လက်သီးချက်က နံရံဆီ ရောက်ရှိသွားသည်။ ကျောက်စိုင်ကျောက်သားများက လွှင့်စင်သွားကာ နံရံ၌ အပေါက်ကြီး ဖြစ်သွားစေသည်။ သူ့ကို အံ့ဩသွားစေသည်က ထိုနံရံမှာ သူ့အလိုလို ပြန်လည် ပြုပြင်နေခြင်း ဖြစ်သည်။

နေ့တစ်ဝက်တာအတွင်း အပေါက်ကြီးက လုံးဝ ပြန်ကောင်းသွားလေပြီ။ တစ်ခုတည်းသော ခြားနားချက်မှာ ယခင်ကလို မီးခိုးရောင် မဟုတ်တော့ခြင်း ဖြစ်၏။

မိုဝူကျိက ထိုနံရံမှ ဖြတ်သွားဖို့ စိတ်ကူးမရှိပေ။ အကယ်၍ သူ စိတ်ကူးမိခဲ့သည်ဆိုလျှင်ပင် ယခု ထိုအကြံအား လက်လျော့လိုက်လေပြီ။ အကယ်၍ သူသာ ဤနံရံထဲ ဝင်သွားမိလျှင် သူ့အလိုလို ပြန်ပြုပြင်နိုင်သည့် နံရံကြား ကိုယ့်ဘာသာ ပိတ်လှောင်လိုက်သလို ဖြစ်သွားပေမည်။

မိုဝူကျိက ထူးဆန်းသည့် နေရာတွင် ပိတ်မိနေကြောင်း ခန့်မှန်းမိလိုက်၏။ ဤနေရာမှာ ယုံရင်အင်မော်တယ်ချောက်နက်ကဲ့သို့ အန္တရာယ်များဟန် မပေါ်ပေ။ တစ်ချိန်တည်းဆိုသလို ဤနေရာရှိ စည်းမျည်းများက ယုံရင်အင်မော်တယ်ချောက်နက်ထက် ပိုမြင့်မားပေ၏။

မိုဝူကျိက မြေပြင်အနေအထားကို ခံစားကြည့်လိုက်ပြီး ထိုကျောက်နံရံအစွန်းမှ ပိုမြင့်မားသည့် မြေပြင်သို့ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ လွတ်မြောက်နိုင်သည် ဖြစ်စေ၊ မလွတ်မြောက်နိုင်သည် ဖြစ်စေ သူက ကြိုးစားကြည့်မည် ဖြစ်၏။ အကယ်၍ တစ်နှစ်က မလုံလောက်လျှင် နှစ်နှစ် အချိန်ယူမည်။ အကယ်၍ မလုံလောက်သေးပါက သုံးနှစ် အချိန်ယူနိုင်သည်။ ဤချောက်နက်မှ ထွက်သွားနိုင်မည့် တစ်ရက်ရက်သို့ ရောက်လာပေလိမ့်မည်။

……………….…

မိုဝူကျိက ထွက်လမ်းရှာဖို့ ကြိုးစားနေစဉ် ယူကျန်းနာက အာကာပြင်ထဲမှ မျှောလွှင့်နေသည့် ကျောက်တုံးကြီး ရှေ့မှောက်သို့ ရောက်လာသည်။ ဤကျောက်တုံးကြီးက မီးခိုးရောင်တစ်ဝက်၊ အဖြူရောင် တစ်ဝက် ဖြစ်ပြီး ကျောက်တုံးပေါ်၌ စာသားမှာ “ သတ္တကမ္ဘာ ကျောက်တုံး ” ဖြစ်၏။

မိုဝူကျိ ရောက်ခဲ့သည့် နေရာနှင့် အတူတူ ဖြစ်လေသည်။ မိုဝူကျိက မဟာကင်းမဲ့ပင်လယ်မှ ရောက်လာခြင်း ဖြစ်ကာ ယူကျန်းနာကား အဆောင်သုံး၍ ရောက်ရှိလာခြင်း ဖြစ်၏။

ယူကျန်းနာက သတ္တကမ္ဘာ ကျောက်တုံးနေရာသို့ ပင်လယ်မှ ဖြတ်လာနိုင်ကြောင်း မသိထားပေ။ အကယ်၍ သူမသာ သိထားလျှင် သူမအနေနှင့် အဆောင်အား ဖြုန်းတီးပစ်မည် မဟုတ်ပေ။

သတ္တကမ္ဘာ ကျောက်တုံးနှင့် မျက်နှာချင်းဆိုင်ဘက်တွင် အဆုံးမဲ့ တွင်းနက်ကြီး ခုနှစ်ခု ရှိနေ၏။ ယူကျန်းနာက မိုဝူကျိကဲ့သို့ ကြုံရာကျပန်း တွင်းနက်ထဲသို့ ခုန်ဆင်းသွားခြင်း မရှိပေ။ ထို့အစား သူမက ခန္ဓာကိုယ်ပေါ်မှ ပြောင်းလဲမျှခြေ အဆောင်အား ရိုက်ပစ်လိုက်သည်။

မိုးမြေ စည်းမျည်း၏ ဖိအားက ကျဆင်းလာကာ ယူကျန်းနာ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးမြူများ ထွက်ပေါ်လာရသည်။ တစ်ချိန်တည်းဆိုသလို သတ္တကမ္ဘာ ကျောက်တုံးနှင့် မျက်နှာချင်းဆိုင်မှ တွင်းနက်ကြီး တစ်ခုမှ ဆွဲငင်အား ရောက်လာသည်။ ထိုအရာက ယူကျန်းနာအား ဆွဲခေါ်သွားကာ အစအနမရှိ ပျောက်ကွယ်သွားစေသည်။

………………….....

အင်မော်တယ်လောက၏ အင်မော်တယ်များအတွက် ကျင့်ကြံရေးလောကကဲ့သို့ သူတို့ အင်မော်တယ် ဧကရာဇ်အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားသည့်အခါ အဆင့်မြင့် နယ်မြေတစ်ခုသို့ တက်လှမ်းနိုင်မည် ဖြစ်၏။ ထိုအဆင့်မြင့် နယ်မြေမှ နတ်ဘုရားလောက ဖြစ်ပေသည်။

လက်တွေ့၌ နှစ်များစွာ ကြာသည့်အထိ အင်မော်တယ်လောကမှ နတ်ဘုရားလောကဆီ တက်လှမ်းနိုင်သည့်သူ မရှိဖူးပေ။ အများစုက နတ်ဘုရား လောကအကြောင်းကိုပင် မသိထားကြပေ။ အင်မော်တယ်လောက၏ အင်မော်တယ်များ အမြင်၌ အထက်ဘုံမှာ သိသာထင်ရှားသော နေရာတစ်ခု ဖြစ်၏။ အထက်ဘုံ၏ အဆင့်အတန်းမှာ အင်မော်တယ်လောကထက် ပိုအဆင့်မြင်ပြီး ခေါင်းဆောင် ဖြစ်သည့် ကျီချန်းလော့ကိုလည်း တာအိုဧကရာဇ်ဟု ခေါ်ဝေါ်ကြသည် မဟုတ်ပါလော။ ထိုသည်က အင်မော်တယ်များအား အထက်ဘုံအား အဆင့်မြင့် နယ်မြေအဖြစ် မြင်စေခြင်း ဖြစ်၏။

ထို့နောက် နတ်ဘုရား မျှော်စင် ပေါ်လာ၏။ အထဲတွင် အင်မော်တယ်လောကထက် ကျော်လွန်နေသည့် ရတနာအမျိုးမျိုး၊ ကျင့်စဉ်အမျိုးမျိုးနှင့် တာအိုအမှတ်အသားများကို တွေ့နိုင်ပေသည်။  နတ်ဘုရားလောက ဖြစ်တည်လာသည့် သဘောတရား ရှိသော်လည်း  ဒဏ္ဍာရီအဖြစ်သာ ကျန်ရှိနေသေး၏။ မည်သူကမှ နတ်ဘုရားလောကကို မရောက်ဖူးကြသလို နတ်ဘုရားအဆင့် ကျင့်ကြံသူများနှင့် မတွေ့ဖူးကြပေ။ နတ်ဘုရားမျှော်စင်၌ပင် မည်သူမှ  တကယ့် နတ်ဘုရား အစစ်အား မမြင်ဖူးကြပေ။

နတ်ဘုရားလောကမှ အမှန်တကယ် နေရာတစ်ခု ဖြစ်သော်လည်း နတ်ဘုရားလောကသို့ မခေါ်ဆိုဘဲ နတ်ဘုရားနယ်မြေဟု ခေါ်ဆိုကြသည်။

နတ်ဘုရားနယ်မြေ၌ အားအကောင်းဆုံး ပုဂ္ဂိုလ်များမှာ နတ်ဘုရား မဟုတ်ဘဲ နတ်ဘုရားဘုရင် ဖြစ်၏။ နတ်ဘုရားဘုရင်အဆင့်သည် အင်မော်တယ်ဘုရင်အဆင့်နှင့် မတူပေ။ အင်မော်တယ်ဘုရင်အဆင့်အထက်တွင် အင်မော်တယ် အုပ်စိုးသူနှင့် အင်မော်တယ် ဧကရာဇ်အဆင့်များ ရှိနေသေးသည် မဟုတ်ပါလော။ သို့သော်လည်း နတ်ဘုရားနယ်မြေတစ်ခုလုံး၌ နတ်ဘုရားဘုရင်အဆင့်မှာ  အထွတ်အထိပ် ပြိုင်ဖက်ကင်း တည်ရှိမှုမျိုး ဖြစ်ပေသည်။

နတ်ဘုရားနယ်မြေက ကျယ်ပြောကာ အဆုံးအစမဲ့လှသည်။ နတ်ဘုရားနယ်မြေအတွင်း နတ်ဘုရားဘုရင် ဖြစ်လာသူများသည် စကြဝဠာအတွင်း၌ ပြိုင်ဖက်ကင်း တည်ရှိမှုမျိုးကို ပိုင်ဆိုင်ထားကြသည်။ သူတို့သာ နတ်ဘုရားဘုရင်အဆင့် ရောက်သည်နှင့် မဟာနတ်ဘုရားဘုရင် ဆယ်ယောက်အတွင်း မဝင်သည့် နတ်ဘုရားဘုရင်များနှင့် ဘွဲ့အမည်မရှိသောသူများသည်လည်း စကြဝဠာတစ်ခုလုံး၌ ထိပ်ဆုံး ရောက်ကြပေသည်။

နတ်ဘုရားဘုရင် ကျီတင်းသည် နတ်ဘုရားဘုရင်အဆင့် တစ်ယောက် ဖြစ်နေရုံသာမက မဟာနတ်ဘုရားဘုရင် ဆယ်ယောက်ထဲမှ တစ်ယောက်လည်း ဖြစ်ပေသည်။ သူ့ကျင့်ကြံဆင့်မှာ နတ်ဘုရားဘုရင် အဆင့် ၆ မျှ ရှိနေသော်လည်း သူ့ဒယ်စောက်ကို အသုံးပြုကာ နတ်ဘုရားဘုရင် ကျီတင်း ဟူသော ဘွဲ့အား အရယူထားနိုင်၏။ ထိုမျှတင် မကသေးဘဲ သူက အဆင့် ၁၀ မှ နတ်ဘုရားဘုရင် ဟုန်ချီကိုလည်း ကျော်လွန်ကာ အဆင့် ၉ တွင် ရပ်တည်နေလေ၏။ နတ်ဘုရားဘုရင် ဟုန်ချီမှာ နတ်ဘုရားဘုရင် အဆင့် ၇ ဖြစ်၏။

ထိုစဉ် နတ်ဘုရားဘုရင် ကျီတင်းက သူ့နတ်ဘုရားဘုရင်ခန်းမအတွင်း ရှိနေသည်။ သူ့မျက်နှာမှာ အတော်လေး ဖြူဖတ်ဖြူရော် ဖြစ်နေလေ၏။ သူ့လက်ထဲ၌ ကြေမွနေသော ဝိညာဉ်ကျောက်ပြားအား ကိုင်ဆောင်ထားသည်။ ဤဝိညာဉ်ကျောက်ပြားမှာ သူ့သား ယူကျန်းအာ ပိုင်ဆိုင်ခြင်း ဖြစ်ရာ ကြေမွသွားခြင်းက သူ့သား သေဆုံးသွားကြောင်း ဆိုလိုနေခြင်း ဖြစ်၏။

ဘယ်သူလဲ ….

ကျီတင်းရဲ့ သားကို သတ်ရဲတာ ဘယ်သူလဲ ….

( lone cauldron -  Ji Ding လို့ ပြန်ထားပါတယ်  )

***

All Chapters