မိုင်းတွင်းဆီ စေလွှတ်ခံရခြင်း
Vol. 64 Ch. 880
မိုဝူကျိက မည်သည့်နေရာကို သွားသင့်ကြောင်း တွေးတောနေစဉ် သူ့ခေါင်းတစ်ဝက်စာလောက် အရပ်အမြင့်ရှိသည့် လူငယ်လေးတစ်ဦး ချည်းကပ်လာသည်ကို သတိပြုမိလိုက်သည်။ ထိုလူငယ်လေးက မိုဝူကျိဆီ မရောက်သေးသော်လည်း မိုဝူကျိက ထိုလူငယ်လေးသည် ထိုအမျိုးသမီး နှစ်ယောက် လိုက်ရှာနေခဲ့သော ဦးရီးတော် ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။
“ ဒီက တာအိုရောင်းရင်းက ထောင်ထျဲ့တောင်ကြားမှာ နတ်ဘုရား စိတ်ဝိညာဉ် ဆေးပင်တွေကို လာရှာတာလား” လူငယ်လေးက မိုဝူကျိ လက်ထဲမှ နှစ်လွှာမြက်ကို ကြည့်ကာ ရယ်မောရင်း ပြောလိုက်သည်။
မိုဝူကျိက နှစ်လွှာမြက်ပင်အား သိမ်းထားလိုက်ပြီး ထိုလူငယ်လေး၏ လှပမှုကို ချီးကျူးနေမိသည်။ ထိုသူကား အမှန်တကယ် လှပလွန်းပေသည်။ ဖြူဖွေးသော အသားရည်၊ မျက်ဝန်းကြီးကြီးနှင့် အမျိုးသမီးတစ်ယောက်နှင့်ပင် ယှဉ်နိုင်သည့် လက်တစ်စုံ ပိုင်ဆိုင်ထားသည်။ သူ့ခပ်ဩဩ အသံတစ်ခုသာ အမျိုးသားတစ်ယောက်၏ အငွေ့အသက်ကို ပေးစွမ်းနေခြင်း ဖြစ်၏။
“ အာ … ကျွန်တော်က ကျင့်ကြံဆင့်နိမ့်တာဆိုတော့ နတ်ဘုရား စိတ်ဝိညာဉ် ဆေးပင်တွေရှိတဲ့ နေရာဆီ ခြေမချရဲပါဘူးဗျာ။ အဲဒါကြောင့် ဒီနေရာလေးမှာ အဆင့်နိမ့် ဆေးပင်လေးတွေ ခူးနေတာပါ ” မိုဝူကျိက နေရခက်စွာ ပြောလိုက်သည်။
လူငယ်လေးက မိုဝူကျိ၏ စကားများကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်ပြီး “ အဲဒါလည်း ဟုတ်တာပဲ … ဒါနဲ့ စောစောက ငါ့ကို အမျိုးသမီးနှစ်ယောက် လာရှာသေးလား ”
မိုဝူကျိက ပြန်ဖြေလိုက်၏ “ သူတို့က သူတို့ဦးရီးတော်ကို မေးတာဆိုပေမဲ့ ကျွန်တော်က ဘယ်သူမှန်း မသိဘူးလို့ ပြောလိုက်တော့ စောစောကပဲ ထွက်သွားကြပါတယ်”
လူငယ်လေးက မိုဝူကျိ ပခုံးကို ပုတ်ကာ “ ကောင်းတယ် …. မင်း ငါ့နောက်ကို လိုက်ခဲ့ပါ့လား။ မင်းကို အဆင့်မြင့် နတ်ဘုရားဆေးပင်တွေ ခူးလို့ရတဲ့ နေရာကို ခေါ်သွားပေးမယ် ”
မိုဝူကျိက လူငယ်လေး၏ ကျင့်ကြံဆင့်မှာ သူ့ထက် များစွာ အဆင့်မြင့်နေကြောင်း ခံစားမိ၍ မသက်မသာ ဖြစ်မိသွားသည်။
“ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ … ကျွန်တော်က အရမ်းကို အားနည်းနေတော့ မလိုက်တော့ပါဘူးဗျာ ” မိုဝူကျက ထိုလူငယ်လေးကို မသိသော်လည်း မိုဝူကျိက သူ့ထက် များစွာ အားနည်းနေကြောင်းတော့ သိပေသည်။ သူ့လက်ရှိအင်အားဖြင့် ထိုလူ့နောက်ကို လိုက်သွားခြင်းက ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်ပေမည်။
လူငယ်လေးက အသံနိမ့်ကာ “ ငါ မင်းကို ညာနေတာ မဟုတ်ဘူး။ နတ်ဘုရား အသွင်သဏ္ဍာန် တည်ရှိမှုအကြောင်းကို ကြားလိုက်မိတယ်။ မင်းဆီမှာ နတ်ဘုရားအသွင်သဏ္ဍာန် ရလာတာတော့ မဟုတ်ပါဘူးနော့ ”
မိုဝူကျိက နတ်ဘုရာအသွင်သဏ္ဍာန်အကြောင်း စဉ်းစားရင်း မရေမရာ ဖြစ်မိသွားသည်။
အင်မော်တယ်ဝင်ရိုးနှင့် အတူတူလိုမျိုးလား …..
လူငယ်လေး၏ စကားအရ နတ်ဘုရားအသွင်သဏ္ဍာန်မှာ အင်မော်တယ်ဝင်ရိုးနှင့် တူမည် မဟုတ်ပေ။ အင်မော်တယ် ဝင်ရိုးက အင်မော်တယ် ဝင်ရိုးကျောက်တုံး တစ်ဖြစ်လဲ အသိစိတ်ကျောက်များမှ တဆင့် ဒါမှမဟုတ် လူတစ်ယောက်၏ မဟာတာအို အရှိန်အဝါမှ တဆင့် ဖွဲ့စည်းရသော အရာ ဖြစ်ပေသည်။
ဤလူငယ်လေးက နတ်ဘုရားအသွင်သဏ္ဍာန် တည်ရှိမှုလို့ သုံးစွဲလေရာ အရာဝတ္ထုတစ်ခုသာ ဖြစ်ရမည်။
မိုဝူကျိ ထပ်မေးတော့မည့်ဆဲဆဲတွင် လူငယ်လေး၏ အမူအယာက ပြောင်းလဲသွားပြီး တစ်ချိန်တည်းနီးပါးတွင် သူက မိုဝူကျိရှေ့မှ ပျောက်ကွယ်သွားလေ၏။ မိုဝူကျိက သူ့ရှေ့မှ တည်နေရာ အပြောင်းအလဲကိုသာ ခံစားမိလိုက်ပြီး ထိုလူငယ်လေး ဘယ်လိုပျောက်သွားသည်ကို မမြင်လိုက်ရပေ။
သို့သော်လည်း စက္ကန့်ပိုင်းလေးကြာပြီးနောက်တွင် ယခင်အမျိုးသမီး နှစ်ယောက်က မိုဝူကျိရှေ့ ပြန်ရောက်လာသည်။
“ မင်းနာမည် ဘယ်သူလဲ ” အရပ်ရှည်ရှည် အမျိုးသမီးက ထပ်မေးလိုက်သည်။
ယခင်က မိုဝူကျိသည် နာမည်ကို ထုတ်မပြောခဲ့သော်လည်း တစ်ဖက်လူက ပြန်လာပြီး မေးနေလေရာ ပြန်ဖြေရမည်မှာ ကျင့်ဝတ် ဖြစ်၏ “ ကျွန်တော် နာမည်က မိုဝူကျိပါ ”
“ အရမ်းကောင်းတယ် …. မင်းက ကြည့်ပျော်ရှုပျော် ရှိတယ်ဆိုတော့ ငါတို့နောက် လိုက်ခဲ့ …” အရပ်ရှည်ရှည် အမျိုးသမီးက မိုဝူကျိအား ခြုံငုံကြည့်ကာ ပြောလိုက်သည်။
မိုဝူကျိက နှလုံးခုန်ပင် မြန်မိသွားသည်။
ဒီအမျိုးသမီးနှစ်ယောက်နောက် လိုက်သွားရမှာလား …..
“ အားနာပါတယ် …. ကျွန်တော်မှာ တခြားကိစ္စလေးတွေ ရှိသေးလို့ မလိုက်နိုင်လောက်ဘူး” မိုဝူကျိက တုံ့ဆိုင်းခြင်းမရှိ ငြင်းပယ်လိုက်သည်။
အရည်ရှည်ရှည် အမျိုးသမီးက နှာခေါင်းရှုံကာ “ အဲဒါက မင်းဆုံးဖြတ်ရမဲ့ ကိစ္စ မဟုတ်ဘူး ”
ထိုသို့ပြောပြီးနောက် သူမက မိုဝူကျိအား ဆွဲခေါ်ဖို့ ကြိုးစားလိုက်သည်။
မိုဝူကျိက စိတ်အေးသွားလေ၏။ အကြောင်းမှာ ထိုအမျိုးသမီးက သူ့ဘေးပတ်လည်မှ တည်နေရာကို ထိန်းချုပ်ထားသည့်ပုံ မပေါ်ပေ။ တစ်ဖက်လူက သူ့ဘေးပတ်လည်ကို မထိန်းချုပ်နိုင်သည့်အတွက် သူ့အနေနှင့် ထွက်ပြေးနိုင်သေး၏။
ထိုအတွေး တွေးမိနေစဉ် သဘာဝစွမ်းအားလှိုင်းတစ်ချို့က သူ့အား ရစ်ပတ်ကာ ချုပ်နှောင်လာသည်။ မိုဝူကျိက လက်သီးတစ်ချက် မြန်မြန် ပစ်ခွင်းလိုက်ရသည်။
ဘုန်း
ဖိနှိပ်ခံရသည့် အသံတစ်သံ ထွက်ပေါ်လာပြီး မိုဝူကျိ၏ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်က ချုပ်နှောင်ထားသည့် စွမ်းအားကို ဖျက်စီးပစ်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူက ထိုစွမ်းအားမှ လွတ်မြောက်သွားပြီ ဖြစ်၏။
ဆက်တိုက်ဆိုသလို သူ့စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်မှာ ပင်လယ်ကြီးထဲသို့ စီးဆင်းသွားသည့်အလား ပျောက်ကွယ်သွားတော့သည်။
“ မင်းဆီမှာ လှည့်ကွက်တွေ ရှိနေတာပဲ …” မိုဝူကျိကို ဖမ်းဆီးခေါ်ဆောင်ဖို့ရာ ကျရှုံးသွားသည့်အတွက် အရပ်ရှည်ရှည် အမျိုးသမီးက စိတ်မပျက်သွားရုံသာမက စိတ်ဓာတ် တက်ကြွလာဟန် ပေါ်နေသေး၏။
မိုဝူကျိ စိတ်ထဲ လေးလံမိလာ၏။ အကြောင်းမှာ အနည်းငယ် ပုသည့် အမျိုးသမီးက ယခုအချိန်အထိ မလှုပ်ရှားရသေးပေ။ သူ ပစ်ခွင်းလိုက်သည့် လက်သီးချက်က တစ်ဖက်လူသည် သူ့ဘေးပတ်လည် မထိန်းချုပ်ထားနိုင်သည့် အကြောင်းအရင်းကို နားလည်သွားစေ၏။ အကြောင်းအရင်းမှာ ဤနေရာရှိ မိုးမြေစည်းမျည်းများက ပို၍ မြင့်မားနေပြီး တစ်ဖက်လူသာ ဤသို့နေရာမျိုးကို ချုပ်ထိန်းထားနိုင်လျှင် သူမ ကျင့်ကြံဆင့်က မိုဝူကျိအား အလွယ်တကူ ရှင်းပစ်နိုင်ဖို့ရာ လုံလောက်ပေမည်။
မိုဝူကျိက စိတ်စွမ်းအားဖြင့် ဘေးပတ်လည်ကို စစ်ဆေးကြည့်လိုက်ပြီး ထွက်ပြေးဖို့ရာ ပြင်ဆင်ထားလိုက်သည်။ ထိုအမျိုးသမီး နှစ်ယောက်က သူ့ထက် များစွာ အားကောင်းနေသော်လည်း သူ့အနေနှင့် ထွက်ပြေးနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
အရပ်ရှည်ရှည် အမျိုးသမီးက မိုဝူကျိ ကြံစည်နေသည်ကို သိနေသည့်အလား နှာခေါင်းရှုံ့ကာ
“ တကယ်လို့ မင်း ထွက်ပြေးဖို့ စိတ်ကူးနေတယ်ဆိုရင် မကြာခင် သေမှာ အသေအချာပဲ …. မင်း ဒီနေရာကို ဘယ်လိုရောက်လာတယ်ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ မင်းအနေနှင့် ဒီနေရာကနေ ထွက်သွားဖို့ နည်းလမ်း သုံးခုတည်းပဲ ရှိတယ်။ ထွက်လမ်းသုံးခုလုံးမှာ သေခြင်းတရားက စောင့်ကြိုနေမှာပဲ …. မင်း မိုင်းတွင်းအတွက် အဖမ်းခံပြီး ခေါ်သွားခံရနိုင်တယ်။ အဲလိုဆို မင်းက အဆုံးမဲ့ကွင်းပြင်ထဲမှာ သေဆုံးသွားမှာ …. တစ်ခုတည်းသော ခြားနားချက်က မင်း ဘယ်မိုင်းတွင်းဆီ စေလွှတ်ခံရတာလဲဆိုတာပေါ်ပဲ မူတည်တယ်
ပြီးတော့ မင်း ငါ့နောက်ကို လိုက်မယ်ဆိုရင် ဘာမှ မဖြစ်စေဖို့ အာမခံတယ်။ မင်းအပေါ် မကောင်းတဲ့အကြံ မရှိပါဘူး။ မင်း ငါ့နောက်ကို လိုက်မယ်ဆိုရင် ကျေးဇူးတင်ခံရမယ်။ တကယ်လို့ မင်း သံသယဝင်နေတုန်းဆိုရင် ကိုယ့်ဘာသာ စမ်းကြည့်လေ ”
သူမက စကားမဆုံးခင် မိုဝူကျိက လေလွတ်မြောက်ရေး နည်းစနစ်ကို အဆုံးအစွန်အထိ ထုတ်သုံးလိုက်သည်။
“ ဒီလူက ကျင့်ကြံဆင့် မမြင့်ပေမဲ့ ထွက်ပြေးတဲ့နေရာ အတွေ့အကြုံ တော်တော်ကြွယ်ဝတဲ့ပုံပဲ …” အရပ်ရှည်ရှည် အမျိုးသမီးက သူ့နောက် လိုက်မသွားဘဲ အနည်းငယ်ပုသည့် အမျိုးသမီးက ပြောလိုက်သည်။
အရပ်ရှည်ရှည် အမျိုးသမီးက အထင်သေးစွာဖြင့် “ သူက သေဖို့ ဒီလောက် တက်ကြွနေမှတော့ လွတ်ထားလိုက်တာပေါ့။ ငါတို့ရဲ့ ကြင်နာမှုကို ဒီလိုဆက်ဆံမှတော့ မိုင်းတွင်းထဲမှာ သေရင်တောင် ဖြစ်သင့်တယ်။ သွားကြစို့ … ငါတို့တွေ ဦးရီးတော်နေရာ အစားထိုးဖို့ လူရှာမတွေ့ဘူးဆိုတာ မယုံဘူး ”
………………….
အသက်ဆယ်ရှိုက်စာကြာပြီးနောက် မိုဝူကျိက ထိုအမျိုးသမီး နှစ်ယောက်သည် သူ့နောက် လိုက်မလာကြောင်း သိလိုက်သည်။ မိုဝူကျိက သတိကြီးကြီး ထားလိုက်ရင်း စိတ်သက်သာရာ သက်ပြင်းချလိုက်မိ၏။
သူက အရပ်ရှည်ရှည် အမျိးသမီး၏ စကားကို သံသယဝင်မိပေ၏။ ထို့ကြောင့် ယခုအချိန်မှစ၍ သတိကြီးကြီး ထားထားရမည်။
မိုဝူကျိက ထိပ်ဆုံးအဆင့် အင်မော်တယ်ဆေးပင်တချို့ ခူးယူလိုက်ပြီး အမည်မသိ ဆေးပင်တချို့ကိုပါ ခူးယူလိုက်သည်။ ထိုဆေးပင်များမှ အဆင့် ၉ အင်မော်တယ် ဆေးပင်နှင့်အထက် စွမ်းအားများကို ထုတ်လွှင့်နေလေရာ မိုဝူကျိ၏ မှန်းဆချက်အရ ထိုအရာများမှာ နတ်ဘုရားဆေးပင်များ ဖြစ်ကြောင်း သိလိုက်သည်။
“ ကြည့်ရတာ မင်းက နတ်ဘုရားဆေးပင်တချို့ ခူးလာတဲ့ပုံပဲ ” မိုဝူကျိက အမည်မသိ နတ်ဘုရားဆေးပင်တချို့ ခူးပြီးသည့်နောက် ခပ်တိုးတိုး အသံကို ကြားလိုက်ရသည်။ မိုဝူကျိက ရွေ့လျားဖို့ တွေးမိလိုက်သည်နှင့် နေရာတန်းပြောင်းလိုက်သည်။ ထို့နောက်တွင် ဓားအလင်းတစ်ချက်က သူ့ဘေးပတ်လည်၌ ကျရောက်လာသည်။
မိုဝူကျိ၏ ခန္ဓာကိုယ်က ဖြတ်ခနဲ ပျောက်ကွယ်သွားကာ သူက မတုံ့ပြန်နိုင်ခင် ကြိုးတစ်ချောင်းက မျက်လုံးပါနေသည့်အလား သူ့ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားလိုက်၏။
မိုဝူကျိက ဆက်လက် ရုန်းကန်မနေတော့ပေ။ သူ့ဘေးပတ်လည်တွင် လူသုံးယောက် ရှိနေပြီး တစ်ယောက်ချင်းစီမှာ ယခင် အရပ်ရှည်ရှည် အမျိုးသမီးထက် အားကောင်းကြောင်း သိသာလှသည်။ မဟုတ်လျှင် သူက တစ်ဖက်လူသည် သူ့ဘက် ရောက်နေသည့်အခါ၌ပင် သတိလက်လွှတ်ဖြစ်နေမည် မဟုတ်ပေ။ မိုဝူကျိက ထိုလူများသည် သူ့ကို သတ်မည် မဟုတ်ကြောင်း သိလိုက်၏။ အကယ်၍ သူတို့က သတ်ချင်လျှင် သူ့အနေနှင့် သတ်ဖြတ်ငွေ့များကို ခံစားမိပေလိမ့်မည်။
“ သာမာန်ကျင့်ကြံဆင့် … ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ မသိဘူး” ကြေးနီရောင် မျက်နှာနှင့် အမျိုးသားက နောက်ကျောတွင် ဓားကြီးလွယ်ထားရင်း မိုဝူကျိအား ခြုံငုံကြည့်လိုက်သည်။ သူ့လေသံတွင် စိတ်ပျက်မှုအပြည့် ဖြစ်နေ၏။
“ ဟူး … မိုင်းတွင်း အလုပ်သမားတွေကို ရှာရတာလည်း ပိုပိုခက်လာပြီ။ ငါတို့တွေ တစ်ယောက် တွေ့တာတောင် ကံကောင်း ….. သူ့ကို ပြောင်းလဲရေး ဆေးနက်လုံးကို တိုက်ပြီး ခေါ်သွားလိုက်တော့။ သူက နတ်ဘုရားကျောက်တချို့ကိုတော့ တူးနိုင်မှာပါ။ တကယ်လို့ ငါတို့တွေ ကံကောင်းရင် ထိပ်တန်းအဆင့်တောင် ရလာနိုင်တယ် ” ကြေးနီရောင် မျက်နှာနှင့် အမျိုးသား၏ လက်ဝဲဘက်တွင် ရှိနေသော ပိန်ပါးပါး၊ အရပ်ရှည်ရှည် အမျိုးသားက ပြောလိုက်သည်။
ကြေးနီရောင် မျက်နှာနှင့် အမျိုးသားက လက်သီးမြှောက်လိုက်ပြီး မိုဝူကျိ မျက်နှာပေါ် ကျရောက်လာတော့မည့်အချိန် မိုဝူကျိက အရင်ဦးစွာ ပါးစပ်ဟလိုက်၏။
“ မဆိုးဘူးပဲ …. မင်းက အရိပ်အချည်သိတယ်” ကြေးနီရောင် မျက်နှာနှင့် အမျိုးသားက ရယ်မောရင်း လက်သီးကို ပြန်ရုတ်သိမ်းလိုက်သည်။ နောက်အခိုက်အတန့်လေး၌ ညှီစို့စို့ ဆေးတစ်လုံးက သူ့ပါးစပ်အတွင်း ရောက်ရှိလာသည်။
ဆေးလုံးက သူ့ပါးစပ် ဝင်သွားသည်နှင့် သူ့ချီသွေးကြောများက စတင်၍ လက္ခဏာတချို ပြလာသည်။ မိုဝူကျိက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး သူ့အဆိပ်ဖြေ လမ်းကြောင်းကို လှည့်ပတ်လိုက်တော့သည်။
အဆိပ်ဖြေလမ်းကြောင်း စတင်လှည့်ပတ်လိုက်သည်နှင့် အမှောင်စွမ်းအားများက ထူးခြားသည့် စွမ်းအားအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။ ထိုအချိန်၌ မိုဝူကျိက သူ့ကျင့်ကြံဆင့်သည် သိသိသာသာ တိုးတက်သွားကြောင်း ခံစားမိလိုက်၏။ နှမြောစရာကောင်းသည်က သူက ယခု မကျင့်ကြံရဲ၍ အခွင့်အရေးအာ ဖြုန်းတီးပစ်လိုက်ရသည်။
ကောင်းလိုက်တဲ့ ဆေးလုံး ….
ပြောင်းလဲရေး ဆေးနက်လုံးကို သူ့ချီသွေးကြောများ ဖျက်စီးပစ်ဖို့ရာ ခွင့်မပြုသော်လည်း မိုဝူကျိက ထိုဆေးလုံး၏ အသုံးဝင်ပုံကို နားလည်လိုက်သည်။
ဤသည်မှာ ဝိညာဉ်ကြောကို မည်းနက်လာစေသည့် ဆေးလုံး ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်ကြော မည်းနက်သွားသည်နှင့် စွမ်းအားအဖြစ် ပြောင်းလဲသွားလေ၏။ ထို့အပြင် ထိုသူများက နတ်ဘုရားကျောက် တူးယူဖို့ ပြောနေကြလေရာ လူများအား ကျင့်ကြံနိုင်ခြင်းမှ တားဆီးထားပြီး မိုင်းတွင်း၌ အလုပ်လုပ်စေဖို့ရာ စေခိုင်းခြင်းသာ ဖြစ်ရမည်။ ထိုလူသုံးယောက်၏ စကားအရ ပြောင်းလဲရေး ဆေးနက်လုံးမှာ မိုင်းတွင်း အလုပ်သမား၏ အသက်ဓာတ်ကို တိုးမြင့်ပေးဖို့ အသုံးပြုခြင်း ဖြစ်ပြီး တခြားနည်းနှင့်ဆိုရလျှင် မိုင်းတွင်း တူးခြင်းက မိုင်းတွင်း အလုပ်သမားများ၏ အသက်ကို တိုစေလေသည်။
နှမြောစရာကောင်းသည်က သူတို့သည် မိုဝူကျိတွင် ဝိညာဉ်ကြော မရှိသလို ဝိညာဉ်လမ်းကြောင်းများလည်း မရှိထားကြောင်း မသိကြပေ။ သူ့ချီသွေးကြောများအား မည်းနက်လာစေသည့် အဆိပ်မှာ သူ့အဆိပ်ဖြေလမ်းကြောင်းမှ ဖယ်ရှားပြီးပြီ ဖြစ်၏။
အမွေးတိုင်တစ်ဝက်စာကြာမြင့်ပြီးနောက် မိုဝူကျိအား ဆေးတိုက်ခဲ့သည့် ပုတိုတို ခပ်ဝဝ အမျိုးသားက ဝိညာဉ်ကြော စမ်းသပ်သည့် ကိရိယာအား မိုဝူကျိရှေ့ ယူဆောင်လာသည်။ သူက မိုဝူကျိအား မစမ်းသပ်ခင် သိုလှောင်လက်စွပ်ကို ချွတ်ယူသွားလိုက်သေး၏။
စမ်းသပ်ရေး ကိရိယာက မီးခိုးရောင်သာ ပြနေပြီး တခြားအရောင် ဟူ၍ မရှိပေ။
ပိန်ပါးပါး အရပ်ရှည်ရှည် အမျိုးသားက ခေါင်းညိတ်လိုက်ပြီး မိုဝူကျိ၏ ဝိညာဉ်ကြောမှာ မည်းနက်သွားပြီး ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ပျောက်ကွယ်သွားကြောင်း သိလိုက်သည်။ သူက လက်တစ်ချက် အဝှေ့နှင့် မိုဝူကျိအား ရစ်ပတ်ထားသည့် ကြိုးကို သိမ်းဆည်းလိုက်သည်။
မိုဝူကျိက စွန့်စားပြီးတော့ ထွက်မပြေးပေ။ သူက ထိုလူများသည် လူများကို ဖမ်းဆီးရာ၌ အတွေ့အကြုံများကြောင်း ပြောနိုင်ပေသည်။ သူ့လက်ရှိအင်အားနှင့် ဤနေရာအကြောင်း အတွေ့အကြုံနည်းပါးမှုကြောင့် သူ အောင်အောင်မြင်မြင် လွတ်မြောက်သွားနိုင်ခြေမှာ နည်းပေ၏။
“ ဝိညာဉ်ကြောနဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်မရှိရင်လည်း စိတ်ပူဖို့ မလိုဘူး။ မင်းသာ နတ်ဘုရားကျောက်တွေကို တူးပေးနိုင်သရွေ့ မင်းအနေနဲ့ လွတ်လပ်မှု ပြန်ရပြီး ဝိညာဉ်ကြော ပြန်ကောင်းလာနိုင်ခြေ ရှိတယ်။ တကယ်လို့ မင်းက အဆိုးဘက်က ကြည့်ရင်ကျလည်း မင်းအနေနှင့် ပြန်လည်ဝင်စားရမဲ့ အခွင့်အရေး ဆုံးရှုံးသွားနိုင်တယ်။ အဲဒါကတော့ အတော်လေး ဆိုးရွားမှာ ” ပိန်ပါးပါး အရပ်ရှည်ရှည် အမျိုးသားက မိုဝူကျိအား ပြောလိုက်သည်။
ထိုစဉ် မိုဝူကျိက အတိုက်အခံပြုခြင်းက သူ့ဝိညာဉ်ကြောကို မည်းနက်သွားစေရုံသာမက ကမ္ဘာဦး စိတ်ဝိညာဉ်ကိုလည်း မည်းနက်သွားစေကြောင်း သတိပြုမိလိုက်သည်။ သူက ဤအကြောင်း ထည့်မတွေးမိသည်မှာ သူ့တွင် ဝိညာဉ်ကြော မရှိ၍ ဖြစ်သည်။ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ်လည်း မရှိနေချေ။
……………....
နှစ်နာရီကြာမြင့်ပြီးနောက် မိုဝူကျိက ဧရာမ သင်္ဘောပျံကြီးပေါ် ခေါ်ဆောင်သွားခံရသည်။ ကြေးနီရောင် မျက်နှာနှင့် အမျိုးသားက မိုဝူကျိအား အခန်းတစ်ခုထဲ ထည်ကာ အတားအဆီးချ၍ ထွက်သွားလေသည်။
မိုဝူကျိက သင်္ဘောပျံပေါ်တွင် လူဆယ်ယောက်ကျော် ရှိနေကြောင်း သတိပြုမိလိုက်ပြီး အားလုံးတွင် စိတ်ပျက်လက်ပျက် အမူအယာများ ရှိနေကြသည်။ မည်သို့လွတ်မြောက်အောင် လုပ်ရမည်ကို တွေးနေသည့်သူမှာ သူတစ်ယောက်တည်းသာ ဖြစ်ပုံရ၏။
***