← Chapters

သံချေးတက်နေသည့် ဓားရိုး

Vol. 63 Ch. 877

သံချေးတက်နေသည့် ဓားရိုး

Vol. 63 Ch. 877

နတ်ဘုရားဘုရင် ကျီတင်းက ဒေါသထွက်နေစဉ် သူ့သမီး ဖြစ်သူ ယူကျန်းနာအတွက်လည်း စိတ်ပူပင်နေမိသည်။ သူ့ကလေးနှစ်ယောက်က အတူတူ ထွက်သွားလေရာ ယခု သူ့သားက သေသွားပြီ ဖြစ်၏။ သူ့သမီးအတွက် မည်သို့ စိတ်မပူဘဲ နေနိုင်မည်နည်း။

“နတ်ဘုရားဘုရင်ကို အကြောင်းကြားပါတယ်ခင်ဗျ …. သခင်မလေး ကျန်းနာ ပြန်ရောက်လာပါပြီ ” နတ်ဘုရားဘုရင် ကျီတင်းက သူ့သမီးအကြောင်း စိတ်ပူပင်နေစဉ် လူငယ်လေးတစ်ယောက်က ဝင်လာကာ တင်ပြပေးလိုက်၏။

နတ်ဘုရားဘုရင် ကျီတင်းက ရုတ်ချည်း ထရပ်လိုက်သည်။ သူ့မျက်နှာပေါ်မှ စိုးရိမ်သောကက ဒေါသအဖြစ် ပြောင်းလဲသွားကာ  “ သူမကို ခေါ်ခဲ့စမ်း ”

ယူကျန်းနာက မိုးမြေစည်းမျည်း၏ ဖိအားကြောင့် ဒဏ်ရာများက ပြန်မကောင်းမွန်သေးပေ။ နတ်ဘုရားဘုရင် ကျီတင်းက သူမ အခန်းထဲ ဝင်လာသည်နှင့် တန်းသတိပြုမိလိုက်၏။ သူ့လေသံမှာ ရေခဲတမျှ အေးစက်နေပြီး “ မဆိုးဘူးပဲ … မင်းက အဆင့်နိမ့် နယ်မြေအထိတောင် သွားနိုင်နေပြီပေါ့ ”

“ သမီး အမှားကို သိပါပြီ။ ဖေဖေ ခွင့်လွတ်ပေးပါနော်” ယူကျန်းနာက မိုဝူကျိတို့ရှေ့မှောက်တွင် ဂုဏ်မောက်ကာ ဘဝင်မြင့်နေသော်လည်း သူမ ဖခင်ရှေ့မှောက်၌ ထိုသို့ မပြုမူရဲပေ။ နတ်ဘုရားဘုရင် ကျီတင်းဆီမှ စိတ်ဆိုးမာန်ဆိုး  “ ဟမ်” တစ်လုံးတည်းကပင် သူမအား ဒူးထောက်သွားစေ၏။

နတ်ဘုရားဘုရင်ကျီတင်းက ကလေးများကို အလိုလိုက်ခွင့်လွတ်တတ်ကာ ကာကွယ်လိုအားကြီးသော ဖခင်အဖြစ် မထင်သင့်ပေ။ သူက ထိုသို့ မေတ္တာကရုဏာကြီးမားသည့် ဖခင်မျိုး မဟုတ်ပေ။ သူ့ကလေးများက သူ့ဆန္ဒကို ဆန့်ကျင်မိလျှင် သေသည့်အထိ အရိုက်နှက်ခံရနိုင်ပေ၏။ သူ့ကလေးများအနက် တချို့မှာ သူ့ရိုက်နှက်မှုကြောင့် သေဆုံးသွားရသောသူများပင် ရှိပေသည်။

ယူကျန်းအာက အသတ်ခံလိုက်ရပြီ ဖြစ်၏။ သားတစ်ယောက် ဆုံးရှုံးသွားသည့် ခံစားချက်အပြင် သူ့အနေနှင့် တစ်ယောက်ယောက်က သူ့ ကျီတင်း၏ သားကို သတ်ရဲသည့် အချက်ကို ပို၍ ဒေါသထွက်မိနေသည်။

“ ငါ့ကို ပြောစမ်း …. မင်းအစ်ကို ကျန်းအာ ဘယ်လိုလုပ် သေသွားတာလဲ ” နတ်ဘုရားဘုရင် ကျီတင်းက ကိုယ့်ဘာသာ ပြန်ထိန်းပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။ သူ့သမီးဖြစ်သူသာ မိုးမြေဖိအားကြောင့် ဒဏ်ရာအပြင်းအထန် ရမလာပါက သူ့အနေနှင့် ဤသို့လေသံဖြင့် ပြောနေမည် မဟုတ်ပေ။

“ ဘယ်လို … အစ်ကိုကြီးက သေသွားပြီလား ” ယူကျန်းနာက ကြောင်အမ်းနေမိသေးသည်။ သူမ ငယ်စဉ်ကတည်းမှ စ၍ သူမအစ်ကိုကြီးက သူမ၏ ကျင့်ကြံရေးကို များစွာ ကူညီပေးခဲ့သည်။ သူမတို့၏ ခက်ထန်သည့် ဖခင်ဖြစ်သူနှင့် ယှဉ်လျှင် သူမ အစ်ကိုကြီးက သူမအပေါ်တွင် များစွာ နွေးထွေးပေးခဲ့သည်။ ယခု သူမအစ်ကိုကြီးက သေသွားပြီ ဖြစ်ရာ သူမအနေနှင့် ထိုအချက်အား လက်သင့်မခံနိုင်သေးပေ။

နတ်ဘုရားဘုရင် ကျီတင်းက မျက်မှောင်ကျုတ်ကာ  “ မင်းက ကျန်းအာနဲ့ အတူတူ ထွက်သွားတာ မဟုတ်ဘူးလား ”

ယူကျန်းနာက ပူဆွေးမှုမှ အသိပြန်ဝင်လာကာ ငိုလိုက်ရင်း  “ အစ်ကိုကြီးနဲ့ သမီးတို့က နတ်ဘုရားနယ်မြေကနေ ထွက်သွားနိုင်တဲ့ ထိပ်တန်းအဆင့် အဆောင်နှစ်ခုကို ရခဲ့တယ်။ အဖေ ခွင့်မပြုမှာစိုးလို့ သမီးတို့ တိတ်တဆိတ် ခိုးထွက်သွားကြတာ …. အစ်ကိုကြီးနဲ့ သမီးက အာကာပြင်ထဲမှာ လမ်းခွဲလိုက်ကြတာ။ အဲဒီနောက်ကျ သမီးက တျန်းဂျီ အမှတ်အသား တစ်ခုကို ရလာတယ်။ အစ်ကိုကြီးက သမီးထက် အားကောင်းတယ်ဆိုတော့ သူ့အတွက် မစိုးရိမ်မိဘူး။ အဲဒါကြောင့် တျန်းဂျီအကြောင်း စုံစမ်းဖို့ ထွက်သွားလိုက်တာ …. ”

နတ်ဘုရားဘုရင် ကျီတင်းက ယူကျန်းနာစကားကို ဖြတ်ပြောကာ  “ အဲဆို မင်းပြောတာက တျန်းဂျီ အမှတ်အသားတစ်ခုကို ရခဲ့တယ်ပေါ့ ”

မိုဝူကျိတို့က တျန်းဂျီ အမှတ်အသားအကြောင်း သေချာမသိကြသော်လည်း ကျီတင်းအတွက် ဤသို့ မဟုတ်ပေ။ ထိုသည်မှာ တျန်းဂျီ ကမ္ဘာဦး ကံကြမ္မာမှ ဖြစ်တည်လာသော အရာတစ်မျိုး ဖြစ်၏။ သေချာအသုံးပြုနိုင်ပါက လောကတစ်ခုလုံး၏ ကံကြမ္မာကို နှုတ်ယူနိုင်လိမ့်မည်။

တစ်လောကလုံး၏ ကံကြမ္မာက မင်းကို အားကောင်းစေသည်ကို စိတ်ကူးယဉ်ကြည့်လိုက်ပါ။

မင်းဆီမှာ အားကောင်းလာစေဖို့ ပါရမီမျိုး မရှိနေရင်တောင် ကံကြမ္မာက မင်းကို အားကောင်းလာအောင် လုပ်ပေးနိုင်လိမ့်မည်။

“ဟုတ်ပါတယ် … တျန်းဂျီ အမှတ်အသားက တျန်းဂျီ ကံကြမ္မာကနေ ဖြစ်လာတာလေ။ ပြီးတော့ အင်မော်တယ်လောကရဲ့ ကံကြမ္မာကို နှုတ်ယူဖို့ ကြိုးစားနေတဲ့ သူတစ်ယောက် ရှိနှင့်ပြီးပြီ။ သမီးက အဲဒီနေရာကို ရှာတွေ့ခဲ့တယ် ” ယူကျန်းနာ၏ လေသံက ဝမ်းနည်းမှုနှင့် ပြည့်နေသေး၏။ သူမက လောက၏ ကံကြမ္မာကို မရရှိခဲ့ရုံသာမက သူမအစ်ကိုကိုလည်း ဆုံးရှုံးခဲ့ရသည်။ အကယ်၍ သူမသာ အားလုံးကို သိခဲ့လျှင် သူမအစ်ကိုအား အဆောင်သုံး၍ အဆင့်နိမ့်နယ်မြေသို့ မသွားမိစေရန် တားမိပေလိမ့်မည်။

“ မင်းက တစ်လောကလုံးရဲ့ ကံကြမ္မာကို ရလာလား ” ကျီတင်း၏ လေသံက အနည်းငယ် တုန်ယင်နေမိ၏။ သူပင် ကံကြမ္မာကဲ့သို့သောအရာကို မမြင်နိုင်ပေ။ ထို့ကြေင့် သူက သူ့သမီးဖြစ်သူအား မေးကြည့်လိုက်ရတော့သည်။

ယူကျန်းနာက ခေါင်းခါလိုက်၏။ သူမ ဖခင်က အစ်ကိုကြီး သေဆုံးမှုထက်စာလျှင် တျန်းဂျီ အမှတ်အသားအကြောင်း ပိုစိတ်ဝင်စားနေသည်မှာ မထူးဆန်းပေ။

“ တျန်းဂျီ ကံကြမ္မာအလွှာကို ဖွင့်ခါနီးမှာ ပါးမွှားတစ်ကောင်ကြောင့် အကြံအားလုံး ပျက်စီးသွားခဲ့တယ်။ သူက အင်မော်တယ်လောကရဲ့ ကံကြမ္မာကို ပြန်ထိန်းသိမ်းပေးဖို့ လုပ်ခဲ့ပုံပဲ … သူက တျန်းဂျီ ကံကြမ္မာအလွှာကို  ပိုင်းခြမ်းပြီးတော့ အင်မော်တယ်လောကဆီ ကံကြမ္မာကို ပြန်ပေးခဲ့တယ်။ အဲဒီနောက်ကျ သူက တျန်းဂျီ ကံကြမ္မာအလွှာ ပျက်စီးမှု စွမ်းအားထဲ ပါသွားခဲ့တယ်။  အခုဆို သူ သေနေလောက်ပြီ ” ယူကျန်းနာက ရိုးရိုးသားသား ပြောလိုက်သည်။

ကျီတင်းက စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။

 ဤသို့မျိုး အခွင့်အရေးအား လက်လွှတ်ခံလိုက်ရသည်မှာ တကယ်ကို …..

“ ဖေဖေ …. အစ်ကိုကြီးက ဘယ်လိုလုပ် အသတ်ခံလိုက်ရတာလဲ။ ဘယ်သူ သတ်တာလဲဆိုတာကို သိလား ” ယူကျန်းနာက မျက်လုံးကို ပွတ်ကာ အစ်ကိုကြီး၏ သေဆုံးမှုကို ယခုအထိ လက်မခံနိုင်သေးပေ။

ကံကြမ္မာလိုအရာမျိုးက ပျောက်ကွယ်သွားသည်နှင့် ပြန်လည် မရနိုင်တော့ပေ။ ကျီတင်းက နတ်ဘုရားဘုရင် တစ်ယောက် ဖြစ်သောကြောင့် နဂိုတည်ငြိမ်မှု ပြန်မရသေးခင် သူ့စိတ်ထဲ၌ လှိုင်းတွန့်လေးများ ဖြတ်ပြေးသွားခဲ့သည်။ သူက မလိုလားမှုကို ချိုးနှိမ်ကာ  “ မင်းအစ်ကိုကြီးက နတ်ဘုရားနယ်မြေမှာ အသတ်ခံရတာ မဟုတ်ဘူးဆိုတော့ အဆင့်နိမ့်နယ်မြေမှာ သူ့ကို သတ်နိုင်မဲ့သူ ရှိမှာ မဟုတ်ဘူး။ ကြည့်ရတာ သူ့ပြောင်းလဲမျှခြေ အဆောင်မှာ ပြဿနာ ရှိတဲ့ပုံပဲ … ”

ယူကျန်းနာက မြန်မြန် ပြောလိုက်သည်  “ အဲလိုတော့ မဖြစ်နိုင်လောက်ဘူး။ သမီးသာ ပြောင်းလဲမျှခြေအဆောင်ကို မဖျက်စီးခဲ့ရင် ကြေမွသွားမှာ မဟုတ်ဘူး။ သမီးတို့ ရထားတဲ့ ပြောင်းလဲမျှခြေအဆောင်က ထိပ်တန်းအဆင့် …. ”

ယူကျန်းနာက တစ်ဝက်တစ်ပျက် ရပ်တန့်လိုက်သည်။ သူမက အင်မော်တယ်လောကသို့ ရောက်သွားကြောင်းသာ ပြန်လည် အမှတ်ရမိလိုက်သည်။ အကယ်၍ အစ်ကိုကြီးက အဆင့်ပိုနိမ့်သည့် နယ်မြေသို့ သွားလျှင် မည်သို့ ဖြစ်လာမည်နည်း။ ပြောင်းလဲမျှခြေ အဆောင် ရင်ဆိုင်ရသော ဖိအားမှာ ပို၍ မြင့်မားပေလိမ့်မည်။ မိုးမြေ စည်းမျည်း၏ ကြောက်ခမန်းလိလိ ဖိအားအောက်တွင် ပြောင်းလဲမျှခြေ အဆောင် ပျက်စီးသွားခြင်းက မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။

“ အဲဆို မင်းလည်း တွေးမိတယ်မလား” နတ်ဘုရားဘုရင် ကျီတင်းက ဆက်ပြောလိုက်သည်  “ မင်းရဲ့ ပြောင်းလဲမျှခြေ အဆောင်က နတ်ဘုရားနယ်မြေအောက်က နယ်မြေကို သွားခွင့် ပြုထားတယ်။ တကယ်လို့ အဲထက် ပိုနိမ့်တဲ့ နယ်မြေကို သွားရင် ဘယ်လိုဖြစ်သွားမလဲ ”

“ အာ …. မှတ်မိသွားပြီ ” ထိုသို့ပြောပြီးနောက် ယူကျန်းနာက သိုလှောင်လက်စွပ်ထဲက သလင်းကျောက်နှင့်တူသည့်  ပုလဲကို ထုတ်ယူလိုက်သည်။

သူမက ပုလဲကို ကြည့်လိုက်သည်နှင့် စတင်ပြောလိုက်၏  “ ဖေဖေ … အစ်ကိုကြီးက အသတ်ခံလိုက်ရတာ။ ဒီပုလဲက သမီးတို့ သွေးအရိပ် အမှတ်အသားတွေ ပါတယ်။ တကယ်လို့ ပြောင်းလဲမျှခြေအဆောင်မှာ ပြဿနာ ရှိနေရင် သွေးအရိပ် အမှတ်အသားက ပျောက်ကွယ်သွားလိမ့်မယ်။ တကယ်လို့ သမီးတို့တွေ အသတ်ခံရတာဆိုရင် သွေးအရိပ်အမှတ်အသားက အနက်ရောင် ပြောင်းသွားလိမ့်မယ်။ အခု အစ်ကိုကြီးရဲ့ သွေးအရိပ် အမှတ်အသားက အနက်ရောင် ပြောင်းနေပြီဆိုတော့ အစ်ကိုကြီးက သေချာ‌ပေါက် အသတ်ခံလိုက်ရတာပဲ …. ”

ယူကျန်းနာက ယူကျန်းအာသည် အသတ်ခံရကြောင်း အတည်ပြုပြီးနောက် ကျီတင်း၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ငွေ့များ ထွက်လာသည်။

အချိန်အတော်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်  “ ဘယ်သူဖြစ်ဖြစ် ငါ့သားကို သတ်ရင် တစ်လောကလုံးရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရမယ်။ ကျန်းနာ မင်းက ဘယ်လောကကို သွားခဲ့တာလဲ ”

“ ဖေဖေ … အဆင့်နိမ့် နယ်မြေဆီ သွားနိုင်တဲ့ ပြောင်းလဲမျှခြေ အဆောင်ကရော ” ယူကျန်းနာက သူမ ဖခင်၏ တစ်လောကလုံးကို ဖျက်စီးပစ်မည့်အကြောင်းအား စိတ်ထဲ မထားပေ။

ကျီတင်း မျက်ဝန်းများက ယုံကြည်ချက်အပြည့်ဖြင့် “ ငါ့ဘာသာ နည်းလမ်း ရှာလိုက်မယ်။ မင်းအရင် ထွက်သွားတော့  …. မှတ်ထား နောက်တစ်ခါ မင်းဘာသာ ဒီလိုကိစ္စမျိုးကို မဆုံးဖြတ်နဲ့ ။ နောက်တစ်ခါ ချမ်းသာပေးမှာ မဟုတ်ဘူး ”

နတ်ဘုရားဘုရင်ပင် အဆင့်နိမ့်နယ်မြေသို့ ပြောင်းလဲမျှခြေ အဆောင်မပါရှိဘဲ မသွားနိုင်ပေ။

“ ဟုတ်ကဲ့ …. သမီး သွားလိုက်ပါဦးမယ် ” ယူကျန်းနာက မြန်မြန် ဦးညွှတ်ကာ ထွက်သွားလိုက်သည်။

သူမအနေနှင့် ဖခင်က အပြစ်မပေးသည့်အတွက် လုံးဝ မပျော်ရွှင်နေပေ။ သူမအစ်ကိုကြီးမှာ အသတ်ခံလိုက်ရပြီ ဖြစ်ရာ သူမအနေနှင့် နှစ်တစ်သိန်းလောက် ပိတ်လှောင်ခံထားရဖို့ရာ လိုလားပေသည်။

………………….

လများစွာ သတိနှင့်နေပြီးနောက် မိုဝူကျိက မြန်မြန် သွားဖို့ရာ ဆုံးဖြတ်လိုက်သည်။ သူက ဤချောက်နက်၏ တည်နေရာကို မသိသေးပေ။ စိတ်စွမ်းအား အတားအဆီးရှိနေရုံမှလွဲ၍ တခြားအန္တရာယ် မရှိပေ။

မိုဝူကျိအတွက် နှမြောဖို့ကောင်းသည့် တစ်ခုတည်းသောအရာမှာ ဤနေရာတွင် မကျင့်ကြံနိုင်ခြင်း ဖြစ်၏။ သူ့အင်မော်တယ် မော်တယ်ပြောင်းပြန် ကျင့်စဉ်ဖြင့် သူက လှုပ်ရှားမှုနှင့် ကျင့်ကြံရေးအတွက် ပြဿနာ မရှိပေ။ ရုပ်ခန္ဓာ လေ့ကျင့်ဖို့ရာအတွက်မူ ဤနေရာ၌ အမှန်တကယ် မသင့်တော်ပေ။ ထို့အပြင် မိုဝူကျိ၏ ရုပ်ခန္ဓာမှာ နတ်ဘုရားရုပ်ခန္ဓာ အဆင့် ၉ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ့အတွက် သိသိသာသာ တိုးတက်လာဖို့ မဖြစ်နိုင်ပေ။

ကံကောင်းစွာဖြင့် မိုဝူကျိက သွားလာနေရင်း စိတ်စွမ်းအားကို ဖွဲ့စည်းနိုင်လေသည်။

တစ်နှစ်တာ ကုန်ဆုံးသွားလေ၏။ အစပိုင်းတွင် မိုဝူကျိ၏ စိတ်စွမ်းအားမှာ မီတာ သုံးဆယ်ဝန်းကျင်ခန့်သာ ဖြန့်ကျက်နိုင်ခဲ့သည်။ ယခု မီတာ သုံးရာဝန်းကျင်အထိ ဖြန့်ကျက်နိုင်ပြီ ဖြစ်၏။ ဤနေရာတွင် စည်းမျည်းနိယာမတချို့ ရှိနေကြောင်း ခံစားမိနေသည်။ သူ့စိတ်စွမ်းအားသာ ထိုစည်းမျည်းနိယာမကို ကျော်လွန်သွားနိုင်သည်နှင့် ပိုမို ဖြန့်ကျက်နိုင်လိမ့်မည်။

ထိုအချိန် သူက ထိုနိယာမနှင့် နေသားကျနေလေပြီ။ ယခု သူ့စိတ်စွမ်းအားက မီတာသုံးရာ အလွန်  ဖြန့်ကျက်ဖို့ရာ ထိုနိယာမအား ကျော်လွန်နေဖို့ မလိုတော့ပေ။

မူလက မိုဝူကျိသည် ရွေ့လျားနေရင်း သူ့စိတ်စွမ်းအားကို မွမ်းမံသန့်စင်ဖို့ ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း သူ့အား သေခြင်းတရား ခြိမ်းခြောက်မှုတစ်ခုက သူ့အား ရပ်တန့်သွားစေ၏။ သူက ရှေ့ကို ကြည့်လိုက်မိသည့်အခါ  စိတ်စွမ်းအားနှင့် စိတ်ဝိညာဉ်မျက်လုံးကို ထုတ်သုံးစေကာမူ မီးခိုးရောင် ပိတ်သည်းနေသည်ကိုသာ မြင်တွေ့နိုင်လေ၏။

မိုဝူကျိက ဘာကိုမှ မမြင်သော်လည်း ဆက်၍ မသွားတော့ပေ။ သူက သိုလှောင်လက်စွပ်အတွင်း လော့ကျမ်းစာရွက်ကို ထည့်ထားလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက တျန်းဂျီ အမှတ်အသား အုတ်ခဲနှင့် တျန်းဂျီတုတ်တို့ကို ထာဝရ ကမ္ဘာထဲ ထည့်ထားလိုက်သည်။ ထိုအရာအားလုံးကို လုပ်ပြီးသည့်နောက်မှ ဖြည်းဖြည်းချင်း ရှေ့တိုးသွားလိုက်သည်။

သေခြင်းတရားနှင့် အကြိမ်များစွာ ကြုံတွေ့ပြီးသည့်နောက်တွင် မိုဝူကျိက သူ့လူသားတာအိုမှာ ထိုသို့ ခြိမ်းခြောက်မှု အန္တရာယ်များအပေါ်တွင် အာရုံခံစားမှုပြင်းကြောင်း သတိပြုမိလိုက်သည်။

သူက လူသားတစ်ယောက် ဖြစ်ပြီး လူသားတာအိုကို ကျင့်ကြံပေသည်။ လူသားတစ်ယောက် အစိုးရိမ်ဆုံးအရာမှာ သေခြင်းတရားသာ ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် သေခြင်းတရားနှင့် နီးကပ်လာသည့်အချိန်တိုင်း နိမိတ်တချို့ ခံစားမိလာသည်။

မိုဝူကျိက ရှေ့တိုးလိုက်သည့်အခါ အန္တရာယ်က ပိုပြင်းထန်လာကြောင်း ခံစားမိလာသည်။ အကယ်၍ သူသာ တခြားနေရာတွင် ရှိနေပါက လှည့်ထွက်သွားဖို့ရာ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သို့သော်လည်း သူ့တွင် သွားစရာနေရာ မရှိပေ။ ဤသည်မှာ ချောက်နက်ကြီး ဖြစ်ပြီး ရှေ့တိုးခြင်း ဒါမှမဟုတ် နောက်ဆုတ်ခြင်း အခွင့်အရေးသာ ရှိပေသည်။

မိုဝူကျိက နောက်ဆုတ်ဖို့ရာ တစ်ခါမှ မတွေးဖူးပေ။ တစ်နှစ်တာမျှ လျှောက်လှမ်းလာပြီးပြီ ဖြစ်ရာ တခြားနေရာ၌လည်း အန္တရာယ် ရှိနေနိုင်ကြောင်း  မည်သူက သိနိုင်မည်နည်း။

မီတာရာကျော် လျှောက်လှမ်းလာပြီးနောက် မိုဝူကျိက ရပ်တန့်လိုက်သည်။ သူက နောက်ထပ် ရှေ့ဆက်မသွားနိုင်တော့ပေ။ သူ့ရှေ့တွင် မီတာသုံးဆယ်အကွာတွင် မြေကြီးပေါ်၌ သံချေးတက်နေသည့် ဓားရိုးကြီး စိုက်နေလေ၏။ မိုဝူကျိက စိတ်စွမ်းအားဖြင့် မြေကြီးအောက်ခြေရှိ တခြားဓားရိုးအပိုင်းအား  မမြင်ရပေ။ မြေကြီးပေါ်တွင် ရှိနေသည့် အစိတ်အပိုင်းမှာ မှော်ရတနာ လက်ကိုင်နှင့် တူနေပေ၏။

မိုဝူကျိက နတ်ဘုရားမျှော်စင်၏ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်သို့ ရောက်ရှိဖူးလေရာ ထိုမြေခွေးအိုကြီး ယူမင်ကျန်းက ကျောက်ဆောင်တစ်ခု၌ ပုန်းအောင်းနေခဲ့သည် မဟုတ်ပါလော။

“ မင်းက ဒီနေရာကို ရောက်လာတဲ့ ပထမဆုံးကျင့်ကြံသူပဲ …. မင်း ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ ” မိုဝူကျိ ရပ်တန့်လိုက်ပြီးနောက်  အသက်သုံးရှိုက်စာအတွင်း အသံတစ်သံ ထွက်ပေါ်လာသည်။

မိုဝူကျိက နှလုံးခုန်ပင် မြန်မိသွားသည်။ သူ့ခန့်မှန်းထားသည်က အမှန်ဖြစ်နေ၏။ ထိုအသံမှာ ဓားရိုးမှ ထွက်လာခြင်း ဖြစ်သည်။

“ ကျုပ်က အာကာပြင်ထဲ တစ်ယောက်နဲ့ တိုက်ခိုက်နေရင်း အဆောင်ကို အသက်သွင်းလိုက်မိတော့ ဒီနေရာကို ရောက်လာတာပဲ ” မိုဝူကျိက အမှန်တကယ် ဖြစ်ပျက်လာသည့်အလား လျှောက်ပြောလိုက်သည်။

“ မင်းက လိမ်နေတာပဲ … ပြောပါဦး  … မင်းဆီမှာ တျန်းဂျီ အမှတ်အသား ဘယ်နှစ်ခု ရှိလဲ ” တစ်ဖက်လူက မိုဝူကျိ ရောက်လာသည့် အကြောင်းအရင်းကို သေချာသိနေဟန် ပေါ်သည်။

မိုဝူကျိက တစ်ဖက်လူသည် တျန်းဂျီ အမှတ်အသားငါးခုအကြောင်း ပြောသည်ကို ကြားသောအခါ သူ့စိတ်ထဲ လျှပ်စီးတစ်ချက် ပြေးသွားသည့်အလား ခံစားမိလိုက်၏။ သူက ဤလူကို သိနေသည်။

ဤလူသည် တျန်းဂျီ ကံကြမ္မာအလွှာကို လုပ်ဆောင်ခဲ့သောသူသာ ဖြစ်လိမ့်မည်။ သူက ဤလူသည် မသေဆုံးသေးဘဲ ဤထူးခြားဆန်းဖွယ် ချောက်နက်ထဲ ရောက်နေလိမ့်မည်ဟု မထင်ထားပေ။ ဤလူက အင်မော်တယ်လောက တစ်ခုလုံး၏ ကံကြမ္မာကို နှုတ်ယူခဲ့လိုလေရာ မည်မျှ ရက်စက်ကြောင်း သိနိုင်ပေ၏။

“ မင်း ခန့်မှန်းတာ မှန်တယ်။ ငါက တျန်းဂျီ ကံကြမ္မာအလွှာကို လုပ်ခဲ့တဲ့သူပဲ။ မင်းလည်း အဲကနေ အကျိုးမြတ်နည်းမှာ မဟုတ်ပါဘူး ” ထိုအသံပိုင်ရှင်က မိုဝူကျိ ဗိုက်ထဲတွင် ရှိနေသော ပဏ္ဏားလေးအလား တွေးသမျှ အကုန်သိနေသည်။

မိုဝူကျိက ထိုဓားရိုးကို စိုက်ကြည့်လိုက်လေ၏။

ဤလူက သူ့စိတ်ကို ဖတ်နိုင်တာလား…..

***

All Chapters